← Chapters

အခန်း (၂၁၀)

Vol. 20 Ch. 210

အခန်း (၂၁၀)

Vol. 20 Ch. 210

ဖန်လင်းကုန်သွယ်ရေးလုပ်ငန်း…

၎င်းသည် ပြန်လမ်းမဲ့ဂိတ်တံခါးမြို့၏ အကြီးမားဆုံးသော ကုန်သွယ်ရေးလုပ်ငန်းအင်အားစု ဖြစ်ပါ၏။ ၎င်းတို့၏ နောက်ခံမှာ စွမ်းအားကြီး အင်အားစုတရပ် ဖြစ်ပါသည်။

လင်းဟိုင် ကျိုးမိသားစု

ထိုမိသားစုမှာ သာမန်မိသားစုကြီး ဖြစ်သော်လည်း ကျိုးမိသားစု ဘိုးဘေးမှာ မူလအဆင့်အထွတ်အထိပ်သို့ ရောက်ထားသော လူတစ်ယောက် ဖြစ်ပါသည်။

ထို့ကြောင့် ဖန်လင်းကုန်သွယ်ရေးလုပ်ငန်းသည် မည်သည့်အရာကိုမှ ကြောက်ရွံ့ခြင်းအလျဉ်းမရှိပဲ လုပ်ချင်တိုင်းလုပ်နေခဲ့တော့သည်။ သာမန်အခြေအနေများတွင် ၎င်းတို့ကို ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းကပင် မျက်နှာသာပေးရသည်။

ယခုတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ရုတ်တရက် ပေါ်ထွက်လာခဲ့ပြီးနောက်တွင် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းကပင် မျက်နှာသာပေးနေရသည်။ ထိုအဖြစ်အပျက်မှာ ဖန်လင်းကုန်သွယ်ရေးလုပ်ငန်း၏ တာဝန်ရှိသူ ကျိုးချင်ယန်းကို မပျော်ရွှင်စေခဲ့ပေ။ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက ကျိုးမိသားစုကို ထိုမျှ ယဉ်ကျေးပျူငှာခြင်းမျိုးမရှိခဲ့ပါချေ။

ထို့ကြောင့် သူက ထိုသတင်းကို ကျိုးမိသားစုထံသို့ ချက်ချင်းပေးပို့ကာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ နောက်ခံသို့ စုံစမ်းခိုင်းခဲ့သည်။

မနက်ရောက်သော စုံစမ်းမှုရလဒ်က သူ့ထံသို့ ပြန်ရောက်လာခဲ့လေသည်။

“ဟ မြန်လိုက်တာ”

ကျိုးချင်ယန်းက စာအိတ်ကို ဖွင့်ဖောက်ကာ သတင်းကို ခပ်မြန်မြန်ပင် ဖတ်ရှုလိုက်လေ၏။ သူ ဖတ်တာကြာလာလေလေ၊ သူ့မျက်နှာအမူအရာမှာ ဆိုးရွားလာလေလေဖြစ်သည်။

“ဥက္ကဌ ဘာများဖြစ်လို့လဲ”

နံဘေးတွင်ရှိသော ဆိုင်ရှင်က ကျိုးချင်ယန်းအား မေးလိုက်ခြင်းဖြစ်သည်။

“ချန်ချင်းကုမ္ပဏီကို အတိုက်အခံမလုပ်ဖို့အတွက် ကျိုးမိသားစုက ငါ့ကို သတိပေးလိုက်တယ်။ ချန်ချင်းကုမ္ပဏီကို သွားဆွမိတာနဲ့ ကျိုးမိသားစုကနေ ငါ့ကို ထုတ်ပယ်မယ်လို့ပါ ပြင်းပြင်းထန်ထန်ကို သတိပေးထားတယ်”

ကျိုးချင်းယန်က တုန်လှုပ်နေမှုကို ပြင်းထန်စွာ ထိန်းသိမ်းကာ ပြောလိုက်သည်။

“အဲ့လောက်တောင်မှ အခြေအနေက ဆိုးတာလား”

ဆိုင်ရှင်က ပြောလိုက်သည်။

“ကျုပ်တို့ ဘိုးဘေးက ဆရာသခင်အဆင့်မှာလေ။ ဘယ်သူက မာန်တက်ပြီး ကျုပ်တို့ကို မျက်နှာသာမပေးရဲရတာလဲ”

“ချန်ချင်းကုမ္ပဏီရဲ့နောက်ကွယ်မှာ ဓားသခင်တပါးရှိနေတယ်”

ကျိုးချင်ယန်းက အေးစက်စွာဖြင့်ပြောလိုက်တော့၏။

ဆိုင်ရှင်ကတော့ နားလည်လိမ့်မည် မဟုတ်ပေ။ သာမန်လူများ၏ အမြင်တွင် ဆရာသခင်အဆင့်များမှာ တတန်းထဲတွင် ရှိပေ၏။

“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မိသားစုက ချန်ချင်းကုန်သွယ်ရေးအင်အားစုကို ရန်သွားစလို့မဖြစ်ဘူး။ မဟုတ်ရင် ငါတို့တွေက ပြန်ပြင်လို့မရနိုင်တော့တဲ့အထိ ပျက်စီးဆုံးရှုံးသွားနိုင်မယ့်အပြင်၊ ဘိုးဘေးအိုကြီးကပါ မကယ်နိုင်လောက်တော့ဘူး”

ကျိုးချင်းယန်ကလည်း မူလအဆင့်ဖြစ်သောကြောင့် ကောင်းစွာနားလည်ပါ၏။

ဓားသခင်များသည် အဆင့်မြင့်ဆရာသခင်များအဆင့်တွင်ပင် ဓားသိုင်းမှာ တဖက်ကမ်းခတ်အောင် ကျွမ်းကျင်ကြကာ အဆင့်မြင့်သိုင်းပညာရှင်များဖြစ်ကြ၏။

သူတို့၏ ဘိုးဘေးကပင်လျှင် သာမန်မူလအဆင့်ပင် ဖြစ်သောကြောင့် တဖက်မှ ဓားသခင်၏ ဓားတချက်ကိုပင် ခံလိုက်ပါ့မလားဆိုတာကို မပြောတတ်ပေ။ ထို့ကြောင့် သူတို့ကို သွားယှဉ်၍ မရပေ။

ကျိုးချင်ယန်းက သိပ်မကျေနပ်သည့်တိုင်၊ သူ၏ ကံဆိုးမှုကို လက်ခံပြီးနောက်တွင် ချန်ချင်းကုမ္ပဏီကို ထိပ်တိုက်မတွေ့တော့ရန် ဆုံးဖြတ်လိုက်သည်။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းခွဲ၏ ဒုတိယအထပ်တွင်…

ပိုင်လင်းဝမ်သည် ချန်ထင်မြို့မှ ယူလာသော အရသာရှိသော အစားအသောက်မျိုးစုံတို့ကို ထုတ်ယူကာ ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းမှ ဧည့်သည်များကို ပြင်ဆင်ပေးလိုက်လေသည်။

ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းမှ အကြီးအကဲသည် အစားအသောက်များကို ပျော်ရွှင်စွာ သုံးဆောင်နေလေတော့၏။ ပုဇွန်ပေါက်စီ၊ ရှုမိုင်၊ ဆန်ခေါက်ဆွဲ များမှာ ပြန်လမ်းမဲ့ဂိတ်တံခါးမြို့တွင် မရှိသော အစားအစာများ ဖြစ်ပါသည်။

အကြီးအကဲမှာ အတွေ့အကြုံများစွာ ရသွားခဲ့တော့သည်။ ပိုင်လင်းဝမ်နှင့် အကြီးအကဲမှာ ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင်နှင့် စားသောက်ပြောဆိုနေကြ၏။

သို့သော် မကြာမီတွင် ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းမှ တပည့်များက စားပွဲပေါ်တွင် အရသာရှိသော စားစရာများပြည့်နှက်နေသည့်တိုင် တို့ကနန်း၊ဆိတ်ကနန်းဖြစ်ကာ သိပ်မစားကြသည်ကို သတိထားမိလိုက်၏။

“ညီငယ်လေးတို့ ဘယ်လိုဖြစ်တာလဲ။ အစားအသောက်တွေကို သိပ်မစားကြပါလား။ အရသာမရှိကြလို့လား”

ပိုင်လင်းဝမ်မှာ အနည်းငယ်အံ့အားသင့်သွားခဲ့သည်။ ချန်ထင်မြို့မှ အစားအသောက်များမှာ လွန်စွာမှကို နာမည်ကြီးလှပေသည်။

“မဟုတ်ပါဘူး အရမ်းအရသာရှိပါတယ်”

တပည့်တယောက်မှာ ကမန်းကတန်းပြောလိုက်လေ၏။

ပိုင်လင်းဝမ်မှာ တစုံတခုက လွဲမှားနေသည်ဟု ခံစားနေရပြန်တော့သည်။ အနာဂတ်တွင်၊ သူတို့က ပြန်လမ်းမဲ့ဂိတ်တံခါးမြို့တွင် စီးပွားရေးဆက်လုပ်ရမည်ဖြစ်သောကြောင့် သူတို့နှင့် အဆင်ပြေနေမှ စီးပွားရေးက ကောင်းနေပေလိမ့်မည်။

“ညီငယ်လေးတို့ စားချင်တာရှိရင် အားမနာတန်းပြောပါ။ ဒီနေရာကိုလာလည်ဖို့ဆိုတာက ရှားပါးလွန်းပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ ပြန်သွားရတာမျိုးတော့ မဖြစ်စေချင်ဘူး”

ပိုင်လင်းဝမ်က အလျင်အမြန်ပြောလိုက်သည်။

လူငယ်လေးများမှာ ပြောရခက်နေသည့်အမူအရာနှင့် တယောက်မျက်နှာကို တယောက်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် သူတို့အားလုံး၏ အကြည့်မှာ ချန်ကွမ်းထံသို့ ရောက်သွားကြလေ၏။

ချန်ကွမ်းမှာ အိုးတိုးအမ်တန်းဖြစ်သွားသော်လည်း စီနီယာအကိုတယောက်အနေနှင့် အားလုံးကိုယ်စား သတ္တိမွေးကာ ပြောလိုက်တော့သည်။

“ဆိုင်ရှင်ပိုင်က ပြောမှတော့ ကျွန်တော်ပြောပါ့မယ်”

“ပြောပါ” ပိုင်လင်းဝမ်က ပြုံးပြလိုက်သည်။

“မင်းတို့ဘာပဲ စားချင်ချင်၊ ပြောသာပြောလိုက်ပါ။ တောင်နဲ့ပင်လယ်ဒေသက စားသောက်ဖွယ်ရာတွေဆိုရင်တောင်မှ ငါတို့ချန်ချင်းကုမ္ပဏီက စိတ်တိုင်းကျဖြစ်အောင် ပြင်ဆင်ပေးဖို့ အာမခံပါတယ်ကွာ”

“ကျွန်တော်တို့တွေက အပူပေးထမင်းကို စားချင်ပါတယ်”

ချန်ကွမ်က လုံးဝကို သေချာနေသည့် လေသံနှင့် ပြတ်သားစွာ ပြောလိုက်လေ၏။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” အခြားသော တပည့်များမှာလည်း ပိုင်လင်းဝမ်ကို မျှော်လင့်နေသည့် အကြည့်များနှင့် ကြည့်နေကြတော့သည်။

ပိုင်လင်းဝမ်၏ မျက်နှာထက်ရှိ အပြုံးမှာ အေးခဲသွားတော့သည်။

ဘာကို စားချင်တာ။

ဘာကို….

အပူပေး ထမင်း?

ပိုင်လင်းဝမ်မှာ နားကြားလွဲသွားသည်ဟု ထင်လိုက်သည်။ သူတို့က အပူပေးထမင်းကို စားချင်တယ်လို့ ပြောလိုက်တာလို့ ငါကြားခဲ့တာပဲ။

အပူပေးထမင်းဆိုသည်မှာ တောကြီးမျက်မည်းထဲသို့ ရောက်နေပြီး စားသောက်စရာပူပူနွေးနွေးမရနိုင်သည့်အခါမျိုးတွင် အရေးပေါ်အနေနှင့် အသုံးပြုစားသောက်ရသောအရာမျိုးဖြစ်သည်။ ၎င်းမှာ လတ်လတ်ဆတ်ဆတ် ချက်ပြုတ်ထားသော ဟင်းလျာပူပူနွေးနွေးများကို လုံးဝကို မှီမည်မဟုတ်ပါချေ။

“ညီငယ်လေးတို့ အပူပေးထမင်းဆိုတာက ထမင်း၊ဟင်းအကျန်တွေကို အထူးနည်းလမ်းနဲ့ အပူပေးနိုင်အောင် ပြုလုပ်ထားတဲ့ စားသောက်ကုန်ပါ။ ဒါမျိုးက… အစားအသောက်ရှာမရတဲ့ နေရာမျိုးနဲ့ အခြေအနေမျိုးကို ကြုံတဲ့အခါမျိုးမှ စားသင့်တဲ့စားစရာမျိုး။ ညီငယ်လေးတို့ တခြားစားချင်တာရှိရင် ဘာပဲရှိရှိ စားဖိုမှုးကို ပြင်ဆင်ခိုင်းလိုက်ပါ့မယ်။ စားဖိုမှုးလုပ်ပေးတဲ့ ဘယ်ဟင်းလျာမဆို အပူပေးထမင်းထက် အများကြီးကို ပိုကောင်းပါတယ်”

“မဟုတ်ဘူး။ ကျွန်တော်တို့က အပူပေးထမင်းပဲစားချင်တာပါ။ ကျွန်တော်တို့ရဲ့ ဆန္ဒကို ဆိုင်ရှင်ပိုင်က ဖြည့်ဆည်းပေးမယ်လို့ မျှော်လင့်ပါတယ်”

တပည့်များမှာ ပြိုင်တူပင် ပြောလိုက်ကြလေ၏။ သူတို့၏ မျက်လုံးများမှာ ဆုံးဖြတ်ထားသော အရိပ်အယောင်များနှင့် လင်းလက်နေခဲ့၏။

သူတို့ အဖြစ်မှာ ရေသည်ယောကျ်ားနှင့် ဥဒယမင်းကြီးအဖြစ်ကဲ့သို့ပင်။ ပိုင်လင်းဝမ်က အရသာရှိသော အစားအစာများကို မည်မျှပင် ကျွေးပါစေ။ သူတို့ကတော့ အပူပေးထမင်းမှ အပူပေးထမင်းပင်ဖြစ်နေကြသည်။

ဒီကောင်တွေက ဘာတွေဖြစ်နေကြတာလဲ

သူတို့က လတ်လတ်ဆတ်ဆတ်အစားအသောက်တွေကို စားရမယ့်အစား အပူပေးထမင်းကို ဘာလို့စားချင်နေရတာလဲ

“ဆိုင်ရှင်ပိုင်ရေ… ဖြစ်နိုင်တယ်ဆိုရင် သူတို့ကို စားခိုင်းလိုက်ပါဗျာ” အကြီးအကဲက တချက်ရယ်ကာ ပြောလိုက်သည်။

“တစ္ဆေနတ်ဆိုးစမ်းသပ်ပွဲတုန်းကဆိုရင် သူတို့တွေက အရမ်းမာပြီး အေးစက်နေတဲ့ ပေါင်မုန့်ခြောက်တွေကို စားနေရတဲ့အချိန်မှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနဲ့ ကျန်းဟယ်စံအိမ်က တပည့်တွေက အပူပေးထမင်းကို အရသာရှိရှိနဲ့ စားခဲ့ကြတယ်လေ။ အဲ့ကတည်းကိုက သူတို့က ဒီအရသာကို တမ်းတနေခဲ့ကြရတာဗျ”

“အခု ဒီမြို့မှာ ချန်ချင်းကုမ္ပဏီခွဲဖွင့်လှစ်တော့ ဂုဏ်ပြုစကားပြောဖို့အတွက်က ကျုပ်တယောက်တည်းလာရမှာကို သူတို့ကပါ ဒီသတင်းကို ကြားပြီးတော့ အပူပေးထမင်းကို စားချင်ဇောနဲ့ ကျုပ်အနောက်ကို မရမက တွယ်ကပ်ပြီးလိုက်လာကြတော့တာပါပဲ”

“ဪ… လတ်စသတ်တော့ ဒီလိုကိုး”

“ညီငယ်လေးတို့အတွက် တယောက်ယောက်ကို ပြင်ခိုင်းလိုက်မယ်” ပိုင်လင်းဝမ်က စိတ်ဝင်တစားနှင့် ပြောလိုက်ပါသည်။

သူတို့က အတော်လေးကို စားချင်နေကြသည်မဟုတ်လား

ပိုင်လင်းဝမ်က အပူပေးထမင်းကို ပြင်ဆင်ပေးမည့်အကြောင်းကို ကြားသည့်အခါတွင် လူတိုင်း၏ မျက်လုံးများမှာ အရောင်တောက်ပသွားခဲ့တော့သည်။ သူတို့မှာ ဆာလောင်နေသည့် ဝံပုလွေက သမင်တကောင်ကို တွေ့လိုက်ရသည့်အလားပင်။

“ကျွန်တော် ဝက်သားထမင်းကြော်စားချင်တယ်”

“ကျွန်တော်က မာပိုတို့ဖူးနဲ့”

“ကျွန်တော်က ပုဇွန်နဲ့ကိုမှ စီချွမ်ဆော့စ်နဲ့ ဝက်သားကင်အုပ်ပေးပါ”

လူတိုင်းမှာ ပြိုင်တူပြောလိုက်သောကြောင့် ဆူညံသွားခဲ့သည်။

“ရပြီ၊ ရပြီ။ ဒီမှာ အဲ့ဒါတွေ အကုန်လုံးရှိတယ်”

ပိုင်လင်းဝမ်သည် အစေခံများကို အပူပေးထမင်းအမြန်ယူလာခိုင်းလိုက်၏။

အပူပေးထမင်းဘူးလေးများကို မြင်လိုက်သည်နှင့် အားလုံး၏ အသက်ရှုသံများမှာ ပြင်းထန်လာခဲ့သည်။ သူတို့အားလုံး၏ ပါးစပ်များမှ သွားရည်များမှာ ထိန်းမနိုင်သိမ်းမရအောင်ကို ယိုကျလာခဲ့တော့၏။

ထိုအပူပေးထမင်းမှာ သူတို့အိပ်မက်ထဲအထိတွင် ထည့်မက်ခဲ့ရသော အရာဖြစ်သည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနှင့် ကျန်းဟယ်စံအိမ်၏ တပည့်များက အပူပေးထမင်းကို မစားသုံးခင်ပြုလုပ်ခဲ့သော အရာများကို သွားရည်ယိုကာစောင့်ကြည့်ခဲ့ကြရသောကြောင့် လုပ်ရမည့်အဆင့်များကို သူတို့က ကောင်းကောင်းကို မှတ်မိနေခဲ့ကြချေပြီ။

အားလုံးလုပ်ဆောင်ပြီးသော် အပူပေးထမင်းက စတင်၍ အပူပေးလာတော့၏။ လူတိုင်းက မျှော်လင့်တကြီးကို စောင့်ဆိုင်းနေခဲ့ကြပေသည်။

ထမင်းစားစားပွဲမှာ အပ်ကျသံပင်မကြားရလောက်သည်အထိကို တိတ်ဆိတ်သွားခဲ့တော့သည်။ လူတိုင်းမှာ ထမင်းဘူးများကို စိုက်ကြည့်နေပြီး စိတ်ထဲတွင် အချိန်ကို ရေတွက်နေခဲ့ကြတော့၏။ ဘေးလူအမြင်ဖြင့်သာ ကြည့်မည်ဆိုလျှင် ၎င်းတို့မှာ ထူးဆန်းသော အစီအရင်တခုကို ပြုလုပ်နေကြခြင်းနှင့်သာ ဆင်တူပေသည်။

အချိန်ပြည့်သောအခါ လူတိုင်းမှာ သူတို့၏ ထမင်းဘူးအဖုံးများကို ဖွင့်ရန် မစောင့်ဆိုင်းနိုင်ကြတော့ပေ။

သူတို့အရှေ့ရှိ သင်းပျံ့သော မွှေးရနံ့နှင့် အစားအသောက်များကို မြင်တွေ့သောအခိုက်တွင် ချန်ကွမ်အပါအဝင် တပည့်များအားလုံးမှာ မျက်ရည်များ မထိန်းနိုင်ကြခဲ့ပေ။

သေစမ်းကွာ

ဒီဟာ… ဒီဟာမှ အစစ်ပဲကွာ

ထိုမြင်ကွင်းကြောင့် ပိုင်လင်းဝမ်မှာ ဆွံ့အနေခဲ့သည်။

ဘာတွေဖြစ်နေတာတုန်းဟ

အဲ့လောက်ထိ စိတ်ထိခိုက်ခံစားနေဖို့ လိုအပ်နေလို့လား

ဟ မျက်ရည်တွေပါ ကျကုန်ပြီ။ လုပ်ကြဦး

“အရှက်မရှိတဲ့ကောင်တွေ”

အကြီးအကဲက ရှက်ရွံ့စွာ ဆူပူလိုက်သော်လည်း မည်သူမျှ ဂရုမစိုက်ကြပေ။ သူတို့က အရှေ့ရှိ စားစရာများကိုသာ အငမ်းမရစားသောက်နေကြတော့သည်။

အစားအသောက်များမှာ ပူနေသည်ကိုပင် သူတို့က ဂရုမစိုက်ကြတော့ပေ။

အရသာကို ခံလိုက်ပြီးသည့်အခါတွင် သူတို့အတွက်တော့ အပူပေးထမင်းမှာ နတ်သုဒ္ဓါအလားပင်ဖြစ်နေကြတော့သည်။

လူတိုင်းက အငမ်းမရ အရိုင်းအစိုင်းများလို စားသောက်နေကြသည့်မြင်ကွင်းကို ကြည့်ပြီး ပိုင်လင်းဝမ်မှာ အနည်းငယ်စိတ်မကောင်းဖြစ်နေခဲ့သည်။

ဒီလူတွေက အစားမစားရတာများ တော်တော်ကို ကြာနေတာများလား

ပြန်လမ်းမဲ့ဂိတ်တံခါးဂိုဏ်းက အရမ်းဆင်းရဲလို့ အခြေအနေတွေက ဆိုးရွားနေခဲ့တာများလား။

All Chapters