← Chapters

မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(ခ)

Vol. 55 Ch. 851

မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(ခ)

Vol. 55 Ch. 851

ကံကောင်းစွာဖြင့် ကျောက်စိမ်းပြားထဲမှာ မှတ်သားထားသော တည်နေရာသည် အဝေးတွင် ထွက်ပေါ်လာပြီ ဖြစ်သည်။

ထိုနေရာသည် မည်သည့်ထူးခြားချက်မှမရှိပေ။ ယင်းက ပြိုကျနေသော စွန့်ပစ်မိုင်းတွင်းတစ်ခုဖြစ်သည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ ယင်းက မီးတောက်ပင်လယ်ထဲမှာ အရည်ပျော်နေလေသည်။ ထိုနေရာတွင် မည်သည့်သက်ရှိအရိပ်အယောင်မှ မရှိပေ။

ရွှီချင်းသည် ထိုနေရာသို့ အမြန်ရောက်ရှိသွားသည်။ သူ၏ အကြည့်က ဘေးပတ်ဝန်းကျင်သို့ ကျရောက်သွားသည့်အခါ သူက မျက်မှောင်ကြုတ်သွားသည်။

မည်သို့သူကြည့်ပါစေ ဤနေရာသည် ကဒ်ဘေးခိုလှုံနိုင်သောနေရာ ဟုတ်ပုံမပေါ်ချေ။ အက်ကြောင်းများမှတဆင့် မိုင်းတွင်းထဲသို့ သူဝင်ရောက်နိုင်သော်လည်း အထဲမှ အပူချိန်သည် အပြင်မှ အပူချိန်ထက် နည်းနည်းမှ မလျော့ချေ။

“ ငါ့နတ်ဘုရားအသိစိတ်က သီးခြားခွဲထုတ်ခံထားရတာ နှမြောစရာပဲ… အခု ငါ့နတ်ဘုရားအသိစိတ် ဖြန့်ကြက်နိုင်တဲ့ အကွာအဝေးက အရင်ကလောက် မကျယ်ပြောတော့ဘူး… အဲ့ဒါက ငါအာရုံခံလို့မရအောင် အခက်အခဲဖြစ်စေတယ် ”

ရွှီချင်းသည် နှုတ်ဆိတ်သွားသည်။ သူက ပျက်စီးခါနီးသော အပူကာထီးကို ကြည့်လိုက်သည်။ ထို့နောက် မိုင်းတွင်းကို ကြည့်လိုက်သည်။

“ ဒါပေမဲ့ မီးတောက်ပင်လယ်မှာတုန်းက သွမ့်မူကျန်းရဲ့ စွမ်းရည်တွေကို ကြည့်မယ်ဆိုရင် တကယ်လို့ ဒီနေရာသာ သူပုန်းအောင်းတဲ့နေရာဖြစ်မယ်ဆိုရင် အဲ့ဒါက အဓိပ္ပာယ်ရှိတယ်… ဘာပဲဖြစ်ဖြစ် ဒီနေရာကို အပေါ်ယံအမြင်ကနေ ကြည့်မယ်ဆိုရင် ပုန်းအောင်းလို့ကောင်းတဲ့နေရာလို့ ဘယ်လိုမှမထင်ရဘူး ”

ရွှီချင်းသည် အက်ကြောင်းတစ်ခုမှတဆင့် သူ့အရှေ့မှ စွန့်ပစ်မိုင်းတွင်းထဲသို့ မဝင်ရောက်မီ လေးလေးနက်နက် တွေးတောလိုက်သည်။ သူက မိုင်းတွင်းထဲသို့ ခြေချလိုက်သည်နှင့်ချက်ချင်း ပြင်းထန်သော အပူသည် သူ၏ မျက်နှာကို သဲကြီးမဲကြီး တိုက်ခိုက်လာသည်။

ရွှီချင်းသည် တိတ်ဆိတ်သွားပြီး သတိဝီရိယထား၍ အရှေ့သို့ ဆက်လျှောက်သွားသည်။ သူက အခြေအနေကို တစ်ချက်သွားစစ်ဆေးကြည့်မည် ဖြစ်သည်။

နှစ်နာရီကြာလျှောက်ပြီးသည့်တိုင် သူက မိုင်းတွင်း၏ အဆုံးသို့ မရောက်ရှိသေးပေ။ အပူချိန်သည် ဆက်လက် ပြင်းထန်နေဆဲပင်။ ထိုစဉ် ရွှီချင်း၏ အမူအရာသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူက အဝေးသို့ လှမ်းကြည့်လိုက်သည်။

လှုပ်ရှားမှုကင်းမဲ့စွာ လဲလျောင်းနေသော ပုံရိပ်တစ်ခုကို မသဲမကွဲ သူမြင်လိုက်ရသည်။ ထိုသူက ယောင်္ကျားလေးလား မိန်းကလေးလားပြောရန် မဖြစ်နိုင်ပေ။ တစ်ဖက်လူက ထူထဲသော စစ်ချပ်ဝတ်အား ဝတ်ဆင်ထားသည်ကိုသာ သူမြင်ရသည်။ မြင့်မားသော အပူချိန်ကို ကာကွယ်ရန် သူ၏ ဘေး၌ ပွင့်နေသော ထီးတစ်လက် ရှီသည်။

ဤသည်မှာ ကောင်းကင်မီးလျှံကဒ်ဘေး ကျရောက်လာပြီးနောက် ရွှီချင်း ပထမဆုံးမြင်မိသော သက်ရှိတစ်ဦး ဖြစ်သည်။ သို့ဖြစ်၍ သူက အရိပ်လေးကို ဖြန့်ထုတ်လိုက်ပြီး ထိုလူကို အရင်ဦးစွာ လွှမ်းခြုံသွားစေသည်။

အရိပ်လေးထံမှ စိတ်ခံစားချက်လှိုင်းများကို အာရုံခံပြီးနောက် ရွှီချင်းသည် အနည်းငယ် အံ့ဩသွားသည်။ ထို့နောက် သူက တစ်ဖက်လူဆီသို့ ရွေ့လျားသွားသည်။

လျှပ်တစ်ပြက်အတွင်း သူက ထိုလူ၏ အရှေ့ဆီသို့ ရောက်ရှိသွားသည်။

ထိုအကွာအဝေးတွင် သူ၏ အသိအမြင်က သီးခြားခွဲထုတ်ခံထားရဆဲဖြစ်သော်လည်း ရွှီချင်းသည် တစ်ဖက်လူအပေါ် စူးစမ်းလေ့လာနိုင်သေးသည်။

တစ်ဖက်လူသည် အသက်မီးတောက်ဘောလုံး(၃)လုံးရှိသော အခြေတည်အဆင့် လူသားကျင့်ကြံသူတစ်ဦး ဖြစ်သည်။ ဤအခိုက်အတန့်မှာ သူက သေအံ့ဆဲဆဲအခြေအနေမှာ ရှိ၏။

သူ၏ တစ်ကိုယ်လုံးကို အနက်ရောင်စစ်ချပ်ဝတ်ဖြင့် အပြည့်ဖုံးလွှမ်းထားသည်။ ထိုစစ်ချပ်ဝတ်ကို အလွန်ထူးခြားသော သတ္ထုတစ်မျိုးဖြင့် ပြုလုပ်ထားသည်။ ထို့ကြောင့် ယင်းက အပူချိန်ကို အတိုင်းအတာတစ်ခုထိ ကာကွယ်ပေးနိုင်သည်။

သူ၏ ဘေးမှ ထီးသည် ရွှီချင်း၏ အာရုံကို ဆွဲဆောင်သွားသည်။

ထိုထီးသည် သွမ့်မူကျန်း သူ့အားပေးခဲ့သော အပူကာထီးနှင့် တစ်ပုံစံတည်း တူညီသည်။

ရွှီချင်းသည် လေးနက်စွာ တွေးလိုက်သည်။ သူက ခေါင်းမော့လိုက်ပြီး မိုင်းတွင်း၏ အနက်ပိုင်းထဲသို့ ကြည့်လိုက်သည်။ ထို့နောက် သူက သေအံ့ဆဲဆဲလူကို ဖမ်းဆုပ်လိုက်ပြီး အရှေ့သို့ ဆက်လျှောက်သွားသည်။

ထိုသို့ဖြင့် နောက်ထပ်တစ်နာရီ ကုန်ဆုံးသွားသည်။ နောက်ဆုံးမှာတော့ ရွှီချင်းသည် မိုင်းတွင်း၏ အဆုံးသတ်သို့ ရောက်ရှိသွားသည်။ ထိုနေရာတွင် မည်သည့်အရာမှ မရှိပေ။ ဘေးပတ်ဝန်းကျင်တွင် သလင်းကျောက်သဖွယ် မာကျောသော မြေကြီးသာလျှင် ရှိသည်။ သို့ဖြစ်၍ မြင့်မားသော အပူချိန်က ဤနေရာတွင် စုဝေးနေလေရာ အခြားနေရာများထက် ပို၍ပူပြင်းသည်။

ထိုနေရာတွင် ရပ်နေလျက် ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောသည်။

“ စီနီယာ… ဒီလူကို လမ်းမှာ ငါတွေ့လို့ သယ်လာပါတယ်… သူက မင်းကိုတွေ့ဖို့ ဒီရောက်လာတာမဟုတ်လား ”

ရွှီချင်း၏ စကားဆုံးသွားသည်နှင့်ချက်ချင်း အေးစက်စက် အသံသည် မြေကြီးနံရံထဲမှ ထွက်ပေါ်လာသည်။

“ စည်းမျဉ်းတွေကို မလိုက်နာတဲ့ မျိုးနွယ်ဝင်ကို အလိုမရှိဘူး ”

သို့တိုင် ဘေးဘက်မှ မြေကြီးနံရံသည် ပုံပျက်တွန့်လိမ်သွားပြီး ဝဲကတော့တစ်ခုသို့ ပြောင်းလဲသွားသည်။ သွမ့်မူကျန်း၏ ပုံရိပ်သည် ဝဲကတော့ထဲမှ ထွက်လျှောက်လာသည်။ သူက ညာလက်ကို မြှောက်လိုက်ပြီး ရွှီချင်းသယ်လာသော လူသားကို ဖမ်းဆုပ်လိုက်သည်။

ရွှီချင်းသည် စစ်ချပ်ဝတ်နှင့်လူငယ်ကို လွှတ်ပေးလိုက်ပြီး ဝဲကတော့ဆီသို့ ပျံသန်းသွားစေသည်။

သွမ့်မူကျန်းသည် လူငယ်ကို ဖမ်းမိပြီးနောက် သူ၏ အနောက်သို့ လွှတ်ပစ်လိုက်သည်။ ထို့နောက် သူက ရွှီချင်းကို ကြည့်လိုက်သည်။

“ ကောင်လေး မင်းဒီကို ဘာလာလုပ်တာလဲ ”

ရွှီချင်းသည် အဖိုးအိုနှင့် အကြိမ်ရေအနည်းငယ် ပြောဆိုဆက်ဆံပြီးနောက် တစ်ဖက်လူသည် အဖြေကို သိထားပြီးသည့်တိုင် အကြောင်းအရာကို မေးမြန်းလေ့ရှိကြောင်း သူသဘောပေါက်လာသည်။ သို့ဖြစ်၍ တစ်ဖက်လူက သူ့အား ကျောက်စိမ်းပြား ပေးခဲ့သည့်အကြောင်းနှင့်ပတ်သက်ပြီး သူက ဘာမှမပြောတော့ဘဲ တိုက်ရိုက် ပြောသည်။

“ တစ်ရက်ကို ဝိညာဉ်ကျောက်တုံးတစ်ရာ ”

အဖိုးအိုသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။

“ တစ်ရက်ကို ဝိညာဉ်ကျောက်တုံးတစ်ထောင် ”

“ သဘောတူတယ် ”

ရွှီချင်းသည် ခေါင်းညိတ်လိုက်သည်။

အဖိုးအိုသည် ရွှီချင်းကို စိုက်ကြည့်ပြီးနောက် အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားသည်။

ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။ သူက တားမြစ်အဆိပ်ကို ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လိုက်သည်။ အကယ်၍ သူသာ အလစ်တိုက်ခိုက်ခံရလျှင် စွမ်းအင်ကုန် ထုတ်သုံးနိုင်ရန် အသင့်ပြင်ထားသည်။ ထို့နောက် သူက အရှေ့သို့ ခြေလှမ်းလိုက်ပြီး ဝဲကတော့ဆီသို့ တန်းမတ်စွာ ဦးတည်သွားသည်။

ဝဲကတော့အတွင်းသို့ ခြေချလိုက်သည့်အခါ သူ၏ ပုံရိပ်က ပျောက်ကွယ်သွားပြီး ဝဲကတော့သည် အမြန်လွင့်ပြယ်သွားသည်။ ထို့နောက် အရာအားလုံးက ပုံမှန်ပြန်ဖြစ်သွားသည်။

နံရံ၏ အခြားတစ်ဖက်တွင် ရွှီချင်းပြန်ပေါ်လာသောအခါ သူက ဂူတစ်ဂူထဲတွင် ရောက်ရှိနေသည်။ သူ၏ ဘေးပတ်ဝန်းကျင်တွင် မပြည့်စုံသော ရုပ်တုအများအပြား ရှိသည်။ တချို့သည် ဦးခေါင်းပျောက်နေပြီး တချို့သည် ခြေလက်များ ကင်းမဲ့နေသည်။

ထို့အပြင် ဂူတစ်ခုလုံးသည် ဟာလာဟင်းလင်း ဖြစ်နေသည်။

အစောနက လူငယ်၏ အရိပ်အယောင်ကို သူလုံးဝမမြင်မိတော့ချေ။ သွမ့်မူကျန်းသည်သာ အဝေးရှိ ဦးခေါင်းမဲ့နေသော ရုပ်တုတစ်ခု၏ လည်ပင်းပေါ်တွင် တင်ပျဉ်ခွေထိုင်နေပြီး ရွှီချင်းကို စိုက်ကြည့်နေသည်။

ရွှီချင်းသည် ဘေးပတ်ဝန်းကျင်ကို အမြန်စစ်ဆေးကြည့်လိုက်ပြီး သူ၏ အနောက်ကို အာရုံခံလိုက်သည်။ ထို့နောက် သူက မျက်မှောင်ကြုတ်လိုက်သည်။

သူ၏ အနောက်မှ ဝင်ပေါက်တွင် ကြီးမားသော မြေနံရံတစ်ခု ရှိသည်။ နံရံပေါ်တွင် ရာထောင်ချီသော မျက်နှာဖုံးများနှင့် ကြေးမုံများ ရှိသည်။

ထိုမျက်နှာဖုံးများကို ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်များ သေဆုံးသွားပြီးနောက် အထူးနည်းလမ်းများအသုံးပြု၍ သန့်စင်ထားခြင်း ဖြစ်သည်။ ယင်းက ကြေးမုံများအတွက်လည်း အတူတူ ဖြစ်သည်။

ယခင်က ရွှီချင်းကို တိုက်ခိုက်ရန် ကြိုးစားခဲ့သော ကောင်းကင်မျက်နှာဖုံးမျိုးနွယ်ဝင်၏ မျက်နှာဖုံးသည် ထိုအထဲမှာ ရှိသည်။

“ ကောင်းကင်ဘုံမီးတောက်ပင်လယ်နဲ့ နေသားကျဖို့အတွက် အဲ့ဒီမျိုးနွယ်စုနှစ်စုက မျိုးဆက်အစဉ်အဆက် သူတို့ရဲ့ စွမ်းရည်တွေကို ဆင့်ကဲပြောင်းလဲခဲ့ကြတယ်… မီးတောက်ပင်လယ်ကို တားဆီးဖို့အတွက် သူတို့ကို အသုံးပြုထားပြီး အဲ့ဒါကို ငါ့ရဲ့ အထူးနည်းလမ်းတချို့နဲ့ ဒီနေရာက အစီအရင်တွေနဲ့ ပေါင်းစပ်လိုက်တဲ့အခါ ကောင်းကင်မီးလျှံကဒ်ဘေးကို ငါတို့တွေ အချိန်တစ်ခုထိ ရှောင်ရှားနိုင်လိမ့်မယ် ”

အဖိုးအိုသည် တည်ငြိမ်စွာ ပြောသည်။ သူ၏ အသံထဲမှာ ဂုဏ်ယူဝင့်ကြွားသော အရိပ်အယောင် တစ်စွန်းတစ်စရှိသည်။

“ ကောင်းကင်မီးလျှံကဒ်ဘေး ဖြတ်သန်းခြင်းက ပုံမှန်ဆိုရင် ရက်ပေါင်းတစ်ရာ ကြာမြင့်လေ့ရှိတယ်… တစ်ရက်ကို ဝိညာဉ်ကျောက်တုံးတစ်ထောင်ဆိုတော့ ရက်တစ်ရာဆို ဝိညာဉ်ကျောက်တုံး နှစ်သိန်းကျမယ်… ငါ့ကို အခုပဲ လွှဲပေးပါ ”

ရွှီချင်းသည် မျက်ခုံးပင့်တင်လိုက်ပြီး အဖိုးကိုကြည့်လိုက်ကာ လေးနက်စွာ ပြောသည်။

“ ရက်တစ်ရာကို တစ်သိန်းလေ ”

“ လူတစ်ယောက်ကို တစ်သိန်းကျမယ်… မင်းမှာ မြွေတစ်ကောင် ပါသေးတယ်လေ… အဲ့ဒီတော့ နှစ်သိန်းမဟုတ်ဘူးလား ”

အဖိုးအိုသည် စိုက်ကြည့်လိုက်သည်။

“ ငါ့မှာ ဝိညာဉ်ကျောက်တုံး အဲ့လောက်အများကြီး မရှိဘူး ”

ရွှီချင်းက အမှန်ပြောနေခြင်း ဖြစ်သည်။

သူ့မှာ ဝိညာဉ်လက်မှတ် အများအပြားရှိသော်လည်း ဝိညာဉ်ကျောက်တုံးသည်တော့ ထိုမျှအများကြီးမရှိပေ။ ထို့ကြောင့် သူက ဓမ္မလက်နက်တစ်ခုကို ထုတ်လိုက်ပြီး ဘေးတွင် ပစ်ချလိုက်သည်။

“ ဒီပစ္စည်းနဲ့ ငွေချေမယ် ”

အဖိုးအို၏ အကြည့်က ဓမ္မလက်နက်ပေါ်သို့ ကျရောက်သွားသည်။ သူက ယင်းကို ဖမ်းဆုပ်လိုက်ပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ အဆင်ပြေတယ် ”

ထို့နောက် အဖိုးအို၏ မျက်လုံးထဲတွင် အေးစက်စက် အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ သူက သတ်ဖြတ်ချင်သော လေသံဖြင့် ဖြည်းညင်းစွာ ပြောသည်။

“ မင်းက လူသားဖြစ်နေလို့ ငါဒီတစ်ကြိမ် ကူညီပေးလိုက်တာ… ဒါပေမဲ့ မင်း သေချာနားထောင်ပါ… ဒီဂူရဲ့ အပြင်ဘက်က တားမြစ်နယ်မြေပဲ… တကယ်လို့ မင်းက ဂူအပြင်ဘက်ကို ကျူးကျော်လာမယ်ဆိုရင်တော့… ငါတို့က လူသားမျိုးနွယ်တစ်ခုတည်းကဆိုတာကို ငါထည့်စဉ်းစားနေမှာ မဟုတ်ဘူးနော် ”

All Chapters