အခန်း (၁၇၉)
Vol. 18 Ch. 179
ပတ်ဝန်းကျင်က အပြောင်းအလဲများကို ခံစားလိုက်ရသောအခါ ကျောက်ကြွယ်ကျုံး၏ မျက်နှာက အလွန်လေးနက်လာသည်။
"သတ်ဖြတ်ခြင်း ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းခြင်း။"
ကျောက်ကြွယ်ကျုံးသည် အံကြိတ်ထားသော သွားများဖြင့် ထိုစကားလုံးများကို ပြောလိုက်ပြီး သူ့မျက်နှာမှာ အံ့ဩခြင်းများဖြင့် ပြည့်နှက်နေလေ၏။
လီချန်ချင်းသည် နတ်စွမ်းအားလက်နက်ခုနစ်ခုကို ထိန်းချုပ်နိုင်ပြီး တစ်ချိန်တည်းတွင်ပင် ဓားဖွဲ့စည်းမှုကို အသုံးချနိုင်မည်ဟု သူဘယ်တုန်းကမှ မမျှော်လင့်ခဲ့ပေ။
သတ်ဖြတ်ခြင်းချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းခြင်းသည် စန်းယွမ်နယ်ပယ်ရှိ ထိပ်တန်းဓားတိုက်ကွက် သုံးမျိုးထဲမှတစ်ခု ဖြစ်ပေ၏။
၎င်း၏စွမ်းအားသည် အကန့်အသတ်မရှိခဲ့ချေ။
ကိုယ်တိုင် တစ်ခါမှ မကြုံဖူးသော်လည်း ကြားဖူးနားဝ ရှိလေ၏။
ချင်းလဲ့ဓားဂိုဏ်း၏ တပည့်ခုနစ်ဦးသည် ဤသတ်ဖြတ်ခြင်းချင်းလဲ့ဓားခုနစ်စင်း ဓားဖွဲ့စည်းမှုဖြင့် မဟာသိုင်းဂိုဏ်းမှ တန်ခိုးကြီးသောပုဂ္ဂိုလ်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
ဤသည်မှာ စန်းယွမ်နယ်မြေတစ်ခုလုံးတွင် ဟိုးလေးတကြော်ကြော်ဖြစ်ခဲ့သော အမှန်တရားတစ်ခုဖြစ်ပေ၏။
ယခု ကျောက်ကြွယ်ကျုံးမှာ သတ်ဖြတ်ခြင်း ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံနှင့် ပိတ်ဆို့ခံထားရသဖြင့် မည်သို့မျှ မထိတ်လန့်ဘဲ နေနိုင်မည်နည်း။
သူ့တုတ်ရှည်ကို ကြိမ်ဖန်များစွာ လှုပ်ယမ်းရင်း ကျောက်ကြွယ်ကျုံး၏ မျက်လုံးများက လေးနက်လာသည်။
"ကောင်းပြီ။ ငါကိုယ်တိုင်ကြည့်ကြည့်ချင်တယ်။ မင်းရဲ့ဓားဖွဲ့စည်းပုံက ချင်းလဲ့ခုနစ်ပါးနဲ့ယှဉ်ရင် ဘယ်လောက်ကောင်းလဲဆိုတာ ငါကြည့်ချင်တယ်။"
"ငါ့အတွက် ချိုးဖျက်ပြလိုက်စမ်းပါ..." ဒေါသတကြီးဟောက်သံနှင့်အတူ ကျောက်ကြွယ်ကျုံးထံမှ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။သူ့လက်ကို မြှောက်လိုက်ပြီး လက်ချောင်းများအား တောင်တစ်ခုသဖွယ် ဖွဲ့စည်းလိုက်ကာ တုတ်ရှည်ကို ပစ်လွှတ်လိုက်ပေ၏။ သူ၏တိုက်ခိုက်မှု၏ စွမ်းအားသည် လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းမှုကို ချိုးဖျက်နိုင်ရန် ရယ်ရွယ်ပြီး ကမ္ဘာမြေကြီး ပြိုကျသည့်နှယ် ရှိပေ၏။
သို့သော် လီချန်ချင်းသည် လုံးဝ ကြောက်ရွံ့ခြင်းမရှိပေ။ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံမှာ ခန့်မှန်း၍မရနိုင်သောကြောင့် အသတ်ကို နှုတ်ယူနိုင်သည့် ဖွဲ့စည်းပုံအမျိုးမျိုးကို မရေမတွက်နိုင်လောက်အောင် ဖွဲ့စည်းနေလေ၏။
ဒါလေးတစ်ခုတည်းနဲ့ ချိုးဖျက်နိုင်မယ်လို့ သူတကယ်ကြီးထင်နေတာလား။
သူ့လက်နက်က ဝူခုန်းရဲ့ ရွှေတုတ် မဟုတ်ရင်ပေါ့...။
လီချန်ချင်းသည် ထာဝရရှင်သန်ခြင်းဂိုဏ်းအပေါ် သက်ညှာမှု မရှိချေ။ ဤအခိုက်အတန့်တွင် သူသည် ပို၍ပင် ရက်စက်သည်။ လီချန်ချင်းမှာ ဓားဖွဲ့စည်းခြင်းအား ထုတ်သုံးကာ ကောင်းကင်ယံ၌ လူသတ်လိုစိတ်များ ပြည့်နှက်နေသော အရောင်အဝါများ လွှမ်းခြုံထားသည်။ ၎င်းသည် ကျောက်ပိုင်မင် နှင့် သူ၏ယခင်တိုက်ပွဲထက် ပိုမိုရက်စက်ကြမ်းကြုတ်ပေ၏။
ထိုအချိန်တွင် လီချန်ချင်းသည် ကျောက်ကြွယ်ကျုံးနှင့် တိုက်ပွဲဝင်နေစဉ် တစ္ဆေမျိုးနွယ်နှစ်ဦးသည် လီဟမ်ရှန်းဆီသို့ ဦးတည်လာခဲ့သည်။
သူတို့ထဲက တစ်ယောက်က အနက်ရောင် ၀တ်ထားပြီး လက်ထဲတွင် စတီးလ်သံလက်စွပ်အိတ်ကို ကိုင်ဆောင်ထားလေ၏။ သူ၏ ကြွက်သား တောင့်တင်းသော ကိုယ်လုံးကိုယ်ထည်က ရုပ်ပိုင်းဆိုင်ရာ အစွမ်းထက်သော တစ္ဆေမျိုးနွယ်ဝင်ဖြစ်ကြောင်း ညွှန်ပြနေပြီး သူ့မျက်လုံးများသည် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်ေ
အခြားတစ်ယောက်ကမူ သူ့နောက်ကျောမှ အတောင်ပံတစ်စုံ ထွက်လာသည်။ သူသည် လေထဲတွင် ပျံဝဲကာ လင်းယုန်လက်သည်းကဲ့သို့ ကြီးမားသော သူ့လက်သည် လီဟမ်ရှန်း၏ ဦးခေါင်းကို ဖမ်းဆုပ်ရန် ဆန့်ထုတ်လိုက်သည်။
သူသည် လီဟမ်ရှန်း၏ ဦးခေါင်းခွံကို ခြေသည်းတစ်ချောင်းဖြင့် ချေမှုန်းပစ်ချင်သည်။
"သူတို့လာကြပြီ......"
လီဟမ်ရှန်းသည် တစ္ဆေနှစ်ကောင်ထဲက တစ်ကောင်မှာ အတောင်ပံတစ်စ္ဆေဖြစ်ဖို့ မမျှော်လင့်ထားချေ။ ၎င်းတို့သည် အတောင်ပံများဖြင့် မွေးဖွားလာကာ ၎င်းတို့၏ လက်ဖဝါးများသည် သံမဏိကိုပင် လက်ဗလာဖြင့် ချေမှုန်းနိုင်သည့် အစွမ်းထက်လှသည်။
အတောင်ပံတစ္ဆေ ဖမ်းမိပါက အသန်မာဆုံးကိုယ်ထည်သည်ပင် ခံနိုင်ရည်ရှိမည်မဟုတ်လှချေ။ အထူးသဖြင့် အတောင်ပံတစ္ဆေနှင့် သွေးတစ္ဆေနှစ်ခုစလုံးသည် ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ရှိသူများ ဖြစ်သည်။
အတောင်ပံတစ္ဆေ၏ ထိုးဆင်းလာမှုသည် မယုံနိုင်လောက်အောင် လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်း မီတာဒါဇင်ပေါင်းများစွာကို လွှမ်းခြုံခဲ့လေသည်။
"ကျွန်မရဲ့ ယောက်ျားကို ထိချင်တာလား။ ကျွန်မကိုရော ခွင့်တောင်းပြီးလို့လား။"
သူတို့ချိန်ရွယ်လာသည်ကို မြင်သောအခါ လုရှီရန်က အေးစက်စွာအော်လိုက်ပြီး သွေးတစ္ဆေကို ချက်ချင်းတိုက်ခိုက်လေ၏။
လုရှီရန်က သူ့အား ချိန်ရွယ်လိုက်သည်ကို မြင်သောအခါ အနက်ရောင်သွေးတစ္ဆေက အနည်းငယ် ထိတ်လန့်သွားသည်။ သူ့ပစ်မှတ်မှာ လီဟမ်ရှန်းဖြစ်သည်။ သို့သော် ထိုကောင်မလေးက သူ့လမ်းကို ဝင်လာလေ၏။
ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမကို အရင်သတ်လိုက်ရပေမည်။
ပြန်လည်မွေးဖွားခြင်းအဆင့် ကျင့်ကြံသူတစ်ဦးက သူ့ကို တားနိုင်မယ်လို့ ထင်နေတာလား။
သွေးတစ္ဆေ၏ လက်ချက်သည် မြစ်ကို လှုပ်ခတ်သွားစေလောက်အောင်ပင် ပြင်းထန်သည်။ သူ့လက်သီးက တောင်တစ်ခုကိုပင် ပြားချပ်သွားစေနိုင်သည့်နှယ် လေပြင်းတစ်ခုကို သယ်ဆောင်လေလေ၏။ သွေးတစ္ဆေမှာသူ၏ ကြံ့ခိုင်သော ကိုယ်ထည်ဖြင့် ယုံကြည်မှုအပြည့်ရှိနေပေသည်။
သို့သော် လုရှီရန်သည် သူ၏တိုက်ခိုက်မှုကို လုံးဝမကြောက်ခဲ့ပေ။
သွေးတစ္ဆေကို သူမ၏ အေးစက်သောမျက်လုံးများဖြင့် စိုက်ကြည့်ရင်း သူမ၏နောက်ကွယ်ရှိ ကြယ်ရောင်စုံတိုက်ကွက်သည် အသက်ဝင်လာသည်။
လက်ဖဝါးကိုလည်း မြှောက်လိုကရာ သူမ၏ လက်ဖဝါးပေါ်တွင် ကြယ်ရောင်များက တောက်ပနေပြီး သူမ၏ လက်ဖဝါးအောက်တွင် နဂါးငွေ့တန်းတစ်ခုတစ်ခု စီးဆင်းနေသကဲ့သို့ပင် ရှိလေ၏။
ဤကဲ့သို့သော အသက်အန္တရာယ်ရှိသည့် တိုက်ကွက်သည် လီဟမ်ရှန်းကိုပင် ထိတ်လန့်စေသည်။ ဒီကောင်မလေး သေမှာ မကြောက်ဘူးလား။
"သတိထား..."
လီဟမ်ရှန်းသည် လုရှီရန်ကို ကူညီရန် လုပ်နေသော်လည်း လေပြင်းသည် အထက်မှ ရောက်လာလေ၏။ အတောင်တစ္ဆေ၏လက်သည်းသည် လီဟမ်ရှန်း၏ဦးခေါင်းဆီသို့ လျင်မြန်စွာရောက်ရှိသွားသည်။
"ပျောက်ကွယ်သွားလိုက်တော့...."
လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင်လှံတိုက်ကွက်ကို အသုံးပြုခဲ့ပြီး လှံအလင်းသည် လေထဲသို့ ထိုးဖောက်ဝင်ရောက်ကာ အတောင်ပံတစ္ဆေ၏ လက်သည်းနှင့် တိုက်မိလေသည်။
အတောင်ပံတစ္ဆေ၏ နှုတ်ဖျား၌ မထီမဲ့မြင်ပြုသော အပြုံးတစ်ခုပေါ်လာသည်။ ပြန်လည်မွေးဖွားခြင်းအဆင့် ကိုယ်ခံပညာသမားတစ်ယောက်က ယှဉ်ပြိုင်နိုင်မယ်လို့ ထင်နေတာလား။
အတောင်ပံတစ္ဆေ၏လက်သည်းသည် လီဟမ်ရှန်း၏ အင်မော်တယ်အရှင်သခင်လှံကို ပိတ်ဆို့ခဲ့ပြီး အင်အားမှာ ဦးတည်ရာအရပ်ရပ်သို့ ပျံ့နှံ့ပေါက်ကွဲသွားလေ၏။
လီဟမ်ရှန်းအနည်းငယ် အံ့သြသွားသည်။ အင်မော်တယ်အရှင်သခင် လှံတိုက်ကွက်ကို ဒီအတောင်ပံတစ္ဆေက ပိတ်ဆို့လိုက်တာလား။
အတောင်ပံတစ္ဆေ၏ အစွမ်းက အင်မော်တယ်အရှင်သခင်လှံကိုပင် ကွေးညွတ်သွားစေသည်။ တစ်ချိန်တည်းမှာပင် ပြင်းထန်သော တန်ပြန်တုန်လှုပ်မှု အင်အားသည် လီဟမ်ရှန်း၏ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားပြီး ထိုအင်အားကြောင့် တိုက်ရိုက် လွင့်ထွက်သွားသည်။
ဘွန်း....
လီဟမ်ရှန်းသည် မီတာရာနှင့်ချီအကွာသို့ လွင့်ထွက်သွားပြီး ၎င်း၏ကိုယ်ခန္ဓာသည် အမြောက်ကျည်တစ်ခုနှယ် အဝေးမှ အဆောက်အအုံတစ်ခုဆီ လွင့်ကျသွားလေ၏။
ထိုအချိန်တွင် လုရှီရန်နှင့် အနက်ရောင်သွေးတစ္ဆေတို့သည် တိုက်ပွဲအပြင်းအထန် ဖြစ်နေပေသည်။
သွေးတစ္ဆေ၏ ကြောက်မက်ဖွယ်ကောင်းသော လက်သီးသည် လုရှီရန်၏ ဝမ်းဗိုက်အောက်ပိုင်းကို ထိမှန်သွားသည်
သို့ရာတွင် သွေးတစ္ဆေ၏ ပြင်းထန်သော လက်သီးများ၏ အင်အားအချို့ကို စုပ်ယူသွားပုံရသောကြောင့် အံ့အားသင့်သွားမိသည်။ သူ၏စွမ်းအားသည် လုရီရှန်ကို သက်ရောက်သွားသောအခါ သူမ ဘာမှမခံစားရပုံရသည်။
ဆန့်ကျင်ဘက်အနေနှင့် လုရှီရန်၏ လက်ဖဝါးမှာ သွန်းဆင်းလာပေသည်။
သူမ၏လက်ဖဝါးအလယ်ဗဟိုတွင် နဂါးငွေ့တန်းတစ်ခု စီးဆင်းနေပြီး လက်ဖဝါးတစ်ဘက်နှင့် အောက်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ကြီးမားသော တောင်ကြီးတစ်ခု ပြိုကျလာသကဲ့သို့ သွေးတစ္ဆေ၏ပခုံးကို အက်ကွဲသွားစေခဲ့သည်။
ဒိုင်း....
ထိုကဲ့သို့ တွန်းအားပေးမှုအောက်တွင် သွေးတစ္ဆေ၏ခြေဖဝါးအောက်ရှိ ကျောက်တုံးကြီးသည် ကွဲအက်သွားလေ၏။ တစ်ချိန်တည်းမှာပင် သွေးတစ္ဆေသည် သူ၏အရိုးများနှင့် အတွင်းအင်္ဂါများအပေါ် ပြင်းထန်သော သက်ရောက်မှုကို ခံစားလိုက်ရသည်။
"သေရောကွာ..."
သွေးတစ္ဆေသည် လုရှီရန်နှင့် အဝေးကို ချက်ချင်းဆုတ်သွားလေ၏။
ယခင်က အထင်သေးခဲ့ဖူးသော လူသားမိန်းကလေး လုရှီရန်ကို ကြည့်နေစဉ် သူ့မျက်လုံးများသည် မယုံနိုင်မှုများဖြင့် ပြည့်နှက်နေသည်။
တစ်ချိန်တည်းမှာပင် သူ့ပါးစပ်ထောင့်မှ သွေးများ စီးကျလာလေ၏။
လုရှီရန်၏ လက်ဖဝါးက သူ့ကို ဒဏ်ရာရစေခဲ့လေသည်။
လုရှီရန်၏ ခွန်အားသာ အနည်းငယ်ပိုအားကောင်းခဲ့လျှင် ထိုလက်ဖဝါးက သူ့အသက်ပင် နှုတ်ယူသွားနိုင်ပေ၏။ ဒီကောင်မလေးက ကြောက်စရာကောင်းလိုက်တာ...။
လုရှီရန်သည် ထိုနေရာတွင် ငြိမ်သက်စွာ ရပ်နေဆဲဖြစ်ပြီး သူမ၏အကြည့်များသည် ရှေးရေတွင်းတစ်ခုကဲ့သို့ ငြိမ်သက်အေးချမ်းနေပေ၏။ သူမ၏ အေးတိအေးစက်သောမျက်လုံးဝန်းများသည် အနက်ရောင်ဝတ်ရုံနှင့် သွေးတစ္ဆေကို စိုက်ကြည့်နေပြီး သူမနောက်ရှိ ကြယ်နယ်ပယ်မှ ကြယ်တစ်ဝက်လောက်မှာ ငြိမ်းသွားလေသည်။
၎င်းတို့ထဲမှ တစ်ဝက်သာ တောက်ပနေပေသည်။
"သူက တကယ်ကို အရိုက်ခံနိုင်တာပဲ...." လုရှီရန်က မျက်မှောင်ကြုတ်ကာ ညည်းတွားသည်။ အကယ်၍ ၎င်းသည် သူမနှင့်အဆင့်တူအထွတ်အထိပ်ဖြစ်ပါက သူမ၏လက်ဖဝါးရိုက်ချက်သည် သူ့ကိုပိုအထိနာစေမည်ဖြစ်သည်။
သို့သော် လုရှီရန်သည် ကြယ်မြစ်လက်ဝါးချိပ်ပိတ်ခြင်းအပြည့်ကို ရယူပြီးနောက် တစ္ဆေမျိုးနွယ်မှာ ဒဏ်ရာသာ ရရှိခဲ့သည်။အနက်ရောင်ဝတ်ရုံဝတ် သွေးတစ္ဆေ၏ ကာယစွမ်းအားမှာ သူအရင်ကသတ်ခဲ့သည့် တစ္ဆေတွေထက် အများကြီး ပိုသန်မာသည်ဟု လုရှီရန် ခံစားမိသည်။
၎င်းတို့သည် တူညီသည့် အဆင့်တွင် မရှိချေ။
ထိုအချိန်တွင် လီဟမ်ရှန်းလွင့်ထွက်သွားသည်ကို မြင်သောအခါ အတောင်ပံတစ္ဆေသည် လီဟမ်ရှန်းအား အပြင်းအထန် သဲကြီးမဲကြီး တိုက်ခိုက်လေသည်။
လီဟမ်ရှန်းသည်လည်း သေခြင်းတရားကို ထိုင်စောင့်နေမည့်အစား အတောင်ပံတစ္ဆေကို အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ သို့သော်လည်း အတောင်ပံတစ္ဆေ၏ စွမ်းအားသည် လီဟမ်ရှန်းတွေးထားသည်ထက် ကျော်လွန်နေခဲ့ပေ၏။
သူ၏ လက်ရှိအဆင့်သည် အတောင်ပံတစ္ဆေနှင့် ယှဉ်ပြိုင်ရန် မလုံလောက်ဘဲ လက်သည်းတိုက်ကွက်တိုင်းက လီဟမ်ရှန်းကို ဒဏ်ရာရစေခဲ့သည်။
အတောင်ပံတစ္ဆေသည် လျင်မြန်စွာ ရွေ့လျားသွားပြီး လီဟမ်ရှန်းအား တုံ့ပြန်ရန် အချိန်မပေးပေ။ အင်မော်တယ် အရှင်သခင်လှံပင်လျှင် အတောင်ပံတစ္ဆေကို ရှောင်တိမ်းနေရပေသည်။
လှံ၏ နှလုံးနှင့်လှုပ်ရှားသော အဆင့်သို့ရောက်သော်လည်း ခွန်အားကွာခြားချက်မှာ ထင်ရှားလှပေ၏။ လီဟမ်ရှန်းသည် ခါးသီးသော တိုက်ပွဲတွင် ပိတ်မိနေဆဲဖြစ်သည်။
ဝင်သက်ထွက်သက်အနည်းငယ်အတွင်းပင် လီဟမ်ရှန်း၏ခန္ဓာကိုယ်သည် အရွယ်အစားအမျိုးမျိုးရှိသော ဒဏ်ရာတစ်ဒါဇင်ကျော်ဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အနက်ရှိုင်းဆုံးဒဏ်ရာများက လီဟမ်ရှန်း၏ အရိုးများပင် ပေါ်လုနီးပါးဖြစ်ပြီး ပြင်းထန်သည့် သက်ရောက်မှုကြောင့် ပါးစပ်ထဲမှပင် သွေးများ အန်ထွက်စေသည်။
လီဟမ်ရှန်းသည် အချိန်အတော်ကြာအောင် ရုန်းကန်နေခဲ့ရပြီး သူ၏ ကြံ့ခိုင်မှုမှာ အပြည့်အဝ ပြန်လည်ကောင်းမွန်လာခြင်းမရှိပေ။ ထိုတောင်ပံတစ္ဆေကို ကိုင်တွယ်ရသည်မှာ သူ့အတွက် ပင်ပန်းလွန်းလှပေ၏။
"လိမ်လိမ်မာမာလေးသေလိုက်ပါတော့ကွာ။ မင်းခေါင်းကို ဖြုတ်ယူလိုက်ချိန် မင်း နာကျင်မှုကို မခံစားရဘူးလို့ ငါ ကတိပေးတယ်။ အတောင်ပံတစ္ဆေသည် ရယ်မောကာ သူ၏အတောင်ပံများ ပြင်းထန်စွာ ခတ်လိုက်သည်။ သူ၏ရုပ်သွင်သည် လျှပ်စီးလက်သကဲ့သို့ ပျံ့လွင့်နေလေသည်။
အတောင်ပံတစ္ဆေသည် လီဟမ်ရှန်းအား အနောက်ကနေ ဖမ်းဖို့ လှမ်းလိုက်သည်။
"ရှေးဟောင်း မူလချီစွမ်းအား..."
လီဟမ်ရှန်း၏ ရှေးဟောင်းချီစွမ်းအားသည် ချက်ချင်းပျံ့နှံ့သွားပြီး လှံအရိပ်များစွာက အတောင်ပံတစ္ဆေ၏တိုက်ခိုက်မှုကို ဟန့်တားရန် ကြိုးစားသည်။
"အသေးစားလှည့်ကွက်လေးတွေပဲ..." အတောင်ပံတစ္ဆေက လုံးဝ ဂရုမစိုက်ပေ။
ဒိုင်း...
ကုတ်ခြစ်တစ်ချက်ဖြင့်ပင် ရှေးဟောင်းချှီစွမ်းအားမှာ ကွဲအက်သွားကာ လီဟမ်ရှန်းသည် လွင့်ထွက်ပြီး အိမ်တအိမ်ထဲသို့ ပြုတ်ကျကျသွားသည်။
"မင်းမလွတ်နိုင်ပါဘူးကွာ..."
အတောင်ပံတစ္ဆေသည် အိမ်ထဲသို့ ထိုးဆင်းပျံသန်းလာသည်။
"ကြယ်မြစ်လက်ဝါးချိပ်ပိတ်ခြင်း..."
အေးစက်သိမ်မွေ့သော အော်သံက ပဲ့တင်ထပ်ကာ ကြယ်ရောင်မှိတ်တုတ်မှိတ်တုတ်များက နောက်မှ လိုက်ပါလာလေသည်။ နောက်အခိုက်အတန့်တွင် အတောင်ပံတစ္ဆေသည် လွင့်စင်သွားလေ၏။
အွတ်....
အတောင်ပံတစ္ဆေကြီးသည် ပါးစပ်ထဲမှ သွေးများ အန်ထွက်ကျလာသည်။
လုရှီရန်၏ ကြယ်မြစ်လက်ဝါးချိတ်ပိပ်ခြင်းသည် သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲကြေလုနီးဖြစ်နေသကဲ့သို့ ခံစားစေခဲ့သည်။ ထိုလက်ဖဝါး၏ စွမ်းအားက အမှန်ပင် ကြောက်စရာကောင်းလှပေ၏။
အနက်ရောင်ဝတ်ရုံ သွေးတစ္ဆေသည် အိမ်ထဲသို့ ဝင်ရောက်လာသောအခါတွင် အထဲတွင် မည်သူမျှမရှိသည်ကို တွေ့ရှိခဲ့သည်။
"သူတို့ ထွက်ပြေးသွားပြီလား..."
အတောင်ပံတစ္ဆေကြီးသည် လွတ်နေသောအခန်းနှင့် အခြားတစ်ဖက်ရှိ ပြတင်းပေါက်ကို ကြည့်လိုက်ရာ နှစ်ယောက်သား ပြတင်းပေါက်မှ လွတ်မြောက်သွားသည်ကို သိလိုက်ရသည်။
"သူတို့ မလွတ်နိုင်ပါဘူးကွာ...."
အနက်ရောင် ၀တ်ရုံနှင့် သွေးတစ္ဆေက အေးစက်စွာ ပြောလိုက်လေ၏။