← Chapters

အခန်း (၁၆၆)

Vol. 17 Ch. 166

အခန်း (၁၆၆)

Vol. 17 Ch. 166

သူတို့အားလုံးမှာ ဆာလောင်လွန်းလှသောကြောင့် ဝမ်းနည်းမှုများကိုပင် မေ့ပျောက်သွားချေခဲ့ပြီ။

ယခုလိုမျိုးအခြေအနေမျိုးတွင် စားသောက်ခြင်းထက် မည်သည့်အရာက ပို၍ အရေးကြီးပါသနည်း။

“ကျွန်တော်က ဝက်ဂုတ်သားကင်ကို ကြက်သွန်ဆော့စ်နဲ့ ထမင်း လိုချင်ပါတယ်”

“ဓားသခင်ကြီး ကျွန်တော်က ဝက်သားကြော်နဲ့ထမင်း”

“…..”

သူတို့အားလုံးမှာ တန်းစီပြီး အစားအသောက်များကို ရယူနေကြ၏။ ရရှိပြီးသောသူများမှာမူ အိတ်ရှုံ့လေးထဲကို ရေနွေးထည့်ကာ အစားအသောက်များ အဆင်သင့်ဖြစ်မည့်အချိန်ကိုသာ စောင့်မျှော်နေကြသည်။

သူတို့အားလုံးမှာ ထိုအရာများကို လုပ်ဆောင်ရန်မှာ အကျွမ်းတဝင်ရှိနေပြီးသား ဖြစ်သည်။

“စားပြီးလို့ ဗိုက်ဆာနေသေးရင် နောက်တခါ လာယူကြဦး”

ထမင်းတပွဲစားရုံနှင့် သူတို့ မဝနိုင်မှန်းကို လီချန်ချင်းက ကောင်းစွာနားလည်သဘောပေါက်လေသည်။ ထိုကလေးများမှာ တညလုံး သွေးသံရဲရဲတိုက်ပွဲနှင့် ကြုံတွေ့ခဲ့ရသည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများမှာ များစွာမှပင် အားနည်းနေပေလိမ့်မည်။

ထို့ကြောင့် သူတို့အားလုံးက ဗိုက်ဝနေဖို့ လိုအပ်ပေလိမ့်မည်။

ဓားသခင်မှာ ကန်တင်းမှ မုန့်ဝေသော ဦးလေးကြီးအလားပင်။

“တကယ်လား”

တပည့်များမှာ လွန်စွာအံ့အားသင့်နေသော မျက်နှာအမူအရာနှင့် လီချန်ချင်းကို ကြည့်လိုက်ကြတော့သည်။

သူတို့က ထမင်းတပွဲစားပြီးတာတောင်မှ မဝသေးရင် ထပ်လာယူလို့ ရတယ်လား။

အစားအသောက်များမှာ တရက်ကုန်သွားသည်နှင့် လျော့နည်းသွားလိမ့်မည်ဟု ထင်ထားခဲ့သည် မဟုတ်ပါလား။ ထို့ကြောင့် သူတို့အားလုံးမှာ တရက်ကို ထမင်းတပန်းကန်စားရရုံမျှပင် အတော်ကောင်းနေပြီဟု တွေးခဲ့ကြသည်။ အစားအသောက်အများကြီး ယူလာဖို့ဆိုတာက ဖြစ်မှမဖြစ်နိုင်တာလေ။ ဟုတ်တယ်မဟုတ်လား။

ဒါပေမယ့် ယခုကြည့်ရသလောက်မှာတော့ အစားအသောက်များစွာ ရှိနေသေးသည့်ပုံစံပင်။

“ဟုတ်တယ်။ မင်းတို့ စားသောက်ပြီးလို့ မဝသေးရင် ဒီနေရာကို နောက်ထပ်တခေါက်လာယူနိုင်သေးတယ်”

လီချန်ချင်းက ခေါင်းညိတ်ပြလိုက်၏။

သို့ပေမယ့်လည်း ကျန်းဟယ်အိမ်တော်နှင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ အကြီးအကဲများမှာမူ စိတ်ပူနေကြသေးသည်။ သူတို့သာ အစားအစာများကို မဆင်မခြင်စားလိုက်ပါက နောက်ရက်များတွင် ငတ်ကုန်မည်မဟုတ်ပါလား။ သူတို့က ဤနေရာ၌ ၁၃ရက်ကြာအောင် နေကြရမည်လေ။

တကယ့်တကယ်တန်း သူတို့မမျှော်လင့်ထားခဲ့သည်မှာ လီချန်ချင်း၌ အစားအသောက်များစွာတို့ အပြည့်လှောင်ထားသည့် သိုလှောင်လက်စွပ်ကွင်းနှစ်ဆယ်ခန့်ရှိနေသည့် အချက်ကိုပင် ဖြစ်သည်။

ထို့ကြောင့် သူတို့ ဘယ်လောက်များများပင် စားပါစေ။ အစားအသောက်များ မလုံလောက်မှာကို စိတ်ပူပန်ဖို့ မလိုပါချေ။ သူတို့၏ စိုးရိမ်ပူပန်နေမှုများမှာ အလကားသာ ဖြစ်သည်။

သင်းပျံ့သော ဟင်းရနံ့များမှာ လေထုထဲသို့ ပျံ့နှံ့လာခဲ့ပြန်သည်။ အခြားသောဂိုဏ်းများမှ တပည့်များမှာလည်း ထိုရနံ့များကြောင့် သွားရည်များ တမြားမြားနှင့် ကျလာခဲ့တော့သည်။

ရှေးဟောင်းတာအိုဂိုဏ်းနှင့် ကျန်းဟယ်အိမ်တော်တို့၏ လက်ရှိအခြေအနေကို စောင့်ကြည့်ကာ ပြန်သတင်းပို့နေကြသော စပိုင်သူလျိုများပင် ရှိနေကြသေး၏။

ထိုအခြေအနေကို သိပြီးသော် အခြားဂိုဏ်းများရှိ စွမ်းအားရှင်များမှာ အေးစက်စွာ နှာမှုတ်လိုက်ကြသည်။ သူတို့က ဘာများကြီးကြီးကျယ်ကျယ်လုပ်ပြီးတော့ ကြွားဝါနေစရာရှိသေးလို့လဲ။

“စောင့်ကြည့်လိုက်စမ်းပါဦး။ အခုလိုမျိုးသာ အစားအသောက်တွေကို ဖြုန်းတီးနေမှတော့ ဘယ်နှစ်ရက်ကြာအောင် စားနိုင်ကြမှာမို့လို့လဲ။ အချိန်တခုရောက်ရင် သူတို့တွေ အာဟာရပြည့်ဖို့အတွက် အစာခြောက်တွေကိုပဲ အားကိုးရတော့မှာ။ အခုလိုမျိုး အစားကောင်းအသောက်ကောင်းတွေကို စားထားတာမို့လို့ ကြမ်းတမ်းတဲ့ အစားအစာတွေကို စားနိုင်ကြမှာ မဟုတ်ဘူး။ အဲ့ဒီ့အချိန်ကို ရောက်ရင် သူတို့တွေ ခံစားကြရလိမ့်မယ်”

ဂိုဏ်းခေါင်းဆောင်းတယောက်က ပြောလိုက်ခြင်းဖြစ်သည်။

“အဖေ ကျွန်တော်ကတော့ စားချင်တယ်ဗျာ။ ကျွန်တော်တို့ အိမ်ပြန်ရောက်ရင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းဆီကိုသွားပြီးတော့ သူတို့ဆီက စားသောက်စရာတွေကို ဝယ်စားကြရအောင်။ အရမ်းကို စားချင်စရာပဲ”

ဂိုဏ်းခေါင်းဆောင်၏ နံဘေးရှိ လူငယ်လေးမှာ တောက်ပနေသော မျက်ဝန်းများနှင့် ပြောလိုက်သည်။

“အသုံးမကျတဲ့ကောင်” ဂိုဏ်းခေါင်းဆောင်မှာ ဒေါသတကြီး ဟစ်ကြွေးလိုက်သည်။

“ငါတို့ပြန်ရောက်ရင် အခုလိုမျိုး စားသောက်စရာနဲ့ အဝတ်အစားတွေ ချို့တဲ့နေမလားကွ။ အခုလောလောဆယ် ငါတို့ မှာ အစားအသောက်တွေ မရှိနေတာက ယာယီပြသနာပဲ။ အပြင်ပြန်ရောက်ရင် စားသောက်စရာတွေမှ မိသားစုမှာ ရှိနေတာကို။ သူတို့ဆီကနေ စားချင်သေးတာလား”

“စားချင်တယ်” ကောင်လေးမှာ ပြတ်သားစွာဆိုလိုက်သည်။

အခြားမိသားစုဝင်များမှာလည်း သူတို့၏ ခေါင်းဆောင်ကို ကြည့်ရင်း ရူးသွပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်တော့သည်။

ထိုအချိန်၌ သူတို့အတွေးထဲတွင် ရှိနေသည်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အပူပေးအစားအစာသည် လောကကြီး၌ အရသာအရှိဆုံးအရာဟု တွေးနေကြလေပြီ။

သူတို့အပြင်သို့ပြန်ရောက်ပြီးနောက် စားသောက်ဖွယ်ရာများကို စားရသည့်တိုင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အပူပေးအစားအစာကို စားချင်ဆဲပင် ဖြစ်သည်။

ထိုခံစားချက်မှာ စွဲလန်းမှုတရပ်ပမာပင် ဖြစ်နေခဲ့တော့သည်။

ထိုအခြေအနေမျိုးမှာ လီချန်ချင်းလိုချင်သော ကွက်တိအခြေအနေသာ ဖြစ်ပေသည်။

တစုံတခုကို မရရှိနိုင်ခြင်းသည် တသက်လုံးမမေ့နိုင်သော အရာပင်ဖြစ်သွားလိမ့်မည်။

(မင်းနဲ့ သူမလိုပေါ့။ သူမကတော့ မင်းမရှိလည်း ဖြစ်တယ်။ မင်းကတော့ သူမကို မြေးဦးရတဲ့အထိ မေ့ပါ့မလား?

မပိုင်ဆိုင်ရလည်းနေ ချစ်နေတယ်ဆိုတဲ့မင်း… မူးရင်တော့ မငိုနဲ့ကွာ)

ထိုသူများမှ ချန်ချင်းကုန်သွယ်ရေးသို့လာပြီး ကိုယ်ပိုင်အပူပေးအစားအစာများကို လာရောက်ဝယ်ယူခြင်းသည် အရေးပါသော ခြေလှမ်းကို စတင်လှမ်းလိုက်ခြင်းသာ ဖြစ်ပါသည်။ အနာဂတ်တွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ စီးပွားရေးမှာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားလိမ့်မည် မဟုတ်ပါလား။

ထိုမိသားစုတင်သာမကပေ။ အခြားအခြားသော ဂိုဏ်းများမှ တပည့်မျာသည်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ကိုယ်ပိုင်အပူပေးအစားအစာကို ရူးသွပ်စွာ သွားရည်တမြားမြားနှင့် မြည်းစမ်းကြည့်ချင်ကြတော့သည်။

ထိုသင်းရနံ့က သူတို့အား ရူးသွပ်လုနီးနီးပင်။

ယခုအချိန်အခါ၌ သူတို့အားလုံးမှာ မာကျောလှသော ပေါင်မုန့်ခြောက်များကို စားသောက်ရင်း ကြက်သွန်နှစ် ဆမ်းထားသော ဝက်ဂုတ်သားကင်နှင့် ဝက်သားကြော်ထမင်းရနံ့ကို ရှုရှိုက်နေကြရသည်။ ထိုဖြစ်ရပ်မှာ တစ္ဆေမျိုးနွယ်များကို တိုက်ခိုက်ရခြင်းထက် သူတို့အား ပိုမို၍ စိတ်ဒုက္ခရောက်နေစေခဲ့သည်။

“သေစမ်းကွာ” တပည့်တယောက်မှာ ထဆဲလိုက်သည်။

“တစ္ဆေမျိုးနွယ်ရဲ့နှိပ်စက်မှုကို ခံရပြီးတာတောင် ဒီဟင်းနံ့က ငါတို့ရဲ့ စိတ်ပိုင်းဆိုင်ရာကို အရမ်းကို ညှင်းဆဲနေတော့တာပဲ။ ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုကြီး ပြီးသွားတာနဲ့ ချန်ချင်းကုမ္ပဏီကို ငါလိုက်ရှာပြီးတော့ ဝက်သားထမင်းကြော်ကို နေ့တိုင်းကို စားပစ်မယ်”

လူတိုင်းစားသောက်နေသည့်အခိုက်တွင် လင်းချင်းကျီမှာ သူတို့အနောက်ဖက်ရှိ မြို့ရိုးပေါ်တွင် ပေါ်လာခဲ့သည်။

သူ၏ အရှိန်အဝါကို ထိန်းချုပ်မထားသောကြောင့် လူတိုင်းက သူရောက်ရှိလာသည်ကို ခံစားမိလိုက်ကြ၏။

“လူကြီးမင်းလင်း”

သန်မာသော ကျင့်ကြံသူများက ထရပ်ပြီးနောက်တွင် လင်းချင်းကျီကို နှုတ်ဆက်လိုက်၏။

လင်းချင်းကျီမှာ ယခုမှ အိပ်ယာနိုးလာသည့်ပုံပင်။ လီချန်ချင်းမှာ လင်းချင်းကျီကို အကြိမ်အနည်းငယ်ခန့် တွေ့ဖူးသည်။ ထိုသူ၏ ပုံစံမှာ အမြဲတန်းပင် အိပ်မှုန်စုံမွှားသာ ဖြစ်နေခဲ့၏။ ဘာကြောင့် ထိုသို့ ဖြစ်နေမှန်းကိုတော့ သူမသိပါချေ။

သူက လူတိုင်းကို ဝေ့ကြည့်ပြီးနောက် “ အားလုံးရဲ့ ပုံစံက သနားစရာလေးတွေပါလား”

ထိုစကားကို ကြားသော် လူတိုင်း တိတ်ကျသွားခဲ့သည်။

ဟုတ်ပါသည်။ အခြေအနေမှာ လွန်စွာ ဝမ်းနည်းဖွယ်ကောင်းနေပါ၏။ မနေ့ညတညတည်းနှင့်ပင် တပည့်တစ်ရာကျော်မှာ အသတ်ခံရသူ အသတ်ခံရ၊ သေလုမျောပါး ဒဏ်ရာရသူကရနှင့် ဖြစ်ခဲ့သည် မဟုတ်ပါလား။

“ဒီစမ်းသပ်မှုကို ပါဝင်တဲ့ တပည့်တွေက နှစ်ထောင်နီးပါးလောက်ရှိနေပေမယ့် တပည့်တစ်ရာကျော်က တညတည်းမှာပဲ အသတ်ခံခဲ့ရတယ်။ နောက်ညတွေမှာ တစ္ဆေမျိုးနွယ်က မနေ့ညကထက်ပိုပြီး သန်မာတဲ့ လူတွေ ရောက်လာမှာပဲ စိုးတယ်။ အဲ့လိုသာဆိုရင် ထိန်းချုပ်ဖို့က အတော်လေးကို ခက်သွားလိမ့်မယ်”

“စိတ်မပူပါနဲ့”

လင်းချင်းကျီမှာ စိတ်မပူသည့်အလားပင်။ သူက သာမန်မျှ ဆိုလိုက်၏။

“တစ္ဆေနတ်ဆိုးစမ်းသပ်မှုရဲ့ ပထမနေ့က အမြဲအဲ့သလိုပါပဲ”

“တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ပထမဦးဆုံးအကြိမ် ပါဝင်လာခဲ့တဲ့ လူငယ်တွေက ဒီအတိုင်းပါပဲ။ သူတို့က အတွေ့အကြုံနုကြသေးတယ်လေ”

လင်းချင်းကျီက မြို့ရိုးပေါ်မှ ဖြေးညင်းစွာ ပျံဝဲကာ ဆင်းသက်ရင်းနှင့် ပြောလိုက်သည်။

လက်ရှိတွင်သူက ကျောင်းပျက်တခု၏ ခေါင်းမိုးထက်သို့ ရောက်နေလေပြီ။

“ပထမညအပြီးမှာ လူတိုင်းက အရင်ကထက် အတွေ့အကြုံရှိသွားပြီ။ အဲ့လို ရင့်ကျက်သွားမှပဲ ကိစ္စတွေက ပိုပြီး အကောင်းဘက်ကို ရောက်လာလိမ့်မှာ။ ဒီတခေါက်တော့ ထိခိုက်မှုက မနေ့ကလောက် ရှိလာမှာ မဟုတ်ဘူး”

လူတိုင်းမှာ သူ၏ စကားကို ခေါင်းညိတ်ထောက်ခံကြသည်။

ပထမညတွင် တစ္ဆေမျိုးနွယ်နှင့် ရင်ဆိုင်ရသည့်အခိုက်တွင် တပည့်များမှာ လွန်စွာ ကြောက်ရွံ့နေခဲ့ကြ၏။ သူတို့ခွန်အား ၇၀% ကို ထုတ်သုံးနိုင်ခြင်းကပင် အတော်လေးကောင်းမွန်နေခဲ့ကြပြီ ဖြစ်သည်။

စစချင်းတွင် တပည့်များစွာ ထိခိုက်ဒဏ်ရာရခဲ့ကြသည်။

နောက်ပိုင်းတွင်တော့ တစ္ဆေများစွာတို့ကို သတ်ဖြတ်ရင်းနှင့် ထိုအရာများနှင့် ပိုမို၍ ရင်းနှီလားကြတော့သည်။

“ကောင်းပြီ” လင်းချင်းကျီက လူတိုင်းကြားအောင် ပြောလိုက်သည်။

“ မနေ့က ကောင်းမှုရမှတ်အများဆုံး ရခဲ့တဲ့ တပည့်တွေကို လာကြေညာပေးတာပဲ”

လင်းချင်းကျီ၏ စကားအဆုံးတွင် လူတိုင်းက လေးနက်သွားခဲ့သည်။ သူတို့၏ ကောင်းမှုရမှတ်တိုကင်များကို စစ်ဆေးရန်အတွက် အချိန်မရှိခဲ့သောကြောင့် မည်သူမျှ မကြည့်ကြရသေးပေ။

လင်းချင်းကျီက ထိုသို့်ပြောလိုက်သောကြောင့် လူတိုင်းက ဘယ်တပည့်က အမှတ်အများဆုံး စုဆောင်းမိသလဲဆိုတာကို သိချင်လာကြသည်။

အမြင့်ဆုံးရသူမှာ ဂုဏ်ယူစရာပင် ဖြစ်သည်။

“ငါထင်တာကတော့ ဂိုဏ်းတဂိုဏ်းဂိုဏ်းက ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်ကို ရောက်နေတဲ့ တပည့်တယောက်ယောက်ဖြစ်လိမ့်မယ်လို့ ထင်တယ်။ သူတို့က ကောင်းမှုရမှတ်အများကြီးကို ရထားလောက်မယ်ထင်တယ်”

တယောက်က ထပြောသည်။

ကျန်သူများကလည်း ခေါင်းညိတ်ကာ သဘောတူကြလေသည်။ ထိုကဲ့သို့သာ ဖြစ်နိုင်သည်မဟုတ်လား။

“အကို၃ မဟုတ်လား” လီဟမ်ရှန်းက နံဘေးရှိ ကျိုးကျွင်းကို ကြည့်ကာ စိတ်ဝင်တစားနှင့် မေးလိုက်၏။

“ငါလည်း မသေချာဘူး” ကျိုးကျွင်းက သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။

“တခြားဂိုဏ်းမှာလည်း စွမ်းအားကြီးတဲ့ တပည့်တွေရှိသေးတယ်။ ဒီတခေါက်မှာ ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်ကို ရောက်နေတဲ့တပည့်တွေက ၂၇ယောက်တောင်ရှိတာဆိုတော့ ဘယ်သူ ရမလဲဆိုတာက ပြောရခက်ပါတယ်”

လူတိုင်းက လင်းချင်းကျီကို ငေးကြည့်ကာ သူကြေညာမည်ကို စောင့်စားနေကြသည်။

“ကွမ်လန်နန်းတော်က လုရှီရန်”

All Chapters