← Chapters

ချစ်ချစ်တောက် ပူလောင်သော နေမင်း

Vol. 43 Ch. 640

ချစ်ချစ်တောက် ပူလောင်သော နေမင်း

Vol. 43 Ch. 640

ကျင့်ကြံရေးလောကမှာ ဓါး၀င်္ကပါသခင်များက အလွန်တရာ ရှားပါပြီး တစ်မူထူးခြားသော အဆင့်အတန်း ရှိကြလေသည်။

ဓါး၀င်္ကပါသခင်များကို ဓါးကျင့်ကြံသူများဟု သတ်မှတ်လို့ မရသော်လည်း သူတို့၏ သတ်ဖြတ်စွမ်းအားက အောက်ကျမနေပေ။

ပြောရမည်ဆို.. သူတို့က အားကောင်းသော ဓါး၀င်္ကပါတစ်ခုကို ခင်းကျင်းနိုင်မည်ဆိုလျှင် ရှေးကျသောအမွေအနှစ်များနှင့် ရွှေအမြုတေနယ်‌မြေများစွာကိုပင် အရေးနိမ့်ခြင်းမရှိဘဲ ထိပ်တိုက်ရင်ဆိုင်နိုင်လေသည်။

ဓါး၀င်္ကပါသခင်များတွင် သိသာထင်ရှားသော အားနည်းချက်တစ်ခုလဲ ရှိနေ၏။

ဓါး၀င်္ကပါကို ခင်းကျင်းခြင်းက မြန်ဆန်သည်ဆိုသော်လည်း အဲ့ဒါက စိတ်ဝိညာဉ်တိုက်ကွက်များ သို့မဟုတ် လျှို့ဝှက်ပညာရပ်များ၏ အမြန်နှုန်းနှင့်တော့ မနှိုင်းယှဉ်နိုင်ပေ။

သူတို့သည် ထိပ်သီးပညာရှင်များနှင့် ရင်ဆိုင်ရမည်ဆိုပါက သူတို့၏ ဓါး၀င်္ကပါကို ခင်းကျင်းလို့ မပြီးသေးခင်မှာပင် သူတို့၏ ပြိုင်ဘက်က သူတို့ကို တိုက်ခိုက်အနိုင်ယူသွားမည် ဖြစ်လေသည်။

တောင်ကြားထဲရှိ ရှေးဦးအဆက်နွယ်တောကောင်များကတော့ ထိုမျှထိ လုံလောက်အောင် မထက်ရှပေ။

ရှေးဦးအဆက်နွယ်တောကောင် တစ်ရာက ခုန်ဝင်လာကြ၏။ သို့သော်လည်း သူတို့သည် ဆဋ္ဌဂံဓါး၀င်္ကပါလေးခု၏ နုတ်နုတ်စင်း ပိုင်းဖြတ်ခြင်းကို ခံလိုက်ရပြီး သူတို့၏ အသွေးနှင့် အသားများက အလွန်တရာ ဆိုးဆိုးရွားရွားပုံစံနှင့် ပြန့်ကျဲသွားကြ၏။

“ဝေါင်း!”

နောက်ဆုံး ရွှေခြင်္သေ့၏ အမူအယာက ပြောင်းလဲသွားပြီး ဆူဇီမို ရှိရာဘက်သို့ ဒေါသတကြီး ဟိန်းဟောက်လိုက်၏။

တောင်ကြားက တုန်ခါသွားပြီး ရှေးဟောင်းသစ်ပင်ကြီးများမှ သစ်ရွက်များက ကြွေကျပြန့်ကျဲကုန်၏။

လတ်လတ်ဆတ်ဆတ်သွေးများကို မြင်တွေ့ရခြင်းက ရှေးဦးအဆက်နွယ်တောကောင်များ၏ ဒေါသကို လုံးလုံးလျားလျား နှိုးဆွမိသွား၏။

တောကောင်များ၏ မကျေမနပ်နှင့် ဟိန်းဟောက်သံများက တောင်ကြားတစ်ခွင် ဆူညံကျယ်လောင်စွာ ပဲ့တင်ထပ်သွား၏။

“ချပ် ချပ် ချပ်..”

ကျန်ရှိနေသော ရှေးဦးအဆက်နွယ်တောကောင် တစ်ထောင်ကျော်ကျော်က ကြောက်စရာကောင်းသော အကြည့်များနှင့်အတူ အပြာရောင်၀တ်အမျိုးသား ဦးဆောင်သော အုပ်စုကို လျစ်လျူရှုလိုက်ပြီး ဆူဇီမိုဘက်သို့ လှည့်လာကြ၏။

“အခွင့်အရေး ပေါ်ပြီကွ!”

အပြာရောင်၀တ်အမျိုးသား၏ မျက်လုံးများက ဝင်းလက်သွားပြီး ခပ်အုပ်အုပ် အော်လိုက်၏။

“မြန်မြန်ဟေ့ သွားကြရအောင်!”

သူ့စကား မဆုံးသေးခင်မှာပင် အပြာရောင်၀တ်လူက လေထဲသို့ ခုန်တက်၍ သူ့ရွှေအမြုတေကို အရူးအမူး လှည့်ပတ်ကာ အလင်းစက်တစ်ခုအသွင်ဖြင့် တောင်ကြား၏ အခြားတစ်ဖက်သို့ ပျံသန်းလိုက်၏။

ကျန်ရှိနေသော ရှင်သန်ကျန်ရစ်သူများသည် ကြောင်အသွားပြီး အဲ့ဒါကို မတုံ့ပြန်နိုင်ကြပေ။

ချောမောလှပသော အမျိုးသမီးကျင့်ကြံသူဆို မယုံကြည်နိုင်စွာ ပါးစပ်အနည်းငယ်ဟ၍ အပြာရောင်၀တ်လူကို ငေးကြောင်ကြည့်နေ၏။

ထိုကဲ့သို့သော နိမ့်ကျသည့် လုပ်ရပ်ကို သူလုပ်လိမ့်မည်ဟု သူမသည် စဉ်းစားကြည့်လို့တောင် မရပေ။

ဘယ်လိုပဲတွက်တွက် အစိမ်းရောင်၀တ်ကျင့်ကြံသူသည် သူတို့ကို ကူညီရန် ရောက်လာခြင်းဖြစ်၏။

သို့သော်လည်း အစိမ်းရောင်၀တ်ကျင့်ကြံသူကို တောကောင်များက ဝိုင်းပတ်ထားချိန်တွင် ထိုအခိုက်အတန့်ကို အခွင့်ကောင်းယူ၍ အပြာရောင်၀တ်လူက ကိုယ်လွတ်ရုန်းထွက်လိုက်လေသည်။

အဲ့ဒါက နိမ့်ကျသော ကျေးစွပ်သည့်လူတစ်ယောက်နှင့် ဘာများ သွားကွာခြားတော့ပါမည်နည်း။

“မင်းတို့တွေ ဘာကို စောင့်နေကြတာလဲ!”

လေထဲမှာ ပျံသန်းနေသော အပြာရောင်၀တ်လူက လှည့်ကြည့်လိုက်၏။အမျိုးသမီးကျင့်ကြံသူနှင့် အခြားသူများက နေရာမှာတင် ရပ်နေကြဆဲ ရှိသည်ကို တွေ့သောအခါ သူက လှောင်ရယ်လိုက်၏။

“အဲ့လူက မကြာခင် သားရဲအုပ် ဝါးမျို‌တာကို ခံရ‌တော့မှာလေ.. ဒီအခွင့်အရေးကို မဖမ်းဆုပ်ဘူးဆိုရင် မင်းတို့အကုန်လုံး သေဖို့သာ စောင့်နေလိုက်ကြတော့!”

အစက တုံ့ဆိုင်းခဲ့ကြသော ကျင့်ကြံသူအချို့သည် သိသိသာသာ စိတ်ယိမ်းသွားကြ၏။

အစိမ်းရောင်၀တ်ကျင့်ကြံသူ၏ ဓါး၀င်္ကပါလေးခုက အံမခန်း သန်မာသော်လည်း အဲ့ဒါက ရှေးဦးအဆက်နွယ်တောကောင် တစ်ထောင်ကျော်ကျော်၏ ဝုန်းဒိုင်းကြဲ ပစ်၀င်လာခြင်းကို ကိုင်တွယ်ဖို့တော့ သေချာပေါက် မလုံလောက်နိုင်ကြောင်း လူတိုင်း ပြောနိုင်ကြလေသည်။

အစိမ်းရောင်၀တ်ကျင့်ကြံသူက အပိုင်းပိုင်း စုတ်ဖြဲခံရပြီးလျှင် နောက်ထပ် တွေ့ကြုံခံစားရမည်က သူတို့သာ။

လူတိုင်းသည် သေခြင်းတရားကို ထိုင်စောင့်နေရအောင် သစ္စာမရှိနိုင်ကြပေ။

ဒါ့အပြင် လူတိုင်းကျင့်ကြံကြသည့် ရည်ရွယ်ချက်မှာလည်း အသက်ရှည်ရှည်နေနိုင်ဖို့အတွက် ဖြစ်လေသည်။

သူတို့သာ တစ်ကယ်တမ်း ဒီနေရာမှာ သေရမည်ဆိုလျှင် သူတို့ရည်မှန်းထားသမျှ အရာအားလုံးက ပျက်စီးသွားရပေလိမ့်မည်။

လှပသော အမျိုးသမီးကျင့်ကြံသူ၏ မျက်လုံးထဲမှာ တွေဝေမှုအရိပ်အယောင်က ပေါ်လာသော်လည်း သူမသည် စိတ်ပိုင်းဖြတ်လိုက်ဆဲဖြစ်ပြီး ထွက်မသွားဖို့ ရွေးချယ်လိုက်လေသည်။

သို့သော် သူမ၏ ဘေးရှိ ဂိုဏ်းသားအဖော် ရှစ်ယောက်က လေထဲသို့ ပျံတက်၍ အပြာရောင်လူနှင့်အတူ ‌တောင်ကြားထဲကနေ ထွက်ပြေးဖို့ ပြင်လိုက်ကြ၏။

အမျိုးသမီးကျင့်ကြံသူ၏ ဆုံးဖြတ်ချက်ကို မြင်သောအခါ အပြာရောင်ဝတ်လူက မျက်မှောင်ကြုတ်၍ စိတ်ထဲကနေ ကျိန်ဆဲလိုက်၏။

“မိုက်မဲတဲ့နေရာမှာတော့ တစ်ကယ့်စံပဲဟေ့”

အပြာရောင်ဝတ်လူက လှည့်ထွက်၍ အစွမ်းကုန်ထုတ် ထွက်ခွာတော့မည့်ဆဲဆဲမှာပင် လေထဲသို့ ပျံတက်လာသော သူ့ဂိုဏ်းသားအဖော်များက သူ့နောက်သို့ ဆက်မလိုက်တော့သည်ကို တွေ့လိုက်ရ၏။ ထို့အစား သူတို့က နေရာမှာတင် တောင့်တင်း၍ တုန်ယင်နေကြ၏။

သူတို့အားလုံးသည် အလွန်တရာ သွေးပျက်ဖွယ်ရာတစ်ခုကို မြင်တွေ့နေရသည့်အလား ထိတ်လန့်တကြား အမူအယာများဖြင့် ရှိနေကြ၏။

လှပသော အမျိုးသမီးကျင့်ကြံသူကလည်း ထို့အတူပင်။ သူမ၏ လက်ကို ဆန့်၍ သူ့ဘက်သို့ လက်ညိုးထိုးရင်း သူမ၏ မျက်လုံးများက ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။

သူ့နောက်တွင် သွေးရနံ့အချို့နှင့်အတူ စိုထိုင်းထိုင်းအော်ရာတစ်ခုက ရောက်ရှိလာသလိုပင်။

အပြာရောင်ဝတ်ကျင့်ကြံသူသည် ရင်ထဲမှာ ထိတ်ကနဲ ဖြစ်သွား၏။

အလိုလို သူလှည့်ကြည့်လိုက်ချိန်တွင် သတ်တော့ဖြတ်တော့မည့် အော်ရာနှင့်အတူ သားရဲတောကောင်တစ်ကောင်က သူ့ရှေ့တောင်ထွတ်၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။ အဲ့ဒါက အလွန်ကြီးမားသည့် ကိုယ်ထည်ကြီးတစ်ခုဖြစ်ပြီး ရွှေရောင်သားမွေးများက ကျောချမ်းဖွယ်ရာ ကခုန်နေကာ သူ့ကို ကြမ်းကြုတ်ပြင်းထန်စွာနှင့် စိုက်ကြည့်နေ၏။

အဲ့ဒါက ရွှေခြင်္သေ့ပင်။

မသိလိုက်မသိဘာသာနှင့်ပင် ရွှေခြင်္သေ့က သူ့ရှေ့သို့ ရောက်လာပြီဖြစ်၏။ သူ့ပါးစပ်ကို ကျယ်လောင်စွာ ဟထားပြီး ညှီစို့စို့ ခံတွင်းနံ့နှင့်အတူ သွားရည်များက တမျှားမျှား ကျနေ၏။

အစွမ်းကုန်သုံး၍ လှည့်ထွက်လိုက်သော အပြာရောင်ဝတ်လူသည် သူ့ကိုယ်သူ ရွှေခြင်္သေ့ပါးစပ်ထဲသို့ တွန်းပို့လုနီးပါး ဖြစ်သွားရ၏။

“အား”

အပြာရောင်ဝတ်လူသည် အာမေဋိတ်သံတစ်ချက် ပြုလိုက်မိပြီး ခေါင်းနပန်းကြီးကာ ခြေလက်များက ပျော့ခွေလာ၏။

ထိုအကွာအဝေး၌ သူသည် လွတ်မြောက်အောင် ထွက်ပြေးဖို့က မဖြစ်နိုင်တော့ပေ။

အပြာရောင်ဝတ်လူသည် လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားပြီး တောင်းပန်တော့မည့်ဆဲဆဲမှာပင် ရွှေခြင်္သေ့၏ မျက်လုံးများထဲတွင် လှောင်ပြောင်သရော်လိုရိပ်က ပေါ်လာ၏။ ရုတ်တရက် ရွှေခြင်္သေ့က သူ၏ ကြီးမားသည့် ပါးစပ်ကြီးကို ဖွင့်၍ ရှေ့သို့ လှမ်းဟပ်ကာ ပိတ်ချလိုက်၏။

ဇိ..

အပြာရောင်ဝတ်လူက သွားရှာလေပြီ။

ထိုသည်ကို ကြည့်ပြီး အခြေအနေအပေါ် အမြတ်ထုတ်ကာ ထွက်ပြေးဖို့ ကြိုးစားနေကြသော ကျင့်ကြံသူများသည် ကြောက်လန့်တကြား အမူအယာများနှင့်အတူ လေထဲကနေ တစ်ယောက်ပြီးတစ်ယောက် ပြုတ်ကျလာကြ၏။

ရွှေခြင်္သေ့က ကျေနပ်အားရမှု မရှိသေးပုံနှင့် သုံးလေးချက်ဝါးပြီး မသတီစရာ သူ့လျှာကြီးကို ထုတ်လိုက်သောအခါ နုတ်နုတ်စင်းပြီးသား အသားစအနည်းငယ်က ထွက်ကျ၍ သူ့နှုတ်ခမ်းထောင့်မှ သွေးများက စီးကျလာ၏။

လှပသောအမျိုးသမီး၏ အမူအယာက ဆိုးဆိုးရွားရွား ပျက်ယွင်းသွားပြီး အန်ချလုမတတ် ဖြစ်သွားရ၏။

တစ်ခဏအတွင်း အသက်ရှင်လျက်လူတစ်ယောက်က ထိုမူလသွေးမျိုးဆက်ကြမ်းကြုတ်တောကောင်၏ ဝါးစားခြင်းကို ခံလိုက်ရလေသည်။

ငါ တစ်ကယ်ပဲ ဒီနေ့ ဒီနေရာမှာ သေရတော့မှာပါလား..

လှပသော အမျိုးသမီး၏ မျက်လုံးက အရောင်မှိန်သွားပြီး စိတ်ထဲကနေ ညည်းတွားလိုက်၏။

ထိုစဉ်မှာပင် တောင်ကြား၏ ဝင်ပေါက်ဝဘက်မှ အသံတစ်သံက ထွက်ပေါ်လာ၏။ ထိုအသံက သာမန်ဟုသာ ထင်ရသော်လည်း လူတစ်ယောက်၏ စိတ်နှလုံးကို တည်ငြိမ်စေနိုင်သည့် မြင့်မြတ်စွမ်းအားကို ပိုင်ဆိုင်ထားပုံရ၏။

“မီးပဒေသာဓါးဝင်္ကပါ.. ဖွဲ့တည်စမ်း”

(ယခင် သုံးနှုန်းခဲ့သော ဖယောင်းမီးဓါးဝင်္ကပါနှင့် အတူတူပင်ဖြစ်၏။)

လူတိုင်းသည် အလိုအလျောက် မော့ကြည့်မိလိုက်ကြ၏။

သို့သော်လည်း ဖုန်များက တထောင်းထောင်းထနေပြီး ရှေးဦးအဆက်နွယ်တောကောင်တစ်ထောင်ကျော်ကျော်၏ ခန္ဓာကိုယ်များကလည်း သူတို့၏ မြင်ကွင်းကို ပိတ်ကွယ်ထားသည့်အတွက် အစိမ်းရောင်ဝတ်ကျင့်ကြံသူကို သူတို့ မမြင်နိုင်ပေ။

ချွင်.. ချမ်..

ရုတ်တရက်ဆိုသလို..

ဓါးသံများက ပဲ့တင်ထပ် မြည်ဟည်းလာ၏။

လေထဲတွင် ထက်ရှသော ဓါးချီတန်းများက တစ်ခုပြီးတစ်ခု ယှက်ဖြာသွားလေသည်။

ထို့နောက် ချက်ချင်း လူတိုင်း၏ ရှေ့မှောက်မှာပင် တောင်ကြားဝင်ပေါက်ဝဘက်မှ တဖျတ်ဖျတ်တလက်လက် ဓါးအလင်းများက ဆက်တိုက်ဆင့်ကဲ့ ပေါ်ထွက်လာပြီး ဝန်းကျင်တစ်ခွင်လုံးကို ထိန်လင်းသွားစေ၏။

လေထဲတွင် ဓါးပျံ ၂၇ လက်က စုစည်းသွားပြီး ဓါးဦးချွန်များကို အပြင်ဘက်သို့ လှည့်ထားကာ စက်ဝိုင်းပုံဓါးစက်ကြီးတစ်ခုအသွင် ဖြစ်သွား၏။

ချစ်ချစ်တောက်ပူနေသော နေတစ်စင်းသည် တောင်ကြားထဲသို့ ဆင်းသက်လာသည့်အလား ဓါးချီအလင်းတန်း ၂၇ ခုက အဆက်မပြတ် လည်ပတ်နေ၏။ ၎င်းက ရောင်ခြည်တလက်လက် လွမ်းမိုးခြယ်လှယ်နိုင်စွမ်းအပြည့်ဖြင့် လေဟာနယ်ကို စုတ်ဖြဲ၍ ကောင်းကင်ကို ဖျက်ဆီးတော့မည့်ပုံပင်။

မီးပဒေသာဓါးဝင်္ကပါ၏ စွမ်းပကားမှာ ဆဋ္ဌဂံဓါးဝင်္ကပါထက် များစွာပို၍ ကြောက်ဖို့ ကောင်းလေသည်။

ဖောက်.. ဖောက်.. ဖောက်..

သွေးမြူများက ပန်းထွက်လာကြ၏။

ဒုန်းစိုင်းပြေးဝင်ချသွားသော ရှေးဦးအဆက်နွယ်တောကောင်တစ်ထောင်ကျော်ကျော်ကို မီးပဒေသာဓါးဝင်္ကပါက ဆီးကြို၍ နုတ်နုတ်စင်းလေတော့သည်။ အသားများနှင့် သွေးများက နေရာတိုင်းမှာ ပြန့်ကျဲ၍ အလောင်းများက ပုံထပ်လာ၏။ တောင်ကြားတစ်ခုလုံးက သွေးများဖြင့် ပြည့်လာလေသည်။

ဘုန်း.. ဘုန်း.. ဒုန်း..

သေမှာကို မကြောက်ရွံ့သော ရှေးဦးအဆက်နွယ်တောကောင်များစွာသည် ရှေ့သို့ ပြေးဝင်ချသွားသော်လည်း မည်သူမှ မီးပဒေသာဓါးဝင်္ကပါကို မတွန်းလှန်နိုင်ကြပေ။

ဓါးဝင်္ကပါက စတင်ပြီး တဖြည်းဖြည်းနှင့် ရှေ့သို့ တက်လာ၏။

လှပသော အမျိုးသမီးတို့အုပ်စုသည် ထိုမြင်ကွင်းကို မြင်ပြီး အသားနှင့် အရိုးတို့ လှီးဖြတ်ခံရသံများကို ကြားသောအခါ သူတို့သည် တုန်လှုပ်သွားကြ၏။

ရှေးဦးအဆက်နွယ်တောကောင်များက ဝရုန်းသုန်းကားဖြင့် နောက်ပြန်ဆုတ်လာကြလေပြီ။

သူတို့ရှေ့မြင်ကွင်းတွင် အစိမ်းရောင်ဝတ်ပုံရိပ်က ပြန်လည်ပေါ်ထွက်လာ၏။

ကောင်းကင်ရိုးဝံပုလွေကို စီးနင်းထားသော အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် တည်ငြိမ်သောအမူအယာ၊ နက်ရှိုင်းသောအကြည့်နှင့်အတူ သူတို့ဆီသို့ ဦးတည်လာနေ၏။

ဓါးဝင်္ကပါကို သူ့လက်ဝါးရှေ့တည့်တည့်မှာ စုစည်းထား၏။

အစိမ်းရောင်ဝတ်ကျင့်ကြံသူသည် သူ့လက်ကို သာမန်ကာလျှံကာ လှုပ်ရှားလိုက်ရုံနှင့် ကြောက်စရာကောင်းသော ဓါးဝင်္ကပါက လေထဲမှာ ကခုန်၍ သူ့ရှေ့လမ်းကြောင်းတွင်ရှိသော အရာရာတိုင်းကို ဖျက်ဆီးချေမှုန်းပစ်နေ၏။

လူတိုင်းသည် အသားလွတ် ငေးကြည့်နေမိကြ၏။

အဲ့ဒါက ဘယ်လို ဓါးဝင်္ကပါမျိုးပါလိမ့်..

အစိမ်းရောင်ဝတ်ကျင့်ကြံသူက ကောင်းကင်ထက်ရှိ နေမင်းကို ခူးဆွတ်ယူလာပြီး သူဖြတ်သန်းလာရာတစ်လျှောက် သက်ရှိတိုင်းကို ချေမှုန်းပစ်နေသည့်အတိုင်းပင်။

အဆုံးမဲ့သွေးများနှင့် သွေးခင်းလမ်းတစ်ခုက ပေါ်လာပြီး သူ့နောက်တွင် အလောင်းများက ပုံထပ်ပြန့်ကျဲ၍ ကျန်ရစ်ခဲ့၏။

အစိမ်းရောင်ကျင့်ကြံသူသည် ချစ်ချစ်တောက်ပူပြင်းသော နေတစ်စင်းကို ကိုင်စွဲ၍ သွေးအိုင်များနှင့် အလောင်းများပေါ်ကနေ ဖြတ်သန်းလာကာ နတ်ဘုရားသက်ရှိတစ်ပါးလို အရာရာတိုင်းကို ပြန်လှန်မေးခွန်းမထုတ်ဝံ့သော စွမ်းပကားနှင့် ငုံ့ကြည့်နေ၏။

လှပသော အမျိုးသမီးကျင့်ကြံသူက ထိုမြင်ကွင်းကို ငေးကြောင်၍ ရပ်ကြည့်နေမိလေသည်။

All Chapters