အခန်း (၁၇၀)
Vol. 17 Ch. 170
"ဖေဖေ အဆင်ပြေရဲ့လား" ကျန်းစစ်ယောင်သည် ကျန့်ဖုကွမ်းနှင့် ပတ်သက်၍ တစ်စုံတစ်ရာ လွဲချော်နေသည်ဟု ခံစားမိသည်။ သူ့မျက်နှာမှာ ယခုကဲ့သို့အမူအရာမျိုး တစ်ခါမှ မတွေ့ဖူးချေ။
"အဆင်ပြေပါတယ်။" ကျန့်ဖုကွမ်းက သူ့ခံစားချက်များကို ထိန်းထားပြီး ပြုံးပြကာ ကျန်းစစ်ယောင်၏ ခေါင်းကို ပုတ်လိုက်လေသည်။ "ဗိုက်ဆာနေပြီ မဟုတ်လား။ ညစာ ပြင်ကြရအောင်။"
"အင်း..."ခေါင်းညိတ်လိုက်သည်။
ချန်ထင်မြို့အပြင်ဘက်ရှိ ရေကန်တစ်ခုတွင် ကျူပင်များသည် လေထဲတွင် ဝှေ့ယမ်းနေပေသည်။အဝေးမှနေရောင်သည် တဖြည်းဖြည်း တိတ်တဆိတ် ခံစားချက်များကို ပေးစွမ်းလေသည်။
ရေကန်ဘေးတွင် မီးတောက်တစ်ခုထွန်းထားရာ လင်းချင်းရီ၏မျက်နှာကို ထင်ဟပ်နေပြီး အလွန်တည်ငြိမ်နေပုံရသည်။
ထို့နောက် သစ်ကိုင်းကို ကောက်ကိုင်ပြီး မီးထဲသို့ ပစ်ချလိုက်သည်။ မီးလောင်နေသောသစ်သားသည် အက်ကွဲသွားလေ၏။
"ကြောက်စရာကောင်းလိုက်တဲ့ အိပ်မက်ဆိုးပဲ။" လင်းချင်းရီက သမ်းဝေလိုက်လေ၏။
"သူတို့က ငါ့ခေါင်းကိုတောင် ဖြတ်ပစ်လိုက်သေးတယ်။ သွေးအရိပ်ဂိုဏ်းက လူတွေက တကယ်ကို ကရုဏာမရှိကြဘူးပဲ။"
ထိုသို့ပြောပြီး လင်းချင်းရီခေါင်းငုံ့ကာ ရယ်မောလိုက်သည်။
"လီချန်ချင်း.."
"လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကျော်က ချန်ထင်မြို့မှာ ပေါ်လာခဲ့တဲ့ လီဟမ်ရှန်း.....ယွီဟန်ကျွင်းနဲ့ သူ့ရဲ့ အကျဉ်းကျမှုက တိုက်ဆိုင်နေပုံ့ပဲ။"
လင်းချင်းရီသည် သိုလှောင်လက်စွပ်ပါသော လက်ကို ဆန့်ထုတ်လိုက်သည်။ ထို့နောက် စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်းကို ထုတ်ယူလိုက်သည်။
စာရွက်ပေါ်တွင် စာကြောင်းအနည်းငယ်ရေးပြီး လေချွန်လိုက်လေ၏။
နောက်အခိုက်အတန့်၌ မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ပေါ်လာလေသည်။
ထို့နောက် အပေါက်ထဲက ခေါင်းသေးသေးလေး ထွက်လာလေ၏။ အဆိုပါ သတ္တဝါသည် လူကဲ့သို့ ထူးဆန်းသော်လည်း ၎င်း၏နဖူးတွင် ဦးချိုတစ်ခု ပါရှိပြီး နတ်ဆိုးလေးတစ်ကောင်နှင့် ပိုတူပေသည်။
သူ့ခန္ဓာကိုယ်က မည်းနက်နေပြီး မျက်ဆံများသာ ဖြူနေလေ၏။ ၎င်းက လင်းချင်းရီအား အံသြသောအမူအရာဖြင့် ကြည့်လိုက်သည်။
"ဒါကို မင်းရဲ့သခင်မလေးကို ပေးလိုက်ပါ။" လင်းချင်းရီက ပြုံးပြုံးရွှင်ရွှင်နဲ့ ပြောပြီး အနက်ရောင် သတ္တဝါလေးဆီကို စာတစ်စောင် ပေးလိုက်လေသည်။
"သူမက ကျွန်တော့်သခင်မ မဟုတ်ဘူးတဲ့။ ကျွန်တော်အဲ့လိုခေါ်ရင် သတ်ပစ်မယ် လို့ပြောတယ်။ ပြီးတော့ ခင်ဗျားက အရှက်မရှိဘူးလို့လည်း ပြောတယ်။" နတ်ဆိုးလေးသည် ကြောက်လန့်တကြား ပြောလိုက်သည်။
"စကားရှည်မနေနဲ့။ မြန်မြန်သာ ပို့စမ်းပါ။" လင်းချင်းရီက ပြုံးပြီး ကြိမ်းမောင်းလေသည်။
"အင်း..."
နတျဆိုးလေးးသညျ မွကွေီးထဲသို့ ခကြျခငြျးပွနျဝပျသှားပီဲး တှငျးနကျကွီး ပြောကျသှားလေ၏။
ပစ္စည်းပို့ပြီးနောက် လင်းချင်းရီသည် မဝေးလှသော ကန်ကမ်းစပ်ကို လှမ်းကြည့်ကာ လရောင်ကို ကြည့်ရန် ခေါင်းကို မော့လိုက်သည်။ "ညပြန်ရောက်လာပြန်ပြီ...."
တစ္ဆေနတ်ဆိုးစမ်းသပ်မှု.....
ညမိုးချုပ်သည်နှင့်အမျှ။
ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံမှ တပည့်များသည် ကြောက်ရွံ့ထိတ်လန့်မှု မရှိကြဘဲ စိတ်အားထက်သန်နေကြလေသည်။
ကောင်းမှုအမှတ်များနေ့စဉ် တိုးပွားလာသည်ကို ကြည့်ပြီး တပည့်များအားလုံး စိတ်ဓာတ်တက်ကြွနေကြပေ၏။
"လာထား....နောက်တည သတ်ဖို့အချိန်ရောက်ပြီ။"
သံဓားသွားဂိုဏ်း၏ တပည့်တစ်ဦးသည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။
ထိုစကားကို ပြောပြီးနောက် သံဓားဂိုဏ်းမှ တပည့်များစွာတို့သည် ဓားရှည်များကို ကိုင်ဆောင်ကာ လူဆိုးဂိုဏ်းများကဲ့သို့ လမ်းပေါ်ထွက်လာခဲ့ကြလေသည်။
အခြားဂိုဏ်းများမှ တပည့်များလည်း တယောက်ပြီး တယောက် တက်လှမ်းလာကြသည်။ ညသန်းခေါင်မဟုတ်သေးသော်လည်း လမ်းများဆီသို့ စတင်ထွက်ခွာနေပြီဖြစ်သည်။
သူတို့သည် နေရာကောင်းတစ်ခုကို အလျင်အမြန်ရှာဖွေပြီးနောက် တစ္ဆေမျိုးနွယ်၏ ပေါ်ထွက်လာမှုကို စောင့်မျှော်နေကြသည်။
"ညီ၄..... သွားကြရအောင်။ တစ္ဆေဂိုဏ်းကို ဒီထက်ပိုပြီး သတ်ပစ်ပြီး ဒီနေ့ ဒီထက်ပိုပြီး ကောင်းမှုရမှတ်တွေရအောင် ကြိုးစားကြရအောင်။"
ကျိုးကျွင်းလည်း သူ့တဲထဲက တွားသွားပြီး အဝေးက လီဟမ်ရှန်းကို အော်လိုက်လေ၏။
သို့သော် ဤအခိုက်တွင် ကျိုးကျွင်းသည် အဝေးမှ တပည့်အုပ်ကြီးကို မြင်လိုက်ရသဖြင့် တစ်စုံတစ်ခုကို အံ့အားသင့်သွားလေသည်။
"ဘာကြည့်နေကြတာလဲ။"
ကျိုးကျွင်းသည် လမ်းလျှောက်လာရင်း လူနှစ်ယောက် စစ်တုရင်ကစားနေသည်ကို တွေ့လိုက်ရသည်။
တစ်ယောက်မှာ လီချန်ချင်းဖြစ်ပြီး နောက်တစ်ယောက်မှာ လီကျင်းစုန့်ဖြစ်သည်။
"အကို၃" ကျိုးကျွင်းလာနေသည်ကို မြင်သောအခါ လီဟမ်ရှန်းက ပြုံးပြလေသည်။
"ချင်းလဲ့ဓားသခင်က စစ်တုရင်လို့ခေါ်တဲ့ ကစားနည်းကို ပြနေတယ်။ အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ခန်းမသခင်လီတော့ ရှုံးတော့မှာပဲ။"
"အိုး...."
ကျိုးကျွင်းလည်း ငုံ့ကြည့်လိုက်သည်။
ရထား၊ မြင်း၊ အမြောက် အစရှိသော စကားလုံးများဖြင့် ဘုတ်ပေါ်တွင် စစ်တုရင် အပိုင်းအစ အမျိုးမျိုးကို မြင်တွေ့ခဲ့ရသည်။ ဤစစ်တုရင်အပိုင်းအစများအားလုံးကို လီချန်ချင်းသည် ပျင်းရိနေချိန်တွင် သစ်သားဖြင့်ထွင်းထုထားခြင်း ဖြစ်သည်သည်။ လီချန်ချင်းအတွက် စစ်တုရင်အဝိုင်းပုံစံပြုလုပ်ရန် လွယ်ကူလွန်းသည်မဟုတ်ပါလော။
အမှန်ပင် ဤလွန်ခဲ့သည့်ရက်အနည်းငယ်က လီချန်ချင်းအတွက် ပျင်းစရာကောင်းလွန်းလှသည်
သူပထမဆုံးဝင်လာစဉ် လီချန်ချင်းသည် ဤနေရာဟာ အန္တရာယ်များနဲ့ ပြည့်နှက်နေပြီး ကြီးကြီးမားမား အန္တရာယ်ပင် ရှိနိုင်သည်ဟု ထင်ခဲ့မိသည်။ သို့သော် ရက်အနည်းငယ်ကြာပြီးနောက် တစ္ဆေဂိုဏ်းသည် ပြင်းထန်သော တိုက်ခိုက်ရေးသမားများ ပေါ်မလာသဖြင့် အကြီးအကဲများသည် လှုပ်လှုပ်ရှားရှားမလုပ်တော့ပေ။
နေ့တိုင်းထမင်းစားပြီး အိပ်လိုက်၊ နိုးထပြီး ပြန်စားလိုက်လုပ်နေရုံပင် ဖြစ်ပေ၏။
ယင်းသည် သူ့အချိန်များကို ဖြုန်းတီးပစ်နေသည်ဟု လီချန်ချင်း ခံစားမိသည်။
ဤသို့ဖြင့် ပျင်းရိနေသော အကြီးအကဲများကို သင်ပေးဖို့ စစ်တုရင်ကစားနည်းကို တီထွင်ခဲ့လေ၏။
သူတို့ဘာလို့ 'ဂိုး'ကို မကစားကြတာလဲ....။
အကြောင်းရင်းတစ်ခုမှာ "ဂိုး" သည် အပိုင်းများစွာ လိုအပ်ပြီး အဖြူနှင့် အနက်ကို ပိုင်းခြားရန် လိုအပ်သောကြောင့် ဖြစ်သည်။ ပြုလုပ်ရသည်မှာ ခက်ခဲပြီး ပစ္စည်းများက ကိုင်တွယ်ရခက်လေ၏။
အဓိကအကြောင်းအရင်းမှာ လီချန်ချင်းဟာ ခေတ်မီသူတစ်ယောက်အနေနှင့် "ဂိုး"ကို ထိတွေ့မှုနည်းပြီး စစ်တုရင်ပိုကစားတာကြောင့် ဖြစ်လေသည်။ လီချန်ချင်းသည် ကျွမ်းကျင်သူမဟုတ်သော်လည်း ယခုမှ စကစားသူများကိုမူ အနိုင်ယူရန် လွယ်ကူပေသည်။
သူ၏ယခင်ဘဝတွင် အလုပ်များသောနေ့များ၌ လီချန်ချင်းသည် အိမ်ပြန်ရောက်သောအခါ အချို့သောအွန်လိုင်းတိုက်ပွဲပလပ်ဖောင်းပေါ်တွင် လှည့်ပတ်ကစားရခြင်းကို နှစ်သက်ခဲ့သည်။
သူ့အဆင့်မှာလည်း မဆိုးလှပေ။ သူ့အနိုင်ရနှုန်းက မြင့်ပေ၏။ စန်းယွမ်နယ်မြေကို ရောက်ကတည်းက ဤနေရာတွင် စစ်တုရင် မရှိသောကြောင့် လီချန်ချင်းသည် စစ်တုရင်မကစားခဲ့ပေ။ လူတိုင်းက "ဂိုး"ကို ကစားခဲ့လေ၏။
ယနေ့တွင် ရွှယ်ချမ်းပိုင်ကို သင်ကြားပြီးနောက် လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကို သုံးကြိမ်ဆက်တိုက်နိုင်ခဲ့လေသည်။
ရွှယ်ချမ်းပိုင်သည် ဓားကျွမ်းကျင်မှုကိုလေ့ကျင့်ရန် ဆင်ခြေပေးပြီး လီချန်ချင်းနှင့် မကစားတော့ပေ။
စည်းကမ်းထိန်းသိမ်းရေး တောင်ထိပ်မှ ဝူဝမ်ယင်သည် ကစားလိုစိတ်များ တယွယွဖြစ်ကာ ရွှယ်ချမ်းပိုင်၏ထိုင်ခုံကို သိမ်းပိုက်ခဲ့ရာ လီချန်ချင်း၏ ဆက်လက်အနိုင်ယူခြင်းကို ခံခဲ့ရလေသည်။
ပိုင်လီတောင်သခင်သည် သူ့ဂိုဏ်းအနိုင်ကျင့်ခံနေရခြင်းကို မခံမရပ်နိုင်ဖြစ်သဖြင့် ဝူဝမ်ယင်အစား ဝင်ကစားသည့်တိုင် သူလည်းပဲ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ပြန်သည်။
နောက်ဆုံး၌ အလွန်ခေါင်းမာသော လီကျင့်စုန်သာ လီချန်ချင်းအား အနိုင်ယူရန် ကျန်ရစ်ခဲ့လေသည်။ ဟိုးယခင်ညများတုန်းက လီချန်ချင်းတစ်ယောက် မျက်နှာဖုံးစွပ်ကာ ရှေးဟောင်းတာအိုဂိုဏ်းသို့ ဝင်ရောက်ပြီး လီဟမ်ရှန်းကို လာရှာသည့်ညက အဖြစ်အပျက်ကို လီကျင်းစုန့်က အစာမကြေသေးပေ။။ ထို့ကြောင့် လီကျင်းစုန့်မှာ တနေကုန် ထိုကစားနည်းကိုလေ့လာခဲ့သည်။ သူ့ကိုယ်သူ နားလည်သဘောပေါက်ပြီဟု ထင်ခဲ့ပြီးနောက်တွင် လီချန်ချင်းအား အနိုင်ယူနိုင်လိမ့်မည်ဟု ယုံကြည်ချက်ရှိလာခဲ့တော့သည်။
"ဂိုး"တွင် သူ၏ အတွေ့အကြုံအရ လီချန်ချင်းကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု သူထင်ခဲ့သည်။
ရလဒ်အနေဖြင့် လီချန်ချင်းက သူ့ကို ကိုးပွဲဆက်တိုက် အနိုင်ယူခဲ့လေ၏။
ယခုအချိန်တွင် လီကျင်းစုန့်၏ လက်သည် စစ်တုရင်အပိုင်းအစများကို ကိုင်ထားရင်း ဒေါသများနှင့် တုန်ရီနေပေသည်။
လီချန်ချင်းပင်လျှင် အနည်းငယ် အပြစ်ရှိသလို ခံစားလာရသည်။
လီချန်ချင်းသည် လီကျင်းစုန့်အား ကစားပွဲရပ်ရန် ဆွဲဆောင်ချင်သော်လည်း လီကျင်းစုန့်က နားမထောင်ပေ။ လီကျင်းစုန့်မှာ ယနေ့တွင် လီချန်ချင်းကို အနိုင်မယူနိုင်ပါက နေရာမှ မထရန် ဆုံးဖြတ်ထားသည့် အလားပင် ဖြစ်နေခဲ့သည်။
"ကောင်းပြီ၊ ငါတို့စပြီးပြင်ဆင်ဖို့လိုတယ်။" ကျိုးကျွင်းက လီဟမ်ရှန်းအား ပြောသည်။
"ကောင်းပြီ။" လီဟမ်ရှန်း ခေါင်းညိတ်လိုက်သည်။
ကောင်းကင်က ပိုမည်းမှောင်လာပြီး တိမ်များက တလှိမ့်လှိမ့်ဖြင့် လရောင်ကို ပိတ်ဆို့ထားသကဲ့သို့ လေးလံတဲ့ အလေးချိန်က လူတိုင်း၏ နှလုံးသားကို ဖိနှိပ်နေသည့်နှယ် ခံစားကြရပေသည်။
မကြာသေးမီက တိုက်ပွဲများသည် ဂိုဏ်းပေါင်းစုံမှ တပည့်များကြားတွင် စကားဖြင့်ပင် ပြောစရာမလိုသော နားလည်မှုကို ဖန်တီးပေးခဲ့သည်။
သို့သော် ခြွင်းချက်ရှိပေ၏။
ကွမ်လန်နန်းတော်မှ လုရှီရန် ကဲ့သို့ပင်....။
ဤရက်များအတွင်း လုရှီရန် မည်ကဲ့သို့ တိုက်ခိုက်နေသည်ကို မည်သူမျှ မမြင်ဖူးပေ။နေ့တိုင်း တိုက်ပွဲစသည်နှင့် သူမဟာ တားမြစ်နယ်မြေထဲကို အပြေးအလွှားသွားပြီး ကောင်းကင်ချေဖျက်မြို့တော်ဆီသို့ နက်နက်နဲနဲစွန့်စားခန်းဖွင့်လေ၏။
ထိုနေရာများ၌ တစ္ဆေမျိုးနွယ်များ ပိုများပြီး ခန့်မှန်းမရသည့် အန္တရာယ်များလည်း ရှိပေသည်။
သို့သော် အတိအကျပြောရသော် ဤအချက်ကြောင့် လုရှီရန်၏ ကောင်းမှုရမှတ်များ တိုးလာကာ အခြားသူများအား မနာလိုဖြစ်စေသည်။
ဤကာလအတွင်း ထူးခြားသော ပြန်လည်မွေးဖွားခြင်းအဆင့်တပည့်နှစ်ယောက်သည် လုရှီရန်အား အတုယူကာ ပိုမိုနက်နဲစွာ စွန့်စားခြင်းဖြင့် ကောင်းမှုရမှတ်များ ရယူရန် ကြိုးစားခဲ့သည်။
သို့သော် ရလဒ်မှာမူ သူတို့ထဲက တစ်ယောက်ဟာ ပိုနက်ရှိုင်းသည့် ဧရိယာအတွင်း သေဆုံးသွားရလေ၏။
ကျန်တစ်ဦးမှာလည်း ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ထို့ကြောင့် သတိထားပြီး ပုံမှန်အတိုင်း လုပ်ဆောင်ခြင်းက ပိုကောင်းမည်ဟု ယုံကြည်ပြီး ပိုနက်ရှိုင်းသည့် ဧရိယာကို ဘယ်သူမှ မစူးစမ်းရဲကြတော့ချေ။