အခန်း (၁၇၈)
Vol. 18 Ch. 178
"ဘယ်သူလဲ"
ကျောက်ကြွယ်ကျုံးသည် အရာအားလုံး အစီအစဉ်အတိုင်း ဖြစ်မည်ဟု ထင်ခဲ့သော်လည်း မမျှော်လင့်ဘဲ တစ်စုံတစ်ယောက် ဝင်ရောက်စွက်ဖက်ခဲ့သည်။ လူသားတို့၏ ဝင်ရောက်စွက်ဖက်မှုကို ဟန့်တားရန်အတွက် ထာဝရရှင်သန်ခြင်းဂိုဏ်းသည် လီဟမ်ရှန်းကို သတ်ရန် လူသားစွမ်းအားရှင်တစ်ဦး သီးသန့်စီစဉ်ထားပြီး ၎င်းသည် အခြားလူသားစွမ်းအားရှင်များ၏ အာရုံစိုက်မှုကို ဆွဲဆောင်လာမည်ကို စိုးရိမ်သည်။
သို့သော် သူမျှော်လင့်မထားသည့်အရာမှာ တစ္ဆေမျိုးနွယ်စွမ်းအားရှင်များရှိနေခြင်းမရှိဘဲ ဤဧရိယာ၌ပင် လူသားစွမ်းအားရှင်တစ်ဦးသည် သူ၏တည်ရှိမှုကို ရှာဖွေတွေ့ရှိနိုင်နေဆဲဖြစ်သည်။
ယင်းသည် ကိစ္စများကို ရှုပ်ထွေးစေ၏။
ရွှေဓားရောင် အရောင်အဝါသည် ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။ ရွှေဓားသည် လေထဲတွင် ပျံဝဲကာ လီဟမ်ရှန်းနှင့် လုရှီရန်တို့၏ ရှေ့သို့ တိုက်ရိုက်ပျံသန်းကာ ၎င်းတို့နောက်ကွယ်မှ ကာကွယ်ပေးသည်။ ဓားအရောင်အဝါသည် ဓားကန့်လန့်ကာအဖြစ်သို့ ပြောင်းလဲသွားပြီး ၎င်းတို့နှစ်ဦးကို ကာရန်ပေးထားလေ၏။
"ဒါဟာ တုန်လှုပ်ခြင်း လှိုင်းဓားပဲ..."
လီဟမ်ရှန်း၏ မျက်လုံးများ တောက်ပလာသည်။ တစ်ဖန် တုန်လှုပ်ခြင်းလှိုင်းဓားက သူ့ကို ကယ်တင်ခဲ့ပြန်၏။ပထမနေ့တွင် မူလအဆင့်တောင်တစ္ဆေကို သတ်ရန် ကူညီပေးခဲ့သည့် ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းဓားဖြစ်သည်။ ယခုတခေါက်လည်း တုန်လှုပ်ခြင်းလှိုင်းဓားဖြစ်မည်ဟု ထင်မထားပေ။
စီနီယာချင်းလဲ့ဓားသခင်ပဲဖြစ်ရမယ်။
ဤအခိုက်အတန့်တွင် လီဟမ်ရှန်းသည် သူ့နှလုံးသားထဲတွင် ဖော်မပြနိုင်သော နွေးထွေးမှုကို ခံစားလိုက်ရသည်။ အရေးကြီးသောအခိုက်အတန့်၌ ချင်းလဲ့ဓားသခင်သည် သူ့ကို ထပ်မံကယ်တင်ခဲ့ပြန်၏။ ချင်းလဲ့ဓားသခင်သည် အမှောင်ထဲတွင် အုပ်ထိန်းနေသောနတ်ဘုရားသဖွယ် သူ့ကိုကာကွယ်ပေးနေလေသည်။
သို့သော် ချင်းလဲ့ဓားသခင်က အန္တရာယ်ကို ဘယ်လိုအာရုံခံခဲ့မိတာလဲ။
ထားလိုက်ပါ...အဲ့တာအရေးမကြီးပါဘူး။
ကျောက်ကြွယ်ကျုံးသည် ပေါ့ပေါ့တန်တန် ဟစ်အော်လိုက်ပြီး သူ့လက်ထဲက တုတ်ရှည်ကို ဝှေ့ယမ်းကာ သူ့အကြည့်ကို လှည့်ပတ်ကြည့်သော်လည်း အနီးနားတွင် မည်သူမျှ မတွေ့ခဲ့ရပေ။
"ပျံဝဲနေတဲ့ဓားကို စိတ်ဝိညာဉ်နဲ့ ထိန်းချုပ်နေတာပဲ။ ပန်းချီသူတော်စင် စွမ်းအားရှင်ကို မျှော်လင့်မထားခဲ့မိဘူး။" ကျောက်ကြွယ်ကျုံးက မျက်မှောင်ကြုတ်ကာ ပြောသည်။
"စိတ်ဝိညာဉ်နဲ့ ဓားကို ထိန်းထားရုံနဲ့ မင်းငါ့ကို ရင်ဆိုင်ချင်နေတာပဲ။ မင်း ငါ့ကို လျှော့တွက်နေပုံရတယ်။"
သို့သော် ကျောက်ကြွယ်ကျုံး စကားဆုံးသည်နှင့် တပြိုင်နက် တိတ်ဆိတ်သော ညကောင်းကင်တွင် ကွဲအက်သံများစွာ ပဲ့တင်ထပ်သွားသည်။
ဥက္ကာပျံများကျလာသကဲ့သို့သော ဓားအလင်းတန်း ခြောက်စင်းသည် လီဟမ်ရှန်းရှေ့သို့ ရောက်လာသည်။
ဓားခုနစ်ချောင်းလုံးပေါ်လာလေ၏။
ဤဓားခုနစ်စင်းကိုမြင်ရပြီး ဤဓားခုနစ်စင်း၏ အရောင်အဝါကို ခံစားလိုက်ရရာ ကျောက်ကြွယ်ကျုံးလည်း အမူအရာ ပြောင်းလဲသွားသည်။
ဓားခုနစ်စင်းလုံးသည် နတ်စွမ်းအားလက်နက်များ ဖြစ်ပေ၏။
ဒီလူက ဓားခုနစ်ချောင်းကို သူ့ဘာသာသူ ထိန်းချုပ်နေတာလား။
အချိန်အတန်ကြာသည်အထိ ကျောက်ကြွယ်ကျုံး
သည် သူ့စကားအလွန်အကျွံပြောမိပြီလို့ ခံစားလိုက်ရသည်။ ဓားတစ်ချောင်းတည်းပင်လျှင် လုံလောက်ပြီဖြစ်ပြီး သူ့ကို လျှော့တွက်ရာ ရောက်ပေသည်။ သို့သော် ထိုကဲ့သို့ အရည်အချင်းရှိသူက မည်သူဖြစ်သနည်း။
ချင်းလဲ့ဓားသခင် ပေါ်လာခဲ့သော်လည်း ၎င်းသည် မကြာသေးမီကဖြစ်ရပ်တစ်ခုဖြစ်ပြီး ချင်းလဲ့ဓားသခင်အမည်ကို လူတိုင်းမသိခဲ့ကြပေ။ ထို့အပြင် ကျောက်ကြွယ်ကျုံးသည် တစ်ကိုယ်တည်း ကျင့်ကြံခြင်းမှ ထွက်လာသည်ဖြစ်သောကြောင့် လီချန်ချင်းအကြောင်း မသိခဲ့ပေ။
သို့သော် ဤဓားခုနစ်ချောင်းကို မြင်သောအခါ ဓားခုနစ်ချောင်းပိုင်ရှင်သည် ရိုးရှင်းသူမဟုတ်ဟု နားလည်လိုက်ပေသည်။
စင်စစ်အားဖြင့်၊ လူတစ်ဦးသည် နတ်စွမ်းအားလက်နက်ခုနစ်ခုကို ထိန်းချုပ်ရန် စိတ်ဝိညာဉ်အဆင့် မည်မျှ လိုအပ်ပါသနည်း။
ဤအချိန်တွင် ကျောက်ကြွယ်ကျုံးသည် ဤလူမှာ သာမန် ပန်းချီပညာရှိ မဟုတ်မှန်း သေချာပေါက် နားလည်သွားလေသည်။
ထိုအချိန်တွင် လီချန်ချင်းသည် သူ့စခန်းရှိ ကျောက်ဆောင်ပေါ်တွင် ထိုင်နေပြီး သူ့မျက်နှာမှာ ဒေါသများ ပြည့်နှက်နေပေ၏။ သတ်ဖြတ်လိုစိတ်များပြည့်နှက်နေခြင်းကြောင့် ပတ်ဝန်းကျင်ရှိ အရောင်အဝါမှာ တဖြည်းဖြည်း လျော့ကျသွားသည်။ ထို့နောက် သူ့ဘေးက ဓားသေတ္တာကို ကျယ်ကျယ်ဖွင့်လိုက်ရာ အတွင်းမှာရှိသည့် နတ်စွမ်းအားလက်နက်ခြောက်ခုစလုံး ပျံတက်သွားလေ၏။
ဝူးးးးး
ဓားခြောက်စင်းသည် ညကောင်းကင်ယံကို ဖောက်ထွင်းဝင်ရောက်ကာ ဥက္ကာပျံများ ကြွေကျလာသကဲ့သို့ ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်ဆီ ဦးတည်သွားလေ၏။
ဤလုပ်ရပ်သည် ဂိုဏ်းပေါင်းစုံမှ စွမ်းအားရှင်များစွာကို ထိတ်လန့်စေခဲ့သည်။
ချင်းလဲ့ဓားသခင်က ဓားခုနစ်ချောင်းကို တကယ်ထုတ်လွှတ်လိုက်တာလား။
လီချန်ချင်းသည် ယခင်က လှုပ်ရှားမှုပြုခဲ့ကြောင်း သူတို့သိခဲ့ကြသော်လည်း ၎င်းမှာ တုန်လှုပ်ခြင်း လှိုင်းဓားသာဖြစ်သည်။
လီချန်ချင်း၏ ကျင့်ကြံမှုနှင့် ဓားဘွဲ့နာမနှင့် ဆိုလျှင် မူလအဆင့်တစ္ဆေမျိုးနွယ်သည် လီချန်ချင်း၏ ဓားကို တားဆီးနိုင်မည် မဟုတ်ပေ။
သို့ဖြစ်၍ ဓားတစ်ချောင်းတည်း သုံးလျှင်ပင် လုံလောက်ပေသည်။ ယခုကဲ့သို့ ကြီးကျယ်ခမ်းနားသည့် စုစည်းမှုမျိုး လုပ်ရန် မလိုပေ။
လီချန်ချင်းအား ဓားခုနစ်ချောင်းလုံးကို ထုတ်သုံးအောင် စွမ်းဆောင်နိုင်သူသည် သာမန်လူမဖြစ်နိုင်ပေ။
အထူးအဆင့် တစ္ဆေမျိုးနွယ်စွမ်းအားရှင်များလား...။
သို့သော် သူတို့ ဂရုတစိုက် အာရုံခံကြည့်သော်လည်း အထူးအဆင့် တစ္ဆေမျိုးနွယ်ကို အာရုံမခံမိပေ။ ဘာတွေဖြစ်နေတာလဲ။
ချင်းလဲ့ဓားသခင်ကတောင် ဓားခုနစ်ချောင်းကို ကိုင်တွယ်ရလောက်တဲ့ စွမ်းအားရှင်က ဘယ်သူလဲ။
အချိန်ခဏကြာသည်အထိ အားလုံး ရှုပ်ထွေးသွားကြသော်လည်း လီချန်ချင်းအား အကျိုးအကြောင်းမေးရန် ကျန်းဟဲအိမ်တော်သို့ မသွားရဲကြပေ။
ဝူး....ဝူး...ဝူး....
ရွှယ်ချမ်းပိုင်နှင့် လီကျင်းစုန့်တို့၏ ရုပ်အသွင်များ လီချန်ချန်းအနားတွင် ပေါ်လာသည်။
တစ်ဦးမှာ ဖြစ်ပျက်နေသည်များကို အကျိုးအကြောင်းမေးရန်ဖြစ်ပြီး ကျန်တစ်ဦးမှာ စိတ်ဝိညာဉ်ဖြင့် ဓားခုနစ်ချောင်းကို ထိန်းချုပ်ထားသည့် လီချန်ချင်းအား အာရုံမပျံ့လွင့်စေရန် ဖြစ်သည်။ တခြားသူများက အနှောက်အယှက်ပေးလျှင် လီချန်ချင်းအား ကာကွယ်ရန် ရောက်နေကြခြင်း ဖြစ်ပေ၏။
ရွှယ်ချမ်းပိုင်နှင့် လီကျင်းစုန့်နှစ်ဦးစလုံးသည် လီချန်ချင်း မည်သူမည်ဝါဖြစ်ကြောင်း သိကြပြီး ဝူဝမ်ယင်နှင့် တောင်သခင်ပိုင်လီတို့သည်လည်း လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း ၎င်တို့၏ သဟဇာတသင့်တင့်သော ဆက်ဆံမှုကြောင့် လီချန်ချင်းနှင့် မိတ်ဆွေများ ဖြစ်ခဲ့ကြသဖြင့် ကူညီပေးခဲ့ကြသည်။
"ဘာတွေဖြစ်နေတာလဲ။" ရွှယ်ချမ်းပိုင်က မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။
"တစ္ဆေမျိုးနွယ်က အထူးအဆင့်အရောင်အဝါကို ငါမခံစားမိဘူး။"
"အဲ့ဒါ တစ္ဆေဂိုဏ်းက မဟုတ်ဘူး။"
"ထာဝရရှင်သန်ခြင်းဂိုဏ်းပဲ။" လီချန်ချင်း၏ လေသံသည် ငြိမ်သက်နေသော်လည်း သူ့အသံမှာ အေးတိအေးစက်နိုင်လှပေသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူ့သားအား နောက်တစ်ကြိမ် သတ်ပစ်ချင်နေပြန်သည်။
အဖေတစ်ယောက်အနေနဲ့ ဒေါသမထွက်ဘူးလို့ သူတို့တကယ်ထင်နေခဲ့တာလား။
"ထာဝရရှင်သန်ခြင်းဂိုဏ်း....."
ရွှယ်ချမ်းပိုင်၏ မျက်နှာသည်လည်း မည်းမှောင်သွားသည်။ သူ အဝေးကို ငေးကြည့်နေမိပေ၏။ ထာဝရရှင်သန်ခြင်းဂိုဏ်းက တဖန်ပေါ်လာပြန်ပြီ ဖြစ်လေသည်။
ဒါနဲ့ ဘာကြောင့်များလဲ....
တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ထာဝရရှင်ခြင်းဂိုဏ်းသည် အဘယ်ကြောင့် ပေါ်လာရသနည်း။ ပုံမှန်အားဖြင့် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်သူများသာ ဝင်ရောက်နိုင်သည်။ ထျန်ဟိုင်းမြို့တော်သည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတံခါးကို ဖွင့်ပေးသူဖြစ်ပြီး ထိုတံခါးကို လင်းချင်းရီမှ စောင့်ကြပ်ထားသောကြောင့်ဖြစ်သည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှလူများ မည်သို့ဝင်ရောက်လာနိုင်သနည်း။
"ထာဝရရှင်သန်ခြင်းဂိုဏ်းက အထူးအဆင့်က ဘယ်သူလဲ။" လီကျင်းစုန့်သည် ဒေါသများပြည့်နေသည့် မျက်ဝန်းများဖြင့် မေးလိုက်လေ၏။
"မင်းအကူအညီလိုသလား။"
"ကျောက်ကြွယ်ကျုံး..."လီချန်ချင်းက အဖွဲ့ကို ကြည့်ပြီး မေးလိုက်သည်။ "မင်းတို့ သူ့အကြောင်း ကြားဖူးကြလား။"
"ကျောက်ကြွယ်ကျုံး..." ဝူဝမ်ယင်က မျက်မှောင်ကြုတ်လိုက်သည်။
"မဖြစ်နိုင်ဘူး။ တိုင်အာဂူထဲက ကျောက်ကြွယ်ကျုံးအကြောင်း ပြောနေတာလား။ တိုင်အာလှိုဏ်ဂူကို ရန်သူတွေ တိုက်ခိုက်တဲ့အခါ တိုက်ပွဲက အရမ်းပြင်းထန်ခဲ့တယ်။ ကျွန်းတစ်ခုလုံး ပျက်စီးသွားပြီး တိုင်အာဂူထဲက လူအားလုံးလည်း အသတ်ခံရတယ်။ တိုင်အာလှိုဏ်ဂူမှာ အမှုထမ်းခဲ့တဲ့ ကျောက်ကြွယ်ကျုံးလည်း အဲဒီတိုက်ပွဲမှာ ကျဆုံးခဲ့တယ်။"
"သူဘယ်လိုအသက်ရှင်နေသေးလဲ။ ဘာကြောင့် ထာဝရရှင်သန်ခြင်းဂိုဏ်းထဲ ဝင်နေတာလဲ။" ဝူဝမ်ယင်၏ စကားကြောင့် လူတိုင်း တိတ်ဆိတ်သွားခဲ့သည်။
တိုင်အာလှိုဏ်ဂူ တိုက်ပွဲများ၌ လျှို့ဝှက်ဆန်းကြယ်များစွာ ရှိနေပုံရသည်။
"တိုင်အာလှိုဏ်ဂူဟာ လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက်ရဲ့ သစ္စာဖောက်မှုကြောင့် ပျက်စီးသွားတယ်လို့ ကောလဟာလတွေ ရှိခဲ့ဖူးတယ်။"
"အခုတိုင်းဆို တိုင်အာဂူကို သစ္စာဖောက်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့လူက ကျောက်ကြွယ်ကျုံးဖြစ်နိုင်သလိုပဲနော်။"
"ကျောက်ကြွယ်ကျုံး အသက်ရှင်နေပြီး သူက ထာဝရရှင်သန်ခြင်းဂိုဏ်းဝင်ဖြစ်နေတယ်ဆိုတာ မင်းဘယ်လို ရှင်းပြနိုင်မလဲ။" အားလုံးသည် ထိုအချက်ကို နားလည်ပုံပေါ်ကြသည်။
"သူ့ကို ဒီနေရာကနေ အသက်ရှင်လျက် ပြန်လွှတ်မပေးနိုင်ဘူး။" လီချန်ချင်းက တည်ငြိမ်စွာပြောသည်။ တိုင်အာ လှိုဏ်ဂူ၏ရှေးနှောင်းကိစ္စများကို သူဂရုမစိုက်ချေ။ ကျောက်ကြွယ်ကျုံးက သူ့သား၏အသက်ကို လိုချင်နေသည်ကိုသာ သူသိသည်။
ယင်းသည် သေဒဏ်ပင် ဖြစ်ပေ၏။
"မင်းအကူအညီလိုသလား။" ဝူဝမ်ယင် အနည်းငယ် ရှက်ရွံ့စွာ မေးလိုက်သည်။
"ဒါ့အပြင် သူက ရှေးဟောင်းတာအိုတောင်တန်းမြေက ငါတို့တပည့်ပဲ။ မင်းကိုပဲ အကူအညီတောင်းနေရတာ မှန်မနေဘူးနော်။"
"ကိစ္စမရှိပါဘူး။ ထာဝရရှင်သန်ခြင်းဂိုဏ်းနဲ့ ငါက ရန်ငြိုးရှိတယ်။ သူတို့ ပေါ်လာတာနဲ့ ဘယ်သူ့တပည့် ဒုက္ခရောက်နေပါစေ သူတို့ ပြန်မလှည့်နိုင်အောင် လုပ်ပေးမယ်။" လီချန်ချင်းက ခံစားချက်မဲ့စွာ ပြောလိုက်သည်။
"ဒါဆိုရင်တော့ ချင်းလဲ့ဓားသခင်ကို ဒုက္ခပေးမိပြန်ပြီ။" ဝူဝမ်ယင် ခေါင်းညိတ်လိုက်သည်။ လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအပေါ် မည်ကဲ့သို့ ဒေါသအမျက်ထွက်နေသည်ကို သူမသိသော်လည်း ယင်းမှာ အလွန်ထင်ရှားပေ၏။
ထိုအချိန်တွင် လီဟမ်ရှန်းနှင့် လုရှီရန်တို့၏လမ်းကို ဓားခုနစ်ချောင်းက ပိတ်ဆို့ထားသည်။
ပတ်ဝန်းကျင်အား အရောင်အဝါတစ်ခုက လွှမ်းခြုံထားလေ၏။
ကျောက်ကြွယ်ကျုံးမှာ သီးခြားကမ္ဘာတစ်ခုထဲသို့ ရောက်နေသလိုဖြစ်နေပြီး သူ့ကို ဓားခုနစ်ချောင်းဖြင့် ပိတ်ဆို့ထားသလို ခံစားရသည်။
"ကိစ္စတွေက ရှုပ်ထွေးလာပုံပဲ။" ကျောက်ကြွယ်ကျုံးက မျက်မှောင်ကြုတ်လိုက်သည်။ "ဒီပန်းချီသူတော်စင်ကို ငါဖြေရှင်းလိုက်မယ်။ ရှုပ်ရှုပ်ယှက်ယှက်တွေ မဖြစ်ရအောင် မင်းတို့နှစ်ယောက် လီဟမ်ရှန်းကိုသတ်ပစ်လိုက်။"
"ဟုတ်ကဲ့...."
ကျောက်ကြွယ်ကျုံး၏ နောက်မှ တစ္စေမျိုးနွယ်နှစ်ဦးက လေးစားစွာတုံ့ပြန်ခဲ့သည်။
"အောင်မြင်မှုဟာ တစ်ခုတည်းသော ရွေးချယ်မှုပဲ။ ကျရှုံးခွင့် မပြုနိုင်ဘူး။" ကျောက်ကြွယ်ကျုံးက အေးတိအေးစက် ပြောလေသည်။
"စိတ်မပူပါနဲ့ ဆရာ...သူက ပြန်လည်မွေးဖွားခြင်းအဆင့် စွမ်းအားရှင်တစ်ယောက်ပါ။ ကျွန်တော်တို့ကို ရန်ပြုဖို့ အခွင့်ကောင်း ပေးမှာ မဟုတ်ဘူး။
" သူတို့ထဲက တစ်ယောက်က လှောင်ရယ်လျက် သူ့မျက်လုံးများက စူးရှသည့် တောက်ပမှုများ ပြည့်နေပေ၏။
"ကောင်းပြီ။"
ယခုအချိန်တွင် လီချန်ချင်းသည် အချိန်ဖြုန်းမနေပေ။ ကျောက်ကြွယ်ကျုံးဆီသို့ ဓားခုနစ်လက်ကို ချိန်ရွယ်လိုက်သည်။
ကျောက်ကြွယ်ကျုံးက ဟစ်ကြွေးလျက် သူ့လက်ထဲက တုတ်ရှည်ဖြင့် ဓားခုနစ်ချောင်းအား ရင်ဆိုင်လေ၏။
"ချွမ်....."
နတ်စွမ်အားလက်နက် ခုနစ်ပါးတို့သည် တခဏချင်း ပေါင်းစပ်သွားပြီး ၎င်းတို့၏ "ချီ"စွမ်းအားဖြင့် ကြာပန်းသဏ္ဌာန် ပုံဖော်ကြသည်။ ကြာပန်း၏ ပွင့်ဖက်များမှာ အံ့ဩဖွယ်ရာ ဓားခုနစ်စင်းဖြင့် ဖွဲ့စည်းထားလေ၏။
တခဏချင်းမှာပင် ပန်းပွင့်လန်းလာပြီး မယုံနိုင်လောက်အောင် လှပပေသည်။
ထိုလှပမှုမှာ ဖော်ပြ၍ပင် မရနိုင်ပေ။
တုတ်မှ အားပြင်းသော ဒဏ်ချက်သည် 'ချီ"စွမ်းအား ကြာပန်း ဓားနှင့် ထိတွေ့ပြီး ကွဲအက်သွားသည်။ ကြာပန်းဓားသည် အဆုံးမရှိသောလျှို့ဝှက်ဆန်းကြယ်များပါဝင်သည့် ၎င်း၏ကိုယ်ပိုင်ကမ္ဘာကို ဖန်တီးထားလေ၏။
တစ်စုံတစ်ယောက်သည် ဓားဖြင့်ကခုန်နေသည့်နှယ်၊ တစ်စုံတစ်ယောက်သည် အပြင်းအထန်တိုက်ခိုက်နေသည့်နှယ် ကောင်းကင်ဘုံမှ သက်ရှိတစ်ဦးက ကောင်းကင်ဘုံသို့ ဓားဖြင့် ချိန်ရွယ်နေသည့်နှယ် ရှိလေသည်။
မြင်ရသည်မှာ ရင်သပ်ရှုမောဖွယ်ဖြစ်ပြီး ဓားဟာ ကျောက်ကြွယ်ကျုံးကို ဝန်းရံလျက် ဖြန့်ထွက်လာလေ၏။
"ဒါက..."