← Chapters

အခန်း (၁၇၄)

Vol. 17 Ch. 174

အခန်း (၁၇၄)

Vol. 17 Ch. 174

လီချန်ချင်းသည် သားဖြစ်သူ၏ လှုပ်ရှားမှုကို အနည်းငယ် လေးစားသွားခဲ့သည်။

ကျောက်ပိုင်မင်သည် ထိုသိုင်းကွက်ကို အသုံးပြုပြီးနောက် ရွှယ်ချမ်းပိုင်၏ ဓားကွက်များကို ခုခံခဲ့ပါသည်။ ရွှယ်ချမ်းပိုင်လို စွမ်းအားကြီး ဓားသခင်တပါးတင်မကပေ၊ လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်း အစီအရင်ကို အသုံးပြုသည့်တိုင် ကျောက်ပိုင်မင်၏ ခုခံမှုအားကို မထိုးဖောက်နိုင်ခဲ့ပါချေ။

မမျှော်လင့်စွာပင်၊ သူ၏ သားဖြစ်သူမှာလည်း ထိုသိုင်းကွက်ကို တတ်မြောက်သွားခဲ့သည်။

ဖြစ်နိုင်တာက သူ့သား အသုံးပြုသည့် လှံသိုင်းကွက်မှာ ကျောက်ပိုင်မင်၏ လှံသိုင်းကွက်နှင့် အတူတူများ ဖြစ်နေရောလား။

ထိုအချိန်တွင် လီဟမ်ရှန်း၏ လှံသိုင်းလှုပ်ရှားမှုများမှာ နှလုံးသားနှင့် တပါတည်း တိုက်ခိုက်ခြင်းမှ နောက်တဆင့်သို့ တက်လှမ်းသွားခဲ့လေပြီ။ ထိုချိုးဖြတ်မှုမှာ သေရေးရှင်ရေးအခြေအနေတွင် ကြုံတွေ့သွားခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သေရေးရှင်ရေးတိုက်ပွဲများသည် တစုံတယောက်ကို အဆင်ချိုးဖြတ်မြန်စေသည့်အချက်ကို လီဟမ်ရှန်းက သဘောပေါက်သွားခဲ့လေပြီ။

ထို လှံသိုင်းအဆင့်တက်သွားခြင်း၏ ရလဒ်မှာ လီဟမ်ရှန်းက ရန်သူများ၏ တိုက်ခိုက်မှုကို အသာလေး ကာကွယ်နိုင်လာခဲ့ချေပြီ။ အစစ်အမှန်အင်မော်တယ်လှံသိုင်းကိုးချက် လှံသိုင်း၏ မူလချီမှာ ယခုလိုမျိုး အခြေအနေရောက်မှ စွမ်းအားအကောင်းဆုံး ထုတ်ပြနိုင်မည် ဖြစ်သည်။

လှံချက်အလင်းများ၏ ပတ်ပတ်လည်တွင် လီဟမ်ရှန်းမှာ လှံအရိပ်များ၏ မူလအဟုန်၏ အကာအကွယ်အောက်တွင် ရောက်နေသည့်အလားပင်။ လီဟမ်ရှန်းမှာ ကျောက်ပိုင်မင်၏ အနေအထားလောက်အထိ မရောက်သေးသည့်တိုင်၊ သူက လက်ရှိအခြေအနေတွင် အန္တရာယ်ကျရောက်စရာ မရှိတော့ပါချေ။

တစ္ဆေမျိုးနွယ်ခုနစ်ယောက်က အတူတကွတိုက်ခိုက်လိုက်သည့်အချိန်တွင် လီဟမ်ရှန်းမှာ အကြောက်အလန့်ကင်းမဲ့နေဆဲပင် ဖြစ်သည်။ သူ၏ မူလချီမှာ တစ္ဆေခုနစ်ကောင်၏ တိုက်ခိုက်မှုကို ပိတ်ဆို့ထားနိုင်ခဲ့သည်။

တစ္ဆေခုနစ်ကောင်၏ ပူးပေါင်းတိုက်ခိုက်မှုမှာ လီဟမ်ရှန်း၏ မူလချီကို မထိုးဖောက်နိုင်ခဲ့ပါချေ။

ထိုဖြစ်ရပ်မှာ တစ္ဆေခုနစ်ကောင်ကို နားမလည်နိုင်အောင် ဖြစ်စေခဲ့သည်။

သူတို့မှာ ပြန်လည်မွေးဖွားခြင်းအဆင့် ဆရာသခင် ခုနစ်ပါး မဟုတ်ပါလား။ သူတို့ရဲ့ တိုက်ခိုက်မှုမှာ သာမန်ပြန်လည်မွေးဖွားခြင်းအဆင့်တွင်သာ ရှိသည့် အားနည်းသည့် လူသားကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပါလား။

ထိုလူသားမှာ သူတို့၏ တိုက်ခိုက်မှုများကို မည်သို့ ကာကွယ်နိုင်ခဲ့သနည်း။

သူတို့မသိကြသည်မှာ မူလချီကို အသုံးပြုခြင်းနည်းလမ်းမှာ အလွန်တရာမှပင် နူးညံ့သိမ်မွေ့လှခြင်းပင် ဖြစ်သည်။ လီဟမ်ရှန်း၏ ခုခံမှုမှာ သူ၏ တိုက်ခိုက်မှုနှင့် တိုက်ရိုက်အချိုးကျပေသည်။ သူ၏ တိုက်ခိုက်မှုက စွမ်းအားကြီးမားလေလေ၊ သူ၏ ခုခံကာကွယ်မှုမှာလည်း ပို၍ စွမ်းအားကြီးမားလေလေ ဖြစ်သည်။

လီဟမ်ရှန်း၏ ရုပ်ခန္ဓာမှာ စွမ်းအားကြီးမားပြီး သန်မာလှသည်။ ထို့ကြောင့် သူတို့၏ တိုက်ခိုက်မှုများကို အေးအေးဆေးဆေးပင် ကိုင်တွယ်ကာကွယ်နိုင်လေသည်။ သူတို့ ခုနစ်ယောက်လုံးပူးပေါင်းကာ တိုက်ခိုက်သည့်တိုင်၊ လီဟမ်ရှန်း၏ ခုခံမှုကို တိုးမပေါက်နိုင်ပါချေ။

“သေစမ်း”

တစ္ဆေမျိုးနွယ်များမှာ သူ၏ မူလချီကို မထိုးဖောက်နိုင်သဖြင့် လီဟမ်ရှန်းမှာ ထိုအခြေအနေကို တပြိုင်နက် အခွင့်အရေးယူလိုက်တော့သည်။ သူက ခြေတလှမ်းရှေ့သို့တိုးလိုက်သည်။ သူ၏ ပုံရိပ်မှာ လေအဝှေ့လို၊ သူ၏ လှံချက်မှာ လျှပ်စီးလက်သလို ထိုးချလိုက်လေ၏။

အင်မော်တယ်သခင်လှံသိုင်းမှာ နောက်တကြိမ်ထပ်မံ၍ ထွက်ပေါ်လာခဲ့ပြန်သည်။

မြေကမ္ဘာတုန်လှုပ်ဖွယ်ရာ စွမ်းအားမှာ တစ္ဆေများ၏ ရှေ့မှောက်၌ ထပ်မံ၍ ပေါ်ထွက်လာခဲ့ပြန်လေသည်။ မျက်မှေးတစ္ဆေမှာ သူ့ထံသို့ ဦးတည်၍လာသည့် ပြင်းထန်လှသည့် ပေါက်ကွဲစွမ်းအားကို အာရုံခံမိသွားလေသည်။ သူက အလွန်တရာထိတ်လန့်သွားသဖြင့် ရှောင်ရှားရန်ဟန်ပြင်လိုက်သော်လည်း ရှောင်၍ မရတော့ပါချေ။

အဘယ်ကြောင့်ဆိုသော် လှံချက်မှာ အလွန်တရာမှကို မြန်ဆန်လွန်းနေသောကြောင့်ပင် ဖြစ်သည်။

သူက လီဟမ်ရှန်း၏ လှံသိုင်းကို ယခင်က ကြုံတွေ့ခဲ့ဖူးလေသည်။ ထိုရင်းနှီးသော ခံစားချက်မှာ သေခြင်းအရသာကိုပင် လျှာဖျားနှင့် ထိတွေ့မိမတက်ပင် ခံစားခဲ့ရတော့သည်။

သူတို့အားလုံးဝိုင်းတိုက်တာတောင်မှ လီဟမ်ရှန်းက မမှုပဲ ပြန်လည်၍ တိုက်ခိုက်နိုင်လိမ့်မည်ဟု သူက လုံးဝကို မမျှော်လင့်ထားခဲ့ပေ။

သူတို့ ရန်သူမှာ လူသားဖြစ်သည့်အပြင် ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ရောက်ကာစ ငချွတ်လေးဖြစ်နေသည် မဟုတ်ပါလား။

ဒီကောင်က ဘယ်လိုမကောင်းဆိုးဝါးမျိုးလဲ…

မျက်မှေးတစ္ဆေ၏ လက်ထဲမှ ဓားမြှောင်မှာ လီဟမ်ရှန်း၏ လှံသွားကို လုံးဝကို ပိတ်ဆို့နိုင်ခြင်းကို မရှိနေပါချေ။ လီဟမ်ရှန်း၏ လှံမှာ နဂါးတကောင်အလားပင်, ပင်လယ်ပြင်ကို ထိုးဖောက်ပြီးနောက် သတ်ဖြတ်ခြင်းအငွေ့အသက်များ ထုတ်ဖော်ကာ ကြီးမားလှသော လှိုင်းလုံးကြီးအလား မျက်မှေးတစ္ဆေကို ဝါးမြိုသွားခဲ့လေ၏။

ဒုတ် ဒုတ်

လီဟမ်ရှန်းမှာ လှံချက်နှစ်ချက်ကို ပစ်လွှတ်လိုက်သည်။ ထိုပြင်းထန်သော စွမ်းအားများမှာ မျက်မှေးတစ္ဆေကို နေရာတွင်ပင် ပစ်လဲကျသွားစေခဲ့သည်။

အသက်ရှုကြိမ်တဝက်အတွင်းမှာပင် သူ၏ လည်မြိုကို လီဟမ်ရှန်း၏ လှံသွားက ထိုးဖောက်သွားပြီ ဖြစ်၏။

မျက်မှေး၏ လည်မျိုမှ သွေးများမှ ဖြာထွက်လာခဲ့သည်။ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုများနှင့် ပြည့်နှက်နေကာ သေဆုံးသွားလေသည်။

“ညီ၄”

ကျန်သော လူခြောက်ယောက်၏ မျက်နှာအမူအရာများမှာ ချက်ချင်းကို ပြောင်းလဲသွားခဲ့၏။

သူတို့၏ တိုက်ခိုက်မှုများမှာ လီဟမ်ရှန်း၏ ခုခံမှုကို မချိုးဖောက်နိုင်ခဲ့ပေ။ သို့သော် လီဟမ်ရှန်းက သူတို့၏ ညီလေးကို သတ်ဖြတ်သွားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

၎င်းမှာ အရှက်ခွဲခြင်း အကြီးစားကြီး ဖြစ်သည်။

ထို့ကြောင့် သူတို့အားလုံး အစွမ်းရှိသမျှ ပူးပေါင်းတိုက်ခိုက်လိုက်ကြသည်။ ထိုတိုက်ခိုက်မှုများကြောင့် လီဟမ်ရှန်း၏ ပုံရိပ်မှာ အဝေးသို့ လွင့်ပျံသွားကာ အမှောင်ထဲရှိ အိမ်များကို ဝင်တိုက်ကာ လဲပြိုသွား၏။

သူ့ ခန္ဓာကိုယ်ကို ကာကွယ်ထားသည့် မူလချီစွမ်းအားများသည်လည်း ပျောက်ကွယ်သွားကာ အိမ်နံရံများကို ဝင်ထိခိုက်ကာ လဲပြိုသွားသည့်တိုင် လီဟမ်ရှန်းမှာ လုံးလုံးကို ဒဏ်ရာမရရှိခဲ့ပါချေ။

“မင်း သေကို သေရမယ်”

ဖက်တီးတစ္ဆေမှာ ရူးလောက်အောင် ဒေါသထွက်နေကာ အိမ်ထဲသို့ ဝင်လာခဲ့သည်။ မျက်မှေးတစ္ဆေမှာ ညီအကိုကောင်းတယောက်ဖြစ်သည်။ ထိုကဲ့သို့ ညီနောင်ကို လူသားတယောက်မှ သတ်ဖြတ်ပစ်ခြင်းကို သူဒေါသမထွက်ပဲ မနေနိုင်ချေ။

“စိတ်ထိန်းစမ်း”

အမာရွတ်မျက်နှာနှင့် တစ္ဆေသည် ကျန်သော လူလေးယောက်ကို ဦးဆောင်ကာ အိမ်အတွင်းသို့ ဝင်လာခဲ့သည်။ သို့သော် သူတို့ အတွင်းသို့ ရောက်ရောက်ချင်းမှာပင် ထိတ်လန့်ဖွယ်မြင်ကွင်းကို တွေ့မြင်လိုက်ရ၏။

လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံမှာ ဖက်တီးတစ္ဆေ၏ ဦးခေါင်းကို ထွင်းဖောက်နေခဲ့ချေပြီ။

ထိုအချိန်တွင် လီဟမ်ရှန်းမှာ အမောဖောက်နေခဲ့ချေပြီ။ သူက အင်မော်တယ်အရှင်သခင် လှံသိုင်းကို အသုံးပြုထားမှန်း သိသာလွန်းလှလေသည်။ သူ၏ မျက်လုံးများမှာ သွေးနီရောင်သန်းနေပြီး ကျန်ရစ်သော တစ္ဆေငါးကောင်ကို ကြည့်လိုက်သည်။

ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ် တစ္ဆေခုနစ်ကောင်အနက် နှစ်ကောင်ကို သူသတ်ခဲ့ပြီးပြီ။

ငါးကောင်သာ ကျန်ရစ်လေတော့သည်။

“လူသား… ငါ့အကိုတွေကို သတ်လို့ မင်း ပြန်ပေးဆပ်ရမယ်”

အမာရွတ်တစ္ဆေသည် ကြုံးဝါးလိုက်ပြီးနောက် သူ၏ ဓားရှည်နှင့် ခုတ်ချလိုက်သည်။ ဓားရှည်ထံမှ ဓားအလင်းအမြောက်အမြားထွက်ပေါ်လာခဲ့၏။

လီဟမ်ရှန်းသည် သူ၏ လက်ကို မြှောက်ကာ ဓားအလင်းများကို ကာကွယ်လိုက်သည်နှင့် တပြိုင်နက် ကျန်သော လေးယောက်မှာလည်း လီဟမ်ရှန်းကို ဝိုင်းတိုက်ကြသည်။ လီဟမ်ရှန်းသည် ရှေးဦးမူလချီကို အသုံးပြုကာ သူ၏ ခန္ဓာကိုယ်ကို ကာကွယ်လိုက်ပြန်သည်။ တိုက်ပွဲမှာ ယခင်ကထက်စာလျှင် အများကြီး ပိုမို လွယ်ကူလာသည်ဟု လီဟမ်ရှန်းက ခံစားခဲ့ရ၏။

“ဒီ သောက်ကလေးက လိပ်ခွံထဲမှာ ပုန်းနေသလိုပဲ။ သူ့ရဲ့ အကာအကွယ်ကို ငါတို့ မချိုးဖျက်နိုင်ဘူး” တစ္ဆေတကောင်မှာ သတ်ဖြတ်လိုစိတ်နှင့် ပြောလိုက်သည်။

တိုက်ပွဲမှာ နောက်ထပ် လမ်းတလမ်းအထိ ကူးသွားခဲ့သည်။ ထိုလမ်းတွင်ရှိသော တစ္ဆေမျိုးနွယ်များမှာလည်း လီဟမ်ရှန်းကို ဝိုင်းတိုက်ခိုက်ခဲ့ကြ၏။

သို့သော် လီဟမ်ရှန်းမှာ ယခင်က လီဟမ်ရှန်း မဟုတ်တော့ပါချေ။ တစ္ဆေမျိုးနွယ်ဘယ်လောက်ပဲများများ သူက ကြောက်လန့်မနေသည့်အပြင် ပျော်ရွှင်နေပါသေးသည်။

“စိတ်မပူကြနဲ့၊ ဒီကောင်လေးက ကြာကြာခံနိုင်မှာမဟုတ်တော့ဘူး” အမာရွတ်နှင့် တစ္ဆေမှာ လေးနက်စွာပြောလိုက်သည်။

“သူ့ သိုင်းပညာက စွမ်းအားကြီးမားပေမယ့် သူရဲ့ ရုပ်ခွန်အားကော၊ စိတ်ခွန်အားကိုပါ အကြီးအကျယ်ကုန်ဆုံးသွားစေတယ်။ သူ့ ခွန်အားတွေကုန်သွားတာနဲ့၊ သူ့အကာအကွယ်က အလိုလို ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီ့အချိန်ကျရင် သူ့ကို ငါက အပိုင်းပိုင်းဖြစ်အောင် သတ်ပစ်မယ်”

အမာရွတ်နှင့် တစ္ဆေသည် လီဟမ်ရှန်း၏ ရှေးဦးမူလချီကို ဖောက်ထွင်းမြင်ခဲ့၏။

ထိုနည်းလမ်းမှာ ခုခံမှုအားကောင်းသည့်တိုင်၊ တိုက်ခိုက်မှုတခုကို ခုခံလိုက်သည့်အကြိမ်တိုင်းတွင် ၎င်း၏ ရုပ်ခန္ဓာထံမှ စွမ်းအားကို ထုတ်ယူသုံးစွဲရသည်။ ထို့ကြောင့် သာမန်လူတယောက်ဆိုလျှင် ထိုစွမ်းအားကို အချိန်အကြာကြီး အသုံးပြုနိုင်လိမ့်မည် မဟုတ်ပါချေ။

ထို့အပြင် ပြိုင်ဘက်၏ စွမ်းအားမှာ မိမိ၏ ရုပ်ခန္ဓာခွန်အားထက် စွမ်းအားပိုကြီးနေလျှင် ထိုနည်းလမ်းမှာ တိုက်ခိုက်မှုကို ကာကွယ်နိုင်လိမ့်မည် မဟုတ်ပါချေ။

ယခုလက်ရှိတွင် လီဟမ်ရှန်းမှာ သူ၏ သန်မာသော ရုပ်ခွန်အားကို အသုံးပြုကာ တောင့်ခံထားခြင်း ဖြစ်သည်။

သူသာ မောပန်းလာပြီး ရှေးဦးမူလချီစွမ်းအားသာ ချိုးဖျက်ခံလိုက်ရပါက မည်သို့ သေသွားသည်ကိုပင် သိရလိမ့်မည် မဟုတ်ပါချေ။

ထို့ကြောင့် လီဟမ်ရှန်းက သေဖို့ရာအတွက် ထိုင်စောင့်မနေခဲ့ပါတော့ချေ။ ယခုအချိန်တွင် သူ့ဖက်မှ စတင်ကာ တိုက်ခိုက်လာတော့၏။

ပြန်လည်မွေးဖွားခြင်းအဆင့်ရှိ တစ္ဆေများမှာ ငါးယောက်သာ ကျန်ရစ်တော့သည်။ တယောက်ချင်းစီကို သတ်ဖြတ်မည်ဆိုလျှင် သူ လုပ်နိုင်ပေမည်။

လီဟမ်ရှန်း၏ ပထမဦးဆုံးပစ်မှတ်မှာ အမာရွတ်နှင့်တစ္ဆေဖြစ်သည်။

ရန်သူများမှ တိုက်ခိုက်နေသည့်ကြားမှ အင်မော်တယ်လှံမှာ တိုက်ရိုက် တိုးဝင်သွားသည်။

ဝှစ်

လှံအလင်းတန်းမှာ ဟာရီကိန်းမုန်တိုင်းလို ထိုးတက်လာသည်။ အမာရွတ်နှင့်တစ္ဆေမှာ သူက လီဟမ်ရှန်း၏ ပထမဆုံး ပစ်မှတ်ဖြစ်သည်ကို သိလိုက်ရသဖြင့် မမျှော်လင့်ထားသည့်တိုင် ယမ်းပုံမီးကျ ဒေါသထွက်လာခဲ့၏။ သူ၏ ဓားရှည်မှာ တစ္ဆေအရှိန်အဝါ လှိုင်လှိုင်ထွက်ပေါ်နေပြီး ကြယ်နှင့်မြစ်များကိုပင် ဖိနှိပ်လာခဲ့သည်။

ဓားသွားမှာ ကြယ်ကြွေကျသလို ဆင်းသက်လာသည်။

လူသားတယောက်နှင့် တစ္ဆေတကောင်၏ ခွန်အားများမှာ အားပြိုင်နေခဲ့တော့၏။

သို့သော် အင်မော်တယ်အရှင်သခင်လှံသိုင်း၏ ပြင်းထန်လှသော ပေါက်ကွဲစွမ်းအားကို အမာရွတ်နှင့်တစ္ဆေမှာ ကောင်းကောင်း နားမလည်ခဲ့ချေ။ လီဟမ်ရှန်းမှာ လှံချက်လေးချက်ကို ဆက်တိုက်ထုတ်လွှတ်လိုက်၏။

၎င်း၏ စွမ်းအားမှာ လွန်စွာမှကို ပြည့်လျှံနေကာ အင်မော်တယ်အရှင်သခင်လှံသိုင်းမှာ သူ၏ နာမည်နှင့် လိုက်အောင်ပင် စွမ်းအားပြည့်နေခဲ့သည်။

အင်မော်တယ်အရှင်သခင်

လွန်စွာမှကို မောက်မာသော အမည်နာမ၊ အင်မော်တယ်များကိုပင် သတ်ဖြတ်နိုင်သည်။

လှံလေးချက်မှာ အမာရွတ်နှင့်တစ္ဆေ ခုခံနိုင်သည့် အကန့်အသက်သာ ဖြစ်၏။ သူက လေးချက်မြောက်ကို ကာနိုင်သည်ဆိုရုံလေးသာ ကာနိုင်ခဲ့ပြီး လီဟမ်ရှန်း၏ ငါးချက်မြောက် လှံချက်မှာ အသက်နှုတ်ယူရန်အတွက် ကျဆင်းလာပြီ။

“အကိုကြီး”

ကျန်သော တစ္ဆေနှစ်ကောင်မှာလည်း အမာရွတ်နှင့်တစ္ဆေ အန္တရာယ်နှင့် ကျရောက်နေသည်ကို မြင်လိုက်ရသောကြောင့် ချက်ချင်းပင် သူ့အရှေ့သို့ ရောက်လာကာ လှံချက်ကို ဝိုင်းဝန်းကာကွယ်လိုက်ကြသည်။

ပြန်လည်မွေးဖွားခြင်းအဆင့်သုံးယောက်မှာ လီဟမ်ရှန်း၏ အင်မော်တယ်အရှင်လှံသိုင်း ပဉ္စမမြောက်လှံချက်ကို ကာကွယ်ရန်ကြိုးပမ်းလိုက်ကြသည်။

ပြင်းထန်လှသော လှံအားမှာ သူတို့သုံးယောက်အပေါ်သို့ သက်ရောက်သွားသောကြောင့် သုံးယောက်စလုံးမှာ နေရာမှာပင် သွေးအန်ချလိုက်ရ၏။

သူတို့၏ လက်နက်များမျာ လီဟမ်ရှန်း၏ အင်မော်တယ်လှံကြောင့် တစစီ ပျက်စီးသွားတော့သည်။

“ဘယ်လောက်တောင် ထူးဆန်းလိုက်တဲ့ လှံသိုင်းလဲ” သူတို့သုံးယောက်စလုံးမှာ လီဟမ်ရှန်း၏ လှံသိုင်းကို ရင်ထဲတွင် ပြင်းပြင်းထန်ထန် တုန်လှုပ်သွားခဲ့တော့သည်။ လီဟမ်ရှန်း၏ လှံမှာ သူတို့ ခန့်မှန်းထားသည်ထက် များစွာကိုပင် စွမ်းအားကြီးမားနေခဲ့၏။

“ဒီကို ရောက်လာပြီဆိုမှတော့ ဘယ်သူမှ အသက်ရှင်ရက်နဲ့ ထွက်သွားဖို့ မတွေးနဲ့တော့”

လီဟမ်ရှန်းက သူတို့ကို စိုက်ကြည့်လိုက်သည်။ သူ၏ လက်မောင်းအတွင်းရှိ ဆဲလ်များမှာ တဟုန်ထိုး ပေါက်ကွဲလာသည်။ ကြောက်ရွံ့ဖွယ်ကောင်းလှသော အတွင်းစွမ်းအားများမှာ ဒီရေအလားပင် တလိပ်လိပ်နှင့် ထိုးတက်လာခဲ့၏။ လွှမ်းမိုးနိုင်သည့် စွမ်းအားမှာ သူ့လက်မောင်းအတွင်းမှ ထွက်ပေါ်လာခဲ့သည်။

ဆဌမမြောက်လှံချက် ထွက်ပေါ်လာလေပြီ…

All Chapters