အခန်း (၁၉၄)
Vol. 19 Ch. 194
သို့သော်လည်း ယခုအချိန်တွင် ယန်ကျန်းထောင်သည် အလွန်ကြောက်စရာကောင်းနေပြီဖြစ်သည်။ အနက်ရောင်ဝတ်ရုံနှင့်လူဆီမှ တစ္ဆေသခင်၏သွေးစက်ကို ရပြီးနောက် သူသည် အလွန်ကြမ်းတမ်းလာပြီး အသိစိတ်များ ပျောက်ဆုံးသွားကာ သူ၏ ခွန်အားသည် မူလထက် အဆများစွာ ပြင်းထန်လာသည်။
အရင် ယန်ကျန်းထောင်သာဆိုလျှင် လီချန်ချင်း သူ့ကိုသတ်ဖို့ မခက်ပေ။ ယခုမူ ယန်ကျန်းထောင်၏ အင်အားသည် တော်ဝင်သိုင်းအဆင့်နှင့် ယှဉ်နိုင်ဖွယ်ရှိသည်။
သူ၏ တိုက်ခိုက်မှုတစ်ခုစီတိုင်းတွင် မြေကြီးကိုပင်ဖြိုခွဲနိုင်သော စွမ်းအားများပါ၀င်သောကြောင့် လီချန်ချင်း၏ ဓားဖွဲ့စည်းပုံကို အချိန်မရွေး ကွဲကြေသွားနိုင်သကဲ့သို့ တုန်လှုပ်သွားစေသည်။
တစ်ချိန်တည်းမှာပင် လီချန်းချင်း၏ ချီဓားစွမ်းအားသည် သူ့အပေါ် ပြင်းထန်သော ဒဏ်ရာကို မထိခိုက်စေနိုင်ခဲ့ပေ။ မရေမတွက်နိုင်သော ပြင်းထန်သော ဒဏ်ရာများသည် ယန်ကျန်းထောင်ကို ထိခိုက်စေခဲ့သော်လည်း ၎င်းတို့အားလုံးမှာ အပေါ်ယံဒဏ်ရာများသာဖြစ်သည်။
လီချန်ချင်းကို ယန်ကျန်းထောင်မှ လုံးဝချုပ်နှောင်ထားသည်ဟု ဆိုနိုင်သည်။ အကယ်၍ သူသည် ဓားကို ယခုပင် ရုပ်သိမ်းပြီး ယန်ကျန်းထောင်ကို လွှတ်လိုက်လျှင် လူသားမျိုးနွယ်သည် ဒုက္ခရောက်လိမ့်မည်။
ယန်ကျန်းထောင်သည် ဓားခုနစ်စင်းဖွဲ့စည်းပုံကို မဖျက်ဆီးနိုင်သလို လီချန်ချင်းသည်လည်း ယန်ကျန်းထောင်ကို ဤနေရာတွင်ပင် မသတ်နိုင်ခဲ့ပေ။
ယခုမူ ယန်ကျန်းထောင်မှ တစ္ဆေသခင်၏ သွေးသြဇာလွှမ်းမိုးမှုကို ဦးစွာကျော်ဖြတ်မည်လော သို့မဟုတ် လီချန်ချင်းအား ဤနေရာတွင် စည်းမျဉ်းများဖြင့် ဦးစွာ ဒဏ်ခတ်ခံရမည်လော စောင့်ကြည့်ရမည့် ပြိုင်ပွဲတစ်ခုဖြစ်ပေသည်။
သို့သော် ယခုအချိန်တွင် လူသားမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်တို့၏ တပည့်တစ်ဦးစီမှာလည်း အသက်အတွက် တိုက်ပွဲဝင်နေကြလေသည်။ ဤသည်မှာ အရေးကြီးသည့် အခိုက်အတန့်တစ်ခု ဖြစ်ပေ၏။
လီဟမ်ရှန်းသည် တစ္ဆေမျိုးနွယ်များစွာနှင့် ရင်ဆိုင်ခဲ့ရပြီး အတွေ့အကြုံများ ရရှိခဲ့သည်။
ထို့ကြောင့် လီဟမ်ရှန်းအတွက် တိုက်ပွဲ၏အခက်အခဲမှာ ကြီးမားလှသည်မဟုတ်ချေ။ သူသည် တစ္ဆေမျိုးနွယ်အုပ်ကြီးထဲ တိုးဝင်သွားပြီး သူ၏ အင်မော်တယ်အရှင်သခင်လှံဖြင့် သုတ်သင်ရှင်းလင်းကာ ကြီးမားသောဧရိယာကို ရှင်းလင်းနိုင်ခဲ့သည်။
သို့သော်လည်း ဤပြန်လည်မွေးဖွားခြင်းအဆင့် တစ္ဆေမျိုးနွယ်များထဲတွင် ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသူများ သို့မဟုတ် မူလအဆင့် အထွတ်အထိပ်သို့ ရောက်ရှိသွားသူများ ကဲ့သို့သော အစွမ်းထက်သူများလည်း ရှိပေသည်။
သူတို့၏တိုက်ခိုက်မှုများသည် မယုံနိုင်လောက်အောင် ပြင်းထန်ခဲ့ပြီး တပည့်များစွာသည် ၎င်းတို့အား ခုခံနိုင်စွမ်းမရှိကာ ပွဲချင်းပြီး သေဆုံးခဲ့ကြရသည်။
"သေလိုက်တော့…"
ပြန်လည်မွေးဖွားခြင်းအဆင့် အထွတ်အထိပ်တွင်ရှိသော မဟာယွမ်မင်းဆက်၏ တပည့်တစ်ဦးသည်လည်း အလားတူအဆင့်မှ တစ္ဆေမျိုးနွယ်တစ်ယောက်ကို အပြင်းအထန် ချေမှုန်းပစ်ခဲ့သည်။
သို့သော်လည်း ထိုတစ္ဆေမျိုးနွယ်သည် အလွယ်တကူ မသေနိုင်ဘဲ ပြင်းထန်စွာ တိုက်ခိုက်ရန် ပြန်ထနေဆဲဖြစ်သည်။
မူလအဆင့်အထွတ်အထိပ် လူသားမျိုးနွယ်၏ အပြင်းထန်ဆုံးပင်လျှင် တိုက်ခိုက်ရန် အလွန်ခက်ခဲသည်။
ဤအခိုက်အတန့်တွင် မြောက်ပိုင်းအေးခဲနိုင်ငံမှ ယင်ဟဲသည် အထူးတင်းမာနေသည်။ မြောက်ပိုင်းအေးခဲနိုင်ငံမှ တပည့်အချို့က သူ့ကို စောင့်ကြပ်ပေးသည်။ သူက မင်းသားတပါးဖြစ်သည် မဟုတ်ပါလား။
သို့ရာတွင်မူ ယင်ဟဲ ဒဏ်ရာရခဲ့သည်။ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ပါဝင်လာသောအခါတွင် ထိုသို့သော အခြေအနေမျိုး ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ထားပေ။ မူလက ကောင်းမှုအမှတ်ရရန်အတွက်သာ လာခဲ့ခြင်း ဖြစ်သည်။
"ငါ့အတွက်သူတို့ကိုပိတ်ဆို့….ပိတ်ဆို့ကြစမ်း…..သူတို့ကို ဝင်မလာစေနဲ့။ မင်းတို့ အသုံးမကျတဲ့ကောင်တွေ ဘာလုပ်နေကြတာလဲ။"
သူ့ပတ်ဝန်းကျင်က လူများကို ကျိန်ဆဲရင်း ယင်ဟဲမှာ တစ္ဆေမျိုးနွယ်၏ တိုက်ခိုက်မှုများကို ရှောင်တိမ်းနေလေသည်။
ဆူပူကြိမ်းမောင်းခြင်းခံရသော်လည်း တပည့်များသည် သွားမျာကို အံကြိတ်လျက် ရင်ဟဲကို ကာကွယ်ပေးကြရသည်။
စင်စစ်သော်ကား သူသည် မင်းသားတစ်ပါးဖြစ်ပေ၏။
သူတို့၏ မျက်လုံးများသည် ဒေါသနှင့် ပြည့်နေသော်လည်း စကားမပြောရဲကြပေ။ သူတို့အသက်ကို ထိပါးလာလျှင်မူ မင်းသားတစ်ပါးဖြစ်နေလျှင်လည်း ဂရုစိုက်တော့မည် မဟုတ်ချေ။
သို့သော် သူတို့ ထိုသို့ မလုပ်နိုင်ပေ။ သူတို့တွင် မိသားစုများ ရှိပေ၏။ ယင်ဟဲသာ ဤနေရာတွင် သေသွားခဲ့လျှင် သူတို့၏ မိသားစုများကိုလည်း မင်းသားယင်ဟဲနှင့်အတူ သဂြိုဟ်ရမည်ဖြစ်သည်။
"ဖြုန်းတီးရေးလုပ်နေတာပဲ….မင်းကို လူတွေအများကြီးက ကာကွယ်ပေးထားရအောင် မင်းက အပန်းဖြေခရီးထွက်နေတာလားကွ…"
သို့သော် ထိုအချိန်တွင် အေးစက်သောအသံတစ်ခု ထွက်ပေါ်လာသည်။
"ဘယ်သူက ဒီလို မောက်မောက်မာမာ ပြောရဲတာလဲ။" ရင်ဟဲသည် ယင်ချန်းလီ၏ အသံကိုကြားသောအခါ ခေါင်းကို လှည့်ကြည့်လိုက်သည်။
ယင်ဟဲ၏ အကြည့်များက ရုတ်တရက် အေးစက်သွားလေသည်။ "ယင်ချန်းလီ….လူယုတ်မာကောင်။ မင်းက ငါ့ကို ဝေဖန်ရဲတာလား။"
"အနည်းဆုံးတော့ ငါ့ကို အမှိုက်တစ်စလို အကာအကွယ် ပေးစရာ မလိုဘူး။" ယင်ချန်းလီက လုံးဝ ဂရုမစိုက်ပေ။ သူက ရင်ဟဲကို အေးစက်စွာ တစ်ချက် ကြည့်လိုက်သည်။
"မင်းနဲ့ မျိုးရိုးနာမည်လာတူနေတာ ငါ့အတွက် အရှက်ရစရာပဲ။"
ထိုစကားလုံးနှင့်အတူ ယင်ချန်းလီ၏ မျက်နှာတွင် ဓားအလင်းတစ်ခု ဖြတ်သွားလေသည်။ ဓားရှည်ကြီးကို သူ့လက်ထဲမှာကိုင်ထားပြီး ဓားအိမ်ကို ချွတ်လိုက်လေ၏။
ဓားအလင်းသည် ဖြတ်ကျော်သွားပြီး တစ္ဆေမျိုးနွယ်များကို တိုက်ရိုက်သတ်ပစ်လိုက်သည်။
ယင်ချန်းလီ ထွက်ခွာသွားသည်ကို ကြည့်ပြီး ယင်ဟဲ၏မျက်လုံးများသည် လူသတ်လိုစိတ်များ ပြည့်နှက်နေလေသည်။
"ယင်ချန်းလီ….ငါ့ကို စောင့်နေလိုက်စမ်းပါ။ တစ်နေ့ ငါဧကရာဇ်ဖြစ်လာရင် မင်းကို ငါ့ရှေ့မှာ ဒူးထောက်ခိုင်းမယ်။" ရင်ဟဲက အံကြိတ်ကာ ပြောလိုက်သည် ။
ဘုန်း…ဘုန်း…ဘုန်း…
လုရှီရန်သည် တစ္ဆေမျိုးနွယ်များကို သုတ်သင်ရှင်းလင်းနေပေ၏။
ပြန်လည်မွေးဖွားခြင်းအဆင့်ဖြစ်စေ၊ ပြီးပြည့်စုံခြင်း ပြန်လည်မွေးဖွားခြင်းအဆင့်ဖြစ်စေ၊ အထူး ပြန်လည်မွေးဖွားခြင်းအဆင့်ဖြစ်စေ ၊အထွတ်အထိပ် ကျွမ်းကျင်သူများပင်ဖြစ်စေ တစ်ဟုန်ထိုးဝင်လာသမျှ တစ္ဆေမျိုးနွယ်များကို လုရှီရန်သည် မကြောက်မရွံ့ တိုက်ခိုက်ခဲ့သည်။
သူမ၏ ခွန်အားသည် ပြီးပြည့်စုံသော ပြန်လည်မွေးဖွားခြင်းအဆင့်သို့ ဖြတ်သွားကာ သူမ ပိုင်ဆိုင်သော နတ်ကိုယ်ထည်၏ အကာအကွယ်ဖြင့် သူမသည် ဤသို့သော ယုံကြည်မှုကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူမ၏နောက်တွင် ကောင်းကင်ယံ၌ ကြယ်ပေါင်း ရာပေါင်းများစွာ မှိတ်တုတ်မှိတ်တုတ် လင်းလက်နေပေ၏။ ဤကြယ်များသည် လုရှီရန်ကို အန္တရာယ်မဖြစ်အောင် ကာကွယ်ပေးသည်။ ကြယ်ရောင်သည် ရံဖန်ရံခါ ကွယ်ပျောက်သွားသော်လည်း လုရှီရန်က ဂရုမစိုက်ပေ။ သူမ သတ်ပစ်ချင်သည်။ ဆရာဖြစ်သူအတွက် လက်စားချေလိုပေသည်။
သူမသည် အင်မော်တယ်နတ်မိမယ်နှင့်တူသော်လည်း ယခုမူ သွေးများလွှမ်းနေသော နတ်ဘုရားမနှင့် တူလေ၏။
ကြောက်စရာကောင်းလှပေသည်။
ပြန်လမ်းမရှိဝင်ပေါက်မှ ချန်ကွမ်သည် ၎င်း၏ဂျူနီယာညီမ ယန်စီနှင့်အတူ ၎င်းတို့ထံ ပြေးဝင်လာသော တစ္ဆေမျိုးနွယ်များကို ဓားဖြင့် တွန်းလှန်ခဲ့သည်။ သို့သော် ချန်ကွမ်သည် ဒဏ်ရာအပြင်းအထန်ရထားလေသည်။
သူ့ခန္ဓာကိုယ်မှာ အရွယ်အစားအမျိုးမျိုးရှိသည့် ဒဏ်ရာများ မရေမတွက်နိုင်အောင် ရှိနေပြီး မျက်နှာကလည်း ဖြူဖျော့နေကာ ထိန်းထားလို့မရသလောက်ပင် ရှိလေ၏။ ဓားကိုကိုင်ထားသည့် လက်များပင် တုန်ရီနေလေသည်။
"အကိုကြီး…လွှတ်ပေးပါ။ ကျွန်ကိုမထိန်းနဲ့။ အစ်ကို ကျွန်မကို မကာကွယ်ရင် အသက်ရှင်ဖို့ အခွင့်အရေးရှိသေးတယ်။" ယန်စီက အနောက်ကနေ အော်ဟစ်ပြောလေ၏။
သို့သော် ချန်ကွမ်သည် သူမစကားကို မကြားပုံပေါ်သည်။ သူသည် ဓားကိုလွှဲလျက် ပြေးဝင်လာသော တစ္ဆေမျိုးနွယ်များကို ကရုဏာမဲ့စွာ သတ်ဖြတ်ပစ်နေပေသည်။
လူများ ပိုများလာကာ လီချန်ချင်းနှင့် ယန်ကျန်းထောင်သည် ရှေ့မတိုးနောက်မဆုတ် ဖြစ်နေသေးသည်။ ဤအရာက လီချန်ချင်းအား ဤကဲ့သို့ ဆက်၍မဖြစ်နိုင်ဟု ခံစားလာရသည်။
နည်းလမ်းတစ်ခု စဉ်းစားရပေမည်။
"ဒီချင်းလဲ့ဓားဘုရင်ကို ဘာကြောင့် ပြစ်ဒဏ်ခတ်အရေးယူမခံရသေးတာလဲ။ ဘာဖြစ်နေတာလဲ" ယခုအချိန်တွင် ကျောက်ကြွယ်ကျုံးသည် တစ်ခုခုမှားနေပြီဟု ခံစားမိသည်။ လီချန်ချင်းသည် ဒဏ်ခတ်ပိတ်ဆို့မှု မခံခဲ့ရလျှင်ပင် အဆင်ပြေပေသေးသည်။ သို့သော် သူ့စိတ်ဝိညာဉ် စွမ်းအားက အဘယ်ကြောင့် အဆုံးမသတ်နိုင်ရပါသနည်း။
"မဖြစ်သင့်ဘူး….သူအရင်က နှစ်ကြိမ်လောက် တိုက်ခိုက်ခဲ့ပြီးပြီ။ ယုတ္တိနည်းအရတော့ သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအားက အခုအချိန်လောက်မှာ ကုန်ဆုံးသွားသင့်တယ်။ ဒါပေမယ့် သူက စွမ်းအင်ပြည့်နေပုံရတယ်။ ဘာကြောင့်လဲ။"
အနက်ရောင် ဝတ်ရုံနှင့်လူသည်ပင် အနည်းငယ် ပဟေဠိဖြစ်လာသည်။
ထိုသို့သော အခြေအနေသည် သာမန်အသိနှင့် အလွန်ဆန့်ကျင်နေပေ၏။
ဤအခိုက်အတန့်တွင် လီချန်ချင်းသည် သူတို့၏မျက်လုံးများတွင် ရိုးရှင်းစွာ ကွဲလွဲနေခဲ့သည်။
"ဘုန်း….ဘုန်း……ဘုန်း...."
ဤအခိုက်အတန့်တွင် အောက်ခြေလူအုပ်ထဲမှ နောက်ထပ် ကြောက်စရာကောင်းသူတစ်ဦး ထွက်ပေါ်လာသည်။
ယင်းမှာ မူချင်းကောဖြစ်၏။
မူချင်းကော၏ လှုပ်ရှားမှုများသည် ပိုမိုပြင်းထန်လာသည်။ သူမ၏ ငွေရောင်အပ်များ ပျံသန်းလာသည် နှင့် မူလအဆင့် စွမ်းအားအနှစ်သာရများမှာလည်း ပြင်းထန်လာသည်။ သူမ၏ "ထိုက်ယင်" အပ်များအောက်တွင် တစ္ဆေမျိုးနွယ်များစွာ သေဆုံးခဲ့ရလေသည်။ သူမသည် တစ္ဆေမျိုးနွယ် အများအပြားကို အားစိုက်ထုတ်ပြီး သတ်ဖြတ်ခဲ့သည်။
ထိုအချိန်တွင် မူချင်ကော၏ မျက်လုံးများက ဆုံးဖြတ်ချက်ခိုင်မာမှုများကို ထုတ်ဖော်ပြသနေပေ၏။ ပိတ်ဆို့ဒဏ်ခတ်ခံရမည်ကို စိုးရိမ်သဖြင့် အရင်က တိုက်ခိုက်ဖို့ မဝံ့ရဲခဲ့ပေ။ သူမသည် သူ့တပည့် ယင်ချန်းလီကို ဦးစွာကာကွယ်ရတော့သည်။
ယင်ချန်းလီသည် လှုပ်ရှားမှုတစ်ခုပြုလုပ်ပြီးသည်နှင့် သေချာပေါက် ဒဏ်ခတ်အရေးယူခံရမည်ဟု သူမ တွက်ဆမိသောကြောင့် ယင်ချန်းလီ အန္တရာယ်ကျရောက်ချိန်တွင် တိုက်ခိုက်ရန်စီစဉ်ခဲ့သည်။ ထို့ကြောင့် သူမတွင် အခွင့်အရေးတစ်ခုသာရခဲ့ပြီး အရေးကြီးသောအခိုက်အတန့်တွင် ၎င်းကိုအသုံးပြုခဲ့ရလေသည်။
ယန်ကျန်းထောင်၏ ဆေးသည် သူမအပေါ် သက်ရောက်မှု မရှိပေ။
ယခင်တိုက်ပွဲသည် သူမ၏ မူလအဆင့် စွမ်းအားအနှစ်သာရကို သုံးစွဲမှု ပြင်းထန်လာစေသော်လည်း သူမသည် အခြားသူများနှင့် မတူကြောင်း မူချင်းကော တွေ့ရှိခဲ့သည်။ သူမ၏ မူလအဆင့်စွမ်းအင်အနှစ်သာရသည် အဆက်မပြတ် ပြန်လည်ကောင်းမွန်လာပေ၏။
ဤလောက၏ စည်းမျဉ်းများသည် သူမအပေါ် သက်ရောက်မှုမရှိသလိုပင် ဖြစ်သည်။
အကြောင်းပြချက်တိတိကျကျကို မူချင်းကော လိုက်လံမစူးစမ်းနေတော့ပေ။
သို့ရာတွင် ယခုလေးတင်ပဲ ဆေးဘုရင်တောင်ကြားက သူ့တပည့်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေတာကို ကြည့်ရင်း မူချင်းကော သည်းမခံနို်ငတော့ပေ။ "ထိုက်ယင်" အပ်သည် ဆေးဘုရင်တောင်ကြားမှ သူမ၏တပည့်ကို သတ်ပစ်တော့မည့် မူလအဆင့်အထွတ်အထိပ် တစ္ဆေမျိုးနွယ်ကို တိုက်ရိုက်သတ်ပစ်ခဲ့သည်။
မူချင်းကော၏ ပြီးပြည့်စုံခြင်း မူလအဆင့် ကျင့်ကြံမှုဖြင့် မူလအဆင့် အထွတ်အထိပ်ကိုသတ်ခြင်းသည် သူမ၏လက်ထဲတွင် ကြက်ကလေးငှက်ကလေးကို ဖမ်းရသည်လောက်ပင် လွယ်ကူသည်။ ၎င်းသည် အတိုင်းအတာကို လျှော့ချပစ်ရုံသာဖြစ်သည်။
မူချင်းကောသည် သူမတိုက်ကွက်များ ထုတ်သုံးပြီးနောက် ပြစ်ဒဏ်ခတ်အရေးယူခံရဖို့အတွက်ကိုလည်း အသင့်ပြင်ထားပေ၏။
သို့သော် မူချင်းကောသည် အချိန်အတော်ကြာအောင် တိုက်ခိုက်ခဲ့ပြီးဖြစ်သော်လည်း ပိတ်ဆို့ဒဏ်ခတ်မှု မရှိသေးပေ။ ဤကမ္ဘာသည် မူချင်းကော၏လုပ်ရပ်များကို လျစ်လျူရှုထားပုံရသည်။