← Chapters

အခန်း (၁၈၉)

Vol. 18 Ch. 189

အခန်း (၁၈၉)

Vol. 18 Ch. 189

"ဘုရားရေ….ချောလိုက်တာ…." အချို့သော အမျိုးသမီး တပည့်များသည် ချန်ကွမ်၏ ရုပ်ရည်ကို မြင်ပြီး ချန်ကွမ်အား ချောမောသည်ဟု ထင်မြင်ကြသည်။

"ငါ့အတွက် ဒီလိုလုပ်ပေးမယ့် ကောင်လေးသာရှိလျှင် ဒီဘဝမှာ နောင်တရစရာ မလိုတော့ဘူး။" တပည့် အမျိုးသမီး တစ်ယောက်က မနာလိုစွာဖြင့် ပြောလေ၏။

"အင်း….ဒီခေတ်လူငယ်တွေကွာ…" အကြီးအကဲတစ်ယောက်က ရယ်မောပြီး သူ့ငယ်ဘဝ နေ့ရက်များကို ပြန်အမှတ်ရမိသည်။

ထိုအချိန်တွင် ချန်ကွမ်သည် အာရုံစူးစိုက်မှုများ၏ ဗဟိုချက်ဖြစ်လာသည်။

တစ်ဖက်တွင် ယန်စီသည် မျက်ရည်ကျနေပြီဖြစ်၏။

အစ်ကိုကြီးချန်ကွမ်မှ ထိုသို့လုပ်လိမ့်မယ်လို့ သူမ ဘယ်တုန်းကမျှ မမျှော်လင့်ထားခဲ့ပေ။

ချန်ကွမ်ကို ကြည့်ရင်း သူမအပေါ် အလွန်ချစ်မြတ်နိုးသည်ကို ယန်စီ ခံစားမိသည်။

ထိုအတောအတွင်း အဝေးမှခေါင်မိုးပေါ်၌ လုရှီရန်သည် စားသောက်ရင်း မြင်ကွင်းကိုကြည့်နေမိသည်။

"ဒါက စိတ်ဝင်စားဖို့ကောင်းပုံပဲ။ ငါ့ခင်ပွန်းလည်း အနာဂတ်မှာ ငါ့အတွက် ဒီလိုလုပ်ပေးသင့်တယ်။"

"ဟက်ချိုး…" လီဟမ်ရှန်းမှာ ကျောချမ်းသွားပေ၏။ အခုလေးတင် ဘာဖြစ်သွားတာလဲ။ ဘာလို့ရုတ်တရတ်ကြီး ဖျားချင်ချင် ဖြစ်လာရတာလဲ။

ချန်ကွမ်သည် မျက်ရည်များ ဖုံးလွှမ်းနေသော ယန်စီ၏မျက်နှာကို ကြည့်ပြီး သူမကို ဖက်လိုက်သည်။

"ညီမငယ်…ငါ မင်းကို ကောင်းကောင်း ဆက်ဆံပါ့မယ်။"

သို့သော် တပည့်များစွာက ရွှင်လန်းစပြုလာသည်နှင့်အမျှ ရုတ်တရက် အော်သံက လေထုကို ရိုက်ခတ်သွားခဲ့သည်။

အသံမှာ အထူးစူးရှသည်။ လူတိုင်း အသံကို လိုက်ကြည့်သောအခါ တော်ဝင်မိသားစုမှ တပည့်တစ်ဦးသည် လမ်းပေါ်သို့ ပြေးလာသည်ကို တွေ့လိုက်ရသည်။ သူသည် အလွန်နာကျင်နေပေ၏။ ခြေလှမ်းအနည်းငယ် လှမ်းမလှမ်းမီတွင် အနက်ရောင် မီးခိုးငွေ့များ သူ့ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး မြေပြင်ပေါ်သို့ လဲကျသွားသည်။

အသက်တစ်ရှိုက်ပင် မရှုတော့ချေ။

"ဘာတွေဖြစ်နေတာလဲ…."

လူတိုင်း အလွန်အံ့သြသွားကြသည်။

တပည့်တစ်ယောက်က ဒီလိုမျိုး ဘယ်လိုသေနိုင်မှာလဲ။

"မကောင်းတော့ဘူး…. အဆိပ်ပဲ။"

ဤအခိုက်အတန့်တွင် အဝေးဆုံးအိမ်မှ လူသုံးဦး၊ မူလအဆင့် အကြီးအကဲနှစ်ဦးနှင့် တော်ဝင်မိသားစုမှ တပည့်တစ်ဦးတို့ ပြေးထွက်လာကြသည်။ သူတို့သုံးယောက်က ဝူမိသားစုမှဖြစ်ပေ၏။

မနက်ဖြန် အပြင်ထွက်ပြီး ဘာစားရမည်ကို ဆွေးနွေးနေကြသော်လည်း ရုတ်တရက် ပြောင်းလဲသွားနိုင်ကြောင်း မည်သူသိမည်နည်း။

သူတို့တပည့်များထဲက တစ်ယောက်လည်း ထိုအတိုင်း သေဆုံးသွားလေသည်။

"ဟိုမှာကြည့်….."

ထိုစဉ် လူတစ်ယောက်က အဝေးကို ညွှန်ပြလေသည်။

ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်၏ လမ်းကြောင်းအရပ်ရပ်မှ ခရမ်းရောင် အခိုးအငွေ့များ ထွက်ပေါ်လာလေ၏။

မြူခိုးများက တဖြည်းဖြည်း မြင့်တက်လာပြီး လူတိုင်းရှိရာဆီသို့ တရွေ့ရွေ့ ရွေ့လျားလာခဲ့သည်။

ထိုအချိန်တွင် ဂိုဏ်းပေါင်းစုံမှ စွမ်းအားရှင်အားလုံးသည် အိမ်ခေါင်မိုးပေါ်သို့ လျင်မြန်စွာ ခုန်တက်ကြသည်။

"အားလုံးပဲ…..အဲဒီအရာနဲ့ ဝေးဝေးနေပါ။ ခရမ်းရောင်အခိုးအငွေ့တွေကို မရှူရှိုက်မိပါစေနဲ့။"

ထိုအချိန်တွင် လူစုလူဝေး၏အလယ်တွင် လမ်းပေါ်၌ ရုပ်သွင်တစ်ခု ပေါ်လာသည်။

ဆေးဘုရင်တောင်ကြားမှ ယန်ကျန်းထောင် ဖြစ်၏။

ယန်ကျန်းထောင်သည် အဝေးက ခရမ်းရောင် အခိုးအငွေ့များကို လေးနက်စွာ ကြည့်နေသည် ။

ထိုအရပ်အနီးရှိ ဂိုဏ်းဂဏများနှင့် တော်ဝင်မိသားစုများအားလုံး အလယ်တွင် လျင်မြန်စွာ စုရုံးခဲ့ကြသည်။

"အစ်ကိုယန်….အဲဒါ ဘာလဲ" ထိုအချိန်တွင် သံဓားဂိုဏ်းမှ ယုဖန်ရှန်းသည် ယန်ကျန်းထောင်ဆီသို့ လျှောက်လာပြီး မေးလိုက်သည်။

"ဒါက တိမ်ကန္တာရထဲက အဆိပ်ငွေ့တွေပဲ။" ယန်ပါးထောင်က ပြန်ဖြေလေသည်။ "တိမ်ကန္တာရရဲ့ ရေအိပ်မက်စိမ့်တောက ဆင်းသက်လာတာ။ ဒါပေမယ့် ဒီအဆိပ်ငွေ့တွေက ဘာလို့ ဒီမှာပေါ်လာလဲဆိုတာ ငါမသိဘူး။"

"ရေအိမ်မက် စိမ့်တော…"

ယုဖန်ရှန်း၏ မျက်နှာထားသည် ပြောင်းလဲသွားသည်။ တိမ်ကန္တာရထဲရှိ ရေအိပ်မက်စိမ့်တောသည် အလွန်အန္တရာယ်များသောနေရာဖြစ်ပြီး တစ္ဆေများပင် မဝင်ဝံ့သောနေရာတစ်ခုဟု လူသိများသည်။

လီချန်ချင်းနှင့် အခြားသူများကလည်း ခရမ်းရောင်အခိုးအငွေ့ကို ကြည့်နေကြသည်။ လီချန်ချင်းသည် ၎င်းမှာ ထာဝရရှင်သန်ခြင်းဂိုဏ်း၏ လက်ချက်ဖြစ်ဖွယ်ရှိကြောင်း သူ့စိတ်ထဲတွင် သိထားနှင့်သည်။

ဒါပေမယ့် ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘာလုပ်ချင်တာလဲ။ အရှေ့ပိုင်း ဆိတ်ငြိမ်ခြင်းမြေက စွမ်းအားရှင်အားလုံးကို အဆိပ်ငွေ့နဲ့ အဆိပ်ခတ်ချင်တာလား။"

ဒါ နည်းနည်းတော့ ဟာသဖြစ်မနေဘူးလား။

ဤအဆိပ်ငွေ့သည် အမှန်တကယ်ပင် အစွမ်းထက်သော်လည်း စွမ်းအားရှင်များကြားတွင် အထူးအဆင့်များစွာရှိသည်။ ထိုအဆိပ်ငွေ့များဖြင့် အထူးအဆင့်များကို တွန်းလှန်ခုခံနိုင်မည်ဟု တွေးနေပုံပေါ်သည်။

ယင်းသည် အိပ်မက်တစ်ခုသာသာ ဖြစ်လေ၏။

"အကြီးအကဲယန်….ကျွန်တော်တို့ ဘာလုပ်သင့်လဲ။" တစ်ယောက်က အမြန်မေးလေသည်။

"ထိတ်လန့်ကြောက်ရွံ့မနေကြနဲ့။" ယန်ကျန်းထောင်က ပြန်ဖြေသည်။

"ဒီအဆိပ်ငွေ့က တကယ်ကို အစွမ်းထက်ပေမယ့် မင်းရဲ့ခန္ဓာကိုယ်ထဲကို မရောက်သရွေ့ အဆင်ပြေတယ်။ ဒါ့ပြင် ဆေးဘုရင်တောင်ကြားက ငါတို့က ဒီအတွက်ပြင်ဆင်လာပါတယ်ကွ။ ဆေးတွေ အများကြီးယူလာတယ်။"

"ချင်းကော…." ယန်ကျန်းထောင်က အဝေးကို လှမ်းအော်လိုက်သည်။

"ဦးလေးယန်…." မူချင်းကောရောက်လာပြီး ပုလင်းငယ်လေးကို ထုတ်ပေးလိုက်သည်။

"ဒါက ငါတို့ဆေးဘုရင်တောင်ကြားရဲ့ ကြည်လင်ခြင်းစိတ်ဝိညာဉ်ရေ ဖြစ်ပဲ။ အဆိပ်တွေအားလုံးကို သန့်စင်ပေးနိုင်တယ်။ ဒါကို ငါတို့ရဲ့နှာခေါင်းမှာ သုတ်လိမ်းထားသရွေ့တော့ ငါတို့ အဆင်ပြေသွားမှာပါ။" ယန်ကျန်းထောင်က ဆက်ပြောသည်။ "ဒါပေမယ့် ငါတို့က လူအများကြီးဆိုတော့ အားလုံးသုတ်လိမ်းနိုင်ဖို့ မဖြစ်နိုင်ဘူး။"

"ရေနည်းနည်းယူလိုက်ပါ။ ကြည်လင်ခြင်းစိတ်ဝိညာဉ်ရေထဲကိုလောင်းလိုက်မယ်။ ပြီးရင် အဝတ်စစိမ်ပြီး မျက်နှာပေါ်အုပ်ထားလို့ရတယ်။ အဲဒီနည်းနဲ့ဆို ငါတို့အဆိပ်သင့်မှာမဟုတ်ဘူး။"

ယန်ကျန်းထောင်က လူတိုင်းကို ပြောပြသည်။

"အကြံကောင်းပဲ…."

အချို့သော တပည့်များသည် ကောင်းကင်ချေဖျက် တစ္ဆေမြို့တော်တော်ရှိ ရှေးရေတွင်းမှ ရေကို အမြန်သွားယူကြသည်။

ခဏကြာသောအခါ ရေက အဆင်သင့်ဖြစ်နေပြီဖြစ်ပြီး လူတိုင်းက သူတို့ပု့အဝတ်များကိုစိမ်ပြီး ပါးစပ် နှာခေါင်းကို အုပ်ဖို့ အမြန်တန်းစီကြလေသည်။

ကံကောင်းထောက်မစွာပင် အဆိပ်ငွေ့သည် အလွန်နှေးကွေးစွာ ရွေ့လျားနေပြီး လူတိုင်းကို အချိန်လုံလောက်စွာပေးသည်။

ထိုသို့သာမဟုတ်လျှင် လူအများစု ဤနေရာတွင် ကျရှုံးကြရမည်ဖြစ်သည်။

"မင်း မသုံးဘူးလား။" ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို ကြည့်လိုက်သည်။

လီချန်ချင်းသည် အဝတ်တစ်ထည်ယူရန် မသွားသည်ကို သူသတိပြုမိသည်။

"ငါ မလိုဘူး။"

လီချန်ချင်းသည် မျက်နှာဖုံးကို ၀တ်ထားသည်။ ပါးစပ်နဲ့ နှာခေါင်းကို အဝတ်နဲ့ မည်သို့ဖုံးနိုင်မည်နည်း။

သူ့မျက်နှာဖုံးကို ချွတ်လိုက်လျှင် သူ့မည်သူမည်ဝါဖြစ်သည်ကို ထုတ်ဖော်ခံရလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် လီချန်ချင်းသည် ၎င်းကို ကိုင်တွယ်ရန် ရည်ရွယ်ချက်မရှိပေ။ ထိုအဆိပ်ငွေ့က သူ့အတွက် အသုံးမဝင်ချေ။ သူ၏ စိတ်ဝိညာဉ်စွမ်းအားက သူ့အနီးဝန်းကျင်တွင် ဖြန့်ကျက်လျက် ဒိုင်းတစ်ခုကဲ့သို့ ကာပေးထားလေသည်။

အဆိပ်ငွေ့သည် သူ့ကို လုံးဝမထိနိုင်ချေ။ လီချန်ချင်းသည် ၎င်းကို တိတ်တဆိတ်လုပ်နေခဲ့ပြီး မည်သူကမျှ သူ့စွမ်းအားကို သုံးနေမှန်း မသိကြချေ။

ရွှယ်ချမ်းပိုင်သည် လီချန်ချင်းကို မထင်မှတ်ပဲ စိုက်ကြည့်ခဲ့သော်လည်း စကားများစွာ မပြောခဲ့ပေ။

တခြားသူများကဲ့သို့ပင် မျက်နှာကို စိုစွတ်သည့် အဝတ်များဖြင့် ဖုံးအုပ်ထားလေ၏။

အခြားသူများသည် လီချန်ချင်းကဲ့သို့ စွမ်းအားကို အဆမတန် မသုံးနိုင်ချေ။ ဤနေရာတွင် ၎င်းတို့၏ အတွင်းအားကို ထိန်းသိမ်းစောင့်ရှောက်ထားရန် လိုအပ်သည်။

တစ်ချိန်တည်းမှာပင် အဆိပ်ဓာတ်ငွေ့၏ အသွင်အပြင်သည် အလွန်ထူးဆန်းလာပြီး အန္တရာယ်ကြီးတစ်ခုနီးကပ်လာသည်ဟုထင်ရသောကြောင့်လူတိုင်းသတိရှိလာသည်။

ဖြစ်လာတော့မည့်အန္တရာယ်နှင့် နှိုင်းယှဉ်ပါက ဤအဆိပ်ငွေ့သည် အမြည်းစားစရာတစ်ခုထက် မပိုကြောင်း လူတိုင်းခံစားမိကြသည်။

အဆိပ်ငွေ့သည် ဖြည်းဖြည်းချင်း လူတိုင်းကို ဖုံးအုပ်လာလေ၏။

ဤခရမ်းရောင်အဆိပ်ငွေ့ သည် လူတို့၏အမြင်အာရုံကို အဟန့်အတားဖြစ်စေပြီး ရှင်းရှင်းလင်းလင်းမြင်ရခက်စေသည်။

ကံကောင်းထောက်မစွာ ဆေးဘုရင်တောင်ကြားမ ကြည်လင်းခြင်း စိတ်ဝိညာဉ်အရည်သည် အမှန်တကယ်အသုံးဝင်ပြီး အဆိပ်ငွေ့ကြောင့်မည်သူမျှထိခိုက်ခြင်းမရှိတော့ပေ။

"သတိထားကြ….တခြားအန္တရာယ်တွေ ဘယ်အချိန်ရောက်လာမယ်ဆိုတာ ငါတို့မသိနိုင်ဘူး။ သတိနဲ့နေပြီး ရန်သူရဲ့ တိုက်ခိုက်မှုတွေကို သတိထားပါ။"

ထိုအချိန်တွင် သန်မာသောလူအချို့သည် သူတို့၏တပည့်များကို သွန်သင်နေလေသည်။

ထိုလူများသည် အစွန်းတွင် ဖြစ်သည်။

""တာရှန်….နောက်ထပ် ရေသွားယူဦး။" ထိုအချိန်တွင် သံဓားဂိုဏ်းမှ အကြီးအကဲတစ်ဦးမှ တပည့်တစ်ဦးအား အမိန့်ပေးနေသည်။ "မင်းလက်ထဲက အထည်တွေ ခြောက်တော့မယ်။"

"ဟုတ်ကဲ့။"

တာရှန်ဟုခေါ်သော တပည့်သည် ရေပုံးကို အလျင်အမြန် ကောက်ယူကာ ရေယူရန် ပြေးသွားခဲ့သည်။

ရှေးခေတ်ရေတွင်းသည် သူတို့နေထိုင်ရာနှင့် မဝေးလှပေ။

တာရှန်သည် ယခင်က ရေကို အကြိမ်ကြိမ်ယူခဲ့ဖူးပြီး လုပ်ငန်းစဉ်နှင့် အလွန်ရင်းနှီးခဲ့သည်။

သို့သော် ခဏအကြာတွင် တာရှန်သည် တစ္ဆေတစ်ကောင်ကို တွေ့သကဲ့သို့ ဟန်အမူအရာဖြင့် ပြန်ပြေးလာလေ၏။ "အကြီးအကဲ….တစ်ခုခု‌တော့မှားနေပြီ။"

"ဘာတွေ အရမ်းကြောက်နေတာလဲ။" သံဓားဂိုဏ်းမှ အကြီးအကဲက မျက်မှောင်ကြုတ်ကာ မေးသည်။

"ရေတွင်း... ရေတွင်း မရှိတော့ဘူး။"

တာရှန်က ကြောက်ရွံ့သော မျက်နှာဖြင့် ပြောလိုက်သည်။

"ဘာ…." အကြီးအကဲသည် အနည်းငယ် အံ့ဩသွားမိသည်။ "အဓိပ္ပါယ်မရှိတာ ရေတွင်းက ဘယ်လိုလုပ်ပြေးနိုင်မှာလဲ။ မင်းရှင်းရှင်းလင်းလင်း မမြင်ရလို့ နေရာမှားသွားတယ်ထင်တယ်။"

"မဖြစ်နိုင်ဘူး၊ အဲဒါ သေချာတယ်။" တာရှန်က သူမှန်သည်ဟု အခိုင်အမာဆိုသည်။

ထိုအချိန်တွင် ယုဖန်ရှန်းသည် စကားတစ်ခွန်းမှ မပြောဘဲ ရေတွင်းရေရှိရာသို့ ပြေးသွားခဲ့သည်။

ခဏကြာသောအခါ ယုဖန်ရှန်းပြန်ရောက်လာပြီး ခေါင်းခါလိုက်သည်။ "ရေတွင်း တကယ်မရှိတော့ဘူး။"

ဤထုတ်ပြန်ချက်သည် အရှေဘက်ဆိတ်ငြိမ်ခြင်းမြေရှိ သန်မာသောလူအားလုံးကို အေးခဲသွားစေခဲ့သည်။

အရင်က အဆင်ပြေနေတဲ့ ရေတွင်းက ရုတ်တရက် ပျောက်သွားတာလား။

ရေတွင်းက သူ့ဟာသူ ပြေးနိုင်လို့လား။

ရှေးဟောင်းတာအိုတောင်တန်းမြေနှင့် ကျန်းဟဲအိမ်တော်မှ တပည့်များသည် စုဝေးကြသည်။ လီချန်ချင်းသည် အန္တရာယ်ကို စိုးရိမ်သောကြောင့် လီဟမ်ရှန်းနှင့် အနီးကပ်နေသည်။ သို့မှသာ တခုခုဖြစ်သည်နှင့် သူလှုပ်ရှားနိုင်လိမ့်ပေမည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားပြီး အားလုံးက အပြောင်းအလဲများကို သတိထားနေကြသော်လည်း ဘယ်သူမှ စကားမပြောကြချေ။

ဤအချိန်မျိုးတွင် သူတို့ ကြုံသလို မပြေးနိုင်တော့ဘဲ ထောင်ချောက်ထဲ လွယ်လွယ်နဲ့ ကျသွားနိုင်ပေ၏။ သူတို့ အခုလုပ်ရမည့်အရာမှာ စောင့်ဆိုင်းရန်သာ ဖြစ်လေသည်။

အပြောင်းအလဲများကိုစောင့်နေရုံသာ ဖြစ်သည်။

လေထုသည် အလွန်အမင်း ဖိနှိပ်လာခဲ့သည်။

ဖိနှိပ်မှုမှာ စိတ်မသက်မသာဖြစ်သဖြင့် သူတို့၏ကိုယ်ပိုင်နှလုံးခုန်သံကို ကြားနိုင်ပုံရသည်။

နှစ်နာရီကြာပြီးနောက် ခရမ်းရောင်အဆိပ်ငွေ့သည် လေနှင့်အတူ တဖြည်းဖြည်းပျောက်ကွယ်သွားသည်။

လူတိုင်းက သူတို့ရှေ့က မြင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပေ၏။

ယင်းကြောင့် လူများစွာ သက်ပြင်းချနိုင်ခဲ့သည်။

သို့သော် အဆိပ်ငွေ့သည် လုံးဝပျောက်ကွယ်သွားသောအခါ အရှေ့ဘက်ဆိတ်ငြိမ်ခြင်းမြေမှ အားကြီးသောလူများအားလုံး သူတို့ရှေ့မှ မြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။

ထိုအချိန်တွင် ကြီးမားသော ဧကရာဇ်မြို့ကြီးသည် သူတို့၏မျက်စိရှေ့တွင် ပေါ်လာသည်။

ဧကရာဇ်မြို့တော်ကြီးသည် ကြီးကျယ်ခမ်းနားလှပေ၏။

အကန့်အသတ်မရှိ ကျယ်ပြောလှသည်။

လူတိုင်း၏ရှေ့ရှိ ထိုမြို့တော်ကြီးမှာ ပင်လယ်ပြင်ထက်တွင် သောင်ထွန်းနေသည့်အလား ထင်ရှားနေခဲ့သည်။ မရေမတွက်နိုင်သော နှစ်များကြာပြီးသည့်တိုင် ဧကရာဇ်မြို့တော်မှ စိမ့်ဝင်လာသော အရှိန်သည် အလွန်စူးရှနေသေးသည်။

ယင်းသည် လူတိုင်းကို ပြင်းထန်သည့် ဖိနှိပ်မှုကို ခံစားရစေပေ၏။

"ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်ရဲ့ ဧကရာဇ်မြို့တော်ကြီး…."

သန်မာသောလူတစ်ယောက်က ကြောင်တက်တက်ဖြင့် ရေရွတ်လိုက်သည်။

ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်သည် မယုံနိုင်လောက်အောင် ကျယ်ပြောလှသည်။ နှစ်များတစ်လျှောက်တွင် တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင်ပါဝင်သူ မည်သူမျှ ဧကရာဇ်မြို့တော်သို့ မရောက်ဖူးကြချေ။

ဆယ့်သုံးရက်လောက်က ဧကရာဇ်မြို့တော်၏ ဗဟိုအူတိုင်ကို ထိတွေ့ရန် မလုံလောက်ချေ။

ယနေ့တွင် သူတို့သည် ဧကရာဇ်မြို့တော်ကြီးကို အမှန်တကယ် မြင်ခဲ့ကြရသည်။

ဤဧကရာဇ်မြို့တော်တွင် တစ်ချိန်က ဒဏ္ဍာရီလာပုဂ္ဂိုလ်တစ်ဦးရှိခဲ့ဖူးသည်။

ကောင်းကင်ချေဖျက်တစ္ဆေစွမ်းအားရှင်…..

ခေတ်တစ်ခေတ်ရဲ့ ပြိုင်ဘက်ကင်း စွမ်းအားရှင်….

စစ်မှန်သော မြေလျှောက်အင်မော်တယ်တပါး….

All Chapters