← Chapters

အခန်း (၁၉၅)

Vol. 19 Ch. 195

အခန်း (၁၉၅)

Vol. 19 Ch. 195

"ဘာမှမဖြစ်ခဲ့ဘူးလား…." မူချင်းကောလည်း အံ့သြသွားသည်။

ထိုအခြေအနေတွင် မူချင်းကောသည် ဂရုမစိုက်တော့ဘဲ တစ္ဆေမျိုးနွယ်တပ်ကို ချေမှုန်းလေတော့သည်။

လူသားမျိုးနွယ် စွမ်းအားရှင်များအားလုံးလည်း ထိတ်လန့်သွားကြသည်။ မူချင်းကောသည် သူမ၏ မူလအဆင့် စွမ်းအင်အနှစ်သာရကို ကုန်ဆုံးသွားသင့်ပြီ ဖြစ်သည်။ သူမသည် အဘယ်ကြောင့် ယခုအချိန်ထိ ခွန်အားကို စိုက်ထုတ်နေနိုင်ပါသနည်း။

ထို့အပြင် မူချင်းကောသည် မူလအဆင့် တစ္ဆေမျိုးနွယ်များကို သုတ်သင်ခဲ့သော်လည်း သူမသည်ဒဏ်ခတ်မခံရပေ။

ကမ္ဘာမြေကြီးမှာ ဘာတွေဖြစ်နေတာလဲ။

လီချန်ချင်းသည်လည်း ယခုအချိန်တွင် မူချင်းကောကို သတိပြုမိပြီး သူ့ကို အံ့အားသင့်စေခဲ့သည်။ မူချင်းကော မှာလည်း ခွန်အားတွေ ရှိနေတာလား။

သူမကိုလည်း ဒဏ်ခတ်မှု မခံရဘူးလား။

လူအုပ်ထဲတွင် မူလအဆင့်လူတစ်ဦးသည် နောက်ထပ် အကူအညီကောင်းတစ်ခုနှင့် ညီမျှသည်။ မူချင်းကောသည် မူလအဆင့်အထွတ်အထိပ် တစ္ဆေမျိုးနွယ်များကို ပစ်မှတ်ထားတိုက်ခိုက်လေ၏။

ဤသည်မှာ လူ့မျိုးနွယ်၏ တပည့်များအား အသက်ရှုချောင်ရန် အခွင့်ကောင်း ပေးခဲ့သည်။

ကံမကောင်းစွာပဲ မူချင်းကောသည် တိုက်ခိုက်ရေးအားကောင်းသည့် ဂိုဏ်းဝင်မဟုတ်သောကြောင့် သူမ၏သတ်ဖြတ်မှုသည် အတော်လေးနှေးကွေးသွားခဲ့သည်။

ဘုန်း….

ယခုအချိန်တွင် ယင်ချန်းလီသည် အထူးပြီးပြည့်စုံခြင်း မူလအဆင့် တစ္ဆေမျိုးနွယ်နှစ်ဦးထံမှ တိုက်ခိုက်ခံနေရလေ၏။

နှစ်ယောက်မဆိုထားနှင့် အထူးပြီးပြည့်စုံခြင်း မူလအဆင့် တစ်ယောက်နှင့် ရင်ဆိုင်ရလျှင်ပင် ယင်ချန်းလီအတွက် အတော်လေး ခက်ခဲနေပြီဖြစ်သည်။

နှလုံးသားဖြင့် ဓားရွေ့လျားခြင်း တိုက်ကွက်ကို နားလည်ထားသော်လည်း ၎င်းသည် ပထမအဆင့်သာဖြစ်ပြီး ယင်ချန်းလီတွင် တိုက်ခိုက်ရေးပုံစံနတ်စွမ်းအား ကိုယ်ထည်မရှိသောကြောင့် ခုခံနိုင်စွမ်းမရှိပေ။

အထူးပြီးပြည့်စုံခြင်း မူလအဆင့် ကျွမ်းကျင်သူတစ်ဦး၏ တိုက်ခိုက်မှုနှင့် ပြင်းထန်စွာ ရင်ဆိုင်ပြီးနောက်တွင် အခြားသူတစ်ဦးမှ တိုက်ရိုက်ကန်ချက် မိသွားလေသည်။

ယင်ချန်းလီမှာ ခေါင်းကို လှည့်လိုက်ပြီး ပါးစပ်ထဲမှ သွေးများ ထွက်ကျလာလေ၏။

ယင်ချန်းလီမှာ သူ့တစ်ကိုယ်လုံး နာကျင်စွာ ပူလောင်နေပြီး အထူးပြီးပြည့်စုံခြင်း မူလအဆင့်စွမ်းအားရှင်၏ ကန်ချက်ကြောင့် သူ၏ အတွင်းအင်္ဂါများ ပြောင်းပြန်လှန်သွားသလို ခံစားလိုက်ရသည်။

သို့ရာတွင် တစ္ဆေမျိုးနွယ်တို့က ယင်ချန်းလီကို အသက်ရှုဖို့ပင် အခွင့်အရေးမပေးပေ။ တစ္ဆေမျိုးနွယ်တစ်ဦးက ယင်ချန်းလီရှေ့မှာပင် အဝတ်အစားများကို စုတ်ဖြဲပြီး သူ့ကို ကျားကုတ်ကျားခဲ တိုက်ခိုက်လေ၏။

ယင်ချန်းလီသည် ပြင်းထန်သော ထိုးနှက်ချက်မှ ရှောင်တိမ်းရန် မြေပြင်ပေါ်သို့ လှိမ့်လိုက်သည်။

သို့သော် ဤအခိုက်တွင် ပြင်းထန်သောလေပွေတစ်ခုရောက်လာပြီး ၎င်းသည် ယင်ချန်းလီ၏ဦးခေါင်းခွံကို ချေမှုန်းပစ်မည့် အတောင်တစ္ဆေ၏ ကြီးမားသော လက်သည်းတစ်ချောင်းဖြစ်ပေ၏။

အရှိန်က အလွန်မြန်လွန်းသဖြင့် ယင်ချန်းလီရှောင်ဖို့ အချိန်မရှိသလောက်ပင် ဖြစ်သည်။

"ချန်းလီ…." ထိုမြင်ကွင်းကို မြင်သောအခါ မူချင်းကောက ယင်ချန်းလီကို ကယ်တင်ရန် အသည်းအသန်ကြိုးစားခဲ့သော်လည်း ထိုအချိန်တွင် မူလအဆင့် အထွတ်အထိပ်နှစ်ဦးက မူချင်းကော၏ လမ်းကြောင်းကို တိုက်ရိုက်ပိတ်ဆို့လိုက်လေသည်။

"သေပေတော့…"

သူ့လက်သည်းက ယင်ချန်းလီ၏ ဦးခေါင်းခွံကို ဖမ်းမိခါနီးဆဲဆဲမှာပဲ ယင်ချန်းလီ လည်ပင်းမှာ ဆွဲထားသည့် မြေကမ္ဘာဗောဓိသတ္တဗုဒ္ဓရုပ်က ရုတ်တရက် မျက်လုံးပွင့်လာသည်။

အံ့ဩစရာ ရွှေရောင် ဗုဒ္ဓအလင်းရောင်သည် ကောင်းကင်သို့ ပျံတက်သွားပြီး တစ္ဆေမျိုးနွယ်သည် ဗုဒ္ဓ အလင်းရောင်အောက်တွင် ချက်ခြင်း နစ်မြုပ်သွားလေသည်။

နောက်အခိုက်အတန့်တွင် အတောင်ပံတစ္ဆေသည် သူ့အတွက် အလွန်နာကျင်ဖွယ်ရာ တစ်ခုခုဖြစ်သွားသကဲ့သို့ အော်ဟစ်လိုက်၏။ ဗုဒ္ဓ၏ အလင်းရောင်ကြောင့် သူ တိုက်ရိုက် လွင့်စင်သွားလေ၏။

သူ့ခန္ဓာကိုယ်ရှိ အရိုးများအားလုံး ကွဲကြေသွားကာ အခင်းဖြစ်နေရာတွင် လုံးဝပျက်စီးလုနီးပါး ဖြစ်ခဲ့ပြီး အသက်ရှုမဝတော့ပေ။

ထိုမြင်ကွင်းက ရှိနေသူအားလုံးကို အံ့အားသင့်စေခဲ့လေသည်။ ယင်ချန်းလီ ဘာဖြစ်သွားမှန်း သူတို့မသိခဲ့သလို ထိုအလင်းရောင်က မည်သည့်အရာဖြစ်သည်ကိုလည်း သူတို့မသိကြချေ။

"ဗုဒ္ဓအလင်းရောင်…"

အနက်ရောင်ဝတ်ရုံနှင့်လူက ရုတ်တရက် မတ်တပ်ထရပ်ကာ သူ့အသံမှာ ထိတ်လန့်မှုအပြည့်နှင့် ဖြစ်လေသည်။

သူက ယင်ချန်းလီကို စူးစူးစိုက်စိုက်စိုက်ကြည့်နေလေ၏။

ဒီကလေးအပေါ် ဗုဒ္ဓအလင်းရောင်က ဘယ်လိုရှိနေနိုင်တာလဲ။ သူ့ဆီမှာ ဗုဒ္ဓရတနာတစ်ခုခု ရှိနေလို့လား။

ယင်ချန်းလီလည်း ထိတ်လန့်သွားပြီး သူ့ရင်ဘက်ပေါ်က ဗုဒ္ဓဘုရားလောင်းကို မမြင်ခင်အထိ မည်သည်တို့ ဖြစ်ပျက်သွားမှန်း နားမလည်ချေ။

"ကျေးဇူးတင်ပါတယ် စီနီယာချန်ချင်း….." ယင်ချန်းလီ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ "ကျွန်တော့်အသက်ကို ထပ်ပြီး ကယ်တင်ခဲ့ပြန်ပြီ။"

အနက်ရောင်ဝတ်ရုံနှင့်လူ၏ အကြည့်က ယင်ချန်းလီပေါ် ကျရောက်သွားပြီး ယင်ချန်းလီ ရင်ဘတ်ပေါ်က ဗုဒ္ဓရုပ်အလောင်းတော်ကို မြင်လိုက်ရသောအခါ သူက လေးနက်သည့်အသံဖြင့် ပြောလေသည်။

"သူဟာ မကျေမချမ်း ကျိန်စာတွေကို နှိမ်နှင်းနိုင်တာ အံ့သြစရာတော့ မရှိပါဘူး။ သူ့ကိုယ်ပေါ်မှာ ဗုဒ္ဓရတနာ ရှိတယ်။"

"ဗုဒ္ဓရတနာက ပျောက်ကွယ်သွားတာ ကြာပြီ မဟုတ်ဘူးလား။ ဘယ်လိုလုပ် ပေါ်လာနိုင်မှာလဲ။" တစ်ဖက်မှ ကျောက်ကြွယ်ကျုံးကလည်း မယုံနိုင်ဖြစ်ပြီး ပြောလေသည်။

အနက်ရောင်ဝတ်ရုံနှင့်လူက စကားတစ်ခွန်းမှ မပြောဘဲ ဤမေးခွန်း၏အဖြေကို သူလည်း သိချင်နေမိသည်။

ဗုဒ္ဓရတနာသည် တစ္ဆေဂိုဏ်းပေါ် ကြီးစွာသော ချုပ်ချယ်မှု ရှိပြီး ဗုဒ္ဓရတနာသည် ပို၍ပင် သက်ရောက်မှုရှိလေသည်။ ၎င်းသည် တစ္ဆေမျိုးနွယ်၏ သဘာဝရန်သူဖြစ်ပေ၏။

ယခုအချိန်တွင် လီချန်ချင်းသည် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ခဲ့ရသည်။

ထိုအချိန်၌ လီချန်ချင်သည် ဗုဒ္ဓမျိုးနွယ်နှင့် တစ္ဆေမျိုးနွယ်တို့သည် ရန်ဘက်ဖြစ်ကြသည်ကို သတိရပြီး ဗုဒ္ဓ၏ ပစ္စည်းများသည် တစ္ဆေမျိုးနွယ်ကို ထိန်းထားနိုင်သည်ကို သတိရမိသည်။

ထို့အတွက်ကြောင့် လီချန်ချင်းသည် ယခင်က ဤနေရာသို့ လာသောအခါတွင် အထူးပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး ရတနာတစ်ခုကို ပြင်ဆင်ခဲ့သည်။ ထို့အပြင် လီချန်ချင်း၏ သိုလှောင်လက်စွပ်တွင် တစ္ဆေမျိုးနွယ်ကို ထိန်းထားနိုင်စေမည့် အရာတစ်ခုရှိသော်လည်း ၎င်းသည် မည်မျှအသုံးဝင်သည်ကို သူသေချာမသိပေ။

တစ္ဆေမျိုးနွယ် တော်တော်များများကို အသည်းအသန် တဟုန်ထိုး ပြေးဝင်လာနေသည်ကို တွေ့ရသောအခါ လီချန်ချင်းသည် သူထုတ်သုံးရတော့မည်ဆိုသည်ကို သိလိုက်သည်။

ထိုသို့မှမဟုတ်လျှင် လူသားများကို တစ္ဆေမျိုးနွယ်များက သတ်ခဲ့လျှင်ပင် ပင်ပန်းနွမ်းနယ်ပြီး သေသွားကြပေလိမ့်မည်။

ထို့အပြင် သေဆုံးသူဦးရေမှာ ရာဂဏန်းကျော်နေပြီဖြစ်သည်။

နောင်တွင် ပိုခက်ခဲလာမည်ဖြစ်ပေ၏။

"သွား…."

လူ့အရပ်တစ်ဝက်လောက်ရှည်သော ဗုဒ္ဓရုပ်ပွားတော်သည် လီချန်ချင်း၏ လက်ဖဝါးပေါ်တွင် ပေါ်လာလေ၏။

ဤဗုဒ္ဓရုပ်ပွားတော်ကို လီချန်ချင်းက စန်းယွမ်နယ်မြေသို့ ဦးစွာရောက်ရှိစဉ် နတ်ဆိုးများကို နှိမ်နင်းရန်နှင့် နယ်မြေထဲတွင် သရဲတစ္ဆေများရှိကြောင်း ကြားသိရပြီးနောက် ထွင်းထုခဲ့ခြင်းဖြစ်သည်။

ယန်ဒေါင်ချန်သည် ဤရုပ်တုရှေ့တွင် သေဆုံးသွားခဲ့ရသည်။

လီချန်ချင်းသည် ချန်ချင်းပန်းချီဆိုင်မှ ထွက်ခွာသွားသောအခါ သူနှင့်အတူ ဤဗုဒ္ဓရုပ်ပွားတော်ကို ယူဆောင်သွားခဲ့ပြီး သူထွင်းထုထားသည့်အရာများသည် တကယ့်ရတနာများဖြစ်ကြောင်း သိလိုက်ရသည်။

ဤအခိုက်တွင် လီချန်ချင်းသည် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ ဗုဒ္ဓရုပ်ပွားတော်သည် ကောင်းကင်မှ တစ္ဆေမျိုးနွယ်တပ်ဆီသို့ ကျရောက်သွားလေ၏။

"ဘုန်း…"

တောင်ပြိုကျနေသကဲ့သို့ ကျယ်လောင်သည့်အသံ ထွက်ပေါ်လာ၏။

တစ္ဆေမျိုးနွယ်တပ်သည် အခင်းဖြစ်နေရာတွင် ပေါက်ကွဲသွားပြီး မရေမတွက်နိုင်သော တစ္ဆေမျိုးနွယ်များ ပေါက်ကွဲထွက်သွားကာ ၎င်းတို့၏ ခန္ဓာကိုယ်များပင် ပျောက်ကွယ်သွားခဲ့ကြရသည်။

ဤကျယ်လောင်သော ဆူညံသံသည် လူတိုင်း၏အာရုံကို စွဲဆောင်သွားခဲ့ပေသည်။

တခဏချင်းမှာပဲ ဗုဒ္ဓအလင်းရောင်ဟာ ကောင်းကင်ကို ပျံတက်သွားပြီး ထိုမှောင်မိုက်တဲ့ စစ်မြေပြင်၌ လျှို့ဝှက်ဆန်းကြယ်သည့် စွမ်းအားတစ်ခု ပေါ်လာလေ၏။

"အဲဒါဘာလဲ…."

လူတိုင်းသည် စစ်မြေပြင်ရှိ လျှို့ဝှက်ဆန်းကြယ်သော အရာဝတ္ထုကို ကြည့်ကြသည်။

အချင်း မီတာတစ်ရာကျော်ရှိသော တွင်းကြီးတစ်ခုရှိလေသည်။

ထိုတွင်းထဲမှာ ဗုဒ္ဓရုပ်ပွားတော်တစ်ဆူရှိသည်။

ဗုဒ္ဓရုပ်ပွားတော်သည် တကယ့် ဗုဒ္ဓမြတ်စွာ ပေါ်ထွန်းလာသကဲ့သို့ပင် ရှိလေ၏။

အားလုံးက ယန်ကျန်းထောင်နှင့် ဝေဟင်တွင် တိုက်ပွဲဝင်နေသော လီချန်ချင်းကို ကြည့်နေကြသည်။ ဒါက ချင်းလဲ့ဓားဘုရင် ချလိုက်တဲ့အရာလား။

သို့သော် ဤဗုဒ္ဓရုပ်ပွားတော်အား မြင်လိုက်ရသောအခါ မူချင်းကောနှင့် ယင်ချန်းလီတို့၏ သူငယ်အိမ်များ ကျုံ့သွားလေ၏။

ဒါ သစ်သားကိုထွင်းထုထားတာ မဟုတ်လား။

ဤအရာနှင့် သူတို့၏လည်ပင်းတွင် ဝတ်ဆင်ထားသည့်အရာများသည် တူညီသောလက်ရာမှဖြစ်ကြောင်း ထင်ရှားလေသည်။ ချင်းလဲ့ဓားသခင်မှာ ဘာကြောင့် အဲ့လိုဟာ ရှိနေရတာလဲ။ လီချန်ချင်းက ပေးထားတာလား။

လူတိုင်းပြန်လည် မသက်သာသေခင်မှာပဲ တွင်းထဲက ဗုဒ္ဓရုပ်ပွားတော်ဟာ အသက်ပြန်ဝင်လာပုံရသည်။

“မဟာကောင်းကင်နဂါး…"

အသံတစ်သံက ကောင်းကင်မှာ ပဲ့တင်ထပ်သွားလေ၏။

တခဏအတွင်း ရွှေရောင်နဂါးကြီးသည် ဗုဒ္ဓအလင်းရောင်ဖြင့် ပြည့်နှက်နေသော ဗုဒ္ဓရုပ်ပွားတော်မှ ပေါက်ထွက်လာကာ အမြီးကြီးကို လူအစုအဝေးထဲ ဖြန့်ကျက်ထားသည်။

အင်အားသည် ကောင်းကင်ယံမှ နဂါးဟောက်သံနှင့်အတူ ဝေဟင်မှ ဆင်းသက်လာသော ပင်လယ်ကြီးနှင့်တူသည်၊ ၎င်းသည် တစ္ဆေမျိုးနွယ်တပ်တစ်ခုလုံးကို ထိမှန်သွားလေ၏။

ခဏလောက်ကြာသောအခါ မရေမတွက်နိုင်သည့် တစ္ဆေမျိုးနွယ်များ၏ အော်သံများထွက်လာပြီး သူတို့ ခန္ဓာကိုယ်များမှာ ရွှေရောင်ဗုဒ္ဓ၏ အလင်းတန်းအောက်၌ ကွယ်ပျောက်သွားကြရလေ၏။

ထိုအင်အားသည် လက်ရှိလူ့စွမ်းအား အရင်းအမြစ်များကိုပင် ထိမှန်သော်လည်း လူတို့က ခုခံလိုက်ကြသည်။

သို့သော် ထိုစွမ်းအားက သူတို့ကို တိုက်မိသောအခါတွင် လေနုအေးကဲ့သို့ နွေးထွေးသော စွမ်းအားကို ခံစားလိုက်ရပြီး ၎င်းတို့ကို ထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်စေခဲ့ပေ။

သူတို့ကိုယ်သူတို့ အံ့သြစွာကြည့်ကြသည်။

"ငါတို့အဆင်ပြေတာပဲ….ဟားဟား။"

"ဒါပေမယ့် တစ္ဆေမျိုးနွယ်ဝင်တွေကတော့ အကုန်သေကုန်ပြီကွ။"

အားလုံးက ဗုဒ္ဓရုပ်ပွားတော်အား ကြည့်ကာ ဗုဒ္ဓရုပ်ပွားတော်သည် မည်ကဲ့သို့ ရတနာဖြစ်သည်ကို သိချင်ကြသည်။

"ဒါကလည်း ဗုဒ္ဓရဲ့ ရတနာပဲလား။"

လူသားစွမ်းအားရှင်များစွာသည် ဗုဒ္ဓရုပ်ပွားတော်အား အံ့အားသင့်ဖွယ်အမူအရာများဖြင့် ကြည့်ရှုကြသည်။

ဗုဒ္ဓရတနာများကို ရှားရှားပါးပါး တွေ့မြင်ခဲ့ကြရသည်။ ရှေးယခင်က ဗုဒ္ဓမျိုးနွယ်တွင် ပန်းချီကားများစွာ ရှိခဲ့ပြီး ၎င်းတို့၏ ပန်းချီရတနာများသည် ဗုဒ္ဓ၏ တန်ခိုးတော်ပါ၀င်သောကြောင့် ၎င်းတို့ကို ဗုဒ္ဓရတနာများဟု ခေါ်ဝေါ်ခဲ့ကြသည်။

ရှေးနှစ်ပေါင်းများစွာကတည်းက ဤလောကမှ ဗုဒ္ဓမျိုးနွယ်ပျောက်ကွယ်သွားသောအခါ ဗုဒ္ဓရတနာများသည် အလွန်ရှားပါးလာပြီး မရှိသလောက်ပင်ဖြစ်လာကာ ဗုဒ္ဓရတနာ အများစုကို တစ္ဆေမျိုးနွယ်မှ ဖျက်ဆီးပစ်ခဲ့ကြသည်။

ယနေ့ ဤနေရာတွင် ဗုဒ္ဓရတနာကို တွေ့ရန် မမျှော်လင့်ထားပေ။

တန်ခိုးကြီးသော ကောင်းကင်နဂါးကြီး လှုပ်ရှားပြီးနောက် ဗုဒ္ဓရုပ်ပွားတော်သည် အဆုံးစွန်သော ဗုဒ္ဓ၏ အလင်းရောင်ကို ထုတ်လွှတ်ဆဲဖြစ်ပြီး ဗုဒ္ဓရုပ်ပွားတော်မှ မြင့်မားသော အရိပ်တစ်ခု ပေါ်လာသည်။

ထိုအရိပ်မှာ ဗုဒ္ဓတပါးအဖြစ်သို့ ဖွဲ့တည်သွားခဲ့၏။

ညာလက်တွင် ကျန်းတောင်ဝှေးကို ကိုင်ထားပြီး ဘယ်ဘက်လက်တွင် ခရမ်းရောင်ရွှေသပိတ်ကို ကိုင်ကာ သင်္ကန်းကို ရုံထားသည်။ ဗုဒ္ဒ၏မျက်နှာမှာမူ ဒေါသများနှင့် ပြည့်နှက်နေခဲ့၏။

သူ့မျက်လုံးများသည် လူသတ်လိုစိတ်များ ပြည့်နှက်နေပေ၏။

သတ်ဖြတ်လိုစိတ်အပြည့်ရှိသော မြတ်ဗုဒ္ဓ၏အသွင်မှာ အမှန်တကယ်ပင် ရှားရှားပါးပါးပင်ဖြစ်သည်။

ဤသည်မှာ သူသိထားသည့် မြတ်ဗုဒ္ဓနှင့်မတူပေ။

"အတင့်ရဲတဲ့ နတ်ဆိုး…..ကမ္ဘာမြေကို ဒုက္ခပေးရဲတယ်။"

"ဗုဒ္ဓံ….ဗုဒ္ဓ ကမ္ဘာမြေ ကယ်တင်ခြင်း…..ဗုဒ္ဓံ…."

မြတ်ဗုဒ္ဓ၏ အသံ ထွက်လာသည်နှင့်အမျှ သူ၏ သင်္ကန်းသည် ချက်ချင်း ကောင်းကင်ကို ဖုံးလွှမ်းသွားခဲ့သည်။

All Chapters