← Chapters

အခန်း (၁၆၈)

Vol. 17 Ch. 168

အခန်း (၁၆၈)

Vol. 17 Ch. 168

“ရပါတယ် လူငယ်လေးရာ။ ဒီကနေ သူတို့ ရှာမတွေ့နိုင်အောင် အမြန်လေးသာ ထွက်သွားပေတော့” ပုံပြောဆရာအဖိုးအိုက လင်းချင်းကျီကို အကြံပေးလိုက်၏။

“စိတ်ပူပေးလို့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အဆင်ပြေပါတယ်။ သူတို့က ကျွန်တော့်ကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ်ပါဘူး”

လင်းချင်းကျီက ပြုံးရင်းနှင့် ဆိုလိုက်သည်။

“ကျွန်တော်က အဘိုးနဲ့စကားပြောရင်းနဲ့ မေးစရာရှိလို့ပါ”

“အို” ပုံပြောအဘိုးအိုမှာ ထိုစကားကြောင့် အနည်းငယ်အံ့ဩသွားခဲ့တော့သည်။ ဒီလူငယ်လေးက ဘာကိုများ မေးချင်ခဲ့တာလဲ

“ချန်ထင်မြို့မှာ နေခဲ့တာ ဘယ်လောက်ကြာနေပြီလဲ”

လင်းချင်းကျီက ရေနွေးကြမ်းတခွက်ကို မော့သောက်ရင်းနှင့် မေးလိုက်ခြင်းဖြစ်သည်။

“အဘိုးရဲ့ ဘဝတလျှောက်လုံး နေခဲ့တာပေါ့” ပုံပြောအဘိုးအိုက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

“နှစ်ခုနစ်ဆယ်လောက်ရှိပြီပေါ့”

“ကောင်းတာပေါ့၊ နေရာတနေရာထဲမှာပဲ ရှင်သန်ပြီး သေဆုံးရတာဟာ ပျော်ရွှင်မှုတခုပါပဲ”

လင်းချင်းကျီက ခပ်ပေါ့ပေါ့ပြောလိုက်သည်။

ပုံပြောအဘိုးအိုမှာ ခေါင်းညိတ်ကာ လင်းချင်းကျီ၏ စကားကို ထောက်ခံလိုက်သည်။

“လွန်ခဲ့တဲ့ ဆယ်နှစ်က ဖြစ်ခဲ့တာလေးတခုကို မေးစရာရှိလို့ပါ။ အပြင်လူတယောက်ယောက်က အဲ့အချိန်တုန်းက ရောက်လာခဲ့ပြီး အချိန်အကြာကြီး ဒီမြို့မှာ နေခဲ့တာရှိလား။ ဥပမာ သားအဖနှစ်ယောက်ပေါ့”

“လွန်ခဲ့တဲ့ ဆယ်နှစ်ကလား?” ပုံပြောအဘိုးအိုမှာ ခနတဖြုတ်တွေးသွားခဲ့သည်။

“အာ အဲ့ဒါကတော့ သေချာတွေးကြည့်ဦးမှပဲ”

“ရပါတယ်။ အေးဆေးတွေးပါ” လင်းချင်းကျီက အဘိုးအိုအတွက် နောက်တကြိမ် အကြမ်းရည် ငှဲ့ပေးလိုက်ပြန်သည်။

“လူတချို့တော့ ရောက်လာခဲ့ဖူးပါတယ်” အချိန်အနည်းငယ်ကြာသော် ပုံပြောအဘိုးအိုက တွေးတွေးဆဆနှင့် ပြောလိုက်သည်။

“ကျုပ်က အိုပြီ။ ကျုပ်မှတ်ဉာဏ်တွေကလည်း အရင်တုန်းကလို မဟုတ်တော့ဘူး။ တချို့လူတွေလောက်ကိုပဲ ဝေဝေဝါးဝါးပဲ မှတ်မိတော့တယ်”

“ပြောကြည့်ပါ” လင်းချင်းကျီက ငြင်သာစွာ ပြောသည်။

“ချန်ထင်လိုမျိုး မြို့လေးမှာက ဧည့်သည်လာလေ့ မရှိဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ရောက်လာခဲ့ပြီး အချိန်အကြာကြီးထိ နေထိုင်ခဲ့တဲ့ လူတွေတော့ ရှိပါတယ်”

“ကျောက်တဖန်းလို့ခေါ်တဲ့ လူတယောက်ကိုတော့ မှတ်မိတယ်။ သူက ဒီမှာ နှစ်အကြာကြီး နေခဲ့တယ်။ ဒါပေမယ့်လည်း ဇနီးဖြစ်သူ ဆုံးပါးသွားတော့ သူလည်း ထွက်သွားခဲ့တယ်”

“ပြီးတော့ သူတောင်းစားတယောက်လည်း ရောက်လာခဲ့ဖူးတယ်။ နှစ်အကြာကြီး နေပြီးတော့ ပြန်ထွက်သွားခဲ့တယ်”

ပုံပြောအဘိုးအိုက လူများစွာတို့ကို ထည့်ပြောသွားခဲ့သည်။ လင်းချင်းကျီမှာ စိတ်မရှည်ဟန်မပြသလို ဘာစကားမှလည်း မဆိုပဲ တိတ်တဆိတ်သာ စောင့်နေခဲ့သည်။

“ဒါပေမယ့် လူတယောက်ရှိတယ်။ သူ့သားလေးတယောက်နဲ့ ဒီမြို့ကို ရောက်လာပြီး အခုထက်ထိနေထိုင်တုန်းပဲ။ သူ့နာမည်ကတော့ လီချန်ချင်းလို့ခေါ်တယ်”

“လီချန်ချင်း?”

ပုံပြောအဘိုးအို ရွတ်ပြခဲ့သော လူများစွာတို့၏ အမည်ကိုကြားသော် သူ မည်သို့မျှ မခံစားရချေ။ သို့သော် ထိုအမည်ကိုကြားလိုက်သည်နှင့် သူ့စိတ်ထဲတွင် ရင်းနှီးနေသလိုကို ခံစားခဲ့ရတော့သည်။

ထိုလီချန်ချင်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ရှယ်ယာရှင်တယောက်ဖြစ်နိုင်ပေသည်။

“သူက ချန်ထင်မြို့ကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်က လာခဲ့တာ။ ဒါပေမယ့် သူ ဘယ်ကလာတာလဲဆိုတာကို ဘယ်သူမှ မသိဘူး”

ပုံပြောအဘိုးအို၏ လေသံမှာ လေးနက်လာခဲ့တော့သည်။ သူလာခဲ့တုန်းက သူနဲ့အတူတူ ကလေးပေါက်စလေးတယောက်ပါခဲ့တယ်လေ။ အဲ့ဒီ့ကလေးလေးရဲ့ နာမည်က လီဟမ်ရှန်းလို့ ခေါ်တယ်။ သူ့သားလေးက တော်တော်လေး အထင်ကြီးဖိုတော့ ကောင်းတယ်။ အခု ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တပည့်တယောက်ဖြစ်နေခဲ့ပြီလေ”

“လီဟမ်ရှန်း…” လင်းချင်းကျီ၏ မျက်လုံးများမှာ ကျဉ်းမြောင်းသွားပြန်ပြီ။ သူက ထိုနာမည်ကို ရင်းရင်းနှီးနှီးကို ကြားဖူးနေခဲ့ပါသည်။

တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို လာသော တပည့်တယောက်၏ အမည်မှာ လီဟမ်ရှန်းဟု ခေါ်သည် မဟုတ်ပါလား။

လင်းချင်းကျီက လီဟမ်ရှန်းကို မှတ်မိနေရခြင်းမှာ လက်တလော၌ လုရှီရန်နှင့် ပတ်သက်သော အဖြစ်အပျက်ကြီးမှာ သူ့ကြောင့် ဖြစ်သွားခဲ့ခြင်းကြောင့်ပင်။

လုရှီရန်နှင့် လီဟမ်ရှန်းတို့အကြားကိစ္စမှာ ကြီးမားလွန်းသဖြင့် သူ့အနေနှင့် လစ်လျူရှု၍ပင် မရခဲ့ပေ။

ထို့အပြင် ထျန်းဟိုင်မြို့တွင် တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ပါဝင်မည့် တပည့်များ၏ နာမည်စာရင်းရှိပေသည်။ လီဟမ်ရှန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ကြယ်ပွင့်တပွင့်ဖြစ်လေသည်။

သူက ပန်းချီသူတော်စင်တပါး ရေးဆွဲခဲ့သော ပန်းချီကားကို ဉာဏ်အလင်းပွင့်ခဲ့၏။

ကိုးထပ်တိုက်ပွဲခန်းမ၏ ပထမအထပ်ကို တက်လှမ်းခြင်းအဆင့်၇နှင့် ကျော်ဖြတ်နိုင်ခဲ့သည်။

သူ၏ သားရဲစုစည်းခြင်းတွင် ပြသခဲ့သော အရည်အချင်းမှာလည်း အလွန့်ကို သတိထားမိစရာပင် ဖြစ်သည်။

သူက ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိသေးသည့်တိုင် ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်တွင် ရှိနေသော တောင်တစ္ဆေကို တချက်တည်းနှင့် သတ်ဖြတ်နိုင်ခဲ့သည်။

သူက အင်မော်တယ်သခင်လှံသိုင်းကို ကျင့်ကြံခဲ့သည်။

မှန်ပါသည်။ သူက သတိထားရမည့် လူငယ်လေးတယောက်ပင် ဖြစ်၏။

“လီချန်ချင်းကလည်း ရိုးရှင်းတဲ့လူတော့ မဟုတ်ဘူး။ သူက ပန်းချီဆရာတယောက်ပဲ။

ပုံပြောအဘိုးအို၏ မျက်နှာမှာ လေးစားမှုများနှင့် ပြည့်နှက်လာပြီး ဆက်ပြောလိုက်၏။

“ပန်းချီဆရာဆိုတဲ့ ဂုဏ်ပုဒ်က ဆက်ပြီး ရှင်းပြဖို့တော့မလိုတော့ပါဘူး။ လမ်းမပေါ်မှာ သူ ဖွင့်ထားတဲ့ ချန်ချင်းပန်းချီဆိုင်ရှိတယ်လေ။ ဒါပေမယ့် ကျုပ်ကြားတာကတော့ သူက ပန်းချီမဆွဲတော့ဘူးတဲ့။ သူ့ကို ယန်မိသားစုက အကြီးအကဲလုပ်ဖို့ ဖိတ်ခေါ်သွားပြီး အခုဆို နာမည်ကြီးဖြစ်နေပြီ။

ထိုအရာများမှာ ပုံပြောအဘိုးအို သိသမျှအကုန်ဖြစ်သည်။

“စိတ်ဝင်စားစရာပါလား” လင်းချင်းကျီက ပြုံးလိုက်၏။

ထိုလီချန်ချင်းကို လင်းချင်းကျီက စိတ်ဝင်စားသွားတော့၏။ ထို့ကြောင့် လင်းချင်းကျီက လီချန်ချင်းထံသို့ သွားလည်ရန် စိတ်ကူးလိုက်၏။

“အကြမ်းရည်ကို သုံးဆောင်လိုက်ပါဦး” လင်းချင်းကျီက မတ်တပ်ရပ်ကာ ငွေတုံးကို စားပွဲပေါ်သို့တင်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်.

လင်းချင်းကျီထွက်သွားသည်ကို မြင်ကြသော ထောင့်နားရှိ စားပွဲတွင် ထိုင်နေကြသော လူငယ်များကလည်း တယောက်ကို တယောက်ကြည့်ကာ ထရပ်လိုက်ကြကုန်၏။

အပြင်ဖက်တွင် နေရောင်မှာ ဖြာဆင်းကျနေခဲ့သည်။ လူငယ်များမှာ တံခါးမှ အပြင်သို့ ထွက်လာသည့်အခိုက်တွင် ကျဆင်းနေသော နေရောင်ခြည်နှင့် ထိတွေ့သွားမိသည်။

သူတို့မျက်နှာအမူအရာများမှာ စိတ်ရှုပ်ထွေးမှုအပြည့်နှင့် ဖြစ်နေသည်။

သူတို့က တယောက်ကို တယောက် စိတ်ရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။

“အကိုဝူ ကျွန်တော်တို့ ဒီအပြင်ကို လာပြီး တခုခုလုပ်ဖို့ဆိုတာပဲ မှတ်မိတယ်။ ဘာလုပ်ဖို့လည်းဆိုတာကိုတော့ လုံးဝကို သတိမရတော့ဘူး”

လူငယ်လေးတယောက်မှာ ခေါင်းဆောင်လူငယ်လေးကို စိတ်ရှုပ်ထွေးစွာနှင့် မေးလိုက်သည်။

ခေါင်းဆောင်လူငယ်လေးမှာလည်း စိတ်ရှုပ်ထွေးနေသည့်ပုံစံရှိသည်။

“ငါတို့မှာ လုပ်စရာရှိတာလား”

သူတို့အားလုံးမှာ မှတ်ဉာဏ်များပျောက်ကွယ်သွားသည့်ပုံစံရှိကြ၏.။ ယနေ့မနက်တွင် ဘာစားခဲ့လဲဆိုသည်ကိုပင် ပြန်တွေးမရကြပေ။

တဖက်တွင်တော့ လင်းချင်းကျီမှာ ယန်မိသားစုရှိရာသို့ တန်းတန်းမတ်မတ်သွားနေခဲ့ချေပြီ။

သူက လီချန်ချင်းကို တွေ့လိုခဲ့သည်။

သူက လမ်းအတိုင်းလျှောက်လာကာ ယန်မိသားစု၏ အိမ်ပေါက်ဝသို့ ရောက်လာသည်။ လင်းချန်းကျီသည် ခြေဖဝါးကို ကျကာ ယန်မိသားစု၏ အိမ်တော်သို့ ဝင်ရောက်လာခဲ့သည်။ တံခါးရှိ အစောင့်များမှာ လင်းချင်းကျီကို လုံးဝ မမြင်သည့်အလား တားမြစ်ခြင်း မပြုကြချေ။

ယန်မိသားစုမှာ မသေးငယ်သည့်တိုင် လင်းချန်းကျီက နတ်ဘုရားအာရုံကို လွှတ်ကာ အာရုံခံလိုက်၏။ အနည်းငယ် သာမန်မဟုတ်သော အရှိန်အဝါများကို ခံစားလိုက်မိတော့၏။

“ပန်းချီကားစိတ်ဝိဉာဉ်လား” လင်းချင်းကျီမှာ အနည်းငယ်ခန့် အံ့အားသင့်သွားခဲ့သည်။ သူသည် ထူးခြားသော ပန်းချီကားစိတ်ဝိဉာဉ်အရှိန်အဝါကို အာရုံခံစားမိခဲ့လေ၏။

၎င်းသည် ပန်းချီစိတ်ဝိဉာဉ်ကဲ့သို့ ဖြစ်နေသော်လည်း အတိအကျတော့ ဟုတ်မနေပြန်ချေ။

ဒါပေမယ့် ယခုလို စွမ်းအားကြီးမားသော ပန်းချီကား စိတ်ဝိဉာဉ်ရှိနေသည့် ယန်မိသားစုမှာ လုံးဝကို ပုံမှန်ဟုတ်မနေခဲ့ပေ။

ယန်မိသားစုတစုလုံးတွင် စွမ်းအားအမြင့်ဆုံးမှာ သာမန်မူလအဆင့်ဖြစ်သည့် မိသားစုခေါင်းဆောင် ယန်ပါးထောင်တယောက်သာ ဖြစ်သည်။

ယန်ပါးထောင်မှ လွဲ၍ သန်မာသော အရှိန်အဝါတခုမှ သူမခံစားခဲ့ရပါချေ။

ဖြစ်နိုင်တာက လီချန်ချင်းက ရှိမနေတာများလား။

လမ်းကျဉ်းလေးကို လျှောက်လာရင်းနှင့် လင်းချင်းကျီမှာ လီချန်ချင်းနေထိုင်သည့် ခြံဝင်းငယ်လေးထံသို့ ရောက်လာခဲ့သည်။ လင်းချင်းကျီ လမ်းလျှောက်လာရင်းနှင့်ပင် မြေကြီးပေါ်၌ လဲလျောင်းကာ အိပ်စက်နေသည့် ဖေးကို မြင်လိုက်သည်။

ဖေး၏ နှာခေါင်းမှာ တစုံတခုကို အနံ့ရသွားသလို လှုပ်လာပြီး ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။

လူစိမ်းတယောက်ကို မြင်သွားသည့်အခါ ဖေးမှာ မကြောက်စဖူး အလွန်အမင်း ကြောက်ရွံ့သွားခဲ့လေ၏။ ထို့ကြောင့် တုန်တုန်ရီရီနှင့် အနောက်သို့ ခြေ၂လှမ်းဆုတ်ခဲ့လိုက်သည်။ သူ့မျက်လုံးထဲ၌ ကြောက်ရွံ့နေသည့် အရိပ်အယောင်များ ဖြတ်ပြေးနေခဲ့သည်။

“ခွေးလိမ္မာပဲ” လင်းချင်းကျီသည် ဖေးထံသို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်လိုက်ကာ ဖေး၏ ခေါင်းကို ကိုင်ရန် လက်လှမ်းလိုက်ခဲ့သည်။

ဖေးသည် ကြောက်ရွံ့မှုကြောင့် တဆတ်ဆတ်ကို တုန်ရီနေခဲ့ပြီး လက်ကို ရှောင်ရန် ကြိုးပမ်းလိုက်သည်။ သို့သော် လင်းချင်းကျီ၏ လက်ဖဝါးကျဆင်းလာသည်နှင့် ကမ္ဘာလောကကြီးတခုလုံးမှာ လင်းချင်းကျီ၏ လက်ဖဝါးအောက်၌ ရှိနေသည်ဟု ဖေးခံစားလိုက်ရသည်။

လက်ဖဝါးက စကြာဝဠာကြီးတခုလုံးကို ဖိနှိပ်သွားသည်။

လက်ဖဝါးက ကမ္ဘာငယ်လေးကို ဖိချေလိုက်သည့်အလားပင်။

ထိုခံစားချက်ကြောင့် ဖေးမှာ သူ့အသက်မသေရေးအတွက် ထွက်ပြေးလိုခဲ့သည်။ သို့ပေမယ့် လင်းချင်းကျီ၏ လက်ဖဝါးအောက်မှ ရုန်းမထွက်နိုင်ခဲ့ပေ။

လင်းချင်းကျီသည် ဖေး၏ ဦးခေါင်းကို ပွတ်သပ်ရင်းနှင့် အံ့အားသင့်မှုတရပ်က သူ့မျက်နှာထက်တွင်ပေါ်ပေါက်လာခဲ့သည်။

“ဘယ်လောက်တောင် သန်မာလိုက်တဲ့ အသက်စွမ်းအားလဲ။ နတ်ဘုရားဝိဉာဉ်ဆိုတာတော့ ကျိန်းသေတယ်။ ဒါပေမယ့် ပန်းချီစာလိပ်ထဲမှာ ပျိုးထောင်ထားတာမျိုးလည်း မဟုတ်ဘူး။ သူ့ရဲ့ စိတ်ဝိဉာဉ်ကို မဆုံးရှုံးတဲ့အပြင် သူ့ခန္ဓာကိုယ်ကလည်း သန်မာတဲ့ အသက်စွမ်းအားလှုပ်ခတ်မှုတွေ ရှိနေတယ်။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ရတာလဲ။ ကျွတ်ကျွတ်”

လင်းချင်းကျီမှာ အမှန်တကယ်ကို အံ့အားသင့်သွားခဲ့တော့သည်။

ထိုကဲ့သို့ အရာမျိုးမှ မဖြစ်နိုင်သောကြောင့်ပင်။

အချိန်တခဏအတွင်းမှာပင် လင်းချင်းကျီမှာ လီချန်ချင်းအပေါ်၌ အတော်လေးကို စိတ်ဝင်စားသွားခဲ့၏။ ထိုကဲ့သို့သော အရာမျိုးကို လုပ်ဆောင်နိုင်သူမှာ လွန်စွာမှကို စွမ်းအားကြီးမားသည့် ပုဂ္ဂိုလ်တပါး ဖြစ်ရပေမည်။ ထိုသို့ဆိုလျှင် ဤပုဂ္ဂိုလ်ကို သူက ဘာလို့ မကြားဖူးရသနည်း။

“ခွေးလိမ္မာလေး၊ မင်းရဲ့ သခင် ဘယ်မှာလဲ” လင်းချင်းကျီက မေးလိုက်သည်။

All Chapters