← Chapters

အခန်း (၂၀၉)

Vol. 20 Ch. 209

အခန်း (၂၀၉)

Vol. 20 Ch. 209

“အားးး”

အော်သံတခုနှင့်အတူ ဟူကျိုးမှာ သူ၏ ကုလားထိုင်မှာ ပြုတ်ကျသွားခဲ့ပါသည်။

သူသည် အသစ်ရောက်ရှိလာသူများကို မယုံနိုင်စွာ ကြည့်နေမိတော့သည်။ သူ၏ ခေါင်းမှာချာချာလည်နေကာ၊ အသက်ရှုသံများမှာ ပြင်းထန်လာခဲ့သည်။ သူ၏ အကြည့်မှာလည်း ဗလာဖြစ်သွားခဲ့လေ၏။

ပြန်လမ်းမဲ့တံခါးဂိုဏ်းမှ လူရောက်လာလိမ့်မည်ဟု သူက လုံးဝကို မထင်ထားခဲ့မိပါချေ။ ရိုးရိုးသာမန်လူပင်မဟုတ်၊ ရောက်လာသည်မှာလည်း ပြန်လမ်းမဲ့တံခါးဂိုဏ်းမှ မဟာအကြီးအကဲရောက်လာလိမ့်မည်ဟု အိပ်မက်ထဲမှာပင် မက်မိလိမ့်မည် မဟုတ်ပါချေ။

ဟူကျိုးမှာ မူလအဆင့်သို့ရောက်နေသော ဦးလေးဖြစ်သူ၏ အရှိန်အဝါကို မှီခိုကာ ပြန်လမ်းမဲ့တံခါးမြို့တွင် လုပ်ချင်တိုင်းလုပ်နေခြင်းပင် ဖြစ်ပါ၏။ မြို့ရှိလူတော်တော်များများမှာ သူ၏ ဦးလေးကို အပြစ်မပြုလိုသောကြောင့် ကြောက်ရွံ့ပြီး သူ့လုပ်ရပ်များကို သည်းခံနေကြခြင်းပင်။

ဒါပေမယ့် အဲ့ဒါတွေကို ပြန်လမ်းမဲ့တံခါးဂိုဏ်းက နားလည်ပေးမယ်ထင်သလား?

ပြန်လမ်းမဲ့တံခါးဂိုဏ်းတွင် သူ့ဦးလေး၏ နာမည်မှာ ဖုန်မှုန့်ကဲ့သို့ပင် အရေးမပါလှပေ။

“နားလည်မှုလွဲတာပါ အကြီးအကဲ။ ကျွန်တော်ပြောခဲ့တာက အကြီးအကဲကို မရည်ရွယ်ပါဘူး။ အမိုက်အမဲလေးကို အကြီးအကဲက ခွင့်လွှတ်ပေးပါ”

ပြန်လမ်းမဲ့တံခါးဂိုဏ်း၏ အကြီးအကဲမှာ သူ့အား အေးစက်စွာ တချက်ကြည့်လိုက်ပြီးနောက် ထပ်မံ၍ အဖက်မလုပ်တော့ပေ။ သူ့အနောက်မှ ပါလာသော တပည့်၈ယောက်ကလည်း အေးစက်စွာဖြင့် စိုက်ကြည့်နေကြတော့၏။

အကြီးအကဲမှာ သူ့အား အဖက်မလုပ်ပဲ စကားဆက်ပြောလိုက်သည်။

“ဆိုင်ရှင်ပိုင်ရဲ့ စီးပွားရေးက ကောင်းနေပါရော့လား။”

အကြီးအကဲက လေးစားစွာ ဦးညွတ်ကာ ပြောလိုက်ပြန်သည်။

“ဆရာသခင်က သူလျိုတွေကို ဖမ်းဆီးစစ်ဆေးနေလို့ ဒီကို ကိုယ်တိုင်ကိုယ်ကျမလာနိုင်ပါဘူး။ ဆရာသခင့်ကိုယ်စား ကျုပ်ကို စေလွှတ်လိုက်တာပါ။ ကျုပ်တို့ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက ချန်ချင်းကုမ္ပဏီခွဲဖွင့်လှစ်တာကို လာရောက်ဂုဏ်ပြုပါတယ်”

အကြီးအကဲ၏ စကားဆုံးသွားသည်နှင့် အနောက်တွင်ပါလာသော လူငယ်၈ယောက်မှာ တပြိုင်နက် အော်ဟစ်လိုက်တော့သည်။

“ချန်ချင်းကုမ္ပဏီခွဲရဲ့ ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်”

“ချန်ချင်းကုမ္ပဏီခွဲရဲ့ ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်”

“ချန်ချင်းကုမ္ပဏီခွဲရဲ့ ဖွင့်ပွဲအတွက် ဂုဏ်ယူပါတယ်”

“အားလုံးက ကြင်နာတတ်လွန်းပါပြီ။ အားလုံးကို တံခါးဝမှာ မကြိုဆိုမိလို့ တောင်းပန်ပါတယ်။ ကျုပ်တို့ဘက်က တကယ်ကို လစ်ဟင်းနေလို့ ရှက်ရွံ့မိပါတယ်”

ပိုင်လင်းဝမ်ကလည်း ဦးညွတ်ရင်း ပြောလိုက်သည်။ ဖွင့်ပွဲနေ့တွင် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းမှ လာရောက်လိမ့်မည်ကို ပိုင်လင်းဝမ်က ကောင်းကောင်းသိထားခဲ့ပေသည်။

“ဒါက ဂုဏ်ပြုလက်ဆောင်သေးသေးလေးပါ”

ပြန်လမ်းမဲ့ဂိုဏ်းအကြီးအကဲက လက်ကိုဝှေ့ယမ်းလိုက်ရာ အနောက်တွင် ရှိသော ချန်ကွမ်မှာ အရှေ့သို့ တက်လာကာ သေတ္တာငယ်လေးတလုံးကို အကြီးအကဲထံသို့ ဦးညွတ်ကာ ပေးလိုက်၏။

ပြန်လမ်းမဲ့ဂိုဏ်းအကြီးအကဲက ထိုသေတ္တာငယ်လေးကို ပိုင်လင်းဝမ်ထံသို့ ကမ်းပေးလိုက်ခဲ့သည်။

ထိုမြင်ကွင်းမှာ ရောက်လာကြသော မြို့နေလူအပေါင်းတို့ကို ထိတ်လန့်သွားစေခဲ့သည်။ ပြန်လမ်းမဲ့ဂိုဏ်းအကြီးအကဲက တရိုတသေဆက်ဆံနေရလောက်တဲ့အထိအောင် ဖြစ်နေခဲ့ရတာ ဒီချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုရဲ့ နောက်ခံက ဘာများလဲ..

ဖွင့်ပွဲနေ့မှာတောင်မှ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက အကြီးအကဲကိုယ်တိုင် ဦးညွတ်ဂုဏ်ပြုရတဲ့အပြင်ကိုမှ လက်ဆောင်ပါယူလာခဲ့ရသေးတယ်

ငါးကလေးကုန်သွယ်ရေးလုပ်ငန်းတုန်းက ဒီလိုမျိုး အလေးထားမှုမျိုးကို မရခဲ့ဘူးမဟုတ်လား

ထိုဖြစ်ရပ်မှာ ဟူကျိုးကို လွန်စွာကြောက်ရွံ့သွားစေသောကြောင့် အသက်ရှုရပ်မတက်ပင် ဖြစ်နေခဲ့၏။ သူက သူ့ရှေ့ရှိမြင်ကွင်းကို ပါးစပ်အဟောင်းသားနှင့် ပြူးကျယ်စွာဖြင့်ကြည့်နေမိတော့သည်။

ချန်ချင်းကုမ္ပဏီက ဘာတွေဖြစ်နေတာလဲ

ဒီတခါတော့ သူက သံပြားကို ကန်မိသွားခဲ့တာများလား။

ဟူကျိုးကို အသာထားဦး၊ ကျန်းယုပင်လျှင် ထိုဖြစ်ရပ်ကို မယုံနိုင်စွာကြည့်နေခဲ့မိတော့သည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ထိုကဲ့သို့ နောက်ခံရှိလိမ့်မည်ဟု သူလုံးဝကို မထင်ခဲ့မိပါချေ။

ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းကပင်လျှင် ယခုလို လာရောက်ပြီး မျက်နှာသာပေးရတယ်တဲ့လား။ အဲ့ဒါကြောင့် လူမိုက်တွေလာမယ့်အကြောင်းကို ပိုင်လင်းဝမ်ကို ပြောတုန်းက ပိုင်လင်းဝမ်က သောက်ဖက်မလုပ်တာကိုး။

ပြန်လမ်းမဲ့ဂိတ်တံခါးကတောင်မှ လေးစားရတဲ့အဖွဲ့အစည်းဆိုမှတော့ ဒီမြို့မှာ ဘယ်သူ့ကို ကြောက်ရတော့မှာလဲ

ယခင်တုန်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မိသားစုများနှင့် ဂိုဏ်းအချို့သာသိကြသည်။ ယခုတွင်မူ တစ္ဆေနတ်ဆိုးစမ်းသပ်မှုတွင် ချင်းလဲ့ဓားသခင်က ဂိုဏ်းတိုင်းရှိလူသားမျိုးနွယ်များကို ကယ်တင်လိုက်ခြင်းကြောင့် ပိုမို၍ နာမည်ကျော်ကြားလာခဲ့တော့၏။

ဒါပေမယ့် ထိုသတင်းကိုမူ သာမန်လူသားများက မသိကြသေးချေ။ ပြန်လမ်းမဲ့မြို့တွင်မူ ချင်းလဲ့ဓားသခင်၏ လွှမ်းမိုးနိုင်စွမ်းမှာ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်း၏ လွှမ်းမိုးမှုကို မကျော်လွန်နိုင်ပေ။

ပိုင်လင်းဝမ်က လက်ဆောင်ကို လက်ခံလိုက်ပြီးနောက်တွင် “ဒီနေ့က ဖွင့်ပွဲနေ့ဆိုတော့ အထဲကိုကြွကြပါ။ ကျုပ်က လက်ဖက်ရည်ကြမ်းတွေနဲ့ သွားရည်စာတွေကို ပြင်ဆင်ပေးထားပါတယ်။ အနားယူပြီး မြည်းစမ်းကြည့်ပေးကြပါဦး”

“ဒါပေါ့” အကြီးအကဲက ပြုံးပြလိုက်သည်။

ချန်ချင်းကုမ္ပဏီကို ချင်းလဲ့ဓားသခင်က ထောက်ပံ့ပေးထားသည်။ ၎င်းတို့ဖက်မှာ သူတို့အတွက် ဘာမှ မပြင်ဆင်ထားပေးလျှင်ပင် သူတို့တွင် ပြောခွင့်ရှိမနေပေ။

“အကြီးအကဲ၊ ဒီလူ့ကို ကျွန်တော်တို့ ဘာလုပ်ကြမလဲဗျ”

ထိုအခိုက်တွင် ချန်ကွမ်က မြေပြင်ပေါ်တွင် ပျော့ခွေစွာ လဲကျနေသည့် ဟူကျိုးကို လက်ညှိုးထိုးကာ မေးလိုက်၏။

အကြီးအကဲက ဖြူဖျော့နေသော မျက်နှာဖြစ်နေသော ဟူကျိုးကို စိုက်ကြည့်လိုက်သည်။ ဟူကျိုးမှာ ချက်ချင်းပင် ဝပ်တွားလိုက်ပြီး

“အကြီးအကဲနဲ့ ဆိုင်ရှင်ပိုင် ကျုပ်မှားတာကို သိပါပြီ။ ကျုပ်တကယ်မှားသွားပါတယ်။ ကျုပ်ဘယ်တော့မှ ထပ်မလုပ်တော့ပါဘူး။ အသက်ချမ်းသာပေးပါ။ ကျုပ် ဒီကနေထွက်သွားပြီးရင် ချန်ချင်းကုမ္ပဏီကို ဘယ်တော့မှ ပြန်မလာတော့ပါဘူး”

ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းအနေနှင့် သူ့အားသတ်ဖြတ်လိုက်ခြင်းမှာ ကြက်ကလေး၊ငှက်ကလေးကို သတ်ဖြတ်သည့်အလားပင် ဖြစ်နေမည်ကို သူကောင်းကောင်းသိသည်။ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက သူ့ကို သတ်လိုက်လျှင် သူ့ဦးလေးမှာ အီးပင်လှည့်ပေါက်လိမ့်မည် မဟုတ်ပါချေ။

သူသေမည်ဆိုလျှင် နာနာကျင်ကျင်ကို သေဆုံးရပေလိမ့်မည်။

ဆိုင်ရှင်ပိုင်ကကော ဒီကိစ္စကို ဘယ်လိုကိုင်တွယ်မယ်လို့ တွေးသလဲဗျ

အကြီးအကဲက ဆိုင်ရှင်ပိုင်ကို ကြည့်ကာ မေးခွန်းထုတ်လိုက်သည်။ လက်ရှိပြသနာမှာ ချန်ချင်းကုန်သွယ်ရေးနှင့် တိုက်ရိုက်ပတ်သက်သော ပြသနာဖြစ်သည်။ ထိုကိစ္စကို ကြားကနေ ဆုံးဖြတ်ချက်ဝင်ချပေးလို့ မသင့်တော်လှပါချေ။

“ကျုပ်လား”

ပိုင်လင်းဝမ်မှာ တခဏမျှတွေးတောကာ ပြောလိုက်သည်။

“ဒီနေ့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ ဖွင့်ပွဲနေ့ဆိုတော့ သွေးထွက်သံယိုဖြစ်ရပ်တွေဖြစ်ရင် မင်္ဂလာမရှိပဲ ဖြစ်သွားလိမ့်မယ်”

“ကျေးဇူးတင်ပါတယ် ဆိုင်ရှင်ပိုင်ခင်ဗျာ”

ဟူကျိုးမှာ ခပ်မြန်မြန်ပင် ကျေးဇူးတင်ကာ ဦးချလိုက်သည်။ ယခုကြည့်ရသလောက်ကတော့ ပိုင်လင်းဝမ်က သူ့ကို သတ်မည့် အနေအထားမရှိပေ။

“အဲ့ဒါကြောင့်မို့လို့ ဒီလူ့ကို ဒီကနေ ဆွဲထုတ်သွားပြီး ခပ်ဝေးဝေးမှ သတ်ပစ်ဖို့အတွက် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက ညီအစ်ကိုတွေကိုပဲ ဒုက္ခပေးရတော့မှာပါပဲဗျာ”

ပိုင်လင်းဝမ်က ရွှင်ပြစွာ ပြုံးရင်းနှင့် ပြောလိုက်သည်။

ထိုစကားကိုကြားသော် ဟူကျိုးမှာ မျက်လုံးပြူးသွားခဲ့တော့၏။

ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းကအကြီးအကဲမှာ ထိုစကားကြောင့် အနည်းငယ်အံ့အားသင့်သွားသည့်တိုင် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

“ဆိုင်ရှင်ပိုင်ကတော့ ဟာသဉာဏ်သိပ်ရှိတာပဲဗျာ။ ကျန်းရွှယ်၊ လင်းတုံ… မင်းတို့နှစ်ယောက် သူ့ကို မြို့ပြင်ကိုခေါ်သွား၊ ဒီဆိုင်နဲ့ ဆယ်မိုင်အကွာဝေးတဲ့ မြစ်ဘေးမှာ အရှင်လတ်လတ်မြုတ်လိုက်ကွာ။ ဝေးလေကောင်းလေနော်၊ အဲ့ဒါမှ ချန်ချင်းကုမ္ပဏီရဲ့ မင်္ဂလာစီးပွားရေးကို မထိခိုက်နိုင်မှာ”

“ဟုတ် အကြီးအကဲ” တပည့်နှစ်ယောက်မှာ အရှေ့သို့ တက်လာပြီး ပြောလိုက်၏။

“အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ အကြီးအကဲ။ ကျုပ်ဦးလေးက ဟူဝမ်ရှန်း၊ ခင်ဗျားတို့ ကျုပ်ကို သတ်လို့မရဘူး”

အသံမှာ တဖြေးဖြေးနှင့် လွင့်ပါးပျောက်ကွယ်သွားခဲ့သည်။ ဟူဝမ်ရှန်းဖြစ်နေလျှင်ပင် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းရှေ့တွင် အသုံးမဝင်ပါချေ။

“ကျေးဇူးပြု၍ အထဲကို ကြွပါ” ပိုင်လင်းဝမ်က လက်ဟန်နှင့် ဖိတ်ခေါ်လိုက်ပါသည်။

“ဒါနဲ့ ဆိုင်ရှင်ကျန်း” ထိုအခိုက်တွင် ပိုင်လင်းဝမ်က ရုတ်တရက် ပြောလိုက်သည်။

“ဟင်” ထိုအချိန်မှသာ သတိမဝင်လာသေးသော ကျန်းယုမှာ ရုတ်တရက် သတိပြန်ဝင်လာခဲ့၏။

ဟူကျိုးက ဒီအတိုင်းသေသွားတာလား။ ပြီးတော့ ပိုင်လင်းဝမ်..

အပြင်ပန်းမှာ ယဉ်ကျေးနေပေမယ့် တကယ့်တကယ်တန်းမှာ တော်တော်လေးကို ရက်စက်တဲ့ လူပဲ

“ဈေးဝယ်တွေကို ကောင်းကောင်းမွန်မွန်ဆက်ဆံပါ။ ဒီနေ့က ဖွင့်ပွဲနေ့ဆိုတော့ ဈေးဝယ်တွေကို စိတ်ကျေနပ်စေဖို့အတွက် သေချာကို ဂရုစိုက်မှကို ရမယ်။ တချက်အာရုံမစိုက်မိတာနဲ့ လစ်ဟင်းသွားနိုင်တာမို့လို့ ဂရုစိုက်ပေးပါ”

“ဆိုင်ရှင်ပိုင် စိတ်ချပါ။ ဆိုင်ရှင်ပိုင်က ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက အရေးကြီးဧည့်သည်တွေကိုပဲ ဂရုစိုက်ပေးပါ။ ကျန်တာတွေကို ကျုပ်တာဝန်ထားလိုက်ပါ”

ကျန်းယုက အလျင်အမြန်ပြောလိုက်သည်။ ပိုင်လင်းဝမ်တို့ အပေါ်ထပ်သို့ တက်သွားပြီးသည့်နောက်တွင် ကျန်းယုမှာ အောက်သို့ငုံ့ကြည့်လိုက်ခဲ့သည်။

ယခုအချိန်တွင် စိတ်အားတက်ကြွမှုတခုက ကျန်းယု၏ မျက်လုံးထဲတွင် ပေါ်ပေါက်လာခဲ့ပါတော့သည်။

တည်ငြိမ်တဲ့အခြေအနေ…

စစချင်းတုန်းက လုပ်ငန်းအသစ်စတင်သည့်အခိုက်တွင် သူ၏ ကိုယ်ပိုင်လုပ်ငန်းတည်ထောင်စဉ်ကာလတုန်းကလိုမျိုး အခက်အခဲများ ကြုံတွေ့ရလိမ့်မည်ဟု သူထင်ခဲ့လေသည်။ သို့သော် ထိုအတွေးများမှာ သူအတွေးလွန်နေကြောင်းကို သိလိုက်ရတော့၏။

ယခုအချိန်တွင် သူက ထီပေါက်သွားခဲ့ပြီဖြစ်လေသည်။ အခက်အခဲမှန်သမျှကို ဖြေရှင်းပြီးသွားပြီဖြစ်သောကြောင့် အနာဂတ်မှာ အဆင်ပြေသွားခဲ့ချေပြီ။

ယနေ့သတင်းသာ ပျံ့နှံ့သွားခဲ့ပါက ပြန်လမ်းမဲ့မြို့ရှိ လူတိုင်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲကို နှောင့်ယှက်ကြတော့လိမ့်မည် မဟုတ်ပေ။

သူသာ အလုပ်ကြိုးစားပြီး ပုံမှန်လေးအတိုင်းသာ နေလိုက်ပါက သူ၏ အနာဂတ်မှာ ထွန်းတောက်လင်းလာတော့လိမ့်မည်။

သိပ်မကြာခင်မှာပင် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ဖွင့်ပွဲသို့ တက်ရောက်သည့် သတင်းစကားမှာ ကျန်းယု၏ စီစဉ်မှုအောက်တွင် ပျံ့နှံ့သွားခဲ့လေတော့သည်။

ထိုသတင်းကိုကြားသော် ပြန်လမ်းမဲ့ဂိတ်တံခါးမြို့ရှိ အခြားအခြားသော ကုန်သွယ်ရေးလုပ်ငန်းများက အံ့အားသင့်ကာ ထိတ်လန့်သွားကုန်ကြ၏။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းတွင် ဘယ်လို နောက်ခံမျိုးရှိနေခဲ့တာလဲ

ထို့ကြောင့် သူတို့အားလုံးမှာ စုံစမ်းရန်အတွက် လူများစွာကို စေလွှတ်လိုက်ကြလေ၏။

All Chapters