← Chapters

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ခ)

Vol. 55 Ch. 847

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ခ)

Vol. 55 Ch. 847

“ ငါတို့မြန်မြန် လုပ်ရမယ်… ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ရဲ့ မျိုးနွယ်စောင့်ရှောက်သူက ဒီလိုလာနေတဲ့လမ်းမှာ ”

သွမ့်မူကျန်း၏ စကားဆုံးသည်နှင့် ဧရာမကြေးမုံပေါ်မှ မျက်နှာ၏ အကြည့်သည် ရွှေ့ပြောင်းသွားသည်။ သူက ရွှီချင်းထံသို့ လှမ်းကြည့်တော့မည့်အချိန် သွမ့်မူကျန်းသည် ကျယ်လောင်စွာ အော်ရယ်လိုက်သည်။ သူက ဒဏ်ရာထကြွလာမည်ကို လျစ်လျူရှုထားပြီး ကျင့်ကြံခြင်းအခြေခံကို ထုတ်လွှတ်လိုက်သည်။

ဝိညာဉ်နတ်သူငယ်(၈)ကောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှ ပေါ်လျှိုးလာကြသည်။ ဝိညာဉ်နတ်သူငယ်အားလုံးသည် ပဉ္စမကောင်းကင်ကဒ်ဘေးဒုက္ခ၏ စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ပို၍အံ့ဩစရာကောင်းသည်မှာ ထိုဝိညာဉ်နတ်သူငယ်(၈)ကောင်၏ အနောက်မှာ လျှို့ဝှက်ရတနာသိုက်တစ်ခု၏ ပုံရိပ်သည် ဝေဝေဝါးဝါး ထွက်ပေါ်လာနေခြင်း ဖြစ်သည်။

သို့သော်လည်း ထိုလျှို့ဝှက်ရတနာသိုက်သည် ပြိုလဲနေပြီး ယိုယွင်းပျက်စီးမှုများဖြင့် ပြည့်နှက်နေသည်။ ယင်းက အဆင့်ချိုးဖြတ်ရန် ကျရှုံးမှု၏ တန်ပြန်သက်ရောက်မှုကြောင့် ဖြစ်သည်မှာ ရှင်းလင်း၏။

သို့တိုင်အောင် လျှို့ဝှက်ရတနာသိုက်၏ ပုံရိပ်ထွက်ပေါ်လာသည့်အခါ အဖိုးအို၏ တိုက်ပွဲစွမ်းအားသည် သိသာစွာ တိုးမြှင့်သွားသည်။ ယင်းကြောင့် ကောင်းကင်ပေါ်မှ ဧရာမကြေးမုံမျက်နှာသည် ရွေးချယ်စရာမရှိဘဲ ရွှီချင်းထံမှ သူ၏ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ရပြီး အဖိုးအိုကို စွမ်းအားအကုန်ထုတ်သုံး၍ ဖိနှိပ်လိုက်သည်။

ပေါက်ကွဲသံများသည် ကောင်းကင်တစ်ခွင် ပဲ့တင်ထပ်သွားသည်။ ရွှီချင်းသည် ယခင်ထက် ပိုပြီးမြန်ဆန်စွာ တိုက်ခိုက်လာသည်။

သွမ့်မူကျန်းက သူ့အား သတိပေးရန် မလိုအပ်ပေ။ တိုက်ခိုက်ရန် သူဆုံးဖြတ်လိုက်သည့်အချိန်ကတည်းက ဤတိုက်ပွဲကို မြန်နိုင်သမျှမြန်မြန် အဆုံးသတ်သင့်ကြောင်း ရွှီချင်း သိသည်။

သို့ဖြစ်၍ ဤအခိုက်အတန့်မှာ တားမြစ်အဆိပ်စွမ်းအားသည် ပေါက်ကွဲထွက်လာသည်။ အရိပ်လေးသည် ကြီးမားသော အဖျက်အစီးစွမ်းအားကို ထုတ်လွှတ်နေကာ နတ်ငါးအရိုးဆူးချွန်သည် ရန်သူများကြားထဲမှာ ရွေ့လျားဖြတ်သန်းနေသည်။

ရွှီချင်းသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ နောက်ထပ် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူတစ်ဦးဆီသို့ အမြန်ချဉ်းကပ်သွားသည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ တခြားကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် ပြန်လည်တုံ့ပြန်လာကြသည်။ ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူနှစ်ယောက်နှင့် တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူတစ်ယောက်သည် ရွှီချင်းထံသို့ မတူညီသော အရပ်မျက်နှာအသီးသီးမှ ဦးတည်လာနေကြသည်။

သူတို့က အနားရောက်လာတော့မည်ကို မြင်သောအခါ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ကျောက်ရှာအလင်းသည် ရုတ်တရက် တောက်ပလာသည်။

ဘေးပတ်ဝန်းကျင်မှ အရောင်သည် သက်တံ့အရောင်၏ တိုက်ရိုက် အစားထိုးခြင်းခံလိုက်ရသည်။ ရွှီချင်းထံသို့ ဦးတည်လာနေကြသော ကျင့်ကြံသူများသည် တစ်ယောက်ပြီးတစ်ယောက် ရပ်တန့်သွားကြပြီး အသီးသီး အနောက်ဆုတ်သွားကြသည်။

ရွှီချင်းသည်တော့ သူ၏ ခန္ဓာကိုယ်က အောက်လမ်းတာအိုပုံစံသို့ တိုက်ရိုက် ပြောင်းလဲသွားပြီး သူ့အရှေ့မှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသည်။

သူ၏ လက်ထဲတွင် ဝိညာဉ်နတ်သူငယ်နှစ်ကောင် ပါလာသည်။ သူက ယင်းတို့ကို အကြမ်းပတမ်း ခြေမွဖျက်ဆီးပစ်လိုက်သည်။

ဒါဇင်ခန့်ရှိသော ကောင်းကင်မိစ္ဆာကိုယ်ပွားများသည် နာကျည်းမုန်းတီးသော စိတ်ဆန္ဒနှင့်အတူ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်သွားကြသည်။

( ကောင်းကင်မိစ္ဆာခန္ဓာကိုယ်ကို ကောင်းကင်မိစ္ဆာကိုယ်ပွားဟု ပြောင်းလဲသုံးနှုန်းသွားပါမယ် )

နောက်အခိုက်အတန့်မှာ သွေးပျက်ဖွယ်ကောင်းသော အော်ဟစ်သံသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ပါးစပ်ထဲမှ မြည်ဟိန်းထွက်လာသည်။ သူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး မြန်မြန်ဆန်ဆန် ခြောက်သွေ့သွားသည်။

ရွှီချင်းသည် ရုတ်ခနဲ အနောက်ဆုတ်သွားသည်။

သူအနောက်ဆုတ်သွားသည်နှင့် တစ်ပြိုင်နက် ဧရာမဝဲကတော့တစ်ခုသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူထံမှ ပေါက်ကွဲထွက်လာသည်။

“ နိမ့်ကျတဲ့လူသား… မင်းက သေချင်နေတာပဲ ”

ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်က အော်ပြောလိုက်သည်နှင့် ဝိညာဉ်နတ်သူငယ်ခုနစ်ကောင်သည် သူ၏ ခန္ဓာကိုယ်ထဲမှာ အရောင်တောက်ပလာသည်။ သူတို့ထဲတွင် ဝိညာဉ်နတ်သူငယ်ငါးကောင်သည် တတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးပြီဖြစ်ပြီး ကျန်ဝိညာဉ်နတ်သူငယ်နှစ်ကောင်သည် ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ကျော်လွှားပြီးပြီ ဖြစ်သည်။ သို့ဖြစ်၍ သူ၏ တိုက်ပွဲစွမ်းအားသည် ဝိညာဉ်နတ်သူငယ် အကောင်(၂၀)စွမ်းအားနှင့် အတော်လေး နီးကပ်နေသည်။

သူ၏ အနောက်တွင် အနက်ရောင်ကြေးမုံတစ်ချပ် ထွက်ပေါ်လာပြီး သူ့ကို အစွမ်းတိုးမြှင့်ပေးလိုက်သည်။ ကြေးမုံထဲတွင် အရွယ်အစားကြီးမားသော လင်းနို့တစ်ကောင်ရှိပြီး ရွှီချင်းထံသို့ အသံလှိုင်းများကို ထုတ်လွှတ်နေသည်။

သူက မရေမတွက်နိုင်သော မကျေချမ်းဝိညာဉ်များ၏ ရစ်သိုင်းခြုံခံထားရသော လှံတစ်ချောင်းကို ကိုင်ထားသည်။ အော်ဟစ်ငိုကြွေးသံများသည် ကြောက်မက်ဖွယ်အရှိန်အဝါနှင့်အတူ လှံထဲမှ ပျံ့လွင့်ထွက်လာသည်။

ထိုမျှဖြင့် မပြီးသေးပေ။ ဤနေရာတွင် တတိယကောင်းကင်ကဒ်ဘေးဒုက္ခကို ရင်ဆိုင်ကျော်လွှားဖူးသူသည် စုစုပေါင်း နှစ်ယောက်ရှိသည်။ ယခု တခြားတစ်ယောက်သည် ရွှီချင်းထံသို့ ချဉ်းကပ်လာနေပြီ ဖြစ်သည်။

ထိုပုဂ္ဂိုလ်သည် အနက်ရောင်စစ်ချပ်ဝတ်ကို ဝတ်ဆင်ထားပြီး တစ္ဆေမီးအိမ်ခုနစ်လုံးသည် သူ၏ ဦးခေါင်းထက်တွင် မျောလွင့်နေသည်။

ထိုတစ္ဆေမီးအိမ်များသည် သူ၏ ဝိညာဉ်နတ်သူငယ်များမှ အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။

သူ၏ စစ်ချပ်ဝတ်အနောက်မှ ဝတ်ရုံပေါ်တွင် မရေမတွက်နိုင်သော မျက်လုံးများရှိသည်။ မျက်လုံးအားလုံးသည် ပြူးကျယ်စွာ ပွင့်နေကြပြီး ရွှီချင်းကို စိုက်ကြည့်နေကြသည်။

ထိုမျှတင် မကသေးပေ။ ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်လေးဦးသည် အရပ်မျက်နှာအသီးသီးမှ ပြေးလာနေကြပြီး ရွှီချင်းကို လေးဖက်လေးလံ ဝိုင်းထားကြသည်။

ထိုမြင်ကွင်းသည် သွမ့်မူကျန်း၏ အမူအရာကို တည်ကြည်သွားစေသည်။ စည်းချအစီအရင်မှ သူလွတ်မြောက်သွားပြီးနောက် ထိုကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များကို သတ်ဖြတ်ရန် သူ့အတွက် မခက်ခဲပေ။ သို့သော်လည်း ရွှီချင်း၏ တိုက်ပွဲစွမ်းအားကို သူသေချာမသိပေ။

“ ဒီကောင်လေးရဲ့ ဝိညာဉ်နတ်သူငယ်တွေက နည်းနည်း ထူးခြားတယ် ”

ဤအခိုက်အတန့်မှာ အဆိပ်မြူခိုးသည် ဘေးပတ်ဝန်းကျင်တွင် ပြည့်နှက်နေပြီး အော်ဟစ်သံများသည် ပိုပြီးကျယ်လောင်လာသည်။ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်ခြောက်ယောက်သည် ရွှီချင်း၏ အနီးနားသို့ ရောက်ရှိလာကြသည်။

ထိုအခိုက်အတန့်မှာ ရွှီချင်း၏ မျက်လုံးသည် အေးစက်လာသည်။ သူက ခန္ဓာကိုယ်ထဲရှိ နေနာရီတစ်ခုပေါ်မှ နာရီလက်တံကို ချက်ချင်း ဆွဲဖြုတ်လိုက်သည်။ တစ်ချိန်တည်းမှာ သူ၏ အကြည့်သည် သူနှင့်အနီးဆုံးမှာရှိသော တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်ထံသို့ ကျရောက်သွားသည်။

နောက်အခိုက်အတန့်မှာ ရွှီချင်း၏ ခန္ဓာကိုယ်ထဲမှ ပထမနေနာရီသည် အချိန်ရပ်တန့်သွားသည်။

အချိန်ရပ်တန့်ခြင်းစွမ်းအားသည် သူ၏ အကြည့်ထဲမှ စီးဆင်းလာပြီး အပြင်လောကမှ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်ပေါ်သို့ သက်ရောက်သွားသည်။

တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ ခန္ဓာကိုယ်သည် ရုတ်ချည်း ရပ်တန့်သွားသည်။ သူ၏ မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်သော အမူအရာက ကျန်ရှိနေဆဲ ဖြစ်သည်။

ဤအခိုက်အတန့်မှာ သူ၏ ခန္ဓာကိုယ်က အေးခဲသွားဟန် ရသည်။ ဤသည်မှာ သူ့ကိုယ်ပိုင်အချိန်က ရပ်တန့်သွားသည့်အလားပင်။

ပုံမှန်ပြန်ဖြစ်ရန် သူ့အတွက် အချိန်တဒင်္ဂမျှသာ ကြာမြင့်ခဲ့သော်လည်း ဝိညာဉ်နတ်သူငယ်ကျင့်ကြံသူများအတွက် ထိုတဒင်္ဂအချိန်သည် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သည်။

ရွှီချင်း၏ ဓားမြှောင်သည် တစ်ဖက်လူ ပြန်လွတ်မြောက်လာသည်နှင့်ချက်ချင်း သူ၏ လည်ပင်းကို လှီးဖြတ်သွားသည်။ သွေးသည် ရေပန်းသဖွယ် ဖြန်းခနဲပန်းထွက်လာပြီး ဦးခေါင်းပြတ်တစ်လုံးက လွင့်ထွက်သွားသည်။

ရွှီချင်းမှာ စွမ်းအင်များကို စုပ်ယူရန် အချိန်မရှိပေ။ ဝိညာဉ်နတ်သူငယ်နှစ်ကောင်ကို ဖမ်းဆုပ်ပြီး ခြွေမွဖျက်ဆီးပြီးနောက် သူက နေနာရီလက်တံကို ဒိုင်ကွက်ပြားပေါ်သို့ ပြန်ထိုးစိုက်လိုက်သည်။ နေနာရီဒိုင်ကွက်ပြား၏ ယိုယွင်းပျက်စီးမှုသည် လင်းအာကို သူစမ်းသပ်ကြည့်စဉ်ကထက် အများကြီး ပိုမိုပြင်းထန်သည်။

သို့သော်လည်း ၎င်းက ပြန်လည်မကောင်းမွန်နိုင်ခြင်း မဟုတ်ပေ။ လောလောဆယ် ၎င်းက သူ့ဘာသာ ပြန်လည်ပြုပြင်နေသည်။

တခြားကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များက အံ့ဩထိတ်လန့်နေကြစဉ် သူက တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် နောက်ထပ် ကျင့်ကြံသူတစ်ယောက်ကို စိုက်ကြည့်လိုက်ပြီး ဒုတိယနေနာရီမှ နာရီလက်တံကို ဆွဲဖြုတ်လိုက်သည်။

ထိတ်လန့်ဖွယ်ကောင်းသော မုန်တိုင်းသည် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်၏ စိတ်ထဲမှာ အစပျိုးလာသည်။ သူ၏ မျက်လုံးထဲမှာ အကြောက်တရားနှင့် မယုံကြည်နိုင်ခြင်းတို့ ထွက်ပေါ်လာသည်။ စောစောက သူမြင်တွေ့လိုက်ရသည်မှာ သူ၏ ရဲဘော်ရဲဘက်တစ်ဦးသည် အကြောင်းအရင်းတချို့ကြောင့် ရုတ်တရက် ရပ်တန့်သွားသည်။

ယခု သူသည်လည်း မခုခံနိုင်သလို မရုန်းကန်နိုင်ပေ။ ဤသည်မှာ သူက လူသားကျင့်ကြံသူ၏ သတ်ဖြတ်ခြင်းကို စောင့်ဆိုင်းနေရသော ရုပ်သေးရုပ်သဖွယ် ဖြစ်လာသည့်အလားပင်။

“ အဲ့ဒါက ”

သူက ဆက်လက်မစဉ်းစားနိုင်မီ ရွှီချင်း၏ အကြည့်က သူ့အပေါ် ကျရောက်လာသည်။

လျှပ်တစ်ပြက်အတွင်း တတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကျင့်ကြံသူ၏ ခန္ဓာကိုယ်သည် တုန်ယင်လာပြီး သူ၏ အသိအမြင်နှင့် အရာအားလုံးကို ဆုံးရှုံးသွားသည်။ သူပြန်လှုပ်ရှားလာနိုင်သည့်အချိန် ရွှီချင်း၏ မျက်နှာကို မြင်သွားသည်။

သူ၏ ဦးခေါင်းက လေထဲသို့ ပျံတတ်သွားပြီး သူ၏ ဝိညာဉ်နတ်သူငယ်များက ခြောက်သွေ့သွားသည်။

အဖြစ်အပျက်အားလုံးသည် အသက်နှစ်ခါရှူချိန်သာ ကြာမြင့်ခဲ့သည်။

ဘေးပတ်ဝန်းကျင်မှ ဒုတိယကောင်းကင်ကဒ်ဘေးဒုက္ခအဆင့် ကြေးမုံပုံရိပ်ယောင်မျိုးနွယ်ဝင်များသည် အလန့်တကြား အော်ဟစ်လိုက်ကြသည်။ ဤအခိုက်အတန့်မှာ ထိတ်လန့်ကြောက်ရွံ့မှုကြောင့် သူတို့၏ ဦးရေပြားသည်ပင် စပ်ဖျင်းဖျင်း ခံစားရလာသည်။ သူတို့သည် ချက်ချင်း အနောက်ဆုတ်သွားကြပြီး ထွက်ပြေးရန် ပြင်လိုက်သည်။

ရွှီချင်းသည် သူတို့ကို ဂရုမစိုက်ချေ။ သူက ကြေးမုံစည်းချအစီအရင်ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

“ ဒီပစ္စည်းက ကြေးမုံပုံရိပ်ယောင်မျိုးနွယ်က မျိုးနွယ်စောင့်ရှောက်သူရဲ့ အထွတ်အမြတ်ရတနာပဲ… ဖျက်ဆီးဖို့ ခက်ခဲတယ်… ဒါပေမဲ့ အခု အဲ့ဒါကို စွမ်းအားဖြည့်ပေးမဲ့လူမရှိတော့ဘူးဆိုတော့ လွယ်ကူသွားပြီ… အနောက်ဆုတ်နေ… ငါ့ရဲ့ ဝိညာဉ်နတ်သူငယ်တစ်ကောင်ကို ဖောက်ခွဲပစ်ပြီး အက်ကွဲကြောင်းတစ်ခုကို ဖွင့်လှစ်မယ် ”

သွမ့်မူကျန်းသည် ရွှီချင်း၏ တိုက်ခိုက်မှုမှ သူခံစားမိသော ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အော်ပြောလိုက်သည်။ တစ်ချိန်တည်းမှာ သူက ဝိညာဉ်နတ်သူငယ်ကို ဖောက်ခွဲပစ်ရန် ပြင်လိုက်သည်။

သို့သော်လည်း ရွှီချင်းသည် သူ၏ ညာလက်ကို မြှောက်လိုက်ပြီး လက်ညှိုးညွှန်လိုက်သည်။ ကျင်းကန်းဂိုဏ်းဘိုးဘေးမှ အသွင်ပြောင်းလဲထားသော အနီရောင်မိုးကြိုးသွားသည် အဝေးမှ ပျံသန်းလာသည်။

All Chapters