← Chapters

မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(ဂ)

Vol. 55 Ch. 852

မျှော်လင့်ချက်ပေးတဲ့ အလိမ်အညာ(ဂ)

Vol. 55 Ch. 852

ရွှီချင်းက ခေါင်းညိတ်လိုက်သည်။

အဖိုးအိုသည် ရွှီချင်းကို အဓိပ္ပာယ်ရှိစွာ တစ်ချက်ကြည့်ပြီးနောက် အနောက်လှည့်လိုက်ပြီး ဂူထဲမှ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် သူ၏ ဘေးပတ်ဝန်းကျင်ကို တည်ငြိမ်စွာ စစ်ဆေးကြည့်လိုက်ပြီး ဤနေရာတွင် မည်သည့်အမှားအယွင်းမှမရှိကြောင်း အတည်ပြုလိုက်သည်။ မပြည့်စုံသော ထိုရုပ်တုများက အလွန်ရှေးကျကြောင်း သူပြောနိုင်သည်။

ထိုထဲတွင် လူသားရုပ်တုမရှိပေ။ ယင်းအစား နဂါးများ၊ မြွေများဖြင့် ရစ်ပတ်ခံထားရသော ပုဂ္ဂိုလ်များဖြစ်ကြသည်။ ထို့ပြင် သူတို့က သိုင်းစွမ်းအား အရှိန်အဝါတစ်မျိုးကို ထုတ်လွှတ်နေကြသည်။

သူတို့အားလုံးက ထိခိုက်ပျက်စီးနေသော်လည်း အလုံးစုံခြုံငုံကြည့်မည်ဆိုလျှင် ထိုရုပ်တုများသည် ကိုးကွယ်ပူဇော်ခံရုပ်တုများ ဖြစ်ကြသည်။ ထို့ပြင် အေးစက်စက် အငွေ့အသက်က ဂူတစ်ခုလုံးကို လွှမ်းခြုံထားလေရာ ဤနေရာက သင်္ချိုင်းတစ်ခုနှင့် ပိုပြီးဆင်တူသည်။

“ ဒီနေရာက အစက သင်္ချိုင်းများလား ”

ရွှီချင်းသည် အတွေးနက်သွားပြီး ရုပ်တုတစ်ခုကို ရှာဖွေလိုက်သည်။ သူက ရုပ်တုပေါ်မှာ တင်ပျဉ်ခွေထိုင်လိုက်သည့်အခါ လင်းအာသည် သူ၏ ကော်လံထဲမှ တွားသွားထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို တိတ်ဆိတ်စွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက ပြောသည်။

“ အကိုရွှီချင်း ဒီနေရာက ညီမတို့ရဲ့ ရှေးဟောင်းဝိညာဉ်မျိုးနွယ်နဲ့ ဆက်စပ်မှုရှိတဲ့ပုံပဲ ”

ရွှီချင်း၏ နှလုံးက လှုပ်ခတ်သွားသည်နှင့် သူက လင်းအာကို ကြည့်လိုက်သည်။

လင်းအာသည် သူ၏ ဘေးပတ်ဝန်းကျင်ကို စေ့စေ့စပ်စပ် စစ်ဆေးကြည့်ရှုပြီးနောက် တိုးညင်းစွာ ပြောသည်။

“ အကိုရွှီချင်း… အဲ့ဒီရုပ်တုတွေက တကယ်ပဲ ရှေးဟောင်းဝိညာဉ်မျိုးနွယ်က ရုပ်တုတွေပါ… ညီမတို့မျိုးနွယ်မှာ ကလေးအရွယ်ဆို မြွေအဖြစ်နဲ့ရှိပြီး အရွယ်ရောက်လာတဲ့အခါမှ လူအသွင်ပြောင်းနိုင်ကြတယ်… တကယ်လို့ သွေးမျိုးစက်က သန်မာတယ်ဆိုရင် ကျင့်ကြံခြင်းရဲ့ အတားအဆီးတွေကို ချိုးဖြတ်ပြီးတဲ့နောက် ကောင်းကင်နဂါးတစ်ကောင်က ညီမတို့ဘေးမှာ မွေးဖွားလာလိမ့်မယ်… အဲ့ဒီအချိန်ကစပြီး နဂါးတွေ မြွေတွေက ညီမတို့ကို ဘေးကင်းလုံခြုံအောင် ကာကွယ်ပေးလိမ့်မယ် ”

“ ဒီနေရာက ထူးခြားတဲ့လက္ခဏာတွေကို ကြည့်ပြီးပြောရရင် ဒီဂူက ညီမတို့မျိုးနွယ်ရဲ့ သူတော်စင်တစ်ဦးရဲ့ ဂူသင်္ချိုင်းဖြစ်လိမ့်မယ် ”

“ ယေဘုယျအားဖြင့်ဆိုရရင် ရှေးဟောင်းဝိညာဉ်မျိုးနွယ်ရဲ့ ဂူသင်္ချိုင်းတွေမှာ အဆင့်တွေ အများကြီးရှိတယ်… အကိုရွှီချင်း… ဒီအောက်မှာ ပိုပြီးကြီးမားတဲ့ သင်္ချိုင်းတစ်ခုရှိလောက်တယ်… ဒီနေရာက ဂူသင်္ချိုင်းရဲ့ ပထမအဆင့်ပဲရှိသေးတယ် ”

“ ဂူသင်္ချိုင်းက အချုပ်အနှောင်စည်းတွေကို ညီမအာရုံခံနိုင်သေးတယ်… နောက်တစ်ဆင့်အတွက် ဝင်ပေါက်ကို ညီမ ဖွင့်နိုင်လောက်မယ် ထင်တယ် ”

လင်းအာက ပျော်ရွှင်စွာ ပြောသည်။ နောက်ဆုံးမှာ အကိုရွှီချင်းကို သူကူညီပေးနိုင်တော့မည်ဟု ခံစားမိသွားသည်။

လင်းအာ၏ စကားကို ရွှီချင်းကြားသည့်အခါ သူက ဘေးပတ်ဝန်းကျင်ကို ပိုပြီးနီးကပ်စွာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက လင်းအာ၏ ဦးခေါင်းကို ပုတ်ပေးလိုက်ပြီး ညင်သာစွာ ပြောသည်။

“ ဖွင့်ဖို့မလိုပါဘူး… ဒီနေရာရဲ့ လက်ရှိသခင်က အကိုတို့ သူ့ကို အနှောင့်အယှက်ပေးမှာကို မကြိုက်ဘူးဆိုမှတော့ ကောင်းကင်မီးလျှံကဒ်ဘေး ပြီးသွားတာနဲ့ ဒီကနေ ထွက်သွားကြမယ် ”

ရွှီချင်းသည် သူ၏ အကန့်အသတ်ကို သိသည်။ နှစ်ဦးနှစ်ဖက် အရောင်းအဝယ်ပြုလုပ်ထားသောကြောင့် လုံးဝမလိုအပ်လျှင် အရောင်းအဝယ်စည်းမျဉ်းများအား လိုက်နာရန် သူဆန္ဒရှိသည်။

လင်းအာသည် လေးနက်စွာ တွေးတောလိုက်သည်။ အကိုရွှီချင်း၏ လုပ်ပုံကိုင်ပုံက သူ့ဖခင်နှင့် ခြားနားကြောင်း သူခံစားမိသွားသည်။ သို့ဖြစ်၍ သူက ဤကိစ္စကို မှတ်သားထားလိုက်ပြီး သင်ယူရန် ပြင်ဆင်လိုက်သည်။

ထိုသို့ဖြင့် လဝက်ခန့် ကုန်ဆုံးသွားသည်။

အပြင်လောကတွင် ကောင်းကင်ဘုံမီးတောက်သည် ပိုပြီးကြောက်စရာကောင်းလာပြီး အရာအားလုံးကို လောင်ကျွမ်းပြာချပစ်နေသည်။ မြေပြင်ပေါ်တွင် မည်သည့်အရာမှ တည်ရှိမနေဘဲ သက်ရှိအားလုံးသည် ကြောက်လန့်တကြား ပုန်းအောင်းနေကြရသည်။

အဝေးမှကြည့်လျှင် ထိုမြင်ကွင်းသည် မီးနတ်ဘုရားတစ်ပါး၏ အမျက်ဒေါသနှင့် တူညီသည်။

မီးတောက်ပေါက်ကွဲသံများသည် မိုးခြိမ်းသံထက်ပင် ပိုပြီးကျယ်လောင်သည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်တစ်ခုလုံးသည် အောက်သို့ နစ်မြုပ်သွားပြီး အထဲမှ ချော်ရည်အများစုသည် ကောင်းကင်၏ စုပ်ယူခံလိုက်ရသည်။ လက်ပြတ်ကြီးသည်တော့ ထွက်ခွာသွားပြီ ဖြစ်သည်။

မိုင်းတွင်းထဲမှ ရှေးဟောင်းဝိညာဉ်မျိုးနွယ်၏ ဂူသင်္ချိုင်းထဲတွင် ရွှီချင်းသည် သူ၏ ကတိအတိုင်း ထိန်းသိမ်းခဲ့သည်။ သူက ဂူအပြင်ဘက်သို့ ခြေတစ်လှမ်းပင် မလှမ်းခဲ့ပေ။ သူက ဂူထဲမှာ တစ်ချိန်လုံး ကျင့်ကြံနေခဲ့ပြီး ထိုအတောအတွင်း သွမ့်မူကျန်းသည် နောက်ထပ်ပေါ်မလာခဲ့ပေ။ အရာအားလုံးသည် အဆင်ပြေနေသည်။

လင်းအာသည်လည်း အလွန်နာခံပြီး ဆက်လက် မစူးစမ်းခဲ့ချေ။ သူက ရွှီချင်း၏ ဘေးတွင် ရှိနေရလျှင် စိတ်ကျေနပ်ပြီ ဖြစ်သည်။ သို့သော်လည်း ရံဖန်ရံခါ သူက အနည်းငယ် အသုံးမကျဘူးဟု ခံစားမိလေ့ ရှိသည်။

‘ ငါ့ခန္ဓာကိုယ်ထဲက ရှေးဟောင်းဝိညာဉ်တော်ဝင်မိသားစုရဲ့ ကမ္မစွမ်းအားကို ငါမြန်မြန် ချေဖျက်မှဖြစ်မယ်… ဒါမှ ငါ့သွေးမျိုးစက်က ပိုပြီးအားကောင်းလာမှာ ’

လင်းအာသည် ထိုသို့တွေးမိသောအခါ တိတ်တဆိတ် စတင်ကျင့်ကြံလိုက်သည်။

ဆယ့်ခုနစ်ရက်မြောက်နေ့တွင် မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ဦး၏ အလည်ရောက်လာမှုကြောင့် ရွှီချင်း၏ ကျင့်ကြံနေခြင်းက နှောင့်ယှက်ခံလိုက်ရသည်။

မြေပြင်ပေါ်မှ စည်းချအစီအရင်၏ အလင်းက တောက်ပသွားသောအခါ ပုံရိပ်တစ်ခုသည် အပြင်ဘက်သို့ အမြန်ထွက်လျှောက်လာသည်။

ထိုသူက သွမ့်မူကျန်းမဟုတ်ပေ။ ယင်းအစား အစိမ်းရောင်ဝတ်စုံနှင့် လူငယ်တစ်ယောက်ဖြစ်သည်။

ရွှီချင်းသည် မျက်လုံးဖွင့်လိုက်သည်။ ထိုလူက လွန်ခဲ့သော လဝက်ခန့်က မိုင်းတွင်းထဲမှာ သတိမေ့နေခဲ့သော လူငယ် ဖြစ်သည်။ တစ်ဖက်လူသည် အားနည်းနေဆဲ အခြေအနေမှာရှိသော်လည်း အသက်အန္တရာယ်မစိုးရိမ်ရတော့ပေ။

သိသာစွာပင် စစ်ချပ်ဝတ်သည် သက်ရောက်မှုရှိပြီး သွမ့်မူကျန်းသည် ထိုလူကို ကယ်တင်ရန် အတော်လေး အားစိုက်ထုတ်ခဲ့ရပေမည်။

သို့သော်လည်း သူ၏ ခန္ဓာကိုယ်ထဲမှ မီးဓာတ်အဆိပ်ကို ထုတ်ပယ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်၍ သူ၏ ခန္ဓာကိုယ်ပေါ်မှ နေရာအတော်များများသည် ရောင်ရမ်းနေပြီး မွဲခြောက်နေသည်။ ယင်းက သူ့အား သနားစရာကောင်းသောပုံစံ ပေါ်လွင်စေသည်။

ရွှီချင်းက လှမ်းကြည့်လိုက်သည့်အခါ လူငယ်၏ မျက်နှာပေါ်တွင် အကြောက်တရားများဖြင့် ပြည့်နှက်သွားသည်။ သူက အမြန်လျှောက်သွားပြီး ရွှီချင်း၏ အရှေ့မှာ ဒူးထောက်ချလိုက်သည်။

“ ကျွန်တော့်အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ဂျူနီယာရှီဖန်ကွေ့က စီနီယာကို ကျေးဇူးတင်ပါတယ် ”

ရွှီချင်းသည် သူ့အရှေ့မှ လူငယ်ကို စုန်ချည်ဆန်ချည် စစ်ဆေးကြည့်လိုက်သည်။ တစ်ဖက်လူ၏ နာမည်သည် အနည်းငယ် ထူးဆန်းသော်လည်း သူက နောက်ထပ်မမေးပေ။ ယင်းအစား တည်ငြိမ်စွာ ပြောသည်။

“ အဲ့ဒါက ဘာမှမဟုတ်ဘူး… တကယ်လို့ ငါမလှုပ်ရှားခဲ့ရင်တောင် စီနီယာသွမ့်မူက မင်းကို ကယ်တင်လိမ့်မယ် ”

လူငယ်သည် ဆက်လက် ဂါရဝပြုနေဆဲ ဖြစ်သည်။ ရွှီချင်းကို သုံးကြိမ်ဂါရဝပြုပြီးနောက် သူက မတ်တတ်ရပ်လိုက်သည်။ သူက ရွှီချင်းကို ကြည့်ပြီးနောက် စိုးရိမ်ကြောင့်ကြစွာ ပြောသည်။

“ ဘာပဲဖြစ်ဖြစ် စီနီယာက ကျွန်တော့်ကို ကယ်တင်ပေးခဲ့တာပါ… ဂျူနီယာက ဒီကျေးဇူးတရားကို သေချာမှတ်ထားပါမယ် ”

သူက စကားပြောပြီးနောက် ထမင်းဘူးကို ထုတ်လိုက်ပြီး ဘေးတွင် ချပေးလိုက်သည်။

“ စီနီယာရဲ့ ကျင့်ကြံခြင်းက အရမ်းနက်ရှိုင်းတယ်ဆိုတာ ဒီဂျူနီယာသိပါတယ်… ကျွန်တော့်မှာ ပြန်ပေးစရာ တန်ဖိုးကြီးမားတဲ့ပစ္စည်း ဘာမှမရှိပါဘူး… ဒါက ကျွန်တော့်ဇနီးသည် ကိုယ်တိုင်လုပ်ပေးလိုက်တဲ့ သရေစာတွေပါ… ကျေးဇူးတင်ပါတယ် စီနီယာ ”

လူငယ်သည် စကားဆုံးသည်နှင့် ရွှီချင်းကို နောက်တစ်ကြိမ် အရိုအသေပေးလိုက်သည်။

ထို့နောက် သူက ရိုရိုသေသေ အနောက်ဆုတ်သွားပြီး စည်းချအစီအရင်ထဲသို့ ပြန်သွားကာ ပျောက်ကွယ်သွားသည်။

ရွှီချင်းသည် ထမင်းဘူးကို ကြည့်လိုက်သည်။ ထမင်းဘူးထဲတွင် မွှေးကြိုင်သောရနံ့ကို ထုတ်လွှတ်နေသော ကိတ်မုန့်တချို့ ရှိသည်။ ကိတ်မုန့်သည် အမြင်လှပသည့်အပြင် ယင်းတို့ကို သေချာဂရုတစိုက် ပြုလုပ်ထားခြင်းဖြစ်ကြောင်း မြင်သာပေသည်။

ရွှီချင်းသည် အဆိပ်ပညာရှင်ဖြစ်သည်။ သို့ဖြစ်၍ သူက အကြည့်တစ်ချက်ဖြင့် ကိတ်မုန့်ထဲမှာ အဆိပ်ပါမပါကို ပြောနိုင်သည်။ မည်သည့်အန္တရာယ်မှမရှိသည်ကို အာရုံခံမိသောအခါ သူက ကိတ်မုန့်တစ်လုံးကို ကောက်ယူလိုက်သည်။ ထိုစဉ် လင်းအာက သွားရေကျနေသည်ကို သူသတိပြုမိသွားသည်။ ထို့ကြောင့် သူက ဦးစွာတစ်ကိုက် ကိုက်စားလိုက်သည်။ အန္တရာယ်မရှိကြောင်း အတည်ပြုပြီးနောက် သူက အပိုင်းအစတစ်ခုအား လင်းအာကို ပေးလိုက်သည်။

“ ဂလူး… ဂလူး ”

အရသာက မဆိုးသည်မှာ ထင်ရှားသည်။ ထို့ကြောင့် လင်းအာက မြွေပုံသဏ္ဍာန်ဖြင့် စားသောက်နေသော်လည်း အသံမထွက်ဘဲ မနေနိုင်ပေ။

လင်းအာက သဘောကျသည်ကိုမြင်သောအခါ ရွှီချင်းက ပြုံးလိုက်ပြီး ကျန်ကိတ်မုန့်အားလုံးကို သူ့အား ပေးလိုက်သည်။

ထို့နောက် သူက မျက်လုံးပိတ်လိုက်ပြီး ဆက်လက် ကျင့်ကြံသည်။

အချိန်သည် တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားသည်။ နောက်ရက်များတွင် ရှီဖန်ကွေ့သည် မကြာခဏ ရောက်လာလေ့ရှိသည်။ အကြိမ်တိုင်း သူက အစားအသောက်များကို သူနှင့်အတူ ရိုရိုသေသေ ယူဆောင်လာလေ့ရှိသည်။

သူက တစ်စုံတစ်ခုကို ပြောချင်ဟန်ရသော အချိန်လည်းရှိသည်။ သိုသော်လည်း သူက တုံ့ဆိုင်းနေသည်။ အဆုံးမှာတော့ သူက ဆက်လက် မချုပ်ထိန်းနိုင်ဘဲ သူ၏ မျက်လုံးထဲမှာ ပြင်းပြသော ဆန္ဒက ထွက်ပေါ်လာသည်။ သူက ရွှီချင်းကို တခြားဒေသကြီးမှ လူသားမျိုးနွယ်အကြောင်း မေးမြန်းသည်။

“ စီနီယာက တခြားဒေသကြီးက ရောက်လာတာလို့ အဖိုးဘုရင်ဆီက ကျွန်တော်ကြားခဲ့ပါတယ်… အပြင်လောကမှာ လူသားတွေရဲ့ အခြေအနေက ကျွန်တော်တို့လိုမျိုးပဲလား ”

ရှီဖန်ကွေ့၏ အမူအရာတွင် စိုးရိမ်ကြောင့်ကြမှုဖြင့် ပြည့်နှက်နေသလို ပြင်းပြသော မျှော်လင့်ချက်ဖြင့်လည်း ပြည့်နှက်နေသည်။

All Chapters