← Chapters

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ဃ)

Vol. 55 Ch. 849

မင်းဒီလောက်သန်မာတာ ဘာလို့ စောစောမပြောတာလဲ(ဃ)

Vol. 55 Ch. 849

ရွှီချင်း၏ တုံ့ပြန်စကားကို ကြားသောအခါ အဖိုးအိုသည် နှုတ်ဆိတ်သွားသည်။ ဤကောင်လေးက မည်သို့စကားပြောရမည်ကို တကယ်မသိဘူးဟု သူတွေးမိသည်။ သူက ထွက်သွားရန် အခြားတစ်ဖက်သို့ လှည့်လိုက်သည်။

သို့သော်လည်း ခြေလှမ်းအနည်းငယ် လျှောက်ပြီးနောက် သူက ရွှီချင်းကို ပြန်လှည့်ကြည့်လိုက်သည်။

“ ကောင်းကင်မီးလျှံကဒ်ဘေးက မကြာခင် ကျရောက်လာတော့မယ်… အဲ့ဒါကို ရှောင်ရှားဖို့ နေရာတစ်နေရာကို ကြိုရှာဖွေထားပါ ”

အဖိုးအိုသည် ထီးတစ်လက်ကို ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။

“ အဲ့ဒီထီးက ကောင်းကင်မီးလျှံကဒ်ဘေးကို အချိန်တစ်ခဏတော့ တောင့်ခံပေးနိုင်တယ်… ဒါပေမဲ့ အရမ်းမကြာဘူး… ကျန်တာတော့ မင်းဘာသာ ဖြေရှင်းရလိမ့်မယ် ”

အဖိုးအိုက ခန္ဓာကိုယ်ကို တစ်ချက်လှုပ်လိုက်သည်နှင့် ဟင်းလင်းပြင်ထဲသို့ ဝင်ရောက်သွားတော့မည် ဖြစ်သည်။

ရွှီချင်းသည် ထီးကို လက်ခံယူလိုက်သည်။ ယင်းကို တစ်ချက်စစ်ဆေးကြည့်ပြီးနောက် တစ်ဖက်လူ၏ ကြင်နာမှုကို သူအာရုံခံမိသွားသည်။ ထို့ကြောင့် သူက တစ်ချက်တွေးတောပြီးနောက် ပျောက်ကွယ်သွားတော့မည့် အဖိုးအိုကို လှမ်းအော်ပြောလိုက်သည်။

“ ခဏနေဦး ”

အဖိုးအိုသည် တုံ့ခနဲ ရပ်သွားပြီး ရွှီချင်းကို အံ့အားသင့်စွာ လှည့်ကြည့်လိုက်သည်။

ရွှီချင်းသည် သူ၏ လက်ကို မြှောက်တင်လိုက်ပြီး တစ်ဖက်လူ၏ ခန္ဓာကိုယ်ထဲမှ နောက်ဆုံးအဆိပ်ငွေ့ကို ဆွဲထုတ်လိုက်သည်။

ဤသည်မှာ စောစောတုန်းက အဖိုးအို၏ ရုတ်တရက် တိုက်ခိုက်မှုကို ကာကွယ်ရန် ရွှီချင်းက တမင်ချန်ထားခဲ့သောအရာ ဖြစ်သည်။

ထိုအခိုက်အတန့်မှာ အဆိပ်ငွေ့၏ ထွက်ပေါ်လာမှုကြောင့် အဖိုးအို၏ အမူအရာသည် ထပ်မံပြောင်းလဲသွားသည်။ သူက ရွှီချင်းကို စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူ၏ အသက်ရှူသံသည် မြန်ဆန်လာသည်။ နောက်ဆုံးမှာတော့ သူက ဒေါသတကြီး ရယ်မောလိုက်သည်။

“ သိုင်းပညာအကျင့်သီလ လုံးဝမရှိဘူး ”

ရွှီချင်းသည် အမူအရာကင်းမဲ့စွာ ဆက်ရှိနေဆဲပင်။ ငယ်စဉ်ကတည်းက သူကြုံတွေ့ခဲ့ရသော အတွေ့အကြုံများက သူ့အား သတိကြီးစေသော အကျင့်စရိုက်ကို ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် ဤကဲ့သို့ မရင်းနှီးသော ပတ်ဝန်းကျင်မျိုးတွင် ပိုပြီးသတိထားရမည်။

အစမှအဆုံးအထိ သူ့မှာ တစ်ပါးသူအပေါ် ထိခိုက်နစ်နာစေလိုသောဆန္ဒ မရှိပေ။

အဖိုးအိုသည် ရွှီချင်းကို တစ်ချက်ကြည့်လိုက်ပြီး နောက်ဆုံးမှာတော့ ခေါင်းညိတ်လိုက်သည်။

“ ထားလိုက်ပါတော့… မင်း သတိကြီးတာက ပုံမှန်ကိစ္စပဲလို့ ဆိုနိုင်ပါတယ် ”

ထိုသို့ပြောပြီးနောက် သူက တစ်ချက်တွေးတောလိုက်သည်။ မကြာမီ သူက ကျောက်စိမ်းပြားတစ်ခုကို ထုတ်လိုက်ပြီး ရွှီချင်းထံသို့ ပစ်ပေးလိုက်သည်။

“ တကယ်လို့ မင်းမှာ ကောင်းကင်မီးလျှံကဒ်ဘေးကို ရှောင်ရှားဖို့ နေရာတစ်နေရာ မရှာနိုင်ဘူးဆိုရင် အဲ့ဒီကို သွားနိုင်တယ် ”

အဖိုးအိုသည် အနောက်လှည့်လိုက်ပြီး ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ကျောက်စိမ်းပြားကို ယူလိုက်သည်။ သူက ယင်းကို တစ်ချက်ကြည့်ပြီးနောက် သိမ်းဆည်းလိုက်သည်။ ကောင်းကင်မီးလျှံကဒ်ဘေးက မည်သည့်အရာဖြစ်ကြောင်း သူသိသည်။ ယင်းက လဝတ်ပြုဒေသကြီးထဲမှာ ထူးခြားသော သဘာဝလွန်ဖြစ်စဉ်တစ်ခု ဖြစ်သည်။ ထိုကဒ်ဘေးကျရောက်လာသည့်အခါတိုင်း လဝတ်ပြုဒေသကြီးတစ်ခုလုံး၏ ကောင်းကင်သည် လွန်စွာမှ လင်းထိန်လာလိမ့်မည်။

“ အဲ့ဒါက မီးတောက်ပင်လယ်နဲ့ ဆက်စပ်နေနိုင်တယ် ”

ရွှီချင်းသည် ယခင်က ဤအကြောင်းနှင့်ပတ်သက်ပြီး အသေးစိတ်မသိသော်လည်း ယခု သူသည် မှန်းဆမှုတစ်ခု ပြုလုပ်နိုင်လာသည်။

ဤရက်များတွင် မီးတောက်ပင်လယ်ထဲမှ အပူချိန်က တစ်စတစ်စ မြင့်တတ်လာနေသည်ကို တွေးမိသွားသောအခါ ရွှီချင်းသည် အတွေးနက်သွားသည်။ သူက မီးတောက်ပင်လယ်ထဲမှ အမြန်ထွက်ခွာရန် အရှိန်မြှင့်တင်လိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် ရွှီချင်းသည် ကမ်းစပ်ဆီသို့ ပြန်ရောက်ရှိလာသည်။ ယင်းက ယခင်က သူတံခါးပိတ်ကျင့်ကြံခဲ့သောနေရာ မဟုတ်ချေ။ ရွှီချင်းသည် နေရာတစ်ခုတည်းသို့ နောက်တစ်ကြိမ် ပြန်မသွားချင်ပေ။

ကမ်းစပ်ပေါ်သို့ ခြေချပြီးနောက် သူက ကောင်းကင်ကို ကြည့်လိုက်သည်။

လွန်ခဲ့သော နှစ်လတုန်းကနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ပေါ်မှ မီးတောက်များသည် ယခု အဆမတန် ပိုပြီးပြင်းထန်လာသည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲမှ ချော်ရည်ပေါက်ကွဲမှုသည် အများကြီး ပိုကြောက်စရာကောင်းလာသည်။

ကောင်းကင်ယံနှင့် မီးတောက်ပင်လယ်ထဲမှ ပေါက်ကွဲသံများသည် မိုးခြိမ်းသံများသဖွယ် ပဲ့တင်ထပ်နေသည်။

ဤနေရာတွင် ကျင့်ကြံသူများသည် ယခင်ထက်စာလျှင် အများကြီး ပိုပြီးနည်းပါးလာသည်။

အမှန်တကယ်တော့ မြေပြင်က လှုပ်ခတ်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဧရာမသတ္တဝါကြီးတစ်ကောင်က မီးတောက်ပင်လယ်ထဲမှ ပေါ်ထွက်လာတော့မည့်အလားပင်။

ယင်းက ရွှီချင်းအား နယ်စပ်ဒေသတွင် မြေကြီးထဲ၌ ပုန်းအောင်းနေကြသော ကြေးမုံပုံရိပ်ယောင်မျိုးနွယ်၏ အစောင့်အကြပ်များကို ပြန်လည်အမှတ်ရသွားစေသည်။

“ မြေကြီးထဲမှာ ပုန်းအောင်းတာက ကောင်းကင်မီးလျှံကဒ်ဘေးကို ရှောင်ရှားနိုင်တဲ့ နည်းလမ်းဖြစ်နေမလား ”

ရွှီချင်းသည် နက်နဲစွာ တွေးတောလိုက်သည်။ သူက ဤနေရာနှင့် အလွန်ဝေးကွာသော နေရာတစ်နေရာကို ရှာဖွေလိုက်ပြီး မြေကြီးအောက်ထဲ၌ ကြီးမားသော တွင်းတစ်ခုကို တူးဖော်လိုက်သည်။ သူက တွင်းထဲသို့ တွားသွားဝင်ပြီးနောက် မန္တန်တစ်ခုဖြင့် အပေါ်မှ ဖုံးအုပ်လိုက်သည်။

မြေကြီးအောက်ထဲတွင် ပုန်းအောင်းပြီးနောက် သူက တင်ပျဉ်ခွေထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်အားဖြည့်တင်းရန် လုပ်ဆောင်သည်။

သူ၏ ခန္ဓာကိုယ်က နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်ဖြစ်သော်လည်း ကောင်းကင်မီးတောက်ပင်လယ်သည် အလွန်ဆန်းကြယ်ပြီး အံ့ဩဖွယ်ကောင်းသည်။ ချော်ရည်အောက်မှ မြင့်မားသော အပူချိန်သည် ရွှီချင်းကို ကြောက်လန့်မှု ခံစားရစေသည်။ သူက အများဆုံး ဆယ်ပေအနက်ထိသာ နစ်မြုပ်နိုင်သည်။

ရွှီချင်းသည် ဆက်လက် မသွားဝံ့ပေ။ မီးတောက်က သူ၏ ဝိညာဉ်ကို လောင်ကျွမ်းပစ်လိမ့်မည်။ ထို့ပြင် ခရမ်းသလင်းကျောက်၏ စုပ်ယူမှုက သူ့အား ဒဏ်ရာအနာတရမဖြစ်စေနိုင်ဘူးဟု အာမမခံနိုင်ပေ။

ထိုသို့ဖြင့် ရက်အတော်ကြာ ကုန်ဆုံးသွားသည်။

ရွှီချင်းသည် မြေကြီးအောက်ထဲမှာ ရှိသည်။ သူက ပြန်လည်သက်သာလာသည်နှင့် နေနာရီသက်စောင့်မီးအိမ်များကို စူးစမ်းလေ့လာပြီး ရံဖန်ရံခါ လင်းအာနှင့် စကားပြောလေ့ ရှိသည်။

သူသည် အထီးမကျန်ပေ။

ခုနစ်ရက်ကြာပြီးနောက် သူ၏ ခန္ဓာကိုယ်က အထွတ်အထိပ်အခြေအနေသို့ ပြန်ရောက်ရှိသွားသည့်အခါ အပြင်လောကမှ အပြောင်းအလဲများကို ရွှီချင်း အာရုံခံမိသွားသည်။

ထိုခုနစ်ရက်အတွင်း အပူချိန်သည် မြင့်သထက် ပိုပြီးမြင့်လာသည်။

ယင်းက မြေအောက်ထဲမှာရှိနေသော သူ့အတွက်လည်း အတူတူ ဖြစ်သည်။ ဘေးပတ်ဝန်းကျင်မှ ရွှံ့သည် အနီရောင်သို့ ပြောင်းလဲသွားသည်။

ယင်းက ကောင်းကင်ယံမှ ကျယ်လောင်သော မိုးခြိမ်းသံကြီး ထွက်ပေါ်မလာခင်အထိ ကြာမြင့်ခဲ့သည်။ သူ၏ နတ်ဘုရားအသိစိတ်မှတဆင့် မြင်လိုက်ရသော မြင်ကွင်းသည် ရွှီချင်း၏ နှလုံးသားကို ပရမ်းပတာ လှုပ်ခတ်သွားစေသည်။

ကောင်းကင်မီးတောက်ပင်လယ်သည် ဆူနာမီလှိုင်းလုံးကြီးသဖွယ် ထွက်ပေါ်လာသည်။

ချော်ရည်က အပြင်းအထန် လှုပ်ရှားထကြွလာသည်နှင့် လှိုင်းလုံးများက ထွက်ပေါ်လာကြသည်။ လှိုင်းလုံးများက ပင်လယ်ကမ်းစပ်ဆီသို့ ပျံ့နှံ့သွားသည်နှင့် ပေပေါင်းမရေမတွက်နိုင်အောင် ရှည်လျားသော ဧရာမလက်ပြတ်တစ်စုံသည် ကျယ်ပြောသော မီးတောက်ပင်လယ်ထဲမှ လေပေါ်သို့ မြှောက်တတ်လာသည်။

လက်ပြတ်ကြီး၏ လက်မောင်းအရင်းပိုင်းတွင် လွန်စွာမှ ကြီးမားသော အသားအဖုများ ရှိသည်။ အရေအတွက်များပြားသော နွယ်လက်တံများသည် ထိုလက်မောင်းအရင်းပိုင်းထဲမှ ဆန့်တန်းထွက်လာနေကြသည်။ လက်ပြတ်ကြီးသည် အလွန်ကြီးမားသောကြောင့် လက်ဖဝါးပေါ်မှ မျဉ်းကြောင်းများကိုပင် ရှင်းလင်းစွာ မြင်နိုင်သည်။

ဧရာမလက်ပြတ်ကြီးသည် လေပေါ်သို့ မြှောက်တတ်သွားသည်နှင့် ချိပ်တံဆိပ်လက်ဟန်များကို နှေးကွေးစွာ ဖွဲ့စည်းလိုက်သည်။

ချော်ရည်သည် အပေါ်သို့ မြှောက်တတ်သွားပြီး ကောင်းကင်ကို ဖုံးလွှမ်းသွားသည်။ ယင်းတို့က ခွဲထွက်သွားပြီး အရပ်မျက်နှာအသီးသီးသို့ မြန်ဆန်စွာ ပျံ့နှံ့သွားသည်။

ကောင်းကင်သည် လွန်စွာမှ တောက်ပလာသည်။

အဆုံးမဲ့သော မီးတောက်မီးလျှံများသည် ကောင်းကင်ယံမှ ဆင်းသက်လာကြပြီး မြေပြင်ကို လောင်ကျွမ်းပျက်စီးစေသည်။

ဤဧရိယာက လွင်တီးခေါင်မြေဖြစ်နေပြီး ပုံစံမကျဖြစ်နေရသည့် အကြောင်းအရင်းမှာ ကောင်းကင်မီးလျှံကဒ်ဘေးကြောင့် ဖြစ်သည်။ ယင်းက ဤနေရာတွင် အပင်များမရှိရသည့် အဓိက အကြောင်းအရင်းလည်း မှန်၏။

၎င်း၏ အကျယ်အဝန်းသည် အလွန်ကျယ်ပြောသောကြောင့် မျိုးနွယ်စုနှစ်စုမဟာမိတ်၏ နယ်နိမိတ်ကို ဖုံးလွှမ်းသွားသည်။ ၎င်းက လဝတ်ပြုဒေသကြီးတစ်ခုလုံးကို မဖုံးလွှမ်းသွားခင်အထိ အရှေ့ဘက်မှစ၍ အနောက်ဘက်သို့ ဆက်လက် ပျံ့နှံ့သွားသည်။

“ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်း… ”

ထိုမြင်ကွင်းကို မြင်သောအခါ ရွှီချင်းသည် တီးတိုးရေရွတ်လိုက်သည်။

All Chapters