← Chapters

အခန်း (၁၇၃)

Vol. 17 Ch. 173

အခန်း (၁၇၃)

Vol. 17 Ch. 173

"ငါက အုပ်လိုက်ကြီးကို ဆွဲဆောင်လိုက်ပြီပဲ။" လီဟမ်ရှန်း ရင်တဒိတ်ဒိတ်ခုန်လာသည်။

"မင်း ဒီကို တစ်ယောက်တည်း လာရဲတာပဲ။ မင်းက ပြန်လည်မွေးဖွားခြင့်အဆင့်ပဲ ရှိသေးတာ။ မင်းရဲ့ သတ္တိကိုတော့ ငါ ချီးကျူးရမယ်။" ပိန်လှီသော တစ္ဆေမျိုးနွယ်တစ်ဦးက ပြောသည်။

"အစ်ကို၆....ဒီလူက အားမနည်းဘူးနော်။ လျိုချန်းကို တကယ်သတ်လိုက်တာ။" အခြား တစ္ဆေမျိုးနွယ်တစ်ဦးသည် မကြာသေးမီက သေဆုံးသွားသော ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်ရှိ တစ္ဆေမျိုးနွယ်၏ အလောင်းကို ကြည့်ရှုပြီး ပြောခဲ့သည်။

"လျိုချန်းက အမှိုက်သရိုက်သာသာပါပဲ။ သူက ပြန်လည်မွေးဖွားခြင်းအဆင့်က လူတစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူး။"

မျက်လုံးမှေးမှေးဖြင့် တစ္ဆေမျိုးနွယ်တစ်ဦးက လှောင်ပြောင်ပြောဆိုသည်။

လီဟမ်ရှန်းကမူ ဘာမျှ မပြောချေ။ သူသည် လူခုနစ်ယောက်ကို သတိထားပြီး ကြည့်ရုံဖြင့်ပင် သူ့စိတ်ထဲတွင် အနည်းငယ် ပူပန်နေမိသည်။

ပြန်လည်မွေးဖွားခြင်း အထွတ်အထိပ်အဆင့်ရှိ တစ္ဆေမျိုးနွယ်ဝင် နှစ်ဦး သို့မဟုတ် သုံးဦးလောက်သာ ရောက်လာပါက သူသည် တိုက်ခိုက်ရန် ယုံကြည်မှုရှိလိမ့်မည်။ သို့သော် ခုနစ်ယောက်တစ်ပြိုင်နက်ရောက်လာခြင်းသည် လီဟမ်ရှန်းအနေဖြင့် ၎င်းတို့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

"ရှစ်ယောက်ပဲ လာတာလား။ ငါလျှော့တွက်ထားမိပုံပဲ။" လီဟမ်ရှန်း ရုတ်တရက် ပြောလိုက်သည်။

"ဘာလဲ ငါတို့ ရှစ်ယောက်က မင်းကို ရင်ဆိုင်ဖို့ မလုံလောက်ဘူးလား။" တစ္ဆေမျိုးနွယ်တစ်ယောက်က ရယ်လေ၏။

သို့သော် သူစကားဆုံးသည်နှင့် ခပ်ဝဝတစ္ဆေမျိုးနွယ်ဝင်က အံ့အားသင့်ပြီး ပြောလေသည်။

"ဘယ်နားက ရှစ်ယောက်ကို ပြောနေတာလဲ။ ဘယ်နှစ်ယောက်ရှိလဲဆိုတာကို မရေမတွက်နိုင်လောက်အောင်ကို ကြောက်နေတာလား။"

အခြားခြောက်ယောက်ကလည်း လီဟန်ရှင်းကို ထူးထူးခြားခြား ကြည့်ကြသည်။ ထိုနေရာတွင် လူခုနစ်ယောက်ပဲ ရှိသည်မှာ ထင်ရှားပေ၏။

"ဟား...ဟား..." လီဟမ်ရှန်းက ပြုံးလိုက်ပြီး တစ္ဆေမျိုးနွယ်ခုနစ်ယောက်၏နောက်က မဝေးသည့် နံရံကို လှမ်းပြောလေသည်။

" မင်းဒီကို ရောက်နေပြီဆိုမှတော့ ထွက်လာပါတော့ကွာ။ ဒါမှမဟုတ် ငါ ဒီခုနစ်ယောက်နဲ့ တိုက်ပြီးချိန်မှ အခွင့်ကောင်းယူဖို့ စောင့်နေတာလား။"

"ဘယ်သူလဲ။"

လီဟမ်ရှန်း၏ စကားကိုကြားသောအခါ ခုနစ်ယောက်စလုံး ခေါင်းကို စူးစူးစိုက်စိုက် လှည့်လိုက်သည်။ တစ္ဆေမျိုးနွယ်များ ကြားတွင်ပင် ပဋိပက္ခများ ရှိပေ၏။

တစ်စုံတစ်ယောက်က အခြေအနေကို အခွင့်ကောင်းယူဖို့ တကယ်ကြိုးစားနေတာလား။

"အကိုကြီး...ကျွန်တော်တို့ ဘာလို့ ဘယ်သူ့ကိုမှ မခံစားရတာလဲ။" အမာရွတ်ရှိသော တစ္ဆေမျိုးနွယ်ဝင်တစ်ဦးကို ၎င်းတို့ကြားတွင် ခပ်ဝဝတစ္တေက မေးသည်။

အမာရွတ်ရှိသောတစ္ဆေမျိုးနွယ်သည် ထိုနေရာတွင် တစ္ဆေမျိုးနွယ်အရောင်အဝါကို မခံစားမိချေ။

"အကိုကြီး...မကောင်းတော့ဘူး။ ဒီကောင် ထွက်ပြေးသွားပြီ။" ထိုစဉ် မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်ကစိုးရိမ်တကြီး ပြောသည်။

အားလုံးလှည့်ကြည့်ကြသော်လည်း....လီဟမ်ရှန်း အဘယ်သို့ ရောက်သွားသနည်း။

ထိုအချိန်တွင် လီဟမ်ရှန်းသည် မီတာရာနှင့်ချီအကွာအဝေးသို့ မှုန်နေအောင် ပြေးနေပြီဖြစ်သည်။

"ကလိမ်ကကျစ်ကျတဲ့လူသား...." အမာရွတ်ရှိသော မျက်နှာနှင့် တစ္ဆေသည် ကျယ်လောင်စွာ ကျိန်ဆဲပြီး လူတိုင်းက သူ့နောက်သို့ လိုက်ကြသည်။

သူတို့ ဒေါသတကြီး ဖြစ်နေကြလေ၏။ သူတို့ခုနစ်ယောက်စလုံးသည် လီဟမ်ရှန်းဆီမှ အလိမ်ခံခဲ့သဖြင့် သူ့ကို အရှင်လတ်လတ် အရေခွံခွာပြီး အပိုင်းပိုင်း ကိုက်ဖြတ်ပစ်ရန်အထိ ကျိန်ဆဲထားကြပေသည်။

လီဟမ်ရှန်းသည် ၎င်းတို့စွမ်းအားအထွတ်အထိပ်ရှိ ဤလူခုနစ်ယောက်ကို သူမယှဉ်နိုင်ကြောင်း ကောင်းစွာသိသည်။

ဒီတိုင်းနေပြီး သူတို့ကို တိုက်ရမှာလား။

ဒါ ကိုယ့်ကိုယ်ကို သတ်သေတာ မဟုတ်ဘူးလား။

ထွက်ပြေးသင့်တယ်မဟုတ်လား။

လီဟမ်ရှန်း အရင်ပြေးလာသော်လည်း အခြား တစ္ဆေမျိုးနွယ်ဝင်များက လမ်းကိုပိတ်ဆို့ထားသည်ကို တွေ့လိုက်ရလေသည်။ လီဟမ်ရှန်း ၎င်းတို့အား သတ်လိုက်သည့်အချိန်သည် အချိန်အများကြီး မနှောင့်နှေးသော်လည်း သူ့နောက်က တစ္ဆေမျိုးနွယ်ခုနစ်ယောက်နဲ့ ပိုနီးလာသည်ဟု ခံစားရလေ၏။

"ဝူး..."

ထိုအချိန်တွင် လေထဲသို့ တိုးဝင်လာသော အသံတစ်ခု ထွက်ပေါ်လာသည်။

လီဟမ်ရှန်းသည် ချက်ချင်းပင် အန္တရာယ်ကို ခံစားလိုက်ရသည်။

"ချွမ်...."

အင်မော်တယ်အရှင်သခင်လှံ၏ နောက်ပြန်တွန်းအားဖြင့် သူသည် ဝင်လာသောမြှားကို တိုက်ရိုက် ထိုးဖောက်လိုက်သည်။ သို့သော် လီဟမ်ရှန်းသည် အလွန်လေးလံသော စွမ်းအားကို ခံစားလိုက်ရသဖြင့် ထိုမြှား၏ စွမ်းအားကို လျှော့တွက်၍မရချေ။

အနီးကပ်စူးစမ်းကြည့်တော့အခါ တစ္ဆေမျိုးနွယ်ခုနစ်ဦးထဲမှ မျက်လုံးမှေးမှေးနှင့်တစ္ဆေ၏ လက်ချက်ဖြစ်လေ၏။

ထိုတစ္ဆေသည် လေးသမား ဖြစ်သည်။ ထိုအချိန်တွင် သူသည် အနက်ရောင်လေးနက်ကြီးကို ကိုင်ဆောင်ကာ မြှားတစ်စင်းကို ချိန်ရွယ်နေပေ၏။

"သေပါရောကွာ..."

လီဟမ်ရှန်းသည် ထိုတစ္ဆေမှာ တာဝေးပစ်ရန်သူ ဖြစ်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

ဝှီး....

နောက်ထပ် မြှားတစ်စင်း ပျံသန်းလာသဖြင့် လီဟမ်ရှန်းသည် ၎င်းကို ခုခံလိုက်သည်။ သို့သော် လီဟမ်ရှန်းသည် မြှားကို ခုခံလိုက်သောအခါ တစ္ဆေခုနစ်ယောက်သည် လီဟမ်ရှန်းနှင့် နီးကပ်လာပြီး ဖမ်းမိလုနီးပါးပင် ဖြစ်သွားလေသည်။

လီဟမ်ရှန်းသည် သူတို့နှင့် တိုက်ခိုက်နေချိန်တွင်သာ ထွက်ပြေးနိုင်ခဲ့သည်။

အထွတ်အထိပ်ရောက်ပြီးသားလူခုနစ်ယောက်နှင့် တိုက်ခိုက်ခြင်းသည် သူ့အတွက် စိန်ခေါ်မှုကြီးဖြစ်ပေ၏။

ထိုအချိန်တွင် လီချန်ချင်းသည် လီဟမ်ရှန်း၏ အန္တရာယ်ကို သတိပြုမိပြီး အနည်းငယ် စိုးရိမ်နေမိသည်။

ကောင်လေးက လုံခြုံတဲ့နေရာမှာမနေဘဲ ဒီလိုအန္တရာယ်ရှိတဲ့နေရာကို သွားခဲ့တာ ဘာကြောင့်များလဲ။

သူ့ကိုယ်သူ ဒုက္ခအကြီးအကျယ် ရောက်စေနေတာပဲ။

သို့သော် လီချန်ချင်း လှုပ်ရှားမှုမလုပ်နိုင်ဘဲ အသက်လုပြေးနေသည့် လီဟမ်ရှန်းကိုသာ စောင့်ကြည့်နေနိုင်ပေသည်။

သို့သော် သူ့သားက အသက်အန္တရာယ် သေရေးရှင်ရေး အကျပ်အတည်းနဲ့ ရင်ဆိုင်ရလျှင်မူ လီချန်ချင်းသည် သူ့အတွက် ဒုက္ခရောက်မည်ဆိုလျှင်ပင် လှုပ်ရှားမှုပြုလုပ်မည်ဖြစ်သည်။

သူ ရှင်သန်ဖို့ အခွင့်အရေး ရှိကောင်းရှိပေမည်။

သူ့အသက်ကို စွန့်စားရသော်လည်း သူ့သားကို ဤနေရာတွင် မသေစေလိုပေ။

ဘန်း....ဘန်း...ဘန်း....

လီဟမ်ရှန်းသည် ပြေးနေရင်းနဲ့ တိုက်ပွဲဝင်နေပြီး တစ္ဆေမျိုးနွယ်ခုနစ်ယောက်ကလည်း သူ့နောက်ကို မဆုတ်မနစ် လိုက်နေပေသည်။ လမ်းများစွာကိုဖြတ်ကျော်ပြီးနောက် လီဟမ်ရှန်းသည် ၎င်းတို့နှင့် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ပြီးဖြစ်သော်လည်း တစ္ဆေမျိုးနွယ်တို့သည် သူ့ကို ဘာမှ မလုပ်နိုင်ကြသေးပေ။

"ဒီလူသားရဲ့ခန္ဓာကိုယ်က အရမ်းသန်မာတယ်။

"သူ့ခန္ဓာကိုယ်က အရမ်းသန်မာတယ်။ သူ့သွေးတွေက အရမ်းအရသာရှိမယ်လို့ ခံစားရတယ်။" ခပ်ဝဝ တစ္ဆေမျိုးနွယ်သည် အနည်းငယ် လောဘကြီးလာသည်။

"အင်မော်တယ်အရှင်သခင်လှံ...."

ဤအခိုက်အတန့်တွင် လီဟမ်ရှန်းသည် လှံတစ်ချောင်းကို ပစ်ခွင်းပြီး မျက်လုံးမှေးမှေးလေးနှင့် တစ္ဆေမျိုးနွယ်ကို တိုက်ရိုက် ချိန်ရွယ်လိုက်သည်။

မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်သည် လေးသမားတစ်ဦးဖြစ်သည်။ အကယ်၍ သူသည် သူ့ကို ဦးစွာသတ်နိုင်ခဲ့ပါက ကိစ္စများသည် ပို၍ရိုးရှင်းမည်ဖြစ်ပြီး လီဟမ်ရှန်း ထွက်ပြေးရန် အခွင့်အလမ်းမှာ ပို၍ကြီးမားမည်ဖြစ်သည်။

လီဟမ်ရှန်း သူ့ဆီ ပြေးလာသည်ကို မြင်သောအခါ မျက်လုံးမှေးမှေးတစ္ဆေမျိုးနွယ်က လုံးဝမကြောက်ဘဲ သူ့ခါးကနေ ဓားတိုတစ်ချောင်းကို ဆွဲထုတ်ပြီး လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံနှင့် ထိပ်တိုက် တိုက်ခိုက်လေ၏။

သို့သော် အင်မော်တယ်အရှင်သခင်လှံ၏ စွမ်းအားသည် အံ့ဩဖွယ်ရာဖြစ်ပြီး မျက်လုံးမှေးမှေး တစ္ဆေမျိုးနွယ် မမျှော်လင့်ထားပေ။

သူ့လက်ထဲက ဓားတိုဟာ လီဟမ်ရှန်း၏လှံနဲ့ ထိလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။

ဒုတ်....ဒုတ်.....

မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်သည် ခြေလှမ်းအနည်းငယ်ဆုတ်ကာ လက်ဖဝါးများပင်ထုံကျင်သွားခဲ့သည်။

သို့သော် ထိုစဉ် လီဟမ်ရှန်း၏ ဒုတိယမြောက်လှံတိုက်ကွက် ရောက်လာသည်။

"မကောင်းတော့ဘူး..." မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်သည် အန္တရာယ်ကို သတိပြုမိသည်၊ ဤဒုတိယလှံတိုက်ကွက်သည် ပထမအကြိမ်ထက်ပင် ပို၍အစွမ်းထက်သည်။

"ဒိုင်း....."

လီဟမ်ရှန်း၏ ဒုတိယလှံတိုက်ကွက်သည် မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်၏ မျက်နှာနား ရောက်မသွားသေးပေ။

လီဟမ်ရှန်း ထုတ်သုံးလိုက်သည့် တိုက်ကွက်ကြောင့် အမာရွတ်နှင့်တစ္ဆေမျိုးနွယ်မှာ ကြောက်ရွံတုန်လှုပ်သော အမူအရာ ဖြစ်သွားလေ၏။

ဤဓားသည် အံ့ဩလောက်အောင် အစွမ်းထက်လှသည်။ ၎င်းသည် လီဟမ်ရှန်း၏ အင်မော်တယ် အရှင်သခင်လှံနှင့် ထိပ်တိုက်တွေ့ကာနီးမှာပင် ဘယ်ကရောက်လာမှန်းမသိသော ဓားပျံတချောင်းက ဝင်တိုက်ကာ ပြန်ကန်သွားသည်။

ထိုဓားပျံကို ပစ်လွှတ်လိုက်သူမှာ မျက်နှာ၌ အမာရွတ်နှင့် တစ္ဆေသာဖြစ်သည်။

ထိုဓားပျံ၏ စွမ်းအားမှာ လွန်စွာမှကို ကြီးမားလှပေ၏။ ၎င်းသည် လီဟမ်ရှန်း၏ အင်မော်တယ်လှံသိုင်းကိုပင် တားဆီးနိုင်စွမ်းရှိလေသည်။

ထိုသို့ တားဆီးလိုက်နိုင်သည့်တိုင် လီဟမ်ရှန်း၏ လှံအလင်းက မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်၏ နားရွက်ကို ဖြတ်တောက်ပစ်လိုက်လေ၏။

"အစွမ်းထက်လိုက်တဲ့ လှံတိုက်ကွက်ပဲ။" လီဟမ်ရှန်း၏လှံစွမ်းအားကို ခံစားလိုက်ရပြီးနောက် အမာရွတ်ရှိသောမျက်နှာနှင့် တစ္ဆေသည် အလွန်အံ့သြသွားသည်။

သူ၏ အစွမ်းထက်သော ဓားသည် ယခုပင် လီဟမ်ရှန်း၏လှံကို လက်မအနည်းငယ်မျှသာ လွဲသွားကာ ယင်းလှံသည် မည်မျှ အစွမ်းထက်ကြောင်း ပြသသည်။

ထိုအချိန်တွင် အခြားသော တစ္ဆေမျိုးနွယ် စွမ်းအားရှင်များ၏ တိုက်ခိုက်မှုများလည်း ရောက်ရှိလာလေ၏။

လီဟမ်ရှန်းသည် အင်မော်တယ် အရှင်သခင်လှံတိုက်ကွက်ကို ရုတ်သိမ်းလိုက်ပြီး တိုက်ခိုက်မှုများကို ကာကွယ်လိုက်သော်လည်း တစ္ဆေများစွာ၏ ဝိုင်းထားမှုကြောင့် လီဟမ်ရှန်းကို ထိမှန်သွားဆဲဖြစ်လေသည်။

ခပ်ဝဝ၏တစ္ဆေ၏ လက်ဖဝါးချက်က လီဟမ်ရှန်းအား ပြင်းပြင်းထန်ထန် ထိမှန်လေ၏။

လီဟမ်ရှန်း၏ ခန္ဓာကိုယ်သည် သန်မာသော်လည်း သူ၏ အတွင်းအင်္ဂါများ တုန်ခါသွားလေသည်။

လီဟမ်ရှန်း ပါးစပ်ထဲမှ သွေးများ ထွက်လာပြီး ခန္ဓာကိုယ်တစ်ခုလုံးကို နောက်ပြန်ဆုတ်လိုက်သည်။

သူတို့ထဲက တစ်ယောက်ယောက်ကို သတ်ဖို့ကြိုးစားခြင်းသည် အနည်းငယ် ဒုက္ခများပေမည်။

"သတိထား.....သူ့လှံတိုက်ကွက်က မရိုးရှင်းဘူး။" အမာရွတ်နှင့်တစ္ဆေက လူတိုင်းကို သတိပေးသည်။

မျက်လုံးမှေးမှေးနှင့် တစ္ဆေမျိုးနွယ်က လှံသာ သူ့ကို အခုချက်ချင်း ထိမိလိုက်လျှင် သူသေသွားနိုင်သည်ကို သိပေ၏။

"စိတ်မပူပါနဲ့၊ သူဒဏ်ရာရနေပြီ။ သူ အဝေးကို မပြေးနိုင်တော့ဘူး။" ခပ်ဝဝတစ္ဆေက လှောင်ရယ်သည်။

လီဟမ်ရှန်း၏ ကိုယ်လုံးကိုယ်ပေါက်သည် သန်မာပြီး သူအနည်းငယ် အသက်ရှူပြီးနောက် ဒဏ်ရာတစ်ဝက်ခန့် သက်သာသွားသော်လည်း သူ ဆက်တိုက်လျှင် သူတို့လက်ထဲ၌ အသက်သေဆုံးရမည်ကို လီဟမ်ရှန်း စိုးရိမ်မိလေသည်။

ထိုအချိန်တွင် သူသည် ဤပိတ်ဆို့မှထဲ ပိုမိုနက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်လုနီးပါးဖြစ်ပြီး ယခုအခါမူ ဤပတ်၀န်းကျင်မှ ခွဲထွက်ပြီး အခြေစိုက်စခန်းသို့ ပြန်သွားရန် အခွင့်အလမ်းမရှိတော့ပေ။

နောင်တွင် ပို၍အန္တရာယ်များသော ရန်သူများနှင့် ကြုံတွေ့ရလျှင် ပိုဆိုးပေလိမ့်မည်။

သူဘာလုပ်သင့်သနည်း။

ဤလူခုနစ်ဦး၏ ဝိုင်းရံခြင်းကို ရင်ဆိုင်ရလျှင် အနိုင်ရရန် အခွင့်အလမ်းမရှိဟု ဆိုနိုင်သည်။ သူ အာရုံပျံ့လွင့်နေချိန်တွင် နောက်ထပ် မြှားတစ်စင်းက သူ့ဆီသို့ ပျံသန်းလာသည်။

လီဟမ်ရှန်း၏ မျက်လုံးများ ရဲရဲနီနေပေ၏။ လီဟမ်ရှန်းရှေ့သို့ မြှားရောက်လာသောအခါ သူ၏ စိတ်ဝိညာဉ် တုန်လှုပ်သွားသည်။

သူ့ရှေ့ရှိ မြားသည် နှေးသွားပုံ ပေါ်လေ၏။

"ဟမ်..."

နှေးသွားတာလား။

လီဟမ်ရှန်း အနည်းငယ် အံ့သြသွားသည်။ မြားရဲ့အရှိန်က ဘယ်လိုလုပ် နှေးသွားနိုင်မှာလဲ။

မြားက နှေးကွေးသွားခြင်းမဟုတ်ဘဲ သူ၏ စိတ်ဝိညာဉ်မှာအားကောင်းလာခြင်းဖြစ်ပြီး သူ့တုံ့ပြန်မှုက အတော်လေးမြန်သွားပေသည်။ ဤအခိုက်တွင် လီဟမ်ရှန်းသည် ခေါင်းကို အနည်းငယ် စောင်းလိုက်ပြီး မြှားသည် လီဟမ်ရှန်း နားရွက်ကို ဖြတ်သွားကာ မြှားမှ တစ္ဆေ အရောင်အဝါသည် လီဟမ်ရှန်းကို လုံးဝမထိခိုက်စေခဲ့ပေ။

ဤမြင်ကွင်းကို မြင်လိုက်ရသော မျက်လုံးမှေးမှေး တစ္ဆေမျိုးနွယ်သည်လည်း အနည်းငယ် အံ့အားသင့်သွားသည်။

တိုက်ဆိုင်မှုတစ်ခုလား။

ဤအခိုက်တွင် လီဟမ်ရှန်းသည် တစ္ဆေခုနစ်ဦး ချဉ်းကပ်လာနေပြီကို မြင်လိုက်သော်လည်း သူသည် ပြေးရန် အလျင်စလိုမလုပ်ဘဲ တစ္ဆေမျိုးနွယ်ခုနစ်ဦးက သူ့အား တိုက်ခိုက်သည်ကို စောင့်ကြည့်နေခဲ့သည်။

"သူလက်လျှော့လိုက်ပြီ...."

အရပ်ရှည်ရှည် တစ္ဆေမျိုးနွယ်က ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လီဟမ်ရှန်းကို လက်သီးချက်ဖြင့် ချိန်ရွယ်လိုက်လေသည်။

တခြားသူများကလည်း သူတို့တိုက်ကွက်များကို ထုတ်သုံးကြလေ၏။

သူတို့သည် လီဟမ်ရှန်းအား ဤနေရာတွင်ပဲ လက်စသတ်ရန် ခွန်အားများကို ပေါင်းစပ်လိုကြသည်။

ထိုဘက်ကို အာရုံစိုက်နေသည့် လီချန်ချင်း လည်း မျက်မှောင်ကြုတ်လိုက်သည်။

သားက ဘာလို့ မပြေးတာလဲ။

ယခုအချိန်တွင် လီချန်ချင်းသည်လည်း လှုပ်ရှားမှုပြုလုပ်ရန် ပြင်ဆင်နေပြီဖြစ်သည်။ သူ၏ လက်ဖဝါးများမှာ ရွှေရောင်အလင်းများခပ်ဖျော့ဖျော့ထွက်လာကာ နဂါးအရှိန်အဝါတရပ်ထွက်စပြုလာသည်။

နဂါးနိုင်လက်ဝါး

မဟုတ်လျှင် သူ့သား ဤနေရာတွင် သေပေလိမ့်မည်။

သို့သော် ထိုအခိုက်တွင် လီဟမ်ရှန်း ရုတ်တရက် လှုပ်ရှားလိုက်ပြီး သူ့ပတ်ဝန်းကျင်တွင် အထူးအရောင်အဝါတစ်ခု ဖြစ်ပေါ်လာသည်။

လီဟမ်ရှန်း၏လက်ထဲမှ အင်မော်တယ် အရှင်သခင်လှံသည် လမ်းကြောင်းအားလုံးကို ဖြတ်ကျော်သွားကာ လှံမှ အလင်းတန်းများစွာသည် တစ္ဆေခုနစ်ဦး၏တိုက်ခိုက်မှုအားလုံးကို တိုက်ရိုက်ပိတ်ဆို့လိုက်သည်။

ထိုအရောင်အဝါသည် လီဟမ်ရှန်းကို ဝန်းရံထားကာ လေးနက်ပြီး မရပ်တန့်နိုင်သော ခွန်အားကို ပေးစွမ်းသည်။

ယင်းသည် အနိုင်မခံအရှုံးမပေးလိုသည့် အရသာတစ်ခု ဖြစ်ပေ၏။

ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ လီချန်ချင်းပင် အံ့သြသွားမိသည်။

ထိုမြင်ကွင်းကို သူအင်မတန် ရင်းနှီးပေ၏။

အဲ့တာက မြောက်ပိုင်းအေးခဲနိုင်ငံက ကျောက်ပိုင်မင်ရဲ့ ထိုးမဖောက်နိုင်တဲ့ လိပ်ခွံတိုက်ကွက်နဲ့ အတူတူပဲ မဟုတ်လား။

All Chapters