အခန်း (၁၅၇)
Vol. 16 Ch. 157
"တစ္ဆေနတ်ဆိုးစမ်းသပ်မှုက အရမ်းအန္တရာယ်များနေတာကို လူသားစွမ်းအားရှင်တွေစုပေါင်းပြီး အထဲက တစ္ဆေမျိုးနွယ်တွေကို ဘာလို့ ဝင်သတ်လို့ မရ ရတာလဲ "
"အဲ့လိုတော့ မဖြစ်နိုင်ဘူး။" ကျမ်းယွမ်ကျိက ခေါင်းယမ်းလိုက်သည်။
"နတ်ဆိုးနတ်ဆိုးစမ်းသပ်မှုကို ဝင်ရောက်တဲ့အခါ ပြန်လည်မွေးဖွားခြင်းအဆင့် တပည့်တွေအပြင် တခြားစွမ်းအားရှင်တွေရဲ့ ကျင့်ကြံမှုကိုလည်း ကန့်သတ်ထားတယ်။ ဒါက ကောင်းကင်ဘုံရဲ့ စည်းမျဉ်းလို့ မယူဆနိုင်ပေမယ့် ဗုဒ္ဓဂါထာတော်တွေဟာ ခွန်အားကြီးတဲ့ စွမ်းအားတွေအားလုံးကို ဖိနှိပ်ထားလို့ပဲ။"
"ဒါကြောင့် ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်မှာ တစ္ဆေမျိုးနွယ်နဲ့ လူသားမျိုးနွယ်နှစ်ခုလုံးဟာ စည်းမျဉ်းတွေနဲ့ ဟန်ချက်ညီနေလိမ့်မယ်။ ဒါ့အပြင် ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ဟာ မယုံနိုင်လောက်အောင် ကျယ်ပြောလှတယ်။
ဒီမြို့ကြီးဘယ်လောက်ကြီးတယ်ဆိုတာ ဘယ်သူမှ မသိဘူး။ နှစ်ပေါင်းများစွာကြာအောင် စမ်းသပ်မှုတွေ နွှဲခဲ့တာတောင်မှ အပြည့်အဝ မစူးစမ်းနိုင်ကြသေးဘူး။ အတွင်းမှာ ပုန်းအောင်းနေကြတဲ့ တစ္ဆေဂိုဏ်းက အမည်မသိ စွမ်းအားရှင်တွေ ရှိသေးတယ်။ မဆင်မခြင် ဝင်ရောက်ခြင်းတာ နှစ်ဦးနှစ်ဖက်အတွက် ပျက်စီးခြင်းကိုသာ ဖြစ်ပေါ်စေလိမ့်မယ်။"
"ဒီက တစ္ဆေနတ်ဆိုးဂိုဏ်းအများစုဟာ ပြန်လည်မွေးဖွားခြင်းအဆင့် ဒါမှမဟုတ် တက်လှမ်းခြင်းအဆင့်တွေပဲ။ ပြန်လည်မွေးဖွားခြင်းအဆင့်တောင်မှ အတော်လေး နည်းတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပဲ အထူးအဆင့်တစ်ဦး ပေါ်ထွက်လာဖူးတာ။ ဒါကြောင့် ကျုပ်တို့လို လူအိုကြီးတွေက ဒီမှာရှိနေရတာပေါ။ ကိုင်တွယ်ရခက်တဲ့ ရန်သူရှိရင် ကျုပ်တို့က အရေးယူပေးရမှာ။"
ကျမ်းယွမ်ကျိက လီချန်ချင်းအား စိတ်ရှည်လက်ရှည် ရှင်းပြလေသည်။
ခင်ဗျားပဲ လူအိုကြီးလေ။ ဘာလို့ ကျုပ်ကိုပါ ဆွဲထည့်နေရတာလဲ။ လီချန်ချင်း ဂရုတစိုက်ခံစားကြည့်သော်လည်း သူ့အပေါ် ဖိနှိပ်မှုတစ်စုံတစ်ရာပင် မခံစားရသည်မှာ အံ့အားသင့်ဖွယ် ဖြစ်လေ၏။
ဖိနှိပ်မှုက ဘယ်မှာလဲ။ လီချန်ချင်း ခဏတာ ခံစားမိလိုက်သော်လည်း နောက်ပိုင်း ဘာမျှ မခံစားရပေ။
"ခင်ဗျားတို့ရော စွမ်းအားဖိနှိပ်မှုကို ခံစားရလား။" လီချန်ချင်းနောက်သို့လှည့်လိုက်ပြီး ကျန်းဟဲအိမ်တော်မှ မူလအဆင့်အထွတ်အထိပ် အကြီးအကဲများကို မေးလိုက်သည်။
"ခံစားရပါတယ်။"
ဆံပင်ဖြူနှင့် အကြီးအကဲက ခေါင်းညိတ်ပြသည်။
'တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ စွမ်းအားတွေကို ဖိနှိပ်ထားတယ်လို့ ကျုပ်တို့ကြားဖူးတယ်။ အခုတော့ ကိုယ်တွေ့ ကြုံဖူးတာပဲ။ ကျုပ်တို့ရဲ့ကျင့်ကြံမှုတွေက ဒီမှာပဲ ရှိသေးပေမယ့် ကျုပ်တို့ရဲ့ မူလအဆင့်အရင်းအမြစ် စွမ်းအားတွေကို ဆွဲယူလို့ မရတော့ဘူး။တကယ်သာ တိုက်ခိုက်ရင် ကျုပ်တို့ အကြာကြီးထိန်းထားနိုင်မှာမဟုတ်ဘူး။ ကျုပ်တို့ရဲ့ မူလအဆင့် အရင်းအမြစ်တွေ ကုန်ခန်းသွားလောက်တယ်။
ကျန်နှစ်ယောက်က ခေါင်းညိတ်ပြကြသည်။ ထို စွမ်းအားများကို ဖိနှိပ်ထားသည့် ခံစားချက်က သန်မာသောလူများကို စိတ်မသက်မသာဖြစ်စေသည်။
လီချန်ချင်း မှင်သက်မိသွားသည်။ ငါဘာလို့မခံစားရတာလဲ။ လီချန်ချင်းသည် ဤနေရာမှာ ခါတိုင်းထက် အအေးပိုသည်ကလွဲ၍ အခြားမည်သည့်အရာကိုမျှ မခံစားမိချေေ။ သူ၏ စွမ်းအားများမှာ ယခင်ကအတိုင်းပင် ပြည့်ဝနေဆဲပင် ဖြစ်ပေသည်။
ဝင်လာသော တပည့်များသည် အအေးဒဏ်ကြောင့် အနည်းငယ် ချမ်းအေးနေပြီဖြစ်သည်။ သို့သော် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များသည် သူတို့၏ အကျီများမှာ အလွန်နွေးထွေးသောကြောင့် ဘာမှ မခံစားရပေ။ ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်သို့ ဝင်ရောက်ပြီးနောက် မြို့တော်သည် မည်မျှ ယိုယွင်းပျက်စီးခဲ့သည်ကို လူတိုင်းတွေ့မြင်ခဲ့ရသည်။
နေရာတိုင်းတွင် ပြိုကျပျက်စီးနေသော တံတိုင်းများနှင့် အပျက်အစီးများ ရှိခဲ့ပြီး အားလုံးမှာ တိုက်ပွဲအစအနများ ဖြစ်ပေ၏။ ထို့အပြင် ယခင်က စမ်းသပ်မှုတွင် ပါဝင်ခဲ့သူများ၏ ကျိုးပဲ့သွားသော လက်နက်များ မြေပြင်ပေါ်တွင် အများအပြားကျန်ရှိခဲ့သည်ဟု ယူဆရသည်။
လူ့တပည့်များစွာသည် ဤနေရာတွင် သေဆုံးခဲ့ကြသော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် အလောင်းတစ်လောင်းမျှ လမ်းမများပေါ်တွင် ကျန်ရစ်မနေပေ။
ကျမ်းယွမ်ကျိ၏ ပြောစကားအရ ၎င်းတို့သည် ဤနေရာတွင် စည်းကမ်းနှင့်အညီရှင်းလင်းခံခဲ့ရသည်ဟု ဆိုသည်။
"ဒါဘာလဲ။" ထိုအချိန်တွင် တပည့်အားလုံးသည် သူတို့၏ခါး ပတ်လည်၌ အပိုပစ္စည်းတစ်ခုကို တွေ့ရှိခဲ့သည်။ ၎င်းသည် အနက်ရောင်သံသင်္ကေတတစ်ခုဖြစ်သည်။ ၎င်းတို့၏အမည်များကို အနက်ရောင်သံ တိုကင်များပေါ်တွင် ရေးထားသည်။
"ဒါက ထျန်ဟိုင်းမြို့တော်ရဲ့ ကောင်းမှုအမှတ်တိုကင်ပဲ။ မင်းမှာ အနက်ရောင် သံတံဆိပ်တစ်ခု ရှိမယ်။ တစ္ဆေဂိုဏ်းရဲ့ ဂိုဏ်းသာတစ်ယောက်ကို သတ်လိုက်တဲ့အခါ ကောင်းမှုရမှတ်တွေ ရလိမ့်မယ်။ ကောင်းမှုရမှတ်တွေက မတူညီတဲ့ တစ္ဆေဂိုဏ်းသားတွေရဲ့ ခွန်အားပေါ်မူတည်ပြီး ကွဲပြားသွားမှာပါ။ ဒါကို မင်းတို့ကိုယ်တိုင် အဖြေရှာရလိမ့်မယ်။
" လင်းချင်းရီသည် မြို့ရိုးပေါ်တွင် ရပ်ကာ အောက်ခြေက လူအားလုံးကို ကြည့်နေသည်။
ဤအကြိမ်တွင် တစ္ဆေနတ်ဆိုးစမ်းသပ်မှု၌ တပည့်နှစ်ထောင်နီးပါး ပါဝင်ခဲ့သည်။ ထိုစဉ် လင်းချင်းရီသည် ကောင်းကင်ကို မော့ကြည့်လိုက်သည်။ ကောင်းကင်မှာ တိမ်မည်းတွေ ဖုံးလွှမ်းနေပြီး ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ကြီးတစ်ခုလုံးကို အတန်ငယ် ဖိနှိပ်ထားပေသည်။
"သန်းခေါင်ယံကျရင် တစ္ဆေဂိုဏ်းသား အများအပြားဟာ ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်မှာ ပေါ်လာလိမ့်မယ်။ မြို့ပြင်ကနေ ခွဲထွက်ပြီး အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေကို သွားဖို့အတွက် သူတို့က ကြိုးစားကြလိမ့်မယ်။ တစ္ဆေမြို့တော်မှာ မင်းတို့ကို ထားခဲ့မယ်။ မင်းတို့ရဲ့တာဝန်က ဒီဆယ့်သုံးရက်အတွင်း တစ္ဆေဂိုဏ်းသားတွေကို တက်နိုင်သမျှ သတ်ပစ်ပြီး ဗုဒ္ဓဂါထာရဲ့ အစွမ်းကို စောင့်ဆိုင်းနေဖို့ပဲ။" လင်းချင်းရီက တပည့်များစွာကို ပြောသည်။
"ဟုတ်ကဲ့ပါ။" အားလုံးက တညီတညွတ်တည်း တုံ့ပြန်ကြသည်။"ဒါဆို အနားယူဖို့ နေရာရှာပြီး သန်းခေါင်ယံအချိန်ကို စောင့်နေကြ။ အားလုံးအဆင်ပြေဖို့ မျှော်လင့်ပါတယ်။"
လင်းချင်းရီမှာ ခုန်လိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားလေသည်။
ဤအခိုက်အတန့်၌ လူတိုင်း အနည်းငယ် ထိတ်လန့်သွားမိကြသည်။ တပည့်အများစုသည် တကယ့်တိုက်ပွဲကို တစ်ခါမျှ မကြုံဖူးကြပေ။
ဒီစမ်းသပ်မှုမှ လွတ်မြောက်နိုင်မည်လားကိုပင် သူတို့မသိကြချေ။
"အနားယူဖို့ နေရာရှာကြ။" သန်မာသောသူတစ်ဦးက သူ၏တပည့်များကို အမိန့်ပေးသည်။
"မင်းတို့ရဲ့ခွန်အားကိုထိန်းပြီး ဒီညတစ္ဆေနတ်ဆိုးစမ်းသပ်မှုရဲ့တိုက်ခိုက်မှုကို စောင့်မျှော်နေကြပါ။"
"ဟုတ်ပြီ...." ရွှယ်ချမ်းပိုင်သည် ရှေးဟောင်းတာအိုတောင်တန်းမြေမှ လူများကို ယိုယွင်းနေသော အဆောက်အအုံတစ်ခုသို့ ပို့ဆောင်ကာ တပည့်များအား အနားယူစေခဲ့သည်။
လီချန်ချင်းသည် ကျန်းဟဲအိမ်တော် တပည့်များနှင့်အတူ နေထိုင်ရန် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းဘေးရှိ ဝင်းတစ်ခုကိုတွေ့ရှိခဲ့သည်။ ကျန်းဟဲအိမ်တော်နှင့် အဝတ်အစားဆင်တူဝတ်ထားကြသောကြောင့် နှစျဖကျလုံးမှတပညျ့မြားသညျ အခငြျးခငြျးတှေ့သောအခါတှငျ အထူးရငျးနှီးမှုကို ခံစားခဲ့ရသညျ။
ရန်ငြိုးရန်စမရှိဘဲ အချင်းချင်း နီးနီးကပ်ကပ်ရှိကြပြီး စုဝေးကာ စကားပြောရယ်မောကြသည်။ လီချန်ချင်းသည် သူ့သားနဲ့ ပိုနီးနီးကပ်ကပ်ရှိချင်ပြီး ပြဿနာနှင့် ကြုံလာ၍ အတွေ့အကြုံချင်း ယှဉ်လျှင် သူက ရွှယ်ချမ်းပိုင်လောက် မတော်သဖြင့် တစ်ဦးနှင့်တစ်ဦး ကြည့်ရှုစောင့်ရှောက်ပေးကြသည်က အဆင်ပြေပေ၏။
"အကြီးအကဲ...." ထိုအချိန်တွင် ယင်ရှုယွီချဉ်းကပ်လာပြီး လီချန်ချင်းအား တောင်းဆိုသည်။ "မောင်လေးကို သွားတွေ့ချင်ပါတယ်။"
"သွားပါ။" လီချန်ချင်း ခေါင်းညိတ်လိုက်ပြီး ယင်ရှုယွီ၏တောင်းဆိုမှုကို သဘောတူလိုက်သည်။
"ကျေးဇူးတင်ပါတယ် အကြီးအကဲ။" ယင်ရှုယွီဝမ်းသာသွားပြီးနောက် ယင်းချန်းလီကိုရှာဖွေရန် ဆေးဘုရင်တောင်ကြားသို့ အမြန်သွားခဲ့သည်။
ခဏကြာသောအခါ မီးများထွန်းလင်းလာပေ၏။ နွေးထွေးသောမီးလျှံများက တပည့်များကို နွေးထွေးမှုပေးစေခဲ့သည်။ တပည့်များစွာတို့သည် ညအချိန်တွင် ပြင်းထန်သောတိုက်ပွဲကို စောင့်မျှော်လျက် မျက်လုံးမှိတ်ထားကြသည်။
"ခဏလောက်လှဲပြီး အိပ်ချင်တဲ့သူတွေရှိလား။" ထိုအချိန်တွင် လီချန်ချင်းမတ်တပ်ထရပ်ပြီး တပည့်အားလုံးကို ပြောလိုက်သည်။
"လှဲပြီး အိပ်တာ....." တပည့်များစွာသည် လီချန်ချင်းကို အံ့သြစွာကြည့်ကြသည်။ ဒီလိုအိပ်တာနဲ့ ရေခဲပြင်ပေါ်လှဲပြီးအိပ်တာ ဘာကွာမှာလဲ။
"မငျးတို့ရဲ့ သတေ်တာတှကေို ဖှငျ့ကွညျ့လိုကျရငျ ငါတို့ခနြျခငြျးကုနျသှယျရေးကုမ်ပဏီက မင်းတို့ကို ကူညီပံ့ပို့ပေးထားတဲ့ အိပ်ယာခင်းတွေကို အောက်ခြေနားမှာ တွေ့လိမ့်မယ်။ ဒါက ငါတို့တီထွင်ထားတဲ့ ထုတ်ကုန်အသစ်ပဲ။ ဒီလိုနေရာမျိုးမှာတောင် မင်းတို့ကို နှစ်ခြိုက်စွာ အိပ်ပျော်စေနိုင်တယ်။" လီချန်ချင်းက ပြုံးပြုံးလေး ပြောလိုက်သည်။
အိပ်ယာခင်းတဲ့လား...အဲ့ဒါဘာလဲ။" ပစ္စည်းများ ယူလာစဉ်က သေသေချာချာ ဖွင့်မကြည့်ရသေးပေ။ အခု သူတို့သေတ္တာကိုဖွင့်လိုက်သောအခါ အောက်ခြေမှာ စောင်ကဲ့သို့ အရာမျိုးကို တွေ့လိုက်ရလေ၏။
သို့သော် ၎င်းကို ဖြန့်ကြည့်လိုက်သောအခါ စောင်ကို အောက်ဖက်၌ ဖျာနှင့်တွဲချုပ်ထားသည်ကို တွေ့လိုက်ရလေ၏။
"ဟုတ်တယ်။ မင်းတို့ဂိုဏ်းအတွက် ထောက်ပံ့ရေးပစ္စည်းတွေမှာ တဲတွေလည်း ပါတယ်။ အဲဒါတွေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ ငါသင်ပေးမယ်။ တဲထဲမှာ အိပ်လို့ရတယ်။ ဒီလိုနည်းနဲ့ အပြင်က လေအေးကို ကြောက်စရာမလိုဘဲ မင်းတို့ သက်တောင့်သက်သာအိပ်လို့ရတယ်။" လီချန်ချင်းသည် သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး သေတ္တာတစ်လုံးကို ဖွင့်လိုက်ရာ ရိုးရှင်းသော တဲတစ်လုံးသည် သေတ္တာထဲမှ ထွက်လာလေသည်။
အတန်ကြာသည်အထိ လီချန်ချင်း၏လက်ထဲက အရာများသည် လူတိုင်း၏ အာရုံစိုက်မှုကို ခံခဲ့ရပေ၏။လူတိုင်း၏ အံ့အားသင့်သော အကြည့်များအောက်တွင် လီချန်ချင်းသည် လက်ထဲတွင် အဝတ်နှင့် ဆန့်ကျင့်နိုင်သော ထောက်များပါသည့် တဲတစ်လုံးကို တပ်ဆင်လိုက်သည်။ သဲပေါ်တွင် လိုက်ကာစလေးများပင် ပါရှိလေ၏။
"ဒါ အံ့သြစရာပဲ။" ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်တစ်ဦးသည် ရှေ့သို့လှမ်းလာပြီး လိုက်ကာလေးကို မကြည့်လိုက်ရာ အတွင်း၌ မသေးမကြီးအရွယ်အစားနှင့် အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိသော နေရာလေးကို မြင်လိုက်ရသောအခါ အံ့သြသွားမိသည်။
"ကြည့်ကြည့်ရအောင်။" ကျိုးကျွင်းလည်း စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့လှမ်းလာပြီး တဲကိုလှမ်းကြည့်ရာ အလွန်ဝမ်းသာသွားသည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုသို့ရောက်ပြီးနောက် လူတိုင်းက သူတို့သည် အစာမစားခြင်း သို့မဟုတ် ကောင်းကောင်းအိပ်စက်ခြင်းတို့ မပြုနိုင်ကြတော့ဟု ထင်ခဲ့ကြသည်။ ယခုမူ နေ့တိုင်း ခဏလောက်ထိုင်ပြီး တစ်ရေးတစ်မော အိပ်လျှင်ပင် အဆင်ပြေပေသည်။
အခု အိပ်စရာနေရာရှိတာလား။ အချိန်အတန်ကြာထိ အားလုံးစိတ်လှုပ်ရှားသွားကြပြီး သူတို့ဂိုဏ်း၏ ထောက်ပံ့ရေးပစ္စည်းများထဲမှ ရွက်ဖျင်တဲများကို ထုတ်ပြီး ရွက်ဖျင်တဲဆောက်နည်းကို သင်ယူကြကာ အိပ်ယာခင်းများ ခင်း၍ ကောင်းမွန်စွာ အနားယူကြလေသည်။
"ဟိုမှာ ဘာဖြစ်နေတာလဲ။" အခြားဂိုဏ်းများသည် ကျန်းဟဲအိမ်တော်နှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို အံ့အားသင့်စွာကြည့်ကာ ဤနေရာ၌ မည်သည်တို့ဖြစ်နေသည်ကို အံ့သြနေကြသည်။
သူတို့တွေ ရဲတင်းလွန်းနေတယ် မဟုတ်လား။