အခန်း (၁၇၆)
Vol. 17 Ch. 176
လီဟမ်ရှန်းက တိုက်ပွဲကွင်းထဲကို တခါတည်း ဖြတ်သန်းသွားသည်။ တစ္ဆေမျိုးနွယ်များမှာ များပြားသည့်တိုင် သူတို့၏ ခွန်အားမှာ သိပ်မကြီးမားပေ။ အများစုမှာ တက်လှမ်းခြင်းအဆင့်သာ ဖြစ်သည်။ အချို့မှာ ပြန်လည်မွေးဖွားခြင်းအဆင့်နှင့် ထို့ထက်ပိုမြင့်သော အဆင့်အနည်းငယ်များ ဒါပေမယ့် ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်များတော့ မပါဝင်ခဲ့ပါချေ။
သူတို့အားလုံးမှာ ဘာကြောင့် အသည်းအသန် သူ့အားတိုက်ခိုက်နေသည်ဆိုတာကို မသိသည့်တိုင်၊ လီဟမ်ရှန်းက အားကုန်ပြန်လည်တိုက်ခိုက်ခဲ့ပါ၏။ သို့သော် အချို့သော တစ္ဆေမျိုးနွယ်များမှာ အမှန်တကယ်ကို အန္တရာယ်များလွန်းလှပါသည်။
တစ္ဆေမျိုးနွယ်များတွင် သွေးတစ္ဆေများသာမက၊ လီဟမ်ရှန်းမှာ ရှားပါးသော မီးတစ္ဆေများကိုလည်း ရင်ဆိုင်ခဲ့ရသည်။ မီးတစ္ဆေမှာ လီဟမ်ရှန်း၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရပြီးသည့်နောက်တွင် မီးပင်လယ်ကြီးအဖြစ်သို့ ပြောင်းလဲသွားးပြီးနောက် လီဟမ်ရှန်းအား ဝါးမြိုလုနီးနီးပင် ဖြစ်သွားသည်။
နောက်ထပ်ရေခဲတစ္ဆေဟူ၍လည်း ရှိခဲ့ပါသေးသည်။ သူတို့၏ လှုပ်ရှားမှုတိုင်းမှာ ပြင်းထန်လှသော အအေးဓာတ်များပါဝင်နေခဲ့ပါ၏။ အချိန်အနည်းငယ်ကြာသော် လီဟမ်ရှန်းမှာ သူ၏ လက်များမှာ အေးခဲလုမတက် ဖြစ်နေပြီကို ခံစားလိုက်ရသည်။
ရာသီဥတုမှာ အတော်လေးကို အေးစက်နေသည်မဟုတ်ပါလား။ အခု သူက ထိုကဲ့သို့သော တစ္ဆေနှင့် ရင်ဆိုင်ရဦးပြန်မည်။
တောင်တစ္ဆေများမှာ လီဟမ်ရှန်းလိုပင် ခန္ဓာကိုယ်သန်စွမ်းကြသော်လည်း လီဟမ်ရှန်း၏ လှံတံက ပို၍ သန်မာသောကြောင့် ချေမှုန်းနိုင်ခဲ့ကြသည်။
လီဟမ်ရှန်းကြုံတွေ့ခဲ့ရသော တစ္ဆေများအနက် အန္တရာယ်အရှိဆုံးမှာ တစ္ဆေပင်လယ်အထဲမှ မျက်နှာမဲ့တစ္ဆေသာ ဖြစ်သည်။ လီဟမ်ရှန်းမှာ ချက်ချင်းပင် မူးဝေသွားခဲ့ရသည်။ ရှေးဦးမူလချီ၏ အကာအကွယ်ကြောင့်သာ မဟုတ်ပါက၊ သူက ချက်ချင်းပင် သေဆုံးသွားမည် ဖြစ်၏။
ကံကောင်းတာက လီဟမ်ရှန်းတွင် ခိုင်မာသော စိတ်ဓာတ်ရှိနေခြင်းပင်။ သူက အသက်နှစ်ရှိုက်အတွင်းမှာပင် မူးဝေသော ခံစားချက်ကို ထိန်းချုပ်နိုင်ပြီး ပုံရိပ်ယောင်အတွင်းမှ တစ္ဆေကို သတ်ဖြတ်နိုင်ခဲ့ပါသည်။
သို့ပေမယ့် ထိုကြုံတွေ့ရသော အတွေ့အကြုံမှာ ချွေးအေးများထွက်သည်အထိကို ကြောက်လန့်သွားစေခဲ့သည်။ သူ့၌သာ ရှေးဦးမူလချီသာ ရှိမနေခဲ့လျှင် အသက်နှစ်ရှိုက်အတွင်းမှာပင် သူက သေဆုံးသွားလောက်ချေပြီ။
လီဟမ်ရှန်းမှာ လမ်းမထက်တွင် မမောနိုင်မပန်းနိုင်သည်အထိ တိုက်ခိုက်နေခဲ့သည်။ သူသတ်ဖြတ်ရမည့် တစ္ဆေမျိုးနွဉ်များမှာ များပြားလွန်းလှ၏။
သူကျင့်ကြံထားသော နတ်ခန္ဓာကြောင့် မဟုတ်လျှင် ဤကဲ့သို့ တစ္ဆေအုပ်ကြီးအောက်တွင် အမောဖောက်ကာ သေဆုံးသွားပြီဖြစ်သည်။
နတ်ခန္ဓာရှိသည့်တိုင် တနာရီကျော်ကြာအောင် တိုက်ခိုက်ပြီးသည့်နောက်တွင် လီဟမ်ရှန်းမှာ ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ယင်းသို့ဖြစ်ရခြင်းမှာ ခေါင်းများမှာလည်း မူးဝေလာသောကြောင့်ပင်။
တစ္ဆေမျိုးနွယ်ထောင်ချီကို သတ်ဖြတ်ပြီးသည့်နောက်တွင် နောက်ထပ် မရေမတွက်နိုင်အောင် ထပ်မံ၍ ရောက်လာခဲ့ကြပြန်သည်။ လီဟမ်ရှန်းမှာ အလွန်အမင်းကို မောပန်းနေခဲ့ချေပြီ။
ယခုအချိန်တွင် လီဟမ်ရှန်းမှာ လှံတံကိုပင် မနိုင်စွမ်းမရှိတော့ပေ။ အားနည်းနေသည့်အခိုက်မှာပင် သူက ဆက်လက်၍ သတ်ဖြတ်နေခဲ့၏။ သူ၏ ခြေလှမ်းများမှာ ယိမ်းယိုင်နေခဲ့လေပြီ။
ယခုလိုအခြေအနေမျိုးတွင် အခြေစိုက်စခန်းသို့သာ ပြန်သွားခဲ့ပါက၊ သူ့ကို သိသောသူများမှာ တစ္ဆေများကို သူတိုက်ခိုက်ခဲ့ရသောကြောင့် မောပန်းနေသည်ကို တန်းသိကြပေလိမ့်မည်။ တခြားဂိုဏ်းမှ သူ့အား မသိသောလူများမှာမူ၊ သူက အပြင်သို့ ခိုးထွက်ပြီး ဆောင်ကြာမြိုင်၌ ပျော်ပါးနေတာဖြစ်ရမည်ဟုပင် ထင်မြင်ကြပေလိမ့်မည်။
“သေစမ်း”
နောက်ထပ် လှံချက်တချက်နှင့် သူက တစ္ဆေမျိုးနွယ်တယောက်ကို သတ်ဖြတ်လိုက်ပြန်သည်။ ဒါပေမယ့် နောက်တခဏတွင် တစ္ဆေတအုပ်မှာ ကြွေးကျော်ပြီး လီဟမ်ရှန်းထံသို့ ပြေးလာသည်ကို မြင်လိုက်ကြရသည်။ ၎င်းတို့မှာ လီဟမ်ရှန်းက သူတို့ဇနီးများနှင့် အိပ်သွားသည့်အလားပင် ဖြစ်နေတော့သည်။ ထိုအခြေအနေမှာ လီဟမ်ရှန်းကို ကူကယ်ရာမဲ့သော ခံစားချက်ကို ခံစားလာခဲ့ရတော့၏။
ဒီတစ္ဆေမျိုးနွယ်ဝင်တွေက ဘယ်ကနေရောက်လာခဲ့တာလဲ။ သူတို့အားလုံးက ဘာကြောင့် သူ့ကိုပဲ ဝိုင်းတိုက်နေခဲ့ရတာလဲ။ သူ့မှာ သူတို့ကို ဆွဲဆောင်ထားစရာက ဘာများရှိနေလို့လဲ
ထိုအခိုက် ပုံရိပ်တခုမှာ ကောင်းကင်ထက်မှ သက်ဆင်းလာခဲ့သည်။ တစ္ဆေမျိုးနွယ်များက တနေရာထဲသို့ စုပြုံကာပြေးသွားသည်ကို မြင်လိုက်သောကြောင့် ထိုပုံရိပ်မှာ လရောင်တခုလိုမျိုး တစ္ဆေမျိုးနွယ်များကို ဝင်တိုက်သွားခဲ့၏။
နောက်တခဏတွင် တစ္ဆေမျိုးနွယ်များအားလုံးမှာ မြေပြင်ပေါ်သို့ ပစ်လဲသွားကြချေပြီ။ ထိုပုံရိပ်၏ လှုပ်ရှားမှုမှာ အလွန်တရာကို ငြင်သာနေခဲ့ပြီး တွေဝေခြင်းအလျဉ်းရှိမနေပါချေ။
လီဟမ်ရှန်းမှာ မြေပြင်ပေါ်သို့ ဒူးတဖက်ထောက်ကာ အသက်ကို အမောတကောလုရှုနေခဲ့ရ၏။ သူက ဟန်ဆောင်နေခြင်းမဟုတ်ပါချေ။ သူတကယ်ကို အားအင်ကုန်ခမ်းနေခဲ့ချေပြီ။
ထိုပုံရိပ်က သူ၏ အနီးသို့ ကပ်လာသည်ကိုသာ ကြည့်နေရုံသာ တတ်နိုင်တော့ပေသည်။
“တစ္ဆေမျိုးနွယ်တွေကို ရှာမတွေ့လို့ ထူးဆန်းတယ်လို့ ထင်နေတာ၊ လက်စသတ်တော့ သူတို့အားလုံးက ရှင့်ဆီကို ရောက်နေတာကိုး။
ယောက်ျားရေ… ရှင်က တစ္ဆေမျိုးနွယ်တွေအားလုံးကို ဆွဲဆောင်ထားတာက နည်းနည်းတော့ လောဘကြီးတယ်လို့ မထင်ဘူးလား”
သူမသည် လုရှီရန်ဖြစ်သည်။