အခန်း (၁၆၇)
Vol. 17 Ch. 167
လင်းချင်းကျီ၏ နှုတ်မှ ထိုနာမည် ထွက်သွားသည့်အခါတွင် တစ္ဆေမြို့ပျက်ကြီးတခုလုံးမှာ တိတ်ဆိတ်သွားခဲ့တော့သည်။ လူတိုင်း၏ မျက်ဝန်းမှာ မယုံကြည့်နိုင်မှုများနှင့် ပြည့်နှက်နေခဲ့၏။
လုရှီရန်တဲ့လား။
ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။
ထိုအခိုက်တွင် ယိုယွင်းပျက်စီးနေသည့် ခြံဝင်းလေး၌ ပေါင်မုန့်ဝိုင်းလေးတချပ်ကို ပါးစပ်ထဲ၌ ကိုက်ထားသည့် လုရှီရန်မှာလည်း မျက်လုံးအဝိုင်းသားနှင့် လင်းချင်းကျီကို မော့ကြည့်လိုက်သည်။
“ဟင် ကျွန်မလား”
လုရှီရန်မှာ အနည်းငယ်မျှ အံ့အားသင့်သွားပြီးနောက်တွင် သူမ၏ ဦးခေါင်းကို ငုံ့ကာ ပေါင်မုန့်ကို ဆက်စားနေလိုက်သည်။
လီဟမ်ရှန်းသည်ပင် မယုံနိုင်အောင် ဖြစ်နေတော့သည်။
သာမန်ပြန်လည်မွေးဖွားခြင်းအဆင့်လေးကများ ကောင်းမှုရမှတ်အများဆုံးကို စုဆောင်းနိုင်ခဲ့တယ်ပေါ့
သူမက ဘယ်လိုများလုပ်ခဲ့တာလဲ
မနေ့ညက တိုက်ခိုက်ခဲ့ကြသော တပည့်များမှာ လုရှီရန်ကို မမြင်ခဲ့မိကြချေ။
“မင်းတို့အားလုံးထဲမှာမှ လုရှီရန်ကပဲ သံတံဆိပ်ကောင်းမှုရမှတ်တိုကင်ကို ကြေးတံဆိပ်အဖြစ်ကို ပြောင်းလဲနိုင်ခဲ့တာ။ သူမကလွဲပြီး ဘယ်သူမှ မလုပ်နိုင်ခဲ့ကြဘူး” လင်းချင်းကျီက ဖြေးညင်းစွာ ပြောလိုက်သည်။
“လူကြီးမင်းလင်းခင်ဗျား သံတံဆိပ်ကောင်းမှုရမှတ်တိုကင်ကို ကြေးတံဆိပ်ကို ပြောင်းလဲဖို့က ဘယ်လိုမျိုးအခြေအနေတွေကို လိုအပ်တာပါလဲ”
တပည့်တယောက်မှာ သည်းမခံနိုင်သောကြောင့် မေးလိုက်၏။
“ကောင်းမှုရမှတ် တသောင်းပြည့်သွားတာနဲ့ သံတံဆိပ်ကနေ ကြေးတံဆိပ်ကို အဆင့်တက်သွားလိမ့်မယ်” လင်းချင်းကျီက ထိုသို့ ပြောပြီးနောက်တွင် ပေါ့ပေါ့ပါးပါးနှင့် ထပ်ဖြည့်ကာ ပြောလိုက်၏။
“လူတိုင်းပဲ ကြိုးစားထားကြပါ။ စမ်းသပ်မှုပြီးသွားတာနဲ့ မင်းတို့ စုဆောင်းလာခဲ့တဲ့ ကောင်းမှုရလဒ်တွေအလိုက် ထျန်းဟိုင်မြို့က ဆုချီးမြှင့်ပါလိမ့်မယ်”
ထို့နောက်တွင် လင်းချင်းကျီက အနောက်သို့လှည့်ကာ ထွက်သွားခဲ့လေသည်။
သူက လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာပင် ပြန်ထွက်သွား၏။
လင်းချင်းကျီ ဘယ်ကိုထွက်သွားလဲဆိုတာကိုတောင် မည်သူမျှ ဂရုမစိုက်ကြပေ။
“လုရှီရန်က တညတည်းမှာပဲ ရမှတ်တသောင်းကို စုဆောင်းနိုင်ခဲ့တာလား။ လုရှီရန်က မည်သို့လုပ်ခဲ့မှန်းကို လီဟမ်ရှန်းက လုံးဝကို မသိပါချေ။”
အခြားလူများသည်လည်း တစ္ဆေမျိုးနွယ်ဝင်များစွာကို မည်သည့်နေရာ၌ ရှာတွေ့ခဲ့သည်ကို လုရှီရန်အား မေးချင်နေကြ၏။
သို့သော် ထိုအခိုက်တွင် စည်းကမ်းထိန်းသိမ်းရေးတောင်မှ တောင်သခင်ဝူဝမ်ယင် ရောက်လာပြီး ပြောလိုက်သည်။
“အတွေးလွန်မနေကြနဲ့။ အဲ့ဒီ့ကလေးမလေးက မနေ့ညတုန်းက မြို့ရဲ့အတွင်းပိုင်းထဲကို တယောက်ထဲဝင်သွားခဲ့တာ။ အဲ့ဒီ့နေရာမှာ တစ္ဆေမျိုးနွယ်ဝင်တွေက အများကြီးရှိနေတယ်။ ပြီးတော့လည်း ပိုပြီးတော့လည်း အန္တရာယ်များတယ်။ အဲ့ဒါကြောင့်မို့လည်း သူက ပိုပြီးတော့ ကောင်းမှုရမှတ်တွေအများကြီးကို ရခဲ့တာ”
“မင်းတို့တွေအားလုံး မနာလိုဖြစ်နေစရာ မလိုအပ်ဘူး”
“မင်းတို့တွေသာ အဲ့ဒီ့နေရာကိုသွားမယ်ဆိုရင် အသက်ရှင်ရက်နဲ့ ပြန်လာနိုင်ကြမှာမဟုတ်ဘူး”
ဝူဝမ်ယင်၏ စကားကိုကြားပြီးနောက်တွင် လူတိုင်းမှာ အနည်းငယ် နေလို့ထိုင်လို့ကောင်းသွားခဲ့တော့သည်။ တဆက်တည်းမှာပင် လုရှီရန်၏ စွမ်းအားကြောင့် သူတို့အားလုံး ထိတ်လန့်သွားခဲ့ရ၏။
သူမက ယခုမှ ပြန်လည်မွေးဖွားခြင်းအဆင့်ပဲ ရှိသေးတာမဟုတ်ဘူးလား။ ဘာလို့အခုလိုမျိုး စွမ်းအားကြီးနေရတာလဲ။
ဒါကျတော့ နည်းနည်း သာမန်နဲ့ မတူဘူးမဟုတ်လား။
“ညီ၄ မင်းရဲ့ဇနီးကတော့ သာမန်မဟုတ်ဘူးဟေ့” ကျိုးကျွင်းပင်လျှင် အနည်းငယ်စိတ်ရှုပ်ထွေးနေခဲ့သည်။
လီဟမ်ရှန်းမှာ ဘာတခွန်းမျှ မပြောခဲ့ပါချေ။ ဘာတွေဖြစ်နေတာလဲဆိုတာကို သူခန့်မှန်းမိခဲ့လေသည်။
“လုရှီရန်၏ နတ်ခန္ဓာမှာ သေးငယ်သောအောင်မြင်မှုကို ရရှိထားသော အဆင့်မှာ ရှိ၏”
“ငါ့ရဲ့ နေလအင်မော်တယ်နတ်ဆိုးခန္ဓာကတော့ အခုမှ စဦးအဆင့်ကိုတောင် မရောက်နေသေးဘူးပဲ”
“အဲ့လိုဆိုရင်တောင်မှ ငါ့ရဲ့ နတ်ခန္ဓာက အရမ်းကို စွမ်းအားကြီးလွန်းတယ်။ ငါ့ထက်တဆင့်မြင့်တဲ့ တောင်တစ္ဆေကိုတောင်မှ ယှဉ်တိုက်နိုင်ခဲ့တယ်။ လုရှီရန်လို သေးငယ်တဲ့ အောင်မြင်မှုအဆင့်ကို ရောက်နေတဲ့ နတ်ခန္ဓာက တစ္ဆေတွေအများကြီးကို သတ်ဖြတ်နိုင်တာကတော့ အံ့ဩစရာမဟုတ်ပါဘူး”
“သူမက ပြန်လည်မွေးဖွားခြင်းအဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့ တစ္ဆေမျိုးနွယ်တွေကိုတောင်မှပဲ ယှဉ်တိုက်နိုင်လောက်တယ်”
“အဲ့ဒါကမှ တကယ့်ပါရမီရှင်ပဲ”
လီဟမ်ရှန်းသည် ဤလောကရှိ ပါရမီရှင်များကို လျှော့တွက်ခဲ့လွန်းမိချေပြီ။ ဒါက ကွမ်လန်နန်းတော်က လုရှီရန်တယောက်သာ ရှိသေးသည်။ စန်းယွမ်တိုက်ကြီးတခုလုံးတွင် ပါရမီရှင်ဘယ်လောက်များများ ရှိနေဦးလိမ့်မလဲ”
လီဟမ်ရှန်းသည် သူ၏ နတ်ဘုရားစိတ်အာရုံကို သံတိုကင်ပြားထံသို့ ပို့လွှတ်လိုက်လေသည်။ သူ့၌ ကောင်းမှုရမှတ် ၄၇၀၀သာ ရှိကြောင်း သိလိုက်ရ၏။
“လုရှီရန်ထက် နှစ်ဆကျော်လောက်ကို နည်းနေခဲ့တာပဲ”
“ငါ ခုထက်ပိုပြီးတော့ ကြိုးစားဖို့ လိုနေပြီ”
ထမင်းစားသောက်ပြီးသော တပည့်များသည် တဲလေးများထဲသို့ ဝင်ကာ တယောက်အိပ်ယာခင်းထဲသို့ဝင်ကာ အနားယူနေကြချေပြီ။
တခြားသောဂိုဏ်းများမှ တပည့်များကမူ မြက်ခင်းများကို လိုက်ရှာကာ မြက်ပေါ်တွင်လှဲအိပ်၍သော်လည်ကောင်း၊ လေတိုးသည့်ဒဏ်ကိုကာကွယ်ရန် နံရံများကို မှီ၍သော်လည်ကောင်း အနားယူကာ အိပ်စက်နေကြသည်။
လီချန်ချင်းနှင့် ရွှယ်ချမ်းပိုင်မှာမူ အတူတကွထိုင်ကာ စကားစမြည်ပြောနေကြ၏။
နေ့ခင်းပိုင်းသို့ ရောက်တော့မည်ဖြစ်သည်။
“အကြီးအကဲ”
ထိုအခိုက် ကန်ချန်းလီ ရောက်လာပြီး လီချန်ချင်းကို ပြောလိုက်၏။
“အကြီးအကဲရှုက ဆွန်းကျူရှန်းနဲ့ မန်ချန်းရဲ့ အနောက်ကို ဒီမနက်ကတည်းက လိုက်သွားတာ အခုထိ ပြန်မလာနိုင်ခဲ့ပါဘူး”
“ဟင်”
ထိုအခိုက်မှ ရှုချန်အန်းထွက်သွားသည်မှာ အချိန်ကြာပြီဖြစ်ကြောင်းကို လီချန်ချင်းက သတိပြုမိသွားခဲ့တော့သည်။
တပည့်နှစ်ယောက်ပြန်မလာတဲ့အပြင် ရှုချန်အန်းပြန်မလာနိုင်တာက ထူးဆန်းလွန်းတယ်မဟုတ်ပါလား။ ရှုချန်အန်းမှာလည်း မူလအဆင့်အထွတ်အထိပ်တွင် ရှိသော ကျွမ်းကျင်သူတယောက်ပဲလေ။
“တပည့်နှစ်ယောက်ကို သူက ရှာမတွေ့ရင်တောင်မှ သူက ပြန်ရောက်နေသင့်ပြီလေ”
လီချန်ချင်းမှာ နတ်ဘုရားအာရုံကို အရပ်ခြောက်မျက်နှာသို့ ခွဲဖြာထွက်သွားစေ၏။
သို့သော် သူ၏ နတ်ဘုရားအာရုံမှာ နေရာများစွာကို ပျံ့ကြဲကာ ဖုံးလွှမ်းသွားသည့်တိုင် ဘာခြေရာလက်ရာမှ ရှာမတွေ့နိုင်ခဲ့ပေ။
ထိုဖြစ်ရပ်မှာ လီချန်ချင်း၏ မျက်ခုံးများကို တွန့်ကွေးသွားစေခဲ့သည်။
ဘာမှမတွေ့တာလား?
ဘာတွေ ဖြစ်ကုန်တာလဲ
ကောင်းကင်ပြောင်းပြန်တစ္ဆေမြို့တော်မှာ လွန်စွာ ကြီးမားလှသည့်တိုင် ရှုချန်အန်းမှာ ထိုမျှထက်ဝေးသော နေရာကို သွားနိုင်လိမ့်မည်မဟုတ်ပါချေ။
“ရှာမတွေ့ဘူးလား” ရွှယ်ချမ်းပိုင်မှာ လီချန်ချင်း၏ မျက်နှာထက်မှာ အမူအရာကိုမြင်ပြီးသော် မေးလိုက်ခြင်းပင် ဖြစ်ပါသည်။
“အင်း” လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။
“ဘာမှကို မတွေ့ဘူး။ အဲ့တာက ထူးဆန်းလွန်းနေတယ်”
“တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ ဘယ်အရာမဆို ဖြစ်သွားနိုင်တယ်”
ရွှယ်ချမ်းပိုင်က ခပ်ဖြေးဖြေးပြောလိုက်သည်။
“ဖြစ်နိုင်တာက သူက အရမ်းစွမ်းအားကြီးမားတဲ့ ရန်သူနဲ့တွေ့ပြီးတော့ အသတ်ခံလိုက်ရတာပဲ ဖြစ်လိမ့်မယ်”
“သူသာ အဝေးကြီးကို ရောက်သွားခဲ့ရင် တိုက်ပွဲလှိုင်းရိုက်ခတ်မှုတွေကို ကျုပ်တို့ ခံစားမိကြမှာ မဟုတ်ဘူး”
ရွှယ်ချမ်းပိုင်၏ စကားကို လူတိုင်းထောက်ခံကြပေသည်။
ကျန်းဟယ်အိမ်တော်၏ အကြီးအကဲနှစ်ယောက်မှာမူ စိုးရိမ်နေကြသည်။
“တပည့်နှစ်ယောက်တည်း ပျောက်နေတာမဟုတ်ဘူး။ အကြီးအကဲပါ ပျောက်နေတာ”
“နောက်ထပ်နည်းနည်းလောက် ထပ်စောင့်လိုက်ရအောင်” လီချန်ချင်းက အလျင်အမြန်သွားမရှာလိုခဲ့ပေ။ ကြောက်ဖို့ကောင်းသော သတ္တဝါတကောင်ကောင်နှင့် တွေ့လျှင်မည်သို့ လုပ်ရမည်နည်း။
ကောင်းကင်ပြောင်းပြန်တစ္ဆေအရှင်လိုမျိုး စွမ်းအားကြီးပုဂ္ဂိုလ်တယောက်ယောက်များ ထွက်လာရင် ဘယ်လိုလုပ်မလဲ။ အဲ့ဒါဆို ပြသနာ မဖြစ်သွားနိုင်ဘူးလား။
ထိုကဲ့သို့ ဖြစ်ရပ်မျိုးဖြစ်လာနိုင်မည့် အခြေအနေမှာ သုညခန့်သာ ရှိသော်လည်း လီချန်ချင်းက မစွန့်စားရဲပေ။
ဤကဲ့သို့ နှင့် တရက်ကုန်ဆုံးသွားခဲ့သည်။
လူတိုင်းမှာ ဤနေရာသို့ ရောက်ကာစ အခြေအနေတုန်းက စိတ်လှုပ်ရှားမှုများအားလုံးမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။
ညသန်းခေါင်သို့ ရောက်သည့်အခါတွင် လူတိုင်းမှာ နောက်ထပ်တကြိမ် သတ်ကွင်းထဲသို့ ကျရောက်သွားခဲ့ပြန်ပြီ။
ဒုတိယည၏ လုပ်ဆောင်ချက်များမှာ ပထမညထက် များစွာကို သာလွန်လှလေသည်။ ဒဏ်ရာရ၊ သေဆုံးသော တပည့်များအရေအတွက်မှာ ဆယ်ယောက်ပင် မပြည့်ပေ။
ထို့အပြင် မူလအဆင့်တယောက်သာ ပေါ်လာခဲ့ပါသည်။
၎င်းကိုလည်း ယွမ်မင်းဆက်မှ ကျွမ်းကျင်သူတဦးက သတ်ဖြတ်နိုင်ခဲ့သည်။
အရာအားလုံးမှာ ပုံမှန်အတိုင်းသာ ဖြစ်သည်။
သို့သော် ယနေ့ညတွင်ပေါ်ပေါက်လာသော တစ္ဆေအရေအတွက်များမှာ ပထမညထက် များစွာမှကို နည်းပါးလှ၏။ ဒုတိယည ပြီးဆုံးသွားသောအခါ ဂိုဏ်းခေါင်းဆောင်များမှာ မြို့၏ အတွင်းပိုင်းထဲသို့ ဝင်ရောက်ရန် ဆုံးဖြတ်လိုက်ကြသည်။
အပြင်ဘက်ပိုင်းရှိ တစ္ဆေမျိုးနွယ်များအားလုံးမှာ အသတ်ဖြတ်ခံလိုက်ရလေပြီ။ နောက်တကြိမ် တစ္ဆေမျိုးနွယ်များ ပေါ်ထွက်လာမည်မှာ မြို့၏ အတွင်းပိုင်းတွင် ဖြစ်လိမ့်မည်။ သူတို့က အစွန်ဘက်မှ ခုခံနေလျှင် ဤ ၁၃ရက်မှာ သာသာယာယာပင် ဖြတ်သန်းသွားနိုင်ပေလိမ့်မည်။
“တစ္ဆေမျိုးနွယ်တွေ ထွက်ပေါ်လာတာက အများကြီးမဟုတ်ဘူး။ ဒါပေမယ့် အဲ့ဒီ့လိုဖြစ်နေတော့ သူတို့အတွက် ကောင်းမှုရမှတ်တွေ အများကြီး ရမှာ မဟုတ်တော့ဘူး။ အဲ့လိုဆိုရင်တော့ ဒီခရီးစဉ်က ရှုံးတယ်လို့ သတ်မှတ်လို့ရတယ်။
တပည့်များစွာတို့မှာ သူတို့လိုချင်ကြသော ရတနာများကို မျက်စိကျပြီးသား ဖြစ်သည်။ ထိုရတနာများကို လဲလှယ်ရန်အတွက် ကောင်းမှုရမှတ်များကို လိုအပ်နေပေသည်။
ထို့ကြောင့် သူတို့ သတ်ဖြတ်ရန်အတွက် တစ္ဆေမျိုးနွယ်များစွာတို့ကို လိုအပ်ပေသည်။
ထို့အပြင် သူတို့၏ ခွန်အားများလည်း တိုးတက်လာသည်ဟု ပြော၍ ရပေသည်။
ထိုကဲ့သို့ ခွန်အားတိုးတက်မှုမှာ တံခါးပိတ်ကျင့်ကြံရုံနှင့် ရရုံမဟုတ်ပေ။
လီဟမ်ရှန်း၏ အင်မော်တယ်သခင်လှံသိုင်းနှင့် အစစ်အမှန်ကိုးချက်လှံသိုင်းမှာလည်း ပို၍ပို၍ ချောမွေ့လာခဲ့ပြန်သည်။ နှလုံးသားနှင့်တသားတည်း လှံလှုပ်ရှားမှုကို သူ၏ နားလည်နိုင်စွမ်းမှာလည်း ပို၍ပင် နက်နဲလာခဲ့လာတော့သည်။
သုံးရက်ဆက်တိုက် သွေးစိုသော သတ်ဖြတ်မှုအတွင်းတွင် လူတိုင်းက ရင့်ကျက်လာသည်ကို မြင်တွေ့နိုင်ပေသည်။
သုံးရက်ကုန်ဆုံးသွားပြီးသည့်တိုင် ရှုချန်အန်းမှာ ပြန်မရောက်လာခဲ့သေးပေ။
သူနှင့် ပတ်သက်ပြီး မည်သည့်သတင်းမှကို မရရှိနေခဲ့ပေ။
နောက်ဆုံးတွင် ကျန်းဟယ်အိမ်တော်မှ အကြီးအကဲများမှာ လက်လျှော့လိုက်ဖို့ရန်သာ တတ်နိုင်ကြတော့သည်။
တပည့်ရာချီတို့၏ သံတိုကင်ပြားများမှာ ကြေးတိုကင်ပြားများအဖြစ်သို့ ပြောင်းလဲသွားကုန်ကြချေပြီ။ တချိန်တည်းမှာပင် လင်းချင်းကျီမှာ ရက်တော်တော်ကြာတဲ့အထိ မပေါ်လာသေးပေ။ သူတို့အားလုံးက လုရှီရန်၏ တိုကင်ပြားမှာ ငွေရောင်အဖြစ်သို့ ပြောင်းလဲသွားပြီလားဆိုတာကို သိလိုကြလေသည်။
မင်ဟုန်ခရိုင်၊ ချန်ထင်မြို့
ထိုမြို့ငယ်လေးမှာ ပုံမှန်အတိုင်းသာဖြစ်သည်။ လမ်းများပေါ်တွင် လူများစွာတို့မှာ ဥဒဟိုသွားလာနေကြသည်။ ဈေးသည်များမှာလည်း သူတို့၏ ကုန်ပစ္စည်းများကို အော်ဟစ်ကာ ရောင်းချနေဆဲပင် ဖြစ်သည်။
ရှီယန်ကျိုက်
ပုံပြောသူမှာ လွန်စွာစိတ်ဝင်စားဖွယ်ကောင်းသော ပုံပြင်ကို ပြောပြနေဆဲပင် ဖြစ်သည်။
လီချန်ချင်းထွက်မလာခင်အချိန်တုန်းက စာအုပ်များစွာတို့ကို ပေးခဲ့သဖြင့် ပုံပြောသမားများ ပြောစရာဇာတ်လမ်းများစွာတို့ ရှိနေပေ၏။
ထိုအချိန်၌ ပုံရိပ်တခုသည် ရှီယန်ကျိုက်ထဲသို့ ဝင်ရောက်လာ၏။
သူက ပတ်ဝန်းကျင်ကို အနည်းငယ် အကဲခတ်လိုက်ပြီးသည့်နောက်တွင် ထောင့်တထောင့်တွင် ဝင်ထိုင်လိုက်သည်။
“ဧည့်သည်တော်ကြီး ဘာများသုံးဆောင်ချင်ပါသလဲ”
စားပွဲထိုးမှာ ကမန်းကတန်းပြေးလာပြီး မီနူးကို ထိုးပေးလိုက်သည်။
အခြားသော ကျင့်ကြံသူများသာ ရှိနေပါက ထိုပုဂ္ဂိုလ်မှာ လင်းချင်းကျီမှတပါး အခြားမဟုတ်ဆိုသည်ကို သိကြပေမည်။
ကုန်လွန်ခဲ့သောရက်များတွင် လင်းချင်းကျီမှာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် မပေါ်လာခဲ့ပေ။ လူတိုင်းမှာ သူက အလုပ်ရှုပ်နေသောကြောင့်ဟုသာ ထင်ခဲ့ကြသည်။ ယခုလိုမျိုး ချန်ထင်မြို့သို့ ရောက်နေလိမ့်မည်ဟု မထင်ခဲ့ကြချေ။
ထိုကဲ့သို့သော မြို့ငယ်လေးတွင် မူလအဆင့်တယောက်ရောက်မလာသည်မှာပင် နှစ်အချို့ကြာမြင့်နေခဲ့ပြီ။ ဆရာသခင်တပါးဖြစ်သော လင်းချင်းကျီလို လူမျိုးကတော့ ရောက်လာစရာအကြောင်းပင် မရှိနေပါချေ။
လင်းချင်းကျီသည် မီနူးပေါ်က စာများကို ဖတ်ကြည့်လိုက်သည်။ အားလုံးမှာ ထျန်းဟိုင်မြို့တွင်ပင် မရှိ၊ သူလုံးဝ မစားသောက်ဖူးသော ဟင်းလျာများ ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူက ဟင်းပွဲအနည်းငယ်ကို မှာလိုက်၏။
သူက ရေနွေးကြမ်းတအိုးကိုလည်း မှာလိုက်ပါသေးသည်။
ထို့နောက်တွင် သူ၏ အာရုံမှာ စင်ပေါ်က ပုံပြင်ပြောသူထံသို့ ရောက်ရှိသွားခဲ့တော့သည်။
လင်းချင်းကျီမှာ လီချန်ချင်းရေးသားထားသော မယုံကြည်နိုင်ဖွယ်ရာ ဇာတ်လမ်းများကို စိတ်ဝင်စားသွားခဲ့သည်။
ထို့ကြောင့် သေချာလေးကို နားထောင်နေခဲ့၏။
ဟင်းပွဲများရောက်လာသည့်အခါ လင်းချင်းကျီမှာ ဟင်းပွဲတိုင်းကို ဂရုတစိုက်နှင့် အရသာခံလိုက်၏။
“အစားအသောက်တွေက သိပ်ကို ကောင်းတာပဲ” လင်းချင်းကျီသည် ထိုကဲ့သို့သော အရသာ ကောင်းမွန်လိမ့်မည်ဟု မထင်ထားခဲ့မိပေ။ ပုံပြောသမားက ပုံပြင်ပြောပြီးသည့်အခိုက်တွင် လင်းချင်းကျီက လက်ကိုမြှောက်လိုက်ရာ ငွေတုံးကြီးတတုံးမှာ ပျံဝဲထွက်လာပြီး ပုံပြောသမားလူအိုကြီး၏ အရှေ့စားပွဲပေါ်သို့ ကျရောက်သွား၏။
ငွေတုံးကြီးကို မြင်သည်နှင့် လူအိုကြီး၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွားခဲ့သည်။ ထိုငွေတုံးကြီးမှာ ငွေစငါးဆယ်နှင့် ညီမျှပေသည်။
ထိုမျှများပြားသော ငွေပမာဏမှာ တနှစ်တိတိ ပုံပြင်ပြောလျှင်ပင် မရနိုင်သည့် ပမာဏသာ ဖြစ်သည်။
“ဆုချပေးလို့ ကျေးဇူးတင်ပါတယ် လူကြီးမင်း” ပုံပြောဆရာလူအိုကြီးမှာ အလွန်တရာမှကို ပျော်ရွှင်လာခဲ့သည်။ ထိုကဲ့သို့သော ဧည့်သည်မျိုးမှာ နှစ်နည်းနည်းကြာမှသာ တခါလောက်ပေါ်လာခြင်း ဖြစ်၏။
အခြားသော ဧည့်သည်များမှာလည်း လင်းချင်းကျီကို လှည့်ကြည့်လိုက်ကြသည်။ ဒါပေမယ့် လင်းချင်းကျီ၏ မျက်နှာကို မြင်သော် ထိုသူ ဘယ်သူမှန်းကို သူတို့မသိကြချေ။
သို့သော်လည်း လူငယ်အချို့၏ မျက်ဝန်းများတွင်တော့ မကောင်းသောအရိပ်အယောင်တို့ ဖြတ်ပြေးသွားခဲ့လေသည်။
လင်းချင်းကျီက ပုံပြောဆရာလူအိုကြီးကို လှမ်းပြောလိုက်သည်။
“လူကြီးမင်း၊ ကျွန်တော်နဲ့ အတူထိုင်ပြီး စကားခနပြောလို့ ရမလား”
“ရတာပေါ့”
လင်းချင်းကျီက ငွေစငါးဆယ်တောင်ပေးလိုက်ပြီဆိုမှတော့ အချက်အလက်လိုချင်လို့ ဖြစ်ရပေမည်။
လူအိုကြီးက နံဘေးတွင် ဝင်ထိုင်သည့်အခါ လင်းချင်းကျီကိုယ်တိုင် အကြမ်းရည် ငှဲ့ပေးလိုက်သည်။
“လူငယ်လေး”
ပုံပြောဆရာအိုကြီးက ဘေးပတ်လည်ကို ကြည့်ကာ တီးတိုးဆိုလိုက်၏။
“မင်းက ငါ့ကို ငွေတွေအများကြီး ပေးခဲ့တယ်။ လူတိုင်းမြင်သွားကြတယ်။ ဟိုနားက လူတွေကို ကြည့်လိုက်”
သူက စကားပြောနေရင်းနှင့် အကြည့်နှင့် ညွှန်ပြလိုက်သည်။
လင်းချင်းကျီ ကြည့်လိုက်ရာ ထောင်တထောင့်တွင် လူငယ်အချို့က သူတို့ကို စိုက်ကြည့်နေ၏။ သူတို့၏ မကောင်းကြံလိုသော အရိပ်အယောင်များကို ဖုံးကွယ်မထားကြပေ။
သူတို့တွေက မြို့ခံလူမိုက်တွေလေ။ သူတို့က လူမိုက်လုပ်တာကိုတောင် မကျွမ်းကျင်ကြပေမဲ့ သူတို့က ကြမ်းကြုတ်ကြတယ်။ အဲ့ဒါကြောင့် အရမ်းကို ဂရုစိုက်မှ ဖြစ်လိမ့်မယ်။ လူငယ်လေးက ငွေကြေးရှိကြောင်း ပြသထားပြီးပြီဆိုတော့၊ သူတို့က လူငယ်လေးကို ပြသနာရှာကြမှာပဲ”
ပုံပြောဆရာအိုကြီးက အလေးထားစွာ ပြောလိုက်သည်။
“သူတို့က အဲ့သလောက်တောင် ကြောက်ဖို့ကောင်းတယ်လား” လင်းချင်းကျီက အနည်းငယ်တော့ အံ့ဩသွားခဲ့သည်။