အခန်း (၁၅၉)
Vol. 16 Ch. 159
နေဝင်ချိန်၏ အလင်းရောင်သည် တဖြည်းဖြည်း မှောင်ရိပ်ခိုလာပြီဖြစ်သည်။
မီးသည် တောက်လောင်နေဆဲဖြစ်ပြီး လူတိုင်းသည် ၎င်းတို့၏ ပစ္စည်းများကို စစ်ဆေးပြီးနောက် ၎င်းတို့၏ ရိက္ခာခြောက်များကို ထုတ်ကာ မီးပုံကို ဝိုင်းလျက်ထိုင်နေကြသည်။
၎င်းတို့၏ အအေးရိုက်ကိတ်မုန့်များကို မီးဖြင့် အနည်းငယ် အပူပေးလိုက်လေ၏။
အေးခဲနေသော ဤရာသီဥတုတွင် အအေးရိုက် ကိတ်မုန့်သည် သံကဲ့သို့ မာကျောသည်။ သွားဖြင့်ကိုက်ခြင်းမှာ သွားများကျိုးလုမတတ် စိန်ခေါ်မှုတစ်ခုဖြစ်ပေ၏။
သူတို့သယ်လာသည့် အသားခြောက်များမှာလည်း သစ်သားတမျှ မာကျောပြီး ကိုက်၍မရပေ။ သူတို့သည် အစားအစာများအား အနည်းငယ်ပျော့သွားသည်အထိ သွားများဖြင့် ဖြည်းဖြည်းချင်းကြိတ်၍ ငုံထားပြီး ဖြည်းဖြည်းချင်းဝါး၍သာ မျိုချနိုင်ကြသည်။
ဖြည်းဖြည်းစားခြင်းသည် စစ်မှန်သော လေ့ကျင့်ခန်းတစ်ခုဖြစ်ပေ၏။
ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များသည် ရိက္ခာခြောက်များကို ထုတ်ယူကာ စားသောက်ရန် ပြင်ဆင်ကြသည်။
ဗိုက်မပြည့်လျှင် မည်သို့ တိုက်ကြမည်နည်း။
"ဒင်းဒေါင်..... ဒင်ဒေါင်..."
ထိုအချိန်တွင် ပြတ်သားသော ခေါင်းလောင်းသံ ထွက်ပေါ်လာပြီး အသံ၏ ဦးတည်ရာဆီသို့ လှည့်ကြည့်လိုက်သောအခါ လူတိုင်း အံ့အားသင့်သွားကြသည်။
အခြားဂိုဏ်းများမှ တပည့်အချို့လည်း ထိတ်လန့်တုန်လှုပ်သွားကြလေ၏။
ဘာတွေဖြစ်နေတာလဲ။
တစ္ဆေဂိုဏ်းက တိုက်ခိုက်တာလား။
"မင်းတို့အစားအစာတွေ လာယူကြ။" ကျန်းဟဲအိမ်တော်မှ အကြီးအကဲ ရှုချန်အန်းက ခေါင်းလောင်းကို ကိုင်လိုက်ကာ တပည့်အားလုံးကို အသိပေးလိုက်သည်။
"ကျန်းဟဲအိမ်တော်နဲ့ ရှေးဟောင်းတာအိုတောင်တန်းမြေကတပည့်တွေ လာစားကြပါ..." ရှုချန်အင်းက အော်ခေါ်လေ၏။
လာစားကြတဲ့လား.,...။
တပည့်အားလုံး အံ့သြသွားကြသည်။ ဂိုဏ်းက သူတို့အတွက် ရိက္ခာ ယူလာခဲ့တာလား။ ဩ
ဒါပေမယ့် ဒီလိုနေရာမျိုးမှာ သူတို့ဘာတွေယူလာနိုင်မှာလိမ့်....။
ရိက္ခာခြောက်တွေပဲ နေမှာပေါ့။
၎င်းကိုကြားသောာအခါ တခြားဂိုဏ်းကလူတချို့က ကျိန်ဆဲမိကြလေသည်။
“အစာစားချိန်လေးကိုများကွာ... အစာစားချိန်ကို အဲ့လိုရှုပ်အောင် အကျယ်ချဲ့နေတော့ ငါတို့က တစ္ဆေဂိုဏ်းက လာတိုက်တာများလားလို့။"
"အတိအကျပြောရရင်...တောင်ပွေ့တစ်ခုကို တောင်တစ်တောင်စာလောက် လုပ်နေတာပဲ။ ပေါင်မုန့်နဲ့ ကိတ်မုန့်စားရုံပဲကိုပဲ သူတို့မှာ ဘယ်လိုအရသာရှိတာမျိုးတွေ ရှိနေမှာမလို့လဲ။ ရယ်စရာပဲ။"
လူအများက အနည်းငယ် မကျေမနပ်ဖြစ်ခဲ့ကြသည်။
တပည့်များအားလုံး တဲကြီးရှေ့သို့ လျှောက်သွားကြလေ၏။ ထို့နောက် တဲရှေ့တွင် ကပ်ထားသော စာရွက်တစ်ရွက်ကို သတိပြုမိသည်။
ထမင်းပေါ်မှ ငါးအရသာရှိသော ဝက်သားပြား...။
ထမင်းပေါ်မှ မာပိုတို့ဟူး။
ထမင်းပေါ်မှ ဝက်သားကြော်။
ထမင်းပေါ်မှ ခရမ်းချဉ်သီးနဲ့ ကြက်ဥမွှေပါ။
ယနေ့အတွက်ဟင်းချို- ကြက်မှိုဟင်းချို။
ယင်းသည် တပည့်များအားလုံးကို အံ့ဩမှင်သက်သွားစေသည်။
ဒါက ဘာလဲ။
ဒီလို တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ အထားခံတဲ့ ပေါင်မုန့်၊ မုန့်လုံး နဲ့ အသားခြောက်ကဲ့လို ရိုးရှင်းတဲ့ အစားအစာများတွေကိုပဲ စားသင့်တာ မဟုတ်လား။
ဒါကဘာလဲ။
ထိုအချိန်တွင် ရှုချန်အန်းသည် အနက်ရောင်ဘူးကို ထုတ်လိုက်ပြီး လူတိုင်း၏အာရုံကို ဖမ်းစားလိုက်သည်။
"အားလုံးပဲ ဒီအစားအစာကို ဘယ်လိုစားရမလဲဆိုတာ ငါပြမယ်။"
ရှုချန်အန်းက လီချန်ချင်း သင်ပေးသည့်အတိုင်း သရုပ်ပြလေ၏။
"အပေါ်ဆုံးအလွှာက ထမင်းနဲ့ ဟင်းလျာတွေဖြစ်ပြီး အောက်ခြေကိုကြည့်ရင် အိတ်သေးသေးလေး တစ်ခုရှိတယ်။ အောက်ခြေမှာ ရေလောင်းထည့်ပြီးတာနဲ့ အဲ့အိတ်လေးကို စိမ်လိုက်ပါ။ ပြီးရင် ထမင်းနဲ့ ဟင်းလျာတွေကို အပေါ်ကနေ ထည့်ပြီး ဖုံးထားပါ။"
သူစကားပြောနေစဉ် ရှုချန်အန်းသည် ဘူးကို ဖုံးအုပ်လိုက်လေသည်။
အားလုံးက ဝိုးတိုးဝါးတားဖြစ်နေပြီး မည်သည်တို့ ဆက်ဖြစ်မည်ကို သိချင်နေမိကြသည်။
သို့သော် ထိုအချိန်တွင် သေတ္တာထဲမှ အသံတစ်ခုကြားလိုက်ရသည်။ ယင်းနောက် ဘူးထဲက အပူငွေ့များ ထွက်လာလေ၏။
"ဘယ်လိုဖြစ်နိုင်မှာလဲ။"
သူတို့ရှေ့က မြင်ကွင်းကြောင့် လူတိုင်း အံ့အားသင့်သွားကြသည်။
အခု ဘာတွေဖြစ်နေတာလဲ။၊
ရှုချန်အန်းသည် ရေအေးဖြင့် လောင်းချသည်ကို တွေ့လိုက်ကြသည်။ သို့သော် အချိန်အနည်းငယ်မျှဖြင့် အပူကို မည်သို့ထုတ်နိုင်မည်နည်း။
ဝတ္ထုထဲက မှော်ပညာတွေများ သုံးနေတာလား။
ရွှယ်ချမ်းပိုင်နှင့် စိတ်လှုပ်ရှားစွာစောင့်ကြည့်နေကြသည့် အခြားသူများသည်ပင် ထိုမြင်ကွင်းကို မယုံနိုင်လောက်အောင် ဖြစ်ကြရလေသည်။
လီကျင်းစုန့်လည်း အံသြသွားသည်။
လီကျင်းစုန့်သည် မြောက်ပိုင်းနှင့်တောင်ပိုင်းများသာမက ဆောင်ကြာမြိုင်များကိုပင် ခရီးလှည့်လည်လေ့ရှိပြီး သူ့ကိုယ်သူ တစ်ကမ္ဘာလုံးကို နှံ့နှံ့စပ်စပ်သိမြင်သူဟု ယူဆထားသော်လည်း ဤမြင်ကွင်းသည် ရှေးယခင် ပန်းချီသူတော်စင်ကိုပင် မယုံနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
"အနံ့ကမွှေးလိုက်တာ...။"
"မိနစ်၂၀လောက်နေရင် အဆင်သင့်စားလို့ရပါပြီ။" ရှုချန်အန်းအဖုံးကိုဖွင့်လိုက်သောအခါ အနံ့က သူတို့နှာခေါင်းထဲကို ချက်ချင်းရောက်သွားလေ၏။
ထမင်းပေါ်မှ ငါးအရသာရှိသော ဝက်သားပါးပါးလှီးထားသည့် ဟင်းလျာ၏ရနံ့သည် လူတိုင်းအား သွားရည်ယိုစေသည်။
အသား ၊ ဟင်းသီးဟင်းရွက် ၊ ထမင်း...အားလုံးမှာ ပူပူနွေးနွေးလေး ဖြစ်နေ၏။
လက်နက်အဖြစ်ပင် သုံး၍ ရသည့် သူတို့ရဲ့လက်ထဲက ကိတ်မုန့်ခဲကို ကြည့်ပြီး မည်သူက စားချင်တော့မည်နည်း။
"တန်းစီပြီး လာယူပါ။" ရှုချန်အန်းက ညွှန်ကြားသည်။ လူတိုင်းသည် ချက်ချင်းပင် ဆူညံလာပြီး အမြန်တန်းကြသည်။
"ဘာစားချင်လဲ။"
"ကျွန်တော်...ကျွန်တော် မာပိုတို့ဟူး လိုချင်တယ်။"
"နောက်တစ်ယောက်...."
လီချန်ချင်းသည် တဲထဲတွင် အစားအသောက် ကျွေးမွေးရန် တာဝန်ယူထားသည်။
လီချန်ချင်းသည် ယခုနက ပြင်ဆင်ထားသည့် အေးခဲရိုက် ကြက်သားတစ်ပိုင်းနှင့် ဟင်းချိုတစ်ပန်းကန်စီကိုလည်း ၎င်းတို့အား ပေးလေ၏။ ရေနွေးလေး ထည့်လိုက်ရုံဖြင့် ဟင်းချိုပူပူလေးကို သုံးဆောင်ရမည် ဖြစ်သည်။
မီးဖိုပေါ်မှာ ရေများ ပွက်ပွက်ဆူနေပြီဖြစ်၏။
လူတိုင်းမှာ စူးစမ်းလိုစိတ်အပြည်န့င့် ကလေးတစ်ယောက်ကဲ့သို့ပင် သူတို့အစားအစာကို စီတန်းယူပြီးနောက် ထမင်းကို ကိုယ်တိုင်အပူပေးစားရန် နေရာရှာကြလေသည်။
ဤအရာသည် သူတို့အတွက် အစားအသောက်တစ်ခုတင်သာမကဘဲ သူတို့၏ စူးစမ်းလိုစိတ်ကိုပင် နှိုးဆော်ပေးကာ ပျော်ရွှင်ဖွယ်ကောင်းပုံပေါ်သည်။
လီကျင်းစုန့်နှင့် အခြားသူများပင် ဝေစုတစ်ခုရယူရန် လာခဲ့ကြသည်။
ခဏကြာသောအခါ ရနံ့မျိုးစုံ ပျံ့လွင့်လာပေ၏။
ရနံ့များသည် ခြံဝင်းအပြင် ကောင်းကင်ချေဖျက်ဝိညာဉ်မြို့တော်တစ်ခွင် လွင့်ပျယ်သွားလေ၏။
"အဲ့အနံ့ကဘာလဲ။"
တပည့်တစ်ဦး၏ နှာခေါင်းရှုံ့၍ ရှုကြည့်ကာ မွှေးရနံ့က သူ့မျက်လုံးများကို တောက်ပသွားစေ၏။
အစားအသောက် အနံ့.....
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီအနံ့က ဘယ်ကလာတာလဲ။ ဒီမှာ စားစရာမှ မရနိုင်တာ။
ထိုအချိန်တွင် မရေမတွက်နိုင်သော လူများက အနံ့ကို သတိပြုမိပြီး အနံ့လားရာကိုလိုက်လာကြလေ၏။
ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များသည် ထမင်းပူပူ နှင့် မွှေးကြိုင်သော ဟင်းလျာများကို မြိန်ရှက်စွာ စားသုံးနေပြီး တစ်ဦးချင်းစီသည် ဟင်းချိုပန်းကန်းလုံးများကိုပင် ကိုင်ထားကြသည်ကို တွေ့လိုက်ကြရာ မသည်းခံနိုင်ကြတော့ပေ။
မတရားမှုဟူသော ခံစားချက်က သူတို့အတွေးထဲ ဝင်လာလေ၏။
ဂိုဏ်းခေါင်းဆောင်များပင်လျှင် သွားရည်များကို မထိန်းနိုင်ကြတော့ပေ။
“သွားစမ်းပါကွာ..." ဂိုဏ်းခေါင်းဆောင်တစ်ဦးက ဒေါသတကြီးဖြင့် သူ့လက်ထဲမှ ပန်ကိတ်ကို မြေပြင်ပေါ်သို့ ပစ်ချလိုက်သည်။ ပန်ကိတ်သည် မြေပြင်ပေါ်ရှိ အစိမ်းရောင်အုတ်ခဲနှင့်ပင်လျှင် ကွဲကြေအောင် အားအတော်လေး သုံးရပေသည်။ ထို့နောက် သူသည် ကျိန်ဆဲလေတော့သည်။
"သွားလုကြအောင်...."
ထိုအခါ ဂိုဏ်းငယ်တစ်ခု၏ခေါင်းဆောင်က သရော်ကာ ပြောသည်။
"အထဲမှာ ချင်းရွှယ်ဓားသခင်ရယ် ချင်းလဲ့ဓားသခင်ရယ် မူလအဆင့်ရဲ့ ထိပ်တန်းစွမ်းအားရှင် လီကျင်းစုန့်လည်းရှိတယ်။ ရှေးဟောင်းတာအိုတောင်တန်းမြေရဲ့ တရားဥပဒေစိုးမိုးခြင်းတောင်ထိပ်က စွမ်းအားရှင် ဝူဝမ်ယင်ဟာလည်း မူလအဆင့်ရဲ့ အထွတ်အထိပ်မှာနော်။"
"အဲဒါက အထူးအဆင့်လေးယောက်အားနဲ့ ညီမျှတယ်။ ခင်ဗျားသွားချင်ရင်သွားပေါ့ ကျုပ်တော့မသွားဘူး။"
ထိုစကားကိုကြားသောအခါ လူတိုင်း အားလျော့သွားကြသည်။
လုယက်ရန် အကြံပေးသော ဂိုဏ်းခေါင်းဆောင်သည်ပင် ပန်ကိတ်မုန့်ကို မြေပြင်မှ တိတ်တဆိတ် ကောက်ယူခဲ့သည်။
သို့သော် သူတို့၏ တပည့်များသည် ဖြစ်ကတက်ဆန် စားကြရသည်ကို မြင်သောအခါ မျက်ရည်များပင် ကျမိလေသည်။
"အေ့...."
ထိုအချိန်တွင် ကျိုးကျွင်းသည် အလွန်အင်မတန်ပင် ဗိုက်ပြည့်တင်းနေပြီး တဲထဲတွင် မှီလျက်ပြောသည်။
"တစ္ဆေစမ်းသပ်မှုမှာ ပါဝင်ခဲ့ကြဖူးတဲ့ ရှေးဟောင်းတာအိုတောင်တန်းမြေက စီနီယာတွေတော့ ငါတို့ ပြန်လာရင် အံ့ဩကုန်ကြတော့မယ်ထင်တယ်။"
"သူတို့က ဒဏ်ရာတွေနဲ့ ပြန်လာကြရတာ။ ငါတို့ကတော့ ဝိတ်တွေတက်ပြီး ပြန်လာကြရတာလေ။"
"ဟား...ဟား..."
အားလုံး ရယ်မောမိကြသည်။
အပြင်က မုန်းတီးနေကြသည့် အကြည့်များကို သူတို့ လုံးဝ ဂရုမစိုက်ကြချေ။
ယင်းမှာ လီချန်ချင်းလိုချင်သည့် သက်ရောက်မှု အတိအကျပင် ဖြစ်သည်။
ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီ၏ ကြော်ငြာသည် လိုချင်သော အကျိုးသက်ရောက်မှုကို သိသာထင်ရှားစွာ ရရှိခဲ့သည်။
ထိုအချိန်တွင်ပင် ကြွေကျနေသော ကြယ်တစ်လုံးကဲ့သို့ ပုဂ္ဂိုလ်တစ်ဦးသည် ခြံဝင်းထဲသို့ ဆင်းလာခဲ့သည်။
ထိုအခါ အားလုံး မျက်မှောင်ကြုတ်သွားကြသည်။
၎င်းတို့သည် ၎င်းတို့၏နယ်မြေများကို ပိုင်းခြားထားပြီးဖြစ်ကာ အခြားသော ဂိုဏ်းများကို ဝင်ခွင့်မပြုပေ။ တစ်စုံတစ်ယောက်က စကားတစ်ခွန်းမှ မဟဘဲ ဝင်လာခြင်းသည် စစ်ကြေညာခြင်းနှင့် ညီမျှသည်။
အထက်စီးဆန်ဆန်နဲ့ ဘယ်သူလဲဟ။