← Chapters

ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခြင်း

Vol. 43 Ch. 637

ရှေးဟောင်းတိုက်ပွဲမြေသို့ ဝင်ရောက်ခြင်း

Vol. 43 Ch. 637

ဘုန်းကြီးအိုက ပြောလိုက်၏။

“တစ်ကယ်လို့ မင်းက မူလဓမ္မလက်နက်တစ်ခုကို မူပိုင်ဓမ္မလက်နက်တစ်ခုအဖြစ် ရယူနိုင်ရင်တော့ အကောင်းဆုံးပေါ့.. ဒါပေမယ့်လို့ ပကတိအဆင့် ဒါမှမဟုတ် ထိပ်တန်းအဆင့် ဓမ္မလက်နက်တစ်ခုခုဆိုရင်လဲ မဆိုးပါဘူး”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

တစ်ကယ်တော့ မူလဓမ္မလက်နက်များက အရမ်းကို ရှားပါးလွန်းပြီး ကံအကြောင်းအခွင့် တိုက်ဆိုင်မှသာ ရရှိနိုင်လေသည်။

ဘုန်းကြီးအိုက ဆက်ပြော၏။

“ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ စိတ်ဝိညာဉ်ချီက ကြွယ်ဝတဲ့အပြင်.. ထျန်ဟွမ်ကုန်းမြေတိုက်မှာ ပျောက်ကွယ်သွားပြီဖြစ်တဲ့ စိတ်ဝိညာဉ်ဆေးပင်နှစ်မျိုးကလဲ အဲ့မှာ ရှိတယ်.. စိတ်ဝိညာဉ်စုဆောင်းသစ်သီးနဲ့ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းပဲ”

“ရွှေအမြုတေတွေက နိုးထဝိညာဉ်အဆင့်ကို ချိုးဖျက်တက်လှမ်းဖို့ ကြိုးစားတဲ့အခါ အလွန်တရာ ကြီးမားတဲ့ အန္တရာယ်နဲ့ ရင်ဆိုင်ရတတ်တယ်.. အဲ့ဒီမှာ သူတို့ရဲ့ ကျင့်ကြံမှုက ပျက်စီးသွားတာ ဒါမှမဟုတ် အလောင်းတောင်မကျန်ခဲ့ဘဲ တန်းသေရတာမျိုးတောင် ဖြစ်နိုင်တယ်.. စိတ်ဝိညာဉ်စုဆောင်းသစ်သီးက ရွှေအမြုတေတွေ အဆင့်ချိုးဖျက်တက်လှမ်းဖို့ ကြိုးစားတဲ့အခါ သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို စုစည်းဖို့အတွက် ကူညီပေးနိုင်တယ်”

“စိတ်ဝိညာဉ်စုဆောင်းသစ်သီးကို တစ်ခါပဲ စားဖို့ လိုအပ်တယ်.. နောက်ထပ် ပိုစားလဲ အလကားပဲ”

“နိုးထဝိညာဉ်အဆင့်ကို တက်လှမ်းပြီးတဲ့အခါ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းကို စားသုံးမယ်ဆိုရင် အဲ့ဒါက သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို အားဖြည့်ပေးပြီးတော့ သန်မာလာစေမယ်.. ပြီးရင် သူတို့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းကိုလဲ တိုးမြှင့်ပေးနိုင်လိမ့်မယ်.. အဲ့ဒါက တစ်ကယ့်ကို ရှားရှားပါးပါး ပစ္စည်းပဲ.. ဝိညာဉ်အားဖြည့်သွေးဂျင်စင်းကတော့ များများရလေ ပိုကောင်းလေပဲ”

ဆူဇီမိုသည် ကိစ္စများကို အကြမ်းဖျင်းတော့ နားလည်လာ၏။

ဥပစာရှေးဟောင်းတိုက်ပွဲမြေတွင် မရေမတွက်နိုင်သော အခွင့်အလမ်းများအပြင် မျှော်မှန်းလို့ မရသော ကျင့်ကြံရေးအရင်းအမြစ်များလည်း ရှိနေလေသည်။

သူသာ အဲ့ထဲမှာ လုံလောက်သည့် အကျိုးအမြတ်များကို ရိတ်သိမ်းနိုင်ခဲ့လျှင် သူ့အနာဂတ် ကျင့်ကြံရေးလမ်းကြောင်းက များစွာပို၍ ချောမွေ့လာပေလိမ့်မည်။

“ဒါနဲ့ ဥပစာရှေးဟောင်းတိုက်ပွဲမြေမှာ ခြိမ်းခြောက်မှုတွေကလဲ မရေမတွက်နိုင်တယ် ရှိတယ်.. အဲ့ဒါက အခြေခံရှေးဟောင်းတိုက်ပွဲမြေမှာ မင်းကြုံတွေ့ခဲ့ရတာထက် ဆယ်ဆမက ပိုအန္တရာယ်များတယ်”

ဘုန်းကြီးအိုက တည်တံ့စွာနှင့် ပြောလိုက်၏။

“မင်းမှာ ရန်သူတွေက များလွန်းတဲ့အတွက် မင်းတော်တော်လေး ဂရုစိုက်မှ ရလိမ့်မယ်.. နောက်ပြီး ဥပစာရှေးဟောင်းတိုက်ပွဲမြေကို ထျန်ဟွမ်ကုန်းမြေတိုက်ကြီးရဲ့ သားရဲတွေလဲ ရောက်လာလိမ့်မယ်”

“သားရဲတွေလား”

ဆူဇီမိုသည် ခဏမျှ ငိုင်သွား၏။

ဘုန်းကြီးအိုက ခေါင်းညိတ်ပြလေသည်။

“သူတို့ရဲ့ အတွင်းအမြုတေကို ဖွဲ့တည်ပြီးရင် သားရဲတွေကလဲ သူတို့ရဲ့ အမြုတေစိတ်ဝိညာဉ်ကို ဖွဲ့တည်ဖို့ ကြိုးစားလာလိမ့်မယ်.. အဲ့ဒါကြောင့်မို့ သူတို့ကလဲ ဝိညာဉ်အားဖြည့်သွေးဂျင်စင်းနဲ့ စိတ်ဝိညာဉ်စုဆောင်းသစ်သီးတို့အတွက် မင်းတို့နဲ့ ယှဉ်ပြိုင်တိုက်ခိုက်ဖို့ ရောက်လာကြလိမ့်မယ်”

ထိုနေရာအရောက်၌ ဆူဇီမိုသည် နားလည်သဘောပေါက်လာ၏။

မဟာအရိုင်းကမ္ဘာမှ သားရဲဘုရင် ၁၂ ပါး၏ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်တွင် အမြုတေဖွဲ့တည်ခြင်းအပိုင်းပြီးနောက် ယင်စိတ်ဝိညာဉ်အပိုင်း လာလေသည်။

တစ်ကယ်တမ်းမှာ ယင်စိတ်ဝိညာဉ်နှင့် နိုးထဝိညာဉ်များ၏ အမြုတေစိတ်ဝိညာဉ်က ဆင်တူလေသည်။

သူတို့၏ ယင်စိတ်ဝိညာဉ်ကို ကျင့်ကြံပြီးနောက် သားရဲများသည် မိစ္ဆာသားရဲများ ဖြစ်လာပြီး လူသားပုံစံယူကာ လူသားဘာသာစကားကို ပြောနိုင်လာပေမည်။ အချက်အလက်ကျကျ ပြောရလျှင် ထိုအချိန်၌ သူတို့၏ သားရဲချီကိုပါ ဖုံးကွယ်လာနိုင်ပြီး ကျင့်ကြံသူများပါ သူတို့ကို ခွဲခြားနိုင်တော့မည် မဟုတ်ပေ။

ယင်စိတ်ဝိညာဉ်ကို ကျင့်ကြံပြီးနောက် သားရဲများသည်လည်း ဓမ္မစွမ်းအားများကို ထိန်းချုပ်လာနိုင်မည် ဖြစ်လေသည်။

သူတို့က အဲ့ဒါကို ထုတ်ဖော်သည်နှင့် သူတို့က ဒဏ္ဍာရီလာသားရဲနည်းစနစ်များ ဖြစ်လာလေလိမ့်မည်။

ဘုန်းကြီးအိုက ပြောလိုက်၏။

“သာမန်သားရဲတွေကတော့ မင်းကို ခြိမ်းခြောက်နိုင်မှာ မဟုတ်ဘူး.. ဒါပေမယ့် ထျန်ဟွမ်ကုန်းမြေတိုက်ကြီးက ကျယ်ပြောလွန်းတယ်.. အဲ့ဒီမှာ သားရဲမျိုးနွယ်ရှစ်စု နေထိုင်တဲ့ သားရဲနယ်မြေရှစ်ခွင်ဆိုတာလဲ ရှိသေးတယ်”

“အဲ့ဒီနယ်မြေရှစ်ခွင်မှာဆိုရင် ကြောက်စရာကောင်းတဲ့ ငှက်တွေနဲ့ တောကောင်တွေက အဆုံးမဲ့ သွေးလွှမ်းတိုက်ပွဲတွေကို အဆင့်ဆင့် ဖြတ်ကျော်ထားပြီးတော့ တစ်မူထူးခြားတဲ့ မျိုးဆက်သွေးတွေကိုလဲ ပိုင်ဆိုင်ထားကြသေးတယ်.. ဘာပဲဖြစ်ဖြစ် မင်း ဂရုစိုက်ရလိမ့်မယ်”

“အဲ့ဒါတွေ အကုန်လုံးကို ကျုပ်ရဲ့ စိတ်နှလုံးထဲမှာ မှတ်ထားပါ့မယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

“ကဲ ပြောစရာတော့ ကုန်ပြီ”

ဘုန်းကြီးအိုက ကျောက်လှေကားအတိုင်း ဆင်းသွားပြီး သူ့ရှေ့လေဟာနယ်ကို စိုက်ကြည့်လိုက်၏။ ရုတ်တရက် သူ့မျက်လုံးက ဝင်းလက်သွားပြီး သူ၏ အရေတွန့်နေသော လက်ဝါးကို ဆန့်တန်းကာ ညင်သာစွာ ရိုက်ချလိုက်၏။

ဝုန်း..

လေဟာနယ်က ဝုန်းကနဲမြည်ပြီး ပေါက်ကွဲသွား၏။

ဆူဇီမိုနှင့် မင်းကျန်တို့၏ ရှေ့မှာပင် လေဟာနယ်က ကြေမွသွားပြီး ချိုင့်ဝင်ကာ နက်မှောင်နေသော ဝဲကတော့ကြီးတစ်ခုအဖြစ် ပြောင်းလဲသွား၏။

ဝဲကတော့က ဘာမှန်းမသိရသော နေရာတစ်ခုနှင့် ချိတ်ဆက်ထားပြီး ရှေးကျသော အော်ရာတစ်မျိုးကို ထုတ်ပေးနေ၏။

ဘုန်းကြီးအိုက ဆူဇီမိုဘက်သို့ လှည့်လိုက်၏။

“မင်းက ဒီတစ်ခေါက် မြောက်ပိုင်းဒေသကနေ ထွက်ခွာဖို့ စီစဉ်ထားတာမလား”

“ဟုတ်ကဲ့”

ဆူဇီမိုက အမှန်တရားကို ဖုံးကွယ်မနေပေ။

သူ့အစ်ကိုကြီးက ကွယ်လွန်သွားပြီးနောက် မော်တယ်ဘုံမှာ သူ့အတွက် မည်သည့်အချုပ်အနှောင်မှ မရှိတော့ပေ။

သူ့အတွက် တစ်ခုတည်းသော နှောင်ကြိုးမှာ ရှောင်းနင်သာ ရှိတော့လေသည်။

ဒါ့အပြင် မြောက်ပိုင်းဒေသမှာ သူ့အတွက် နေစရာနေရာ မရှိပေ။

သည်နေရာမှာ သူဆက်နေလျှင် သူ့အတွက်နှင့် ပိုများသောလူများက ရောညှပ်ပါကုန်ပေလိမ့်မည်။

ဆူဇီမိုသည် ပြန်ပေါ်လာပြီးနောက် ဆန်းကြယ်တောင်ထွတ်သို့ လုံးဝ မသွားခဲ့ခြင်းမှာလည်း သူ့ကြောင့် ဂိုဏ်းကို ဝန်ထုပ်ဝန်ပိုး မဖြစ်စေချင်သောကြောင့်ပင်။

ဘုန်းကြီးအိုက ကြင်နာယုယစွာ ကြည့်၍ နွေးထွေးစွာ ပြောလိုက်၏။

“မြောက်ပိုင်းဒေသကနေ မင်းထွက်ခွာသွားပြီးရင် မင်းစိတ်ထဲမှာ မှတ်ထားရမယ့် အချက်တစ်ချက်ပဲရှိတယ်.. မင်း ဘယ်လိုအန္တရာယ်မျိုးနဲ့ပဲ ကြုံတွေ့ကြုံတွေ့ မင်းမှာ ပြေးစရာနေရာ မရှိတော့ဘူးဆိုရင် တည်နေရာရွှေပြောင်းအဆောင်အကြီးကို သုံးပြီး ဒီနေရာကို ပြန်လာခဲ့ပါ”

“ငါ အသက်ရှင်နေသမျှ မင်းဘေးကင်းလုံခြုံအောင် သေချာပေါက် ကာကွယ်ပေးနိုင်တယ်”

ဆူဇီမိုသည် နှုတ်ခမ်းကို တင်းတင်းစေ့၍ ဘုန်းကြီးအိုကို အလေးအနက်ထား ဦးညွှတ်လိုက်၏။

“သွားကြတော့”

ဘုန်းကြီးအိုက လက်ပြလိုက်၏။

ဆူဇီမိုနှင့် မင်းကျန်သည် အကြည့်ချင်း ဖလှယ်ပြီးနောက် တုံ့ဆိုင်းမနေကြတော့ဘဲ မြေခွေးလေးကို ခေါ်ကာ လေဟာနယ်ဝဲကတော့ထဲသို့ ခုန်ဝင်လိုက်ကြ၏။

. . .

ကမ္ဘာကြီးက ချာချာလည်နေသည်ဟု ဆူဇီမို ခံစားလိုက်ရ၏။

နောက်ခဏ၌ သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က သူ၏ ထိန်းချုပ်မှုအောက်ကနေ လွတ်ထွက်သွားသည့်အလား ခံစားလိုက်ရလေသည်။

သူ့ဘေးပတ်ချာလည်က ပိန်းပိတ်အောင် နက်မှောင်နေပြီး ဘာကိုမှ မမြင်ရတော့ပေ။

သူ၏ အာရုံငါးပါးကပါ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။

သူ၏ အာရုံခံသတိစိတ်ကတောင် ဝေဝါးလာသည်ဟု ခံစားရလေသည်။

သူတို့သည် နက်မှောင်နေသော ဥမင်တစ်ခုကို ဖြတ်သန်း၍ ခရီးသွားနေကြပုံရ၏။ အစကတော့ ဆူဇီမိုသည် သူ၏ အာရုံခံသတိစိတ်ကို မှီခို၍ မင်းကျန်နှင့် မြေခွေးလေး၏ တည်ရှိမှုကို အာရုံခံနိုင်နေသေး၏။

သို့သော်လည်း သိပ်မကြာခင်မှာ မင်းကျန်နှင့် မြေခွေးလေးသည် သူ၏ အာရုံခံသတိစိတ်ကနေ လွတ်ထွက်သွားသည်ကို ဆူဇီမို သိလိုက်ရ၏။

တဖြည်းဖြည်းနှင့်...

သူ့ရှေ့မှာ အလင်းစက်တစ်ခုက ပေါ်လာပြီး ပို၍ ကြီးမားလာကာ ရှင်းလင်းလာ၏။

သူ၏ အသိစိတ်ကလည်း ပြန်ရောက်ရှိလာလေသည်။

သူ့ခန္ဓာကိုယ်နှင့် ဝိညာဉ်က ပြန်လည်ပေါင်းစပ်သွားပုံ ရလေသည်။

ရွှစ်..

ဆူဇီမိုသည် အလင်းစက်ကနေ ကန်ထွက်သွားပြီး သူ့ခန္ဓာကိုယ်က လျှင်မြန်စွာ ကျဆင်းသွား၏။

အဲ့ဒါက အသစ်စက်စက်ကမ္ဘာတစ်ခုပင်။

ဤနေရာတွင် စိတ်ဝိညာဉ်ချီက ပုံမှန်ထက် အဆများစွာ ပိုမိုကြွယ်ဝလေသည်။

သူသည် ဥပစာရှေးဟောင်းတိုက်ပွဲမြေသို့ ရောက်နေပြီဆိုတာကို ဆူဇီမို သိလိုက်လေသည်။

ဆူဇီမိုသည် အာရုံခံသတိစိတ်ကို ထုတ်ဖော်၍ သူ၏ သတိကို နှိုးဆွထားကာ ပတ်ဝန်းကျင်ကို ထောက်လှမ်းကြည့်ရှုလိုက်၏။

အဲ့ဒါက ကျယ်ပြန့်ပြီး ဟာလာဟင်းလင်း ဖြစ်နေ၏။

မင်းကျန်နှင့် မြေခွေးလေးက ပျောက်ကွယ်သွားလေပြီ။

ဆူဇီမိုသည် မျက်မှောင်နည်းနည်း ကြုတ်လိုက်၏။

သူတို့၏ တည်နေရာရွှေ့ပြောင်းခြင်းဖြစ်စဉ်မှာ တစ်ခုခု လွဲချော်ခဲ့ပြီး သူတို့က ခွဲခြားပို့လွှတ်ခံလိုက်ရကြောင်း သူနားလည်လိုက်လေသည်။

တည်နေရာရွှေ့ပြောင်းခြင်းမှာ သွေဖယ်မှု နည်းနည်းလေး ဖြစ်ပေါ်သွားတာနှင့် သူတို့က ကီလိုမီတာ ရာပေါင်းများစွာ ဝေးကွာသွားနိုင်လေသည်။

ဆူဇီမိုသည် မင်းကျန်ကို စိတ်မပူမိပေ။

ဘုရားကျောင်းအိုသို့ သီယင်းလာသွားပြီးနောက် မင်းကျန်သည် ဆယ်နှစ်ကြာအောင် မဟာချွမ်အပျက်အစီးနယ်မြေ၌ တမလွန်စစ်သားများနှင့် တိုက်ခိုက်ပြီး မရေမတွက်နိုင်သော သေခြင်းရှင်ခြင်း အတွေ့အကြုံများကို ယူခဲ့၏။

မင်းကျန်၏ တိုက်ခိုက်ရည်နှင့် အတွေ့အကြုံက အတော်လေး တိုးတက်လာခဲ့ပြီးလေပြီ။

ဒါ့အပြင် သူသည် အမြုတေနယ်မြေအဆင့်သတ်မှတ်ချက်မှာ ထိပ်ဆုံးနံပါတ်ဆယ်ခုအတွင်း ဝင်ခဲ့ဖူးသော ကမ္ဘာသန့်စင်အစိမ်းရောင်ကြာပန်းကိုပင် ကျင့်ကြံထားနိုင်သူ ဖြစ်သောကြောင့် သူသည် အစကတည်းကကို အားနည်းမနေခဲ့ပေ။

ဆူဇီမို တစ်ကယ်တမ်း စိုးရိမ်မိသည်မှာ မြေခွေးလေးကိုသာ။

ကျယ်ပြောလှသော ဤကမ္ဘာမှာ မြေခွေးလေးကို ရှာဖွေဖို့ကလည်း ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသလိုသာ ဖြစ်ပေမည်။

အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီးနောက် ဆူဇီမိုသည် ဦးတည်ဘက်တစ်ခုကို အကြမ်းဖျင်း ရွေးချယ်သတ်မှတ်ကာ ရှေးဟောင်းတိုက်ပွဲမြေ၏ အလယ်ဗဟို ဖြစ်လောက်မည့်နေရာဆီသို့ ဦးတည်ထွက်ခွာလိုက်၏။

ဤနေရာမှာ စိတ်ဝိညာချီများက ကြွယ်ဝလွန်းပြီး စိတ်ဝိညာဉ်ဆေးပင်များနှင့် ပစ္စည်းများကို နေရာတိုင်းမှာ တွေ့ရလေသည်။

အချို့နေရာများတွင် စိတ်ဝိညာဉ်ချီများက ရေကန်များအဖြစ်ပင် စုဖွဲ့နေကြ၏။

ကိစ္စများကသာ ချောချောမွေ့မွေ့ ပြီးဆုံးသွားက ဆူဇီမိုသည် တစ်နှစ်ကြာပြီးလျှင် ပကတိရွှေအမြုတေအဆင့်သို့ ကျိန်းသေပေါက် ရောက်ရှိပေလိမ့်မည်။

လမ်းတစ်လျှောက် သူ့ပတ်ဝန်းကျင်က စိမ်းလန်းစိုပြေနေသော်လည်း မည်သည့်ကျင့်ကြံသူ တစ်ဦးတစ်ယောက်ကိုမှ မတွေ့ခဲ့ရပေ။

သိပ်မကြာမီ..

“ဟမ့်”

ဆူဇီမိုသည် တစ်စုံတစ်ရာကို သတိထားမိသွား၏။

လူတစ်ရပ်ထက်ပင် ပိုရှည်သော အနီးနား မြက်တောထဲတွင် သားရဲတစ်ကောင်က ဝပ်တွား၍ စိမ်းဖန့်ဖန့်ကြောက်စရာမျက်လုံးများဖြင့် သူ့ကို စိုက်ကြည့်နေ၏။

ဆူဇီမိုက အရေးမလုပ်ဘဲ ဆက်လျှောက်လိုက်၏။

ထိုသားရဲတောကောင်နားသို့ သူဖြတ်လျှောက်သွားသောအခါ မြက်ပင်များက လှုပ်ရှားသွားပြီး သားရဲတောကောင်က မှုန်ယိုနေသော သတ်ဖြတ်လိုစိတ်ဖြင့် လေထဲကနေ သူ့အပေါ်သို့ ခုန်အုပ်လာ၏။

“ဂါး”

သားရဲတောကောင်က ဝမ်းခေါင်းသံဖြင့် အလွန်ကျယ်လောင်စွာ ဟိန်းဟောက်လိုက်၏။

အခြားကျင့်ကြံသူတစ်ယောက်သာဆိုလျှင် ထိုကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှုနှင့် ဟိန်းဟောက်သံအောက်၌ တုန်လှုပ်ငေးငိုင်သွားပြီး သားရဲတောကောင်၏ လက်သည်းချက်အောက် အသက်ပျောက်ရပေလိမ့်မည်။

သို့သော်လည်း ဆူဇီမိုက မဟာအရိုင်းကမ္ဘာမှ အန္တိမသားရဲနတ်ဆိုးကျင့်စဉ်ကို ကျင့်ကြံထားသည့် မဟာသားရဲတစ်ကောင်ပင် ဖြစ်လေသည်။

ထိုဟိန်းဟောက်သံက သူ့အပေါ် မည်သည့်သက်ရောက်မှုမှ မရှိပေ။

သူက ဝင်ရောက်လာသော သားရဲတောကောင်ကို ပြုံးစစနှင့် ရုတ်တရက် လှည့်ကြည့်လိုက်၏။

“ဥုံ!”

ဝင်ရောက်လာသော သားရဲတောကောင်သည် လေထဲမှာပင် တောင့်တင်းသွား၏။ ၎င်းက လုံးဝ တုန်လှုပ်ချောက်ချားသွားလေပြီ။

All Chapters