အခန်း (၁၉၀)
Vol. 18 Ch. 190
ထိုခေတ်တွင် ဒဏ္ဍာရီလာဖြစ်ခဲ့သည့်တိုင် နှစ်ပေါင်းရာနှင့်ချီ၍ သို့မဟုတ် ထောင်နှင့်ချီပြီးနောက်တွင်ပင် "မြေအင်မော်တယ်" ဟူသော စကားလုံးလေးလုံးသည် အလွန်အစွမ်းထက်သော အဟန့်အတားတစ်ခု အဖြစ် ရှိနေသေးသည်။
ဤအခိုက်အတန့်တွင် ကောင်းကင်ချေဖျက်မြို့တော်၏ ဧကရာဇ်မြို့သည် လူတိုင်းရှေ့တွင် ပေါ်လာပြီး သူတို့၏စိတ်နှလုံးကို မသာမယာဖြစ်စေသည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ.."
သန်မာသူတစ်ဦးချင်းစီပင် ဤနေရာတွင် သူတို့အဆုံးသတ်ရမည်လောကို မသိတော့ဘဲ ငေးကြည့်နေမိကြသည်။
ဤအခြေအနေသည် ထူးဆန်းလွန်းသဖြင့် လူတိုင်းကို အနည်းငယ် ပဟေဠိဖြစ်စေခဲ့သည်။
လီဟမ်ရှန်းနှင့် အခြားသော မျိုးဆက်သစ်လူငယ်များသည်လည်း ဧကရာဇ်မြို့တော်ကို ကြည့်ရှုနေကြပြီး သူတို့၏ နှလုံးသားများမှာ ခံစားချက်များဖြင့် ပြည့်နှက်နေသည်။ ဧကရာဇ်မြို့တော်၏ ဖိနှိပ်ချုပ်ချယ်မှု အရှိန်အဝါသည် လေထုကို ပြည့်လျှံစေပြီး ဒူးထောက်ကိုးကွယ်ရန် တွန်းအားတစ်ခုပင် ပေးစွမ်းကာ ၎င်းတို့ကို ကြောက်ရွံ့ထိတ်လန့်စေသည်။ သူတို့တစ်သက်လုံး ဤမြင်ကွင်းကို ဘယ်သောအခါမျှ မေ့မည်မဟုတ်ချေ။
လူတိုင်း အနည်းငယ် ထိတ်လန့်သွားကြသည်။
ဤအခိုက်အတန့်တွင် သူတို့သည် အဆုံးမရှိသော အဆောက်အအုံများနှင့် မရင်းနှီးသော ရှေးခေတ်လမ်းများ ရှိနေဆဲဖြစ်သော ၎င်းတို့နောက်ကို ကြည့်လိုက်ကြသည်။
တစ္ဆေနတ်ဆိုးစမ်းသပ်မှုအဝင်ဝကနေ မည်မျှဝေးသည်ကို မသိကြချေ။ ယခုအခါ ၎င်းတို့သည် အလွန်အန္တရာယ်များသော အခြေအနေတွင် လုံးဝပိတ်မိနေခဲ့ပေ၏။
နားမလည်နိုင်သော အန္တရာယ်တစ်ခု….
အင်အားကြီးသူအားလုံးသည် မိမိတို့၏လက်နက်များကို ဖြည်းညှင်းစွာဆွဲကိုင်ကာ သတိထားနေကြသည်။ နောက်ပိုင်း မည်သည်တို့ ဆက်ဖြစ်မည်ကို မည်သူမျှ မသိကြချေ။ အလွန်ခက်ခဲတဲ့တိုက်ပွဲကို ရင်ဆိုင်ကြရပေလိမ့်မည်။
"သတိထား….. ငါတို့ ထောင်ချောက်ထဲ ကျသွားနိုင်တယ်။" ဆေးဘုရင်တောင်ကြားမှ ယန်ကျန်းထောင်သည် ပတ်ပတ်လည်ကို လှမ်းကြည့်ကာ ပြောလိုက်သည်။
"ဒီအချိန်က ငါတို့ဂိုဏ်းအားလုံး စည်းလုံးညီညွတ်ဖို့ အချိန်ရောက်ပြီ။ မဟုတ်ရင် ငါတို့ ရုန်းထွက်နိုင်မှာ မဟုတ်ဘူး။ အားလုံးပဲ လူစုခွဲမနေကြနဲ့။" ယုဖန်ရှန်းကလည်း ကျယ်လောင်စွာပြောသည်။
"ကန့်ကွက်စရာမရှိပါဘူး။" ပြန်လမ်းမရှိဂိုဏ်းမှ အကြီးအကဲသည် ပထမဆုံး ထောက်ခံပြောဆိုသူဖြစ်သည်။
"ကျုပ်တို့လည်း ကန့်ကွက်စရာမရှိပါဘူး။" နှင်းလင်းယုန်နန်းတော်မှ မိုဟန်ကလည်း နှင်းလင်းယုန်နန်းတော်၏ တပည့်များကို အလယ်တွင်စုရုံးရန် ညွှန်ကြားခဲ့သည်။
“သဘောတူတယ်…” ရှေးဟောင်းတာအိုတောင်တန်းမြေမှ တစ်စုံတစ်ယောက်ကလည်း ပြောသည် ။
လီချန်ချင်းကလည်း ကျန်းဟဲအိမ်တော်ကိုယ်စား သဘောတူခဲ့သည်။
ယခုအချိန်မှာ ဂိုဏ်းအားလုံးက စည်းလုံးဖို့ သဘောတူခဲ့ကြလေ၏။
သူတို့ကြားက ရန်ငြိုးများ ရှိခဲ့လျှင်ပင် သူတို့၏ ကွဲပြားမှုများကို ဘေးဖယ်ထားပြီး လက်ရှိ အခြေအနေကို အရင် ကိုင်တွယ်ဖြေရှင်းရပေမည်။
"ကျုပ်တို့ပတ်ဝန်းကျင်မှာ သဲလွန်စတွေရှိတယ်။ ရွှေ့ပြောင်းခြင်းဖွဲ့စည်းပုံကိုသုံးပြီး တစ်စုံတစ်ယောက်က ရွှေ့ပြောင်းတာကို ခံလိုက်ရတာပဲ။"
ထိုအချိန်တွင် ကွမ်လန်နန်းတော်မှ လုဟန်ရန်သည် ရှေ့သို့ တိုးလာသည်။
"ဖွဲ့စည်းပုံတစ်ခု…."
"ကျုပ်တို့ခုနက နေရာမှာတုန်းက ဘာဖွဲ့စည်းပုံကိုမှ မတွေံပါဘူး။" လီကျင်းစုန့်လည်း ထွက်လာလေသည်။
"ကျုပ်စစ်ဆေးကြည့်ပြီးပြီ။ ပြီးတော့ ကောင်းကင်ချေဖျက်တစ္ဆေမြို့တော်က ရှေးဟောင်းပုံစံ အကြွင်းအကျန်တွေ ရှိနေရင်တောင် နှစ်ပေါင်းများစွာ စွန့်ပစ်ထားလို့ လွယ်လွယ်နဲ့ အသက်မသွင်းနိုင်ဘူး"
"ရန်သူ ချဉ်းကပ်လာတာကို ကျုပ်တို့ သတိမထားမိဘူး။"
တခြားဂိုဏ်းလူများလည်း ခေါင်းတညိတ်ညိတ်နဲ့ဖြစ်နေကြပြီး သူစိမ်းများချဉ်းကပ်လာနေသည်ကို သတိမထားမိခဲ့ကြပေ။
ထိုသို့မဟုတ်ဘဲ အထူးအဆင့်စွမ်းအားရှင် များစွာ ရှိနေလျှင်လည်း မည်သူက သတိထားမိနိုင်မည်နည်း။
"အပြင်လူမဟုတ်ရင် ကျွန်မတို့ထဲက တစ်ယောက်ဖြစ်ရမယ်။" လုဟန်ရန်၏ အသံသည် ငြိမ်သက်နေလျက် ရှိနေသူတိုင်းကို စူးစူးဝါးဝါး စိုက်ကြည့်လေသည်။ "အဲ့တစ်ခုပဲ အဓိပ္ပာယ်ရှိတယ်။ ကျွန်မတို့ထဲက တစ်ယောက်ယောက်က ယုတ်ညံ့တဲ့ ရည်ရွယ်ချက်နဲ့ဒါကို လုပ်လိုက်တာ။ သူတို့က တစ္ဆေမျိုးနွယ် သဘောတူညီမှု တွေတောင် လုပ်ထားပုံပဲ။"
ထိုစကားကြားသောအခါ လူတိုင်းက လေးနက်လာသည်။
သူတို့ပတ်ဝန်းကျင်ရှိ တခြားဂိုဏ်းကလူများကို သံသယမျက်လုံးများဖြင့် ကြည့်နေကြလေ၏။
မကြာသေးမီက သူတို့သည် စည်းလုံးခြင်းအကြောင်းပြောနေကြသော်လည်း လုဟန်ရန်၏စကားများက သူတို့၏ခုခံမှုကို ပျက်ပြားသွားစေခဲ့သည်။
"မိန်းကလေး ဟန်ရန်….မင်းဒီလိုစကားမျိုး ပြောလို့မရဘူး။" ယွမ်မင်းဆက်မှ ယွမ်ဝူဒီသည် ရှေ့သို့ တိုးလာပြီး အေးစက်စွာ ဟစ်အော်လိုက်သည်။
"မင်း သက်သေမရှိဘဲ ဒီလိုတွေ ပြောရင် ငါတို့ စည်းလုံးညီညွတ်ရေးကို ထိခိုက်မှာ မဟုတ်ဘူးလား။ ငါတို့ တစ်ယောက်ကို တစ်ယောက် သံသယရှိနေရမယ့် အချိန်မဟုတ်ဘူး"
"အဲ့တာဆိုလည်း နောက်ထပ် အကြောင်းပြချက်ကို စဉ်းစားပေးလို့ ရမလား။" လုဟန်ရန်က ပြန်ပြောသည် ။
"ဟန်ရန်ရဲ့ အတွေးကို ကျုပ်သဘောတူပါတယ်။"
ယခုအချိန်တွင် မြောက်ပိုင်းအေးခဲနိုင်ငံမှ ကျမ်းယွမ်ကျိ ဝင်ပြောလေသည်။
"ဒီအကြောင်းပြချက်ကလွဲလို့ ဒီကိစ္စအတွက် တခြားရှင်းပြချက်တစ်ခုမှ မရှိသေးဘူး။ ဒါပေမယ့် မိန်းကလေး ဟန်ရန်….အခုက ဘယ်သူလုပ်တယ်ဆိုတာ စဉ်းစားနေဖို့ အချိန်မဟုတ်ဘဲ ကျုပ်တို့ ဘယ်လိုပြန်မယ်ဆိုတာ စဉ်းစားသင့်တဲ့အချိန်ပဲ။"
"ဒါကတော့ ရိုးရှင်းပါတယ်။ ကျွန်မတို့ ပြောင်းပြန်ဖွဲ့စည်းမှုကို ပြန်လည်အသက်သွင်းနေသရွေ့ ပြန်သွားလို့ရနိုင်ပါတယ်။" လုဟန်ရန်က ပတ်ပတ်လည်ကို လှမ်းကြည့်လိုက်သည်။
"ဖွဲ့စည်းပုံအကြောင်း ဗဟုသုတနည်းနည်းတော့ ရှိတယ်။ ဖွဲ့စည်းမှုကို ပြန်အသက်သွင်းဖို့က မခက်ပါဘူး။ ပတ်ပတ်လည်မှာ ဖွဲ့စည်းပုံ ခြေရာလက်ရာတွေ ကျန်နေသေးပေမယ့် အဲဒါကို ပြန်လည်အသက်သွင်းဖို့အတွက် အနည်းဆုံး ခြောက်နာရီလောက်လိုတယ်။"
"ဒီရှေးဟောင်းဖွဲ့စည်းမှုဟာ အချိန်အကြာကြီး ငြိမ်သက်နေရတာကြောင့် စဉ်ဆက်မပြတ် အသက်သွင်းလို့မရဘူး။"
ခြောက်နာရီလား….
အဲဒါက အကြာကြီးပဲ…..
"ဒါဆိုရင် မိန်းကလေးဟန်ရန်ကို ဒုက္ခပေးမိရပါတော့မယ်။" ယန်ကျန်းထောင်က ခေါင်းညိတ်သည်
"ဒါဆို ကျုပ်တို့ ဒီမှာ ခြောက်နာရီကြာအောင် ထိန်းထားလိုက်မယ်။ အခုထိ ဘာမှ မတွေ့သေးဘူး။ ဧကရာဇ်မြို့ထဲကို မဝင်သေးသရွေ့တော့ ပြဿနာ မရှိလောက်ပါဘူး။"
ထိုထဲသို့ မည်သူမျှ မဝင်ချင်ကြချေ။
"အားလုံး အေးအေးဆေးဆေး စောင့်ကြရအောင်…."
"ကောင်းပြီ….."
တစ်စုံတစ်ယောက် သဘောတူပြီးစဉ်မှာပဲ မှိုင်းညို့နေသည့် အရောင်အဝါက ရုတ်တရက် ဆင်းသက်လာလေသည်။
နောက်အခိုက်အတန့်တွင် အသံဗလံများသည် ကမ္ဘာကို လွှမ်းခြုံသွားကာ လူတို့၏ဆံပင်များကိုပင် ထောင်မတ်သွားစေသည်။ လူတိုင်း၏မျက်နှာထားသည် ပြောင်းလဲသွားကြလေ၏။ အသံသည် ထောင်နှင့်ချီသော တပ်သားများကို သူတို့ဆီသို့ ဦးတည်နေသကဲ့သို့ပင် ဖြစ်သည်.
"ရန်သူ…." သန်မာသော စွမ်းအားရှင်တစ်ယောက်က ဟစ်ကြွေးလိုက်လေ၏။
ဘုန်း…..
မြေပြင်တစ်ခုလုံး စတင်တုန်လှုပ်လာလေ၏။
ရှေးဟောင်းဖုန်များထူသောခံစားချက်တစ်ခု ရုတ်တရက် နိုးထလာပြီး မရေမတွက်နိုင်သော ခေတ်ကာလများအထိ မဖွင့်ရသေးသော နွယ်ပင်များဖြင့် ဖုံးလွှမ်းထားသည့် ကြီးမားသော မြို့တော်ကြီး၏ တံခါးရှစ်ပေါက်သည် ယခုအချိန်တွင် ပွင့်သွားခဲ့သည်။
မြို့ရိုးပေါ်ရှိ စပျစ်နွယ်ပင်များသည် အတွင်းမှ ပြင်းထန်သော စွမ်းအားဖြင့် ကွဲထွက်သွားသကဲ့သို့ ဖြစ်နေသည်။ လေးလံသော မြို့တံခါးများ၏ အသံသည် တုန်ခါမှုနှင့် အတူ လေထုအတွင်း ဖုန်မှုန့်များနှင့် သဲများပါ ဝေ့ဝဲလာသည်။
ထိုအချိန်တွင် မရေမတွက်နိုင်သော မျက်လုံးအစုံတို့သည် မြို့တံခါးများကို စိုက်ကြည့်နေကြသည်။ အတွင်းမှ ထွက်ပေါ်လာသော အံ့သြဖွယ် တစ္ဆေအငွေ့အသက်ကို သူတို့ ခံစားနိုင်ပေ၏။
တစ္ဆေမျိုးနွယ်….
တစ္ဆေမျိုးနွယ်တွေ အများကြီးပဲ…..
"တိုက်ပွဲအတွက်ပြင်ထားကြ…"
ဒေါသတကြီး အော်သံထွက်လာသည်။
တပည့်အပေါင်းတို့သည် လက်နက်ကို ကိုင်ဆောင်ထားကြပြီး အထူးတလည် ကြောက်ရွံမနေတော့ချေ။ ဤရက်ပိုင်းများအတွင်း၌ မရေမတွက်နိုင်သော တစ္ဆေမျိုးနွယ်များကို သတ်ခဲ့ပြီးဖြစ်သည်။
တစ္ဆေမျိုးနွယ်နှင့် ထပ်မံရင်ဆိုင်ရလျှင် သူတို့ကို သတ်ပစ်ရုံသာ ရှိသည်။
ဘာကိုကြောက်ရမှာလ်….
"ညီ၄……သတိထားပါ၊ ငါ့အနားမှာနေ။ လှည့်မပြေးနဲ့။ ဒီအခြေအနေက မရိုးရှင်းဘူးလို့ ငါခံစားရတယ်။" ကျိုးကျွင်းသည် လီဟမ်ရှန်း၏ နံဘေးသို့ ရောက်ရှိလာပြီး သူ့မျက်လုံးများကလည်း စိတ်ပိုင်းဖြတ်မှု အပြည့်ရှိလေသည်။
"အစ်ကို၃… စိတ်မပူပါနဲ့။ ကျွန်တော် အဆင်ပြေမှာပါ။" လီဟမ်ရှန်းသည် အင်မော်တယ်အရှင်သခင်လှံကို ပွတ်တိုက်ရင်း နောက်ထပ် သွေးထွက်သံယို တိုက်ပွဲအတွက် အသင့်ဖြစ်ပြီ ဖြစ်သည်။
"လီဟမ်ရှန်း…."
နန်ဟောင်ဖေး ဖြတ်လျှောက်လာသောအခါ လီဟမ်ရှန်းဆီသို့ သူ့အကြည့်များက ရှုပ်ထွေးသော စိတ်ခံစားမှုများဖြင့် ပြည့်နှက်နေသည်။ ဤတိုက်ပွဲများအတွင်း နန်ဟောင်ဖေးသည် တစ္ဆေမျိုးနွယ်များကို မမောမပန်းသတ်ခဲ့သည်။ သို့သော်လည်း နောက်ဆုံးနေ့တွင် သူ၏ ကောင်းမှုရမှတ်များသည် လီဟမ်ရှန်းထက် သုံးသောင်းလျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။
ယင်းမှာ နန်ဟောင်ဖေး မထင်မှတ်ထားသည့်အရာဖြစ်ပြီး ရှုံးနိမ့်မှုကို ဝန်ခံဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ဘဲ ပြန်ရောက်လျှင် သတ်ဖြတ်ခြင်းတစ်သောင်း တောင်ထိပ်၌ ရေသွားခပ်ပါ့မည်ဟုပင် လီဟမ်ရှန်းအား ပြောခဲ့သည်။
လီဟမ်ရှန်းမှာ ရယ်ချင်စိတ်ရော စိတ်တိုင်မှုများပါ ဖြစ်နေလေသည်။ ထိုလောင်းကြေးကို သူ မေ့နေသည်ပင် ကြာပြီဖြစ်သည်။ သို့သော် နန်ဟောင်ဖေးက ရေသွားခပ်ချင်နေသဖြင့် သူ့ကို ခွင့်ပြုလိုက်လေသည်။
ထိုစဉ် နန်ဟောင်ဖေးက ပြောသည်။ "ငါတို့ ပြိုင်ပွဲက မပြီးသေးဘူး။ ဒီမှာ တစ္ဆေမျိုးနွယ်တွေ အများကြီးရှိတယ်။ ငါ ကစားပွဲကို ပြောင်းပစ်လို့ရသေးတယ်။"
"အစ်ကိုလီရဲ့ ကောင်းမှုအမှတ်တွေကို လိုက်မီချင်တာလား။ ဒီက တစ္ဆေမျိုးနွယ်အားလုံးကို တစ်ယောက်တည်း သတ်နိုင်ရင်တော့ မီနိုင်ပါတယ်လေ။" ၎င်းကို ကြားသောအခါ ဘေးမှာ ရပ်နေသည့် ယန်ယုယွင်က ရယ်မိလေသည်။
"အံ့ဖွယ်တစ်ခု ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။" နန်ဟောင်ဖေးသည် မယုံနိုင်လောက်အောင် ဖြစ်နေဆဲပင် ဖြစ်သည်။
"ဘာပဲဖြစ်ဖြစ် မင်းပြိုင်ချင်ရင်လည်း ဆက်ပြိုင်ပေါ့ကွာ…" လီဟမ်ရှန်း ရယ်လိုက်သည်။
"ဘုန်း…"
ကျယ်လောင်သော ဆူညံသံနှင့်အတူ မြို့တံခါး ကျိုးသွားသည် ။
မရေမတွက်နိုင်သော တစ္ဆေမျိုးနွယ်များသည် မြို့တံခါးမှ ပြေးထွက်လာကြပြီး အဆုံးကို မမြင်နိုင်လောက်အောင်ပင် များပြားလှသည်။ ဦးရေပြားကိုပင် ထုံကျင်သွားစေသည့် မြင်ကွင်းတစ်ခုဖြစ်ပေ၏။
ထိုနေရာတွင်ရှိနေသော တပည့်များအားလုံး အံသြသွားကြသည်။ တစ္ဆေမျိုးနွယ်များ အများကြီးရှိသည်ကို သူတို့သိသော်လည်း အရေအတွက်က အလွန်များလွန်းပေ၏။
အထူးသဖြင့် ဤ တစ္ဆေမျိုးနွယ်များကြားတွင် ၎င်းတို့ထဲမှ အများစုသည် အလွန်ပြင်းထန်သော ကျင့်ကြံမှု အရောင်အဝါရှိကြပြီး ပြန်လည်မွေးဖွားခြင်းအဆင့်၏ အထွတ်အထိပ်ကိုပင် ကျော်လွန်လေသည်။
သူတို့သည် မူလအဆင့်သို့ ရောက်နေကြသူများ ဖြစ်သည်။
"မူလအဆင့်တွေ အများကြီးပဲ…." ဤအခိုက်အတန့်တွင် စွမ်းအားရှင်များစွာလည်း အနည်းငယ် အံ့သြသွားကြသည်။ လွန်ခဲ့သော ဆယ့်နှစ်ရက်အတွင်း အနည်းငယ်သာ ပေါ်ထွက်ခဲ့ပြီးနောက် ယနေ့ ဤနေရာတွင် မူလအဆင့်များ ဤမျှလောက် ပေါ်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားပေ။ အရေအတွက် ရာနှင့်ချီပြီး သူတို့ကို ထုတ်ဖော်ပြသခဲ့လေသည်။
ဤမျှကြီးမားသောစစ်တပ်ကိုရင်ဆိုင်ရသော်လည်း ထောင်ပေါင်းများစွာသောလူသားများအတွက် အသေးအဖွဲ့သာဖြစ်သည်။
အချိန်ခဏကြာသည်အထိ လူတိုင်း တုန်လှုပ်ခြောက်ချား သွားမိကြသည်။
ယင်းသည် သွေးထွက်သံယိုတိုက်ပွဲဖြစ်ပေလိမ့်မည်။
"အားလုံးပဲ….ဆုတ်ခွာကြ….."
ထိုအချိန်တွင် လုဟန်ရန်သည် ရှေ့သို့ တိုးလာသည်။ သူတို့ဆီ ချိန်ရွယ်လာနေသော မရေမတွက်နိုင်သည့် တစ္ဆေမျိုးနွယ်များကို ရင်ဆိုင်ရင်း လုဟန်ရန်၏လက်ထဲတွင် အလိပ်တစ်ခု ရုတ်တရက်ပေါ်လာသည်။
ထိုအလိပ်သည် တခဏချင်း လွင့်ထွက်သွားပြီး လေထုထဲတွင် ပွင့်လာသည်နှင့်အမျှ နဂါးငွေ့တန်းကို ပုံဖော်လိုက်လေသည်။
"ကြယ်စင်တစ်ရာ…ကြယ်ပင်လယ်ပန်းချီ…."
ထိုအလိပ်ကို မြင်သောအခါ လူတိုင်း မှတ်မိကြလေသည်။ ယင်းသည် အင်မတန် ကျော်ကြားသော ပန်းချီကားတစ်ချပ်ဖြစ်လေ၏။
တဝီဝီမြည်သံနှင့်အတူ…..
ကြယ်စင်တစ်ရာ ကြယ်ပင်လယ်ပန်းချီသည် မရေမတွက်နိုင်သော ဥက္ကာခဲများကဲ့သို့ မြေပြင်ပေါ်သို့ ကျဆင်းသွားရာ ကြယ်ရောင်များ ချက်ချင်းဖျန်းခနဲ လင်းခနဲ ဖြစ်သွားသည်။
တစ်ချိန်တည်းမှာပင် ကြယ်အကာအကွယ်ကြီးတစ်ခုကို ကြယ်များစွာကြားမှ ချက်ချင်းဆွဲထုတ်လိုက်သည်။
ကြယ်အကာအကွယ်သည် မီတာရာနှင့်ချီ၍ ကျယ်ဝန်းသည်။
ကြီးမားသော အတားအဆီးတစ်ခုအဖြစ် လူတိုင်းကို ဖုံးအုပ်ထားသည်။
ဤအခိုက်အတန့်တွင် ပြေးဝင်လာသော တစ္ဆေမျိုးနွယ်များက ဟစ်ကြွေးပြီး ပြေးလာကြသော်လည်း မှိုင်းတိုင်းတိုင်းအသံဖြင့် ကြယ်အကာအကွယ်ကိုသာ တိုက်မိကြသည်။
ကြယ်အကာအကွယ်ကို လက်နက်များနှင့် တိုက်ခိုက်ဖို့ မည်မျှပင် ကြိုးစားသော်လည်း ကြယ်အကာအကွယ်သည် ကျောက်တုံးတစ်တုံးကဲ့သို့ တည်ငြိမ်လှပြီး သူတို့ဝင်၍ မရချေ။
ယင်းသည် လူတိုင်း၏ မျက်လုံးများကို တောက်ပသွားစေသည်။
ဤကဲ့သို့သော ရတနာသည် တစ္ဆေအားလုံးရန်မှ အမှန်တကယ် ကယ်တင်နိုင်ခဲ့သည်။
တပည့်အားလုံးလည်း သက်ပြင်းချကြသည်။ ၎င်းတို့သည် ၎င်းတို့အား အမှန်တကယ်ပင် အလွန်ဒုက္ခပေးမည့် တစ္ဆေမျိုးနွယ်များစွာ ပြေးဝင်လာသည်ကို ယခုမှ မြင်တွေ့ကြရပြီး ယင်းတို့အား ဤအရာက ပိတ်ဆို့ပေးထားသဖြင့် ၎င်းတို့သည် ယခုအချိန်တွင် ဘေးကင်းသည်ဟု ထင်ရသည်။
"အရမ်းကောင်းတယ်။ နတ်မိမယ် ဟန်ရန်….မင်းရဲ့ပန်းချီရတနာနဲ့ ဒီ တစ္ဆေမျိုးနွယ်တွေ ဝင်မရတော့ဘူး။" ယန်ကျန်းထောင်က အံ့အားသင့်စွာပြောသည်။
"ရှင်က ခပ်ပေါ့ပေါတွေးနေတာပဲ။"
လုဟန်ရန်က အေးစက်စွာ ဟစ်အော်လိုက်သည်။
"ကျန်ရဲ့ ကြယ်စင်တစ်ရာ ကြယ်ပင်လယ်ပန်းချီကို ဒီအရွယ်အစားအထိ ချဲ့ထွင်လိုက်တာက အားနည်းတဲ့တစ္ဆေမျိုးနွယ်အချို့ကိုပဲ ပိတ်ဆို့ထားနိုင်တယ်။ နည်းနည်းလေး ပိုအားကောင်းတဲ့ တစ္ဆေမျိုးနွယ်ရောက်လာရင် ကြယ်စင်တစ်ရာ ကြယ်ပင်လယ်ပန်းချီက သူတို့ကို တားနိုင်မှာ မဟုတ်ဘူး။"
ဝူး…ဝူး…..ဝူး….
ဤအခိုက်အတန့်တွင် မူလအဆင့်ရှိ တစ္ဆေမျိုးနွယ်အများအပြား ပြေးဝင်လာကြသည်။
"တပည့်တို့…နောက်ဆုတ်ကြ…." ဤအခိုက်အတန့်တွင် စွမ်းအားရှင်အားလုံးသည် ယနေ့မှာ ၎င်းတို့၏ တိုက်ပွဲဖြစ်ကြောင်း နားလည်ခဲ့ကြသည်။
ထိုနေရာတွင် ရှိနေသောတပည့်များသည် လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။ ဤ တစ္ဆေမျိုးနွယ်များသည် ၎င်းတို့ကိုင်တွယ်နိုင်သော အရာမဟုတ်တော့ချေ။
"သတ်ပစ်…"
ဤတစ္ဆေမျိုးနွယ်များသည် လူသားစွမ်းအားရှင်များစွာရှိသည်ကို လုံးဝဂရုမစိုက်ပေ။ သူတို့အားလုံးမှာ အသိဉာဏ်မရှိသကဲ့သို့ နီရဲနေသော မျက်လုံးများဖြင့် လူသားစွမ်းအားရှင်များဆီသို့ ပြေးသွားကြသည်။