← Chapters

အခန်း (၁၇၂)

Vol. 17 Ch. 172

အခန်း (၁၇၂)

Vol. 17 Ch. 172

ချူချန်းခုန်သည် ဒဏ္ဍာရီဆန်သော အထူးပါရမီရှင်တစ်ဦးဖြစ်သောကြောင့် သူ့ကိုယ်သူ ဤနေရာသို့ တွန်းအားပေး ရုန်းမထွက်ပါက သူနှင့် အမှီလိုက်နိုင်မည်မဟုတ်ကြောင်း လီဟမ်ရှန်း သိပေသည်။

"အစ်ကိုကြီး စိတ်မပူပါနဲ့ ကျွန်တော်စမ်းကြည့်မယ်။ အဆင်မပြေရင် ငါပြန်လာခဲ့မယ်။"

လီဟမ်ရှန်းသည် လုပ်ရပ်နှင့်သာ သက်သေပြသူဖြစ်သည်။ လီဟမ်ရှန်းမှာ အင်မော်တယ် အရှင်သခင်လှံကို ကောက်ယူပြီး တိမ်မည်းမည်းများအောက်ရှိ ဧရိယာထဲသို့ ဝင်ပေတော့မည်။

"ညီ၄...."

ဤအခိုက်တွင် ကျိုးကျွင်းသည် လီဟမ်ရှန်း၏လက်ကို ဆုပ်ကိုင်လိုက်သည်။ လီဟမ်ရှန်းသည် ကျိုးကျွင်း၏ မျက်နှာကိုကြည့်ရန် ခေါင်းကိုလှည့်လိုက်ရာ ကျိုးကျွင်း၏မျက်နှာပေါ်၌ စိုးရိမ်မှုအပြည့်ကို မြင်လိုက်ရလေသည်။ထို့နောက် ကျိုးကျွင်းက ပြောသည်။

"ဂရုစိုက်ပါ။"

"စိတ်မပူပါနဲ့ အစ်ကိုကြီး။"

လီဟမ်ရှန်းက ပြုံးလိုက်ပြီး မှောင်မည်းနေသည့် တိမ်တိုက်များအောက် ဧရိယာထဲကို တိုက်ရိုက် ပြေးဝင်သွားလေသည်။ လီဟမ်ရှန်း ဧရိယာထဲကို ဝင်လိုက်သည်နှင့် အနီးအနားမှာ စောင့်ကြည့်နေသည့် လီချန်ချင်းလည်း သူ့အမူအရာ ပြောင်းသွားလေသည်။

လီဟမ်ရှန်းသည် အမှန်တကယ်ပင် ဤမျှ အန္တရာယ်ရှိသော နေရာသို့ သွားခဲ့သည်။

"တွေးပူစရာပဲကွာ..." လီချန်ချင်း ပြောလိုက်မိသည်။

"စိတ်မပူပါနဲ့။ မင်းရဲ့သားက အရမ်းထက်မြက်ပြီး သန်မာတယ်။ သူသတိနဲ့နေသရွေ့ ဘာပြဿနာမှ ရှိလာမှာ မဟုတ်ဘူး။" ရွှယ်ချမ်းပိုင်က သူ့ကို ဘေးမှ နှစ်သိမ့်ပေးသည်။

ရွှယ်ချမ်းပိုင်ထိုသို့ပြောသော်လည်း လီဟမ်ရှန်းမှာ စိုးရိမ်နေမိဆဲဖြစ်သည်။ သူ၏ စိတ်ဝိညာဉ်သည်လည်း ဆက်လက်ပျံ့နှံ့သွားကာ ထိုနေရာသို့ ဝင်ရောက်သွားလေသည်။

ကံကောင်းထောက်မစွာပင် လီချန်ချင်း၏ စိတ်ဝိညာဉ်သည် သန်မာပေသည်။ မဟုတ်၍ တခြားသူသာဆိုလျှင် သူတို့၏ စိတ်ဝိညာဉ်ဟာ ထိုမျှလောက်အထိ ထုတ်လွှတ်နိုင်မည် မဟုတ်ပါချေ။

ကျင့်ကြံသူများ၏ အရှိန်အဝါကို အာရုံခံပြီးမှသာ တည်နေရာတွင် ရှိလား၊ မရှိလာဆိုသည်ကို ဆုံးဖြတ်နိုင်မည် ဖြစ်သည်။ လီချန်ချင်းကဲ့သို့ အချိန်နှင့်တပြေးညီ စောင့်ကြည့်မနေနိုင်ပေ။

တိမ်မည်းများအောက် ဧရိယာထဲသို့ ဝင်ရောက်ပြီးနောက် လီဟမ်ရှန်းသည် သတိအပြည့်ကပ်ထားလေသည်။

လီဟမ်ရှန်းဝင်လာချိန်၌ ဤနေရာသည် အပြင်မှာထက် ပိုအေးသည်ဟု ခံစားရသည်။

သို့သော် လက်တွေ့မှာမူ မအေးချေ။ အလွန်ပြင်းထန်သော တစ္ဆေ အရောင်အဝါက သူ့အရိုးများထိပင် ထိုးဖောက်ဝင်ရောက်သွားနေသောကြောင့် လီဟမ်ရှန်း မပေါ့ဆရဲချေ။

ဤနေရာရှိ လမ်းများသည် တစ္ဆေမရှိသကဲ့သို့ တိတ်ဆိတ်လှပေသည်။

ဤသည်မှာ လီဟမ်ရှန်း၏ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့ကြောင့် သူဘာဖြစ်နေသည်မသိရချေေ

ဒီနေရာမှာ တစ္ဆေမျိုူးနွယ်တွေ အများကြီး ရှိတယ်လို့ ပြောတယ်မဟုတ်လား။

ဘာလို့ တစ်ကောင်တစ်မြှီးကိုမှ မတွေ့သေးတာလဲ။

အင်မော်တယ်အရှင်သခင်လှံဖြင့် လမ်းမပေါ် ဖြည်းညှင်းစွာ လျှောက်လာရင်း သူ့ခြေသံများကိုပင် ရှင်းရှင်းလင်းလင်း ကြားနေရလေသည်။

ထို့အပြင်ဤနေရာရှိ လေထုသည် ပြင်းထန်သော တစ္ဆေအငွေ့အသက်များဖြင့် ပြည့်နေသောကြောင့် လီဟမ်ရှန်းအနီးအနားတွင် တစ္ဆေမျိုးနွယ်များရှိမရှိကို မပြောနိုင်ချေ။

တစ္ဆေမျိုးနွယ်များ အမှန်တကယ်ရှိနေလျှင်ပင် ဤမျှပြင်းထန်သော တစ္ဆေအရှိန်အဝါများ၏ ဖိနှိပ်သက်ရောက်မှုကြောင့် ခွဲခြားနိုင်လိမ့်မည် မဟုတ်ပါချေ။

"ဝေါင်း....."

ထိုအခိုက်တွင် မြေပြင်မှ အနည်းငယ် တုန်လှုပ်ဖွယ် အသံတစ်ခု ထွက်ပေါ်လာသည်။ လီဟမ်ရှန်းသည် အဝေးမှ လူသတ်နေသည့်အသံကို ချက်ချင်း ခံစားလိုက်ရသည်။

တစ်စုံတစ်ယောက် တိုက်ခိုက်နေပေသည်။

လီဟမ်ရှန်းသည်သည် ခေါင်မိုးပေါ်မှ ခုန်လိုက်ရာ လမ်းများစွာနှင့် အဝေးတစ်နေရာတွင် တစုံတယောက်က သတ်ဖြတ်နေသည်ကို မြင်တွေ့လိုက်ရလေသည်။

"လုရှီရန်...."

လုရှီရန်မှလွဲ၍ ဤနေရာရှိ တစ္ဆေများကို သတ်မည့် အခြားမည်သူ့ကိုမျှ လီဟမ်ရှန်းမစဉ်းစားနိုင်ခဲ့ပေ။

လီဟမ်ရှန်းသည် အနီးကပ်ကြည့်ရန် တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ လေပြင်းတစ်ချက် ရုတ်တရက်ဝှေ့လာသည်။

လီဟမ်ရှန်းက သူ့လှံကို လှန်လိုက်ပြီး လေပြင်းတိုက်သည်ကို တားဆီးလိုက်လေသည်။

တစ်ချိန်တည်းမှာပင် လီဟမ်ရှန်းမှာ တစ္ဆေမျိုးနွယ်အများအပြား သူ့နောက်ကွယ်မှ လမ်းပေါ်တွင် ပေါ်လာသည်ကို တွေ့လိုက်ရသဖြင့် အံ့သြသွားခဲ့သည်။

"လူ့သွေးနံ့ပဲ… လူသား မစားရတာတောင်ကြာလှပြီ "

တစ္ဆေမျိုးနွယ်ဝင်အချို့သည် ၎င်းတို့၏မျက်လုံးများတွင် လောဘမီးများ တောက်လောင်လာကြပေ၏။

စကားဆုံးသည်နှင့် လီဟမ်ရှန်းအား သတ်ရန် ကြံရွယ်ကာ တဟုန်ထိုး ပြေးလာကြတော့သည်။

"ဟင်း..."

လီဟမ်ရှန်းသည် သူ၏လှံကိုကိုင်ကာ တစ္ဆေအုပ်ထဲသို့ မကြောက်မရွံ့ ပြေးဝင်သွားလိုက်၏။

သွေးတစ္ဆေများသာမက တောင်တစ္ဆေများနှင့် အခြားသော တစ္ဆေများအပါအဝင် လမ်းပေါ်၌ ရာနှင့်ချီသော တစ္ဆေများ ရှိနေပေသည်။

လီဟမ်ရှန်း ၏မျက်လုံးထဲတွင် ဤတစ္ဆေမျိုးနွယ်များသည် တစ္ဆေများမဟုတ် ၎င်းတို့သည် ကောင်းမှုရမှတ်များ ဖြစ်သည်။

သူသာ ဤနေရာကို မလာခဲ့လျှင် တစ္ဆေများကို တစ်စုတစ်ဝေးကြီး မည်သည့် နေရာတွင် တွေ့နိုင်မည်နည်း။ အပြင်မှာ လူတိုင်းသတ်နိုင်သည့် တစ္ဆေလုံလုံလောက်လောက်မရှိဟု ဆိုနိုင်ပေသည်။ သင်သတိမထားလျှင် တခြားတစ်ယောက်က လုယူသွားပေလိမ့်မည်။

လီဟမ်ရှန်းသည် သူ့လှံကို တစ်ချက်လွှဲတိုင်း တစ္ဆေတစ်ကောင်ကို သတ်ပစ်နိုင်သည်။ သူ၏ ကြံ့ခိုင်သော ခန္ဓာကိုယ်နှင့်အတူ တစ္ဆေများစွာသည် သူ၏တိုက်ခိုက်မှုကို ခံနိုင်ရည်မရှိပေ။

တစ္ဆေများစွာ ရှိနေသော်လည်း အများစုမှာ တက်လှမ်းခြင်းအဆင့်တွင်သာ ရှိနေကြသည်။ ဒါဇင်အနည်းငယ်မျှသာ ပြန်လည်မွေးဖွားခြင်းအဆင့်ရှိပြီး အချို့သာ ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိခဲ့သည်။

ယင်းသည် ရက်အတော်ကြာ တစ္ဆေများကို သတ်ခဲ့သည့် လီဟမ်ရှန်းအတွက် ခြိမ်းခြောက်မှု မဟုတ်တော့ချေ။

"လက်မြှောက်အရှုံးပေးပြီး သေလိုက်တော့...မင်းတို့ကို ငါဝိုင်းထားပြီကွ...။

လီဟမ်ရှန်းကက အော်ဟစ်လိုက်ပြီး သိုးအုပ်ထဲကို ကျားတစ်ကောင်ဝင်သွားသကဲ့သို့ သူ၏ လျှပ်စီးကဲ့သို့ မြန်ဆန်လှသည့် လှံကျင့်စဉ်ဖြင့် တစ္ဆေများကို တစ်ကောင်ပြီးတစ်ကောင် သတ်ပစ်နေလေသည်။တစ္ဆေများသည် ခုခံနိုင်စွမ်းမရှိကြချေ။

တောင်တစ္ဆေပင်လျှင် လီဟမ်ရှန်း၏ လှံဖြင့် ဦးခေါင်းကို ထိုးဖောက်ခံရသည်။

သို့သော် လီဟမ်ရှန်းက တစ္ဆေများကို သတ်လိုက်သောအခါတွင် တစ္ဆေများမှာ ပိုပိုများလာပေ၏။

ယခုအချိန်တွင် လီဟမ်ရှန်းသည် သေမင်းတမန်ဖြစ်နေပေ‌သည်။

လူတစ်ဦးသည် လှံတစ်ချောင်းဖြင့် လမ်းတစ်ခုလုံးကို သွေးမြစ်အဖြစ်သို့ ပြောင်းလဲစေခဲ့သည်။ ဤနေရာ၌ လီဟမ်ရှန်းသည် အပြင်တွင် မခံစားနိုင်သည့် ပီတိကို ခံစားခဲ့ရသည်။

သို့သော် ယခုအချိန်တွင် ပြင်းထန်သော အရောင်အဝါတစ်ခု နီးကပ်လာသည်ကို လီဟမ်ရှန်း ခံစားလိုက်ရသည်။

ထိုအရောင်အဝါက သူ့ပတ်ဝန်းကျင်မှာရှိသည့် တစ္ဆေများ၏ အရှိန်အဝါ အားလုံးကို ဖိနှိပ်ထားလေ၏။ ရောက်ရှိလာသူသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ ပြီးပြည့်စုံသောအဆင့်တွင်ရှိသည့် စွမ်းအားရှင်ဖြစ်သည်။

"ပြန်လည်မွေးဖွားခြင်းအဆင့်လောက်နဲ့ လူတစ်ယောက်က ကိုယ့်သေခြင်းကိုယ် လာရှာရဲတယ်ပေါ့လေ။" အရပ်မြင့်မြင့် ရုပ်အသွင်က လီဟမ်ရှန်းကို စိုက်ကြည့်နေလေသည်။

"ပြန်လည် မွေးဖွားခြင်းအဆင့်ရဲ့ ပြီးပြည့်စုံသောအဆင့်...."

လီဟမ်ရှန်းလည်း သတိကြီးကြီး ထားလိုက်လေသည်။

"သေလိုက်တော့...."

ဟစ်ကြွေးသံနှင့်အတူ အင်အားကြီးလှသော တစ္ဆေသည် မြေပြင်ပေါ်ရှိ ကျောက်တုံးများပေါ်သို့ တက်နင်းဖြိုခွဲကာ လီဟမ်ရှန်းဆီသို့ ချိန်ရွယ်လိုက်လေသည်။ သူ့ခါးရှိ စစ်ပွဲသုံးဓားဖြင့် လီဟမ်ရှန်းအား ထက်ခြမ်းခြမ်းရန် ကြံရွယ်ပြီး တိုက်ရိုက်ခုတ်ချလေသည်။

"ဒါလေးကို စမ်းကြည့်လိုက်စမ်း..."

လီဟမ်ရှန်းသည် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေပေသည်။ တစ္ဆေမျိုးနွယ်၏ ပြန်လည်မွေးဖွားခြင်းအဆင့်သည် သူ့ကိုယ်ပိုင်အဆင့်ထက် အဆင့်နှစ်ဆင့်မြင့်သော်လည်း သူ့ကို အသေသတ်နိုင်စွမ်းမရှိချေ။

စစ်ပွဲသုံးဓါး၏ ခုတ်ချက်မကျရောက်မီပင် ဓါးသွားမှ အလင်းရောင်သည် လခြမ်းအဖြစ်သို့ ပြောင်းလဲသွားသည်။

စွမ်းအားကြီးလှသော တစ္ဆေအငွေ့အသက်မှာ တောင်ပြိုကျသကဲ့သို့ပင် ထင်မှတ်ရပေ၏။

လီဟမ်ရှန်း၏ မျက်လုံးများသည် လျှပ်စီးလက်သကဲ့သို့ စူးရှလှပြီး အင်မော်တယ်အရှင်သခင်လှံကို မြှောက်ကာ ခုခံလိုက်သည်။

လီဟမ်ရှန်းအား နေနှင့်လတို့၏ တောက်ပမှုတို့ဖြင့် ဝန်းရံထားပြီး သူ၏ ကြီးမားလှသော စွမ်းအားသည် ဓါးနှင့် တိုက်ရိုက်ထိသွားသည်။ ပြင်းထန်သောသက်ရောက်မှုကြောင့် လီဟမ်ရှန်းအား ခြေလှမ်းအနည်းငယ်ဆုတ်ရန် တွန်းအားပေးခဲ့သော်လည်း အလားတူပင် ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်ရှိ တစ္ဆေမျိုးနွယ်ဝင်ကိုလည်း လီဟမ်ရှန်း၏လှံက တွန်းအားပေးနေပေသည်။

လီဟမ်ရှန်းကဲ့သို့ ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားရှင်သည် သူ့အား ရုပ်ပိုင်းဆိုင်ရာအရ ဆန့်ကျင်ဘက်ပြုနိုင်သည်သည့်အတွက် အံ့အားနေစဉ်မှာပဲ လီဟမ်ရှန်းသည် သူ၏လှုပ်ရှားမှုကို ထပ်မံပြုလုပ်ခဲ့ပြီးဖြစ်သည်။

လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင် လှံတိုက်ကွက်သည် အညှာအတာကင်းမဲ့စွာ ထိုးဖောက်လိုက်လေသည်။

လီဟမ်ရှန်း လှံထိုးချက်များ၏ စိုးမိုးမှုမှာ အကန့်မသတ်မရှိချေ။

သူ့ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ တဟုန်ထိုး တိုးလာသည်။

မီးတောင်ပေါက်ကွဲမှုကဲ့သို့ပင်ပေါက်ကွဲစေတတ်သော စွမ်းအားများသည် မုန်တိုင်းတစ်ခုနှယ် လှည့်ပတ်သွားကာ ယခုလေးတင် ချဉ်းကပ်လာသော တစ္ဆေမျိုးနွယ်များအား ၎င်းတို့ မတုံ့ပြန်နိုင်မီတွင်ပင် လီဟမ်ရှန်း၏ အရှိန်အဝါက တွန်းလှန်နိုင်ခဲ့သည်။

ပြန်လည်မွေးဖွားခြင်း၏အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်သည် ဤလှံ၏ကြောက်မက်ဖွယ်ကောင်းပုံကိုလည်း ခံစားခဲ့ရပြီး ၎င်းအား တိုက်ပွဲသုံး ဓားသွားဖြင့် ပိတ်ဆို့တွန်းလှန်ခဲ့သည်။

ဘန်း....

လေးလံသော စွမ်းအားသည် ယခင်လှံထက်ပင် ပိုမိုပြင်းထန်လာပြီး တိုက်ပွဲသုံးဓားမှ မီးပွားများပင် ထွက်ပေါ်လာသည်။

ပြန်လည်မွေးဖွားခြင်းအထွတ်အထိပ်ရှိ တစ္ဆေမျိူးနွယ်သည် သူ၏လက်များထုံကျင်သွားသည်ကို ခံစားခဲ့ရသည်။

ပြန်လည်မွေးဖွားခြင်းအဆင့် လူသားတစ်ဦးသည် ထိုကဲ့သို့သော ခွန်အားကို မည်သို့ပိုင်ဆိုင်နိုင်မည်နည်း။

မယုံနိုင်စရာကောင်းသည်ကို သူတွေ့မြင်ခဲ့ရပေသည်။

သို့သော် လီဟမ်ရှန်း၏ ဒုတိယလှံချက်ဟာ လာနေပြီဖြစ်သဖြင့် သူ့မှာ တုံ့ပြန်ဖို့ အချိန်ပင် မရှိလိုက်ချေ။

တတိယ လှံချက်က ထပ်မံတိုက်ခိုက်ပြန်လေ၏။

ထို့နောက်....စတုတ္ထ လှံချက်...

အင်မော်တယ်အရှင်လှံတိုက်ကွက်၏ လှံချက်တစ်ချက်စီသည် စွမ်းအားပေါက်ကွဲခြင်းဖြစ်ပြီး တစ်ချက်စီသည် ယခင်အချက်တိုင်းထက် ပိုပြင်းထန်ပေသည်‌။

ဤကဲ့သို့ စွမ်းအားပေါက်ကွဲသံသည် လီဟမ်ရှန်း၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များအား ထပ်ဆင့်တိုးလာစေသည်။

သို့သော် ပြန်လည်မွေးဖွားခြင်းအဆင့်၏အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်ဝင်သည် သေချင်လောက်အောင် နာကျင်နေခဲ့သည်။

ဤကဲ့သို့ စွမ်းအားမျိုးက သူ့စိတ်ကူးထက်ပင် ကျော်လွန်နေခဲ့ပေ၏။

တတိယမြောက်လှံချက်ကို ပိတ်ဆို့လိုက်သောအခါတွင် သူသည် ဓားကို ကိုင်ရခက်သွားသည်ဟု ခံစားရသည်။

စတုတ္ထမြောက်လှံချက်အောက်တွင်မူ သူ၏ဓားသည် ကွဲကြေသွားကာ အင်မော်တယ်အရှင်သခင်လှံသည် သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်ကာ သူ့အသက်ကို နှုတ်ယူသွားလေသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ရှိ စွမ်းအားရှင်တစ်ဦးသည် လီဟမ်ရှန်း၏လက်ချက်ဖြင့် သေဆုံးခဲ့ရပေသည်။

ပတ်ဝန်းကျင်ရှိ အခြားသော တစ္ဆေမျိုးနွယ်ဝင်များလည်း ထိတ်လန့်သွားကြသည်။

အချိန်အတန်ကြာသည်အထိ သူတို့ မချဉ်းကပ်ရဲတော့ချေ။

လီဟမ်ရှန်းသည် လှုပ်ရှားရန် အလျင်စလို မလုပ်ခဲ့ပေ။ လှံလေးချက်ကို အသုံးပြုခြင်းသည် သူ့အတွက် ဘာမှမဟုတ်သော်လည်း သူ၏ အတွင်းစွမ်းအင်များသည် ယခုအချိန်တွင် တဟုန်ထိုး တောက်လောင်နေဆဲဖြစ်ပြီး အနည်းငယ် စိတ်တည်ငြိမ်ရန် လိုအပ်ပေသည်။

အသက်သုံးကြိမ်သာ ရှုရှိုက်ပြီးနောက် လီဟမ်ရှန်း၏ ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များ ငြိမ်သက်သွားသည်။ ဤရက်များ၌ တိုက်ပွဲများအပြီးတွင် လီဟမ်ရှန်းသည် သူ၏ အတွင်းစွမ်းအင်အပေါ် ထိန်းချုပ်မှု များစွာ တိုးတက်လာခဲ့သည်။

ထိုသို့မဟုတ်ဘဲ တစ္ဆေနတ်ဆိုးစမ်းသပ်မှုသို့ လီဟမ်ရှန်း ဝင်ရောက်ပြီး လှံလေးချက်ကို အသုံးပြုခဲ့မည်ဆိုလျှင် သူသည် ငြိမ်သက်ရန် အနည်းဆုံး အသက်ငါးရှိုက်ရှူရန် လိုအပ်မည်ဖြစ်သည်။

သို့သော်လည်း ဤအခိုက်အတန့်တွင် ပတ်ဝန်းကျင်ရှိ တစ္ဆေမျိုးနွယ်များ ဆုတ်ခွာသွားကာ လီဟမ်ရှန်းရုတ်တရက် တစ်ခုခုကို ခံစားလိုက်ရသည်။

လီဟမ်ရှန်းသည် ပတ်ဝန်းကျင်အိမ်များကို အာရုံခံကြည့်ရာ ယခုအခိုက်တွင် ထိုအိမ်များ၏ခေါင်မိုးပေါ်၌ ရုပ်သွင်ခုနစ်ခု ပေါ်လာသည်။

ထိုရုပ်သွင်ခုနစ်ခုတို့သည် ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်၏ အစောင့်များကဲ့သို့ ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားသည်။

သူတို့ ခုနစ်ယောက်သည် မတူညီသော အနေအထားတွင် ရပ်နေကြပြီး သူတို့၏ မျက်လုံးများသည်လည်း လီဟမ်ရှန်းကို စိုက်ကြည့်ကြကာ ၎င်းတို့ထံမှ ဖိနှိပ်မှု ခံစားချက်များ ထွက်ပေါ်လာသည်။

လီဟမ်ရှန်းသည်လည်း သူတို့၏ တစ္ဆေအရောင်အဝါမှတဆင့် ၎င်းတို့၏နယ်ပယ်ကို အကဲဖြတ်ခဲ့သည်။

ဤတစ္ဆေမျိုးနွယ် ခုနစ်ယောက်စလုံးသည် ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်များ ဖြစ်ပေ၏။

တစ်ဦးချင်းစီသည် သူသတ်ခဲ့သည့် တစ္ဆေမျိုးနွယ်လောက် မပျော့ညံ့ကြပေ။

All Chapters