အခန်း (၁၇၁)
Vol. 17 Ch. 171
"ငါကစားတာ တော်ပြီ..."
လီချန်ချင်း အနည်းငယ်ငြီးငွေ့လာပြီး စစ်တုရင်အပိုင်းအစများကို ဘေးသို့ပစ်ချလိုက်သည်။ စစ်တုရင်ကစားရသည်မှာ ပျော်စရာကောင်းသော်လည်း အားနည်းသည့်ပြိုင်ဘက်ကို အဆက်မပြတ်အနိုင်ယူပြီး ခဏအကြာတွင်မူ စိတ်လှုပ်ရှားမှုများ လျော့ကျသွားလေ၏။
တစ်ဖက်တွင်မူ လီချန်ချင်းအနီးတွင် ထိုင်နေသော လီကျင်းစုန့်သည် ချွေးစီးများထွက်နေပေ၏။ အရှုံးကြောင့် တကိုယ်လုံး တုန်ယင်ကာ လီချန်ချင်းအား မျက်ထောင့်နီနီဖြင့် အံကြိတ်လျက် စိုက်ကြည့်နေပေ၏။ "ဘာလဲ...မင်း ကြောက်သွားတာ မဟုတ်လား။"
လီချန်ချင်း "???"
ဘာကိုကြောက်ရမှာလဲ။
ငါ့ရဲ့ စစ်တုရင်ခုံပေါ် တင် မင်းအသက်ထွက်သွားမှာကို ကြောက်ရမှာလား။
"မင်းငါနဲ့ ဆက်မကစားရဲတော့ဘူးလား။" လီကျင်းစုန့်သည် ငိုသည်ထက် အကျည်းတန်သော အမူအရာဖြင့် ပြောလိုက်သည်။
"ငါမင်းကို အနိုင်ယူမှာကို မင်းကြောက်လို့ မဟုတ်လား။"
"မင်းမှာ သတ္တိရှိရင် ဆက်ကစားလိုက်စမ်းပါ။ တစ်ဝက်တစ်ပျက်နဲ့ ထွက်ပြေးတဲ့ အဓိပ္ပာယ်က ဘာလဲ။ ဒါပေမယ့် မင်း အခု ရှုံးနိမ့်တာကို ဝန်ခံပြီး မင်းက လက်သင်တစ်ယောက်သာသာပါလို့ ပြောရင်တော့ ငါ မင်းကို လွှတ်ပေးလိုက်မယ်။"
လီကျင်းစုန့်၏ စကားကို ကြားသောအခါ လီချန်ချင်း ဆွံ့အသွားမိသည်။
"လီကျင်းစုန့်....မင်းက ငါတွေ့ဖူးသမျှထဲမှ ပါးစပ်သရမ်းဆုံးအကောင်ပဲ။ နတ်ဘုရားနယ်မြေက ဓားသွားတောင် မင်းပါးစပ်လောက် မထက်ဘူးဆိုတာ ငါလောင်းရဲတယ်။"
"မင်းရဲ့သွားတွေကိုသာ လက်နက်တစ်ခုဖြစ်အောင်လုပ်လိုက်ရင် နတ်စွမ်းအားလက်နက်စာရင်းမှာ ထိပ်ဆုံးကရှိနေမယ်လို့ ငါလောင်းရဲတယ်။"
"တော်လောက်ပြီ....နောက်တစ်ချီကစားရအောင်။ ငါအနိုင်ရတော့မယ်။ ငါ့ခွန်အားကို ငါပြပေးမယ်။" လီကျင်းစုန့်သည် လီချန်ချင်းကို စိုက်ကြည့်နေသည်။
"မင်းငါ့ကိုအနိုင်ယူတော့မယ်လို့ ဘယ်သူကထင်ယောင်ထင်မှားတွေ ပြောလိုက်တာလဲ။" လီချန်ချင်းအံ့သြသွားသည်။
"နောက်တစ်ပွဲကစားရအောင်။" လီကျင်းစုန့်က လီချန်ချင်းကို စိန်ခေါ်ဖို့ တွန်းအားပေးခဲ့လေ၏။
"ဒါက ပျင်းစရာကြီး။" လီချန်ချင်း မပြောဘဲ မနေနိုင်တော့ပေ။ "ငါတို့ လောင်းကြေးထပ်ရင်ရော..."
"လောင်းကြေးထပ်တာလား။" လီကျင်းစုန့်အံ့အားသင့်သွားသည်။ "ဘာလောင်းမှာလဲ"
"ငါ မင်းကို ပန်းချီရတနာတစ်ချပ်နဲ့ လောင်းလိုက်မယ်။" လီချန်ချင်းက ပြောသည်။ "ဒါက မင်းအတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်ဘူးလို့ ငါကတိပေးတယ်။ အဲဒါက ပန်းချီကားကောင်း တစ်ချပ်ပဲ။ မင်းအနိုင်ရရင် အဲဒါ မင်းအတွက်ပဲ။ ဒါပေမယ့် မင်းရှုံးရင် မင်းရဲ့ ပိုးမြစ်မြေပုံကို ပေးရမယ်။"
"ငါမကစားတော့ဘူး။"
လီချန်ချင်းသည် သူ၏ ပိုးမြစ်မြေပုံကို လိုချင်သည်ဟု ကြားသောအခါ လီကျင်းစုန့်သည်သည် စစ်တုရင်ခုံကို ချက်ချင်း တွန်းထုတ်လိုက်သည်။ သူ မကစားတော့ချေ။ထိုအရာသည် သူ၏ အသက်သွေးကြောဖြစ်ပေ၏။ အခြားသူတစ်ယောက်ထံ၌ မည်သို့ အဆုံးရှုံးခံနိုင်မည်နည်း။
အရှုပ်ထုတ် လီကျင်းစုန့်ကို ဖယ်ရှားပြီးနောက် လီချန်ချင်းသည် ကျောက်စင်မြင့်ပေါ်တွင် အဝေးကို လှမ်းကြည့်ရင်း အတွေးများ ပျောက်ဆုံးသွားနေသော ရွှယ်ချမ်းပိုင်ကို တွေ့လိုက်ရသည်။
လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ဘက်သို့ ခုန်ဆင်းလိုက်လေ၏။ "မင်းဘာတွေတွေးနေတာလဲ။"
"ငါ ဒီစမ်းသပ်မှုအကြောင်း တွေးနေတာ။" ရွှယ်ချမ်းပိုင်က တည်ငြိမ်စွာပြောသည်။
"စမ်းသပ်မှုက ဘာဖြစ်လို့လဲ။" လီချန်ချင်းက မေးသည်။ "အရာရာ ချောချောမွေ့မွေ့ ဖြစ်နေတာပဲလေ။"
"အဲ့ဒါကိုက ပြဿနာပဲ။"
ရွှယ်ချမ်းပိုင်၏အကြည့်သည် စူးစိုက်လာသည်။ "ဒီနေ့ဟာ လေးရက်မြောက်နေ့ရောက်ပြီ။ ပုံမှန်မဟုတ်ဘူး။ ငါတို့ကြုံတွေ့ခဲ့ရတဲ့ အသန်မာဆုံး တစ္ဆေမျိုးနွယ်က မူလအဆင်ပဲ ရှိသေးတယ်။ ဒါမူမမှန်ဘူး။ အရင်မှတ်တမ်းတွေအရ ဒီအချိန်မှာ မူလအဆင့် ဒါမှမဟုတ် အထူးအဆင့်တွေနဲ့ ကြုံတွေ့နေရသင့်တယ်။
“ဒါပေမယ့် အခုအချိန်အထိ ပြင်းထန်တဲ့ ပြိုင်ဘက်တွေ မပေါ်သေးဘူး။”
ရွှယ်ချမ်းပိုင်၏ စကားများသည် လီချန်ချင်း၏အတွေးများအား ပဲ့တင်ထပ်နေသည်။ "ဟုတ်တယ်၊ အဲဒါက အရမ်းပျင်းစရာကောင်းတယ်။ ငါတို့က စောင့်ကြည့်ရုံနဲ့ အရေးယူလို့မရဘူး။"
"ငါစဉ်းစားမိတယ်။ ရုတ်တရတ် ငါတို့ပါ ပါဝင်လှုပ်ရှားလိုက်ရင်ရော..."
လီချန်ချင်းသည် ဤမေးခွန်းကို သိချင်နေခဲ့သည်။ မူလအဆင့်အောက်ရှိ လူများကို မတိုက်ခိုက်နိုင်ကြောင်း ၎င်းတို့က အမြဲပြောထားသော်လည်း ၎င်းတို့လုပ်ပါက ဘာဖြစ်မည်ကို မည်သူမျှ ရှင်းပြခြင်းမရှိပေ။
ထို့ကြောင့် လီချန်ချင်းသည် ရွှယ်ချမ်းပိုင်ကိုမေးရန်ဆုံးဖြတ်လိုက်သည်။
"ကန့်သက်ချက်တွေ...."
ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကိုကြည့်လိုက်သည်။ "မင်းတို့ကို စည်းမျဉ်းတွေ ချထားတယ်။"
"စည်းမျဉ်းတွေ...." လီချန်ချင်းက ရွှယ်ချမ်းပိုင်အား စည်းမျဉ်းများအကြောင်း စူးစူးစိုက်စိုက် မေးလေသည်။
"ငါရောက်ခါစတုန်းက ကျမ်းယွမ်ကျိက ဒီစည်းမျဉ်းလို့ခေါ်တဲ့ စည်းကမ်းတွေကို ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီစည်းကမ်းတွေကို ကောင်းကင်ဘုံက ချမှတ်ထားခဲ့တာလား ဒါမှမဟုတ် ဗုဒ္ဓဂါထာကျမ်းပိုဒ်တွေရဲ့ လွှမ်းမိုးမှုလားဆိုတာ ငါမဆုံးဖြတ်နိုင်သေးပါဘူး။ “
"ငါလည်း မသိဘူး။" ရွှယ်ချမ်းပိုင်ပင်လျှင် မသိကြောင်း ညွှန်ပြရင်း ခေါင်းယမ်းလိုက်သည်။
"ဒါဆို ငါတို့ ဒဏ်ခတ်ခံရရင် ဘာဖြစ်မလဲ။ လီချန်ချင်းသည် မည်မျှပင် ကြောက်စရာကောင်းကြောင်းသိချင်လာသည်။
"ကျင့်ကြံမှုတွေ လုံးဝဆုံးရှုံးလိမ့်မယ်။" ရွှယ်ချမ်းပိုင်က ဆိုသည်။
"မင်းဟာ သာမန်လူတစ်ယောက်ဖြစ်လာလိမ့်မယ်။ ဒါတင်မကဘဲ မင်းကို စည်းမျဉ်းတွေနဲ့ မှတ်သားပြီး တစ္ဆေမျိုးနွယ်တွေရဲ့ မရေမတွက်နိုင်တဲ့ အဖွဲ့ဝင်တွေရဲ့ အမဲလိုက်ခြင်းကို ခံရလိမ့်မယ်။ ဒီတစ္ဆေတွေက အမှတ်အသားပြုသူတွေဆီ ဆွဲခေါ်သွားလိမ့်မယ်။ တစ်စုံတစ်ယောက်က မင်းကိုစားလိုက်နိုင်ရင်တော့ သူတို့ရဲ့ ကျင့်ကြံမှုတွေကို ရရှိသွားမှာ။ ဒါပေမယ့် မင်းဟာ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကနေ ထွက်သွားနိုင်တဲ့အထိ ဆက်လက် ရှင်သန် နိုင် ရင် မင်းရဲ့ ကျင့်ကြံမှုလည်း ပြန် ကောင်းလာ လိမ့်မယ်။"
"ဒါ ကြောက်စရာကောင်းတယ်။"လီချန်ချင်း၏ မျက်နှာအမူအရာသည် ပြောင်းလဲသွားသည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုအလယ်၌ သာမန်လူတစ်ယောက်ဖြစ်သွားခြင်းသည် နတ်ဆိုးများ၏ ဝါးမျိုခြင်းကို ခံရသည်ကို ဆိုလိုခြင်း ဖြစ်ပါသလော။
ထို့အပြင် သူ၏ ကျင့်ကြံမှုအားလုံးကို ဆုံးရှုံးပြီး ပစ်မှတ်ထားခံရသော သန်မာသည့် စွမ်းအားရှင်အား တစ္ဆေမျိုးနွယ်၏ မရေမတွက်နိုင်သော အဖွဲ့ဝင်များက လိုက်လံဖမ်းဆီးမည်ဖြစ်သည်။ထိုအချိန်တွင် အခြားခွန်အားကြီးသော စွမ်းအားရှင်များကလည်း သင့်အား ကာကွယ်မည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် သင့်အား ကာကွယ်ခြင်းသည် မူလအဆင့်အောက်ရှိ တစ္ဆေများကို တိုက်ခိုက်သည်ဟု ဆိုလိုခြင်းဖြစ်သည်။
ထိုအချိန်တွင် ကျင့်ကြံမှုအားလုံး ဆုံးရှုံးသွားသူသည် သူတစ်ယောက်တည်း ဖြစ်မည် မဟုတ်တော့ချေ။
သင့်ကိုကာကွယ်ဖို့ သင့်တပည့်များကို အားကိုး၍ ရပါသည်လော။ ဆန္ဒရှိသော်လည်း မတတ်နိုင်ကြပေ။
ထိုအချိန်တွင် သင်တစ်ယောက်တည်း ခံနိုင်ရည်ရှိရပေမည်။ သို့သော် ဤတစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်မူ သာမန်လူတစ်ယောက် အသက်ရှင်ဖို့ဆိုသည်မှာ အရူးတစ်ယောက်၏ စိတ်ကူးယဉ်အိပ်မက်ကဲ့သို့ပင် ရှိလေ၏။ ရှင်သန်ရန် အခွင့်အလမ်းသည် မရှိသလောက် နည်းပါးပေသည်။
ထိုသို့သော ပြစ်ဒဏ်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှပေ၏။ ထိုအဖြစ်အပျက်ကို တွေးလိုက်ရုံဖြင့် လီချန်ချင်းတုန်လှုပ်သွားခဲ့သည်။
"ဒါကြောင့် တားမြစ်ချက်ကို ဘယ်တော့မှ မချိုးဖောက်ပါနဲ့။" ရွှယ်ချမ်းပိုင်က လီချန်ချင်းကို အလေးအနက် မှာကြားလေသည်။ ရွှယ်ချမ်းပိုင်သည် အခြားသူများကို စိတ်မပူသော်လည်း လီချန်ချင်းအတွက် တွေးပူပေးနေရခြင်းမှာ အကယ်၍ လီဟမ်ရှန်းသာ အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ပါက လီချန်ချင်းမှာ သူ၏ ကျင့်ကြံမှုများကို ဆုံးရှုံးရမည့်တိုင် ဝင်ကူညီလိမ့်မည် ဖြစ်သည်။
ထိုအချိန်တွင် လီချန်ချင်းကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်ပေ။
"စိတ်မပူပါနဲ့။" လီချန်ချင်း ခေါင်းညိတ်လိုက်သည်။
သူ့အသက်က အရေးကြီးပေ၏။
ထိုစဉ် ရွှယ်ချမ်းပိုင်က ပြောသည်။
"ပုံမှန်မဟုတ်ဘူးဆိုတော့ တစ်ခုခု လွဲချော်နေပုံပဲ။ ဒီတစ္ဆေနတ်ဆိုးစမ်းသပ်မှုနဲ့ပတ်သတ်ပြီး ငါ့မှာ ဆိုးရွားတဲ့ခံစားချက်ရှိနေတယ်။ ငါတို့သတိထားသင့်တယ်။"
"ကောင်းပြီ။" လီချန်ချင်းသည် ရွှယ်ချမ်းပိုင်၏ခံစားချက်မှာ မှန်ကန်နိုင်သည်ဟု ယူဆလိုက်၏။
ညသန်းခေါင်ရောက်လာပေပြီ။
တစ္ဆေမျိုးနွယ်များသည် လမ်းများပေါ်တွင် တစ်ဖန်ပေါ်လာပြန်သည်။
"သတ်ကြဟေး...." လူများ၏ အော်ဟစ်သံများက ကောင်းကင်ကိုပင် တုန်လှုပ်စေခဲ့ပေ၏။
သံဓားသွားဂိုဏ်း၏ တပည့်များသည် ထောင်မှလွတ်လာသည့် သန်မာသော တစ္ဆေမျိုးနွယ်တစ်စုကိုတွေ့သောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။ သူတို့သည် စိတ်အားထက်သန်စွာ ရှေ့သို့ ပြေးကြလေ၏။
၎င်းတို့တစ်ဦးစီသည် ပြင်းထန်သောအစိမ်းရောင်မီးများဖြင့် တောက်ပနေပြီး အသစ်ပေါ်လာသည့် တစ္ဆေမျိုးနွယ်များကို ကြောက်ရွံ့စေသည်။
လမ်းမတွေပေါ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်လာပြန်၏။
"ချန်လီ၊ သတိထားပါ။" ယင်ရှုယွီက ယင်ချန်းလီဖက်လှည့်၍ ပြောလိုက်သည်။
"အစ်မက ကျန်းဟဲအိမ်တော်ရဲ့ တပည့်တစ်ယောက်ပါ။ အစ်မ ဘာလို့ သူတို့နဲ့ အတူမနေဘဲ ဆေးဘုရင်တောင်ကြားရဲ့ တပည့်တွေနဲ့ပဲ အမြဲအတူရှိနေရတာလဲ။"ယင်ချန်းလီက ကူကယ်ရာမဲ့ပြောလေသည်။
"ငါမင်းကိုကာကွယ်ချင်တယ်။ မင်းဒါကို တန်ဖိုးမထားဘူးလား။" ယင်ရှုယွီက မကျေမနပ်နဲ့ ပြောလိုက်လေသည်။
"ကျွန်တော့်ကို ကာကွယ်တာလား..."
ယင်ချန်းလီ ရယ်လိုက်လေသည်။ "လွန်ခဲ့တဲ့ ညအနည်းငယ်က ကျွန်တော်ကပဲ အစ်မကို ကာကွယ်ပေးခဲ့တာ မဟုတ်ဘူးလား။"
"မောင်ငယ်တစ်ယောက်က သူ့အစ်မကို ကာကွယ်ရတာ ပုံမှန်မဟုတ်ဘူးလား။" ယင်ရှုယွီက ပြန်ပြောသည်။
"အစ်မနိုင်ပါတယ်ဗျာ...."
ယင်ချန်းလီ အသက်ပြင်းပြင်းရှူလိုက်လေ၏။"ဒါဆို အစ်မ ကျွန်တော့်နောက် ကပ်နေ။"
သူ့စကားဆုံးသည်နှင့်တစ်ပြိုင်နက် ယင်ချန်းလီ၏လက်ထဲတွင် ဓားရှည်တစ်ချောင်းပေါ်လာသည်။ သူ့အငွေ့အသက်မှာ ရုတ်တရက် ပြောင်းလဲသွားလေ၏။ ထိုအချိန်တွင် ယင်းချန်းလီသည် ဓားအင်မော်တယ်အဖြစ်သို့ ပြောင်းလဲသွားပုံရပြီး သူ့လက်တစ်ဝှေ့တွင် ဓားရောင်ဝါတစ်ခု ထွက်လာသည်။
၎င်းသည် တစ္ဆေမျိုးနွယ်တစ်ဦးအား လျင်မြန်စွာပင် နှစ်ပိုင်းထက်ခြမ်း ခြမ်းလိုက်လေ၏။
"ဓားရောင်ဝါ...."
ထိုဓားရောင်ဝါကို မြင်လိုက်ရသောအခါ ယင်ရှုယွီလည်း အလွန် အံ့ဩသွားမိသည်။ "မင်းတကယ်ပဲ ဓားရောင်ဝါကို လွှတ်လိုက်နိုင်ပြီ။"
"ကျွန်တော်က ဓားကျင့်ကြံမှုမှာ ပါရမီရှင်ပါဆိုဗျာ....." ယင်ချန်းလီက ယုံကြည်မှုအပြည့်နဲ့ ပြောလိုက်လေ၏။
ယင်ရှုယွီမှာ ဆွံ့အသွားမိသည်။ မင်းက ဆေးဘုရင်တောင်ကြားရဲ့ တပည့်မဟုတ်လား။
မင်းရဲ့ ဓားရေးစွမ်းရည်က ထူးထူးခြားခြား ဖြစ်နေတယ် မဟုတ်ဘူးလား။
ယင်ရှုယွီတစ်ဦးတည်းတင် ထိုသို့ ထင်မြင်ခြင်းမဟုတ်ဘဲ ဆေးဘုရင်တောင်ကြားက တပည့်များကလည်း ထိုသို့တွေးကြလေ၏။
အထူးသဖြင့် မူချင်းကောသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုထံရောက်လာပြီးနောက် ယင်းချန်းလီသည် သူ၏ဓားကျင့်စဉ်လမ်းကြောင်းမှာ မျှော်လင့်ချက်ကင်းမဲ့ပြီး အရှုံးပေးရတော့မည်ဟု မူလကထင်ခဲ့သည်။ သို့သော် ယင်ချန်းလီ၏ ဓားသိုင်းက လူတိုင်း၏မျှော်လင့်ချက်ကိုပင် ကျော်လွန်သွားခဲ့လေ၏။
ယခုအချိန်တွင် လီဟမ်ရှန်းသည် ရှေးဟောင်းလမ်းတစ်ခုမှ အခြားတစ်ဖက်သို့ တိုက်ပွဲဝင်နေပေသည်။ သူ့နောက်လိုက်နေသော ရှေးဟောင်းတာအိုတောင်းတန်းမြေမှ တပည့်များသည်လည်း ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။
သို့သော် ဤလမ်းပေါ်ကျန်ရှိသည့် နောက်ဆုံး တစ္ဆေမျိုးနွယ်အဖွဲဝင်နှင့် ရင်ဆိုင်ပြီးနောက် လီဟမ်ရှန်းသည် အဝေးမှ အမည်မသိဧရိယာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
"ညီ၄.....မင်းဘာကြည့်နေတာလဲ။" ကျိုးကျွင်းသည် ပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေတစ်ကောင်ကို သတ်ပြီးနောက် လီဟမ်ရှန်းအနားသို့ ရောက်ရှိလာပြီးနောက် မေးလိုက်သည်။
"အထဲမှာ ဘာရှိလဲ သိချင်နေမိတယ်။" လီဟမ်ရှန်းက တိမ်များဖုံးနေသည့်နေရာကို စိုက်ကြည့်ရင်း ပြောလေ၏။
"မင်း တကယ်ကြီး အလေးအနက်ထား ပြောနေတာမဟုတ်ဘူးမလား။"
ကျိုးကျွင်းက အံဩတကြီးပြောလေသည်။
"မင်းအဲ့ထဲကို သွားချင်တယ်လို့ မပြောနဲ့နော်။ အဲ့ဒီအထဲမှာ ဘယ်လောက် အန္တရာယ်ရှိလဲ သိလား။ မနေ့တုန်းက ကုန်ဆန်းမိသားစုရဲ့ ဒုတိယသား ကုန်ဆန်းအာလန် က ဝင်သွားပြီး ဒဏ်ရာအပြင်းအထန်ရသွားတယ်။ သူ့တစ်သက်လုံး အိပ်ရာထဲမှာပဲ နေနေရတော့မှာ။"
ထိုဒေသသည် ဗုဒ္ဓဂါထာ ကျမ်းဂန်များ၏ တန်ခိုးကြောင့် အထိအခိုက် မရှိသေးချေ။နောက်နေ့ရက်များတွင် အမှန်တကယ်နိုးထလာနိုင်ပေသည်။ သို့သော် တစ်ယောက်ယောက်က ထိုထဲကို ဝင်လိုက်လျှင် တစ္ဆေမျိုးနွယ် နိုးထလာပေမည်။
ထိုအချိန်တွင် အတွင်းမှ ထူထပ်များပြားလှသော တစ္ဆေမျိုးနွယ်များသည် ဝင်ရောက်လာသူတိုင်းကို အပိုင်းပိုင်းပိုင်းဖြတ်ပစ်မည်မှာ သေချာပေသည်။
လူတစ်ဦးအနေဖြင့် တစ္ဆေမျိုးနွယ်မည်မျှနှင့် ရင်ဆိုင်ရမည်ကို မဖော်ပြထားသော်လည်း မူလအဆင့်ကိုကျော်လွန်သော တစ္ဆေမျိုးနွယ်သည် အထဲမှာ ပေါ်လာသည်ဆိုလျှင်ပင် ဂိုဏ်း၏ သန်မာသော စွမ်းအားရှင်များ အရေးယူရန် အချိန်နှောင်းသွားမည်ဖြစ်သည်။
ထို့ကြောင့် လီဟမ်ရှန်း အထဲဝင်ချင်ကြောင်း ကျိုးကျွင်းကြားသောအခါ တုန်လှုပ်သွားသည်။
ဒါကိုယ်သေတွင်းကိုယ် ရှာနေတာမဟုတ်လား။
"ကျွန်တော်ဝင်ချင်တယ်။" လီဟမ်ရှန်းမှာ ဘေးပတ်လည်ကို ကြည့်ပြီးပြောလေသည်။
"ဒီနေရာက အန္တရာယ်နည်းပေမယ့် အခွင့်အလမ်းတွေလည်း နည်းတယ်။ လုရှီရန်ဝင်နိုင်တဲ့အတွက် ကျွန်တော်လည်း ဝင်ကြည့်ချင်တယ်။"
"ညီ၄....မင်းက လုရှီရန်နဲ့ မတူဘူး။ သူက ပါရမီရှင်တစ်ယောက်ပါ။ မင်း အလျင်စလိုဝင်လိုက်ရင် မင်းသေသွားနိုင်တယ်။ မင်းရဲ့ စီနီယာအစ်ကိုပြောတာကို နားထောင်။ ကောင်းကောင်းနေ...ဒုက္ခမရှာစမ်းပါနဲ့။" ကျိုးကျွင်းက သူ့ကို စိတ်အားထက်သန်စွာ ဆွဲဆောင်ရန် ကြိုးစားခဲ့သည်။
သို့သော် ယခုအချိန်တွင် လီဟမ်ရှန်း စိတ်ပိုင်းဖြတ်ထားသည်။ သူတကယ်ဝင်ပြီး စမ်းကြည့်ချင်မိသည်။သူနှင့် လုရှီရန်နှစ်ဦးစလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့်တွင် ရှိကြသည်။
လုရှီရန်က သူ့ကို အလှမ်းအဝေးကြီးမှာ ချန်ထားခဲ့ပြီဖြစ်၏။
လုရှီရန်၏အသွင်အပြင်သည် လီဟမ်ရှန်းအား တစ်စုံတစ်ယောက်အကြောင်း တွေးတောစေမိသည်။
၎င်းမှာ အဆုံးမဲ့ညရှေးဟောင်းနိုင်ငံမှ ချူချန်းခုန် ဖြစ်လေ၏။