← Chapters

အခန်း (၁၅၅)

Vol. 16 Ch. 155

အခန်း (၁၅၅)

Vol. 16 Ch. 155

လီချန်ချင်းသည် ထိုအမျိုးသမီး၏ ထူးကဲသော ခွန်အားကို အာရုံခံမိသည်။ သူမ၏ ကျင့်ကြံမှုမှာ အထူးအဆင့်တွင်ပင်ရှိသော်လည်း သူမလေ့ကျင့်ထားသည့်ကျင့်စဉ်မှာ အလွန်အစွမ်းထက်လှပေ၏။ နောက်ထပ် မိန်းကလေးငယ်လေးမှာမူ ပြန်လည်မွေးဖွားခြင်းအဆင့်သာ ရှိသေးသော်လည်းသည် ရှိနေသူအားလုံးထက် သာလွန်သော ရက်စက်ကြမ်းကြုတ်မှုများကို ခံစားနိုင်ပေ၏။ သူမအား ရောင်ဝါတစ်မျိုးက ရစ်ပတ်လွှမ်းခြုံထားလေသည်။

ယင်းသည် လီချန်ချင်းအား အလွန်လျှို့ဝှက်ဆန်းကြယ်သော ခံစားမှုကို ဖြစ်စေခဲ့ပြီး ၎င်းမှာ မည်သည့်အရာဖြစ်သည်ကို အတိအကျမသိနိုင်ခဲ့ပေ။

"အားလုံးကို တောင်းပန်ပါတယ်။ ကျွန်မတို့ နောက်ကျသွားတယ်။" အမျိုးသမီးက ရှေ့ကို လှမ်းပြီး လာသမျှလူတိုင်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။ သူမ၏အသံသည် နွေဦးလေပြေကဲ့သို့ လန်းဆန်းချိုမြိန်လှကာ ကြားရသူတိုင်း၏ နှလုံးသားကို နွေးထွေးလှစေ၏။

"မိန်းကလေး ဟန်ရန်...ယဉ်ကျေးလွန်းနေပါပြီ။" လူအုပ်ကြီးက ယဉ်ကျေးစွာ တုံ့ပြန်သည်။

"ကွမ်လန်နန်းတော်က လူတစ်ယောက်ပဲ လာတာလား။" ကျမ်းယွမ်ကျိသည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ်ရှိသော မိန်းကလေးကို စူးစူးစိုက်စိုက် ကြည့်နေလေသည်။

အကြောင်းမှာ သူမမှလွဲ၍ အခြားမည်သူမျှမရှိသောကြောင့်ဖြစ်သည်။

"ကျွန်မတို့ ကွမ်လန်နန်းတော်က ကျယ်ဝန်းပေမယ့် လူဦးရေကျဲပါးပြီး တပည့်အနည်းငယ်သာ ရှိတာကြောင့် တစ်ဦးတည်းနဲ့ပဲ ရောက်လာတာပါ။

" လုဟန်ရန်က ရှင်းပြသည်။ "လူတစ်ယောက်ဆိုရင်ပဲ လုံလောက်ပါပြီ။ ကျွန်မတို့က ဒီကလေးကို အတွေ့အကြုံ တစ်ခုခု ရစေချင်ရုံပါပဲ။"

တပည့်အားလုံး၏ အာရုံစိုက်မှုများသည် လူအုပ်ကြီးအား စီစစ်ပိုင်းခြားကြည့်နေသော မိန်းကလေးငယ်ဆီသို့ ရောက်သွားလေ၏။ သူမနဲ့ အကြည့်ချင်းဆုံသူတိုင်း ကြက်သီးထမိပေသည်။

သူတို့၏ ဝိညာဉ်များသည် အေးခဲသွားသလိုပင် ခံစားရသည်။ သူမသည် အလွန်အေးစက်လွန်းပြီး ချဉ်းကပ်၍ မရေနိုင်ပေ။ အားလုံးကို တုန်လှုပ်အောင်လုပ်နိုင်တဲ့ထိ သူက ဘာတွေများ ထူးနေတာလဲ။

"ဒါက ဒဏ္ဍာရီတွေမှာ ပြောနေတဲ့ ကွမ်လန်နန်းတော်ထဲက ပါရမီရှင်လား။"

အဘိုးကြီးတစ်ယောက်က ရှေ့ကို လှမ်းလာကာ ကောင်မလေးကိုကြည့်လျက် လေးနက်စွာ ပြောလိုက်သည်။

"သူက ကြွေကျလာတဲ့ကြယ်တွေ၊ ကောင်းကင်နှင့် မြေကြီးကနေ ပြိုင်ဖက်မရှိစွမ်းရည်တွေနဲ့ မွေးဖွားလာတဲ့ကလေးတစ်ဦးဖြစ်တယ်လို့ ကြားသိရတယ်။ သူမဟာ သာမန်လူတစ်ဦးကနေ ခြောက်လအတွင်းမှာပဲ ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်လာတယ်။"

ထိုစကားများထွက်လာသည်နှင့် တပြိုင်နက် တက်ရောက်လာသူအားလုံး ရင်မောသွားကြသည်။

ကောင်းကင်နဲ့ မြေကြီးကနေ မွေးဖွားလာတာတဲ့လား။ ကြယ်တွေကနေ အသွင်ပြောင်းလာတာလား။ ဒီလို ကိစ္စမျိုးက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လုဟန်ရန်ကလည်း တခစ်ခစ်ရယ်လေသည်။

"ရှင်နောက်နေတာလား။ ကြယ်တွေကနေ အသွင်ပြောင်းတဲ့သူဆိုတာ မရှိပါဘူး။ ပြင်ပကမ္ဘာက ကောလဟာလတွေက နည်းနည်းချဲ့ကားနေတာပါ။ သူ့နာမည်က လုရှီရန်ပါ။ သာမန်လူသားတစ်ယောက်ပါပဲ။ လွန်ခဲ့တဲ့ လေးလလောက်က သူ့ကို တွေ့ခဲ့ပြီး ကျွန်မရဲ့ တပည့်အဖြစ် ခေါ်ယူခဲ့တာ။ သူ့အရည်အချင်းက တကယ်တော်တယ်။

သူဒီအဆင့်ထိရောက်အောင် လေးလတည်းနဲ ကျင့်ကြံခဲ့တာ။ ဒီကလေးက ဝီရိယကောင်းတယ် ဒါပါပဲ။ "

လုဟန်ရန်၏စကားကိုကြားတော့ အားလုံးတိတ်ဆိတ်သွားကြသည်။

လေးလအတွင်း ကျင့်ကြပြီး ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်သွားတာတဲ့လား။ သူ့ဂိုဏ်းရဲ့ ပါရမီရှင် ဘယ်လိုလုပ် မဟုတ်ဘဲ နေမလဲ။

သူတို့၏ ဂိုဏ်းများ၌ သူတို့ကိုယ်သူတို့ စိတ်ကြီးဝင်ကာ မာနတံခွန်ထောင်လွှားနေသော သူတို့သည် ယခု လုရှီရန်နှင့်တွေးပြီးနောက် သူတို့ကိုယ်သူတို့ ပါရမီရှင်များဟု သတ်မှတ်ဦးမည်လော။

သူတို့မြင်ဖူးသမျှထဲ အရည်အချင်းအရှိဆုံးပုဂ္ဂိုလ်သည်ပင် သာမန်လူတစ်ယောက်မှ ပြန်လည်မွေးဖွားခြင်းအဆင်သို့ ကျင့်ကြံရန် အနည်းဆုံး တစ်နှစ်လောက် အချိန်ယူရပေသည်။

ထိုအရှိန်နှုန်းသည်ပင် အတော်လေးမြန်နေပြီဖြစ်သည်။ လေးလအတွင်း ပြန်လည်မွေးဖွားခြင်းအဆင့်သို့ရောက်အောင် ကျင့်ကြံခဲ့ခြင်းသည် ဤနေရာ၌ ရှိနေသော ပါရမီရှင်တပည့်များ၏မျက်နှာကို ဖြန်းခနဲ ရိုက်လိုက်သည့်နှယ် ရှိလေ၏။

လုရှီရန်၏ မျက်လုံးများသည် စိတ်ဝိညာဉ် ကင်းလွတ်လျက် သူမနှင့် မသက်ဆိုင်သကဲ့သို့ တစ်ကမ္ဘာလုံးကပင် သူမအား စိတ်ဝင်စားအောင် မဆွဲဆောင်နိုင်သကဲ့သို့ အသက်မဲ့လှပေသည်။

သို့သော် ထိုစဉ် လုရှီရန် ရုတ်တရတ် လမ်းလျှောက်ထွက်သွားသည်။ သူမ တစ်စုံတစ်ခုကို သတိပြုမိပြီး လူအုပ်ဆီသို့ ဦးတည်သွားပုံရသည်။

လုဟန်ရန်သည် လုရှီရန်ထွက်သွားသည်ကိုမြင်သောအခါ အနည်းငယ် သိလိုစိတ်ဖြစ်မိသည်။ ထိုကလေးသည် လူများနှင့် စကားပြောခဲပြီး လူတိုင်းအပေါ် အေးစက်လှပေ၏။ သူမအနေဖြင့် လူများဆီသို့ချဉ်းကပ်ရန် အစပျိုးသည်မှာ အလားအလာနည်းလှပေ၏။ သူမ အခု ဘယ်သွားနေတာလဲ။

လုရှီရန်ချဉ်းကပ်လာသည်ကိုမြင်သောအခါ ရှေ့ကတပည့်များသည် ရုတ်တရက် အမူအရာပြောင်းသွားပြီး အလိုလိုနောက်သို့ ဆုတ်သွားသည်။ လုရှီရန်၏ရောင်ဝါသည် တစ်စုံတစ်ခုကြောင့် အလွန်အားကောင်းလာကာ လုရှီရန်ထက် သန်မာသော တပည့်များသည်ပင် သူမကို ရှောင်ရှားလိုကြသည်။

လုရှီရန်သည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်ဆီသို့ တည့်တည့်လျှောက်သွားလေ၏။ ရွှယ်ချမ်းပိုင်က ဘာမှမပြောဘဲ သူ့ရှေ့က ကောင်မလေးကို လှမ်းကြည့်နေပြီး တပည့်များ၏ အလယ်ရောက်သည်အထိ ရှေ့ကို လျှောက်သွားစေသည်

လုရှီရန် ဦးတည်သွားသူမှာ နန်ဟောင်ဖေးထံဖြစ်သည်။ လုရှီရန် ချဉ်းကပ်လာသည်နှင့်အမျှ သူ၏ တပည့်များသည် ကျုံ့သွားကြသည်။ နန်ဟောင်ဖေးသည် သူ၏ရှေ့၌ ရပ်နေသော မိန်းကလေးမှာ ကောင်းကင်ဘုံ၏ စစ်မှန်သော ပုလဲတစ်ပွင့်ဖြစ်ကြောင်း သူခံစားမိသည်။ နန်ဟောင်ဖေး၏ ဘုန်းရောင်ဝါများသည်ပင် သူမရှေ့တွင် မထွန်းတောက်နိုင်ဘဲ ပင်လယ်ထဲမှ သဲစေ့များသဖွယ် ဖြစ်နေလေ၏။

နန်ဟောင်ဖေးအား သူမရှေ့တွင် ဒူးထောက်၍ အရှုံးပေးရန်ပင် အတွင်းစိတ်များက လှုံ့ဆော်နေပေသည်။ နန်ဟောင်ဖေး၏ အသက်ရှုသံများပင် မမှန်တော့ဘဲ လုရှီရန် ရှေ့သို့လာသည်နှင့် အလိုလို နောက်သို့ တုံ့ဆိုင်းသွားလေ၏။

သူ့နောက်မှ တပည့်များကလည်း ထိုနည်းအတူပင် ရှောင်ထွက်သွားကြသည်။ နောက်ဆုံးတွင် လုရှီရန် ရပ်တန့်သွားပြီး သူမ၏ မြင်လွှာ၌ ရုပ်သွင်တစ်ခုပေါ်လာသည်။

၎င်းမှာ လီဟမ်ရှန်းဖြစ်ပေ၏။ လီဟမ်ရှန်းသည် သူ့ရှေ့မှ လုရှီရှန်ကို ကြည့်လိုက်သည်။ ထိုကောင်မလေးကို သူပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်ပြီး သူမြင်ဖူးသမျှထဲမှာ အလှပဆုံးအမျိုးသမီးဖြစ်ကြောင်း လီဟမ်ရှန်း ဝန်ခံရပေမည်။

သို့သော် သူမတွင် ရင်းနှီးကျွမ်းဝင်လိုသော ခံစားချက်များ မရှိပေ။ သူမသည် ခံစားချက်ကင်းမဲ့သော ရေခဲတုံးတစ်တုံးလိုပင် ဖြစ်လေ၏။

တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းသည် လုရှီရန်မှ သူ့အား ဆွဲဆောင်နေသောအရာတစ်ခုရှိသည်ဟု ခံစားမိလေသည်။

လီဟမ်ရှန်းမှာ လုရှီရန်၏ အစွမ်းထက်သော ရောင်ဝါကို ရင်ဆိုင်ရသည့်အခါ လုံးဝ နောက်ပြန်မဆုတ်ခဲ့ပေ ။ ထိုအစား မသိလိုက်မသိဖာသာနှင့် သူ၏ ထိန်းချုပ်ထားသော အရှိန်အဝါကိုပင် ဟုန်းခနဲ လွှင့်ထုတ်လိုက်မိပါသေးသည်။

နှစ်ယောက်သား မျက်နှာချင်းဆိုင် မတ်တပ်ရပ်ကာ အကြည့်ချင်း ဆုံနေကြလေ၏။

လုရှီရန်၏ တည်ငြိမ်လှသော မျက်ဝန်းများတွင် ရှုပ်ထွေးမှုအရိပ်အမြွက်များ ပေါ်လာသည်။ လုရှီရန်လည်း လီဟမ်ရှန်းကဲ့သို့ပင် ဘာကြောင့်မှန်းမသိ လီဟမ်ရှန်းမှ သူမအား ဆွဲဆောင်နေသော အရာတစ်ခုရှိသည်ဟု ခံစားမိသည်။ သို့ဖြစ်၍ လုရှီရန်သည် လီဟမ်ရှန်းထံ ချဉ်းကပ်လာပြီး လီဟမ်ရှန်ထံမှ မတူကွဲပြားမှုကို သိလိုသည်။

သို့သော် လုရှီရန်မည်သို့ပင် ကြည့်စေကာမူ ရှာမတွေ့ဖြစ်နေပေ၏။ လီချန်ချင်းမှာမူ အဝေးကနေ ပွဲထိုင်ကြည့်နေခဲ့လေသည်။

"ဒီကောင်မလေးက ငါ့သားကို သဘောကျနေတာများလား။ သူက အရမ်းလှတယ်။ ဒါပေမယ့် ခံစားချက်မဲ့သလို အေးစက်စက်နိုင်တယ်။ ငါအသက်ကြီးလာလို့ မလှုပ်မရှားနိုင်ဖြစ်တဲ့အခါ ငါ့ကို အိမ်မှာတင်ကျွေးထားရလို့ အိမ်ကနေတောင် ကန်ထုတ်ပစ်နိုင်တယ်။"

"မဟုတ်သေးဘူး...မဟုတ်သေးဘူး....မဟုတ်ဘူး....။ လုလုက အကောင်းဆုံးပဲ။ လုရှီရန်က လက်ထပ်ထိမ်းမြားပြီး မိသားစုထဲဝင်ချင်တယ်ဆိုရင် ဒုတိယဇနီးတော့ လုပ်လို့ရမယ်။ အဓိက မယားကြီးတော့ မဖြစ်နိုင်ဘူး။"

"ဟမ်...ဒါနဲ့ သူက အနာဂတ်မှာ ကလေးမွေးပေးနိုင်ခဲ့ရင်ရော....။ သူ့အမေနဲ့တူပြီး လှလှလေးမွေးလာနိုင်ပေမယ့် ပင်ကိုယ်စရိုက်က မတူနိုင်ပါဘူးလေ။ ပိုသွက်လေ ပိုကောင်းလေပဲ။ အမြွှာလေးတွေဆိုရင်တော့ အကောင်းဆုံးပဲပေါ့။ ကလေးကို ဘာနာမည်ပေးရမလဲ…”

လီချန်ချင်းမှာ အတွေးနယ်ချဲ့နေပြီး ဝေးကွာလှသေးသည့် အနာဂတ်အတွက်အရာများကို တွေးတောနေမိသည်။ ယခုအချိန်တွင် ကမ္ဘာပေါ်ရှိ မျက်လုံးများအားလုံးသည် လီဟမ်ရှန်းနှင့် လုရှီရန်ကို စိုက်ကြည့်နေကြပြီဖြစ်သည်။အခြားတပည့်များကလည်း လီဟမ်ရှန်းကို သတိထားမိသွားကြပြီဖြစ်သည်။

လုရှီရန် ဖြတ်လာခဲ့သော တပည့်များသည် သူမလျှောက်လာသောအခါ လမ်းဖယ်ပေးကြသော်လည်း လီဟမ်ရှန်းမှာပင် နောက်ပြန်မဆုတ်ဘဲ လုရှီရန်နှင့် မျက်နှာချင်းဆိုင်ရပ်နေခဲ့လေ၏။

ဒီလူက ဘယ်သူများလဲ....။

"ရှင့်ဆီမှာ ကျွန်မကို ဆွဲဆောင်နေတဲ့အရာတစ်ခုရှိတယ်။" လုရှီရန် တိုးတိုးလေး ပြောလိုက်လေသည်။

"ကျွန်တော်လည်း ခံစားရတယ်။" လီဟမ်ရှန်းလည်း ငြင်းဆန်မနေပေ။ သူကိုယ်တိုင်လည်း လုရှီရန်ဆီမှာ ထူးခြားမှုတစ်ခုကို ခံစားရလေ၏။ အဲ့ဒီဆွဲဆောင်မှုက ဘာများလဲ။

"အဲဒါဘာလဲ။" လုရှီရန်က မေးသည်။

"မသိဘူး။" လီဟမ်ရှန်း ခေါင်းခါလိုက်သည်။ လီဟမ်ရှန်း၏ အဖြေကိုကြားသောအခါ လုရှီရန်၏ မျက်လုံးများမှာ တွေဝေသွားပြီး အဝေးတွင်ရပ်နေသော လုဟန်ရန်ကို လှမ်းကြည့်လိုက်လေ၏။ "ဆရာ...ဒါဆရာပြောတဲ့ အချစ်ဆိုတဲ့အရာလား။"

ထိုအခါ လူတိုင်း မထိန်းနိုင်ဘဲ ရယ်မောမိကြလေသည်။ လုဟန်ရန်လည်း ထိတ်လန့်သွားသည်။ အချစ်တဲ့လား...အဓိပ္ပါယ်မရှိလိုက်တာ။

မင်းတို့နှစ်ယောက်က အခုမှ ပထမဆုံးတွေ့ဖူးတာ ဘယ်လိုလုပ် အချစ်ဖြစ်မှာလဲ။ ဤအဖြေသည် လူတိုင်းကို ထိတ်လန့်သွားစေပြီး လီဟမ်ရှန်းလည်း ရှက်ရွံ့သွားသည်။ ဒီမိန်းကလေးရဲ့ ဦးနှောက်တစ်ခုခု ဖြစ်နေတာလား။

ငါတို့အရင်ကတွေ့ဖူးလို့လား။ မင်းက အချစ်လို့ ပြောနေရအောင်လေ....။ လုဟန်ရန်မပြောမီ လုရှီရန်က ပြောလေသည်။

"ဆရာ တစ်ခါက ကျွန်မကိုပြောဖူးတာ မှတ်မိတယ်။ ဆရာကျွန်မရဲ့ ဆရာဦးလေးနဲ့ ပထမဆုံးတွေ့တုန်းက ခုလို ခံစားခဲ့ရတာတဲ့။ ဆရာအတွက် သူ့က ဆွဲဆောင်မှု တစ်ခုခု ရှိနေတယ်လို့ ခံစားလိုက်ရပြီး နောက်တော့ စိတ်ထဲ ရောက်သွားပြီး ချစ်မိသွားရောတဲ့လေ။ အချစ်ဆိုတာ ဒါပဲနေမှာနော်။"

"ကျွန်မလည်း ကျွန်မကို ဆွဲဆောင်နိုင်တဲ့အရာ သူ့မှာ တစ်ခုခုတော့ ရှိနေတယ်လို့ ခံစားရတယ်။ ဒါက အချစ်ဖြစ်မလားဟင်။" လုရှီရန်၏မျက်လုံးများသည် လုဟန်ရန်၏အတည်ပြုချက်ကိုစောင့်ဆိုင်းနေခဲ့သည်။

လုဟန်ရန်သည် အချိန်အတန်ကြာထိ ဆွံ့အသွားမိသည်။ လုရှီရန်ကို လီဟမ်ရှန်း၏ မည်သည့်အရာက ဆွဲဆောင်နေသည်ကို သူလည်း မသိခဲ့ချေ။

"မင်းနားလည်မှုလွဲနေတယ်။" လီဟမ်ရှန်းက လုရှီရန်ကို အလျင်အမြန်ရှင်းပြခဲ့သည်။ "အချစ်က ဒီလိုမဟုတ်ဘူး၊ အချစ်ဆိုတာ... ရင်ခုန်တဲ့ခံစားချက်။တစ်ဖက်လူကို ကာကွယ်ပေးချင်တဲ့စိတ်ပဲ။"

"ကျွန်မ ရင်ခုန်သလို ခံစားရတယ်။" လုရှီရန်က လေးလေးနက်နက်ပြောသည်။

"ကျွန်မ ဒီကို ရောက်တာနဲ့ အဲ့ခံစားချက်ကို ခံစားခဲ့ရပြီး တခြားသူဆီမှာ မခံစားဖူးဘူး။ ရှင့်တစ်ယောက်တည်းကိုပဲ။"

"ရှင့်ကိုကာကွယ်ဖို့ စိတ်အားထက်သန်မှုတော့ ကျွန်မမှာမရှိသေးဘူး။" လုရှီရန် တွေးဆလိုက်သည်။ "ကျွန်မဘက်က သေချာတဲ့ခြေလှမ်း လှမ်းလို့ရမလား။"

"သေချာတဲ့ခြေလှမ်းလား...." လီဟမ်ရှန်းအံ့အားသင့်သွားသည်။

"ကျွန်မ စာအုပ်တွေထဲမှာ ဖတ်ဖူးတယ်။" လုရှီရန် အေးအေးဆေးဆေးပင် တုံ့ပြန်သည်။

"လူနှစ်ယောက်ရဲ့ အချစ်တွေ ဆုံဆည်းကြပြီဆိုရင် ခံစားချက်တွေ ထူးဆန်းလာတယ်တဲ့။ တစ်ခါတရံမှာ အချစ်ဆိုတာ အဲ့လိုမျိုး မွေးဖွားလာတာတဲ့လေ။ အချစ်ဆိုတာ ဘာမှန်းမသိပေမယ့် ကျွန်မစမ်းကြည့်ချင်တယ်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးရင် ကွမ်လန်နန်းတော်ကိုလာခဲ့ပါ။ ကျွန်မတို့ အချစ်တွေ ဆုံဆည်းပြီး အပြောင်းအလဲ ရှိမရှိ ကြည့်ကြရအောင်။"

လုရှန်ရန်၏ စကားမှာ အားလုံးအား အံ့အားသင့်မှင်သက်သွားစေ၏။

"ပွင့်လင်းတဲ့ မိန်းကလေးပဲ။" လီချန်ချင်းလည်း အံ့သြသွားသည်။ ဒီမိန်းကလေးက ငါ့သားကို လိုချင်တပ်မက်နေတာလား။

"ရှီရန်...." လုဟန်ရန်၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး လျင်မြန်စွာ ပြစ်တင်ရှုတ်ချလေသည်။ လီဟမ်ရှန်းသည် ပို၍ပင် အံသြသွားကာ လှည့်စားခံနေရသည်ဟုပင် သံသယရှိလာသည်။

"ဘာဖြစ်လို့လဲ ဆရာ။" လုရှီရန်သည် ရှုပ်ထွေးတွေဝေနေသော မျက်နှာဖြင့် လုဟန်ရန်ဆီသို့ ပြန်လှည့်လာလေသည်။

"ဆရာ...ကျွန်မကို သာမာန်မိန်းကလေးတစ်ယောက်လိုနေဖို့ အမြဲပြောခဲ့တယ်မလား။ ကျွန်မရဲ့နှလုံးသားကို ခုန်စေပြီး ကျွန်မရဲ့ နှလုံးသားထဲမှာ အချစ်ဆိုတဲ့အရာကို ကမ္ပည်းထိုးပေးမယ့် လူတစ်ယောက်ကို တွေ့လိမ့်မယ်လို့ ဆရာပြောခဲ့တယ်မလား။"

"အခု ကျွန်မသူနဲ့တွေ့ပြီလေ။ ဆရာ ဘာလို့မပျော်တာလဲ။" လုရှီရန်မှာ စိတ်ရှုပ်ထွေးမှုများစွာနှင့် ပြည့်နှက်နေပေသည်။ ဆရာ့ပြောစကားအတိုင်း နားထောင်ခဲ့တာကို ဆရာက ဘာတွေဖြစ်နေတာလဲ။

"ငါ..."လုဟန်ရှန်း မည်သို့ ရှင်းပြရမည်ကို မသိတော့ပေ။ သူမ၏အကြည့်များသည် လီဟမ်ရှန်းဘက်သို့လှည့်သွားသည်။ လုရှီရန်အား လီဟမ်ရှန်း၏ မည်သည့်အရာက ဆွဲဆောင်နေသည်ကို မသိသော်လည်း တစ်ခုခုမှားနေသည်မှာ အရှင်းသားဖြစ်ပေ၏။

ဤအခိုက်အတန့်တွင် လူစုသည်ပင် လုရှန်ရန် တစ်ခုခုမှားနေကြောင်း မြင်နိုင်ပေသည်။ သူမ၏ အတွေးဖြစ်စဉ်သည် သာမန်လူများနှင့် မတူပေ။

"တောင်းပန်ပါတယ်။ ကျွန်တော့်မှာ ချစ်ရတဲ့သူရှိပြီးသားပါ။ ဒါကြောင့် ကျွန်တော်တို့မှာ အချစ်မရှိနိုင်သလို မင်းနဲ့လည်း ပေါင်းစည်းနိုင်မှာ မဟုတ်ဘူး။"

သူမ၏ ဦးနှောက်ထဲတွင် ဝက်အူချောင်နေပုံရသည့် ထိုမိန်းကလေးအား မည်သို့ရှင်းပြရမည်ကို လီဟမ်ရှန်း မသိတော့ပေ။ သူ့တွင် သဘောကျသူရှိပြီးသားဟုသာ ပြောရပေတော့မည်။

"ဟမ်..." လုရှီရန်က မျက်ခုံးပင့်လိုက်ကာ သူ့အသံမှာ ရုတ်တရက် အေးစက်သွားလေ၏။

"ဒီကမ္ဘာပေါ်မှာ အကြင်နာမဲ့သူတွေ အများကြီးရှိတယ်လို့ ဆရာပြောဖူးတယ်။ မင်းချစ်တဲ့လူက မင်းကို စွန့်လွှတ်ပြီး တခြားတစ်ယောက်ကို ရွေးမယ်ဆိုရင် အကောင်းဆုံးနည်းလမ်းက သူ့ကို သတ်ပစ်လိုက်တာပဲတဲ့။"

"အဲလိုယောက်ျားမျိုးကို လူယုတ်မာလို့ ခေါ်တယ်လို့ ဆရာကပြောတယ်။" ထိုစကားကို ပြောပြီးနောက် လုရှီရန်ထံမှ အံ့ဩဖွယ်ရာ လူသတ်လိုစိတ်များ ရုတ်တရတ်ထွက်ပေါ်လာသည်။

တခဏချင်းမှာပဲ လုရှီရန်ဆီမှ စူးရှတောက်ပသော ကြယ်ရောင်များ ထွက်လာလေ၏။ မရေမတွက်နိုင်သောကြယ်များသည် လုရှန်၏နောက်၌ ကြယ်မြေပုံတစ်ခုဖြစ်ပေါ်လာပြီး သူမသည် ကောင်းကင်နတ်ဘုရားမအဖြစ်သို့ ပြောင်းလဲသွားကာ လှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပြင်းထန်သောဖိအားများက လွှမ်းခြုံသွားသည်။

လုရှီရန်အနီးရှိ တပည့်များသည် ချက်ချင်းပင် မျက်နှာအမူအရာပြောင်းသွားကြကာ ထိတ်လန့်တကြား ဆုတ်ခွာသွားကြသည်။ အဆင့်အထွတ်အထိပ်သို့ ရောက်ရှိသော တပည့်များပင် ကြောက်လန့်သွားကြသည်။

ဒါက ဘယ်လိုသိုင်းပညာမျိုးလဲ။ လီဟမ်ရှန်း၏ သူငယ်အိမ်များ တုန်လှုပ်သွားလေ၏။ လုရှီရန် ဘာတွေဖြစ်နေတာလဲ။ တကယ်ကြီး လူသတ်ချင်နေတာလား။

လီဟမ်ရှန်းက နေရင်းထိုင်ရင်း ဘယ်လိုလုပ် လူယုတ်မာဖြစ်သွားရတာလဲ။ သို့သော် လီဟမ်ရှန်းသည် သေခြင်းတရားကို ထိုင်စောင့်မနေဘဲ အင်မော်တယ်အရှင်သခင်လှံကို သူ့လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။

"ရပ်လိုက်...." ဤအခိုက်အတန့်တွင် လုဟန်ရန်၏ရုပ်အသွင်သည် လုရှီရန်၏ဘေးတွင်ပေါ်လာပြီး သူမ၏လက်ဖဝါးသည် လုရှီရန်၏ပခုံးပေါ်သို့ကျသွားကာ လုရှီရန်၏ နောက်မှကြယ်များသည် ချက်ချင်းပြိုကျသွားလေ၏။

တိတ်ဆိတ်စွာဖြင်ပင်......။ထိုအရှိန်အဟုန်သည် တခဏအတွင်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားသည်။ လုရှီရန်မှာ သူ့ဆရာအား အံ့ဩသောမျက်နှာဖြင့် ကြည့်ကာ မေးသည်။ "ဆရာ....ဘာလို့ ဒီနှလုံးသားမရှိတဲ့သူကို သတ်ခွင့်မပေးတာလဲ။"

"ရပ်လိုက်...ငါနဲ့ပြန်လိုက်ခဲ့။" လုဟန်ရန်က ဘာရှင်းပြချက်မှမရှိဘဲ လုရှီရန်ကို ဆွဲထုတ်လိုက်လေ၏။

"လူယုတ်မာ...ရှင်ကျွန်မကို စောင့်နေ....." လုရှီရန်က နောက်ပြန်လှည့်ပြီး လီဟမ်ရှန်းကို အော်ပြောသည်။ ဤအခိုက်အတန့်တွင် လီဟန့်ရှင်းသည် လုရှီရန်အား ဗြောင်ဗြောင်တင်းတင်း စိုက်ကြည့်နေမိသည်။ လုရှီရန်က သူ့အား လူယုတ်မာဟု ခေါ်သောကြောင့်မဟုတ်ဘဲ လုရှီရန်အား သူ၏မည်သည့်အရာက ဆွဲဆောင်နေကြောင်းကို သိသွားသောကြောင့် ဖြစ်သည်။

သူတို့အချင်းချင်း အဘယ်ကြောင့် တစ်ဦးနှင့်တစ်ဦးဆွဲဆောင်နေသည်ကို လီဟမ်ရှန်း သဘောပေါက်သွားပြီ ဖြစ်သည်။ လုရှီရန်တွင်လည်း နေလအင်မော်တယ်ကိုယ်ထည်ရှိပေ၏။ ထိုနေလအင်မော်တယ်ကိုယ်ထည်က တစ်ဦးနှင့်တစ်ဦးကို ဆွဲဆောင်နေခြင်း ဖြစ်ပေသည်။

"ကျိုးထျန် ကြယ်နတ်ဘုရားကိုယ်ထည်...." ဤအခိုက်တွင် ကျိုးကျွင်းသည် လီဟမ်ရှန်း ရှိရာသို့ လျှောက်လာကာ ပြောသည်။

"ညီလေး၊ မင်းရဲ့ဇနီးက တော်တော်အထင်ကြီးစရာကောင်းတယ်။ သူက ကွမ်လန်နန်းတော်မှာ ခဲယဉ်းတဲ့ နတ်စွမ်းအားကိုယ်ထည်ကို ကျင့်ကြံခဲ့တယ်။ တကယ်ကို ပါရမီရှင်ပဲ။ ဒါပေမယ့် မင်းရဲ့နေ့ရက်တွေ လွယ်တော့ လွယ်မှာ မဟုတ်ဘူးကွာ။ သူက အိမ်တွင်းရေးမှာ အချိန်မရွေး အနိုင်ကျင့်နိုင်တယ်။

"စီနီယာအစ်ကို....စနေတာ တော်လိုက်တော့...." လီဟမ်ရှန်း၏ မျက်နှာသည် ယခုအချိန်တွင် လေးနက်နေသည်။ လုရှီရန်သည် နတ်စွမ်းအားကိုယ်ထည်တစ်ခု ပိုင်ဆိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

လီဟမ်ရှန်း ပို၍ မမျှော်လင့်ထားသည်မှာ လုရှီရန်၏ ကျိုးထျန် ကြယ်နတ်ဘုရားကိုယ်ထည်သည် သူ၏ နတ်စွမ်းအားကိုယ်ထည်ကို ဖိနှိပ်နေနိုင်ခြင်း ဖြစ်ပေ၏။

လီဟမ်ရှန်၏ နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်သည် သူမ၏ နတ်စွမ်းအားကိုယ်ထည်ထက် နိမ့်ကျပေသည်။ သို့သော် ခြားနားချက်မှာ လီဟမ်ရှန်းသည် နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်၏ စတင်သူအဆင့်သို့ မရောက်ရှိသေးပေ။

သို့သော် လုရှီရန်၏ နတ်စွမ်းအားကိုယ်ထည်သည် သေးငယ်သော အောင်မြင်မှုအဆင့်တစ်ခုသို့ ကျင့်ကြံထားပြီး ဖြစ်သည်။

"ဘယ်လောက်ကြောက်စရာကောင်းတဲ့ မိန်းမလဲ။" လီဟမ်ရှန်း ခေါင်းခါလိုက်သည်။ နတ်စွမ်းအားကိုယ်ထည်ကို ကျင့်ကြံရန် မည်မျှခက်ခဲသည်ကို သူကောင်းစွာသိသော်လည်း ဤအမျိုးသမီးသည် လေးလမျှသာ ကျင့်ကြံခဲ့ပြီး သေးငယ်သော အောင်မြင်မှုအဆင့်တစ်ခုအထိ သူမ၏ နတ်စွမ်းအားကိုယ်ထည်ကို ကျင့်ကြံပြီဖြစ်သည်။

သူမသည် အမှန်တကယ်ပင် မကောင်းဆိုးဝါးတစ်ကောင် ဖြစ်ပေ၏။ အတန်ကြာပြီးနောက် မြင်ကွင်းသည် တိတ်ဆိတ်သွားပြန်သည်။

လီချန်ချင်းမှာမူ ယခုအထိပင် သူ့အနာဂတ်မြေးလောင်းလေးအတွက် မမောမပန်း နာမည်ရွေးနေဆဲဖြစ်နေပေ၏။

ထိုအချိန်တွင် ချောက်ကြီး၏အထက် ကောင်းကင်ယံ၌ ကြီးမားသောဖွဲ့စည်းမှုတစ်ခု ပေါ်လာသည်။ လေဟာနယ်အချိန်၏ စွမ်းအားသည် ဖွဲ့စည်းမှုအပေါ် စီးဆင်းသွားပြီး အလွန်အံ့သြဖွယ်ကောင်းလှသည်။

"တစ္ဆေနတ်ဆိုးစမ်းသပ်မှုပွင့်သွားပြီ။" တစ်စုံတစ်ယောက်က အော်လိုက်လေ၏။ ဤအခိုက်အတန့်တွင် လူတစ်ဦးသည် တစ္ဆေနတ်ဆိုး ဖွဲ့စည်းပုံမှ ထွက်လာလေသည်။

အသစ်ဝင်လာသူသည် အနည်းငယ်ပျင်းရိသောအသွင်အပြင်ရှိပြီး သူ့ခါးတွင် ဓားတစ်ချောင်းချိတ်ထားသည်။ ဓား၏အဖုံးသည် နက်ပြာရောင် တောက်ပနေသည်။ သူ့အကြည့်များက လူတိုင်းကို လွှမ်းခြုံထားပြီး လူတိုင်းသည်လည်း သူတို့အား အကြည့်ခံနေရသလို ခံစားရသည်။

"မင်းတို့အားလုံး ဒီကိုရောက်ပြီဆိုတော့ ဝင်လာခဲ့..." ဝင်လာသောလူက ဖြည်းညှင်းစွာပြောသည်။

"အဲဒါ လင်းချင်းရီပဲ...." လီချန်ချင်းသည် လင်းချင်းရီအား ဤနေရာတွင်ထပ်တွေ့ရန် မျှော်လင့်မထားခဲ့ပေ။

All Chapters