အခန်း (၁၈၁)
Vol. 18 Ch. 181
"ရှင့်မှာ ပိုက်ဆံမရှိလည်း လွယ်ပါတယ်။ ရှင့်ရဲ့ဆရာဆီက တောင်းလိုက်ရုံပဲလေ။ ဒါမှ အဆင်မပြေသေးလည်း ရှင့်အဖေကို ပြောပေါ့။" လုရှီရန်က ပြောသည်။
"ရှင်သူတို့ကို တောင်းနေသမျှ သူတို့က မင်းကို ပိုက်ဆံအများကြီးပေးလိမ့်မယ်။
ပြီးတော့ ရှင်လိုချင်တာမှန်သမျှ ဝယ်လို့ရတယ်။ ဒါမှမဟုတ် ပိုက်ဆံမကုန်ချင်ဘူးဆိုရင်တော့ သူတို့ကို ဆေးတိုက်ရိုက်တောင်းလို့ရတယ်လေ။"
ကောင်းတယ်…..အရမ်းကောင်းတယ်။
လုရီရှန်….မင်းရဲ့ နတ်စွမ်းအား ကိုယ်ထည်က အရမ်းမိုက်တယ်မလား။
မင်းရဲ့ကိုယ်ထည်က ငါ့ရဲ့ အင်မော်တယ်အရှင်သခင်လှံ ရိုက်ချက်ကို ဘယ်လောက်ခံနိုင်လဲ ကြည့်ကြသေးတာပေါ့။
ငါဒီနေ့သေရင်တောင် မင်းကိုငါနဲ့အတူခေါ်သွားမယ်။
လီဟမ်ရှန်းသည် ဒေါသကြောင့် တပိုင်း သေဆုံးသွားခဲ့ပြီး သူ၏ သွေးပေါင်ချိန် တဟုန်ထိုး တက်လာသည်။
"လုရှီရန်…. ငါ..."လီဟမ်ရှန်းသည် ဤအရူးမိန်းကလေးကို ကျိန်ဆဲနေသော်လည်း လုရှီရန်သည် လီဟမ်ရှန်း ပါးစပ်ကိုဖွင့်လိုက်သည်နှင့်တစ်ပြိုင်နက် အမှန်တကယ်ပင် ဆေးလုံးကိုထုတ်ပြီး လီဟမ်ရှန်း၏ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်လိုက်သည်။
လီဟမ်ရှန်း သေလုမတတ်ဆို့နင့်သွားလေ၏။
ခြင်္သေ့ခေါင်းလောက်ကြီးသည့် ဆေးလုံးကို လီဟမ်ရှန်း တစ်ကျိုက်တည်း မျိုချလိုက်သည်။ ဤဆေးလုံးဖြင့် သူ၏ အစာပြွန်ကို ဆန့်ထွက်တော့မည်ဟု ခံစားရသည်။
“အဟွတ်…အဟွတ်…အဟွတ်.."
ထိုအရာကို မျိုသိပ်ပြီးနောက် လီဟမ်ရှန်းမှာ ထိတ်လန့်တုန်လှုပ်သွားလေ၏။
"မင်း ငါ့ကို ဘာစားဖို့ ပေးလိုက်တာလဲ။"
"ဆေးလုံး။"
လုရှီရန်က လေးနက်စွာပြောသည်။
"ဆေးလုံးဆိုတာ ငါသိပါတယ်။ ဒါပေမယ့် မင်းငါ့ကို ဘယ်လိုဆေးလုံးပေးခဲ့တာလဲ" လီဟမ်ရှန်းက တုန်လှုပ်ခြောက်ခြားသော မျက်နှာထားဖြင့် မေးလိုက်သည်။
ဤကောင်မလေးမှာ သူ့မိန်းမဖြစ်ချင်နေခဲ့ပေသည်။ သူမသည် သူ့အား ညစ်ညမ်းစေသော ဆေးတစ်မျိုးမျိုး တိုက်ကျွေးရန် အခြေအနေကို အခွင့်ကောင်းယူ၍ သူ၏ သီလသိက္ခာကို အတင်းအကြပ် ယူရန် ကြိုးစားနေနိုင်မည် မဟုတ်ပေလော။
"ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံး…." လုရှီရန်က သူ့ခေါင်းကို စောင်းလိုက်လေသည်။
"ဒီဆေးကို ကွမ်ကျူနန်းတော်က ကျွန်မကို ပေးခဲ့တာပါ။ ကျွန်မရဲ့ နတ်စွမ်းအားကိုယ်ထည်က ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုအဆင့်ကို ရောက်လုနီးနေပြီလို့ ပြောခဲ့တယ်။ ကမ္ဘာပေါ်မှာ ဒီဆေးလုံးတွေ အများကြီးမရှိဘူးလို့လည်း သူပြောသေးတယ်။ ရှင်က ကျွန်မရဲ့ ခင်ပွန်းပဲလေ။ ကျွန်မတို့ အရာအားလုံးကို မျှဝေကြမယ်။ ရှင်စားလိုက်တာဟာ ကျွန်မစားလိုက်တာပဲပေါ့။"
ထိုအရာသည် လီဟမ်ရှန်းအား အံ့အားသင့်သွားစေပေ၏။
ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံး…
လီဟမ်ရှန်းသည် ဤဆေးပြား၏အမည်ကို ရှေးစာအုပ်များတွင် တွေ့ဖူးသည်။ ရတနာခုနစ်ပါး သလင်းကျောက်ဆေးလုံးသည် အဆင့်၇ဆေးလုံးကို ကိုယ်စားပြုပြီး ၎င်းသည် နတ်စွမ်းအားကိုယ်ထည်ကို အကျိုးသက်ရောက်စေရန်အတွက် အကောင်းဆုံးဖြစ်ပေ၏။ သို့ရာတွင်၊ ၎င်းကို သန့်စင်ရန်အတွက် ပစ္စည်းများသည် အလွန်ရှားပါးပြီး အဖိုးတန်လှပေသည်။
အထူးအဖိုးတန်လှပေ၏။
ပါဝင်စ္စည်းများထဲမှ တစ်ခုကို နဂါးသွေးအနှစ်ဟုပင် ခေါ်တွင်ခဲ့ပြီး ၎င်းကို တကယ့် နဂါးကြီးထံမှ ရရှိခဲ့သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက စန်းယွမ်နယ်မြေတွင် နဂါးတစ်ကောင်သည် ကျွမ်းကျင်ပညာရှင်များစွာကို သတ်ဖြတ်ခဲ့သည်ဟု ကောလဟာလများထွက်ပေါ်ခဲ့လေသည်။ သို့သော်လည်း စန်းယွမ်နယ်မြေ၏ သခင်၏ လက်ချက်ကြောင့် နဂါးမှာ ဒဏ်ရာရပြီး နဂါးကျွန်းဆီသို့ ပြန်သွားခဲ့ရသည်။
ထိုအချိန်တွင် ဤနဂါးသွေးအနှစ်သာရသည် နဂါးထံမှ ကျန်ရစ်ခဲ့သည်။
မူလက အရေအတွက်က သိပ်မများဘဲ ၎င်းကို လူအနည်းငယ်သာ ရရှိခဲ့သည်။ တစ်စက်ချင်းစီဟာ အလွန်တန်ဖိုးရှိလှပေ၏။
သလင်းကျောက်ဆေးလုံးကို သန့်စင်ရန်အတွက် နဂါးသွေးအနှစ်တစ်စက် လိုအပ်ပြီး သလင်းကျောက် ရတနာခုနစ်ပါးကို သန့်စင်ရန်အတွက် နဂါးသွေးအနှစ် ခုနစ်စက် လိုအပ်ပေသည်။
ဤအရာ၏ အဖိုးတန်လှသော တစ်စက်စီသည် မရေမတွက်နိုင်သော ခွန်အားကြီးသူများကို ၎င်းအတွက် တိုက်ခိုက်စေသည်။ ကွမ်ကျူသည် အားကောင်းပြီး စန်းယွမ်နယ်မြေကို လွှမ်းမိုးထားလျှင်ပင် သူ့တွင် အစက်မည်မျှ ရှိနိုင်မည်နည်း။
လုရှီရန်နတ်စွမ်းအားကိုယ်ထည်၏ အနာဂတ်အောင်မြင်မှုအတွက် ဤရတနာခုနစ်ပါးသလင်းကျောက် ဆေးပြားကို ရှာဖွေရန်သူသည်မရေမတွက်နိုင်သော ငွေကြေးမြောက်မြားစွာကိုသုံးစွဲခဲ့ရပေမည်။
ရလဒ်က... သူကိုယ်တိုင်ပဲ စားခဲ့တာလား။
ဤမျှ အဖိုးတန်သော ဆေးပြားကို သူစားခဲ့သည်။ ဤအခိုက်တွင် လီဟမ်ရှန်း၏ ပထမဆုံးတုံ့ပြန်မှုသည် ကံကောင်းခြင်းမဟုတ်ဘဲ ကြောက်ရွံ့မှုဖြစ်ပေ၏။ ကွမ်လန်နန်းတော်က ထိုအကြောင်းကို သိလျှင် အသက်ရှည်ရှည်နေနိုင်မည်မဟုတ်ချေ။
သူ့ကို ဖမ်းပြီး ပြန်လည်သန့်စင်ကြမှာလား။
လီဟမ်ရှန်းသည် အထိတ်တလန့် ခံစားမှုတစ်ခု ပေါ်လာပြီး သူ့အရာအားလုံး လုံး၀ ဆုံးရှုံးသွားပြီဟု ခံစားလိုက်ရသည်။
ယခင်က ကွမ်လန်နန်းတော်မှ လုဟန်ရန်ကို စော်ကားခဲ့ဖူးသည်။ ယခု လုဟန်ရန်သာ ရတနာခုနစ်ပါးဆေးပြားကို စားခဲ့ကြောင်းသိလျှင် လီဟမ်ရှန်းသည် သူ၏သေဆုံးခြင်းမှာ မည်မျှစိတ်ဆင်းရဲရမည်ကို စိတ်ကူးကြည့်နိုင်နေပြီဖြစ်သည်။
"ရှင်ဘာလို့စိတ်မကောင်းဖြစ်နေတာလဲ။" လုရှီရန် ရှေ့တိုးလာကာ ပုခုံးကို ပုတ်လိုက်ပြီးနောက် ပြုံးပြလိုက်သည်။
"ဒီဆေးလုံးက အန္တရာယ်မရှိပါဘူး။ ကျွန်မအရင်က ရတနာသုံးပါး သလင်းကျောက်ဆေးလုံးကို စားခဲ့ပြီးပြီ။ အဲ့တာက နတ်စွမ်းအားကိုယ်ထည်ရဲ့ ကနဦးအဆင့်ကို ဖြတ်ကျော်နိုင်စေခဲ့တာ….ဘေးကင်းပါတယ်။"
"ရှက်စရာ မလိုပါဘူး။ ချစ်တဲ့သူ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ် လို့ ဆရာက ပြောဖူးတယ်။ ကျွန်မ ဥစ္စာက ရှင့်ဥစ္စာပဲ။ ကျွန်မကို ကောင်းကောင်း ဆက်ဆံ ပါ။" ထိုအချိန်တွင် လုရှီရန်သည် လီဟမရှန်းအား နှစ်လိုဖွယ်ရာ ပြုံးပြလေသည်။
ထိုကဲ့သို့ အေးစက်သော အလှတရား၏ ရုတ်တရက် အပြုံးသည် ရေခဲမြစ်များကိုပင် အရည်ပျော်သွားစေနိုင်သည်။
"ယောက်ျားရယ်…ပြုံးလိုက်စမ်းပါ။ ဒီဆေးလုံးက နတ်စွမ်းအားကိုယ်ထည်ရဲ့ ကနဦးအဆင့်ကို ဖြတ်ကျော်ဖို့ လုံလောက်ပါတယ်။ ရှင့်နတ်စွမ်းအားကိုယ်ထည်ရဲ့ ကနဦးအဆင့်ကို ရောက်ပြီးတာနဲ့ အဲဒီ တစ္စေနှစ်ကောင်ကို ကျွန်မတို့ ကြောက်နေစရာလိုဦးမှာလား။" လုရှီရန်သည် လီဟမ်ရှန်း၏ မျက်နှာကို ဆိတ်လိုက်လေ၏။
လီဟမ်ရှန်း ပြုံးလိုက်သည်။
သို့သော် လီဟမ်ရှန်းသည် ထိုအချိန်၌ ငိုသည်ထက် ပိုအကျည်းတန်သည့် အပြုံးကိုသာ ပြုံးပြနိုင်လေသည်။
ရတနာခုနစ်ပါးသလင်းကျောက် ဆေးလုံး….
သူဘာလုပ်သင့်လဲ။
သို့သော် ယခုအချိန်တွင် လီဟမ်ရှန်းသည် ဘာဆက်လုပ်ရမည်ကို ဂရုမစိုက်နိုင်တော့ပေ။
ထိုအချိန်တွင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ အင်အားတစ်ခု ထွက်ပေါ်လာသည်။
ထိုစွမ်းအားသည် ရတနာခုနစ်ပါး၏ အစွမ်းသတ္တိဖြစ်ပေ၏။
ဤအခိုက်အတန့်တွင် နဂါးဟိန်းဟောက်သံသည် သူ့နားထဲတွင် ပဲ့တင်ထပ်နေသကဲ့သို့ လီဟမ်ရှန်း၏ ဦးခေါင်းသည် တုန်ခါသွားသည်။ လီဟမ်ရှန်း၏ စိတ်ထဲ၌ ပေါက်ကွဲသံများ၌ သူ့နားစည်များ ကွဲအက်သွားသလိုပင် ခံစားလိုက်ရပေသည်။
ပိုကြောက်စရာကောင်းသည်မှာ လီဟမ်ရှန်း၏ ခန္ဓာကိုယ်မှ အဆုံးမဲ့သည့် ခွန်အားများ ထွက်လာခြင်းပင် ဖြစ်၏။
ဆူနာမီလှိုင်းကြီးများ ပြိုကျနေသကဲ့သို့ လှိုင်းလုံးကြီးများနှယ် ရှိလေ၏။
သူ့ခန္ဓာကိုယ်မှ ခွဲထွက်လိုသော ဟိန်းဟောက်နေသည့် သားရဲတစ်ကောင် ရှိနေပုံပေါ်သည်။
"ရှင့်ရဲ့ နတ်စွမ်းအားကိုယ်ထည်ကို အမြန်လည်ပတ်လိုက်…." လုရှီရန် အမြန်ပြောလိုက်သည်။
လုရှီရန် မပြောရသေးခင်ပင် လီဟမ်ရှန်း၏ ခန္ဓာကိုယ်သည်လည်း သူ့ဘာသာသူ စတင်လည်ပတ်နေတော့သည်။
ထိုစဉ် နေနှင့်လသည် ပေါ်လာပြီး ကြယ်နှစ်လုံးသည် တောက်ပစွာ ထွန်းလင်းကာ အဆုံးစွန်သော အလင်းရောင်ကို ထုတ်လွှတ်ပေးနေသည်။
တခဏချင်းမှာပင် လီဟမ်ရှန်းနောက်ရှိ ကြယ်ရောင်ကောင်းကင်ကြီးကို ဖြိုခွဲပစ်လိုက်လေ၏။ ဤနေနှင့်လအလင်းရောင်၏ရှေ့တွင် ကြယ်ပေါင်းများစွာတို့သည် ကလေးတစ်ဦးကစားနေသည်နှင့် တူပေသည်။
တစ်ချိန်တည်းမှာပင် နေနှင့်လအတွင်း၌ လီဟမ်ရှန်း နှင့် ခပ်ဆင်ဆင်တူသော လူကလေးတစ်ဉီးလည်း ထိုနေရာတွင် ပေါ်လာပြီး ထိုလူကလေးမှာ နာကျင်နေပုံ ပေါ်လေသည်။
သူ့ခန္ဓာကိုယ်ပေါ်ရှိ သွေးကြောများ ပေါက်ထွက်လာပြီး ရတနာခုနစ်ပါး သလင်းကျောက် ဆေးပြား၏ အကျိုးသက်ရောက်မှုမှာ သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုရှိနေပေသည်။
ထိုစဉ် သူ့ခန္ဓာကိုယ်ရှိ သွေးကြောများ တိုးလာသည်။
သို့သော် သွေးကြောတစ်ခုတိုးလာလေလေ လီဟမ်ရှန်း ပိုမိုနာကျင်ရလေ ဖြစ်ပေ၏။
ရတနာခုနစ်ပါးသလင်းကျောက်၏ အကျိုးသက်ရောက်မှုသည် ပြင်းထန်လွန်းလှသည်။
ဤဆေးလုံးသည် လုရှီရန်အား သူမ၏နတ်စွမ်းအားကိုယ်ထည်ကို ကျင့်ကြံမှုအဆင့်တစ်ခုသို့ရောက်ရှိပြီးနောက် အထူးအဆင့် နတ်စွမ်းအားကိုယ်ထည် ကိုဖြတ်ကျော်ရာ၌ အသုံးပြုရန်ဖြစ်သည်။ ကြီးစိုးသော စွမ်းအားသည် ရတနာသုံးပါးသလင်းကျောက်ဆေးလုံးများထက် အဆများစွာ ပြင်းထန်လေ၏။
လီဟမ်ရှန်းမှာ လုရှီရန်သည် ဤကဲ့သို့ သူ့ပါးစပ်ထဲသို့ ထည့်ရန် မမျှော်လင့်ခဲ့ပေ။
ထွက်လာသည့် စွမ်းအားက သူ့ကို ပေါက်ကွဲစေလုနီးပါး ဖြစ်နေလေသည်။
လီဟမ်ရှန်း၏ နတ်စွမ်းအား ကိုယ်ထည်မှာ ကနဦးအဆင့်ပင် မရောက်သေးပေ။ ယခုကဲ့သို့ ကြောက်မက်ဖွယ်ကောင်းလှသည့် ဆေးလုံးအာနိသင်ကို မည်သို့ ချေဖျက်နိုင်မည်နည်း။
လီဟမ်ရှန်း၏သွားများသည် ကြေမွလုနီးပါးဖြစ်ကာ သူ့ချွေးပေါက်များအားလုံးမှ သွေးများ စိမ့်ထွက်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ လီဟမ်ရှန်းသည် သွေးလူသားတစ်ယောက်ကဲ့သို့ ဖြစ်သွားလေ၏။
တစ်ချိန်တည်းမှာပင် လီဟမ်ရှန်း၏နောက်မှ လူကလေးအပေါ်တွင် သွေးကြောများ ပိုများလာသည်။
လီဟမ်ရှန်းသည် အလွန်နာကျင်စွာ ခံစားနေရပြီး အသက်သေဆုံးလုနီးပါးပင် ဖြစ်နေပေ၏။။
"ယောက်ျား….ရှင်အဆင်ပြေရဲ့လား။" လုရှီရန်လည်း တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ သူမ အဆင့်ကျော်ဖြတ်မှုတုန်းက အဘယ်ကြောင့် ဤမျှ သွေးထွက်သံယိုနှင့် ကြောက်လန့်ဖွယ် မဖြစ်ခဲ့ရပါသနည်း။
အဆင့်ကျော်ဖြတ်တဲ့အခါ အမျိုးသားနဲ့ အမျိုးသမီး မတူတာများလား။
အဲ့ဒါ ဖြစ်နိုင်ချေရှိတယ်။
အဲ့လိုဖြစ်ရမယ်။
ယောကျ်ားလေးနဲ့ မိန်းကလေး အဆင့်ကျော်ဖြတ်တာ မတူဘူးလို့ ဆရာ တစ်ခါက ပြောဖူတယ်။
ဒါကြောင့် သာမာန်ဖြစ်စဉ်တစ်ခုပဲ နေမှာပါ။
"လုရှီရန်….ငါ..." လီဟမ်ရှန်း ကျိန်ဆဲမိတော့မည်ဖြစ်သော်လည်း ထိုအချိန်တွင် ပြင်းထန်သော အရောင်အဝါနှစ်ခု ဆင်းသက်လာသည်။
လီဟမ်ရှန်း၏ အောင်မြင်မှုသည် ကျယ်လောင်လွန်းလှသည်။ ၎င်းကို ပြင်ပကမ္ဘာမှ ဖုံးကွယ်ရန် မဖြစ်နိုင်သောကြောင့် သွေးတစ္ဆေနှင့် အတောင်ပံ တစ္ဆေတို့သည် ဖမ်းမိသွားပြီဖြစ်သည်။
လီဟမ်ရှန်း၏ မျက်လုံးများ နီရဲနေပြီး သူ့ခန္ဓာကိုယ်သည် အလွန်လေးလံနေသည်။ အနည်းငယ်ရွှေ့ရန်ပင် ခက်ခဲနေပေ၏။
"ယောက်ျား…ရှင့်ရဲ့အောင်မြင်မှုတွေကို အာရုံစိုက်ပြီးကျော်ဖြတ်လိုက်တော့…" ထိုစဉ် လုရှီရန်သည် ရှေ့တိုးလာကာ မြေတိုက်ထဲမှ ပြေးထွက်လာလေသည်။
"လုရှီရန်…"
"ငတုံးမလေး….ကိုယ့်သေတွင်းကို မရှာစမ်းနဲ့…."
လီဟမ်ရှန်းသည် လုရှီရန်အား ငတုံးမဟု ကျိန်ဆဲချင်သော်လည်း သူမ သေသွားမည်ကို အနည်းငယ် စိုးရိမ်နေမိသည်။
ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ် တစ္ဆေနှစ်ကောင်လည်း ရှိသေးပေ၏။ ပြန်လည်မွေးဖွားခြင်းအဆင့်တွင်ရှိသော လုရှီရန်သည် သူတို့ကို မည်သို့တားဆီးနိုင်မည်နည်း။
သို့သော်လည်း တုံ့ပြန်မှု တစ်စုံတစ်ရာ မရရှိမီတွင် တိုက်ပွဲသံများက အပြင်ဘက်မှ ပဲ့တင်ထပ်နေပြီဖြစ်သည်။
ထိုအချိန်တွင် လီချန်ချင်းသည် သားဖြစ်သူမှာ ဆိုးရွားသော အခြေအနေတွင် ရှိနေသည်ဟု ခံစားခဲ့ရသည်။ သူ့သားသည် အောင်မြင်မှုတစ်ခုရနေပြီဟု သူခံစားနိုင်သော်လည်း အခြေအနေမှာ အဆင်မပြေဖြစ်နေပုံရသည်။
ဘာတွေများ ခက်ခဲနေတာလဲ။
ထိုအချိန်တွင် မြေအောက်ခန်းအပြင်ဘက်တွင် လုရှီရန်သည် ရန်သူနှစ်ဦးကို တစ်ယောက်တည်း တိုက်ခိုက်နေပေ၏။ ယင်းက လီချန်ချင်းအား ဤအနည်းငယ်မျှ ခန့်မှန်းရခက်သော မိန်းကလေးကို ပြန်လည်သုံးသပ်စေမိသည်။
လုရှီရန်သည် အနည်းငယ် စိတ်ရှုပ်နေပုံရသော်လည်း သူမသည် သူ့သားအတွက် အမှန်တကယ်ပင် အသက်အန္တရာယ်ပေး ကာကွယ်နေပြီဖြစ်၏။
ယခုအချိန်တွင် လီချန်ချင်း၏နှလုံးသားထဲတွင် လုရှီရန်သည် ၎င်း၏ချွေးမစာရင်း၌ နံပါတ်တစ်ပေးထားပြီ ဖြစ်လေသည်။
လုရှီရန်သည် တစ္ဆေနှစ်ကောင်ကို တစ်ယောက်တည်း တိုက်ခိုက်နေခဲ့သည်။ ကောင်းကင်ကြယ် နတ်စွမ်းအားကိုယ်ထည်၏ အကာအကွယ်ကို ရရှိထားသော်လည်း သူမသည် ခုခံရန် ရုန်းကန်နေရဆဲဖြစ်သည်။
သူမသည် ကိုယ်ထည်၏ လျင်မြန်သွက်လက်ခြင်းနှင့် ကြယ်တာရာနယ်မြေဖြင့် ခုခံရန်သာ အားကိုးနိုင်ခဲ့သည်။
"ဘွန်း…."
အရေးကြီးသော အခိုက်အတန့်တွင် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာပြီး လုရှီရန်၏ ခန္ဓာကိုယ်မှ အတွင်းစွမ်းအင်များ ထွက်လာသည်။ ဤအခိုက်အတန့်တွင် လုရှီရန်၏မျက်လုံးများသည် လွန်ကဲသော တောက်ပမှုနှင့်အတူ တောက်ပနေပြီး သူမ၏ ကိုယ်တွင်းစွမ်းအင်များ မြင့်တက်လာသည် ။
တစ်ချိန်တည်းမှာပင် လုရှီရန်သည် လက်နှစ်ဖက်စလုံးဖြင့် ပေါက်ကွဲထွက်သွားပြီး ကြယ်မြစ်လက်ဝါးတိုက်ကွက်သည် ယခင်ကထက် ပိုမိုအားကောင်းလာခဲ့သည်။
အနက်ရောင်ဝတ်သွေးတစ္ဆေနှင့် အတောင်ပံတစ္ဆေတို့သည် ယင်းကိုမြင်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့နှစ်ယောက်လုံး လုရှီရန်၏ လက်ဖဝါးဖြင့် တိုက်ရိုက်ထိမိကြလေ၏။
သို့သော် ၎င်းတို့သည် လုရှီရန်၏လက်ဖဝါးကြောင့် လက်များထုံကျင်သွားကာ ခြေလှမ်းပေါင်းများစွာ နောက်ဆုတ်သွားခဲ့ရသည်။
သူတို့မျက်ဝန်းထဲရှိ ထိတ်လန့်မှုများမှာ သိသာ ထင်ရှားလှပေ၏။
သူတို့ နှစ်ယောက်လုံး ပါးစပ်ထဲမှ သွေးများ ထွက်လာလေသည်။ လုရှီရန်သည် နှစ်ယောက်ကို တိုက်ခိုက်နေသော်လည်း ယခုအချိန်တွင် သူမ၏ ကြယ်မြစ်လက်ဝါးတိုက်ကွက်စွမ်းအားသည် ယခင်ကထက် အားနည်းသွားသည် ။
"ပြီးပြည့်စုံတဲ့ ပြန်လည်မွေးဖွားခြင်းအဆင့်…" အတောင်ပံကတစ္ဆေက မျက်မှောင်ကြုတ်လိုက်လေသည်။
"မင်းတကယ် အဆင့်ကျော်ဖြတ်သွားနိုင်တာလား"
ထိုအချိန်တွင် လုရှီရန်၏ အကြည့်များက အေးစက်နေသေးသော်လည်း သူမ၏မျက်နှာမှာ အနည်းငယ် ဖြူဖျော့နေသည်။ ပဲစေ့အရွယ် ချွေးများက သူမ၏ပါးပြင်ပေါ်သို့ စီးကျလာကာ သူမ၏ နူးညံ့သော ခန္ဓာကိုယ်သည် တုန်ယင်နေသည်။
နောက်အခိုက်အတန့်တွင် လုရှီရန်သည် သွေးများ အန်ထွက်လာကာ သူမ၏ ဂါဝန်စရှည်ကြီးကို သွေးများစွန်းထင်းသွားစေသည်။
လုရှီရန် သွေးအန်သည်ကို မြင်သောအခါ တစ္ဆေနှစ်ကောင်သည် မအံ့ဩကြတော့ပေ။
ထိုစဉ် အနတ်ရောင်ဝတ်တစ္ဆေက လှောင်ပြောင်ပြောဆိုလိုက်လေ၏။
"တိုက်ပွဲတစ်ခုအတွင်း အဆင့်ကျော်ဖြတ်ဖို့ တွန်းအားပေးတဲ့အခါ မင်းရဲ့စွမ်းအင်တွေက မတည်ငြိမ်သေးဘဲ မင်း ငါတို့နဲ့ ပြင်းပြင်းထန်ထန် ထိပ်တိုက်တွေ့ခဲ့တာပဲ။ မင်းရဲ့အတွင်းစိတ်စွမ်းအင်တွေရဲ့ တုံ့ပြန်မှုက မင်းကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့တာ။ မင်းဟာ ငါတို့ပြိုင်ဖက် မဟုတ်တော့ဘူး။"
"မင်းရော လီဟမ်ရှန်းရော မလွတ်နိုင်ဘူး။"
"ရှင်တို့ ကျွန်မ ယောကျာ်းကို မထိနိုင်စေရဘူး။" လုရှီရန်၏အကြည့်များသည် ယခုအခိုက်အတန့်တွင် ခိုင်မာပြတ်သားလှပေ၏။
သူမ ပါးစပ်ထောင့်မှ သွေးများကို အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး သူ၏နောက်တွင် ကြယ်ပွင့်လေးများ ပေါ်လာပြန်သည်။
သို့သော်လည်း ယခုအချိန်တွင် လုရှီရန်သည် ရုန်းကန်နေရပုံရသည်။ သူ့နောက်က ကြယ်နယ်ပယ်မှာ ကြယ်လေးငါးလုံးလောက်သာ ပြန့်ကျဲနေခဲ့ပေ၏။
"ဒါဆိုလည်း မင်းနှစ်ယောက်လုံးကို သေလမ်းပေါ်ကို ပို့ပေးရတာပေါ့ကွာ။" သွေးတစ္ဆေက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ "မင်းလို နတ်စွမ်းအားကိုယ်ထည်နဲ့ ပါရမီရှင်တစ်ယောက်ရဲ့ ပိုပြီး အရသာရှိမယ်ထင်တယ်ကွ။"
ထိုစကားနှင့်အတူ သွေးတစ္ဆေသည် လုရှီရန်သို့ လျှပ်စီးလက်သည့်နှယ် ချိန်ရွယ်တိုက်ခိုက်လေ၏။
လုရှီရန်သည် သူမ၏လည်ပင်းတစ်ဝိုက်ရှိ ကျောက်စိမ်းဆွဲသီးကို ဆွဲကိုင်ကာ ချိန်ရွယ်လာသော သွေးတစ္ဆေကို စိုက်ကြည့်နေသည်။
ထိုကျောက်စိမ်းဆွဲသီးကို ကွမ်ကျူနန်းတော်မှ လုရှီရန်အား ပေးအပ်ခဲ့ခြင်း ဖြစ်ပေ၏။
ကွမ်ကျူနန်းတော်သည်သေရေးရှင်ရေးအခြေအနေသို့ ရောက်လျှင် ကျောက်စိမ်းဆွဲသီးကို ကွဲချေလိုက်ရန် လုရှီရန်အား ပြောခဲ့သည်။
သို့သော်လည်း လုရှီရန်သည် ဤကျောက်စိမ်းဆွဲသီးကို ကြိတ်ခွဲခြင်းသည် တစ္ဆေနတ်ဆိုးစမ်းသပ်မှုအခြေအနေတွင် အသုံးမ၀င်နိုင်သည်ကို မသိခဲ့ပေ။