← Chapters

မူပိုင်ဓမ္မလက်နက်

Vol. 43 Ch. 636

မူပိုင်ဓမ္မလက်နက်

Vol. 43 Ch. 636

ကျင့်ကြံသူများသည် အမြုတေတစ်ခုကို ဖွဲ့တည်ပြီးနောက် အသက်ဓါတ်အပြောင်းအလဲနှင့် အသွင်ပြောင်းလဲခြင်းများကို တွေ့ကြုံခံစားရပေလိမ့်မည်။ သူတို့သည် ပထမဆုံးကြိမ်အဖြစ် ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်မှ လွတ်မြောက်ပြီး လေထဲသို့ ပျံတက်နိုင်ရုံသာမက သူတို့၏ ဘဝသက်တမ်းကလည်း နှစ် ၅၀၀ ထိ တိုးပွားသွားမည် ဖြစ်လေသည်။

အမြုတေဖွဲ့တည်ခြင်းက ကျင့်ကြံရေးလမ်းကြောင်း၏ အချိုးအကွေ့တစ်ခု ဖြစ်လေသည်။

ရွှေအမြုတေအဆင့်ကနေ နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းခြင်းကလည်း နောက်ထပ် တစ်ကယ့်ကို ကြီးမားသည့် အချိုးအကွေ့တစ်ခု ဖြစ်လေသည်။

ဘာကြောင့်ဆိုသော် နိုးထဝိညာဉ်အဆင့်သို့ ရောက်သည်နှင့် ကောင်းကင်နှင့် မြေကြီး၏ အချုပ်အနှောင်နောက်တစ်ထပ်ကို ချိုးဖျက်နိုင်မည်ဖြစ်ပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံလာနိုင်ကာ ဘဝသက်တမ်းကလည်း နှစ် ၁၀၀၀ ထိ တိုးလာပေလိမ့်မည်။

အမြုတေစိတ်ဝိညာဉ်နှင့်ဆိုပါက ကျင့်ကြံသူများသည် သူတို့ကိုယ်ပိုင် အသုံးပြုဖို့အတွက် ဓမ္မစွမ်းအားများကို လှည့်ပတ်လာနိုင်ပေမည်။

တစ်ချိန်တည်းမှာပင် ထိုကျင့်ကြံသူများသည် သူတို့၏ စိတ်ဝိညာဉ်များကို သန့်စင်မြှင့်တင်ဖို့အတွက် ဓမ္မပညာရပ်အသစ်၊ လက်နက်အသစ်နှင့် လျှို့ဝှက်ပညာရပ်အချို့ကိုပင် လိုအပ်လာပေလိမ့်မည်။

ရှင်းရှင်းပြောရလျှင် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်သော ရွှေအမြုတေပြိုင်စံရှားအများစုသည် နိုးထဝိညာဉ်အဆင့်သို့ သူတို့တက်လှမ်းမည့်အချိန်တွင် သူတို့အတွက် လိုအပ်မည့်အရာများကို သွားရောက်ကြိုတင်စုဆောင်းရင်း ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ကြခြင်း ဖြစ်လေသည်။

ဘုန်းကြီးအိုက ပြော၏။

“ပြီးခဲ့တဲ့ အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်က ပေးတဲ့ ဆုလာဘ်တွေထဲမှာ ကောင်းကင်အဆင့်ဓမ္မပညာရပ်တွေနဲ့ ကျင့်ကြံရေးနည်းစနစ်တွေတောင် ပေါ်လာခဲ့သေးတယ်”

ထိုသည်ကို ကြားသောအခါ ဆူဇီမိုသည် ရင်တစ်ချက်ထိတ်၍ ပြောစရာစကား မဲ့သွားရ၏။

နိုးထဝိညာဉ်အဆင့်သို့ တက်လှမ်းပြီးနောက် လူတစ်ယောက်သည် လောကအသစ်တစ်ခုသို့ ဝင်ရောက်ပြီး အဆင့်အသစ်တစ်ခုသို့ ရောက်ရှိလာပေလိမ့်မည်။

ဓမ္မစွမ်းအားများက လောကဆိုင်ရာစွမ်းအားများ ဖြစ်၏။

ဓမ္မပညာရပ်များနှင့် ကျင့်ကြံမှုနည်းစနစ်များကို အဆင့်များ ခွဲခြားထားလေသည်။

ကျင့်ကြံရေးလောကတွင် ဓမ္မပညာရပ်များကို ကောင်းကင်၊ ကမ္ဘာမြေ၊ အမှောင်နှင့် အလင်းဟူ၍ အဆင့်လေးဆင့် ခွဲထား၏။

ထုံးစံအတိုင်း ကောင်းကင်အဆင့်ဓမ္မပညာရပ်များက ကြောက်စရာအကောင်းဆုံး နည်းစနစ်များဖြစ်ပြီး အသန်မာဆုံးဓမ္မစွမ်းအားများကို ထုတ်ဖော်နိုင်လေသည်။

အဲ့ဒီနောက် စွမ်းအားအတန်းအစားက အဆင့်တစ်ခုချင်းအလိုက် လျော့ကျသွားပေလိမ့်မည်။

အလင်းအဆင့်ဓမ္မပညာရပ်များကတော့ အားအနည်းဆုံးဓမ္မစွမ်းအားများ ဖြစ်လေသည်။

တစ်ကယ်တမ်း ထပ်ခွဲရလျှင် အလင်းအဆင့်ဓမ္မပညာရပ်များမှာပင် ပိုသန်မာတာနှင့် ပိုအားနည်းတာဟူ၍ ရှိသေးလေသည်။

ဒါ့အပြင် ကျင့်ကြံရေးလောကတွင် တွေ့ရအများဆုံးမှာ အလင်းအဆင့်ဓမ္မပညာရပ်နှင့် ကျင့်ကြံရေးနည်းနည်းစနစ်များဖြစ်ပြီး သူတို့ကို အမျိုးမျိုးသော ဂိုဏ်းများနှင့် အဖွဲ့အစည်းများမှာ တွေ့နိုင်လေသည်။

အမှောင်အဆင့်ဓမ္မပညာရပ်များနှင့် ကျင့်ကြံရေးနည်းစနစ်များကိုတော့ ရှေးတော်ဝင်မိသားစုများနှင့် အစစ်အမှန်အထက်တန်းလွှာကလန်များက အများဆုံး ပိုင်ဆိုင်ကြလေသည်။

မြေကမ္ဘာအဆင့်ဓမ္မပညာရပ်များနှင့် ကျင့်ကြံရေးနည်းစနစ်များကိုတော့ ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ထိပ်သီးဂိုဏ်းကြီးများမှာကသာ ပိုင်ဆိုင်ထားလေသည်။

သို့သော်လည်း ကောင်းကင်အဆင့်ဓမ္မပညာရပ်များနှင့် ကျင့်ကြံရေးနည်းစနစ်များကတော့...

ကံကိုသာ ယုံ၍ မျှော်လင့်ရပေလိမ့်မည်။

ပြိုင်စံရှားများ လွှမ်းမိုးခြယ်လှယ်၍ ဧကရာဇ်များစွာ ပေါ်ထွက်ခဲ့သော ရှေးဟောင်းခေတ်တုန်းက.. ကောင်းကင်အဆင့်ဓမ္မပညာရပ်များနှင့် ကျင့်ကြံရေးနည်းစနစ်များစွာကို ဖန်တီးခဲ့ကြသော်လည်း ယခုအချိန်မှာတော့ အနည်းငယ်လောက်သာ လက်ဆင့်ကမ်းနိုင်ခဲ့ကြလေသည်။

ဒါ့အပြင် သူတို့ထဲမှာ အတော်များများက ယခုအခါ မပြည့်မစုံနှင့် တစ်ပိုင်းတစ်စ ဖြစ်နေကြလေသည်။

ထို့ကြောင့်ပင် ထျန်ဟွမ်ကုန်းမြေတိုက်ကြီး၏ ပြိုင်စံရှားများအားလုံးက ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ရှာဖွေလိုကြခြင်း ဖြစ်လေသည်။

ထိုအကြောင်းပြချက်ကြောင့်ပင် သီယင်းက သူ့ကျင့်ကြံမှုအဆင့်ကို ဖိနှိမ်ထားပြီး ရှေးဟောင်းတိုက်ပွဲမြေသို့ နောက်တစ်ဖန် ဝင်ရောက်လိုခြင်း ဖြစ်လေသည်။

ဆူဇီမို ကျင့်ကြံသော တာမင်းဓမ္မချိတ်စည်းမှာ အစတုန်းက ကမ္ဘာမြေအဆင့်ဓမ္မပညာရပ်တစ်ခု ဖြစ်၏။

သို့သော်လည်း မင်းဝမ်ပုတီးတွင် ပုတီးစေ့တချို့ ပျောက်ဆုံးနေသောကြောင့် တာမင်းဓမ္မချိတ်စည်းကို ယခုအခါ အမှောင်အဆင့်ဓမ္မပညာရပ်တစ်ခုအဖြစ်သာ သတ်မှတ်နိုင်တော့လေသည်။

တိတိပပ လိုက်ပြောရလျှင် မိစ္ဆာနှိမ်နင်းချိတ်စည်း၊ သားရဲနှိမ်နင်းချိတ်စည်း၊ အင်မော်တယ်ထောင်ချောက်နှင့် မရွေ့လျားနိုင်သောအုတ်မြစ်ချိတ်စည်းတို့ကို အမှောင်အဆင့်ဓမ္မပညာရပ်များအဖြစ် သတ်မှတ်နိုင်လေသည်။

တာမင်းမန္တန်နှင့် တွဲဖက်၍ ထုတ်ဖော်မည်ဆိုလျှင် အဲ့ဒါကို သာလွန်အမှောင်အဆင့်ဓမ္မပညာရပ်တစ်ခုဟု သတ်မှတ်နိုင်လေသည်။

တာမင်းဓမ္မချိတ်စည်းအတွင်းတွင် ပျောက်ဆုံးနေသော မဟာဝရဇိန်ချိတ်စည်းနှင့် မဟာမြင်းမိုရ်ချိတ်စည်းတို့ကသာ အစစ်အမှန် အသန်မာဆုံး မြေကမ္ဘာအဆင့်ဓမ္မပညာရပ်များ ဖြစ်လေသည်။

သို့သော်လည်း အထူးဆန်းဆုံးအချက်မှာ တာမင်းကျောင်းတော်၏ ရှေးဟောင်းကျမ်းစာများထဲတွင် တာမင်းအစစ်အမှန်သုတ္တန်ကို ကောင်းကင်အဆင့်ဓမ္မပညာရပ်တစ်ခုအဖြစ် ရှင်းရှင်းလင်းလင်း မှတ်တမ်းတင်ထားလေသည်။

သူသာ ပျောက်ဆုံးနေသော ဓမ္မချိတ်စည်းနှစ်ခုကို ပြန်လည်ရယူနိုင်မည်ဆိုလျှင်တောင် တာမင်းဓမ္မချိတ်စည်းက ကမ္ဘာမြေအဆင့်ဓမ္မပညာရပ်တစ်ခုသာ ဖြစ်နေပေဦးမည်။

သို့သော်လည်း အဲ့ဒါကို တာမင်းမန္တန် အသံလျှို့ဝှက်နည်းစနစ်နှင့် ပေါင်းစပ်ပြီး တာမင်းအစစ်အမှန်သုတ္တန်အဖြစ် ဖွဲ့စည်းနိုင်ပါက အဲ့ဒါက အမှန်တစ်ကယ်ကို ကောင်းကင်အဆင့်ဓမ္မပညာရပ်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

အဲ့ဒါက အခုချိန်ထိတော့ ဆူဇီမို မတတ်နိုင်သေးသော တစ်စုံတစ်ရာလည်း ဖြစ်လေသည်။

တစ်ကယ်တော့ အဲ့ဒါကို ရရှိနိုင်ခဲ့လျှင်တောင် နိုးထဝိညာဉ်များအနေနှင့် ကောင်းကင်အဆင့်ဓမ္မပညာရပ်ကို ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

ကောင်းကင်အဆင့်ဓမ္မပညာရပ်များကို ထုတ်ဖော်ဖို့အတွက် လူတစ်ယောက်၏ အမြုတေစိတ်ဝိညာဉ်များအပေါ် လိုအပ်ချက်မှာ အရမ်းတင်းကျပ်လွန်းလေသည်။

နိုးထဝိညာဉ်များသည် သူတို့၏ အမြုတေစိတ်ဝိညာဉ်များကို လောင်ကျွမ်းစေလျှင်တောင် သူတို့သည် ကောင်းကင်အဆင့်ဓမ္မပညာရပ်များကို လှည့်ပတ်ထုတ်ဖော်နိုင်လိမ့်မည် မဟုတ်ပေ။

ပုံမှန်အားဖြင့်တော့ လူတစ်ယောက်သည် နိုးထဝိညာဉ်အဆင့်သို့ ဝင်ရောက်သည်နှင့် ကောင်းကင်အဆင့်ကျင့်ကြံရေးနည်းစနစ်များကို ကျင့်ကြုံနိုင်လေသည်။ (ကျင့်ကြံနိုင်သော်လည်း မထုတ်ဖော်နိုင်)

သို့သော်လည်း ကောင်းကင်အဆင့်ကျင့်ကြံရေးနည်းစနစ်များက နားလည်သဘောပေါက်နိုင်ဖို့ အလွန်တရာ ခက်ခဲပြီး သူတို့၏ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံနိုင်ရုံမျှနှင် ထိုအဆင့်မှာ သူတို့ မသိနိုင်သော အချက်အလက်များစွာ ရှိနေသေးလေသည်။

သူတို့အတွက် အဲ့ဒါကို ကျင့်ကြံနိုင်ဖို့က အလွန်တရာ ခက်ခဲလေသည်။

တစ်ကယ်တော့ ကောင်းကင်အဆင့်ကျင့်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံခြင်း၏ အကျိုးကျေးဇူးများကလည်း နေ့အလင်းရောင်ကဲ့သို့ သိသာထင်ရှားလေသည်။

အဆင့်တူချင်းမှာဆို ကောင်းကင်အဆင့်ကျင်ကြံရေးနည်းစနစ်တစ်ခုကို ကျင့်ကြံထားသော အမြုတေစိတ်ဝိညာဉ်တစ်ခုက အခြားသော ပကတိအရှင်များ၏ အမြုတေစိတ်ဝိညာဉ်များထက် များစွာပို၍ သန်မာလေသည်။

ဘုန်းကြီးအိုက ဆက်ပြော၏။

“နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းပြီးလျှင် မင်းတို့ရဲ့ လက်နက်တွေအကုန်လုံးကို ပြောင်းလဲပစ်ရလိမ့်မယ်.. မင်းက မူလစိတ်ဝိညာဉ်လက်နက်တစ်ခုကို ကိုင်စွဲထားမယ်ဆိုရင်တောင် အဲ့ဒါက ဓမ္မပညာရပ်ရဲ့ စွမ်းပကားကို ထုတ်ဖော်နိုင်မှာ မဟုတ်ဘူး”

မာကြောမှုအရာမှာဆို.. သာမန်ဓမ္မလက်နက်တစ်ခုကတောင် မူလစိတ်ဝိညာဉ်လက်နက်များကို အလွယ်တကူ ဖျက်ဆီးပစ်ုနိုင်လေသည်။

ဘယ်လိုပဲတွက်တွက်.. မူလစိတ်ဝိညာဉ်လက်နက်များက စိတ်ဝိညာဉ်စွမ်းအင်အဆင့်မှာသာ ရှိနေဆဲ ဖြစ်လေသည်။

“ဓမ္မလက်နက်တွေကို မတူညီတဲ့ အဆင့်လေးခုအတွက် အမျိုးအစားလေးခု ထပ်ခွဲထားတယ်.. နိုးထဝိညာဉ်တွေ အသုံးပြုတဲ့ လက်နက်တွေကိုတော့ ပကတိအရှင်ဓမ္မလက်နက်တွေလို့ ခေါ်ပြီးတော့ မူလနတ္ထိတွေသုံးတဲ့ လက်နက်တွေကိုတော့ တာအိုသက်ရှိဓမ္မလက်နက်တွေလို့ ခေါ်ကြတယ်ကွဲ့”

“အဲ့တိုင်း ဆက်သွားမယ်ဆို.. ဓမ္မဝိသေသတွေသုံးတာက တာအိုအရှင်ဓမ္မလက်နက်၊ ပေါင်းစည်းခန္ဓာတွေ သုံးတာက စွမ်းအားကြီးပုဂ္ဂိုလ်ဓမ္မလက်နက်ပေါ့”

ထိုနေရာအရောက်တွင် ဆူဇီမိုက စိတ်လှုပ်ရှားသွားပြီး အလိုလို မေးလိုက်၏။

“အဲ့မှာ ပေါင်းစည်းခန္ဓာရဲ့အထက်မှာ မဟာယာနအဆင့် ရှိတယ်မလား.. အဲ့လိုသာဆို အဲ့ဒီမဟာယာနတွေသုံးတာက မျိုးနွယ်စုခေါင်းဆောင်ဓမ္မလက်နက်ပေါ့”

“မှားတယ်...”

ဘုန်းကြီးအိုက ပြုံးလိုက်၏။

“မဟာယာနအဆင့် မျိုးနွယ်စုခေါင်းဆောင်တွေသုံးတာကို ဓမ္မရတနာတွေလို့ ခေါ်တယ်ကွဲ့”

“ဓမ္မရတနာလား”

ဆူဇီမိုနှင့် မင်းကျန်တို့သည် မှင်တက်သွားကြ၏။

အဲ့ဒါက သူတို့နှင့် စိမ်းသက်သော ဝေါဟာရတစ်ခု ဖြစ်လေသည်။

ဘုန်းကြီးအိုက ထပ်ရှင်းပြ၏။

“အကြောင်းရင်းကတော့ ရှင်းပါတယ်.. စိတ်ဝိညာဉ်စွမ်းအင်ရဲ့ အထက်မှာ ဓမ္မစွမ်းအားရှိတယ်၊ ဓမ္မစွမ်းအားရဲ့ အထက်မှာ နတ်ဘုရားစွမ်းအား ရှိတယ်လေ.. အဲ့ဒါကြောင့်မို့ စိတ်ဝိညာဉ်ပညာရပ်တွေရဲ့ အထက်မှာ ဓမ္မပညာရပ်ရှိသလို ဓမ္မပညာရပ်တွေရဲ့ အထက်မှာလဲ နတ်ဘုရားပညာရပ်တွေရှိတာပေါ့”

“အဲ့ပုံစံအတိုင်း နှိုင်းယှဉ်ကြည့်မယ်ဆိုရင် စိတ်ဝိညာဉ်လက်နက်တွေရဲ့ အထက်မှာ ဓမ္မလက်နက်တွေ ရှိပြီးတော့ ဓမ္မလက်နက်တွေရဲ့ အထက်မှာ ဓမ္မရတနာတွေ ရှိတယ်”

“အဲ့ဒါကြောင့်မို့ သူတို့ရဲ့ကျင့်ကြံမှုအဆင့်က တိုးတက်လာတာနဲ့အမျှ သူ့တို့ရဲ့ခွန်အားအရည်အသွေးကလဲ ပြောင်းလဲလာပြီးတော့.. သူတို့ရဲ့ ကျင့်ကြံမှုအဆင့်အသစ်ကို ရောက်တိုင်း ကိုင်ဆောင်ရတဲ့လက်နက်တွေကိုလဲ ပြောင်းပစ်ရလိမ့်မယ်”

“စိတ်ဝိညာဉ်လက်နက်တွေထဲ ဓမ္မစွမ်းအားကို ထိုးသွင်းလိုက်ရင် အဲ့ဒီလက်နက်တွေက ပေါက်ကွဲထွက်သွားလိမ့်မယ်.. အဲ့လိုပဲ ဓမ္မလက်နက်တွေကလဲ နတ်ဘုရားစွမ်းအားကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး”

ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။

“ပကတိအရှင်လက်နက်ပဲဖြစ်ဖြစ်၊ တာအိုသက်ရှိလက်နက်ပဲဖြစ်ဖြစ် သူတို့ရဲ့ အဆင့်ခွဲခြားပုံက စိတ်ဝိညာဉ်လက်နက်တွေနဲ့ သိပ်မကွာဘူး”

ဘုန်းကြီးအိုက ဆက်ပြော၏။

“ဓမ္မအင်းကွက်တစ်ခုပဲ ရှိမယ်ဆို အဲ့ဒါက အဆင့်နိမ့်ပကတိအရှင်ဓမ္မလက်နက်၊ ဓမ္မအင်းကွက်နှစ်ခုပါရင်တော့ အလယ်အလတ်အဆင့်ပကတိအရှင်ဓမ္မလက်နက်၊ သုံးခုဆို သာလွန်အဆင့်၊ လေးခုဆို ထိပ်တန့်အဆင့်၊ ငါးခုဆို ပကတိအဆင့်၊ ဓမ္မအင်းကွက်ခြောက်ခုဆိုရင်တော့ မူလအဆင့်ပေါ့.. အဲ့လောက်ဆို မင်းသိလောက်ပါပြီ”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

သူသည် အစကတည်းက နတ်ပန်ပဲဆရာတစ်ယောက် ဖြစ်တာကြောင့် ထို့ကဲ့သို့သော အခြင်းအရာကို အလွယ်တကူ သဘောပေါက်နိုင်လေသည်။

ခဏရပ်တန့်ပြီးနောက် ဘုန်းကြီးအိုက အသက်ပြင်းပြင်းတစ်ချက် ရှိုက်လိုက်၏။

“အဲ့မှာ ငါပြောချင်တဲ့ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခု ရှိသေးတယ်”

“မင်းတို့တွေက နိုးထဝိညာဉ်အဆင့်ကို အောင်အောင်မြင်မြင် တက်လှမ်းနိုင်ခဲ့မယ်ဆိုရင် မင်းတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ကျင့်ကြံရလိမ့်မယ်.. ဘယ်နိုးထဝိညာဉ်ပဲဖြစ်ဖြစ် သူတို့ကိုယ်တိုင် အသုံးပြုရမယ့် မူပိုင်ဓမ္မလက်နက်တစ်ခုကို တစ်ကြိမ်ပဲသန့်စင်ဖို့ အခွင့်အရေး ရှိတယ်”

“မူပိုင်ဓမ္မလက်နက်လား”

သူတို့နှစ်ယောက်စလုံး မှင်တက်သွားကြ၏။

ဆူဇီမိုက မေးလိုက်မိ၏။

“မူပိုင်ဓမ္မလက်နက်ဆိုတာ ဘယ်လိုမျိုးလဲ”

“မူပိုင်ဓမ္မလက်နက်တစ်ခုကို မင်းရဲ့ အမြုတေစိတ်ဝိညာဉ်နဲ့ ချိတ်ဆက်ထားရတာ.. မင်းရဲ့ အမြုတေစိတ်ဝိညာဉ်ကို နေ့နေ့ညည သန့်စင်ရင်းနဲ့ မင်းနဲ့ မင်းရဲ့ ဓမ္မလက်နက်ကြားမှာလဲ ခိုင်မာတဲ့ချိတ်ဆက်မှုတစ်ခုကို ရလာလိမ့်မယ်.. တဖြည်းဖြည်းနဲ့ အဲ့ဒါက မင်းခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတစ်ခုလို ဖြစ်လာလိမ့်မယ်”

ဘုန်းကြီးအိုက ရှင်းပြ၏။

“မူပိုင်ဓမ္မလက်နက်တစ်ခုကပဲ မင်းခွန်အားကို အမြင့်ဆုံးအတိုင်းအတာထိ ရောက်အောင် ထုတ်ဖော်ပေးနိုင်လိမ့်မယ်”

ဤသည်ကို ကြားပြီးနောက် ဆူဇီမိုသည် မျက်မှောင်ကြုတ်လိုက်၏။

ထိုရှင်းပြချက်နှင့်ဆိုလျှင်တောင် မူလဓမ္မလက်နက်များက အရမ်းကြီး ထူးခြားနေတာမျိုး မရှိပေ။

သို့သော်လည်း ဘုန်းကြီးအိုက ဆက်ရှင်းပြ၏။

“မူပိုင်ဓမ္မလက်နက်တစ်ခုရဲ့ အစစ်အမှန်ခွန်အားက ဘယ်အပေါ်မှာ မူတည်တာလဲဆိုတော့.. မင်းရဲ့ကျင့်ကြံမှုအဆင့်က တိုးမြင့်လာတာနဲ့အမျှ အဲ့ဒီလက်နက်ကလဲ ပိုပြီးတော့ သန်မာလာလိမ့်မယ်”

“အမ်”

သည်တစ်ကြိမ်တွင်တော့ ဆူဇီမိုသည် တစ်ခုခုကို နားလည်သွားပုံရပြီး သူ့မျက်လုံးများက ဝင်းလက်တောက်ပလာ၏။

ဘုန်းကြီးအိုက ချီးကျူးအသိအမှတ်ပြုသလို ခေါင်းညိတ်လိုက်၏။

“မင်း စတင်ပြီး ရွေးချယ်ခဲ့တဲ့ ဓမ္မလက်နက်က သာလွန်အဆင့်ပကတိအရှင်ဓမ္မလက်နက်တစ်ခု ဖြစ်မယ်ဆို.. မင်းရဲ့ကျင့်ကြံမှုအဆင့်က မူလနတ္ထိကို ရောက်တာနဲ့ မင်ရဲ့မူပိုင်ဓမ္မလက်နက်ကလဲ တာအိုသက်ရှိဓမ္မလက်နက်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားလိမ့်မယ်.. နောက်ပြီး သာလွန်အဆင့်ဓမ္မအင်းကွက်သုံးခုကလဲ နဂိုအတိုင်း ဆက်ရှိနေလိမ့်မယ်”

“တစ်ကယ်ပဲကိုး”

ဆူဇီမိုသည် ခေါင်းညိတ်၍ ရေရွတ်လိုက်၏။

“အဲ့ဒါက တစ်ကယ့် အံ့မခန်းပဲ"

ဆိုလိုသည်မှာ မူပိုင်ဓမ္မလက်နက်တစ်ခုသည် ကျင့်ကြံမှုအဆင့်အလိုက် ဆင့်ကဲ့ပြောင်းလဲသွားမည်ဖြစ်ပြီး သူ့ရဲ့လက်နက်အဆင့်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ပေ။

တစ်နည်းအားဖြင့် ပြောရလျှင်.. ဆူဇီမိုသည် သူ၏ မူပိုင်ဓမ္မလက်နက်အဖြစ် မူလပကတိအရှင်ဓမ္မလက်နက်တစ်ခုကို ရွေးချယ်နိုင်ခဲ့ပါက.. သူသည် မူလနတ္ထိအဆင့်သို့ ရောက်သည့်အခါ သူ၏ မူပိုင်ဓမ္မလက်နက်က မူလတာအိုသက်ရှိဓမ္မလက်နက်တစ်ခုအဖြစ် ဆင့်ကဲပြောင်းလဲသွားပေလိမ့်မည်။

သို့သော် မူလဆိုသော အဆင့်ကတော့ ပြောင်းလဲသွားမည် မဟုတ်ပေ။

(ရွှေအမြုတေအဆင့် = ပကတိသက်ရှိ၊ နိုးထဝိညာဉ်အဆင့် = ပကတိအရှင်၊ မူလနတ္ထိအဆင့် = တာအိုသက်ရှိ၊ ဓမ္မဝိသေသအဆင့် = တာအိုအရှင်။)

All Chapters