← Chapters

အခန်း (၁၈၆)

Vol. 18 Ch. 186

အခန်း (၁၈၆)

Vol. 18 Ch. 186

ထိုသို့သောလူကို ကယ်တင်ခြင်းသည် အသက်ဆုံးရှုံးလုနီးပါးဖြစ်ရုံသာမကဘဲ ကောင်းမှုအမှတ်ပေါင်း တစ်သန်းကျော် အကြွေးတင်နေပေသည်။

လီဟမ်ရှန်းမှာ ခေါင်းများပင် ကိုက်လာသည်။ သူမည်သို့ပင် တွေးသည်ဖြစ်စေ ဆိုးရွားသည့် အပေးအယူတစ်ခု လုပ်လိုက်သလို ခံစားရလေ၏။

"ဘာဖြစ်နေတာလဲ….မင်းခန္ဓာကိုယ်မှာ မသက်မသာဖြစ်နေတုန်းပဲလား။" မူချင်းကောသည် လီဟမ်ရှန်း၏ မျက်ခုံးတွန့်ချိုးနေသည်ကို သတိပြုမိပြီး စိုးရိမ်စိတ်ဖြင့် မေးသည်။

"ဘာမှမဟုတ်ပါဘူး အစ်မချင်းကော….စိတ်မပူပါနဲ့ ကျွန်တော်အဆင်ပြေပါတယ်။" လီဟမ်ရှန်းသည် ငိုသည့်ထက်ပင် ဆိုးသော မဲ့ပြုံးကို ပြုံးပြလိုက်လေ၏။

သူ့ခန္ဓာကိုယ်က နေကောင်းသော်လည်း အဆင်မပြေသည့်အရာများကိုသာ တွေးနေမိသည်။

"မင်းအဆင်ပြေတာ သေချာရဲ့လား။" မူချင်းကောက နှစ်သိမ့်ပေးသည်။

"ကျေးဇူးတင်ပါတယ် အစ်မချင်းကော…." မူချင်းကောမှာ သူ့အပေါ် အလွန်နူးညံ့သိမ်မွေ့သည်ကို လီဟမ်ရှန်း ခံစားမိသည်။

မူချင်ကောအပေါ် အပြင်လူများ၏ အကဲဖြတ်မှုမှာ လုံးဝ မတိကျဟု ထင်မိသည်။ သူမသည် အလွန်ပင် လူသားဆန်ပြီး နွေးထွေးသော၊ နူးညံ့သိမ်မွေ့သော အမျိုးသမီးတစ်ဦးဖြစ်ကြောင်း ထင်ရှားပေ၏။

သူမသည် လူအများအပေါ် ကြင်နာသနားတတ်ပြီး သူမ၏ တည်ရှိမှုမှာ နွေဦးလေညင်းတွင် ရေချိုးနေရသကဲ့သို့ ခံစားရစေသည်။ သူမအား အပြင်လူများက အဘယ်ကြောင့် ထင်ယောင်ထင်မှားဖြစ်နေသည်ကို လီဟမ်ရှန်း မသိချေ။

သူတွေးနေစဉ်မှာပဲ တပည့်တစ်ယောက်က အပြင်ကနေ ပြေးလာပြီး မူချင်းကောအားပြောသည်။ "ရွှီမိသားစုရဲ့ အကြီးဆုံးသား ရွှီချန်းရန်က အကြီးအကဲချင်းကောကို တွေ့ဖို့ ရောက်နေပါတယ်။ အကြီးအကဲသာ ဒီနေ့သူ့ကို ထွက်မတွေ့ဘူးဆိုရင် တံခါးနားကနေ ခြေတဖဝါးမှ မခွာဘူးလို့ ပြောပါတယ်။"

"သူ့ကို သတိပေးရသေးတာပေါ့။" မူချင်းကော၏မျက်နှာသည် ချက်ချင်းပြောင်းလဲသွားကာ ဒေါသတကြီးပြောသည်။

"သူ မထွက်သွားရင် ဦးလေးယန်ကို ခေါ်ပြီး သူ့ခြေထောက်တွေကို ချိုးခိုင်းလိုက်။ သူ လမ်းလျှောက်ရတာ မကြိုက်ဘူးဆိုတော့ တစ်သက်လုံး လမ်းမလျှောက်နိုင်စေနဲ့။"

"ဟုတ်…ဟုတ်ကဲ့ပါ…" တပည့်မှာ လန့်ပြီး အမြန်ထွက်သွားလေသည်။ တော်ဝင်မိသားစုမှ သခင်ငယ်သည် မူချင်းကောအား တွေ့ရန်လာခဲ့ပြီး သူမဆီမှ ဆူပူကြိမ်းမောင်းခံခဲ့ရပေသည်။

သို့သော် ထိုလူများမှာ ခွေးများကဲ့သို့ အရှက်အကြောက်မရှိဘဲ မူချင်းကောကို မရပ်မနား နှောက်ယှက်နေကြဆဲဖြစ်သည်။

"ဒီခွေးကောင်တွေ ငါသူတို့ကိုမြင်ရင် ငါအရမ်းစိတ်တိုတာပဲ။" မူချင်းကောက ဒေါသတကြီး ပြောသည်။

လီဟမ်ရှန်းသည် ပါးပြင်ပေါ်မှ ချွေးများအေးစက်စွာ စီးကျလာကာ ဘေးမှနေရင်းပင် ထိတ်လန့်သွားသည်။

အပြင်မှာထွက်တဲ့ ကောလဟာလတွေက လုံးဝအမှားမဟုတ်ချေ။

ဤမိန်းမမှာ အမှန်ပင် ရက်စက်လှပေ၏။

မူချင်းကောက သူမခေါင်းကို လှည့်လိုက်သည်နှင့် သူမသည် လီဟမ်ရှန်းအား နွေးထွေးစွာ ပြုံးပြလေသည်။ "စကားမစပ် မင်းဗိုက်ဆာနေလား။ အစ်မ စားစရာတစ်ခုယူပေးမယ်။ ဒီကအစားအသောက်တွေက ရှေးဟောင်းတာအိုတောင်တန်းမြေလောက် မကောင်းပေမယ့် မင်းဗိုက်ဆာနေတယ်ဆိုရင်တော့ အစ်မ လုပ်ပေးပါ့မယ်။"

"တကယ်တောင်းပန်ပါတယ်။ အစ်မ မင်းကို ကောင်းကောင်း ဂရုမစိုက်မိဘူး။" မူချင်းကောသည် အနည်းငယ်ရှက်ရွံ့နေပုံရပြီး သူမ၏မျက်လုံးများတွင် တောင်းပန်မှုအရိပ်အမြွက်များ ယှက်သန်းနေသည်။

လီဟမ်ရှန်း အံ့ဩသွားလေ၏။

ဘာတွေဖြစ်နေတာလဲ?

မူချင်းကော၏မျက်နှာသည် အပြောင်းအလဲမြန်လှသည်။

ပြီးခဲ့သည့်စက္ကန့်ပိုင်းကပင် သူမသည် ခွေးကဲ့သို့ ယောက်ျားများကို ကျိန်ဆဲနေပြီး ၎င်းတို့၏ ခြေထောက်များကို ချိုးပစ်မည်ဟု ခြိမ်းခြောက်ကာ ရက်စက်ကြမ်းကြုတ်သော ကျားတစ်ကောင်ဖြစ်ခဲ့ပြီး နောက်တစ်စက္ကန့်တွင်မူ သူမသည် နူးညံ့သိမ်မွေ့သော ကြောင်လေးတစ်ကောင် ဖြစ်သွားပြန်သည်။

မူချင်းကောမှာ သူ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ ယှဉ်ပြိုင်နေတဲ့ ကိုယ်ရည်ကိုယ်သွေး နှစ်ခုရှိနေတာလား။

အဖေ….ဘယ်မှာလဲ။

ကျွန်တော် နည်းနည်းကြောက်လာပြီ။

လီဟမ်ရှန်းသည် တားမြစ်နယ်မြေတွင် ထောင်ပေါင်းများစွာသော တစ္ဆေမျိုးနွယ်များနှင့် ရင်ဆိုင်ရသည့်အခါက လည်း မကြောက်ရွံ့ခဲ့လို ပြန်လည်မွေးဖွားခြင်းအဆင့်အထွတ်အထိပ်နှစ်ဦးနှင့် ရင်ဆိုင်ရစဉ်မှာလည်း မကြောက်ရွံ့ခဲ့ဘဲ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ အထူးစွမ်းအားရှင် နှင့် ရင်ဆိုင်ရသည့်အခါတွင်ပင် လုံးဝ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

သို့သော် ယခုအခိုက်တွင် မူချင်းကော၏ ပြောင်းလဲသော သဘောထားများကို ရင်ဆိုင်ရင်း လီဟမ်ရှန်းမှာ ထိတ်လန့်သွားသလို ခံစားလိုက်ရကာ သူ့ခန္ဓာကိုယ်သည် လက်မဝက်ခန့် နောက်သို့ ဆုတ်သွားမိသည်။

အမည်မသိသူသည် ကြောက်စရာအကောင်းဆုံးဖြစ်ပေ၏။

"အစ်မချင်းကော…အလုပ်ရှုပ်ခံစရာ မလိုပါဘူး။ ကျွန်တော် ဗိုက်မဆာပါဘူးဗျာ။ ကျွန်တော် ခဏနေသွားတော့မှာ။" လီဟမ်ရှန်းသည် မူချင်းကောကို သူ့အတွက် အစားအစာ ပြင်ဆင်ခွင့် မပေးဝံ့ပေ။

အဲ့လို ဆက်ဆံမှုမျိုးခံရဖို့ ဘာတွေများ လုပ်ခဲ့မိလို့လဲ။

"ကောင်းပြီ အေးအေးဆေးဆေး အနားယူပါ။ နားမလည်တာရှိရင် မေးလို့ရတယ်။ လိုအပ်တာရှိရင်လည်း ပြောပါ။ တတ်နိုင်သလောက် ကူညီပေးပါ့မယ်။ ခဏနေကျ ရှေးဟောင်းတာအိုတောင်တန်းမြေက တစ်ယောက်ယောက် မင်းကို လာခေါ်လိမ့်မယ်။" မူချင်းကောက လီဟမ်ရှန်းကို ပြုံးပြုံးလေး ပြောသည် ။

"ဟုတ်ကဲ့ပါဗျ…..အဆင်ပြေပါတယ်။"

"အစ်မကို ယဉ်ကျေးနေစရာ မလိုပါဘူး။"

"ကောင်းပါပြီဗျာ…"

ထို့နောက် မူချင်းကောသည် ဘေးနားသို့ သွားခဲ့သည်။

လီဟမ်ရှန်းမှာ ထိုနေရာတွင် ထိုင်နေပြီး နေ့ရက်တိုင်းမှာ တစ်နှစ်နီးပါးကြာမြင့်နေသလို ခံစားနေရသည်။

လီဟမ်ရှန်းသည် လည်ချောင်းထဲမှာ ငါးရိုးတစ်ချောင်း တစ်နေသည့်အလားပင်။

စက္ကန့်ပိုင်းအတွင်း မူချင်းကော နူးညံ့သိမ်မွေ့နေပြီး နောက်တစ်စက္ကန့်မှာ တစ်စုံတစ်ယောက်ကို သူ့ခြေထောက်များအား ရိုက်ချိုးရန် အမိန့်ပေးမည်ကို လီဟမ်ရှန်း ကြောက်နေမိသည်။

လီဟမ်ရှန်းသည် စက္ကန့်တိုင်းကို ကြံ့ကြံ့ခံထားရပြီး လေထုသည် တိတ်ဆိတ်လွန်းသဖြင့် ကျယ်လောင်စွာ အသက်ရှုရန်ပင် မဝံ့မရဲ ဖြစ်နေသည်။

ခဏအကြာတွင် အပြင်ဘက်မှ ရင်တထိတ်ထိတ်ဖြင့် အော်သံတစ်ခုထွက်ပေါ်လာလေသည်။

"ညီ၄…..မင်း အသက်ရှင်နေသေးလား။ လက်တွေခြေထောက်တွေရော အကောင်းတိုင်းပဲ မဟုတ်လား။"

"ဒါအစ်ကို၃ရဲ့ အသံပဲ။" လီဟမ်ရှန်းသည် ကျိုးကျွင်း၏ အသံကို အဝေးမှ ကြားလိုက်ရသည်။ ဤရင်းနှီးသောအသံကိုကြားသောအခါ လီဟမ်ရှန်း သက်ပြင်းတစ်ချက်ချလိုက်မိသည်။

သို့သော် ထိုအသံသည် အဘယ်ကြောင့် ညည်းတွားနေသကဲ့သို့ ဖြစ်နေသနည်း။

လီဟမ်ရှန်းမတ်တပ်ထရပ်ပြီး တံခါးအပြင်ဘက်သို့ လျှောက်သွားရာ ကျိုးကျွင်းပြေးဝင်လာသည်ကို တွေ့လိုက်ရသည်။ ကျိုးကျွင်းသည် လီဟမ်ရှန်းကိုမြင်သောအခါ အလျင်အမြန်ပြေးလာပြီး ဝက်ဝံကြီးတစ်ကောင်ကို ပွေ့ဖက်ထားသကဲ့သို့ ဖက်ထားလေသည်။

လီဟမ်ရှန်းထွက်သွားမည်ကို ကြောက်နေသကဲ့သို့ ဖက်ထားသည့်အားမှာ ပြင်းလှပေ၏။

ကျိုးကျွင်း၏ စိုးရိမ်ပူပန်မှုကို ခံစားလိုက်ရသည်နှင့် လီဟမ်ရှန်းသည် သူ့နှလုံးသားထဲတွင် နွေးထွေးသွားကာ ပြုံးလိုက်မိသည်။

"အစ်ကို၃….ကျွန်တော် အဆင်ပြေပါတယ်။ ဒီလိုမလုပ်ပါနဲ့။ ကြည့်နေတဲ့သူတွေ အများကြီးပဲ။ မသိရင် ကျွန်တော်တို့မှာ အထူးဆက်ဆံရေးရှိတယ်လို့ သူတို့ထင်သွားကြလိမ့်မယ်။"

"ညီ၄….မင်းအဆင်ပြေနေလို့ တကယ်တော်သေးတာပေါ့။" ထိုအချိန်တွင် ကျိုးကျွင်း၏ မျက်လုံးများ နီရဲနေပေသည်။

"မင်းကို ထပ်မတွေ့ရတော့ဘူးလို့ ငါထင်ခဲ့တာ။ မနေ့ညက မင်းပြန်မလာတုန်းက ငါတကယ်ပဲ တွေးခဲ့တာ..."

ကျိုကျွင်းသည် ထိုနေရာတွင် စကားကိုခေတ္တရပ်ကာ အသက်ပြင်းပြင်းရှူ၍ လီဟန့်ရှန်ကို ဝက်ဝံတစ်ကောင်ကဲ့သို့ ပွေ့ဖက်ပေးကာ အရာအားလုံးကို စကားလုံးများ မပါဘဲ ဖော်ပြခဲ့သည်။

"ကောင်းပြီ။ ကျွန်တော်တကယ်နေကောင်းပါတယ်။ ကြည့်ကြည့်လိုက်။ ကျွန်တော်အသက်ရှင်နေပြီး အဆင်ပြေပြေရှိနေတယ်။ ဒါ့အပြင် ဆေးဘုရင်တောင်ကြားက လူတွေလည်း ရှိနေတဲ့ဟာကို ဘာပူပန်စရာရှိလဲ။"

လီဟမ်ရှန်းက ပြုံးပြုံးလေး ပြောသည်။ သူနေကောင်းသည်ကို သက်သေပြဖို့အတွက် ကျိုးကျွင်းရှေ့မှာ တစ်ပတ်လှည့်ပြပြီး သူကျန်းမာရေးကောင်းကြောင်း ပြလေသည်။

"ဟူး…တော်သေးတာပေါ့။" စကားဆုံးသောအခါ ကျိုးကျွင်းသည် အပြစ်တင်သည့် မျက်နှာထားဖြင့် ပြောသည်။ "မင်းကို အဲဒီနေရာဆီ နောက်တစ်ခေါက် ထပ်သွားခွင့် မပေးတော့ဘူး။ အဲဒီ့မှာ အရမ်းအန္တရာယ်များတယ်။ အဲဒီနေ့က ငါ့အမှားပဲ။ ငါ မင်းကို တားလိုက်သင့်တယ်။ မင်းအဲ့ဒီမှာ သေလုနီးပါး ဖြစ်ခဲ့ရတာ။"

"ကောင်းပါပြီဗျာ….ကျွန်‌တော် အဲဒီကို ထပ်မဝင်တော့ပါဘူး။" လီဟမ်ရှန်းက ကတိပေးလေသည်။ ထာဝရရှင်သန်ခြင်းဂိုဏ်းမှလူများက သူ့ကိုသတ်ဖို့ အခွင့်ရေးရှာနေမှန်းသိသည်နှင့် လီဟမ်ရှန်းသည် ထိုထဲသို့ ဝင်ရန် အစီအစဉ်မရှိတော့ချေ။ အဲ့ဒါက ထာဝရရှင်သန်ခြင်းဂိုဏ်းကို အခွင့်အရေးပေးလိုက်တာပဲမဟုတ်လား။

"အစ်မ ချင်းကော…ကျွန်တော် ပြန်တော့မယ်နော်။" လီဟမ်ရှန်းက မူချင်းကောကို နှုတ်ဆက်သည်။

"ဘာတဲ့….အစ်မချင်းကော…." ကျိုးကျွင်းသည် ထိုအခေါ်အဝေါ်ကို ကြားသောအခါ အနည်းငယ် အံသြသွားသည်။

မူချင်းကောအား နတ်မိမယ်စုန်အဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ် ပြုကြလေသည်။ ထိုကဲ့သို့သော ရွှတ်နောက်နောက် အခေါ်အဝေါ်မျိုး မည်သူက ခေါ်ဝံ့မည်နည်း။ မူချင်းကော ကြောင်းကျိုးမမြင်တော့တာများလား…။

သို့သော်လည်း နောက်အခိုက်အတန့်တွင် မူချင်းကောက လီဟမ်ရှန်းအား အလွန်ညင်သာစွာပြောလေသည်။ "ကောင်းပြီ။နောက်ဆိုရင် ဒဏ်ရာမရအောင် ဂရုစိုက်ပါ။ မင်းအဆင်မပြေရင် အစ်မဆီ တိုက်ရိုက်လာခဲ့ပါ။ မင်းအကူအညီလိုရင်လည်း အစ်မဆီ အချိန်မရွေးလာနိုင်ပါတယ်။ မင်း အစ်မကို ယဉ်ကျေးရိုကျိုးနေစရာ မလိုပါဘူး။"

ကျိုးကျွင်းမှာ ထိုနေရာတွင်ပင် ထိတ်လန့်သွားသည်။

ဘာတွေလဲ….

ငါ အိပ်မက်မက်နေတာလား။

"ရောင်းရင်း ချန်းလီ….ငါသွားတော့မယ်။ နောင်မှာ အခွင့်အရေးရရင် ရှေးဟောင်းတာအိုတောင်တန်းမြေကို လာလည်လှည့်ပါ။" လီဟမ်ရှန်းက ယင်ချန်းလီကို ပြောသည် ။

"လာလည်ရမှာပေါ့ကွာ။" ယင်ချန်းလီ ခေါင်းညိတ်လိုက်သည်။

ထို့နောက် လီဟမ်ရှန်းနှင့် ကျိုးကျွင်းတို့သည် ဆေးဘုရင်တောင်ကြားအခြေစိုက်စခန်းမှ ထွက်ခွာပြီး ရှေးဟောင်းတာအိုတောင်တန်းမြေစခန်းသို့ ဦးတည်ခဲ့ကြသည်။

လမ်းတစ်လျှောက်တွင် ကျိုးကျွင်းသည် စကားတစ်ခွန်းမှ မပြောဘဲ လီဟမ်ရှန်းအား အနောက်ကနေ ကြည့်နေမိသည်။

"ဘာလုပ်နေတာလဲ အစ်ကို…." လီဟမ်ရှန်းသည် ကျိုးကျွင်း၏ အကြည့်ကြောင့် အနည်းငယ် ထိတ်လန့်သွားသည်။ ထိုလူမှာ သူ့ဖင်ကို တချိန်လုံး စိုက်ကြည့်နေပေ၏။

သူ့မှာ ယုတ်ညံ့တဲ့ ရည်ရွယ်ချက်တွေ ရှိနေတာများလား။

"ငါမေးခွန်းတစ်ခု စဉ်းစားနေတာ။" ကျိုးကျွင်းက လေးနက်စွာပြောသည်။

လီဟမ်ရှန်း မျက်နှာထား ပြောင်းသွားလေ၏။ သူက ဖင်ကို စိုက်ကြည့်ရင်း မေးခွန်းတစ်ခု စဉ်းစားနေတာတဲ့လား။

"အစ်ကို၃….." လီဟမ်ရှန်းကပြောသည်။ "ကျွန်တော် မူဟိုင်ဖုန်းတောင်ကို ဝင်ပြီးကတည်းက အစ်ကိုကျွန်တော့်ကို အမြဲကူညီခဲ့တယ်။ အစ်ကို့ရဲ့ကြင်နာမှုကို ကျွန်တော်တစ်သက်လုံး အမှတ်ရနေမှာပါ။ အစ်ကို့ကို ဘာမဆိုကူညီပေးနိုင်ပေမယ့် ဒီတစ်ခုတော့ ကျွန်တော်တကယ်မတတ်နိုင်ဘူး"

ကျိုးကျွင်း -"???"

"ဘာမလို့လဲ…." ကျိုးကျွင်း ရှုပ်ထွေးသွားသည်။

"ဘာတွေတွေးနေတာလဲ…" လီဟမ်ရှန်းလည်း ထိတ်လန့်သွားသည်။ သူ စိတ်ရှုပ်ဟန်ဆောင်နေသေးတာလား။

"မင်းက ဘယ်လိုမျိုး နတ်ဆိုးကျင့်စဉ်ကို လေ့ကျင့်ထားလဲ ငါသိချင်နေတာ။" ကျိုးကျွင်းက မျက်မှောင်ကြုတ်လိုက်သည်။

"မင်း မူဟိုင်ဖုန်းတောင်ကို ရောက်ကတည်းက အမ၂တောင် မင်းကို လူကိုယ်တိုင်လာတွေ့တယ်။ စိတ်ဝိညာဉ်ကြက်ကို မင်းစိတ်တိုင်းကျစားဖို့ ပေးခဲ့ပြီး အမွှေးတွေကိုလည်း သန့်စင်ပြီး မင်းဆီ ပို့ပေးခဲ့တယ်။"

"ကွမ်လန်နန်းတော်ရဲ့ ပါရမီရှင် တပည့် လုရှီရန်ကလည်း မင်းကို မြင်မြင်ချင်း လက်ထပ်ချင်ပုံရတယ်။"

"အခုလည်း ယောက်ျားတွေမြင်ရင် မျက်နှာကြောတင်းတဲ့ နတ်မိမယ်စုန့်ကတောင် မင်းအတွက် အရမ်းနူးညံ့နေတယ်။" ထိုအချိန်တွင် ကျိုးကျွင်း၏ မျက်လုံးများ နီရဲလာသည်။

"ညီ၄…အဲ့အကြောင်းတွေးရင်းနဲ့ မင်းရဲ့ ကျင့်ကြံမှုက အရမ်းအန္တရာယ်များတယ်လို့ ငါ ခံစားရတယ်။ ဘယ်လိုနတ်ဆိုး ပန်းချီကားကို မင်းနားလည်နိုင်ခဲ့တယ်မသိဘူး။ ဒါပေမယ့် တစ်ခုခုတော့ မှားနေတယ်လို့ ခံစားရတယ်။"

"ဒီပန်းချီကားကို ပေးလိုက်ရင် ပိုကောင်းမယ်။ လောကကြီးကို အန္တရာယ်မဖြစ်အောင် တိတ်တိတ်လေး ဖျက်ဆီးခွင့်ပြုပါ။"

"အကို…..ဘာတွေပြောနေတာလဲ။ ဒီလိုပန်းချီကားက ဘယ်မှာလဲ။" လီဟမ်ရှန်းမှာ ပြောစရာစကားလုံးများပင် ပျောက်ဆုံးသွားသည်။

"ညီ၄….မင်းဒီပန်းချီကားကို ငါနားလည်ဖို့ ငှားပေးရင် အခုကစပြီး အကိုကြီးဆိုတဲ့ ဂုဏ်ပုဒ်ကို စွန့်ပြီး မင်းတံခါးအောက်မှာ ကိုးကွယ်ပါမယ်။" ကျိုးကျွင်း၏ မျက်ဝန်များမှာ အသနားခံနေပေ၏။

ကျိုးကျွင်း၏ အမူအရာကိုမြင်သောအခါ လီဟမ်ရှန်း တခစ်ခစ်ရယ်မိသည်။ "အစ်ကို… နောက်နေတာရပ်လိုက်တော့။ ဒီလိုမျိုး ကျင့်စဉ်က ဘယ်မှာရှိမှာလဲဗျာ။ အဲလို ဟာသတွေ မလုပ်စမ်းပါနဲ့။ ဒုတိယညီမက ကျွန်တော်က အငယ်ဆုံးတပည့်မို့လို့ ပြီးတော့ ကျွန်တော့်ရဲ့ ကျင့်ကြံမှုကလည်း အားနည်းတဲ့အတွက် ကျွန်တော့်ရဲ့ ကျင့်ကြံမှုကို အားဖြည့်ပေးဖို့ စိတ်ဝိညာဉ်ကြက်ကို ပေးချင်ခဲ့တာပါ။”

"လုရှီရန် အကြောင်းတော့ ပြောမနေနဲ့တော့။ သူက လောကအကြောင်းကို နားလည်မှုမရှိတဲ့ ငတုံးမလေးပဲ။ သူ့ရဲ့တွေးခေါ်မှုပုံစံတွေကို အစ်ကိုသာသိရင် အစ်ကို သာမန်လူတစ်ယောက်အဖြစ်က‌နေ တဖြည်းဖြည်း ဝေးဝေးသွားလိမ့်မယ်။"

"အစ်မချင်းကောကတော့ တကယ်ကို သဘောကောင်းတယ်။ အပြင်မှာ လိုက်နှောက်ယှက်သူတွေ များလွန်းတာကြောင့် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့အတွက် အေးစက်နေပုံရတယ်။ တကယ်တော့ သူက အရမ်းနူးညံ့ပြီး ကျွန်တော့်ကိုလည်း ကောင်းကောင်းဆက်ဆံတယ်။"

လီဟမ်ရှန်း၏ရှင်းပြချက်ကိုကြားပြီးနောက် ကျိုးကျွင်းသည် ကူကယ်ရာမဲ့သက်ပြင်းချမိသည်။

"ညီ၄….မင်းလည်း ပါးနပ်လာပြီပဲ။ ဒီလိုကျင့်စဉ်မျိုးကို လျှို့ဝှက်ထားပြီး လက်ဆင့်ကမ်းပေးမှာမဟုတ်ဘူးလေ။ မင်းငါ့ကို မပြောပြနိုင်တာ ပုံမှန်ပါဘဲ။ အစ်ကို၃က မင်းကို အပြစ်မတင်ပါဘူးကွာ။"

လီဟမ်ရှန်း- "......"

ဒီထက်ရှင်းအောင်လည်း ရှင်းပြနိုင်တော့မယ့်ပုံ မပေါ်ဘူး…။

သိပ်မကြာခင်မှာပဲ လီဟမ်ရှန်း အခြေစိုက်စခန်းသို့ ပြန်ရောက်ခဲ့လေသည်။

All Chapters