အခန်း (၁၈၀)
Vol. 18 Ch. 180
ထိုအချိန်တွင် လီချန်ချင်းနှင့် ကျောက်ကြွယ်ကျုံကြား တိုက်ပွဲသည် ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ကျောက်ကြွယ်ကျုံ၏ ခွန်အားသည် လီချန်ချင်း၏ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံနှင့် မယှဉ်နိုင်ပေ။ ကျောက်ကြွယ်ကျုံပြင်းထန်စွာ ဒဏ်ရာရသွားချိန်၌ လီချန်ချင်းသည် သူ့ကို အလွယ်တကူသတ်နိုင်သော်လည်း ကျောက်ကြွယ်ကျုံသည် အစွမ်းထက်လှသည့် ပန်းချီရတနာကို ထုတ်သုံးလိုက်လေ၏။
ဤပန်းချီရတနာသည် ကျောက်ကြွယ်ကျုံအား လေဟာနယ်ရှိ ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံမှ လွတ်မြောက်စေခဲ့သည်။
လီချန်ချင်းသည် ဤမျှလောက် အစွမ်းထက်သော ပန်းချီရတနာကို မမျှော်လင့်ထားသည့်အပြင် ကျောက်ကြွယ်ကျုံးကို ထွက်ပြေးခွင့် ပြုမည် မဟုတ်ချေ။ကျောက်ကြွယ်ကျုံ ပြေးပြီးသည်နှင့် သူ၏ဓားခုနစ်ချောင်းသည် နောက်က စတင်လိုက်လေတော့သည်။
ထိုစဉ် ကျောက်ကြွယ်ကျုံးမှာ လုံးဝ တုန်လှုပ်သွားခဲ့သည်။
လီချန်ချင်း၏ ချင်းလဲ့ဓားခုနစင်းဖွဲ့စည်းပုံသည် အလွန်ကြောက်မက်ဖွယ်ကောင်းမည်ဟု သူဘယ်တုန်းကမှ တွေးမကြည့်ခဲ့ဖူးပေ။
သူ့ကိုယ်ပိုင်အစွမ်းဖြင့် ချင်းလဲ့ဓားခုနစ်စင်းဖွဲ့စည်းပုံကို ခံနိုင်ရည်ရှိပြီး လီချန်ချင်းကို ဦးစွာမသတ်နိုင်မချင်း ထိန်းထားနိုင်မည်ဟု အစပိုင်းတွင် သူထင်ခဲ့မိသည်။ သို့သော် သူသည် လီချန်ချင်း၏ အင်အားကို လျှော့တွက်ထားမိခဲ့ပေ၏။
လီချန်ချင်းမှာမူ ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းမှု အရှိန်အဟုန်ကို ကျော်ဖြတ်ကာ ကိုယ်ပိုင်နယ်ပယ်တစ်ခု ဖြစ်ပေါ်လာသကဲ့သို့ ဖွဲ့စည်း ချိန်ရွယ်လျက် လူသတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေသည်။
ကျောက်ကြွယ်ကျုံအတွက် ယှဉ်နိုင်စရာ မရှိပေ။ အကယ်၍ ၎င်းသည် သူ၏ပန်းချီရတနာ လေဟာနယ်မြွေစိမ်းပုံကြောင့်သာမဟုတ်ပါက လီချန်ချင်း၏ဓားဖွဲ့စည်းမှုတွင် ဖုန်မှုန့်အဖြစ်သို့ ပြောင်းသွားရပေလိမ့်မည်။
သို့သော် လီချန်ချင်းသည် သူ့နောက်သို့ ဓားခုနစ်ချောင်း အဆက်မပြတ်လိုက်နေစေပြီး မညှာမတာ လိုက်လံဖမ်းဆီးနေဆဲဖြစ်သည်။
ကျောက်ကြွယ်ကျုံးမှာ လဲပြိုလုနီးပါး ဖြစ်နေပေ၏။
လူသားတစျဦးအနဖွေငျ့ ကောငျးကငျခဖြေကြျတစ်ဆမွေို့တောျတွင် ဖိနှိပ်ခံထားရပြီး ဖြစ်သည်။
လီချန်ချင်းနှင့် ပြင်းထန်သော တိုက်ပွဲသည် သူ၏ စစ်မှန်သော အနှစ်သာရကို လျင်မြန်စွာ ဆုတ်ယုတ်စေခဲ့ပြီး ပန်းချီရတနာကို ထပ်ခါတလဲလဲ အသုံးပြုခြင်းကြောင့် သူ၏ စွမ်းအင်များစွာကို ကုန်ဆုံးစေခဲ့သည်။
ဤအချိန်တွင် ကျောက်ကြွယ်ကျုံး၏ အတွင်းအားမှာ ၂၀% အောက်သာ ကျန်ရှိတော့သည်။ လီချန်ချင်း၏လက်ထဲသို့ မကျရောက်မီ အမွှေးတိုင်တစ်ဝက်ခန့် အချိန်ကြာအောင်ပင် ထိန်းမထားနိုင်တော့မည်ကို သူကြောက်ရွံ့နေခဲ့သည်။
"မဖြစ် ဘူး…. ဒီလူက ဓားခုနစ်ချောင်းကို ထိန်းချုပ်ပြီး ဓားဖွဲ့စည်းပုံ ဖန်တီးဖို့ ခွန်အားတွေ ဘယ်လောက်တောင် ကျန်နေသေးတာတုန်းကွာ…"ကျောက်ကြွယ်ကျုံ ကျိန်ဆဲလိုက်သည်။
ဒီလောက်သန်မာဖို့အတွက် သူဘာတွေများ စားတာလဲ။
ဝှီး….
ဓားအလင်းတန်းတစ်ခုနှင့် အေးစက်သည့်အလင်းတန်းဖြင့် ဓားမိုးများက မိုင်ထောင်ချီအကွာအဝေးအတွင်း အရာအားလုံးကို အေးခဲပစ်နိုင်သည့်ပုံပင် ပေါ်လေသည်။
ကျောက်ကြွယ်ကျုံသည် သူ၏သွေးများအား ဤဓားက အေးခဲသွားစေတော့မည်ဟု ခံစားလိုက်ရသောကြောင့် သွားများကို အံကြိတ်ကာ လေဟာနယ်မြွေစိမ်းပုံကို သုံး၍ ပျောက်ကွယ်သွားရန် ကြိုးစားလိုက်တော့သည်။
နောက်အခိုက်အတန့်၌ ကျောက်ကြွယ်ကျုံးသည် မိုင်ပေါင်းများစွာအကွာတွင် ပေါ်လာလေ၏။
"ဟမ်…."
ထိုနေရာ၌ စခန်းချထားသော လီချန်ချင်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ကျောက်ကြွယ်ကျုံသည် အလွန်ဝေးကွာသည့်အရပ်အထိ ပြေးခဲ့ပြီး ဒေသနှစ်ခုကို ဖြတ်ကျော်ခဲ့လေသည်။ လီချန်ချင်းသည် သူရှိရာအရပ်ကို သိရှိနိုင်သော်လည်း အကွာအဝေးသည် အလွန်လှမ်းကွာလှသောကြောင့် ချင်းလဲ့ဓားခုနစ်စင်းကို ထိန်းချုပ်နိုင်မှုမှာ သိသိသာသာ အားနည်းသွားခဲ့လေသည်။
ဓားခုနစ်စင်းဖြင့် ဖမ်းမိသွားလျှင်ပင် ၎င်းတို့သည် ၎င်းတို့၏ စွမ်းအားကို အပြည့်အဝ မစွမ်းဆောင်နိုင်တော့ဘဲ သူ၏ စိတ်ဝိညာဉ်သည် ဓားဖွဲ့စည်းပုံပြုလုပ်ရန် အားနည်းလွန်းလှသည်။
"သွားရောကွာ.….အဲဒါက ဘယ်လို ရတနာမျိုးလဲ။ သူ့ကို အခုလို အဲ့လောက် အဝေးကြီးအထိ လွတ်မြောက်အောင် လုပ်ခွင့်ပေးလိုက်တာ။"
လီချန်ချင်းသည် မခံမရပ်နိုင်ဖြစ်ပြီး ကျောက်ကြွယ်ကျုံးအား လိုက်လံရှာဖွေခြင်းကို လက်လျှော့လိုက်ပြီး ဓားခုနစ်ချောင်းကို ပြန်လည်ပျံသန်းလာစေခဲ့သည်။
"ငါရှုံးသွားပြီ…"
လီချန်ချင်းက ကူကယ်ရာမဲ့ပြောသည်။
"မင်းရဲ့ဓားဖွဲ့စည်းမှုကနေ လွတ်မြောက်သွားနိုင်တယ်ဆိုတော့ ဒီကျောက်ကြွယ်ကျုံးက တစ်ခုခုတော့ တစ်ခုခုပဲ။" ကျောက်ကြွယ်ကျုံး လွတ်မြောက်သွားသည်ကိုကြားသောအခါ ရွှယ်ချမ်းပိုင်လည်း အနည်းငယ် အံ့သြသွားသည်။ လီချန်ချင်း၏ဓားဖွဲ့စည်းပုံသည် မည်မျှပြင်းထန်သည်ကို ရွှယ်ချမ်းပိုင် ကောင်းကောင်းသိပေ၏။
ယင်းသည် ကျောက်ပိုင်မင်ပင် ခံနိုင်ရည် မရှိသည့် အရာတစ်ခု ဖြစ်သည်။
ထို့အပြင် လီချန်ချင်း၏ ဓားဖွဲ့စည်းမှုသည် ကျောက်ပိုင်မင်နှင့် တိုက်ခိုက်စဉ်ကထက် ယခု ပိုမိုအားကောင်းနေရမည်ဖြစ်သည်။ ကျောက်ကြွယ်ကျုံးက တကယ်ကြီး လွတ်မြောက်သွားနိုင်တာလား။
"တိုင်အာ လှိုဏ်ဂူ ပျက်စီးသွားတုန်းက တိုင်အာဂူထဲက 'မြွေစိမ်းပုံကြမ်း' လည်း ပျောက်ကွယ်သွားတယ်။ ကျောက်ကြွယ်ကျုံမှာသာ မြွေစိမ်းပုံကြမ်း ရှိနေခဲ့ရင် သူလွတ်မြောက်သွားနိုင်တယ်ဆိုတာ ယုတ္တိရှိပါတယ်။" လီကျင်းစုန့်သည် ဘေးမှ တည်ငြိမ်စွာ ပြောလိုက်သည်။
"မြွေစိမ်းပုံကြမ်းက လေဟာနယ်အတွင်း ထိုးဖောက်ဝင်ရောက်နိုင်တဲ့ ဝိညာဉ်သားရဲတစ်ကောင်ပဲ။အဲ့ဒီပုံကြမ်းက လေဟာနယ်ကိုဖြတ်ကျော်နိုင်စွမ်းရှိတဲ့ ပန်းချီရတနာအဖြစ် ပြောင်းလဲသွားခဲ့တာ။ ချင်းလဲ့ဓားခုနစ်စင်း ဖွဲ့စည်းပုံရဲ့ ထောက်ချောက်ထဲမှာ သူပြန်တိုက်ခိုက်ဖို့ မလွယ်ဘူး။ ဒီပန်းချီကားနဲ့ လွတ်မြောက်နိုင်ဖို့ဆိုရင်တော့ ပြဿနာ ရှိလာမှာ မဟုတ်ဘူးလေ။" လီကျင်းစုန့်က အခြားသူများကို ရှင်းပြလေသည်။
"သူလွတ်သွားပေမယ့် တစ်ခုခုတော့ ထူးဆန်းလာပြီ။ ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေ ထိုးဖောက်ဝင်ရောက်နေပြီ။ ငါတို့သခင်ကြီးလင်းကို အကြောင်းကြားသင့်တယ်။" ပိုင်လီ အထွတ်အထိပ် စွမ်းအားရှင်ကလည်း ပြောကြားလေသည်။
"ဒါပေမယ့် လင်းချင်းရီက ရက်အတော်ကြာအောင် မပေါ်လာသေးဘူး။ သူက လူလုံးပြမထွက်လာဖို့ စီစဉ်ထားပြီး စမ်းသပ်မှုပြီးတဲ့အထိ စောင့်ချင်နေတာ။" ရွှယ်ချမ်းပိုင်က မျက်မှောင်ကြုတ်လိုက်သည်။
"တစ္ဆေနတ်ဆိုးစမ်းသပ်မှုက မပြီးသေးဘူး။ ငါတို့ တစ္ဆေနတ်ဆိုးစမ်းသပ်မှုကို ထားလို့မရဘူး။ ဒါကြောင့် သတင်းကို လောလောဆယ် မဖြန့်ချင်သေးဘူး။"
"ဒါ့အပြင်…." လီချန်ချင်းလည်း ဝင်ပြောသည်။
"ကျုပ်တို့ကြားမှာ ထာဝရရှင်သန်ခြင်းဂိုဏ်းကလူတွေ ရှိမနေဘူးလို့ အာမမခံနိုင်ဘူး။"
ထိုစကားထွက်လာသည်နှင့်တပြိုင်နက် အခြားလူများက မျက်မှောင်ကြုတ်သွားကြသည်။
သူတို့သည် အမျိုးမျိုးသော သူလျှိုများ ရှိကြောင်းနှင့် ထာဝရရှင်သန်ခြင်းဂိုဏ်းအကြောင်း ယခင်က ကြားဖူးသည်။
သူတို့အထဲတွင် ထာဝရရှင်သန်ခြင်းဂိုဏ်းက လူများရှိမရှိ ပြောရန်မှာ ခက်ခဲလှပေသည်။
"ဒါဆို ဒီကိစ္စကို လောလောဆယ် မဖြန့်သင့်ဘူး။" လီချန်ချင်းက ပြောသည်။
"ကျုပ်တို့ အခုပြောရရင် ထာဝရရှင်သန်ခြင်းဂိုဏ်းက လူတွေကို ငါတို့ ရှာတွေ့နိုင်မှာ မဟုတ်ဘူး။ ကျုပ်တို့ရဲ့ လက်ရှိအခြေအနေအတွက် မကောင်းဘူးဆိုတာ လူတိုင်းကို သံသယဖြစ်စေလိမ့်မယ်။"
"မင်းပြောတာ မှန်တယ်။" တခြားသူများက ခေါင်းညိတ်လေသည်။
မည်သူသည် ထာဝရရှင်သန်ခြင်းဂိုဏ်းမှ ဖြစ်သည်မှာ လောလောဆယ် အရေးမကြီးသေးပေ။ အရေးကြီးသည်မှာ အခင်းဖြစ်ပွားရာ အခြေအနေကို ပိုဆိုးအောင် မလုပ်မိဖို့ပင် ဖြစ်ပေ၏။
သူ့သားပြန်လာသည့်အခါ ဤကိစ္စကို လောလောဆယ် မပြောသေးဖို့ သူ့ကို သတိပေးရပေဦးမည်။
ထိုသို့မှမဟုတ်လျှင် အန္တရာယ်နှင့် ဧကန်မုချ နဖူးတွေ့ဒူးတွေ့ တွေ့ရမည် ဖြစ်၏။
"လီထိုက်ဖူ….." ရွှယ်ချမ်းပိုင်က လီချန်ချင်း၏ နာမည်ပြောင်ကို လှမ်းခေါ်လိုက်သည်။
"မင်း ထပ်ပြီး မလှုပ်ရှားနဲ့တော့။ မင်းဒီလိုလုပ်ရင် မင်းကိုယ့်ကို ကာကွယ်ဖို့ အင်အားမရှိတော့မှာကို ငါစိုးရိမ်မိတယ်။" ယခု လီချန်ချင်းသည် ကျောက်ကြွယ်ကျုံနှင့် ကာလအတန်ကြာ တိုက်ပွဲဝင်နေခဲ့သည်။ ရွှယ်ချမ်းပိုင်အနေဖြင့် လီချန်ချင်းသည် နောက်ထပ် လှုပ်ရှားမှုတစ်ခုသာ ပြုလုပ်နိုင်မည်ဟု ယုံကြည်ခဲ့သည်။ နောက်တစ်ကြိမ် ရူးသွပ်စွာ တိုက်ခိုက်လိုက်ပါက သာမန်လူအဖြစ်သို့ လျော့ကျသွားမည်ဖြစ်သည်။
ထိုအချိန်တွင် ယုတ်ညံ့သော ချောင်းမြောင်းနေသူများသည် လီချန်ချင်းကို ပစ်မှတ်ထားလာနိုင်သည်။
ဤနေရာ၌ လူတစ်ဦးသည် တစ္ဆေမျိုးနွယ်ကိုသာမက ၎င်းတို့၏ လူသားမျိုးနွယ်ကို လည်း ကာကွယ်ရမည်ဖြစ်ပေသည်။
အဘယ်ကြောင့်ဆိုသော် ဂိုဏ်းအမျိုးမျိုးကြားတွင် ပြိုင်ဆိုင်မှု သို့မဟုတ် အာဃာတဟောင်းများ ရှိခဲ့သည်။ အခွင့်ရေးကောင်း မရသေးသောကြောင့် သဟဇာတဖြစ်ကြပုံပေါ်သည့် သူတို့၏ မျက်နှာထားများနှင့် အရူးလုပ်မခံရစေရန် လိုပေသည်။
အခွင့်ကောင်းကိုသာ ရခဲ့လျှင် တစ်စုံတစ်ဦး ပြုတ်ကျသည်နှင့် ကန်ကျောက်ဖို့ အဆင်သင့်ဖြစ်နေမည့်သူများ များစွာ ရှိပေ၏။
"ကျွန်တော်နားလည်ပါတယ်။"လီချန်ချင်း ခေါင်းညိတ်ပြပြီး စကားများများမပြောပေ။ သူ့၏ ကျင့်ကြံမှုမှာ ဖိနှိပ်မခံထားရကြောင်း ထုတ်ပြောလိုက်လျှင် သေချာပေါက် ဒုက္ခများမည် ဖြစ်သည်။
ဝှီး…ဝှီး….ဝှီး….
ဓားခုနစ်လက်က နောက်ပြန်ဆုတ်သွားကာ ဓားအိမ်ထဲသို့ ပြန်ဝင်သွားလေသည်။
လီချန်ချင်းသည် မူလက ဓားတစ်ချောင်းကို သိမ်းထားလိုသော်လည်း သူသည် လှုပ်ရှားမှုနှစ်ခု ပြုလုပ်ပြီးပြီဖြစ်ပြီး ဓားတစ်ချောင်းတည်းကို သိမ်းဆည်းထားခြင်းသည် အခြားသူများ၏ သံသယကို နှိုးဆွသလို ဖြစ်မည်ဖြစ်သည်။
ထို့ကြောင့် တုန်လှုပ်ခြင်းလှိုင်းဓားကိုလည်း ပြန်သိမ်းလိုက်သည်။ သို့သော်လည်း သူ၏ စိတ်ဝိညာဉ်သည် လီဟမ်ရှန်းကို စောင့်ကြည့်နေပြီး လီဟမ်ရှန်းအား နောက်ပိုင်းတွင် အခြားသောအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်သည်ကို စိုးရိမ်နေမိသည်။
ယခုအချိန်တွင် လီဟမ်ရှန်းသည် အမှန်တကယ်ပင် အန္တရာယ်ရှိနေပြီဖြစ်ပေ၏။
ယခင်က သူ့ကို အတောင်ပံတစ္ဆေနှင့် သွေးတစ္ဆေတို့က လိုက်လံဖမ်းဆီးခဲ့သည်။ ကံကောင်းစွာပင် လီဟမ်ရှန်းအား လုရှီရန်က အိမ်တစ်အိမ်မှာ ကယ်တင်နိုင်ခဲ့လေ၏။ ယခုအခါ လုရှီရှန်သည် ပျက်စီးနေသော အိမ်အောက်ထပ်တွင် လီဟမ်ရှန်းနှင့် ပုန်းနေခဲ့လေသည်။
လီဟမ်ရှန်း၏ဒဏ်ရာများသည် နှေးကွေးစွာ သက်သာလာခဲ့သည်။ ယခင်က ကြောက်လန့်ဖွယ် ဒဏ်ရာများသည်ပင် သက်သာလာသည်မှာ ထင်ရှားပေ၏။
ဤပြန်လည်နာလန်ထူလာမှုအရှိန်ကိုမြင်ရသောအခါ လုရှီရန်လည်း အနည်းငယ်အံ့သြသွားသည်။ ပြန်လည်သက်သာလာမှု အရှိန်အဟုန်က အံ့ဩစရာ ကောင်းလွန်းလှပေ၏။
"ရှင့်ရဲ့ နတ်စွမ်းအားကိုယ်ထည်ကျင့်စဉ်က ဘာကြောင့် ဒီလောက်နှေးနေတာလဲ။" လုရီရန် နားမလည်ပုံရသည်။ သူမက လီဟမ်ရှန်းကို မျက်တောလေးခတ်ကာ မေးလိုက်လေသည်။
"ရှင့်ရဲ့နတ်စွမ်းအားကိုယ်ထည်က စဦးအဆင့်ကို ရောက်နိုင်ရင် အခုကထက် အများကြီး ပိုသန်မာလာလိမ့်မယ်။ စိတ်ဝိညာဉ် စွမ်းရည်ကိုလည်း သင်ယူနိုင်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းအားလည်း ရလာလိမ့်မယ်။ ကျွန်မတို့ ဒီမှာ အကြာကြီးပုန်းနေစရာမလိုဘူး။"
လုရှီရန်၏လေသံကိုကြားသောအခါ လီဟမ်ရှန်း အလွန် ဒေါသထွက်သွားမိသည်။
လေးလအတွင်း ပြန်လည်မွေးဖွားခြင်းအဆင့်ကိုရောက်ရှိနိုင်တဲ့ အထူးပါရမီရှင်တစ်ယောက်က လူတိုင်းကို သင်နဲ့တူတယ်လို့ ထင်နေတာလား။
ကွမ်လန်နန်းတော်မှာ ကျင့်ကြံဖို့ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေနဲ့လူက လူတိုင်းကို သူနဲ့တူတယ်ထင်နေတာလား။
"ဆေးလုံးဝယ်ဖို့ ငါ့မှာ ပိုက်ဆံမရှိဘူး။ ငါက ပါရမီမပါလို့…ဟုတ်ပြီလား။" လီဟမ်ရှန်းက ဒေါသတကြီး ပြောလေသည်။ လုရှီရန်က သူ့ကို ကယ်တင်ခဲ့သည်ဟူသော အချက်ကြောင့်သာ မဟုတ်လျှင် လီဟမ်ရှန်းမှာ လုရှီရန်၏ မျက်နှာကို တံတွေးဖြင့်ပင် ထွေးပစ်ချင်သည်။
သူမသည် စိတ်အနှောက်အယှက်ဖြစ်စရာ ကောင်းလွန်းလှပေ၏။
"ပါရမီမပါလို့တဲ့လား…." လုရှီရန်က လက်ခုပ်တီးပြီး ရုတ်တရက် သဘောပေါက်သွားပုံပေါ်သည်။
"သိပြီ....ရှင့်ရဲ့ ပါရမီက တက်လှမ်းခြင်းအဆင့်ကနေ ပြန်လည်မွေးဖွားခြင်းအဆင့်ကိုရောက်ဖို့ နှစ်နှစ်တောင် အချိန်ယူခဲ့ရတဲ့ ကွမ်လန်နန်းတော်ထဲက အမှိုက်သရိုက်တွေနဲ့ အတူတူပဲ မဟုတ်လား။"
ထိုစကားကို ကြားသောအခါ လီဟမ်ရှန်းက တခစ်ခစ်ရယ်ရင်း သူ့လက်ထဲက အင်မော်တယ်အရှင်သခင်လှံကို ဖြည်းညှင်းစွာ ဆုပ်ကိုင်လိုက်လေ၏။
လုရှီရန်…မင်းလှုပ်ရဲ လှုပ်ကြည့်စမ်းပါ…
ဒီနေ့ ငါ့ရဲ့ အင်မော်တယ်အရှင်သခင်လှံကို ပူဇော်ဖို့အတွက် မင်းရဲ့သွေးကို အသုံးပြုပေးမယ်။
ပြန်လည်မွေးဖွားခြင်းအဆင့်ကို ရောက်ဖို့ နှစ်နှစ်လောက် အချိန်ယူခဲ့ရတဲ့ငါက ဘာကောင်ကြီးလဲ။"