ခရီးရှည်အတွက် ခွဲခွာခြင်း(ခ)
Vol. 55 Ch. 859
“ ပြီးတော့… သူက အစားအစာဖြစ်လာဖို့ ကံတရားသတ်မှတ်ခံထားရတဲ့ လူတွေကို လွတ်ငြိမ်းခွင့်ပေးနိုင်တယ်… အဲ့ဒါဆို နီလာနတ်သမီးရောက်လာတဲ့အခါ သူတို့က ဝါးမျိုမခံရတော့ဘူး ”
သွမ့်မူကျန်းသည် နူးညံ့စွာ ပြောသည်။
“ အဲ့ဒီတစ်ချက်နဲ့တင် မရေမတွက်နိုင်တဲ့ ပညာရှင်ကျင့်ကြံသူတွေကို ရူးသွပ်သွားစေဖို့ လုံလောက်တယ်… သူတို့က လွတ်ငြိမ်းခွင့်ရဖို့အတွက် ဘာကိုမဆို စတေးဖို့ဆန္ဒရှိကြတယ် ”
ဤသည်ကို ရွှီချင်းကြားသောအခါ ခပ်မှိန်မှိန် အလင်းတန်းတစ်ခုသည် သူ၏ မျက်လုံးထဲမှာ မသိမသာ ဖြတ်ပြေးသွားသည်။ သူက အနီရောင်လဗိမာန်အကြောင်း ဆက်မမေးတော့ပေ။ ယင်းအစား မျိုးနွယ်စုနှစ်စုမဟာမိတ်၏ အင်အားအကြောင်းကို မေးသည်။
မည်သို့ဖြစ်ပါစေ လက်ရှိ သူရင်ဆိုင်နေရသော ပြဿနာမှာ ထိုမျိုးနွယ်စုနှစ်စု၏ လိုက်လံစုံစမ်းခြင်း ဖြစ်သည်။
“ အဲ့ဒီမျိုးနွယ်စုနှစ်စုမှာ သူတို့ရဲ့ ဘိုးဘေးတွေအပါအဝင် ဝိညာဉ်သိုက်အဆင့်ကျင့်ကြံသူ ခြောက်ယောက်ရှိတယ်… ဗလာနတ္ထိအဆင့် ကျင့်ကြံသူကတော့… ”
သွမ့်မူကျန်းသည် ခေါင်းခါလိုက်သည်။
“ တစ်ယောက်မှမရှိဘူး ”
“ ဘာလို့လဲဆိုတော့ နီလာနတ်သမီးအတွက် ဗလာနတ္ထိအဆင့်ကျင့်ကြံသူတွေက အရသာအရှိဆုံးဖြစ်လို့ပဲ… ဒါကြောင့် ဗလာနတ္ထိအဆင့် ကျင့်ကြံသူတစ်ယောက်ထွက်ပေါ်လာတာနဲ့ အနီရောင်လဗိမာန်ရဲ့ မှတ်သားခြင်းကို ခံရလိမ့်မယ်… သူတို့တွေကို ရင့်မှည့်နေတဲ့ သစ်သီးလို့ မင်းသဘောထားနိုင်တယ်… သူတို့ကို တိုက်ရိုက် ဖမ်းဆီးမှာမဟုတ်ပေမဲ့ သူတို့က အဓိကဟင်းလျာစာရင်းထဲမှာ ပါတယ် ”
“ ဒါကြောင့် လဝတ်ပြုဒေသကြီးမှာ ပြီးပြည့်စုံတဲ့ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူတွေအားလုံးက သူတို့ကိုယ်သူတို့ ဖိနှိပ်ထားကြတယ်… သူတို့က ဖြစ်နိုင်ရင် အဆင့်မချိုးဖြတ်ချင်ကြဘူး ”
“ မင်းက အဓိကဟင်းလျာစာရင်းထဲမှာ ပါတယ်ဆိုရင် သေချာပေါက် သေလိမ့်မယ်… အဓိကဟင်းလျာစာရင်းထဲမှာ မပါသေးဘူးဆိုရင်တော့ အသက်ရှင်ဖို့အတွက် မင်းမှာ အခွင့်အရေးတစ်ခု ရှိနေနိုင်သေးတယ်… ဖြစ်နိုင်ခြေက အရမ်းနည်းပါးတယ်ဆိုရင်တောင် အဲ့ဒါက အသက်ရှင်ဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ ”
ရွှီချင်းသည် နားလည်သွားသည်။ မျိုးနွယ်စုနှစ်စုတွင် အဘယ့်ကြောင့် ဗလာနတ္ထိအဆင့်ကျင့်ကြံသူတစ်ယောက်မှ မရှိရသလဲဟု ယခင်က သူသံသယဝင်မိသည်။ ယခု အဖြေကို သူနားလည်သွားပြီ ဖြစ်သည်။
သွမ့်မူကျန်းက ဆက်ပြောသည်။
“ ကြေးမုံပုံရိပ်ယောင်မျိုးနွယ်နဲ့ ကောင်းကင်မျက်နှာဖုံးမျိုးနွယ်က တကယ်တော့ သေးငယ်တဲ့ မျိုးနွယ်စုနှစ်စုပါ… သူတို့ရဲ့ ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူခြောက်ယောက်ထဲမှာ ဘိုးဘေးနှစ်ယောက်တည်းပဲ ပြီးပြည့်စုံတဲ့ လျှို့ဝှက်ရတနာသိုက်တစ်ခုကို ဖွဲ့စည်းထားနိုင်တယ် ”
“ မျိုးနွယ်စောင့်ရှောက်သူလို တခြားလူတွေက လျှို့ဝှက်ရတနာသိုက်ရဲ့ ကောင်းကင်ဘုံတာအိုကို ပျိုးထောင်ပေးနေတဲ့အဆင့်မှာပဲ ရှိသေးတယ် ”
ရွှီချင်းသည် ဝိညာဉ်သိုက်အဆင့်အကြောင်း အများကြီးမသိပေ။ ထိုအဆင့်က သူနှင့် အလှမ်းဝေးကွာနေသေးသဖြင့် သူ၏ ဆရာကို မမေးမြန်းခဲ့ပေ။ ဤသည်မှာ ဝိညာဉ်သိုက်အဆင့်အကြောင်း ပထမဆုံးအကြိမ် သူကြားဖူးခြင်း ဖြစ်သည်။
“ တာအိုပျိုးထောင်ခြင်းလား ”
ရွှီချင်းသည် ထိုစကားကို သတိပြုမိသည်။
သွမ့်မူကျန်းသည် ခေါင်းညိတ်ပြသည်။
“ မင်းရဲ့ ကိုယ်ပိုင်ကောင်းကင်ဘုံတာအိုကို မွေးဖွားပေးပြီး မင်းရဲ့လျှို့ဝှက်ရတနာသိုက်ထဲမှာ အသိဉာဏ်အလင်းကြယ်ကို ပျိုးထောင်နိုင်မှပဲ နိယာမတွေရဲ့စွမ်းအားကို အသုံးပြုနိုင်လိမ့်မယ်… အဲ့ဒါကို ပြီးပြည့်စုံတဲ့ လျှို့ဝှက်ရတနာသိုက်လို့ သတ်မှတ်နိုင်ပြီး မင်းက စစ်မှန်တဲ့ ဝိညာဉ်သိုက်အဆင့် ပညာရှင်ကျင့်ကြံသူတစ်ယောက် ဖြစ်လာလိမ့်မယ် ”
“ ဒါပေမဲ့ အဲ့ဒီအဆင့်ကိုရောက်ဖို့ အရမ်းခက်ခဲတယ်… ကျင့်ကြံခြင်းနဲ့ အရင်းအမြစ်တွေက အဲ့ဒီအတွက် တစ်စိတ်တစ်ပိုင်းပဲ ရှိတယ်… အရေးကြီးဆုံးက နိယာမစွမ်းအားတွေကို နားလည်ပြီး ကောင်းကင်ဘုံတာအိုကို မွေးဖွားပေးဖို့ပဲ ”
“ ဒါကြောင့် ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူအများစုက အဲ့ဒီအဆင့်မှာ ရပ်တန့်သွားကြတယ်… အဲ့ဒါကို တာအိုပျိုးထောင်ခြင်းလို့ ခေါ်တယ် ”
“ ဝိညာဉ်နတ်သူငယ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူက အရမ်းသန်မာတယ်… ဒါပေမဲ့ ပထမလျှို့ဝှက်ရတနာသိုက်ကို ပြီးပြည့်စုံထားတဲ့ အစစ်အမှန် ဝိညာဉ်သိုက်ကျင့်ကြံသူတွေအတွက်တော့ ကောင်းကင်ဘုံတာအိုမဖွဲ့စည်းရသေးတဲ့ တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူက သူတို့ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး ”
“ ဥပမာ သူတို့ကြားက ခြားနားမှုက အခြေတည်ကျင့်ကြံသူတွေထဲမှာ အသက်မီးတောက်ဘောလုံးရှိတဲ့လူနဲ့ မရှိတဲ့လူလိုမျိုး ခြားနားတယ် ”
ရွှီချင်းသည် မျက်လုံးမှေးကျဉ်းလိုက်သည်။
“ တခြားဒေသကြီးတွေမှာ ဘယ်လိုအခြေအနေရှိလဲ ငါမသိဘူး… ဒါပေမဲ့ လဝတ်ပြုဒေသကြီးထဲမှာတော့ ဝိညာဉ်သိုက်အဆင့် ကျင့်ကြံသူအယောက်တစ်ထောင်မှာ တစ်ယောက်နှစ်ယောက်လောက်ပဲ ကောင်းကင်ဘုံတာအိုကို အောင်အောင်မြင်မြင် မွေးဖွားနိုင်ကြပြီး ပထမလျှို့ဝှက်ရတနာသိုက်ကို ပြီးပြည့်စုံအောင် လုပ်ဆောင်နိုင်ကြတယ် ”
“ ကျန်လူတွေအားလုံးက တာအိုပျိုးထောင်ခြင်းအဆင့်မှာ ရပ်တန့်နေကြတယ်… တကယ်လို့ သူတို့က အဲ့ဒီအဆင့်မှာ အပြင်းအထန် ဒဏ်ရာရသွားမယ်ဆိုရင် သူတို့ရဲ့ ကျင့်ကြံခြင်းအဆင့်က ကျဆင်းသွားပြီး လျှို့ဝှက်ရတနာသိုက်က အပြည့်အဝ မဖွဲ့စည်းရသေးတာကြောင့် ရတနာသိုက်က ပြိုလဲပျက်စီးသွားလိမ့်မယ် ”
ရွှီချင်းသည် သွမ့်မူကျန်းကို တစ်ချက်ကြည့်လိုက်သည်။ ကောင်းကင်ဘုံမီးတောက်ပင်လယ်ထဲတွင် သွမ့်မူကျန်း၏ အနောက်မှာ ပြိုလဲပျက်စီးနေသော လျှို့ဝှက်ရတနာသိုက်ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်ကို သူပြန်အမှတ်ရသွားသည်။
“ ဟုတ်တယ်… ငါက အဲ့ဒီလိုမျိုးပဲ… ဒါကြောင့် တာအိုပျိုးထောင်ခြင်းအဆင့် ဝိညာဉ်သိုက်ကျင့်ကြံသူတစ်ယောက်ရဲ့ အားနည်းချက် အားသာချက်တွေကို ငါကောင်းကောင်းသိတယ် ”
ရွှီချင်း၏ အကြည့်ကို သတိပြုမိသောအခါ သွမ့်မူကျန်းက တည်ငြိမ်စွာ ပြောသည်။
ရွှီချင်းသည် ခေါင်းညိတ်လိုက်ပြီး မေးမြန်းတော့မည့်အချိန် လင်းအာသည် မည်းတူးနေသော ဟင်းပန်းကန်ပြားနှစ်ချပ်ဖြင့် ပြေးလာပြီး သူတို့နှစ်ယောက်အရှေ့မှ စားပွဲပေါ်မှာ တင်ပေးလိုက်သည်။ သူက ရွှီချင်းနှင့် သွမ့်မူကျန်းကို မျှော်လင့်သောအကြည့်ဖြင့် ကြည့်လိုက်သည်။
အပြုံးသည် ရွှီချင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက တူကို ကောက်ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။ သူက ဖြည်းဖြည်းချင်း ဝါးလျက် မျိုချလိုက်လေရာ ချီးကျူးသော အမူအရာက သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ ထို့နောက် သူက သေရည်ကို တစ်ငုံသောက်လိုက်သည်။
သွမ့်မူကျန်းသည် ဆွံ့အသွားသည်။ သူက မည်းတူးနေသော ဟင်းပွဲကို ကြည့်လိုက်ပြီးနောက် ရွှီချင်း၏ ချီးကျူးသော အမူအရာကို ကြည့်လိုက်သည်။ ထို့နောက် သူက လင်းအာကို ကြည့်လိုက်လေရာ ထိုကလေးမက သူ့အား စိုက်ကြည့်နေသည်ကို သတိပြုမိသွားသည်။
ထို့ကြောင့် သွမ့်မူကျန်းသည်လည်း တစ်ကိုက်မြည်းစမ်းကြည့်လိုက်သည်။
သူ၏ အမူအရာသည် ပုံမှန်အတိုင်းရှိနေဆဲပင်။ သူက ဖြည်းဖြည်းချင်း မျိုချပြီးနောက် သေရည်တစ်ငုံသောက်လိုက်သည်။ ထို့နောက် ရွှီချင်းကို လှမ်းကြည့်လိုက်သည်။
ရွှီချင်းသည်လည်း သွမ့်မူကျန်းကို ပြန်ကြည့်လိုက်သည်။
သွမ့်မူကျန်း၏ မျက်နှာပေါ်မှာ ချီးကျူးသော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက လင်းအာကို အသိအမှတ်ပြုသည့် အမူအရာဖြင့် ကြည့်လိုက်သည်။
“ မဆိုးဘူး ”
လင်းအာသည် ပျော်ရွှင်သွားသည်။
ရွှီချင်းသည် ပြုံးလိုက်ပြီး ဆက်လက် စားသည်။ ဤသည်ကို သွမ့်မူကျန်းမြင်သောအခါ သူက ချောင်းဟန့်လိုက်သည်။
“ ငါ့အိမ်မှာ ဆေးမီးဖိုတစ်လုံးကို တစ်ချက်စစ်ဆေးကြည့်ပေးရဦးမယ်… ဒီတော့ ငါအရင်ပြန်တော့မယ် ”
ထိုသို့ပြောပြီးနောက် မတ်တတ်ရပ်လိုက်လေရာ သူ၏ ပုံရိပ်က ဝေဝါးလာပြီး အိမ်ထဲမှ ပျောက်ကွယ်သွားသည်။
“ အဲ့လောက်တောင် အရသာရှိတာလား… ညီမလည်း စားကြည့်မယ် ”
လင်းအာက စိတ်လှုပ်ရှားလာသည်။ သို့သော်လည်း သူယူစားတော့မည့်အချိန် ပန်းကန်ထဲမှ ဟင်းလျာအားလုံးကို ရွှီချင်းက အပြောင်စားပြီးသွားပြီ ဖြစ်သည်။
လင်းအာသည် စိတ်ကျေနပ်သွားသည်။ ရွှီချင်းက ကျင့်ကြံရန် တရားထိုင်တော့မည်ကိုမြင်သောအခါ သူက ဘေးသို့ လျှောက်သွားပြီး တစ်ဝက်ချုပ်လုပ်ထားပြီးသော အဝတ်များကို ထုတ်လိုက်ကာ ဆက်လက်ချုပ်သည်။ ဤသည်မှာ အမကြီးများနှင့် အဒေါ်ကြီးများထံမှ သူသင်ယူခဲ့သော အတတ်ပညာ ဖြစ်သည်။
“ အကိုရွှီချင်းက အနာဂတ်မှာ ငါချုပ်ပေးထားတဲ့ အဝတ်တွေကို သေချာပေါက် ဝတ်ရမယ် ”
အနာဂတ်မှ ထိုမြင်ကွင်းကို သူ၏ စိတ်ထဲမှာ ပုံဖော်ကြည့်လိုက်သည့်အခါ လင်းအာသည် ပျော်ရွှင်လာပြီး ပိုပြီးအလေးအနက်ထားလာသည်။
ထိုသို့ဖြင့် ဆက်ရက်ဟူသော အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။
ခွဲခွာရမည့်အချိန်က ကျရောက်ခါနီးပြီဖြစ်၍ ကျင်းကန်းဂိုဏ်းဘိုးဘေးသည် ယခင်ကဲ့သို့ ပုံပြင်ကို အချိန်ဆွဲမပြောတော့ဘဲ မြန်မြန်သွက်သွက် ပြောသည်။ နောက်ဆုံးမှာတော့ ကောင်းကင်ဘုံမီးတောက်က မငြိမ်းသတ်သွားခင် သူက ပုံပြင်ကို ပြီးဆုံးအောင် ပြောနိုင်သွားသည်။
လင်းအာသည် စိတ်ခံစားလွယ်သောသူ မဟုတ်သော်လည်း ခွဲခါရတော့မည်ဟု တဖြည်းဖြည်း ခံစားရလာသောအခါ မလိုလားမှုက သူ၏ နှလုံးသားထဲမှာ ဖြစ်ပေါ်လာသည်။
နှစ်လကျော်ကြာ ထိတွေ့ဆက်ဆံပြီးနောက် သူသည် ဤနေရာလေးအပေါ် ခံစားချက်တချို့ ရှိလာသည်။ သို့ဖြစ်၍ သူက မထွက်သွားခင် သူပိုင်ဆိုင်သော ဆေးလုံးတချို့ကို ချန်ထားခဲ့ရန် ဆုံးဖြတ်လိုက်သည်။
ကလေးမလေးသည်လည်း ရွှီချင်းနှင့် ခွဲခွာရန် မလိုလားသောကြောင့် ယခင်ကထက် မကြာမကြာ ရောက်ရှိလာသည်။
မထွက်သွားမီ သုံးရက်အလိုတွင် ရွှီချင်းသည် အိမ်ပြန်တော့မည့် ကလေးမလေးကို လှမ်းခေါ်လိုက်သည်။
“ ဖန်ယန် ငါနဲ့မျက်နှာချင်းဆိုင်မှာ လာထိုင်ပါ ”
ရွှီချင်းသည် ညင်သာစွာ ပြောသည်။ ရှီဖန်ယန်သည် ကလေးမလေး၏ နာမည် ဖြစ်သည်။
“ ဟုတ်ကဲ့ပါ ဆရာ ”
ကလေးမလေးသည် ရွှီချင်းကို ယုံကြည်သောကြောင့် သူ၏ အရှေ့မှာ ချက်ချင်း ထိုင်ချလိုက်သည်။
ရွှီချင်းသည် သူ၏ လက်ညှိုးကိုမြှောက်လိုက်ပြီး ကလေးမလေး၏ မျက်ခုံးနှစ်ခုကြားသို့ ဖိချလိုက်သည်။
“ မခုခံနဲ့ ”
ဤသည်ကို ကလေးမလေးကြားသည့်အခါ သူက ရိုးရှင်းစွာ မျက်လုံးမှိတ်ထားလိုက်သည်။