← Chapters

အခန်း (၁၅၄)

Vol. 16 Ch. 154

အခန်း (၁၅၄)

Vol. 16 Ch. 154

"ဒီလူက ဘယ်သူလဲ။" ခက်ထန်သောလူကို လီချန်ချင်း မမှတ်မိဖြစ်နေလေသည်။ သို့သော် ထိုလူ၏ ကျင့်ကြံမှုမှာ အထူးအဆင့်ဖြစ်ကြောင်း သတိပြုမိသဖြင့် သူသည် အလွယ်တကူအနိုင်ယူ၍ရသူမဟုတ်မှန်း လီချန်ချင်းသိပေသည်။

"ဓားသခင်.....ဒီလူက သံဓားသွားဂိုဏ်းရဲ့ ခေါင်းဆောင် ယုဖန်ရှန်းပဲ။"ကျန်းဟဲအိမ်တော်မှ အကြီးအကဲတစ်ဦးက သူ့ကို လီချန်ချင်းနှင့် မိတ်ဆက်ပေးခဲ့သည်။

"ဟုတ်လား။" လီချန်ချင်းသည် စမ်းသပ်မှုသို့ မလာခင် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေမည့် ဂိုဏ်းများကို လေ့လာခဲ့သည်။ ဂိုဏ်းခွဲတွေကို လေ့လာခဲ့ပါတယ်။ ဂိုဏ်းပေါင်းစုံ တက်ရောက်ကြသော်လည်း အနည်းငယ်ကိုသာ လီချန်ချင်း မှတ်မိလေသည်။

သူမှတ်မိသည်မှာ အထူးအဆင့်တစ်ဦးရှိသည့် ဂိုဏ်းများသာ ဖြစ်၏။ သံဓားသွားဂိုဏ်းသည် ၎င်းတို့အနက်မှ တစ်ခုဖြစ်ပြီး အထူးအဆင့်နှစ်ဦးရှိပေသည်။

၎င်းတို့အနက်မှ ဂိုဏ်းချုပ် ယုဖန်ရှန်းသည် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေတွင် လူသိများသော ပုဂ္ဂိုလ်ဖြစ်သည်။ ဓားသွားလေ့ကျင့်ရာတွင် ရူးသွပ်သူဖြစ်ကြောင်း ကောလဟာလများ ထွက်ပေါ်နေပြီး ၎င်း၏ ခွန်အားမှာလည်း ကြောက်မက်ဖွယ်ကောင်းလှသည်။ နေရာတိုင်းကလူများကို စိန်ခေါ်ရသည်ကိုလည်း သဘောကျပေ၏။ ယေဘူယျအားဖြင့် ယုဖန်ရှန်းလာနေသည်ကို မြင်သူတိုင်း ခေါင်းကိုက်စေပေသည်။ ယုဖန်ရှန်းသည် သူ့စိန်ခေါ်မှုကို မင်းလက်မခံလျှင် အိမ်တံခါးဝ၌ အရှက်မဲ့စွာ စောင့်နေမည့် လူမျိုး ဖြစ်ပေ၏။

လီချန်ချင်းသည် ဤလူကို ဤနေရာတွင် တွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။ ယုဖန်ရှန်းသည် ကောင်းကင်ယံ၌ လျှောက်လှမ်းနေသကဲ့သို့ လေထဲတွင် အကြိမ်ပေါင်းများစွာ လွင့်ပျံနေသည်ကို သူမြင်လိုက်ရသည်။ အနည်းငယ်ကြာပြီးနောက် သူသည် ကျန်းဟဲအိမ်တော်၏ ကျီးကန်းနက်ပေါ်သို့ ဆင်းသက်လာသည်။

ဤမထင်မှတ်ထားသောဧည့်သည်အား လီချန်ချင်းအနီးကပ်ကြည့်ရှုခဲ့သည်။

သူသည် ဂိုဏ်းခေါင်းဆောင်နှင့် လုံးဝမတူဘဲ ရိုးရှင်းသော လယ်သမားတစ်ဦးကဲ့သို့ပင်ဖြစ်လေ၏။ ရွာသူကြီးဟု ခေါ်ဆိုသည်က ပိုသင့်လျော်မည်ဟု လီချန်ချင်း တွေးမိသည်။

"ဟားဟား....ချင်းလဲ့ဓားသခင်ရဲ့ ဂုဏ်သတင်းကို ကျုပ်ကြားဖူးတာ ကြာပြီ။ ဒီနေ့ မင်းကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ။ ဓားက တကယ်လှတာပဲ။" ယုဖန်ရှန်းသည် လီချန်ချင်းကို ခေါင်းမှ ခြေဖျားအထိ သေချာကြည့်လေသည်။

ထို့နောက် သူသည် ရိုးရှင်းသေသပ်သော မှတ်ချက်ကို ပေးခဲ့လေ၏?

"သံဓားသွားဂိုဏ်းချုပ် ယုဖန်ရှန်းကို ကျုပ်လည်း လေးစားသဘောကျခဲ့တာ ကြာပါပြီ။" လီချန်ချင်းကလည်း ယဉ်ကျေးစွာ တုံ့ပြန်ခဲ့သည်။

"ဟား...ဟား..." ယုဖန်ရှန်းသည် လီချန်ချင်း၏ယဉ်ကျေးသောစကားများကို လျစ်လျူရှုထားပုံရသည်။ သူ့မျက်ဝန်းများတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပေ၏။

"အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေမှာ ကျုပ်လက်က လွတ်နိုင်တဲ့သူ မရှိနိုင်ဘူးလို့ တွေးနေတုန်းရှိသေးတယ်။ ချင်းလဲ့ဓားသခင် ပေါ်လာတော့တာပေါ့။ ကျုပ် ခင်ဗျားနဲ့ တစ်ပွဲလောက် နွှဲကြည့်ချင်တယ်။"

"ဟင်..." အရူးပဲဟ...သူက တကယ်ကြီး တွေ့တာနဲ့ တိုက်ချင်နေတော့တာပဲ။ လီချန်ချင်းမှာ ပြောစရာစကားများပင် ပျောက်ဆုံးသွားလေသည်။ငါတို့ ယဉ်ယဉ်ကျေးကျေးပဲ ဆက်ဆံလို့မရဘူးလားဟ။

ကဗျာအကြောင်း ဆွေးနွေးတာ၊ ရည်မှန်းချက်တွေအကြောင်း ပြောတာ၊ အိပ်မက်တွေ မျှဝေတာ၊ ဝေးကွာနေတဲ့ အနာဂတ်အကြောင်းတွေပဲ ပြောလို့မရဘူးလား။

"ကျုပ်ဒီကို လာခဲ့တာဟာ တိုက်ခိုက်ဖို့မဟုတ်ဘဲ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ပါဝင်ဖို့ပါ။" လီချန်ချင်းက တိုက်ရိုက်ငြင်းဆိုခဲ့သည်။

"စိတ်မကောင်းစရာပဲ။" ယုဖန်ရှန်း သက်ပြင်းတစ်ချက်ချလိုက်သည်။ "ဒါဆိုလည်း တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးတဲ့အထိ စောင့်ကြတာပေါ့။"

"ကျုပ်ဆိုလိုတာက ဒီတစ်ခါ တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ကျွမ်းကျင်သူတွေ အများကြီးပါ၀င်တယ်။ ခင်ဗျားစိတ်ဝင်စားရင် တခြားသူတွေကိုပဲ စိန်ခေါ်လိုက်ပါ။ ဥပမာ ရှေးဟောင်းတာအိုတောင်တန်းမြေက ရွှယ်ချမ်းပိုင်လည်း မဆိုးပါဘူး။ ခင်ဗျား သူ့ကို တိုက်ခိုက်နိုင်တယ်။" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ထံ လွှဲချလိုက်လေ၏။

လီချန်ချင်းအနေဖြင့် သံဓားသွားဂိုဏ်းမှ ယုဖန်ရှန်း၏ ခွန်အားကို အသေအချာ မသိသေးပေ။ အကယ်၍ သူတို့တကယ်တိုက်ခိုက်ပြီး ဒဏ်ရာရခဲ့လျှင် သူမည်သို့ လုပ်ရမည်နည်း။

သူနှင့်မရင်းနှီးသောသူတစ်ဦးနှင့် မိုက်မဲစွာ မတိုက်သင့်ပေ။ ပျံသန်းနေသော ကျီးကန်းနက်ပေါ်တွင် မျက်လုံးမှိတ်ထားသည့် ရွှယ်ချမ်းပိုင်သည် မျက်လုံးများကို ဖြည်းညှင်းစွာဖွင့်လိုက်သည်။ သူ၏ ဓားနှင့်တူသော မျက်ခုံးများ ကော့တက်သွားသည်။ အကြောင်းတစ်ခုခုကြောင့် စိတ်မသက်မသာခံစားလိုက်ရလေ၏။

တစ်စုံတစ်ယောက်သည် သူ့အား လှည့်စားနေသည် သို့မဟုတ် သူ့နောက်ကွယ်၌ သူ့အကြောင်းပြောနေသကဲ့သို့ ခံစားလိုက်ရသည်။

ဘယ်သူဖြစ်နိုင်မလဲ....။ ရွှယ်ချမ်းပိုင်သည် သူ၏ ပင်ကိုသိစိတ်ကို ယုံကြည်ခဲ့သည်။ သူ့ကို ဆန့်ကျင်ဖို့ ကြံစည်နေသည့် ထာဝရရှင်သန်ခြင်းဂိုဏ်းက တစ်ယောက်ယောက်များလား။

အခုအချိန်မှာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုက အရမ်း အရေးကြီးတာကြောင့် ထာဝရရှင်သန်ခြင်းဂိုဏ်းကရော ပါဝင်ချင်တာများလား။

"ဟားဟား..." ယုဖန်ရှန်းသည် သူ့ကိုယ်သူ အပြင်လူဟု မယူဆဘဲ ထိုင်ချကာ ရယ်မောလေသည်။

"အဲဒါ စိတ်မဝင်စားပါဘူး။ ကျုပ်သူတို့အားလုံးကို တိုက်ခဲ့ပြီးပြီ။ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေက အထူးအဆင့်အားလုံးကို ကျုပ်စိန်ခေါ်ခဲ့ပြီးပြီ။ ရွှယ်ချမ်းပိုင်နဲ့လည်း တိုက်ဖူးတယ်။ ကျုပ်သူနဲ့ မတိုက်ချင်ဘူး။ သူ့ကို မနိုင်ဘူးလေ။"

ယုဖန်ရှန်းသည် ရွှယ်ချမ်းပိုင်ကို မတိုက်ချင်ကြောင်း လက်ကို ဝှေ့ယမ်းလျက် ပြောလေသည်။

"ဒါဆို ကျောက်ပိုင်မင်ကို သွားရှာလေ။" လီချန်ချင်းသည် ယုဖန်ရှန်းအား နောက်ထပ် 'လူတော်' တစ်ယောက်ကို အကြံပေးသည်။

"ကျုပ်သူနဲ့လည်း တိုက်ဖူးတယ်။ သူနဲ့ မတိုက်ချင်ဘူး။ သူ့ကိုလည်း မနိုင်ဘူးလေ။" ယုဖန်ရှန်းက ခေါင်းခါပြန်သည်။

ယုဖန်ရှန်းမှ ကျောက်ပိုင်မင်ကို အနိုင်မယူနိုင်ခဲ့ကြောင်း ကြားသောအခါ လီချန်ချင်း သက်ပြင်းတစ်ချက်ချလိုက်သည်။ ကျောက်ပိုင်မင်အား အနိုင်မယူနိုင်ခဲ့လျှင် သူ့ကိုလည်း အနိုင်ယူနိုင်မည်မဟုတ်ပေ။ ကျောက်ပိုင်မင်သည် သူ့လက်အောက်တွင် ကျရှုံးခဲ့ဖူးလေသည်။

သို့သော်လည်း လီချန်ချင်းသည် အနည်းငယ် ဆွံ့အသွားမိသည်။ မင်းဘယ်သူ့ကိုမှ မတိုက်နိုင်ဘူးဆိုရင် တိုက်ဖို့အတွက် ဘာလို့ အဲ့လောက် စိတ်အားထက်သန်နေရတာလဲ။

"အခုလောလောဆယ်တော့ အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေမှာ ကျုပ်မတိုက်ရသေးတဲ့ အထူးအဆင့် နှစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်က လျိုရှောင်ချွမ်၊ နောက်တစ်ယောက်ကတော့ လီထိုက်ဖူဆိုတဲ့ ခင်ဗျားပဲ။ လျိုရှောင်ချန်က ရှာရခက်လွန်းတယ်။

သူက တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို လာတောင်မလာဘူးလေ။ ဒီနေ့တော့ ကျုပ်ခင်ဗျားကို တွေ့ရပြီပေါ့။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီး ခင်ဗျားနဲ့ကျုပ် တစ်ပွဲလောက် နွှဲကြတာပေါ့။" ယုဖန်ရှန်းက စိတ်လှုပ်ရှားစွာပြောသည်။

"ကောင်းပြီ။ အခွင့်အရေးရရင် ချစ်ကြည်ရေးပွဲတစ်ပွဲလောက်တော့ နွှဲကြတာပေါ့။ အဲ့ဒါက မထိခိုက်စေဘူးလေ။" ယုဖန်ရှန်း၏ ခွန်အားသိပ်မကောင်းကြောင်း သိသောအခါ လီချန်ချင်းသည် ယုံကြည်မှုများ တိုးလာသည်။

တိုက်ချင်သပဆိုလည်း တိုက်ပေါ့ကွာ။ နောက်မှ ငါမင်းကို ငိုအောင်လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့။

ထိုအချိန်တွင် ကျီးကန်းနက်သည် တဖြည်းဖြည်း ဆင်းသက်လာသည်။ ခရမ်းရောင် ၀တ်ထားသည့် အမျိုးသားက လှည့်ပြီး ပြောလေသည်။

"ကျုပ်တို့ တစ္ဆေလျှိုစောက်ကို ရောက်ပြီ။ ခင်ဗျားတို့ကို ဒီမှာပဲ ထားခဲ့မယ်။" ထိုစဉ် အားလုံး အောက်ကိုငုံ့ကြည့်လိုက်သောအခါ အံ့သြထိတ်လန့်စရာကောင်းသည့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရလေ၏။

မည်သူမျှ စိတ်ကူးဖြင့်ပင် တွေးမကြည့်ဖူးသော ချောက်ကြီးတစ်ခုဖြစ်သည်။ ချောက်အတွင်း အက်ကွဲမှုသည် တစ်ဖက်မှ တစ်ဖက်သို့ မိုင်ပေါင်းများစွာ ရှည်လျားသည်။ အောက်တွင် လုံးဝအမှောင်အတိ ဖြစ်သောကြောင့် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ မည်မျှ နက်နဲသည်ကို မည်သူမျှ မသိခဲ့ကြပေ။

ဒီချောက်ကြီးကို မြင်လိုက်ရသောအခါ လီချန်ချင်းသည် သူ့ကျောရိုးအောက်ကို အေးစက်သွားသလို ခံစားလိုက်ရသည်။ စကားတစ်ခွန်းကိုမျှပင် သူ မစဉ်းစားနိုင်တော့ချေ။ ချောက်ထဲကို အကြာကြီး ငေးကြည့်မိသည့်အခါ ချောက်ကြီးကလည်း တဖန် စိုက်ကြည့်နေသယောင် ရှိလေ၏။

သို့သော် ချောက်အစွန်းတွင် စောင့်ဆိုင်းနေကြသော လူများစွာကို ယောင်ဝါးဝါးမြင်နိုင်သည်။ အချို့သူများမှာ ခပ်စောစောရောက်နေကြပုံပေါ်၏။

ကျီးကန်းနက်သည် ချောက်အစွန်းတွင် ဆင်းသက်လာသည်။ အောက်ခြေကလူများအားလုံး မော့ကြည့်ကြလေ၏။ လီချန်ချင်းကို တွေ့သောအခါ လူအတော်များများက မမှတ်မိကြပေ။

သို့သော် လီချန်ချင်းသည် ကျန်းဟဲအိမ်တော်နှင့်အတူ လိုက်ပါလာသည်ကို တွေ့လိုက်ရသဖြင့် အားလုံးက သူ့အမည်ကို ခန့်မှန်းခဲ့ကြသည်။

ချင်းလဲ့ဓားသခင်သည် ကျန်းဟဲအိမ်တော်အကြီးအကဲတစ်ယောက်ဖြစ်လာပြီဆိုသည့်အတွက် အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေအတွက် လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ချေ။

"ချင်းလဲ့ဓားသခင်....ကျုပ်က သံဓားသွားဂိုဏ်းက ဂိုဏ်းချုပ်ပါ။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးရင် ကျုပ်တို့ရဲ့ပွဲလေး ရှိတာကိုလည်း မမေ့နဲ့နော်။" ယုဖန်ရှန်းက စိတ်အားထက်သန်စွာပြောသည်။

"ခင်ဗျားသာ ဘယ်အချိန်မဆို အသင့်ဖြစ်နေပါစေ။"

လီချန်ချင်းးက လက်သီးဆုပ်လျက် အရိုအသေးပြုသည်။ ခင်ဗျားတိုက်ချင်သလောက်တိုက် ကျုပ်ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ ခင်ဗျားကျုပ်ကို ဘာလုပ်နိုင်မှာလဲ။

ကျုပ်က အားနည်းသူကို အနိုင်ကျင့်ပြီး သန်မာသူတွေကို ကြောက်ရွံ့တဲ့ သူမျိုးလေ...။ ကျန်းဟဲအိမ်တော်မှ တပည့်များသည် ကျီးကန်းနက်မှ ဆင်းသက်လာသောအခါ အနီးနားရှိ ဂိုဏ်းခွဲများမှ တပည့်များစွာ အံသြသွားကြသည်။

ကျန်းဟဲအိမ်တော်မှ တပည့်များ၏ အဝတ်အစားများပေါ်တွင် ရေးထားသော "ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ သီးသန့်ပံ့ပိုးပေးသည်" ဟူသော စကားလုံးများသည် သူတို့အတွက် ကို့ရိုးကားယားဖြစ်နေပုံရသည်။

ဒါဘယ်လိုဝတ်စုံမျိုးကြီးလဲ။ တခဏချင်းမှာပဲ ကျန်းဟဲအိမ်တော်၏ တပည့်များကို လှောင်ပြောင်သည့်အသံများ ထွက်ပေါ်လာလေ၏။

ကျန်းဟဲအိမ်တော်မှ တပည့်များသည် အဘယ်ကြောင့် ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်များ အရင်ရောက်မလာသေးသည်ကို အံ့သြနေကြသည်။

"ဟား ဟား....အဲဒါတွေက ဘယ်လိုအဝတ်အစားမျိုးတွေလဲ။ ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီဆိုတာကရော ဘာလဲ။"

"ကျန်းဟဲအိမ်တော်ရဲ့အဝတ်အစားတွေက တကယ်ရယ်စရာကောင်းတယ်။ အဝတ်အစားဝတ်ရင်း ကြော်ငြာနေတာလား။ ဒီချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီက သူတို့ပိုင်တာလား။"

"ဟား..ဟား...' ကျန်းဟဲအိမ်တော်မှ တပည့်များ စိတ်ဆိုးနေကြသော်လည်း သူတို့ကိုယ်သူတို့ မည်သို့ခုခံကာကွယ်ရမည်ကို မသိကြဘဲ သူတို့ရယ်မောနေကြသည်ကို ရပ်သာကြည့်နေနိုင်ကြသည်။

ယခုအချိန်၌ သူတို့၏ တစ်ခုတည်းသော အတွေးမှာ ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်များ အမြန်ရောက်လာပြီး လှောင်ပြောင်မှုအချို့ကို မျှဝေခံစားပေးရန်ဖြစ်သည်။

"ချင်းလဲ့ဓားသခင်...ကျုပ်တို့ တွေ့ကြပြန်ပြီ။" ထိုအချိန်တွင် အနက်ရောင် ၀တ်စုံဝတ်လူသည် လီချန်ချင်းဆီသို့ ဦးတည်လာသည်။

ယင်းမှာ အနက်ရောင်ဝတ်ထားသော အဘိုးကြီးတစ်ယောက်ဖြစ်ပေ၏။ လီချန်ချင်းသည် ထိုလူသည် မြောက်ပိုင်းအေးခဲနိုင်ငံ၏ အထူးအဆင့်နှစ်ဦးထဲမှ တစ်ဦးဖြစ်သည့် ကျမ်းယွမ်ကျိဖြစ်ကြောင်း မှတ်မိလေသည်။

"ရောင်ရင်း ယွမ်ကျိ..." လီချန်ချင်းကလည်း ယဉ်ကျေးစွာ ပြန်ဖြေသည်။ လီချန်ချင်းသည် မြောက်ပိုင်း အေးခဲနိုင်ငံ၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်ရာ တပည့် လေးဆယ်ရှိကြောင်း တွေ့လိုက်ရသည်။

သူတို့အထဲတွင် ရင်နှီးသော မျက်နှာဖြစ်သည့် မှောင်ခိုဈေးကွက်၌ သူ့ရတနာများကို သိမ်းပိုက်ဖို့ ကြိုးစားခဲ့သော မင်းသားရင်ဟဲကိုပါ တွေ့လိုက်ရလေ၏။

ရင်ဟဲမှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာသောကြောင့် ထိုအချိန်က သူ၏ တိုက်ခိုက်မှုမှာ အလွန်ညှာတာလွန်းခဲ့ပုံပေါ်သည်။ သို့သော် ရင်ဟဲကမူ သူ့အား မမှတ်မိချေ။

ကျမ်းယွမ်ကျိတွင်လည်း အထူးတလည်ကိစ္စမရှိချေ။ သူသည် လီချန်ချင်းနှင့် စကားအနည်းငယ်ပြောရုံသာဖြစ်သည်။ ထို့အပြင် လီချန်ချင်းတို့မတိုင်ခင် ရောက်ရှိလာသူများမှာ ဂိုဏ်းငယ်များဖြစ်ပြီ အထူးအဆင့် တစ်ဦးမျှ မပါချေ။

ကျမ်းယွမ်ကျိသည် လုံးဝခြားနားသော အဆင့်တွင်ရှိသောကြောင့် ၎င်းတို့နှင့် စကားမပြောဘဲနေသည်မှာ ပုံမှန်ပင် ဖြစ်၏။

လီချန်ချင်းရောက်လာသည်ကို မြင်သောအခါ ယခင်က မြောက်ပိုင်းအေးခဲနိုင်ငံနှင့် ပဋိပက္ခများ ရှိခဲ့ဖူးသော်လည်း ယခုကဲ့သို့ သန်မာသောသူနှင့် မိတ်ဖွဲ့ခြင်းသည် မှန်ကန်သည့် ရွေးချယ်မှုဖြစ်ပေ၏။

မြောက်ပိုင်းအေးခဲအနိုင်ငံအနေဖြင့် လီချန်ချင်းနှင့် ရန်ငြိုးရန်စ မရှိသောကြောင့် ကျမ်းယွမ်ကျိသည် ထိုင်ပြီး စကားစမြည်ပြောခဲ့သည်။

အတွေ့အကြုံရှိ အထူးအဆင့်ထံမှ ကမ္ဘာကြီးအကြောင်း လေ့လာခြင်းသည် ယန်မိသားစု၏ ဝမ်ရှုမျှော်စင်တွင် စာအုပ်ဖတ်ခြင်းထက် များစွာသာလွန်ပေ၏။

တဖြည်းဖြည်းနှင့် ဂိုဏ်းများ ပို၍ ရောက်ရှိလာကြပြီဖြစ်သည်။ ရှေးဟောင်း တာအိုတောင်တန်းမြေမှ တပည့်များလည်း ရောက်လာကြပြီ ဖြစ်သည်။

"ရှေးဟောင်းတာအိုတောင်တန်းမြေ ရောက်ပြီဟေး...." တစ်စုံတစ်ယောက်က အော်ဟစ်လိုက်ရာ ကျန်းဟဲအိမ်တော်၏ တပည့်များအားလုံး မတ်တပ်ထရပ်ပြီး ရှေးဟောင်းတာအိုတောင်တန်းမြေ၏ ကျီးကန်းနက်ကို လေးလေးစားစား ကြည့်လိုက်ကြသည်။

ထို့နောက် သူတို့မိသားစုကို မြင်လိုက်ရသကဲ့သို့ပင် မျက်ရည်များပင် ကျလာခဲ့လေ၏။ ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်များသည် ကျန်းဟဲအိမ်တော်မှ တပည့်များ၏ အကြည့်များကို ရင်ဆိုင်ရင်း ကျီးကန်းနက်မှ ဆင်းသက်လာရာ အံ့အားသင့်၍ မဆုံးဖြစ်ကြရသည်။

သူတို့ဘာလို့ အရမ်းစိတ်လှုပ်ရှားနေကြတာလဲ။ အဝတ်အစားဆင်တူဝတ်ထားလို့ ဆိုရင်တောင်မှ ဒီလောက်ထိ စိတ်လှုပ်ရှားနေဖို့ မလိုဘူးမဟုတ်လား။ ထိုစဉ် လီဟမ်ရှန်း အောက်ကိုငုံ့ကြည့်လိုက်သောအခါ သူ့အကြည့်များက ပုဂ္ဂိုလ်တစ်ဦးစီ တိုက်ရောက် ကျရောက်သွားလေ၏။

လီချန်ချင်း

"ချင်းလဲ့ဓားသခင်..." သည် လီဟမ်ရှန်းသည် ချင်းလဲ့ဓားသခင်ကို ဒုတိယအကြိမ်မြင်ဖူးခြင်းဖြစ်သည်။ ပထမအကြိမ်က ချင်းကျူတောင်၌ အဝေးက သူ့ကိုမြင်ဖူးခဲ့သော်လည်း ယခုမူ အနီးကပ် ဖြစ်ပေ၏။

လီဟမ်ရှန်းကိုယ်တိုင်လည်း ဤလူကို အဘယ်ကြောင့် ဤမျှ စိတ်ဝင်စားနေမိသည်ကို မသိတော့ချေ။ ချင်းလဲ့ဓားသခင်ကို မြင်တိုင်း လီဟမ်ရှန်းသည် အလွန်နှစ်သိမ့်မှု ခံစားခဲ့ရသည်။

ထူးဆန်းသော နွေးထွေးမှုတစ်ခု...ဘာကြောင့်များလဲ။ လီဟမ်ရှန်း ရှင်းမပြနိုင်ချေ.

လီချန်ချင်းသည်လည်း ရှေးဟောင်းတာအိုတောင်တန်းမြေဆီသို့ လှမ်းကြည့်လိုက်ရာ လူအုပ်ထဲတွင် သူ့သားကို ချက်ချင်းတွေ့လိုက်ရသည်။ လီဟမ်ရှန်း အဆိပ်သင့်ပြီး သတိလစ်သွားသည့်အချိန်မှလွဲ၍ ဤသည်မှာ သားအဖနှစ်ယောက် ပထမဆုံးအကြိမ် တွေ့ဆုံခြင်းဖြစ်သည်။

လီချန်ချင်းသည် သူ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားသော်လည်း အနည်းငယ် ခါးသဲ့သဲ့ဖြစ်မိသည်။ သူ့သားက သူ့ရှေ့ရောက်နေပြီဖြစ်သော်လည်း သူ့ကို အသိအမှတ်မပြုနိုင်သေးချေ။

ဤသည်မှာလည်း ကူကယ်ရာမဲ့ခြင်းတစ်မျိုးပင် ဖြစ်ပေ၏။

"ရှေးဟောင်းတာအိုတောင်တန်းမြေက တပည့်တွေကရော ဘာလို့ အဲ့လို ဝတ်ထားကြတာလဲ။" ထိုအချိန်တွင် အခြားဂိုဏ်းများမှ တပည့်များစွာတို့သည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်များ၏အဝတ်အစားများကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

၎င်းတို့ကိုလည်း ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ကူညီပံ့ပိုးထားလေသည်။ အချိန်အတန်ကြာ သူတို့ဆွံ့အသွားမိကြသည်။

ထိုကဲ့သို့သော အဝတ်အစားမျိုးကို ဝတ်ထားသည့် လူတစ်စုကို ရယ်ချင်ရယ်မိပေမည်။ သို့သော် တခြားအဖွဲ့တစ်ဖွဲ့ကပါ ထိုသို့ ဝတ်ထားတာသည်ကို တွေ့သောအခါ ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုဖြစ်သည်လောဟု ခံစားမိလာကြသည်။

ဂိုဏ်းများအားလုံးပင် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီအကြောင်း ရုတ်တရက် သိချင်လာသည်။ အဲ့ကုမ္ပဏီက ဘယ်လိုစွမ်းအားမျိုးလဲ။

ကျန်းဟဲအိမ်တော်နဲ့ ရှေးဟောင်းတာအိုတောင်တန်းမြေတို့ကို သူတို့အတွက် လိုလိုလားလား ကြော်ငြာပေးဖို့ စီမံခဲ့ကြတာလား။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးဆုံးပြီးနောက် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခဲ့ကြသည်။

"လီဟမ်ရှန်း...." လီဟမ်ရှန်းသည် လီချန်ချင်းကို ဂရုတစိုက် စောင့်ကြည့်နေချိန်တွင် အနောက်မှ အသံတစ်ခုက သူ့အတွေးများကို ဝင်ဖျက်လိုက်သည်။

သူလှည့်ကြည့်လိုက်သောအခါ နန်ဟောင်ဖေး ဖြစ်လေ၏။

"ငါတို့ တစ္ဆေလျှိုစောက်ကို ရောက်နေပြီ။ မကြာခင် တစ္ဆေနတ်ဆိုးစမ်းသပ်မှု စတော့မယ်။ ငါတို့ရဲ့ လောင်းကြေးက ဆက်ရှိနေမယ်လို့ မျှော်လင့်ပါတယ်။" နန်ဟောင်ဖေးက ပွင့်ပွင့်လင်းလင်း ပြောလေ၏။

သူ၏ တိုက်ခိုက်ရေး စိတ်ဓာတ်သည် ကျဆင်းသွားသည့် အရိပ်အယောင် မပြပေ။

"စိန်လိုက်လေ..." လီဟမ်ရှန်းလည်း အေးစက်စွာ ဟစ်အော်လိုက်သည်။ လီချန်ချင်းသည် လူအုပ်ထဲတွင် ရင်းနှီးသော မျက်နှာကို တွေ့လိုက်ရသည်။

မျောလွင့်ခြင်းပုံရိပ်ခန်းမသခင် လီကျင်းစုန့်....။ ရှေးဟောင်းတာအိုတောင်တန်းမြေ၏ ဖွဲ့စည်းပုံမှာ အတော်လေး အားကောင်းပေ၏။

သူတို့ရောက်လာသည်နှင့် အခြားသော ဂိုဏ်းများကလည်း လေးနက်စွာ ကြည့်နေခဲ့ကြသည်။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းမြေတစ်ခုလုံးတွင် ရှေးဟောင်းတာအိုတောင်တန်းမြေကို ပြိုင်ဆိုင်နိုင်သော ဂိုဏ်းများသည် ဖီးနစ်ငှက်မွေးနှင့် သိင်္ဂဿမြင်းဦးချိုများကဲ့သို့ ရှားပါးပေ၏။

ရွှယ်ချမ်းပိုင်သည် သူ၏လူများကို အနားယူရန်နေရာတစ်ခုသို့ ခေါ်ဆောင်သွားပြီး တစ္ဆေနတ်ဆိုးစမ်းသပ်မှုပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။ လီချန်ချင်းသည် လီဟမ်ရှန်း သတိပြုမိသွားမည်စိုးသဖြင့် လီဟမ်ရှန်းအား ဆက်စိုက်ကြည့်မနေတော့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ဂိုဏ်းဂဏများ ပိုများလာသည်။ အင်အားစုတစ်ခုစီမှ တပည့်အရေအတွက်သည် အလွန်ကွဲပြားသည်။

သံဓားသွားဂိုဏ်း၊ ရှေးဟောင်းတာအိုတောင်တန်းမြေ၊ ကျန်းဟဲအိမ်တော်။ မြောက်ပိုင်းအေးခဲနိုင်ငံ၊ ယွမ်မင်းဆက်၊ အရိပ်ဝင်ပေါက်၊ နှင်းလင်းယုန်နန်းတော် နှင့် အထူးအဆင့် စွမ်းအားရှင်များပါရှိသော အခြားဂိုဏ်းများ အားလုံးရောက်ရှိလာကြပြီ ဖြစ်သည်။

နောက်ဆုံးတွင် ဆေးဘုရင်တောင်ကြားလည်း ရောက်လာပြီဖြစ်သည်။ ဆေးဘုရင်တောင်ကြားမှအဖွဲ့ကို အထူးအဆင့်ရှိ သူတို့၏အကြီးအကဲတစ်ဦးမှ ဦးဆောင်ခဲ့သည်။ သူ့နောက်ကလူများကြားထဲ၌ လီချန်ချင်း ရင်းနှီးသည့် ရုပ်အသွင်မှာ မူချင်းကောဖြစ်၏။

မူချင်းကော ရောက်လာသည်နှင့် တပြိုင်နက် သူမသည် မှောင်မိုက်နေသော ညလယ်က ပိုးစုန်းကြူးတစ်ကောင်ကဲ့သို့ တောက်ပစွာ လှပလွန်းလှပေသည်။

မူချင်းကောရောက်လာသည်နှင့် လူအတော်များများက ဆေးဘုရင်တောင်ကြားအဖွဲ့နားသို့ ရစ်သီရစ်သီလုပ်ကြလေ၏။ အားလုံးမှာ မူချင်းကောအား ရယူပိုင်ဆိုင်လိုကြသည့် ထက်မြက်သည့် လူငယ်လူရွယ်များ ဖြစ်ပေ၏။

ယင်ရှုယွီသည် ယင်ချန်းလီကိုတွေ့လိုက်သော်လည်း သူတို့သည် ဝေးကွာနေသောကြောင့် ယင်းချန်းလီမှန်း မသိခဲ့ချေ။ နောက်ပိုင်းတွင် သူတို့အတွက် အခွင့်အရေးများ ရလာပေဦးမည် ဖြစ်သည်။

ဂိုဏ်းအားလုံး ရောက်ရှိလာပြီး တစ္ဆေနတ်ဆိုးစမ်းသပ်မှု စတင်တော့မည်ဟု လီချန်ချင်းတွေးနေစဉ်မှာပဲ ကြည်လင်သော နေ့တစ်နေ့တွင် မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသကဲ့သို့ ကောင်းကင်မှ မိုးခြိမ်းသံကြီး ထွက်ပေါ်လာသည်။ ထို့နောက် လေးလံသော ခံစားချက်ကြီးတစ်ခုက ဆင်းသက်လာပေ၏။

အားလုံးက မော့ကြည့်လိုက်သောအခါ လီချန်ချင်းသည်ပင် သူ့ရှေ့က မြင်ကွင်းကြောင့် ထိတ်လန့်သွားမိသည်။ သင်္ဘောပျံကြီး ကောင်းကင်ကနေ ချဉ်းကပ်လာတာလား။

လီချန်ချင်းသည် စန်းယွမ်နယ်မြေ၌ ဤကဲ့သို့သော နည်းပညာမြင့် အရာဝတ္ထုကို မြင်တွေ့ရရန် ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဖူးပေ။ သင်္ဘောပျံကြီးသည် ကျွန်းတစ်ကျွန်းကဲ့သို့ ကြီးမားလှပေ၏။

ထိုပေါ်တွင် ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော စစ်သည်များ ပါရှိကာ အသီးသီးမှာ စွမ်းအားကြီးလှသည့် ရောင်ဝါကိုယ်စီရှီကြသည်။ ၎င်းတို့၏ ထိတ်လန့်ဖွယ် တည်ရှိမှုများကပင် နိုင်ငံအများအပြား၏ စွမ်းအားကြီးသူများကို အံ့သြထိတ်လန့်စေသည်။

အင်အားကြီးမားသော ယွမ်မင်းဆက်ပင်လျှင် အနည်းငယ် အံ့အားသင့်သွားသည်။

"ကွမ်လန် နန်းတော်ရောက်ပြီ။ သူတို့က နောက်ဆုံးနေမယ်။" ကျမ်းယွမ်ကျိက မော့ကြည့်လိုက်သည်။

"ကွမ်လန်နန်းတော်...." လီချန်ချင်း အံ့အားသင့်သွားသည်။ မကြာသေးမီကမှ သူသည် ဤစွမ်းအားကို သိရှိခဲ့သည်။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းမြေ၌ ကွမ်လန်နန်းတော်နှင့် ရှေးဟောင်းတာအိုတောင်တန်းမြေ နှစ်ခုစလုံးသည် အလွန်ရှေးကျသော စွမ်းအားများ ဖြစ်ပေ၏။ ကွမ်လန်နန်းတော်သည် အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး ပြင်ပကမ္ဘာ သို့မဟုတ် အခြားသောဂိုဏ်းများနှင့် ထိတွေ့ဆက်ဆံရခဲလှသည်။ ဂိုဏ်းဝင်တပည့်အရေအတွက်ပင် နည်းသော်လည်း ကွမ်လန်နန်းတော်၏ အင်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။

ကွမ်လန်နန်းတော်တွင် အလွန်တန်ခိုးကြီးသော ပုဂ္ဂိုလ်တစ်ဦးရှိပြီး ကွမ်ကျူဟုခေါ်သည်။ သူသည် အမှန်ပင် မဟာသိုင်းဂိုဏ်းနယ်ပယ်သို့ ရောက်ရှိထားသော အထူးအဆင့်တစ်ဦးဖြစ်ပေ၏။

မွေးကတည်းကပင် ထိပ်တန်းဖြစ်တည်မှုတစ်ခုအဖြစ် တည်ရှိခဲ့သူဖြစ်သည်။ လွန်ခဲ့သော အနှစ်ငါးဆယ်မှ ကောလဟာလများအရ ကွမ်ကျူသည် စန်းယွမ်နယ်မြေသခင်အသစ်ရာထူးအတွက် ကောင်းကင်သမုဒ္ဒရာမြို့တော်တွင် စန်းယွမ်နယ်မြေသခင်နှင့် တိုက်ပွဲဝင်ခဲ့ပြီး ကံမကောင်းစွာပဲ ကွမ်ကျူရှုံးနိမ့်ခဲ့ရကြောင်း ကောလဟာလများထွက်ပေါ်ခဲ့သည်။

သို့သော်လည်း ထိုတိုက်ပွဲသည် ကမ္ဘာမြေအား ကွဲအက်ကြေမွစေကာ ကွမ်ကျူ၏ မရေမတွက်နိုင်သော စွမ်းအားများကို ပြသနိုင်ခဲ့လေသည်။ ကွမ်ကျူ၏ နာမည်သည် မျိုးဆက်တစ်ခု၏ ဒဏ္ဍာရီလာ အမည်နာမတစ်ခု ဖြစ်လာပေ၏။

ယခု အနှစ်ငါးဆယ်ကြာပြီးနောက် ကွမ်လန်နန်းတော်မှ ကွမ်ကျူသည် အင်မော်တယ်အဆင့်သို့ ခြေချနိုင်ပြီဖြစ်ကြောင်း လူအများက ထင်ကြေးပေးခဲ့ကြသည်။

ထို့ကြောင့် ကွမ်လန်နန်းတော်၏ ရောက်ရှိမှုနှင့်အတူ လူတိုင်း၏ အသက်ရှူသံများ ပြင်းထန်လာသည်။ ထိုအချိန်တွင် ကြီးမားသော သင်္ဘောပျံပေါ်မှ ပွင့်ဖတ်များ ကြွေကျလာလ၏။

ပွင့်ဖတ်များသည် ကောင်းကင်နှင့်မြေကြီးကြားတွင် တဖျပ်ဖျပ်လွင့်ကာ လှပသောမြင်ကွင်းကို ဖန်တီးပေးနေပေသည်။ တစ်ချိန်တည်းမှာပင် ယင်းသည် ရုပ်သွင်နှစ်ခုဖြစ်သွားသည်။ သူတို့နှစ်ဦးမှာ ပန်းချီကားတစ်ချပ်နှယ်လှပသော အမျိုးသမီးနှစ်ဦးဖြစ်လေ၏။

၎င်းတို့အနက်မှ တစ်ဦးက အသက်သုံးဆယ်ကျော်အရွယ်ခန့်ရှိပြီး မက်မွန်ပွင့်လေး လူဝင်စားသကဲ့သို့ သူမ၏ အသားအရေသည် ပန်းချီကားတစ်ချပ်မှ ထွက်ခွာလာသော နတ်သမီးလေးနှယ် နှင်းဆီရောင်သန်းကာ ဖြူစွတ်နေသည်။

ကျန်အမျိုးသမီးမှာ အသက်ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့် အရွယ်ရှိပြီး သူမသည် ဖူးသစ်စ အလှတရားတစ်ခုဖြစ်ကြောင်း ထင်ရှားလှပေသည်။

သို့သော်လည်း သူမ၏ အေးစက်သော ရောင်ဝါကို မီတာရာနှင့်ချီ အကွာအဝေးမှပင် ခံစားနိုင်သည်။ အေးစက်လှသည့် အအေးဒဏ်ကြောင့် မဟုတ်ဘဲ ရက်စက်ကြမ်းကြုတ်များ ပြည့်နှက်နေသည့် ရောင်ဝါမျိုး ဖြစ်ပေ၏။

ဤမိန်းမနှစ်ယောက်၏အလှတရားသည် မူချင်းကောနှင့်တန်းတူဖြစ်သည်။ ထို့ကြောင့် ၎င်းတို့၏ အသွင်အပြင်သည် လူတိုင်း၏ အာရုံကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။

သို့သော် ဤအလှတရားနှစ်ပါးအတွက် မကောင်းသော ရည်ရွယ်ချက်များဖြင့် မည်သူမျှ မထိပါးဝံ့ကြပေ။ သူတို့သည် ကွမ်လန်နန်းတော်မှ ဖြစ်သောကြောင့် ကိုယ့်သေတွင်းကိုယ် တူးမိသလို ဖြစ်ပေလိမ့်မည်။

All Chapters