← Chapters

အခန်း (၂၀၂)

Vol. 19 Ch. 202

အခန်း (၂၀၂)

Vol. 19 Ch. 202

ဘာလို့ လူတွေအများကြီးက ချင်းလဲ့ဓားသခင်ကို ကူညီနေကြရတာလဲ။

ချင်းလဲ့ဓားသခင်က နာမည်ကျော်ကြားလာတာ မကြာသေးဘူးမဟုတ်ဘူးလား။

ထို့အပြင် သူက မြောက်ပိုင်းအေးခဲနိုင်ငံနှင့် အတိုက်အခံဖြစ်ခဲ့ပြီးနောက်တွင် စစ်သူကြီးကျောက်ပိုင်မင်နှင့်ပင် တိုက်ခိုက်ခဲ့ရသေးသည်။ အဲ့ဒါတောင်မှ မြောက်ပိုင်းအေးခဲနိုင်ငံက ကျောက်ယွမ်က သူ့ဘက်ကနေ ပါနေရတာလဲ။

မာနကြီးရာတွင် နာမည်ကျော်ကြားသည့် ယွမ်ဝူတိပင်လျှင် ချင်းလဲ့ဓားသခင်ကို ရိုရိုသေသေ ဆက်ဆံကာ တဖက်တည်း ရပ်တည်နေခဲ့သည်။

သူ၏ ဂိုဏ်းဖြစ်သော ကွမ်လန်နန်းတော်မှာ အလွန်အင်မတန်ကို စွမ်းအားကြီးမားလှပေသည်။

စွမ်းအားကြီးမားသည့်တိုင် သိုင်းလောကက ဂိုဏ်းအကုန်လုံးနှင့်တော့ အတိုက်အခံဖြစ်၍ မရပေ။

ယခုအချိန်တွင် လူတိုင်း၏ အကြည့်မှာ သူ့ကို အရှင်လတ်လတ် ဝါးစားချင်နေသည့်အလား ဖြစ်နေသည်။

ထိုအဖြစ်ကြောင့် ဟယ်ကျူမင်၏ နှလုံးသားမှာ တစထက်တစ ပိုမို၍ လေးလံလာတော့၏။

သိုင်းလောကရှိ ဂိုဏ်းတိုင်းသာ ကွမ်လန်နန်းတော်ကို တိုက်ခိုက်ပါက ကွမ်ကျူးပင်လျှင် အလေးအနက်ထားကာ ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အပြင် ကွမ်ကျူးကလည်း ထိုကောင်မလေးကို သဘောကျနှစ်သက်သည်။ အခြေအနေတွေသာ ဆိုးလာပါက ကွမ်ကျူးက သူ့အား ချင်းလဲ့ဓားသခင်ထံသို့ လွှဲပေးကာ ပြသနာကို ရှောင်ရှားလိမ့်မည် ဖြစ်၏။

“ငါ့ အစွမ်းနဲ့ဆိုရင် လုံလောက်မယ်လို့ မင်းထင်ပြီလား” လီချန်ချင်းက အေးစက်စွာ မေးလိုက်သည်။

“ဒါက…”

ဟယ်ကျူမင်က တံတွေးကို မျိုချလိုက်ပြီး ဘာဆက်ပြောရမှန်း မသိတော့ပါချေ။

သူက နံဘေးရှိ လုရှီရန်ကိုသာ စိုက်ကြည့်နေမိတော့သည်။ လုဟန်ရန် မရှိတော့သည့်နောက်တွင် ထိုကလေးမလေးကို ချင်းလဲ့ဓားသခင်က အကာအကွယ်ပေးလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပါချေ။

ထို့အပြင် ချင်းလဲ့ဓားသခင်မှာ မျက်နှာဖုံးကို အမြဲဝတ်ဆင်ထားသူဖြစ်သည်။ သူ၏ သရုပ်မှန်ကို မသိရသေးသည့်တိုင် ဂိုဏ်းအားလုံးက သူ့ဘက်ကို ပါနေကြလေပြီ။

သူ့ ခေါင်းက ဆံပင်များကိုသာ ဆွဲနှုတ်ချင်စိတ်သာ ပေါက်နေခဲ့ချေပြီ။

“ချင်းလဲ့ဓားသခင်”

ထိုအခိုက်တွင် လင်းချင်းကျီ၏ ပျင်းရိနေသော အသံထွက်ပေါ်လာခဲ့သည်။

“ခင်ဗျားသာ တကယ်အကူအညီလိုရင် ကျုပ်ကို ပြောသင့်တယ်။ ခင်ဗျားက ကျုပ်ရဲ့ ထျန်းဟိုင်မြို့ကို အကူအညီအကြီးကြီးပေးထားတာ။ ကွမ်ကျူးက ကျုပ်ကိုဆိုရင် မျက်နှာသာမပေးပဲ မနေဘူး”

ထိုစကားကိုကြားသော် ဟယ်ကျူမင်၏ မျက်နှာမှာ သွေးဆုတ်နေခဲ့ပြီ။

လင်းချင်းကျီကပါ တကယ်ကြီး ဝင်ပြောလိုက်တာလားဟ။

ဒီကိစ္စက အတော်လေးဆိုးနေပြီ

မိုးမီးတော့လောင်ပြီဟ

“ကျေးဇူးတင်ပါတယ်၊ ဒါပေမယ့် မလိုအပ်သေးပါဘူး”

“စိတ်ချနေပါ ချင်းလဲ့ဓားအရှင်၊ ကျုပ်က ကွမ်လန်နန်းတော်ကို ရောက်ရင် လုဟန်ရန်က လုရှီရန်ကို ကာကွယ်ပေးသလိုပဲ ကာကွယ်ပေးမှာပါ။ သူမကို ခက်ခဲစေမှာ မဟုတ်ပါဘူး”

ထိုအခိုက်တွင် ဟယ်ကျူမင်မှာ ခေါင်းငုံ့ကာ နောက်ဆုတ်ရန်သာ တတ်နိုင်ပေတော့သည်။

မြောက်မြားစွာသော သိုင်းပညာရှင်များ၏ ခြိမ်းခြောက်မှုအောက်တွင် နောက်ဆုတ်ပေးရခြင်းသည် သူ့ကို သိက္ခာမကျသွားစေခဲ့ပေ။

လုရှီရန်သည် လီချန်ချင်းအား မယုံကြည်နိုင်စွာ ကြည့်လိုက်မိသည်။ ချင်းလဲ့ဓားသခင်က အင်အားသုံးကာ သူမအား ဘာကြောင့် ကာကွယ်ပေးနေသည်ကို သူမ နားမလည်နိုင်ပါချေ။

ဤအဖြစ်အပျက်မှာ လုဟန်ရန် သေဆုံးပြီးသည့်နောက် သူမ၏ နှလုံးအိမ်တွင် ပထမဦးဆုံးအကြိမ် နွေးထွေးမှုကို ပြန်လည်ခံစားလာရခြင်းလည်း ဖြစ်ပါသည်။

“လုရှီရန်” လီချန်ချင်းက အေးဆေးစွာပြောလိုက်သည်။

“မင်းပိုင်ဆိုင်တဲ့ပစ္စည်းကို ပြန်ယူလိုက်ပါ။ အဲ့ဒါက မင်းပိုင်ဆိုင်သွားပြီ၊ မင်းဆီကနေ ဘယ်သူမှ ပြန်မယူနိုင်စေရဘူး”

လုရှီရန်က ခေါင်းညိတ်ကာ ဟန်နင်ထံသို့ လျှောက်သွားပြီး ပန်းချီရတနာကို ပြန်ဆွဲယူရန် ကြိုးပမ်းလိုက်သည်။

ဟန်နင်မှာ ဒေါသထွက်လွန်းသောကြောင့် အံကို တင်းတင်း ကြိတ်ထားမိလေသည်။ သူမ၏ မျက်လုံးများမှာ သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေခဲ့၏။ လုရှီရန်မှာ မမြင်ချင်ယောင်ဆောင်ကာ ပန်းချီရတနာကို ပြန်ဆွဲယူလိုက်သည်။

သူမ၏ ဆရာပိုင်ဆိုင်သော ပစ္စည်းအား မည်သူ့ကိုမှ မပေးနိုင်ပေ။

ချင်းလဲ့ဓားသခင်ပြောသည့်အခါတွင် ဟန်နင်မှာ လုရှီရန်ကို မနာလိုမှု ပို၍ကြီးထွားလာခဲ့သည်။

ဘာကြောင့် ဒီခွေးမက အမြဲတမ်း ကံကောင်းနေခဲ့ရတာလဲ။

“ လီဟမ်ရှန်း”

လီချန်ချင်းက လီဟမ်ရှန်း၏ နာမည်ကို ခေါ်လိုက်သည်။

“စီနီယာချင်းလဲ့ ညွှန်ကြားပါ”

လီဟမ်ရှန်းက တရိုတသေပြန်ဖြေလိုက်သည်။ လက်ရှိ လီဟမ်ရှန်း၏ စိတ်ထဲတွင် ချင်းလဲ့ဓားသခင်မှာ အမြင့်ဆုံးသို့ ရောက်နေခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် ချင်းလဲ့ဓားသခင်က ဘာအမိန့်ပဲပေးပေး၊ လီဟမ်ရှန်းမှာ နှစ်ခါမစဉ်းစားပဲ လိုက်နာမည်သာ ဖြစ်၏။

“မင်းရဲ့ ဇနီးက ပါးရိုက်ခံခဲ့ရတယ်။ ဒါကို မင်းက ဘာမှမလုပ်ပဲ ကျော်သွားမှာလား”

လီချန်ချင်းက ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ဟင်”

လီဟမ်ရှန်းမှာ ဆွံ့အသွားပြီးနောက် အသည်းအသန်ရှင်းပြလိုက်သည်။

“စီနီယာ၊ သူမက ကျွန်တော့်ဇနီး မဟုတ်ပါဘူး”

“ယောကျ်ားဆိုတာ တာဝန်ယူတတ်ရတယ်”

လီချန်ချင်းက ခပ်တိုးတိုးပြောလိုက်သည်။

“ အကူအညီပေးတဲ့ လက်ကို ငြင်ငြင်သာသာနဲ့ ဆုတ်ကိုင်ရတယ်။ ကိုယ့်ကို တလုပ်ကျွေးဖူးရင် အသက်နဲ့ ထပ်တူပြန်ပေးဆပ်ရတယ်”

“အာ.. မှန်ပါတယ်” လီဟမ်ရှန်းမှာ ဆိုလိုရင်းကို နားလည်သွားခဲ့ချေပြီ။

လီချန်ချင်းက လီဟမ်ရှန်းကို စကားဝှက်နှင့် ပြောနေခြင်းသာ ဖြစ်သည်။

အဓိပ္ပာယ်မှာ “သူမက မင်းရဲ့ ဇနီးမဖြစ်သေးရင်တောင်မှ သူမရဲ့ ခုနစ်ရောင်ခြယ်ဆေးလုံးကို မင်းစားထားတဲ့ အတွက်ကြောင့်မို့လို့ မင်း ပြန်ကူညီသင့်တယ်” ဟူ၍ ဖြစ်သည်။

All Chapters