← Chapters

အခန်း (၁၆၀)

Vol. 16 Ch. 160

အခန်း (၁၆၀)

Vol. 16 Ch. 160

မည်သူမည်ဝါဖြစ်ကြောင်းတွေ့သောအခါ တပည့်များ၏ အမူအရာများ ပြောင်းသွားပြီး သူတို့၏အကြည့်များ အားလုံးက လီဟမ်ရှန်းဆီ လှည့်သွားကြလေ၏။

လီချန်ချင်းသည် ဝင်လာသူကို ကြည့်ပြီး ပြုံးပြပေသည်။ ယင်းမှာ သူ့ချွေးမလေး ဖြစ်လေ၏။

လုရှီရန်ကလွဲရန် ဘယ်သူဖြစ်မှာလဲ။

"ရှီရန်...."

ထိုအချိန်တွင် နောက်မှ လိုက်လာသူမှာ လုဟန်ရန် ဖြစ်သည်။

လုဟန်ရန်သည် ရွှယ်ချမ်းပိုင်နှင့် အခြားသူများကို တောင်းပန်လေ၏။

"စိတ်အနှောင့်အယှက်ဖြစ်မိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်မတပည့်က ဒီကိုပြေးလာလို့ပါ။ ကျွန်မ သူ့ကို အခုပြန်ခေါ်သွားပါ့မယ်။"

"ရှီရန်...ငါနဲ့အတူ ပြန်လိုက်ခဲ့။" လုဟန်ရန်က လုရှီရန်ကို ကြိမ်းမောင်းသည်။

သို့သော် လုရှီရန်သည် လီဟမ်ရှန်းကို စိုက်ကြည့်နေပြီး လီဟမ်ရှန်းကိုပင် ကြက်သီးမွှေးညင်းထသွားစေသည်။ ငါ့ကိုသတ်မယ့်ကောင်မလေးက ဒီရောက်နေတာလား။

ကျေးဇူးပြုပြီး ဒီစိတ္တဇမလေးကို ဒီကနေ မြန်မြန်ထွက်သွားအောင် လုပ်ပေးလို့ မရဘူးလား။

"ဆရာ.... လူနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်မြတ်နိုးကြတဲ့အခါ အတူတူနေကြတယ်။ အတူတူစားကြတယ်။ အတူတူအိပ်ကြတယ်ဆို။ အခုက လက်တွေ့ပဲ မဟုတ်လား။"

လုရှီရန်က လုဟန်ရန်အား မေးလေသည်။

အားလုံးမှာ လုဟန်ရန်ကိုသာ ကြည့်မိလိုက်ကြသည်။ ကွမ်လန်နန်းတော်မှာ မင်းရဲ့တပည့်ကို ဒါတွေသင်ပေးထားတာလား။"

"ကျွန်မ ပြောခဲ့ပါတယ်။ ဒါပေမယ့်..." လုဟန်ရန် စကားမဆုံးခင်မှာပဲ လုရှီရန်က လီဟမ်ရှန်းဆီ လျှောက်သွားပြီ ဖြစ်သည်။

လီဟမ်ရှန်းသည် သူ့လက်ထဲက အင်မော်တယ်အရှင်သခင်လှံကို ချက်ချင်းဆုပ်ကိုင်လိုက်လေသည်။

"ယောကျ်ား....ရှင် လူယုတ်မာတစ်ယောက်ဖြစ်ခဲ့တာကို ကျွန်မ ခွင့်လွှတ်ပေးပါတယ်။ ကျွန်မ ဗိုက်ဆာတယ်။ ကျွန်မ အစားစားချင်တယ်။" လုရှီရန်က ပြောသည်။

"ငါက မင်းရဲ့ခင်ပွန်းမဟုတ်ဘူး။" လီဟမ်ရှန်း မပြောဘဲ မနေနိုင်တော့ပေ။

"ကျွန်မတို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေ ရှိနေကြတယ်လေ။ ဒါဟာ ဆရာ ပြောသလို မြင်မြင်ချင်း အချစ်ဖြစ်တာကြောင့် ရှင့်ကို ကျွန်မရဲ့ ခင်ပွန်း ဖြစ်ဖို့ ရည်မှန်းထားတယ်။ ကျွန်မ ဗိုက်ဆာနေပြီ။ ကျွန်မကို ရှင်အစားကျွေးရမယ်။ ဒါ ရှင့်ရဲ့ တာဝန်ပဲ။"

လုဟန်ရှန်က လီဟမ်ရှန်းကို လေးလေးနက်နက် ပြောလေ၏။

"ကလေး..."

ထိုအချိန်တွင် လုဟန်ရန် သည်းမခံနိုင်တော့ပေ။ လုရှီရန်က လီဟမ်ရှန်းကို အလွန်စွဲလန်းလွန်းနေသည်။ ဘာတွေဖြစ်နေတာလဲ။

လုရှီရန်သည် အလွန်ထက်မြက်ပြီး အနာဂတ်တွင် ကွမ်လန်နန်းတော်၏ ပင်မထောက်တိုင်ဖြစ်လာမည်မှာ သေချာပေ၏။ သူမအား ကွမ်ကျူနှင့်ပင် နှိုင်းယှဉ်နိုင်သည်။ ယခုကဲ့သို့ အချစ်နွံထဲ နစ်ဆင်းခွင့် မည်သို့ ပို့နိုင်မည်နည်း။ ပို၍အရေးကြီးသည်မှာ သူ့ရှေ့ရှိ လီဟမ်ရှန်းသည် ကွမ်လန်နန်းတော်၏ သမက်စံနှုန်းနှင့်မကိုက်ညီပေ။

လုရှီရန် ၏အပြုအမူသည် သူမကို အမှန်တကယ်ဒေါသထွက်စေသော်လည်း သို့သော် လုရှီရန်အား ဆူပူ၍လည်း မဖြစ်ပြန်ချေ။ ထို့ကြောင့် သူမ လီဟမ်ရှန်းကို ကြည့်ကာ သူမ၏ အရှိန်အဝါများ ရုတ်တရတ် လွှမ်းမိုးသွားလေ၏။

"မင်းဘာလုပ်တာလဲ။ ရှီရန်က မင်းကို ဘာလို့ သဘောကျနေရတာလဲ။ သူက ငါ့ရဲ့ ကွမ်လန်နန်းတော်က တပည့်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့အလှတရားကလည်း နှိုင်းယှဉ်မရပါဘူး....မင်း...မင်းက ရှီရန်နဲ့ မထိုက်တန်ဘူး။"

"မင်းကို ငန်းအသားစားချင်တဲ့ ဖားပြုတ်တစ်ကောင်မဖြစ်စေနဲ့လို့ ငါအကြံပေးချင်တယ်။"

သူမ၏ ရောင်ဝါများ ထွက်လာသည်နှင့် တပြိုင်နက် လီဟမ်ရှန်းသည် တောင်ကြီးတစ်ခု၏ ဖိနှိပ်ခံရသကဲ့သို့ ပြင်းထန်သော ဖိအားတစ်ခု ခံစားခဲ့ရသည်။

သူဘာလုပ်မိလို့လဲ။

ဘာမှမလုပ်မိပါဘူး။ နှစ်ယောက်လုံးက နတ်ဘုရားကိုယ်ထည်တွေရှိတာကြောင့် အချင်းချင်း ဆွဲငင်နေကြတာပါ။

သို့သော် လီဟမ်ရှန်းသည် သူ၏ နေလအင်မော်တယ်နတ်ဆိုးကိုယ်ထည်ကို မထုတ်ဖော်ချင်ပေ။

လုဟန်ရန်၏စကားများသည် အနည်းငယ် ရန်လိုသည်ဟု ထိုနေရာတွင် ရှိနေသူတိုင်း ခံစားမိကြပြီး သူမက လီဟမ်ရှန်းအား ရှုံ့ချသည့် သဘောဖြစ်နေခဲ့သည်။

"ဟမ့်...." ထိုစဉ် ရွှယ်ချမ်းပိုင်သည် လီဟမ်ရှန်း၏ရှေ့တွင် ရပ်ကာ ဖိနှိပ်ချုပ်ချယ်နေသော ရောင်ဝါကို ဖြည်းညှင်းစွာ ချေမှုန်းလိုက်ပြီး လုဟန်ရန်အား ပြောသည်။

"နတ်သမီးဟန်ရန်....မင်းအတော်လေး လွန်နေပြီ။"

"ကျွန်မပဲ လွန်တာလား ရှင့်ရဲ့တပည့်ကပဲ ကလိမ်ကကျစ်ကျတာလား ခုထိ မရှင်းသေးဘူးနော်။။" လုဟန်ရန်က ဖြည်းညှင်းစွာပြောလိုက်သည်

"အဓိပ္ပါယ်မရှိတာတွေကို ပြောနေတာ ဘယ်သူလဲဆိုတာ ကျုပ်ကြားပါရစေ။"

ရွှယ်ချမ်းပိုင်စကားမပြောမီတွင် ကျောရိုးများပင် စိမ့်အေးသွားစေသည့် လေကဲ့သို့ အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။

ထိုအအေးဓာတ်က ကမ္ဘာကြီး၏အပူချိန်ကိုပင် ဒီဂရီအနည်းငယ် ကျဆင်းသွားပုံပေါ်လေ၏။ အေးစက်မှုကြောင့် အချိန်များပင် နှေးကွေးသွားတော့သည်။

ထိုနေရာတွင် ရှိနေသူအားလုံး တုန်လှုပ်ချောက်ခြားမိကြသည်။

လုဟန်ရန်လည်း မျက်မှောင်ကြုတ်လိုက်သည်။ သူမအား မည်သူမျှ ထိုသို့မပြောဖူးပေ။

သူမသည် ထိုသို့ပြောသောသူမှာ ရှေးဟောင်းတာအိုတောင်တန်းမြေမှ တစ်စုံတစ်ယောက်ဟုထင်ကာ ကြည့်လိုက်သော်လည်း ပြောသူမှာ လီချန်ချင်းဖြစ်နေသည်ကို မြင်သောအခါ အံ့သြသွားမိသည်။

ရှေးဟောင်းတာအိုတောင်တန်းမြေရဲ့တပည့်က ကျန်းဟဲအိမ်တော်နဲ့ ဘာဆိုင်လို့လဲ။

"ချင်းလဲ့ဓားသခင်....ဒါက ဘာကိုဆိုလိုတာလဲ။" လုဟန်ရန်က ဒေါသကို ထိန်းကာ ပြောလိုက်သည်။

"သူက မင်းကို နှောင့်ယှက်လို့လား။" လီချန်ချင်းက လီဟမ်ရှန်းအား ကြည့်လိုက်သည်။

"တစ္ဆေလျှိုစောက်မှာ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကစလို့ လီဟမ်ရှန်းကို ချဉ်းကပ်ဖို့ အစပြုခဲ့တာ မင်းရဲ့ ကွမ်လန်နန်းတော်က လုရှီရန်ပဲ။ အခုကိစ္စကလည်း ခုနတုန်းကအတိုင်းပဲ။ မင်းရဲ့အမှားအတွက် ဒီကလေးကို အပြစ်တင်နေတာ။ မင်းပြောနေတာတွေက ကျိုးကြောင်းဆီလျော်တယ်လို့ မင်းထင်လား။"

"မင်းရဲ့ ပါရမီရှင်တစ်ယောက်ဆိုတော့ တခြားသူတွေက သူမနဲ့ မထိုက်တန်ဘူးလား။ ကျုပ်အမြင်အရတော့ အတော်ဆုံးဆိုတဲ့ ပါရမီရှင်တောင်မှ အသုံးမဝင်ဘူး။ ဘာပဲဖြစ်ဖြစ် လီဟမ်ရှန်းက သာမန်လူတစ်ယောက်ပါ။ ဒါပေမယ့် ဒီပါရမီရှင်လို့ ခေါ်တဲ့ ကလေးမလေးက မင်းရဲ့ ကွမ်လန်နန်းတော်က အထွတ်အထိပ်လက်အောက်မှာ ကျင့်ကြံခဲ့တာ။ ဒီကလေးမလေးအတွက် တကယ် စိတ်မကောင်းဖြစ်မိတယ်။"

လီချန်ချင်း၏ စကားလုံးများသည် လုဟန်ရန်အား မျက်နှာထောက်ထားမနေဘဲ ပြတ်သားလှသည်။

ထိုနေရာတွင် ရှိနေသူအားလုံး အံ့ဩမှင်သက်သွားကြရလေ၏။ လီချန်ချင်းသည် ရှေးဟောင်းတာအိုတောင်တန်းမြေတပည့်အတွက် အဘယ်ကြောင့် ရပ်တည်ပေးကာ ကွမ်လန်နန်းတော်၏ ကျွမ်းကျင်ပညာရှင်ကို ရန်စ၍ အရဲစွန့်ခဲ့သည်ကို မသိခဲ့ကြပေ။

လီဟမ်ရှန်း ကိုယ်တိုင်လည်း အံ့သြသွားသည်။

လုဟန်ရန်က ထိုကဲ့သို့ပြောသည်ကို လီဟမ်ရှန်း စိတ်မသက်မသာ ခံစားခဲ့ရသည်။ သို့သော် လီဟမ်ရှန်း ဘာပြန်ပြောနိုင်မည်နည်း။ သူမသည် ကွမ်လန်နန်းတော်မှ အထူးအဆင့်တစ်ဦးဖြစ်သည်။ သူမ၏ ထွက်သက်ဝင်သက်က လီဟမ်ရှန်းအား ပြာအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်ဟု ဆိုဖြင်းသည် ချဲ့ကားပြောဆိုခြင်းမဟုတ်ပေ။ သို့ဖြစ်၍ သူမအား ရန်သွားမစရဲချေ။

သို့သော် ဤနေရာတွင် ရွှယ်ချမ်းပိုင်ရှိနေလျှင် လုဟန်ရန်အနေနှင့် သူ့အား အလွန်ဆုံး ဆူပူကြိမ်းမောင်းခြင်းသာ လုပ်နိုင်ပြီး ဘာမှလုပ်မည်မဟုတ်ကြောင်း သူယုံကြည်ခဲ့သည်။ သူ့အတွက် ရပ်တည်ပေးမည့်လူကို သူဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ချေ။

ထို့ပြင် ထိုလူဟာ ချင်းလဲ့ဓားသခင်ဖြစ်လိမ့်မည်ဟုလည်း တစ်ခါမှ မတွေးခဲ့ဖူးပေ။

"ရှင်...."

ထိုစကားကို ကြားသော အခါ လုဟန်ရန်၏ မျက်နှာမှာ ဒေါသထွက်သွားလေ၏။

"နောက်ဆုံး ခွဲခြမ်းစိတ်ဖြာမှုအရတော့ ဒီကိစ္စက ရှင့်ရဲ့ ကျန်းဟဲအိမ်တော် နဲ့ ဘာမှ မဆိုင်ပါဘူး။ တစ်ယောက်ယောက်က ကျွန်မကို သင်ခန်းစာ ပေးချင်တယ်ဆိုရင်တောင် အဲ့ဒါက ရှေးဟောင်းတာအိုတောင်တန်းမြေက လူတွေပဲ ဖြစ်သင့်တယ်။

ရှင်က တခြားသူတွေရဲ့ ကိစ္စမှာ ဝင်စွက်ဖက်နေတာမဟုတ်ဘူးလား။" လုဟန်ရန်မှာ အံကြိတ်ကာ မျက်လုံးများတွင်လည်း ဒေါသများ ပြည့်လျှံနေပေ၏။

"ကျုပ်ဒီကလေးကို အရမ်းသဘောကျပြီး သူ့ကို ကာကွယ်ပေးချင်တယ်။"

လီချန်ချင်းက ခေါင်းမော့ရင်တော့ကာ ပြောသည်။

"အဲ့လိုဆိုတော့ရော ဘာဖြစ်လဲ။ မင်းရဲ့လူကို မြန်မြန်ခေါ်သွားလိုက်တော့။ ဒါက ကျုပ်တို့ ကျန်းဟဲအိမ်တော်နဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ နယ်မြေပါ။ မင်းတို့က ခွင့်ပြုချက်မရဘဲ ဖောက်ထွင်းဝင်ရောက်ခဲ့တာ။ ကျုပ်မင်းတို့ကို အရေးတယူမပြုတာပဲ ယဉ်ကျေးလွန်းနေပါပြီ။ ခင်ဗျားထွက်မသွားသေးဘူးဆိုရင် ကျုပ်ကျိန်ဆဲခါမှ အပြစ်မတင်ပါနဲ့။"

လေထုသည် တင်းမာမှုများနှင့် ပြည့်နှက်နေပေ၏။

လူတိုင်း အံသြသွားကြသည်။

ဘယ်ကနေ ဘယ်လို စပြီး အငြင်းအခုံဖြစ်သွားကြတာလဲ။

လီဟမ်ရှန်းကြောင့်လား။

"ဟမ်..." လုဟန်ရန် ဒေါသများထွက်လာပြီး လေထဲတွင်လည်း သူ့အဝတ်အစားများ တဖျတ်ဖျတ်ခပ်နေပေ၏။

"ချင်းလဲ့ဓားသခင် ကျွန်မတို့က အစတုန်းက ကိုယ့်ကိစ္စကိုယ်ပဲ အာရုံစိုက်နေကြပေမယ့် ရှင်က ကျွန်မကို ရန်စလိုက်တာပဲ။ ကျွန်မ လျစ်လျူရှုလိုက်ရင် ကျွန်မရဲ့ ကွမ်လန်နန်းတော်အတွက် ကျွန်မ မျက်နှာပျက်ရမှာမဟုတ်လား။"

"မင်းမှာ ပျက်စရာ မျက်နှာရော ရှိသေးလား။" လီချန်ချင်းက ရယ်မောလိုက်သည်။

"ကျုပ်တော့ မမြင်မိပါဘူး။ အထူးအဆင့်တစ်ယောက်ဟာ ပြန်လည်မွေးဖွားခြင်းအဆင့် ကလေးတစ်ယောက်ကို အနိုင်ကျင့်ဖို့ တခြားဂိုဏ်းရဲ့ နယ်မြေထဲကို ဝင်လာခဲ့တာလေ။ မင်းမှာ ပျက်စရာမျက်နှာ ရှိသေးရဲ့လားလို့တောင် စိုးရွံ့မိတယ်။ ဒါပေမယ့် မင်းက အရည်တော်တော်ထူပုံပဲ။"

"မင်းရဲ့ ထူထဲတဲ့ အရေခွံတွေကို မြို့တံခါးမှာ ဘာလို့ ဆွဲမထားတာလဲ။ ငါတို့ တစ္ဆေဂိုဏ်းကို ထပ်ပြီး ပိတ်ဆို့ဖို့ မလိုတော့ဘူးပေါ့။ တစ္ဆေဂိုဏ်းထဲက တစ်ယောက်ယောက်တောင်မှ မင်းရဲ့အရေထူထူကို ဖြတ်ကျော်သွားနိုင်ပါ့မလား။" လီချန်ချင်း၏ သရော်လှောင်ပြောင်မှုကြောင့် လုဟန်ရန်၏မျက်နှာသည် ဖျော့တော့သွားခဲ့သည်။

"ရှင်က ကိုယ့်ကိုယ့်ကို စိတ်ကြီးဝင်နေတဲ့အတွက် ရှင့်ရဲ့ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံက သူတို့ပြောသလိုပဲ အစွမ်းထက်သလား စမ်းကြည့်ကြရသေးတာပေါ့။" လုဟန်ရန်၏ အသံသည် အေးစက်နေသည်။ လီချန်ချင်းအား ငြင်းခုံခြင်းမပြုနိုင်သည်ကို သူမ သိသောကြောင့် လီချန်ချင်းအား သင်ခန်းစာတစ်ခုပေးလိုသည်။

"ကျုပ်ရဲ့ချင်းလဲ့ဓားခုနစင်းဖွဲ့စည်းပုံကို တွေ့မြင်ချင်တယ်ဆိုတော့ ကျေနပ်အောင် လုပ်ပေးရသေးတာပေါ့။" လီချန်ချင်း၏ လက်ဖဝါးများ တုန်ခါသွားရာ ဓားသေတ္တာ ချက်ချင်းပွင့်သွားလေ၏။

ထို့နောက် ချင်းလဲ့ဓားခုနစ်စင်းသည် ချက်ချင်းဆိုသလို လွင့်ပျံသွားပြီး ကောင်းကင်ကို ဓားစွမ်းအင်များဖြင့် ပြည့်နှက်သွားစေသည်။

ဤအခိုက်အတန့်တွင် ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ကြီးတစ်ခုလုံး တုန်လှုပ်သွားလေ၏။

ဘာတွေဖြစ်နေတာလဲ။ သူတို့ ဘာလို့ တိုက်နေကြတာလဲ။

ရွှယ်ချမ်းပိုင်မှလွဲ၍ ရှေးဟောင်းတာအိုတောင်တန်းမြေမှ အခြား သုံးဦးသည် အလွန်အံ့သြသွားကြသည်။

ချင်းလဲ့ဓားဘုရင်က စိတ်ထားကောင်းပြီး စရိုက်ကောင်းပုံပါပဲ။ ဘာလို့ လီဟမ်ရှန်းအတွက် ဒေါသထွက်ပြီး တိုက်ခိုက်ရတာလဲ။

{လူတချို့မှာ သေဆုံးသွားခဲ့သော်လည်း လုံးဝ မသေဆုံးခဲ့ချေ...။}

All Chapters