← Chapters

အခန်း (၁၆၄)

Vol. 17 Ch. 164

အခန်း (၁၆၄)

Vol. 17 Ch. 164

တိုက်ပွဲမှာ တစ်နာရီကျော်ကျော်လောက်ကြာနေပြီ ဖြစ်သည်။

တစ္ဆေမျိုးနွယ်အရေအတွက်သည် အစကတည်းကထက် သိသာထင်ရှားစွာ လျော့ကျသွားပြီး တစ္ဆေမျိုးနွယ်စစ်သည်တော်အသစ်များ ပေါ်လာသေးသော်လည်း အကြိမ်ရေ နှေးကွေးသွားကာ လူသားတပည့်များအား အသက်ရှူဖို့ အခွင့်ရခဲ့သည်။

တစ္ဆေမျိုးနွယ်အချို့သည် လူသားများနှင့် မတိုက်ချင်တော့ဘဲ မြို့တံခါးဆီသို့ ပြေးသွားကြလေ၏။ သူတို့သည် ဤချိပ်ပိတ်ထားသောကမ္ဘာမှ လွတ်မြောက်ချင်ကြသည်။

ပြင်ပကမ္ဘာကို ဖောက်ထွက်ချင်ကြလေ၏။

သို့သော် လူ့သားတပည့်များက သူတို့ကို မည်သို့ အခွင့်အရေးပေးမည်နည်း။ ဤတစ္ဆေနတ်ဆိုးစမ်းသပ်မှုထံရောက်လာသော လူ့တပည့်များ၏တာဝန်မှာ ဝင်ပေါက်ကိုစောင့်ပြီး ဖောက်ထွက်ခြင်းမှတားဆီးရန်ဖြစ်သည်။ ထို့ကြောင့် သူတို့သည် လမ်းတိုင်းကို စောင့်ကြပ်ကြသည်။ ခွဲထွက်လိုသော မည်သည့် တစ္ဆေမျိုးနွယ်မဆို လူ့တပည့်များ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။

လမ်းမများပေါ်တွင်လည်း လူသေအလောင်းများ စုပုံနေပြီး သွေးနံ့များ ထူပိန်းနေပေ၏။

တစ်နာရီကျော်ကြာ တိုက်ပွဲဝင်ပြီးနောက်တွင် လူတိုင်း၏ စွမ်းအင်များသည် အစပိုင်းလောက် အားမကောင်းတော့သော်လည်း ပင်ပန်းနွမ်းနယ်မှု မခံစားရဘဲ သွေးများပွက်ပွက်ဆူသည့်တိုင် သတ်ဖြတ်တိုက်ခိုက်နေခဲ့သည်။

ယခု သူတို့၏ နှလုံးသားထဲရှိ တစ်ခုတည်းသော စကားမှာ....

သတ်ပစ်....

လူသားတို့၏ဆုံးရှုံးမှုသည်လည်း သေးငယ်သည်မဟုတ်ပေ။ လူ့တပည့်အချို့၏ ရုပ်အလောင်းများကို လမ်းများပေါ်တွင် မြင်တွေ့နိုင်လေသည်။

သို့သော်လည်း တစ္ဆေမျိုးနွယ်နှင့် နှိုင်းယှဉ်ပါက အရေအတွက်မှာ များစွာ နည်းပါးပေသည်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်နိုင်သူများသည် ပါရမီရှင်တပည့်များ သို့မဟုတ် အမျိုးမျိုးသော ဂိုဏ်းခွဲများမှ အထက်တန်းလွှာများဖြစ်ပြီး ၎င်းတို့၏ အလုံးစုံစွမ်းအားသည် အလွန်သန်မာကြပေ၏။

အထူးတလည် တစ္ဆေမျိုးနွယ်ဝင်မဟုတ်ပါက အဆင့်တူ တစ္ဆေမျိုးနွယ်သည် လူသားလက်ရွေးစင်များ၏ ပြိုင်ဘက်မဖြစ်နိုင်ချေ။

ယန်ယုယွင်ကဲ့သို့သော တပည့်အမျိုးသမီးများပင်လျှင် တစ္ဆေမျိုူးနွယ်များကို သတ်ပစ်ခဲ့ကြသည်မှာ မရေတွက်နိုင်အောင်များလှသည်။

ကောင်းမှုအမှတ်မည်မျှရရှိသည်ကို လူတိုင်း ဂရုမစိုက်ကြတော့ချေ။ ယခုကဲ့သို့စစ်ပွဲမျိုးတွင် သူတို့ အသက်ကို စောင့်ရှောက်ဖို့က အရေးကြီးဆုံးပင် ဖြစ်ပေ၏။ သူတို့မှာ ကောင်းမှုအမှတ်ကို အာရုံစိုက်ဖို့ အချိန်မရှိချေ။

"ဘန်း...ဘန်း...ဘန်း..."

မီးပွားမီးပေါက်များ ဆင်နွှဲနေသကဲ့သို့ပင် ချန်ကွမ်သည် လမ်းကျယ်ကျယ်တွင် တောင်တစ္ဆေနှင့် ပြင်းထန်သောတိုက်ပွဲတွင် ဆင်နွှဲနေလေသည်။

ဘေးနားရှိ ယန်စီသည် မထနိုင်တော့ပေ။ သူမသည် ဆေးလုံးတစ်လုံးဖြင့် အသက်ဆက်ထားရလေသည်။ ချန်ကွမ်မှာ အလွန်စိုးရိမ်နေမိခဲ့သည်။ ယန်စီကို အမြန်ပြန်မခေါ်လျှင်သူမအတွက် ကြီးစွာသောအန္တရာယ်ဖြစ်ပေလိမ့်မည်။

သို့သော် သူ့ရှေ့က တောင်တစ္ဆေက ချန်ကွမ်ကို စိတ်အနှောက်အယှက်ဖြစ်စေလေ၏။

တောင်တစ္ဆေ၏ အစွမ်းထက်လှသော ခန္ဓာကိုယ်မှာ ချန်ကွမ်အတွက် ပြန်လည်တိုက်ခိုက်ရန် မဖြစ်နိုင်တော့ပေ။ သူ၏ လက်ကိုင်ရိုးကွင်းနှင့်ဓားကြီးသည် တောင်တစ္ဆေကိုပင် မထိခိုက်စေနိုင်ခဲ့ဘဲ တောင်တစ္ဆေ၏လက်ချက်တိုင်းသည် ချန်ကွမ်အား နောက်ပြန်ဆုတ်စေခဲ့သည်။

သူ၏ ဓားချက်များကို တောင်တစ္ဆေမှ ပိတ်ဆို့လိုက်ပြီးနောက် ချန်ကွမ်သည် ထိခိုက်ဒဏ်ရာရခြင်းမရှိသော်လည်း သူ၏လက်များ ထုံကျင်သွားကာ ဓားကိုကိုင်ထားသည့် သူ၏လက်ဖဝါးများတွင် အက်ကွဲကြောင်းများ ထွက်ပေါ်လာလေ၏။ ဤအတိုင်းဆက်သွားမည်ဆိုရင် တောင်တစ္ဆေဆီမှ အသတ်ခံရတော့မည်ကို ချန်ကွမ်သိသည်။

သူသွားများကို အံကြိတ်ရင်း လက်ဖဝါးပေါ်တွင် သွေးများ စီးကျလာလေ၏။

တောင်တစ္ဆေ၏ တိုက်ခိုက်ရေးပုံစံသည် အထူးကောင်းမွန်သော လှုပ်ရှားမှုမျိုးမရှိသော်လည်း သူ၏ခန္ဓာကိုယ်သည် အမှန်တကယ်ပင် တွန်းလှန်နိုင်စွမ်းမရှိသည့်အပြင် သူ၏တိုက်ကွက်သည် လုံးဝကြမ်းကြုတ်လှပေသည်။

ချန်ကွမ်အစွမ်းကုန် အားထုတ်ခဲ့သော်လည်း တောင်တစ္ဆေတွင် ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့သည်။

တောင်တစ္ဆေ၏ အရေးကြီးသောနေရာများကို လုံးဝမထိခိုက်စေနိုင်ခဲ့ချေေ

"ဟား....ဟား။"

တောင်တစ္ဆေက ဟက်ဟက်ပက်ပက် ရယ်မောလေ၏။"မင်းရဲ့ အရည်အချင်းကလဲကွာ ငါ့ကို ကလိထိုးနေတာလား။"

"မြို့ကနေ မထွက်ခင် မင်းတို့နှစ်ယောက်နဲ့ လူ့အသားကို မြည်းစမ်းကြည့်မယ်။ လူ့အသားက အရမ်းအရသာရှိတယ်တဲ့။ ဒါပေမယ့် တစ်ခါမှ မစားဖူးသေးဘူး။ ဒီနေ့က စားချင်စိတ်ကို ကျေနပ်စေမယ့် အခွင့်အရေးကောင်းပဲ။"

စကားပြောနေရင်းပင် တောင်တစ္ဆေက ချန်ကွမ်ကို တရစပ်တိုက်ခိုက်သည်။

"သေလိုက်တော့...."

ချန်ကွမ်သည် ဒေါသတကြီးဖြစ်၍ သူ၏ ဓားကြီး တကျွီကျွီမည်သည်ထိ တိုက်ခိုက်ကာ တခဏချင်းပင် ချန်ကွမ်၏အရှိန်သည် ပေါက်ကွဲသွားပြီး တောင်တစ္ဆေ၏လည်ပင်းကို တိုက်ရိုက်ခုတ်ထစ်၍ တောင်တစ္ဆေ၏ဦးခေါင်းကို ဖြတ်ရန်ကြိုးစားလေသည်။

ထိုစဉ် နောက်ထပ် ခပ်ဝါးဝါး အသံတစ်ခု ထွက်ပေါ်လာပြီး တန်ပြန် တိုက်ခိုက်မှုက ချန်ကွမ်အား တောင့်တင်းသွားစေသည်။ တောင်တစ္ဆေ၏ ခေါင်းသည် အနည်းငယ် စောင်းသွားပြီးနောက် သူသည် အသံ၏ အမြန်နှုန်းထက် ပိုမြန်ပြီး ချန်ကွမ်၏ ဝမ်းဗိုက်အောက်ပိုင်းကို တိုက်ရိုက် ထိမှန်သွားလေ၏။

ချန်ကွမ်သည် ပါးစပ်ပေါ်မှ သွေးများ ထွက်လာပြီး ဆယ်မီတာအကွာသို့ ဆုတ်ခွာလိုက်သည်။

"ဟမ်....."

လတ်ဆတ်သောသွေးတစ်လုတ်ကို အန်ထုတ်လိုက်လေ၏။

ချန်ကွမ်သည် သူ၏ အတွင်းအင်္ဂါများ ရွှေ့ပြောင်းသွားသလို ခံစားရပြီး သူ့ခန္ဓာကိုယ်အတွင်း ပူလောင်သော ဝေဒနာတစ်ခုကို ခံစားနေရပေသည်။ သူ့ကိုယ်တွင်းမှာ သွေးထွက်နေခြင်း ဖြစ်ပေမည်။

"အစ်ကိုကြီး...."

၎င်းကိုမြင်သောအခါ ယန်စီမှာ စိုးရိမ်စိတ်များ ပြည့်နှက်နေသည့် မျက်လုံးများဖြင့် အော်ပြောခဲ့သော်လည်း လောလောဆယ်တွင် သူမ မလှုပ်ရှားနိုင်သေးပေ။

ချန်ကွမ်သည် အသက်ပြင်းပြင်းရှူလိုက်ပြီး သူ့အတွင်းပိုင်းဒဏ်ရာများကို သက်သာစေရန် ဆေးလုံးကို မျိုချလိုက်သည်။ တောင်တစ္ဆေ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသဖြင့် သူ့မျက်လုံးများက ဒေါသများဖြင့် ပြည့်နှက်နေပေ၏။ သူပြန်ထပြီး တိုက်ခိုက်ချင်သော်လည်း လက်သီးချက်က သူ့ကို ဒဏ်ရာပြင်းထန်စွာ ရစေခဲ့သည်။

ဆေးသောက်ပြီးသော်လည်း ၎င်းသည် နာကျင်မှုကိုသာ သက်သာစေသည်။ ထိုစဉ် သူ့ခန္ဓာကိုယ်ကို ထောက်လိုက်ပြီး မတ်တပ်ရပ်ဖို့ ရုန်းကန်နေရပေ၏။

ဒီရေကို တွန်းလှန်ပစ်ဖို့ သူ့တွင် ခွန်အားမရှိမှန်း ချန်ကွမ်သိလေသည်။

ဘာလုပ်သင့်လဲ။

ညီမလေးလွတ်အောင် ဘယ်လိုနည်းလမ်းရှာနိုင်မလဲ။

"ထပ်မလုပ်နိုင်တော့ဘူးလား..." တောင်တစ္ဆေက ချန်ကွမ်ကို ငုံ့ကြည့်ပြီးနောက် ပြုံးပြီးပြောလေသည်။

"အဲ့ကောင်မလေးကို ငါအရင်စားမယ။ ပြီးရင် မင်းကိုစားဖို့ လာခဲ့မယ်။ ဒါပေမယ့် မင်းငါ့ကို လာရှုပ်မှာကို တားဆီးဖို့ မင်းရဲ့အရိုးအားလုံးကို ငါအရင်ချိုးပစ်မယ်။ ဒီတော့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး ငါစားတာကိုကြည့်...အရမ်းကြီးတော့ မဆိုးပါဘူးကွာ။"

"ခင်ဗျား ကောင်းကောင်းမွန်မွန် သေရမှာမဟုတ်ဘူး။" ချန်ကွမ်က အံကြိတ်ကာ ပြောလိုက်သည်။

"ကဲ...ဘယ်သူအရင်သေမလဲ ကြည့်ရအောင်။" တောင်တစ္ဆေသည် သူ၏ကြီးမားသော လက်သီးကို မြှောက်လိုက်ပြီး ချန်ကွမ်အား ထိုးချလိုက်သည်။

လက်သီး၏ အစွမ်းသည် အလွန်ပြင်းထန်သောကြောင့် လက်သီး မဆင်းသက်မီတွင်ပင် ထွက်လာသော လေ၏ တွန်းအားသည် ချန်ကွမ်ကို ဖိအားပေးနေပြီဖြစ်သည်။

ချမ်ကွမ်သည် သူ့မျက်လုံးများကို မှိတ်ထားပြီး သူ့အဆုံးသတ်ကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။

သို့သော် ထိုအချိန်တွင် ပြင်းထန်သောရိုက်ခတ်မှုနှင့်အတူ မှိုင်းတိုင်းတိုင်းအသံတစ်ခု ချန်ကွမ်၏နောက်မှ တုန်ခါသွားသည်။

ချန်ကွမ်သည် အနည်းငယ် နာကျင်မှုကို ခံစားခဲ့ရသော်လည်း သူ့တွင် နောက်ထပ် ဒဏ်ရာမရှိကြောင်း သူသိလိုက်သည်။ မျက်လုံးကို ပြူးကျယ်ကျယ် ဖွင့်ကြည့်လိုက်သောအခါ တောင်တစ္ဆေကြီး၏ ထိုးနှက်ချက်များကို ပိတ်ဆို့ပေးထားသည့် သူ့ရှေ့ရှိ လှံတစ်ချောင်းနှင့် ရုပ်အသွင်ကို တွေ့လိုက်ရသည်။

ချန်ကွမ်၏ သူငယ်အိမ်များ ကျုံ့သွားသည်။ ဒီလူက တောင်တစ္ဆေရဲ့ လက်သီးကို လှံရှည်နဲ့ တားဆီးခဲ့တာလား။

အဲဒါဘယ်သူလဲ။

အဲ့လူရဲ့ နောက်ကျောကို ကြည့်ပြီးဆုံးဖြတ်ရမယ်ဆို သူက ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းက မဟုတ်ဘူး။ သူက အခြားဂိုဏ်းက ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်များလား။

တောင်တစ္ဆေကြီးသည် သူ့ရှေ့ကလူကို မြင်သောအခါ အံ့သြသွားလေသည်။

ဒီလူက သူ့လက်သီးကို တကယ်ပိတ်ဆို့ခဲ့တာလား။

"မင်းက... ရှေးဟောင်းတာအိုတောင်တန်းမြေကလား" ချန်ကွမ်သည် ချန်ချင်းကုန်သွယ်ရေးကုမ္ပဏီမှ သီးသန့်စပွန်ဆာပေးသော ထိုလူဝတ်ထားသည့်အဝတ်ကိုမြင်ပြီး ကောက်ချက်ချဲ့လေသည်။

ပြီးတော့ သူကို့ ကွမ်လန်နန်းတော်က လုရှီရန်က ဖွင့်ပြောခဲ့တာ မဟုတ်လား။

သူက ပြန်လည်မွေးဖွားခြင်းအဆင့်ပဲ ရှိသေးတာပါ။

ချန်ကွမ်သည် လုံးဝ အံသြသွားသည်။ ပြန်လည်မွေးဖွားခြင်းအဆင့်မှ တပည့်တစ်ဦးသည် တောင်တစ္ဆေထံမှ ထိုးနှက်ချက်ကို အမှန်တကယ် တားဆီးနိုင်ခဲ့သည်။ ဒီလူ ကြီးပြင်းလာဖို့ ဘာတွေများ စားခဲ့ပါလိမ့်။

“နောက်တစ်ယောက်ကတော့ ကိုယ့်သေတွင်းကိုယ် လာတူးပြန်ပြီ။"

တောင်တစ္ဆေသည် သူ့ရှေ့က လီဟမ်ရှန်းဟာ သူ့ထက်နိမ့်သည့် ပြန်လည်မွေးဖွားခြင်းအဆင့်မှာသာ ရှိနေသည်ကို သတိထားမိသည်။

"အဆင်ပြေရဲ့လား။" လီဟမ်ရှန်းက တောင်တစ္ဆေကို လျစ်လျူရှုပြီး ချန်ကွမ်ကို လှည့်မေးသည်။

ချန်ကွမ်က အံ့အားသင့်စွာ ခေါင်းညိတ်ပြလေသည်။

"ဂျူနီယာညီလေး.... ဒါက တောင်တစ္ဆေတစ်ကောင်ပါ။ သူ့ခန္ဓာကိုယ်က အရမ်းသန်မာပြီး အန္တရာယ်များလွန်းတယ်။ မင်းပြေးသင့်တယ်။ ငါ သူ့ကို တားထားပေးမယ်။ မင်း တခြားစီနီယာ အစ်ကိုတွေကို သွားရှာရမယ်။ ကူညီပေးပါ။ မဟုတ်ရင် ငါတို့..."

သို့သော် ချန်ကွမ်စကားမဆုံးမီမှာပင် လီဟမ်ရှန်းက သူ့လှုပ်ရှားမှုကို စတင်လိုက်ပြီဖြစ်သည်။

လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင်လှံတိုက်ကွက်ကို စတင်ခဲ့သည်။

လူအရိပ်များသည် လျင်မြန်လွန်းသဖြင့် မမြင်နိုင်လုနီးပါးပင် ရှိလေသည်။

သူသည် မရေမတွက်နိုင်သော လှံချက်များဖြင့် လျင်မြန်စွာ တိုက်ခိုက်ခဲ့ရာ လှံချက်မည်မျှ ထိုးနှက်နေသည်ကိုပင် လူများ ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ပေ။

နောက်အခိုက်အတန့်တွင် တောင်တစ္ဆေ၏ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး ကြီးမားသော သွေးထွက်သံယိုအပေါက်ကြီးတစ်ခု ဖြစ်သွားလေသည်။

တောင်တစ္ဆေကြီးသည် သူ့ရင်ဘတ်ရှိ သွေးထွက်နေသော အပေါက်ကို ထိတ်လန့်စွာ ကြည့်ကာ စကားတစ်ခွန်းမှ မပြောနိုင်ဘဲ မြေပေါ်သို့ လဲကျသွားသည်။

"အခုအဆင်ပြေပါပြီ။" လီဟမ်ရှန်းက ချန်ကွမ်ထံ ပြန်လှည့်လာပြီး ပုရွက်ဆိတ်တစ်ကောင်ကို ခုတ်သတ်လိုက်သလိုပင် ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

"ဟမ်..." ချန်ကွမ်မှာ စကားမပြောနိုင်ပဲ ပါးစပ်အဟောင်းသားဖြစ်ကာ ထိုမြင်ကွင်းကို စိုက်ကြည့်နေမိသည်။

အခုလေးတင် ဘာဖြစ်သွားတာလဲ။

ချန်ကွမ်သည် တောင်တစ္ဆေကို ရင်ဆိုင်ရန် မည်မျှခက်ခဲသည်ကို ကောင်းကောင်းကြီး သိလေသည်။ သူ့ခွန်အားအပြည့်နဲ့တောင်မှ ခြစ်ရာလောက်သာ ဒဏ်ရာရစေခဲ့သည်။ သို့သော် လီဟမ်ရှန်းမှာမူ တောင်တစ္ဆေကို ချက်ချင်းပဲ သတ်ပစ်လိုက်လေ၏။

ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။

ထို့အပြင်....လီဟမ်ရှန်းသည် ပြန်လည်မွေးဖွားခြင်းအဆင့် တပည့်တစ်ဦးသာ ဖြစ်သည်။

ထိုမြင်ကွင်းကြောင့် ချန်ကွမ်မှာ ပြောစရာစကားများပင် ပျောက်ဆုံးခဲ့ရလေ၏။

"ဂျူနီယာညီလေး.... ဒါက တောင်တစ္ဆေတစ်ကောင်လေ။ မင်းက..." ချန်ကွမ်၏ ခံစားချက်များ ရောထွေးနေပေ၏။

ချန်ကွမ်သည် သူ့ကိုယ်သူ ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းတွင် ပါရမီရှင်လောင်းဟု အမြဲယူဆခဲ့သော်လည်း သူ့ရှေ့ရှိ လီဟမ်ရှန်းက သူ့ဘဝကို သံသယဖြစ်စေခဲ့သည်။

"အင်း..."

လီဟမ်ရှန်းက ခေါင်းညိတ်ပြသည်။

"ထူးခြားတာကို ကျွန်တော်သတိထားမိတယ်။ သူ့ခန္ဓာကိုယ်က အရမ်းသန်မာတယ်။ သူ့ကိုသတ်ဖို့ လှံချက်သုံးချက်ကို သုံးရတယ်။ တကယ်တော့ သူက မဆိုးပါဘူး။"

"အဟွတ်...."

ချန်ကွမ်သည် နောက်ထပ် ပါးစပ်ထဲက သွေးများ ထွက်ကြလာလေ၏။

ဤတစ်ကြိမ်တွင် လီဟမ်ရှန်း၏ ပေါ့ပေါ့ပါးပါး မှတ်ချက်ကြောင့် သူ အံ့အားသင့်သွားသည်။

"အဆင်ပြေရဲ့လား။" လီဟမ်ရှန်းက ချန်ကွမ်ကို ကူညီဖို့ အလျင်အမြန် ပြေးလာလေသည်။

"အစ်ကိုဒဏ်ရာရနေရင် အရင်ပြန်သွားသင့်တယ်။ အစ်ကို့ရဲ့ ဂျူနီယာညီမလည်း ဒဏ်ရာရနေတာကို ကျွန်တော်မြင်တယ်။"

"ငါ့အသက်ကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်။" ချန်ကွမ်အနည်းငယ် စိတ်ဓာတ်ကျနေသော်လည်း လီဟမ်ရှန်းကို ကျေးဇူးတင်မိနေဆဲဖြစ်သည်။ ထို့နောက် ယန်စီအား ကူ၍ ထူပေးခဲ့သည်။

သို့သော် ထိုအချိန်တွင် လီဟမ်ရှန်း၏ မျက်နှာအမူအရာသည် တမုဟုတ်ချင်း ပြောင်းလဲသွားသည်။ သူက ရှေ့သို့ အရှိန်နှင့်ပြေးကာ ချန်ကွမ်နှင့် ယန်စီအား ဆွဲခေါ်၍ အမြန်နောက်ပြန်ဆုတ်စေသည်။

"ဘုန်း..." ယန်စီတည်ရှိရာနေရာ၌ ကြီးမားသော အင်အားတစ်ခု ပေါက်ကွဲသွားခဲ့သည်။

ထို့နောက် ထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားတစ်ခု ဖြတ်ကျော်ကာ တုန်လှုပ်ချောက်ချားသွားစေသည်။ လီဟမ်ရှန်းနှင့် အခြားသူများသည် နှလုံးခုန်သံကိုပင် ခံစားမိလေသည်။

မူလအဆင့်တစ္ဆေတစ်ကောင် ပေါ်လာလေ၏။

“ပြန်လည်မွေးဖွားခြင်းနယ်မြေက တပည့်တစ်ဦးက တောင်တစ္ဆေတစ်ကောင်ကို သတ်နိုင်တာပဲ။"

အသံတစ်ခုထွက်လာပြီးနောက် အပျက်အစီးများထဲမှ လူတစ်ဦးသည် လီဟမ်ရှန်းကို စိုက်ကြည့်လျက် သူ့ဆီ လျှောက်လှမ်းလာလေသည်။

"လူသားမျိုးနွယ်ရဲ့ ပါရမီရှင်တစ်ဦးပဲ။ ဒီလို ဉာဏ်ကြီးရှင်တွေကို သတ်ပစ်ရတာကို ငါအရမ်းသဘောကျတယ်။"

"လူသားပါရမီရှင်တွေရဲ့ သွေးက အမြဲတမ်းအရသာရှိတယ်။"

ထိုအမျိုးသားသည် ကျိုးပဲ့နေသော ချပ်ဝတ်တန်ဆာကို ၀တ်ဆင်ထားသော်လည်း သူ့မျက်လုံးများသည် စူးရှလှသည်။

"သေလိုက်တော့...."

မူလအဆင့်တစ္ဆေက လီဟမ်ရှန်းကို ငုံ့ကြည့်ရင်း သူ၏ တစ္ဆေအသွင်ဖြင့် ရယ်မောလေ၏။ သူ့လက်ဖဝါးသည် တစ္ဆေလက်သည်းများအဖြစ်သို့ ပြောင်းလဲသွားသည်။ လီဟမ်ရှန်းနှင့် တခြားသူများသည် ထိုတစ္ဆေလက်သည်းများက သူတို့ပတ်ဝန်းကျင်နေရာများကို ထိန်းချုပ်ထားသလိုခံစားရပြီး ရှောင်လွှဲရန်နည်းလမ်းမရှိဟု ခံစားမိသည်။

လီဟမ်ရှန်း၏ မျက်နှာသည် တည်ကြည်လေးနက်လှပြီး အင်မော်တယ် အရှင်သခင်လှံကိုသုံးပေတော့မည်။ မည်သို့ပင်ဆိုစေကာမူ သေသည့်အထိ မတိုက်ခိုက်လျှင် ရှင်သန်နိုင်လမ်းရှိသည်ကို သူမည်သို့ သိနိုင်ပါတော့မည်နည်း။

သို့သော် ထိုအချိန်တွင် ကောင်းကင်မှ ရွှေရောင်အလင်းတန်းတစ်ခု ကျရောက်လာလေသည်။

ကြောက်မက်ဖွယ်ကောင်းသော ဓားစွမ်းအင်သည် ကောင်းကင်မှ ဆင်းသက်လာကာ ကမ္ဘာကြီးကို နှစ်ခြမ်းကွဲလုနီးပါး ဖြစ်သွားစေသည်။ ရွှေဓားအလင်းက လမ်းကို တစ်ဝက်ပိုင်းချလိုက်လေ၏။

မူလအဆင့်တစ္ဆေ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သူသည် ဓားအလင်းကို ပိတ်ဆို့ချင်သော်လည်း တုံ့ပြန်ရန်ပင် အချိန်မရှိပေ။ သူ့ခန္ဓာကိုယ်ကို ဓားအလင်းဖြင့် ချေမှုန်းခံလိုက်ရလေ၏။ ကျယ်လောင်သော အော်သံများ ထုတ်အော်ရန်ပင် အချိန်မရှိလိုက်ပေ။

မူလအဆင့် တစ္ဆေမျိုးနွယ်မှာ ပွဲချင်းပြီး သေဆုံးသွားလေ၏။

ထိုမြင်ကွင်းက လူသုံးယောက်ကို ထိတ်လန့်သွားစေသည်။

မူလအဆင့်တစ္ဆေမျိုးနွယ်မှာ ထိုသို့ အဆုံးသတ်သွားရရှာလေသည်။

"ဒါဟာ လေပြင်းဓားပဲ။" ချန်ကွမ်က ကောင်းကင်မှာ လွင့်မျောနေသည့် ဓားကို မော့ကြည့်လိုက်သည်။

"ချင်းလဲ့ဓားသခင်က သူ့လှုပ်ရှားမှုကို စလိုက်တာပဲ။"

လီဟမ်ရှန်းသည် ဓားကို မြင်သော်လည်း လီချန်ချင်းကို မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။

သို့သော် ကျေးဇူးတင်သည့်သဘောအနေဖြင့် ကောင်းကင်ယံရှိ လေပြင်းဓားကို ဦးညွတ်လိုက်သည်။

ထို့နောက် လေပြင်းဓားမှာ ပျံတက်သွားလေ၏။

ပင်မစခန်းတွင် မူလအဆင့်ထက်ရှိ အစွမ်းထက်သော လူသားများသည် မူလအဆင့်၏ အထွတ်အထိပ်ကိုကျော်လွန်သော တစ္ဆေမျိုးနွယ်များနှင့် ရင်ဆိုင်ရသောအခါမှသာ အရေးယူမည်ဖြစ်သည်။ ဤသည်မှာ စည်းကမ်းချက်ဖြစ်ပေ၏။

လီချန်ချင်းသည် မည်သည့်အန္တရာယ်အတွက်မဆို လီဟမ်ရှန်းကို စောင့်ကြည့်နေခဲ့သည်။ ထို့ကြောင့် မူလအဆင့် တစ္ဆေမျိုးနွယ် ပေါ်လာသောအအခါ အရေးယူရန် တုံ့ဆိုင်းမနေခဲ့ချေ။

သူ့သားက ပြန်လည်မွေးဖွားခြင်းအဆင့်သာ ရှိပေသေးသည်။ မူလအဆင့် တစ္ဆေမျိုးနွယ်က သူ့အတွက် မည်သို့ ဖြစ်နိုင်မည်နည်း။

လေပြင်းဓားသည် ၎င်း၏ဓားအိမ်ဆီသို့ တိုက်ရိုက်ပျံသန်းသွားလေသည်။

လီချန်ချင်း၏ လှုပ်ရှားမှုသည် စွမ်းအားရှင်များကို အံ့အားသင့်စေခဲ့သည်။

ယေဘူယျအားဖြင့်ပြောရလျှင် မူလအဆင့်စွမ်းအားရှင်တစ်ဦးပေါ်လာသောအခါ ဤစွမ်းအားရှင်များသည် ၎င်းကို အာရုံခံမိမည်ဖြစ်သည်။အကယ်၍ ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်း၏ တပည့်တစ်ဦးသည် မူလအဆင့်တစ္ဆေမျိုးနွယ်တစ်ဦးနှင့် ကြုံတွေ့ပါက ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းမှ စွမ်းအားရှင်တစ်ဦးက အရေးယူမည်ဖြစ်သည်။

အကယ်၍ ဆေးဘုရင်တောင်ကြားမှ တပည့်တစ်ဦးသည် တစ်စုံတစ်ခုကို ကြုံတွေ့ရပါက ဆေးဘုရင်တောင်ကြားမှ စွမ်းအားရှင်တစ်ဦးက အရေးယူမည်ဖြစ်သည်။

သို့သော် ခုနက အန္တရာယ်ကြုံခဲ့သည့်သူမှာ ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းမှတပည့်နှင့် ရှေးဟောင်းတာအိုတောင်တန်းမြေမှ တပည့်တစ်ဦးဖြစ်သော်လည်း အရေးယူခဲ့သူမှာ ကျန်းဟဲအိမ်တော်က ချင်းလဲ့ဓားသခင်ဖြစ်လေ၏။

၎င်းသည် လူတော်တော်များများကို ထူးဆန်းသလို ခံစားမိစေသည်။

နေ့ခင်းဘက်တုန်းကလည်း ချင်းလဲ့ဓားသခင်သည် လီဟမ်ရှန်းကို ကာကွယ်ပေးနေပြီး ယခု လီဟမ်ရှန်းကို ထပ်မံကူညီနေပြန်သည်။ သူတို့ရဲ့ဆက်ဆံရေးကဘာလဲ....။

"အကြီးအကဲ...." ထိုအချိန်တွင် ကျန်းဟဲအိမ်တော်မှ အကြီးအကဲ ကန်ချန်းလီက ခါးသဲ့သဲ့ အပြုံးဖြင့် ထွက်လာလေသည်။

"ခုနကတပည့်က ရှေးဟောင်းတာအိုတောင်တန်းမြေက တပည့်ပါ။ အန္တရာယ်ကြုံလာတဲ့အခါ အရေးယူတဲ့စွမ်းအားရှင်ဟာ ရှေးဟောင်းတာအိုတောင်တန်းမြေကပဲ ဖြစ်သင့်တယ်။ ကျုပ်တို့လုပ်ရပ်က နည်းနည်း ရဲတင်းမနေဘူးလား။

"ဒါက ကိစ္စကြီးလား..." လီချန်ချင်းက ရွှယ်ချမ်းပိုင်ကို တစ်ချက်ကြည့်လိုက်သည်။

"သူတို့ စိတ်ဆိုးလားလို့ ခင်ဗျားမေးကြည့်လိုက်ပေါ့။"

"ကျုပ်တို့ စိတ်မဆိုးပါဘူး။" ရွှယ်ချမ်းပိုင်ကလည်း ဘာမှမထူးခြားသလို ပြောလိုက်သည်။

"ဒီ..."

ကန်ချန်းလီနဲ့ တခြားသူများ ဘာပြန်ပြောရမှန်းမသိတော့ချေေ

သို့သော် ရွှယ်ချမ်းပိုင်က ပြောသည်။ "ဒါပေမယ့် အခုအခြေအနေက ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းက အရေးယူတာ ပိုကောင်းမယ်။"

"ပြန်လမ်းမရှိဝင်ပေါက်က တပည့်နှစ်ယောက်ရှိပြီး ကျုပ်တို့ ရှေးဟောင်းတာအိုတောင်တန်းမြေက တစ်ယောက်ပဲ ရှိတယ်။ တစ်ယောက်ယောက်က အရေးယူရမယ်ဆိုရင် ပြန်လမ်းမရှိဝင်ပေါက်ဂိုဏ်းက တစ်ယောက်ယောက်က အရေးယူသင့်တယ်။ ခင်ဗျားမဟုတ်ဘူး။"

"အဲ့ဒီ တစ္ဆေမျိုးနွယ်က မူလအဆင့်လောက်ပါပဲ။ ခင်ဗျားရဲ့ ဖိနှိပ်ခံထားရတဲ့ စွမ်းအားနဲ့ ဆိုရင် လှုပ်ရှားမှုက အကန့်အသက်နဲ့ပဲ သုံးနိုင်တာ၊ အဲ့ထဲက တစ်ခုကို ဖြုန်းတီးပစ်လိုက်မိပြီ။" ရွှယ်ချမ်းပိုင်က လေးနက်စွာပြောသည်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုပတ်ဝန်းကျင်တွင် လုပ်ဆောင်ခက်သည် များစွာ အကျုံးဝင်ပါသည်။ ကျင့်ကြံသူတယောက်သည် သူ၏ ခွန်အားကို အသုံးပြုပါက အတွင်းအားကို ကုန်ခမ်းသည်အထိ အဆက်မပြတ်စားသုံးခံလိုက်ရမည် ဖြစ်သည်။

ထို့ကြောင့် အထူးအဆင့်တစ်ဦးအတွက်ပင်လျှင် လှုပ်ရှားမှု သုံးကြိမ်ပြုလုပ်ခြင်းသည် ၎င်းတို့၏ကန့်သတ်ချက်နီးပါးဖြစ်သည်။

မူလအဆင့်၏အထွတ်အထိပ်ရှိ ပညာရှင်တစ်ဦးသည်ပင် လှုပ်ရှားမှုကို နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။

ရွှယ်ချမ်းပိုင်၏အမြင်အရ လီချန်ချင်းသည် မူလအဆင့်ကိုသတ်ပစ်ရန် လှုပ်ရှားမှုကို အနည်းငယ်ဖြုန်းတီးခဲ့သည်ဟု ခံစားမိသည်။

သူ့အမြင်အရ လီချန်ချင်း လှုပ်ရှားရန်အတွက် နောက်ထပ် အခွင့်အရေး နှစ်ကြိမ်သာ ရှိတော့ပေမည်.

ထို့ပြင် ယနေ့သည် ပထမဆုံးနေ့ဖြစ်ပေ၏။

နောက်ထပ် မည်သို့သော တစ္ဆေမျိုးနွယ်စွမ်းအားများ ပေါ်လာမည်ကို မည်သူသိမည်နည်း။

"ကောင်းပြီ ကျုပ်နားလည်ပြီ။" လီချန်ချင်းသည် သူ့လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်သည်။

လီချန်ချင်းသည် ဤနေရာ၌ သူ့စွမ်းအားကို ဖိနှိပ်ထားမှုကို မခံစားရသောကြောင့် ဂရုမစိုက်ချေ။

သို့ဖြစ်၍ သူ လှုပ်ရှားနိုင်သည့် အကြိမ်အရေအတွက်မှာလည်း ကန့်သတ်ချက်မရှိပေ။

ဤအခိုက်အတန့်တွင် အဝေးမှ မျှော်စင်တစ်ခု၌ လေထုသည် တစ္ဆေစွမ်းအင်များဖြင့် ပြည့်နှက်နေလေ၏။ စွမ်းအားများမှာ သိပ်သည်းလွန်းသဖြင့် ကြောက်ရွံ့ဖွယ်ကောင်းလှသည်။ မသိလျှင် ဤအရာသည် တစ္ဆေအသိုက်တစ်မျိုးဟု ထင်ကြပေလိမ့်မည်။

သို့သော် အကွာအဝေးတစ်ခုမှ တစ္ဆေမျိုးနွယ်များ၏ ကိုယ်ထည်များ မျှော်စင်ဆီမှ ပျံထွက်သွားသည်ကို တွေ့ရပေမည်။ မျှော်စင်အောက်က မြေပြင်တွင် တစ္ဆေအလောင်းများ စုပုံနေပြီး တုန်လှုပ်ချောက်ချားစရာ ကောင်းလှသေည်။

မျှော်စင်ထဲတွင်မူ ကြယ်ရောင်များက နေရာတိုင်းတွင် ရှိနေပေ၏။

မိန်းကလေးငယ်တစ်ဦးသည် ရာနှင့်ချီသော တစ္ဆေမျိုးနွယ်စွမ်းအားရှင်များ၏ ဝိုင်းရံခြင်းကို တစ်ယောက်တည်း ရင်ဆိုင်နေရသည်။

သူမသည် ရာနှင့်ချီသော တစ္ဆေမျိုးနွယ်စစ်သည်များကြားတွင် မထိမခိုက်ဘဲ အေးအေးဆေးဆေး လှုပ်ရှားခဲ့သည်။ သူမ၏ လက်ဖဝါးများက ကြယ်များ၏ တောက်ပမှုကို ဖြာထွက်စေပြီး လက်ဖဝါးတစ်ချက် ရိုက်လိုက်ခြင်းဖြင့်ပင် တစ္ဆေမျိုးနွယ်တစ်ဦးအား ထိုနေရာတွင်ပဲ ချေမွပစ်နိုင်လေသည်။

All Chapters