← Chapters

အခန်း (၁၆၁)

Vol. 16 Ch. 161

အခန်း (၁၆၁)

Vol. 16 Ch. 161

လီချန်ချင်း၏ လုပ်ရပ်ကို ပရိသတ်အနည်းငယ်သာ နားလည်နိုင်ကြသည်။

ရွှယ်ချမ်းပိုင်မှ လွဲ၍....

ရွှယ်ချမ်းပိုင်သည် လီချန်ချင်း အဘယ်ကြောင့် စိတ်ဆိုးသည်ကို နားလည်ခဲ့သည်။ သူသည် တုန်နေအောင်ချစ်သော ဖခင်တစ်ဦးဖြစ်ပြီး တစ်စုံတစ်ဦးသည် သူ့ရှေ့တွင် သူ့သားကို အနိုင်ကျင့်ဝံ့ခဲ့ပေသည်။ ၎င်းကို သူမည်သို့ ခံနိုင်ရည်ရှိနိုင်မည်နည်း။

လီချန်ချင်းဘေးနားတွင် နတ်စွမ်းအားလက်နက်ခုနစ်ခု ပျံဝဲနေလေသည်။ လုဟန်ရန်၏ မျက်လုံးများသည် အေးစက်သွားကာ ကျယ်လောင်သော အသံတစ်ခု သူ့ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာသည်။

သိမ်မွေ့သောအသံအောက်တွင် လုဟန်ရန်တစ်ဝိုက် လွင့်မျောနေသော နှင်းပွင့်များသည် လေထုအလယ်တွင် အေးခဲနေပြီး နှင်းခဲအက်ကွဲကြောင်းများ ပေါ်လာကာ ကမ္ဘာကြီးမှာ အေးခဲနေသော လွင်ပြင်ထဲသို့ ထိုးကျသွားသည့်နှယ် ရှိလေ၏။

လုဟန်ရန်၏ ခွန်အားသည် ကြောက်ဖွယ်ကောင်းသည်မှာ သံသယဖြစ်ဖွယ်ပင် မရှိချေ။

လီချန်ချင်းသည် သတိကြီးစွာထားတတ်သူဖြစ်သည်။ သံဓားသွားဂိုဏ်း၏ ယခင်ခေါင်းဆောင် ယုဖန်ရှန်းက သူ့ကို စိန်ခေါ်သောအခါ လီချန်ချင်းသည် ယုဖန်ရှန်း၏ အစွမ်းသတ္တိကို မသိဘဲ ရှုံးနိမ့်မည်ကို စိုးရိမ်သဖြင့် မတိုက်ခိုက်ချင်ပေ။

ယုဖန်ရှန်း၏ စွမ်းအားသည် သူတွေးထားသလောက် ကြောက်မက်ဖွယ်မဟုတ်ကြောင်း သူသိလိုက်ရမှသာလျှင် စိန်ခေါ်မှုကို လက်ခံဝံ့လေသည်။

သို့သော် လုဟန်ရန်နှင့် ရင်ဆိုင်ရသည်ကိုမူ လီချန်ချင်း လုံးဝ ဂရုမစိုက်ချေ။

"သန်မာသည်ဖြစ်စေ အားနည်းသည်ဖြစ်စေ ငါတိုက်မယ်....။"

"ငါ့ရှေ့မှာ ငါ့သားကို အနိုင်ကျင့်ရဲတာလား။"

"မင်းကိုတိုက်ဖို့ ငါအသက်စွန့်မယ်။"

တစ်ခဏအတွင်း ကမ္ဘာကြီးတစ်ခုလုံး ပို၍ ဖိစီးလာပေသည်။ စွမ်းအားကြီးသော သက်ရှိများစွာတို့သည် ဤကိစ္စကို အာရုံစိုက်လာကြသည်။ တစ္ဆေဂိုဏ်းအား မတိုက်ခိုက်ခင်မှာ ချင်းလဲ့ဓားသခင်နှင့် လုဟန်ရန်တို့ တိုက်ပွဲဝင်တော့မည်ဟု သူတို့ ဘယ်တုန်းကမှ မမျှော်လင့်ထားပေ။

"တော်လောက်ပြီ။"

ဤအခိုက်အတန့်တွင် သူတို့နှစ်ဦးကြားတွင် ရုပ်သွင်တစ်ခုပေါ်လာသည်။

ထိုစဉ် ရွှယ်ချမ်းပိုင်သည် ရှေ့သို့ တိုးလာခဲ့သည်။

"တစ္ဆေဂိုဏ်းက ခုထိမရောက်သေးဘူ။" မင်းတို့အချင်းချင်း တိုက်ခိုက်နေကြပြီ။"

ရွှယ်ချမ်းပိုင်က လီချန်ချင်းအား မျက်မှောင်ကြုတ်ပြသည်။

"အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေရဲ့ တပည့်များစွာရှေ့မှာ ပြကွက်တစ်ခု ဖန်တီးတာက ဟာသတစ်ခုပဲ။"

ထို့နောက် သူက လုဟန်ရန်ဘက်သို့လှည့်၍ ပြောသည်။ "နတ်သမီး ဟန်ရန်....ဒါက ကျုပ်တို့ ရှေးဟောင်းတာအိုတောင်တန်းမြေရဲ့ နေရာပါ။ မင်းလူကို ငါတို့နယ်မြေကို ကျူးကျော်ဖို့ ခေါ်လာပြီး ငါတို့တပည့်တွေကို စော်ကားနေတာ။ မင်းရဲ့ ကွမ်လန်နန်းတော်က အရမ်းကို စိုးမိုးချင်လွန်းနေတယ်။ ကျေးဇူးပြုပြီး ထွက်သွားပါ။"

"ကောင်းပါပြီ....ချင်းရွှယ်ဓားဘုရင် ပြောတဲ့အတိုင်းပါပဲ။" လုဟန်ရန်သည် သူမ၏ ရောင်ဝါများကို ပြန်ဆုတ်ခွာလိုက်သည်။

"ကျွန်မ လုဟန်ရန် ဒီနေ့ မှားသွားတယ်။ ရွှယ်ချမ်းပိုင်ဆိုတဲ့ ရှင်က ကျွန်မကို ဝေဖန်ပိုင်ခွင့်ရှိပါတယ်။ ကျွန်မတပည့်ကိုခေါ်ပြီး အခုပဲ ထွက်သွားပါမယ်။"

"ရှီရန်၊ သွားရအောင်။" လုဟန်ရန်သည် လုရှီရန်ကို ကြည့်လိုက်သည်။

လုရှီရန်သည် အဘယ်ကြောင့် ပြဿနားများ ဤသို့ဖြစ်သွားသည်ကို သူမ နားမလည်သော်လည်း သူမ၏ဆရာ စိတ်ဆိုးနေကြောင်း သူမ ခံစားနိုင်သောကြောင့် လုဟန်ရန်၏စကားကို နာခံပြီး ထွက်ခွာသွားခဲ့သည်။

"လီထိုက်ဖူ.....ဒီကိစ္စက မပြီးသေးဘူး။" သူမထွက်သွားဟန်ပြင်နေစဉ်မှာပဲ လုဟန်ရန်သည် လီချန်ချင်းကို စိုက်ကြည့်နေသည်။

"ကျုပ်က အမြဲအဆင်သင့်ပါပဲ။" လီချန်ချင်းက ဘာကိုမျှ ဂရုမစိုက်ချေ။

ဝူး....ဝူး....ဝူး....

ဓားခုနစ်လက်တို့သည် မိမိတို့၏ ဓားအိမ်ဆီသို့ ပြန်သွားကြသည်။

လီချန်ချင်း လှည့်ကြည့်ပြီး ထိုင်စရာနေရာရှာလိုက်သည်။

အခြားပွဲကြည့်သူများလည်း ထွက်ခွာသွားကြသည်။ စွမ်းအားကြီးသော ကျင့်ကြံသူများက ၎င်းတို့သည် ပွဲကောင်းတစ်ခုကို ကြည့်ရှုနိုင်မည်ဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ရန်ပွဲမဖြစ်ခဲ့ချေေ

သို့သော် တစ္ဆေနတ်ဆိုးများအလယ်တွင် တိုက်ခိုက်ခြင်းသည် အမှန်တကယ်ပင် အသုံးမကျသော ရွေးချယ်မှုတစ်ခုဖြစ်ပေ၏။ ဤနေရာတွင် လူတိုင်း၏ခွန်အားကို ဖိနှိပ်ထားပြီး လူတစ်ဦးစီသည် လှုပ်ရှားနိုင်သည့်အကြိမ်အရေအတွက်ကို ကန့်သတ်ထားသည်။ အခု တိုက်ပွဲဝင်ခြင်းသည် လူသားတို့ဘက်အတွက် တစ်ခုတည်းသော ဆုံးရှုံးမှုဖြစ်ပေ၏။

သို့သော် ချင်းလဲ့ဓားသခင်သည် ကွမ်လန်နန်းတော်ကို အဘယ်ကြောင့် စော်ကားသနည်းဟူသည်မှာ လူတိုင်းအတွက် ပဟေဠိဖြစ်နေဆဲဖြစ်သည်။

"အကြီးအကဲ...ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ထိုအချိန်တွင် လီဟမ်ရှန်းသည် လမ်းလျှောက်လာပြီး လီချန်ချင်းအား ကျေးဇူးတင်စကားဆိုသည်။ ရိုးရိုးသားသားပြောရလျှင် လီဟမ်ရှန်း၏ ရင်ထဲ အလွန်နွေးထွေးသွားလေ၏။

သူတို့ပထမဆုံးစတွေ့စဉ်အချိန် ချင်းလဲ့ဓားသခင်ထံမှ နွေးထွေးမှုကို ခံစားမိခဲ့ရခြင်းသည် လီဟမ်ရှန်း၏ နှလုံးသားကို အလွန်ပင် ထိစေသည်။

လီဟမ်ရှန်းအနေဖြင့် ထိုသို့သော ဂရုစိုက်မှုမျိုးကို မကြုံဖူးသည်မှာ ကြာပြီဖြစ်၏။

အရှေ့ပိုင်းဆိတ်ငြိမ်ခြင်းမြေတစ်ခုလုံးတွင် အသန်မာဆုံးဖြစ်သည့် ကမ္ဘာတစ်ဝှမ်းတွင် ကွမ်ကျူဟုလူသိများသည့် ဂိုဏ်းတစ်ခုဖြစ်သော ကွမ်လန်နန်းတော်၏ လုဟန်ရန်ကို ရင်ဆိုင်ရခြင်းအား မည်သူက မျက်နှာမလွှဲဝံ့မည်နည်း။

ထျန်ဟိုင်းမြို့တော်ပင်လျှင် ကွမ်လန်နန်းတော်နှင့် ရင်ဆိုင်ရလျှင် ရန်မမူလိုပေ‌။

သူစိမ်းကို မဆိုထားနှင့် ကွမ်လန် နန်းတော်က သားဖြစ်သူကို သတ်ခဲ့လျှင်ပင် ကွမ်လန်နန်းတော်ကို ဆန့်ကျင်ဝံ့သူ မည်မျှရှိနည်နည်း။

လီချန်ချင်းသည် အများအမြင်တွင် အလွန်အသုံးမဝင်သည့်အရာတစ်ုခုအား လုပ်ခဲ့မိသည်ဟု ဆိုရပေမည်။

ကျေးဇူးတင်ကြောင်းပြောရုံဖြင့် ချင်းလဲ့ဓားသခင်၏အကူအညီအတွက် ကျေးဇူးတင်ကြောင်းဖော်ပြရန် မလုံလောက်ကြောင်း လီဟမ်ရှန်း သိပေ၏။

"ရပါတယ်ကွာ..." လီချန်ချင်းက ပြန်တုံ့ပြန်သည်။

"သူမရဲ့ စကားတွေနဲ့ မာနကြီးတဲ့ သဘောထားကို ငါ သည်းမခံနိုင်ဘူး။ မင်းနဲ့ ကွမ်လန်နန်းတော်ကြားက ဖြစ်ပျက်ခဲ့သမျှကို ငါမြင်လိုက်ပါတယ်။ မင်းဘာမှ မမှားပါဘူး။ ဒါတွေအားလုံးက မိန်းကလေးရဲ့ ယုတ္တိမဲ့တဲ့ အပြုအမူကြောင့်ပါ။ အားလုံးက လူသားတွေပဲလေ။ ဘာလို့ ကွမ်လန်နန်းတော်ကပဲ သာလွန်နေသင့်တာလဲ။"

"ဒါပေမယ့် အကြီးအကဲ...အကြီးအကဲက ကျွန်တော့်ကြောင့် ကွမ်လန်နန်းတော်ကို စော်ကားလိုက်တာ..." လီဟမ်ရှန်းက ခေါင်းညိတ်လိုက်ပြီး ချင်းလဲ့ဓားသခင်က သူ့ကို ဘာကြောင့် ကူညီခဲ့သည်ကို နားမလည်နိုင်ပေ။

"သူ့အဖေ လီချန်ချင်းကြောင့်များလား။"

" သူ လီချန်ချင်းနဲ့ သိတဲ့အတွက် ဒီလိုလုပ်ခဲ့တာလား။"

လီဟမ်ရှန်းသည် ဤရှင်းပြချက်သည် အဓိပ္ပါယ်မရှိဟု ခံစားမိသည်။

"အသိမိတ်ဆွေတစ်ယောက်ရဲ့သားအတွက်နဲ့ ကွမ်လန်နန်းတော်ကို စော်ကားပါ့မလား။"

လီဟမ်ရှန်း၏ ပဟေဋ္ဌိအတွေးများကို မြင်လိုက်ရပြီး သူ့သားက လိမ်ဖို့ မလွယ်မှန်း သိလိုက်ရသောအခါ လီချန်ချင်း ခေါင်းခါလိုက်ပါတယ်။

"အခွင့်အလမ်းတစ်ခုကြောင့် ငါက ကွမ်လန်နန်းတော်ကို စော်ကားပြီး မင်းအတွက် ရပ်တည်ခဲ့တယ်လို့ မင်းတွေးနေပုံပဲ။" လီချန်ချင်းက မေးသည်။

လီဟမ်ရှန်းသည် သူ၏သံသယများကို ငြင်းဆိုတော့မည်ဖြစ်သော်လည်း မျက်နှာဖုံးမှတဆင့် လီချန်ချင်း၏ မျက်လုံးများကို ကြည့်လိုက်သောအခါတွင် သူသည် တခဏမျှ တုံ့ဆိုင်းသွားကာ ညင်သာစွာ ခေါင်းညိတ်ပြသည်။

"အကြီးအကဲ....ကျွန်တော်တောင်းပန်ပါတယ်။ အကြီးအကဲက ကျွန်တော့်ကို ကူညီပေးခဲ့တယ်။ ကျွန်တော်က ဒါတောင် သံသယဖြစ်နေတုန်းပဲ။"

"ဘာမှ မဖြစ်ပါဘူးကွာ။ ဒါဟာ လူ့သဘာဝပဲ။"

လီချန်ချင်း မတ်တပ်ထရပ်ပြီး လီဟမ်ရှန်းဆီသို့ လျှောက်သွားကာ ပခုံးပေါ် လက်တင်၍ ပြုံးလိုက်သည်။

"တခါတရံမှာ မင်းထင်ထားသလို မရှုပ်ထွေးနိုင်ပါဘူး။ မင်းအဖေက မင်းအကြောင်းကို ပြောပြဖူးတာကြောင့် မင်းအကြောင်းကို ငါသိတယ်။ မင်းက ယောက်ျားကောင်းတစ်ယောက်ပဲ။ ငါက မင်းကို ရိုးရိုးရှင်းရှင်းပဲ ကူညီချင်ခဲ့တာပါ။ ကွမ်လန်နန်းတော်ကို စော်ကားခဲ့တဲ့အတွက်လည်း ငါသိပ်ဂရုမစိုက်ဘူး။"

"အခြားသူတွေက ကွမ်လန်နန်းတော်ကို ကြောက်ကြပေမယ့် ငါ့အတွက်တော့ ထူးဆန်းမနေပါဘူး။" လီချန်ချင်းက လီဟမ်ရှန်းသူ့ကို ယုံကြည်လာအောင် ကြိုးစားလေသည်။

"အကြီးအကဲ...ကျွန်တော့်အဖေက အကြီးအကဲဆီ ကျွန်တော့်အကြောင်း ပြောဖူးတာလား။" လီဟမ်ရှန်းသည် ချင်းလဲ့ဓားသခင်ကို အံ့သြစွာ ကြည့်လိုက်သည်။

"ပြောဖူးတာပေါ့။" လီချန်ချင်းက လီဟမ်ရှန်းကို ကြည့်ကာ ပြန်ဖြေသည်။

"မင်းက သူ့ရဲ့သားတစ်ယောက်တဲ့။ သူအရင်က မင်းအပေါ် မှားခဲ့တာတွေ သိပြီး မင်းကို ဖြည့်ဆည်းပေးချင်နေတာ။ ဒါကြောင့် ပိုက်ဆံတွေ ထောက်ပံ့ပေးပြီး မင်းကို အကောင်းဆုံးတွေပဲ ပေးနိုင်ဖို့ ကြိုးစားရင်း သူ့အတိတ်က အမှားတွေကို မင်းခွင့်လွှတ်ဖို့ မျှော်လင့်နေတာ။"

ထိုစကားကိုကြားသောအခါ လီဟမ်ရှင်း၏ မျက်လုံးများသည် မှုန်မှိုင်းလာသည်။ သူ့အဖေ၏ အပြောင်းအလဲကို သတိထားမိပြီး လီချန်ချင်း၏ ချစ်ခြင်းမေတ္တာကို စာများကနေတဆင့် ခံစားခဲ့ရသော်လည်း တခြားတစ်ယောက်ဆီက ကြားလိုက်ရသည့် အရသာမှာ ကွဲပြားနေဆဲ ဖြစ်ပေ၏။

လီဟမ်ရှန်း၏ အတွေးထဲ၌ ရှုပ်ထွေးသော ခါးသီးမှုနှင့် ပျော်ရွှင်မှုတို့ ရောယှက်နေပေ၏။

"သူ့အတွက် စိတ်မပူပါနဲ့။ မင်းလုပ်စရာရှိတာကိုသာ လုပ်လိုက်ပါ။ မင်းအဖေက မင်းအတွက် ဂုဏ်ယူနေမှာပါ။ ငါမလာခင်ကတောင် မင်းဆီကို စကားပါးခိုင်းဖို့ တောင်းဆိုနေတာ။"

"ကျွန်တော့်ကို ပြောပြပါ အကြီးအကဲ...." လီဟမ်ရှန်း၏ အသံသည် တုန်လှုပ်သွားသည်။

"မင်းအဖေက ပြောတယ်။ လောကကြီးက အေးစက်ကောင်းအေးစက်နိုင်ပေမယ့် မင်းအပေါ်ထားတဲ့ သူ့အချစ်တွေက နွေးထွေးပါတယ်တဲ့။"

၎င်းကိုပြောပြီးနောက် လီချန်ချင်းသည် လီဟမ်ရှန်း၏ပခုံးကို နှစ်ကြိမ်ပုတ်ကာ ထွက်ခွာသွားခဲ့သည်။ ဒီထက်ပိုပြောလျှင် သူ့စိတ်ခံစားချက်များအား မထိန်းချုပ်နိုင်မည်စိုးသဖြင့် အပိုမပြောတော့ချေ။

လီချန်ချင်းသည် ဤကမ္ဘာရှိ လီချန်ချင်း၏ ခန္ဓာကိုယ်ကို သိမ်းပိုက်ထားခြင်း ဖြစ်သော်လည်း သူ့သား လီဟမ်ရှန်းအပေါ် အနည်းငယ် ထူးဆန်းမှုမျိုး မခံစားရပေ။

လီဟမ်ရှန်းအား သူ့သားအရင်းလို ခံစားရလေသည်။

လီဟမ်ရှန်းနှင့် ရင်ဆိုင်ရသည့်အခါ ထိုပြင်းထန်သည့်ခံစားချက်က သူ့ကို ဖခင်မေတ္တာများနှင့် ပြည့်စေခဲ့လေ၏။

ယင်းသည် သားတစ်ယောက်အား သူ့အိပ်မက်ကို အကောင်အထည်ပေါ်စေချင်ရုံတင် မကတော့ပေ‌။

အဘယ်ကြောင့်ထိုသို့ ဖြစ်ရသည်ကို လီချန်ချင်းလည်း သေချာမသိသလို သိစရာလည်း မလိုပေ။

လီချန်ချင်းသည် အနီးနားရှိ အဆောက်အအုံတစ်ခုထဲသို့ ၀င်သွားကာ လီဟမ်ရှန်း စိတ်တည်ငြိမ်စေရန် ထွက်သွားခဲ့လေသည်။ သူကိုယ်တိုင်လည်း အေးအေးဆေးဆေး တစ်ယောက်တည်း နေချင်သည်။

သူ လျှောက်သွားလိုက်သည်နှင့် ဘေးဘီက စကားသံတစ်ခုကို ကြားလိုက်ရလေ၏။

"ဒါဆို နာမည်ကြီးနေတဲ့ ချင်းလဲ့ဓားသခင်ဆိုတာ လီချန်ချင်းပေါ့။ ငါတကယ်ပဲ မင်းအရူးလုပ်တာ ခံခဲ့ရတာပဲ။"

ထိုစဉ် တိုင်နောက်မှ ရုပ်သွင်တစ်ခု ပေါ်လာလေ၏။

ယင်းမှာ လီကျင့်စုန်ဖြစ်သည်။

လီချန်ချင်းသည် လီကျင့်စုန်ကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်သည်။ "ခိုးနားထောင်တာ ကောင်းတဲ့အကျင့်တော့ မဟုတ်ဘူးနော်။"

"တောင်းပန်ပါတယ်....မရည်ရွယ်ပါဘူး။" လီကျင့်စုန်က လီချန်ချင်းအား ကြည့်ကာ ပြောသည်။ " ရှေးဟောင်းတာအိုတောင်တန်းမြေက တပည့်တစ်ယောက်အတွက် မင်းဘာလို့ ရပ်တည်တာလဲ ငါသိချင်နေခဲ့တာ။ ဒါကြောင့် ငါ အဖြေတစ်ခုရခဲ့တယ် မင်းက လီချန်ချင်း ဖြစ်ရမယ်။ မဟုတ်ရင် လီဟမ်ရှန်း အနိုင်ကျင့်ခံရတုန်းက မင်း ပြင်းပြင်းထန်ထန် တုံ့ပြန်မှာ မဟုတ်ဘူး။"

လီချန်ချင်းမှာ အငြင်းပွားမနေဘဲ ပေါ့ပေါ့ပါးပါးသာ ပြန်ပြောသည်။ "ဟမ်ရှန်းကို ပြန်မပြောပါနဲ့။"

"စိတ်မပူပါနဲ့ ငါမနှောင့်ယှက်ဘူး။"လီကျင့်စုန်ခေါင်းယမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ်။" လီချန်ချင်းက ခေါင်းညိတ်ပြသော်လည်း လီကျင့်စုန်က ဆက်မေးသည်။ "မင်းကို လူတစ်ယောက်အကြောင်း မေးချင်လို့....."

"ဘယ်သူလဲ။" လီချန်ချင်းက စိတ်ဝင်တစား မေးသည်။

"ယွီမိသားစုက ယွီဟမ်ကျွင်း.." လီကျင့်စုန်က လီချန်ချင်း၏ မျက်လုံးများကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။ "အဲ့လူကို သိလား။"

All Chapters