အခန်း (၁၅၈)
Vol. 16 Ch. 158
"ညီမလေး....ဒါက မင်းအတွက်ယူလာတဲ့ ခေါင်းအုံးသေးသေးလေး။ မင်းခေါင်းအောက်မှာ ထားအိပ်လို့ရတယ်။ မဟုတ်ရင် မင်းလည်ပင်းက အဆင်မပြေဖြစ်နိုင်တယ်။"
ထွက်လမ်းမရှိဝင်ပေါက်မှ တပည့်တစ်ဦးသည် သေတ္တာတစ်ခုမှ ခေါင်းအုံးငယ်တစ်ခုကို ထုတ်ကာ မိန်းကလေးတစ်ဦးထံသို့ ပေးလိုက်သည်။
"ကျေးဇူးတင်ပါတယ် စီနီယာအစ်ကို။ သေတ္တာတွေက အကန့်အသတ်ရှိတယ်။ ဒါပေမယ့် အစ်ကိုက ကျွန်မအတွက် အံဝင်ခွင်ကျဖြစ်မယ့် ဒီခေါင်းအုံးလေးကို ထည့်လာတာပဲ။"ကောင်မလေးသည် ပျော့ပျောင်းသော ကူရှင်ကို ယူကာ ရင်ထဲ ထိရှသွားခဲ့လေသည်။
ထို့်နောက် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်သောအခါ အားလုံးက အေးစက်နေသည့် မြေပြင်ပေါ်မှာ ထိုင်နေကြလေ၏။
ယခုကဲ့သို့ အေးစက်လှသည့် ရာသီဥတုမှာ မြေကြီးပေါ်ထိုင်နေရလျှင် မြေပြင်ပေါ် တင်ပါးများပင် ကပ်သွားပေလိမ့်မည်။
ကော်ငးကင်ချေဖျက်မြို့ကြီးတစ်ခုလုံးမှာ တစ္ဆေမြို့တော်ကြီးသဖွယ်ဖြစ်ပြီး သက်တောင့်သက်သာရှိစေသည့် နေရာများကို ရှာမတွေ့နိုင်ပေ
"ဟားဟား...ညီမ သက်တောင့်သက်သာရှိရင် ဒီပစ္စည်းလေးက သယ်ရကျိုးနပ်ပါတယ်ကွာ။" လူငယ်က ဂုဏ်ယူဝင့်ကြွားသော မျက်နှာဖြင့် ပြောလိုက်လေ၏။
"စီနီယာအစ်ကိုက ကျွန်မအတွက် အမြဲတမ်း အကောင်းဆုံးပဲ။" ကောင်မလေးက ချိုသာစွာပြောသည်။
ယခုကဲ့သို့ လူခြေတိတ်ဆိတ်လှသည့် တစ္ဆေမြို့ကြီး၌ ခေါင်းအုံငယ်တစ်ခုရှိခြင်းမှာ ဇိမ်ခံပစ္စည်းတစ်ခု ရှိခြင်းပင် ဖြစ်၏။
အဝတ်အစား နှစ်ကန့်ပါသော သေတ္တာထဲတွင် နေရာအကန့်အသတ်ရှိပြီး ကျန်သည် ဆေးပြားများနှင့် ၎င်းတို့၏ ရိက္ခာများ သယ်ဆောင်ရပေသည်။
ထိုပစ္စည်းများ အလုံအလောက် မယူလာလျှင် နောက်ပိုင်း၌ ဒုက္ခရောက်နိုင်ပေသည်။
ထို့ပြင် ဤနေရာ၌ သူတို့ ဆယ့်သုံးရက်နေရမည် ဖြစ်၏။
ဤအခိုက်အတန့်တွင် ပျက်စီးနေသော အဆောက်အအုံအပြင်ဘက်မှ ရုန်းရင်းဆန်ခတ် ဖြစ်ရပ် တစ်ခု ဖြစ်ပေါ်လာကာ တပည့်များစွာ၏ အာရုံကို ဖမ်းစားနိုင်ခဲ့သည်။
ဘာဖြစ်တာလဲ....။
လူများစွာသည် အဝေးကို စူးစူးဝါးဝါးကြည့်ကာ ပြေးထွက်လာကြသည်။
"ချန်ကွမ်...."
အကြီးအကဲတစ်ယောက်ဝင်လာပြီး လူငယ်လေးအား ပြောသည်။ "အပြင်မှာ ဘာတွေဖြစ်နေလဲ သွားကြည့်။"
"ဟုတ်ကဲ့။" လူငယ်က အမြန်ပြန်ဖြေသည်။
"အကြီးအကဲ...ကျွန်တော် အစ်ကိုချန်နဲ့လိုက်သွားလိုက်မယ်။" ပေါ့ပါးသွက်လက်သည့် ကောင်မလေးက မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
"ကောင်းပြီ မြန်မြန်သွား မြန်မြန်ပြန်လာ။" အကြီးအကဲက သဘောတူလိုက်သည်။
နှစ်ယောက်သား ဆူညံသံများရှိရာသို့ ပြိုကျပျက်စီးနေသော အဆောက်အဦမှ ထွက်လာခဲ့ကြသည်။
"ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း မဟုတ်လား..."
သူတို့ရောက်သည့်အခါ ပြိုပျက်နေတဲ့ ဝင်းတံခါးဝမှာ ဂိုဏ်းပေါင်းစုံက တပည့်များနဲ့ စည်ကားနေပြီး ဂိုဏ်းများမှ အကြီးအကဲများပင် ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
"ဘာကြည့်နေကြတာလဲ။"
နှစ်ယောက်လုံး ပဟေဠိဆန်ဆန် မည်သည်တို့ဖြစ်နေသည်ကို ကြည့်ဖို့ ရှေ့တိုးသွားကြလေ၏။
"ကျေးဇူးပြုပြီး လမ်းလေးနည်းနည်းလောက် ဖယ်ပေးပါဦး။" ချန်ကွမ်နှင့် သူ၏ ဂျူနီယာညီမ တို့သည် တဖြည်းဖြည်း တိုးဝှေ့လျက် တိုးသွားကြသည်။
သူတို့ ရောက်ရှိသောအခါ သူတို့ရှေ့က မြင်ကွင်းကို အံ့အားသင့်သွားကြလေ၏။
ပျက်စီးနေသော ခြံဝင်းတစ်ခုလုံးတွင် အိမ်ငယ်လေးများကဲ့သို့ ပုံစံတူသော အဆောက်အဦ တစ်ဒါဇင်ကျော်ရှိကာ တပည့်များသည် လက်ထဲတွင် ပုဆိုးကဲ့သို့ တစ်စုံတစ်ခုနှင့် ဤအိမ်များထဲသို့ လျှောက်သွားနေကြသည်။
အချို့နေရာများမှ တည်ငြိမ်သော အသက်ရှုသံများကိုပင် ကြားနိုင်သော်လည်း အချို့မှာမူ အိပ်မောပင် ကျနေကြလေသည်။
"ဒီ..."
ထိုမြင်ကွင်းကို ကြည့်ပြီး ချန်ကွမ် လုံးဝကို အံသြသွားခဲ့သည်။
ဒါတွေက ဘာတွေလဲ။
ရှေးဟောင်းတာအိုတောင်တန်းမြေနဲ့ ကျန်းဟဲအိမ်တော်က ဒီပစ္စည်းတွေကို ဘယ်က ရခဲ့တာလဲ။
သူတို့ယူလာတဲ့ သေတ္တာတွေမှာ ဒီအရာတွေနဲ့ ပြည့်နေတာလား။
ဒါတွေက နေရာလွတ်ကို ဖြုန်းတီးတာ မဟုတ်လား။
ရိက္ခာအလုံအလောက် ယူလာကြရဲ့လား။
ဆေးအလုံအလောက် ယူလာကြရဲ့လား။
ထိုအတွေးများကြားမှ လာကြည့်ကြသောတပည့်များအားလုံးသည် နှာရည်ယိုသည်အထိ မနာလိုဖြစ်ခဲ့ကြသည်။
ထိုတဲများကို ကြည့်လိုက်လျှင် လေအေးများ မည်မျှပင်တိုက်ခိုက်နေပါစေ လေအေးများကို အံတုနိုင်ပေသည်။
ထို့အပြင် သူတို့ကိုင်ဆောင်ထားသည့် စောင်များနှင့်တူသည့်အရာများသည် ခေါင်းအုံးများနှင့် အမှန်တကယ် ပေါင်းစပ်ထားသည်ကို လူအများက မြင်ကြသည်။ သူတို့သည် ဝမ်းလျားမှောက်လျက် အေးအေးဆေးဆေး အိပ်စက်နိုင်ကြပေသည်။
သူတို့ကိုယ်သူတို့ ပြန်ကြည့်လျှင် သူတို့မှာ နေရာခက်ခက်ခဲခဲရှာရသည်။ မြေကြီးပေါ်ထိုင်ရသည်။ တင်ပါးများပင် အေးခဲရသည်။ အေးစက်သည့်နံရံများကို မှီပြီး အိပ်ကြရသည်။
ကံကောင်း၍ ဝမ်းလျားမှောက်အိပ်ဖို့ ပေါင်းပင်များ ရှာတွေ့လျှင်ပင် ဇိမ်ခံပစ္စည်းကဲ့သို့ ဖြစ်နေပြီဖြစ်သည်။
အများစုကတော့ သူတို့ဘေးတွင် ထင်းမီးထွန်းထားကြသော်လည်း ထင်းမှာလည်း မလုံလောက်ပေ
သူတို့ကိုယ်သူတို့ တခြားသူများနဲ့ နှိုင်းယှဥ်ကြည့်ကာ ဒေါသထွက်မိကြသည်။
သူတို့က ဒီကို စမ်းသပ်မှုအတွက် လာကြတာလား။ အားလပ်ရက် အပျော်ခရီးထွက်လာကြတာလား။
တဲပေါ်တွင်လည်း စာလုံးကြီးကြီး ရေးထားသည်။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ သီးသန့်စပွန်ဆာပေးသည်။
နောက်ထပ် ချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီပဲလား....။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ဘယ်လိုကုမ္ပဏီမျိုးလဲ။
ဘာကြောင့် ထူးဆန်းတဲ့အရာတွေ အများကြီးရှိတာလဲ။
ထိုအချိန်တွင် လီချန်ချင်းသည် တပည့်အားလုံးကို ချက်ခြင်း အိပ်စေပြီး ယနေ့ညတွင် ပြင်းထန်သော တိုက်ပွဲအတွက် ၎င်းတို့၏ ခွန်အားများကို ထိန်းသိမ်းထားရန် စီစဉ်ခဲ့သည်။
ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်များရော၊ ကျန်းဟဲအိမ်တော်မှ တပည့်များရော လီချန်ချင်းထံမှ အထောက်အပံ့ပစ္စည်းများရယူရန် တန်းစီနေကြလေသည်။ လီချန်ချင်းက တဲတစ်လုံးကို ဆောက်ပြီး ၎င်းထဲတွင် သေတ္တာကြီးတစ်လုံး ထည့်ထားသည်။
တပည့်တစ်ယောက် ဝင်လာတိုင်း လီချန်ချင်းက လှည့်ပြီး သေတ္တာထဲက ထုတ်ပေးသည်။
သို့သော် သေတ္တာထဲမှ ထုတ်နေသည်ဟု ထင်ရသော်လည်း ၎င်းမှာ ဟန်ပြသပ်သပ်သာ ဖြစ်လေသည်။ လီချန်ချင်းသည် အဆိုပါအရာများကို သိုလှောင်လက်စွပ်မှ ထုတ်ယူနေခြင်း ဖြစ်သည်။
ထိုသို့မှ မဟုတ်လျှင် သေတ္တာထဲမှ ထိုသို့သောအရာများ မည်သို့ ထွက်လာနိုင်မည်နည်း။ ၎င်းတို့ကို သိုလောင်လက်စွပ်မှ တိုက်ရိုက်ထုတ်လိုက်လျှင်လည်း သိုလှောင်လက်စွပ်ကို ထင်ရှားသွားစေမည် ဖြစ်သည်။
ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏ဘေးတွင်ရပ်နေပြီး ပစ္စည်းများကို ကူညီပေးရင်း တဲအတွင်း၌ သေတ္တာကြီးမည်မျှရှိသည်ကို မသိသာမရေရာအောင် ကူညီပေးသည်။
မူလက အထွတ်အထိပ်စွမ်းအားရှင်များအပါအဝင် လူအများအပြားက လာကူချင်သော်လည်း လီချန်ချင်းက ယဉ်ကျေးစွာ ငြင်းဆိုခဲ့သည်။
သူတို့လာကူညီရင် လျှို့ဝှက်ချက် ဖော်ထုတ်ခံရမှာ မဟုတ်လား။
"ကျေးဇူးတင်ပါတယ် ချင်းလဲ့ဓားသခင်...."
ကျိုးကျွင်းသည် အိပ်ယာခင်းအိပ်ကို ကိုင်ကာ ရိက္ခာများရယူရန် ရှေ့တက်လာသည်။
"ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့နောက်ကွယ်မှာ ချင်းလဲ့ဓားသခင်လို စွမ်းအားရှင်တစ်ယောက်ရှိနေတယ်လို့ မထင်ထားမိဘူး။ ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီရဲ့ စီးပွားရေးတွေ ပိုပိုပြီး ကောင်းလာတော့မယ့်ပုံပဲ"
"အတိတ်နိမိတ်ကောင်းတဲ့ စကားတွေအဖြစ် မှတ်ယူပါမယ်ဗျာ။" လီချန်ချင်းသည် ကျိုးကျွင်းစကားအပြောကောင်းပုံကို သက်ပြင်းချမိသည်။ ဒီလူက သားရဲ့ စီနီယာအစ်ကို၃ မဟုတ်လား။
ကျိုးကျွင်း၏နောက်တွင် လီဟမ်ရှန်း ဖြစ်သည်။ လီဟမ်ရှန်းသည် ရှေ့သို့ တိုးလာသည်။ လီဟမ်ရှန်းမှာ ချင်းလဲ့ဓားသခင် နှင့် နီးကပ်လာလေလေ လျှို့ဝှက်ဆန်းကြယ်သော ခံစားချက်ကို ပိုခံစားရလေလေဖြစ်သည်။
"ချင်းလဲ့ဓားဘုရင်" လီဟမ်ရှန်းက လက်သီးဆုပ်ဖြင့် ဦးညွတ်သည်။
လီချန်ချင်းသည် သူ့ရှေ့ရှိ သူ့သားကို ကြည့်ပြီး ညင်သာစွာ ခေါင်းညိတ်ပြကာ တဲထဲမှ အိပ်ရာခင်းထုတ်ကို ယူလိုက်သည်။ လီချန်ချင်းမှ လီဟမ်ရှန်းအတွက် အထူးသီးသန့်ထားထားသည့် ထိုအိတ်သည် အခြားသူများထက် ပိုထူပေ၏။
လီဟမ်ရှန်းက ၎င်းကို လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ "ကျေးဇူးတင်ပါတယ် ချင်းလဲ့ဓားသခင်..."
"ရပါတယ်။" လီချန်ချင်းက ပြန်တုံ့ပြန်သည်။ "ကောင်းကောင်းအိပ်ပါ။ မင်းရဲ့ခွန်အားတွေကို အားအင်အသစ်ဖြည့်ထားပါ။ ဒါမှ ညဘက်မှာ ပိုပြီး အာရုံစူးစိုက်နိုင်မှာ။"
လီချန်ချင်းသည် ချင်းလဲ့ဓားသခင်အဖြစ် ပြောင်းလဲသောအခါ သူ့အသံသည် လေးနက်လှသည်။ ထို့အပြင် လီဟမ်ရှန်းသည် သူ့အဖေကို မတွေ့တာ လေးနှစ်နီးပါးရှိပြီဖြစ်သည်။
သို့ဖြစ်၍ လီချန်ချင်း၏အသံကို သတိမထားမိပေ။
"သတိပေးတဲ့အတွက် ကျေးဇူးပါပဲ ဓားသခင်။ စကားမစပ် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှာ လီချန်ချင်းဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့ကို သိလား။" လီဟမ်ရှန်းက အလွန်သိချင်နေပြီး မြန်မြန်မေးလိုက်သည်။
"လီချန်ချင်း..." လီချန်ချင်းမှာ စိတ်ထဲတွင် တွေးနေမိသည်။ ငါ သူ့ကို သိတာပေါ့။ ဒီမနက် ဆီးသွားရင်းတောင် တွေ့လိုက်သေးတယ်။
"သိတယ်လေ။ သူက ငါတို့ချန်ချင်းကုမ္ပဏီရဲ့ ရှယ်ယာရှင်တစ်ယောက်ပဲ။ မင်းက လီချန်ချင်းကို ဘယ်လိုသိတာလဲ။" လီချန်ချင်းက မသိဟန်ဆောင်ကာ မေးသည်။
အနားမှာ ရပ်နေသော ရွှယ်ချမ်းပိုင်သည် လီချန်ချင်း၏ သရုပ်ဆောင်မှုကို ရပ်ကြည့်နေနိုင်ရအောင် သည်းမခံနိုင်တော့သောကြောင့် ထွက်သွားလေ၏။
"ဟုတ်ကဲ့...သူက ကျွန်တော့်အဖေပါ။ လီချန်ချင်းက အမြန်ပြန်ဖြေလိုက်လေသည်။"
"ဪ....မင်းက လီဟမ်ရှန်းပဲ။ မင်းအဖေ မင်းအကြောင်းပြောတာ ကြားဖူးတယ်။"
"အဖေတူသားပဲကွ။ အဖေတော်သလို သားလည်းတော်တာပဲ။" လီချန်ချင်းက အံ့သြဟန်ဆောင်သည်။
မနီးမဝေးတွင် ရပ်နေသော ရွှယ်ချမ်းပိုင်သည် ထိုစကားကိုကြားသောအခါတွင် ထဆဲချင်စိတ်ကို အတင်းအကြပ်ထိန်းချုပ်လိုက်ရ၏။
"ဟမ်...." လီဟမ်ရှန်းသည် ချင်းလဲ့ဓားသခင် ထိုသို့ပြောရန် ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။
"မင်းက ငါ့မိတ်ဆွေဟောင်းရဲ့ သားမလို့ ငါ မင်းကို ကောင်းကောင်း ဂရုစိုက်ရမယ်။ မင်းမှာ ပြဿနာရှိရင် မင်း ငါ့ဆီ အချိန်မရွေး အကူအညီလာတောင်းနိုင်တယ်။"
လီချန်ချင်းက လီဟမ်ရှန်းအား ပြောသည်။
ထိုစဉ် လီဟမ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။ ဤကဲ့သို့သော စွမ်းအားရှင်နှင့် စကားပြောရလွယ်ပေ၏။
တစ်ချိန်တည်းမှာပင် သူ့အဖေ လီချန်ချင်းသည် ထိုကဲ့သို့ မျက်နှာပန်းလှသူ ဖြစ်မည်ဟု လီဟမ်ရှန်း မမျှော်လင့်ထားမိပေ။
"ကျေးဇူးတင်ပါတယ် စီနီယာ။" လီဟမ်ရှန်းက ခပ်မြန်မြန် ကျေးဇူးတင်လေ၏။
"ကောင်းပြီ။ အေးအေးဆေးဆေး အနားယူပါ။ ညဘက် အန္တရာယ်ရှိတယ်ဆိုတော့ သတိထားပါ။" လီချန်ချင်းက သူ့ကို ထပ်ပြီး သတိပေးလေသည်။
"ဟုတ်ကဲ့ပါဗျာ။" လီချန်ချင်း၏ ဂရုတစိုက်သတိပေးချက်ကို ကြားလိုက်ရသောအခါ လီဟမ်ရှန်းသည် သူ့နှလုံးသားထဲတွင် နွေးထွေးသွားသည်။
ဖခင်ဖြစ်သူ လီချန်ချင်းမှ သူ့အကြောင်း မည်သည်တို့ပြောသည်ကို မေးခွန်းများ မေးချင်မိသော်လည်း သူ့နောက်တွင် တန်းစီနေသူများ ရှိနေသေးသောကြောင့် လီဟမ်ရှန်း လက်လွှတ်လိုက်လေသည်။
နောင်အခွင့်အရေးရှိမှ မေးတော့မည်ဟု စဉ်းစားလိုက်သည်။
ထို့နောက် လီဟမ်ရှန်းသည် အိပ်ရန် တဲဆီသို့ ပြန်သွားခဲ့သည်။"
"ညီ၄...မင်းရဲ့ အိပ်ယာခင်းအိပ်က ငါ့ထက် ပိုထူနေသလိုပဲနော်။"
"အစ်ကို၃...အတွေးလွန်နေတာပါ။"
နေခင်းတစ်ခုလုံးမှာ ချမ်းအေးလှပေ၏။ တပည့်များစွာသည် ညဘက် စစ်မြေပြင်သို့ မသွားမီ အအေးဒဏ်ကြောင့် ငိုမိလုနီးပါးပင် ဖြစ်နေကြသည်။
လေပြေအေးမှာလည်း အင်မတန် အေးစက်လွန်းလှပေ၏။
ထိုအချိန်တွင် လူတိုင်းသည် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များကို မနာလိုစွာ ကြည့်နေကြသည်။
သူတို့ရောက်လာစဉ်က ဝတ်စားဆင်ယင်မှုမှာ ညံ့ဖျင်းသော်လည်း သူတို့၏ အကျိုးခံစားခွင့်မှာ ကောင်းလှပေ၏။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ ပံ့ပိုးကူညီမှုသည် သက်တောင့်သက်သာ ရှိလှပေသည်။
သူတို့အားလုံးသည် ၎င်းတို့၏ ဂိုဏ်းကို သစ္စာဖောက်ပြီး ရှေးဟောင်းတာအိုတောင်တန်းမြေ သို့မဟုတ် ကျန်းဟဲအိမ်တော်တို့နှင့် ပူးပေါင်းရန်ပင် စိတ်ကူးမိကြသည်။
"မင်းတို့ ကြည့်နေတာတွေ တော်လောက်ပြီ။" လေပြင်းများအတွင်း ပျက်စီးနေသော အိမ်တစ်လုံးထဲမှ အကြီးအကဲက သူ့တပည့်ငါးယောက်ကို ကြည့်ပြီး ဒေါသတကြီးနဲ့ ပြောသည်။ "မင်းတို့ရဲ့ ရည်မှန်းချက်ကိုပဲ ကြည့်ပါ။ မင်းတို့က အမြဲအဲ့နေရာကိုပဲ ကြည့်နေကြတာ။ အဲ့ဒါက နည်းနည်းလေးပဲ ပိုနွေးသွားမယ့် အိပ်ရာခင်းတစ်ခုသာသာပါပဲ။"
"သူတို့က နေရာအများကြီးပေးပြီး အသုံးမဝင်တဲ့အရာတွေကို ယူလာကြတယ်။ စောင့်ကြည့်နေပါ။ ဆယ်ရက်လောက် ကြာမှာမဟုတ်ဘူး။ အစာခြောက်တွေ ကုန်လိမ့်မယ်။ စားစရာဘာမှမရှိလို့ မြက်ပင်တွေကိုသာ ဝါးစားနေရချိန်ကျ မင်းတို့သူတို့ကို လုံးဝ မနာလိုဖြစ်တော့မှာ မဟုတ်ဘူး။"
အကြီးအကဲ၏ယုံကြည်ချက်ရှိသောစကားများကို နားထောင်ရင်း အဓိပ္ပါယ်ရှိသည်ဟု ခံစားမိသော်လည်း ယင်းသည် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်တို့အပေါ် မနာလိုခြင်းကို မတားဆီးနိုင်ခဲ့ပေ။
"ငါတို့ဘေးနားချင်းတွေကိုကြည့်စမ်း။ သူတို့က အသံတောင်မထွက်ဘူး။ မင်းတို့က အတော်လေး ပျော့ကြပုံပဲ။ တစ္ဆေဂိုဏ်းကို ဘယ်လိုတိုက်မလဲ။" အကြီးအကဲက သူတို့ကို ကြိမ်းမောင်းလေသည်။
"အကြီးအကဲ...." တပည့်တစ်ယောက်က တုံ့ဆိုင်းဆိုင်းဖြစ်လျက် ပြောသည်။ "ဘေးက လူတွေက ယွမ်မင်းဆက်က တပည့်တွေပဲ။ သူတို့က ဒီပတ်ဝန်းကျင်မှာနေတာ ကြာနေပြီး ကျင့်သားရနေကြပြီ။ အအေးဒဏ်ကို လုံးဝမကြောက်ကြဘူး။ မတူဘူးလေ။"
"ပါးစပ်ပိတ်ထား။"
"မင်း...စကားများလှချည်လား။"
ဆေးဘုရင်တောင်ကြားမှ တပည့်များသည် ပျက်စီးယိုယွင်းနေသော ခန်းမထဲတွင် ပြည့်ကြပ်လျက် ရှိပေသည်။
အပြင်မှာ အရမ်းအေးသော်လည်း အနည်းဆုံးတော့ သူတို့မှာ နေစရာနေရာရှိပေ၏။
သို့သော် ခန်းမသည် ယိုယွင်းနေပြီး လေကြောင်းတည့်နေသောကြောင့် အအေးဒဏ်ကို ခံစားရပေသည်။
ဆေးဘုရင်တောင်ကြားမှ တပည့်များသည် နွေးထွေးနေဆေးလုံးဟုခေါ်သော ဆေးလုံးကို သောက်ထားသောကြောင့် သိပ်မအေးလှပေ။ ဆေးလုံးသောက်ပြီးနောက် သူတို့ခန္ဓာကိုယ်အပူချိန်ကို နွေဦးကဲ့သို့ နွေးထွေးစွာ ထိန်းသိမ်းနိုင်ပေသည်။
ထို့ကြောင့် သူတို့ သိပ် မခံစားခဲ့ကြရပေ။
မူချင်းကောသည် ခန်းမ၏ ထောင့်တစ်နေရာတွင် ထိုင်နေသည်။ ထိုအခိုက်အတန့်တွင် သူမ၏ မျက်နှာပေါ်တွင် အံ့သြမှုတစ်ခု ပေါ်လာသည်။
အဘယ်ကြောင့်ဆိုသော် မူချင်းကောသည်လည်း တစ္ဆေနတ်ဆိုးစမ်းသပ်မှုသို့ဝင်ရောက်လာကတည်းက သူမသည် အခြားသူများပြောသည့်အတိုင်း သူမ၏ ကျင့်ကြံမှုအား ဖိနှိပ်ချုပ်ချယ်ခြင်းကို မခံစားခဲ့ရပေ။
သူမသည် အရာရာတိုင်းကို ယခင်အတိုင်းပင် ခံစားခဲ့ရသည်။
သူမ၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအားများကိုလည်း ချုုပ်နှောင်ထားခြင်းမရှိပေ။
သို့သော် မူချင်းကောသည် မလိုလားအပ်သော ပြဿနာများ ဖြစ်စေနိုင်သောကြောင့် ၎င်းကို ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပေ။
"နတ်သမီးလေးစုန်...ဒီမှာလား။"
ထိုအချိန်တွင် အပြင်ဘက်မှ အသံတစ်ခုထွက်လာသည်။
ဆေးဘုရင်တောင်ကြားမှလူများသည် အပြင်ဘက်သို့ လှမ်းကြည့်လိုက်ကြရာ သူတို့၏ မျက်ဝန်းများမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်သွားလေ၏။ မူချင်းကော ဤနေရာတွင် ရှိနေသည်ကို သူတို့သိကြသောကြောင့် ဖားပြုပ်များစွာက ငန်းမလေးကို စားလိုကြသည်။
ဆေးဘုရင်တောင်ကြားမှ သူများမှာ တစ်သုတ်ပြီးတစ်သုတ် မောင်းထုတ်နေရပေ၏။
သူတို့အား နားခွင့်မပေးသည်အထိ အပူကပ်ကြမည်ဟု မမျှော်လင့်ထားမိဘဲ တစ်ယောက်ပြီးတစ်ယောက် ရောက်လာနေတော့လေ၏။
ဆေးဘုရင်တောင်ကြာ၏ အကြီးအကဲ ယန်ကျန်းထောင်သည်ပင် မူချင်းကောအား ဤနေရာသို့ ခေါ်လာမိသည့်အတွက် အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။ မူချင်းကောသည် အသံကြားတိုင်း ထွက်ကြည့်သော်လည်း စိတ်အနှောက်အယှက်ဖြစ်စေသော ယင်ကောင်များမှာလည်း ထွက်မသွားသေးပေ။
မည်သူပင်ဖြစ်စေ မူချင်းကော က သူတို့ကို အမြန်မောင်းထုတ်ရန် အသင့်ပြင်လျက် ဆေးဘုရင်တောင်ကြား၏ တပည့်များကို မနှောင့်ယှက်ရန် တောင်းဆိုလေသည်။
သို့သော် မူချင်းကော အပြင်သို့လှမ်းလိုက်ရာ အသက်ငါးဆယ်ကျော်လောက်ရှိသည့် လူလတ်ပိုင်း အမျိုးသားတစ်ဦးကို တွေ့လိုက်ရလေ၏။
"ရှင်ဘယ်သူလဲ။"
မူချင်းကောသည် မြင်ဖူးနေကျမဟုတ်သော လူတစ်ဦးကို တွေ့လိုက်ရသည်။
"ကျုပ်က နတ်သမီးလေးစုန့်ကို ပစ္စည်းလေးပေးပို့ချင်လို့ ချန်ချင်းကုမ္ပဏီကိုယ်စားပြုပြီး လာခဲ့တဲ့ ကျန်းဟဲအိမ်တော်က ရှုချန်းအန်ပါ။"
ရှုချန်းအန်စကားဆုံးသောအခါ သူ့နောက်မှ သေတ္တာကြီးတစ်လုံးကို ယူလာလိုက်လေ၏။ သေတ္တာကြီးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် တဲနှစ်လုံးရှိလေသည်။
ထို့နောက် ချည်အိပ်ရာခင်း များစွာလည်း ပါပေ၏။
"ဒါက..."
ဆေးဘုရင်တောင်ကြားမှ တပည့်များသည် အလွန်ဝမ်းသာသွားကြသည်။ သူတို့သည် ယခုနက ရှေးဟောင်းတာအိုတောင်တန်းမြေမှ ရွက်ဖျင်တဲများကို သွားကြည့်ခဲ့ဖူးပြီး အလွန်မနာလိုဖြစ်ခဲ့ကြသည်။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ သူတို့အတွက်လည်း ပို့မည်ဟု မမျှော်လင့်ထားပေ။
"ကျေးဇူးတင်ပါတယ်။" မူချင်းကောကလည်း လက်သီးဆုပ်ဖြင့် အရိုအသေပေးသည်။
"ကောင်းပြီ ပစ္စည်းတွေလည်း ပို့ပြီးပြီဆိုတော့ ကျုပ်သွားပါတော့မယ်။" ရှုချန်းအန်က ထိုသို့ပြောပြီး နောက်လှည့်ကာ ထွက်သွားသည်။
"ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီက ငါတို့နဲ့ သဘောတူညီမှုရှိတယ်ဆိုပေမယ့် တစ်ခုခု ပိုဖို့ သူတို့သတိရမယ်လို့ မမျှော်လင့်ထားဘူး။" ယန်ကျန်းထောင်လည်း ထွက်လာကာ ခေါင်းတညိတ်ညိတ် ပြောသေလည်။။
"ဒီချန်ချင်း ကုန်သွယ်ရေးကုမ္ပဏီက စီးပွားရေးလုပ်ပုံလုပ်နည်းကို တကယ်သိတာပဲ။”
သို့သော် မူချင်းကောမှာမူ သိပ်စဉ်းစားမနေခဲ့ချေ။ ယင်းမှ လီချန်ချင်းမှ တခြားတစ်ယောက်ဆီကနေတစ်ဆင့် ပေးပို့ခိုင်းခြင်းဖြစ်မည်ကို သူမ သိပေ၏။
"သူ့မှာ အသိစိတ်နည်းနည်းတော့ ရှိသားပဲ။"
မူချင်းကော၏ နှုတ်ခမ်းပါးထက်တွင် ပြုံးရိပ်ယောင်လေး သန်းလာပေသည်။
ထိုအချိန်တွင် ဆေးဘုရင်တောင်ကြားမှ တပည့်များသည် တဲများကို ပျာယာခတ်လျက် စတင်တည်ဆောက်နေပြီဖြစ်သည်။
လီချန်ချင်းမလာသည့်အတွက် စိတ်မကောင်းဖြစ်မိပြီး ယင်းသည် မူချင်းကောကို ဝမ်းနည်းစေသည်။
နေ့လယ်ခင်းတစ်ခုလုံး ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်သည် လေတိုက်သံမှလွဲ၍ အခြားမည်သည့်အသံမျှ မကြားရဘဲ တိတ်ဆိတ်ငြိမ်သက်နေကာ လှုပ်ရှားသွားလာမှုများလည်း မရှိချေ။
တစ္ဆေဂိုဏ်းသည် ဤနေရာ၌ အမှန်ပင် ပေါ်လာပါ့မည်လောဟုပင် တွေးမိစေသည်။
ညနေစောင်းရောက်ချိန်၌ နေဝင်ခါနီးပြီဖြစ်၏။
လူတိုင်းလည်း အနည်းငယ် အနားယူပြီးခဲ့ကြပြီ ဖြစ်သည်။
သို့သော် ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များကို ကြည့်လိုက်ရာ သူတို့အားလုံးသည် နှင်းဆီရောင်သန်းနေသည့် အသားအရည်တို့နှင့်အတူ ပျင်းရိစွာ ဆန့်တန်းနေကြပြီး အလွန်ကောင်းမွန်စွာ အနားယူခဲ့ကြရပုံပေါ်သည်။
အခြားဂိုဏ်းများမှ တပည့်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့သည် လုံးဝကွဲပြားခြားနားသော အခြေအနေတွင် ရှိနေသည်။
ဂိုဏ်းကြီးများသည် ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ရှိ အဆောက်အအုံအချို့၌ နေရာယူပြီး အေးမြသောလေပြေအေးကို ရှောင်ခဲ့ကြသည်။ သို့သော် သေးငယ်သောဂိုဏ်းများနှင့် မိသားစုများသည် ရွေးချယ်ခွင့်မရှိကြဘဲ ပျက်စီးယိုယွင်းနေသောနေရာများကိုသာ ရွေးချယ်နိုင်ခဲ့ကြသည်။
အချို့နေရာများတွင် အကာအရံတစ်ဝက်သာရှိပြီး အနီးအနားတွင်လည်း အကောင်းပကတိအဆောက်အဦးများ မရှိချေ။
တစ္ဆေဂိုဏ်းသည် မည်သည့်အချိန်တွင် ပေါ်လာမည်ကိုလည်း မသိသောကြောင့် နေရာဝေးဝေးကိုမသွားရဲကြပေ။
ခပ်ဝေးဝေးနေရာများကို သွားမိလျှင် တစ္ဆေဂိုဏ်း ရုတ်တရတ် ပေါ်လာပြီး အဝိုင်းခံရမည်ကိုလည်း စိုးရိမ်ကြရပေ၏။