← Chapters

အခန်း (၂၂၃)

Vol. 21 Ch. 223

အခန်း (၂၂၃)

Vol. 21 Ch. 223

လက်နက်မျိုးစုံတို့ကိုလည်း ရောင်းချရန်အတွက် ပြသထားပေသည်။ အချို့မှာ ခမ်းနားသည်။ အချို့မှာ တန်ဖိုးကြီးသည်။ အချို့မှာ ကွဲကြေ၊ ပျက်စီးနေကာ ၊ တချက်ကြည့်ရုံနှင့် သူတို့၏ နောက်ကြောင်းကို သိလိုစိတ်များ ဖြစ်ပေါ်စေခဲ့သည်။

လီဟမ်ရှန်းမှာ ချန်ချင်းကုန်သွယ်ရေးသို့ ရောက်နေသည်ဟုသာ မသိထားလျှင် သူ့အရှေ့က မြင်ကွင်းကြောင့် အမှိုက်ပုံသို့ ရောက်နေသည်ဟုပင် အထင်မှားချင်စရာ ဖြစ်နေတော့သည်။

ဒီအပိုင်းကတော့ ပန်းချီကားပြခန်းအပိုင်းပါ

မင်းမင်းက လီဟမ်ရှန်းကို ရှင်းပြလိုက်သည်။

“ပန်းချီကားအချို့ဆိုရင် အဆင့်မြင့်ပန်းချီဆရာတွေရဲ့ လက်ရာကားတွေတောင်မှ ပါရှိပါတယ်”

“ပန်းချီသူတော်စင်ရဲ့ လက်ရာပန်းချီကားတွေကော ရှိလား” လီဟမ်ရှန်းက သာမန်အတိုင်းမေးလိုက်ပါသည်။

“ခစ် ခစ်” မင်းမင်းက လှပစွာ ရယ်မောလိုက်သည်။

“သခင်လေးလီကတော့ ဟာသတွေပြောနေပါပြီ။ ပန်းချီသူတော်စင်ရဲ့ ပန်းချီကားတွေကို ဂိုဏ်းကြီးတွေကပဲ ထိန်းချုပ်ထားတာပေါ့။ ရှိမယ်ဆိုရင်တောင် သူတို့မှာပဲ ရှိမှာပါ။ သာမန်လူတွေမှာ ပန်းချီသူတော်စင်ပန်းချီကားက ဘယ်လိုလုပ်ပြီး ရှိနိုင်မှာလဲ။ ရှိရင်တောင်မှ ပန်းချီသူတော်စင်ရဲ့ ပန်းချီကားကို ဒီတိုင်းရောင်းချမယ်လို့တော့ ကျွန်မ မထင်ပါဘူးရှင်”

“အို ကျုပ်သဘောပေါက်ပြီ” လီဟမ်ရှန်းသည် ထိုအခိုက်တွင် သတိဝင်သွားသည်။

မျောလွင့်ပုံရိပ်ခန်းမတွင် ပန်းချီသူတော်စင်များ၏ ပန်းချီကားကို နေ့စဉ်လိုလိုမြင်တွေ့နေရသောကြောင့် ထိုအရာများကို ရှားပါသည်ဟု သူမမြင်ခဲ့ခြင်းပင် ဖြစ်၏။

တကယ့်အမှန်တရားမှာ အချို့သော သိုင်းပညာရှင်များမှာ သူတို့၏ ဘဝတလျှောက်လုံးတွင် ပန်းချီသူတော်စင်၏ ပန်းချီကားများကိုပင် မမြင်ဖူးခဲ့ကြပေ။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင်ပင်လျှင် အတွင်းစည်းတပည့်များသာ ပန်းချီသူတော်စင်၏ ပန်းချီကားများကို မြင်တွေ့ရန်အတွက် အခွင့်အရေးရှိပေသည်။

ထိုပန်းချီကားများမှာ တွန့်လိမ်ကောက်ကွေးကာ အရုပ်ဆိုးလှသည်။ ပန်းချီကားများကို ကြည့်ရှုခြင်းက လီဟမ်ရှန်းကို ခံစားချက်တစုံတရာ မပေးစွမ်းနိုင်ခဲ့ပေ။ ပန်းချီကားများမှာ အရုပ်ဆိုးလွန်းလှသောကြောင့် သူ့အဖေဆွဲထားတာများလားဟုပင် လီဟမ်ရှန်းက သံသယဝင်နေမိတော့သည်။

ထိုအကြောင်းကိုသာ လီချန်ချင်းသိခဲ့ပါလျှင်မူ ဒေါသအိုးပေါက်ကွဲမည်ဖြစ်သည်။

ငါ့သားရဲ့စိတ်ထဲက ငါ့အဆင့်က ဒီလောက်ပဲလား

မင်းအဖေက နတ်ဓားခုနစ်စင်းကို ထိန်းချုပ်တဲ့ဓားအရှင်ဆိုတာသာ သိရင် မင်းဘယ်လိုနေမလဲ

“ဟင်”

ထိုအခိုက်တွင် လီဟမ်ရှန်းမှာ ပန်းချီကားတချပ်ကို မြင်ပြီး အံ့အားသင့်သွားခဲ့၏။

ထိုပန်းချီကားမှာ သုံးပုံတပုံသာ မြင်နေရ၏။ ပန်းချီကားချပ်တွင် မိုးကြိုးများမှာ ပြင်းထန်စွာ ကျဆင်းနေပြီး မည်သည့်အရာမှ တားဆီးနိုင်စွမ်းမရှိသည့်အလားပင်။ ထိုပန်းချီကားမှာ လီဟမ်ရှန်း၏ နတ်ခန္ဓာကို တုန့်ပြန်နေခဲ့သည်။

“ကျုပ်ဒီပန်းချီကားကို ကြည့်ချင်တယ်” လီဟမ်ရှန်းက ပန်းချီကားကို လက်ညှိုးထိုးကာ ပြောလိုက်သည်။

မင်းမင်းက ခေါင်းတချက်ညိတ်ပြကာ အမိန့်ပေးလိုက်သည်။

“စုန့်ယု သခင်လေးလီက ပန်းချီကားကို ကြည့်ချင်နေတယ်။ ဖွင့်ပြလိုက်”

ပန်းချီကားကို ပြသရာ၌ တာဝန်ခံဖြစ်သော ကောင်လေးက ခေါင်းတချက်ညိတ်ကာ ပိတ်စကို ဖယ်ရှားလိုက်သည်။ ပန်းချီကားတချပ်လုံးမှာ လီဟမ်ရှန်း၏ မျက်မှောက်တွင် ထွက်ပေါ်လာခဲ့သည်။

ရုတ်တရက် ပြင်းထန်လှသော မိုးကြိုးစွမ်းအားများမှာ ရေလှိုင်းများလို သူ့အား ရိုက်ခတ်လာတော့၏။

ပန်းချီကား၏ သရုပ်ဖော်ထားမှုမှာ ကျက်တီးမြေ၏ ကောင်းကင်ထက်တွင် ဧရာမမိုးကြိုးကြီးများ ပေါ်ထွက်လာမှုကို အနုစိတ်ခြယ်မှုန်းထားခဲ့ပါသည်။ မိုးကြိုးလုံးကြီးတခုချင်းစီမှာ ဟိန်းဟောက်နေသော ငွေရောင်မြွေကြီးများအလားဖြစ်နေခဲ့ပြီး လောကထဲရှိ အရာအားလုံးကို ဝါးမြိုချင်သည့်အလားပင်။

၎င်းမှာ အလွန့်ကို စိတ်ဝိဉာဉ်တုန်လှုပ်ဖွယ်ရာပင်။

“ဒီပန်းချီကားကို ပေတထောင်မိုးကြိုးသွားလို့ခေါ်ပြီး အဆင့်မြင့်ပန်းချီဆရာတဦးက ရေးဆွဲခဲ့တာပဲ ဖြစ်ပါတယ်”

စုန့်ယု ဟုခေါ်သော လူငယ်လေးက ရှင်းပြလိုက်သည်။

“ပန်းချီကားကို ရှေးဟောင်းပစ္စည်းစုဆောင်းတဲ့လူတစ်ယောက်က ရောင်းချပေးဖို့ ဝန်ဆောင်မှုကို ရယူထားခဲ့တာပါ”

“အဆင့်မြင့်ပန်းချီဆရာ?”

လီဟမ်ရှန်းမှာ ပန်းချီကားကို စိုက်ကြည့်နေမိသည်။ ပန်းချီကားမှာ အဆင့်မြင့်ပန်းချီပညာရှင်က ရေးဆွဲထားသည့် ကားချပ်နှင့် လုံးဝကို တူညီမနေခဲ့ပါချေ။ ၎င်းမှာ ပန်းချီသူတော်စင်များ၏ လက်ရာကိုပင် ယှဉ်ပြိုင်နိုင်စွမ်းပင် ရှိနေခဲ့တော့သည်။

‘ပေတထောင် မိုးကြိုးသွား’ ပန်းချီကားကို ကြည့်ရှုရင်းနှင့် ပြောမပြနိုင်သော ခံစားချက်တမျိုးမှာ သူ၏ နှလုံးသားထဲတွင် ထွက်ပေါ်လာသည်ကို လီဟမ်ရှန်းက ခံစားလိုက်ရပါတော့သည်။

“ဘယ်လောက်လဲ” လီဟမ်ရှန်းက မေးလိုက်သည်။

ပန်းချီကားကို ရောင်းတဲ့လူက တစ်မီလီယံ တောင်းပါတယ်” စုန့်ယုက ဈေးကို အမြန်ပြောလိုက်သည်။

အဆင့်မြင့်ပန်းချီဆရာရေးဆွဲထားသော ပန်းချီကားမှာ တစ်မီလီယံတန်လှ၏။ ဈေးကြီးသည်ဟု မဆိုနိုင်ပေ။

သို့ပေမယ့် ဈေးနှုန်းကို ကြားသော် လီဟမ်ရှန်း၏ နှလုံးသားမှာ ဆွဲညှစ်ခံလိုက်ရသည့်အလားပင်။

အဘယ်ကြောင့်ဆိုသော် သူ့ပိုင်ဆိုင်သမျှမှာ ငွေစငါးသောင်းသာ ရှိသောကြောင့်ပင်။ ထိုငွေကြေးများမှာ လီချန်ချင်းက သူ့အား ပို့ထားသော ငွေကြေးများပင် ဖြစ်သည်။ ထိုငွေကြေးများကို အသုံးမပြုရသေးခြင်းပင် ဖြစ်သည်။

သူက ထိုငွေကြေးမှာ အလွန်များပြားသည်ဟု ထင်မြင်ခဲ့ပါသည်။ သို့သော် တကယ့်တကယ်တန်း သူ အသုံးပြုမည့်အချိန်တွင်တော့ မလောက်ငှသည်ကို သိလိုက်ရတော့၏။

ဒါပေမယ့် သူက ထိုပန်းချီကားကို အမှန်တကယ်ကို လိုချင်နေပါသည်။

“သခင်လေးလီက ငွေမလောက်လို့များလား” မင်းမင်းက မေးလိုက်သည်။

“ဟုတ်တယ် ကျုပ်မှာ ငွေစငါးသောင်းပဲ ပါလာခဲ့တာ” လီဟမ်ရှန်းက အနည်းငယ် အနေရခက်နေသည့်အသံနှင့် ပြောလိုက်သည်။

ပန်းချီကားများမှာ လွန်စွာမှကို ဈေးကြီးလှပါသည်။ သူ့အဖေက ပန်းချီသူတော်စင် အရမ်းဖြစ်ချင်တာက မထူးဆန်းတော့ပါဘူး။

မင်းမင်းက စကားပြောဖို့ဟန်ပြင်လိုက်သည့်အခိုက်တွင် လီဟမ်ရှန်း၏ အနောက်တွင် အသံကျယ်ကျယ်တသံ ထွက်ပေါ်လာခဲ့သည်။

“ ‘ပေတထောင်မိုးကြိုးသွား’ ပန်းချီကားကို တစ်မီလီယံနဲ့ ကျုပ်ယူမယ်”

ထိုစကားသံကြောင့် လီဟမ်ရှန်းက လှည့်ကြည့်လိုက်ရာ အစောင့်တယောက်နှင့်အတူ လမ်းလျှောက်လာသော လူငယ်သခင်လေးတဦးကို မြင်တွေ့လိုက်ရသည်။

အစောင့်၏ ပုံစံမှာ လုံးဝကို သာမန်ဆန်လွန်းနေခဲ့ပါသည်။ သို့သော် ထိုသူနှင့် အကြည့်တချက်ဆုံလိုက်သည့်အခါတွင် လီဟမ်ရှန်းမှာ အသည်းထဲထိစိမ့်အောင် ကြောက်ရွံ့သွားခဲ့ပါသည်။

ဆရာသခင်တပါး

ထိုသူမှာ မူလအဆင့်၏ ပြီးပြည့်စုံခြင်းအဆင့်တွင်ရှိရမည်ဟု လီဟမ်ရှန်းက ချက်ချင်းကို ကောက်ချက်ချလိုက်ပါ၏။

အသစ်ရောက်လာသူများကို မြင်ပြီးနောက်တွင် ရှုခွေမှာလည်း လီဟမ်ရှန်း၏ အနားသို့ သတိအပြည့်နှင့် တိုးကပ်သွားခဲ့တော့သည်။

“ကျုပ်က ဒီပန်းချီကားကို အရင်မြင်ခဲ့တာ” လီဟမ်ရှန်းမှာလည်း ထိုပန်းချီကားကို လိုချင်သောကြောင့် လွယ်လွယ်နှင့် နောက်ဆုတ်လိမ့်မည် မဟုတ်ပေ။ ငွေမလောက်တာက ရတနာများနှင့် လဲလှယ်နိုင်ပေသေးသည်။

နောက်ထပ် ငွေမလောက်တာကို ကောင်းမှုရမှတ်များကိုအသုံးပြုပြီး ထျန်းဟိုင်မြို့တွင် ငွေတုံးများနှင့် လဲလှယ်နိုင်ပေသေးသည်။

“မင်းက မြင်တာပဲရှိတာလေ။ မင်းကငွေတက်နိုင်လို့လား”

လူငယ်လေးက အနားသို့လမ်းလျှောက်လာသည်။ သူက လီဟမ်ရှန်းကို တည်ငြိမ်စွာဖြင့် ကြည့်လိုက်၏။ သူ၏ တည်ငြိမ်နေသောအကြည့်တွင် အထင်သေးသော အရိပ်အယောင်များကို ဖုံးကွယ်မထားခဲ့ပါချေ။

ထိုအထင်သေးမှုမှာ တမင်တကာကို လုပ်ယူထားခြင်းမျိုးမဟုတ်ပဲ၊ အဆင့်အတန်းမြင့်မြတ်သော နေရာတွင် ဘဝတလျှောက်လုံးနေထိုင်လာရသောကြောင့် သူက လူတိုင်းကို ငုံ့ကြည့်နေမိနေခြင်းဖြစ်သည်။ သူ့အကြည့်မှာ ပုရွက်ဆိတ်များကို ကြည့်နေသည့်အလားပင်။

ထိုအကြည့်ကြောင့် တစုံတယောက်ကို လီဟမ်ရှန်းက ချက်ချင်းကို သတိရသွားခဲ့တော့သည်။

ချူးချန်ခုန်

သူတို့၏ အကြည့်များမှာ တူညီနေခဲ့ပေသည်။

လီဟမ်ရှန်းက မျက်မှောင်ကြုံ့ကာ ပြောလိုက်သည်။

“ငါ တက်နိုင်လား၊မတက်နိုင်လားဆိုတာ မင်းဝင်ပြောရမယ့် ကိစ္စမဟုတ်ဘူး”

“အတိအကျပဲ၊ သခင်လေးလီက တတ်နိုင်လား၊ မတတ်နိုင်လားဆိုတာကို တခြားလူတွေက ဝင်ပြောစရာမလိုဘူးလေ၊ ဟုတ်တယ်မဟုတ်လား” မင်းမင်းမှာလည်း လီဟမ်ရှန်းဘက်ကနေ မခံမရပ်နိုင်ဖြစ်နေသောကြောင့် ဝင်ပြောလိုက်သည်။

“ဒီပန်းချီကားက သခင်လေးလီက အရင်မြင်ခဲ့တာပါ။ သခင်လေးလီက အရင်မြင်တာကြောင့် ဝယ်၊မဝယ်ဆိုတာကို သူကပဲ ဆုံးဖြတ်နိုင်တာပါ။ သူ မဝယ်ဘူးဆိုမှ ကျန်တဲ့ ဧည့်သည်တော်တွေက ဝယ်ဖို့အခွင့်အရေးကို ရရှိမှာပါ။ အရင်ရောက်တဲ့လူကို အရင်ဆုံးဝန်ဆောင်မှုပေးမှာက ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုရဲ့ ဆောင်ပုဒ်နဲ့ စည်းကမ်းပဲ။”

“ မင်းက ငါ့ကို စည်းကမ်းအကြောင်းကို သင်ပေးချင်တာလား”

ထိုစကားကြောင့် လူငယ်သခင်လေးမှာ မင်းမင်းကို အေးစက်စွာဖြင့် ကြည့်လိုက်သည်။

ချက်ချင်းပင်လျှင် တောင်ကြီးတတောင်လို လေးလံသော ဖိအားမှာ မင်းမင်းအပေါ်သို့ ကျဆင်းလာပြီး အနောက်သို့ ခြေနှစ်လှမ်းဆုတ်သွားစေခဲ့သည်။

ကြောက်ရွံ့သောခံစားချက်မှာ သူမ၏ နှလုံးသားမှ ထွက်ပေါ်လာခဲ့ပါသည်။

သူမ၏ မသိစိတ်က ထိုလူ့ကို မပစ်မှားရန်အတွက် သူမကို တွင်တွင်ပြောနေသည်ကို ခံစားနေခဲ့ရ၏။

သို့ပေမယ့် အခြေအနေက ထိုသို့ဆိုရင်တောင် သူမက လီဟမ်ရှန်းဘက်မှ ရပ်တည်ဖို့ကို ဆုံးဖြတ်ခဲ့ပါသည်။

လူငယ်သခင်လေးမှာ မင်းမင်းနှင့် ဆက်လက်၍ ငြင်းခုန်ရန်အစီအစဉ်မရှိပေ။ သူက လီဟမ်ရှန်း၏ အဝတ်အစားများကို စိုက်ကြည့်ပြီးနောက်တွင် သူ၏ အကြည့်များမှာ ထက်ရှလာခဲ့လေသည်။ ထို့နောက်တွင် အော်ရယ်လိုက်လေသည်။

“အံ့ဩစရာတော့မရှိပါဘူး။ ဒီကောင်မလေးက မင်းကို ဘာလို့ ကာကွယ်ပေးနေလဲဆိုတာကို နားမလည်နိုင်ဖြစ်နေခဲ့တာ။ လတ်စသတ်တော့ မင်းက ရှေးဟောင်းတာအိုဂိုဏ်းက တပည့်ဖြစ်နေတာကိုး”

“အဲ့ဒီတော့?”

လီဟမ်ရှန်းကလည်း ထိုလူငယ်သခင်လေး၏ အဝတ်အစားများကို ပြန်အကဲခတ်လိုက်သည်။ ထူးဆန်းသော အနားသတ်အကွန့်များကို မြင်ပြီးနောက်တွင် ယမန်နေ့က ယန်ထျန်းထျန်းပြောခဲ့သည်များကို ချက်ချင်းသတိရသွားခဲ့တော့၏။

ချက်ချင်းပင် ထိုလူငယ်သခင်လေး၏ သရုပ်မှန်ကို လီဟမ်ရှန်းက သိသွားခဲ့တောသည်။

“ကောင်မလေး၊ မင်းက ငါ့ရဲ့ သရုပ်မှန်ကို မသိလို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတပည့်ကို ကာကွယ်ပေးနေခဲ့တာ။ ဒါပေမယ့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက အဲ့သလောက်ကြီး အထင်ကြီဖို့ကောင်းမနေဘူး။ မင်းက လောကကြီးက ဒီလောက်ပဲရှိတယ်လို့ ထင်နေတာဆိုတော့လည်း အပြစ်မတင်တော့ဘူး”

“အဲ့လိုလား”

“ဒါဆိုရင် မင်းပြောချင်တာက ဆုမိသားစုက လူတွေက ပိုပြီးမြင့်မြတ်တယ်ပေါ့ ဟုတ်လား”

လီဟမ်ရှန်းက အေးအေးဆေးဆေး ပြန်တုန့်ပြန်လိုက်သည်။

“ဟင်?”

လီဟမ်ရှန်းက သူ၏ သရုပ်မှန်ကို အေးအေးဆေးဆေး ဖော်ထုတ်လိုက်သောကြောင့် လူငယ်သခင်လေးမှာ အနည်းငယ် အံ့အားသင့်သွားခဲ့ပါသည်။ အနောက်တွင် ရပ်နေသည့် ချန်ဝမ်အန်းပင်လျှင် မျက်ခုံးများတွန့်ကွေးသွားပြီးနောက် လီဟမ်ရှန်းကို စတင်ပြီး စေ့စေ့စပ်စပ်ကြည့်လိုက်သည်။

“အဟက်”

လီဟမ်ရှန်းက သူ၏ ဝတ်ရုံမှာ တံဆိပ်အမှတ်အသားများကို သတိပြုမိပြီး သူ၏ သရုပ်မှန်ကို သိသွားသည်ကို လူငယ်လေးက သတိပြုမိလိုက်သည်။

“ငါ့တို့ ဆုမိသားစုရဲ့ တံဆိပ်ကို မင်းက သတိထားမိလိမ့်မယ်လို့ မထင်ထားမိဘူး။ ကြည့်ရတာကတော့ ငါ့ရဲ့ ဆုမိသားစုက မင်းတို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသေးသေးလေးမှာ တော်တော်လေးကျော်ကြားတဲ့ပုံပဲ။ မင်းရဲ့ ဆရာသခင်က အပြင်လောကကို ထွက်ရင် ဆုမိသားစုဝင်တွေကို ရှောင်ရှားဖို့ကော သတိပေးလိုက်သေးလား။ အထူးသဖြင့် ဆုရှန်းချီဆိုတဲ့ ငါ့ကိုပေါ့”

“စိတ်မကောင်းပါဘူး။ ဆုရှန်းချီဆိုတဲ့ နာမည်ကို တခါမှ မကြားဖူးဘူး”

လီဟမ်ရှန်းက ရယ်မောလိုက်သည်။

“ငါကြားဖူးတာတခုတော့ရှိတယ်။ အဲ့ဒါဘာလဲဆိုတော့ မင်းတို့ရဲ့ ဆုမိသားစုအကြီးအကဲနှစ်ယောက်က ချင်းရွှယ်အာဏာဓားရဲ့ ဓားချက်နဲ့ ခေါင်းပြတ်သွားတယ်ဆိုတာပဲ။ အဲ့လိုဖြစ်ခဲ့တာတောင် ဆုမိသားစုက ရှေးဟောင်းတာအိုဂိုဏ်းကို ဘာမှပြန်မလုပ်ရဲတဲ့အပြင် အီးတောင်မှ မပေါက်ရဲဘူးလေ ဟားဟားဟား”

“မင်းသေချင်နေတာပဲ”

ဆုရှန်းချီ၏ မျက်လုံးများမှာ ဒေါသအရိပ်အယောင်များ ပြေးသွားခဲ့သည်။

“ကြိုးစားကြည့်လေ။ ငါ့ကို ထိလိုက်တာနဲ့ မင်းကော၊ မင်းရဲ့အစောင့်အရှောက်ပါ မင်ဟုန်ခရိုင်ကနေ အသက်ရှင်ရက်ပြန်ထွက်နိုင်မယ်မထင်နဲ့”

လီဟမ်ရှန်းက အကြောက်တရားကင်းမဲ့နေသည်။ မင်းတို့ရဲ့ ဆုမိသားစုက အင်အားကြီးတော့ကော ဘာဖြစ်လဲ။ အခုက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ နယ်မြေကွ။

မင်းတို့မိသားစုရဲ့ အကြီးအကဲနှစ်ယောက်တောင် ဒီမှာ မရဏလမ်းကို ကြွမြန်းသွားခဲ့ပြီးပြီ။ မင်းလိုကောင်စုတ်လေးက ဒီနေရာမှာ အမောက်လာထောင်ချင်သေးတယ်ပေါ့။

“နဝမမြောက်သခင်လေး”

ထိုအခိုက်တွင် ချန်ဝမ်အန်းက ဆုရှင်းချီ၏ ပုခုံးပေါ်သို့ လက်တင်ကာ အလျင်စလို မပြုလုပ်ရန်သတိပေးလိုက်သည်။

ယခုအချိန်တွင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက တပည့်နှင့် လုကျင်းမြို့၌ ပြသနာတက်ခြင်းက သူတို့အတွက် အခြေအနေ ကောင်းမည်မဟုတ်ပေ။

“ဆိုင်ရှင်ကျောက်”

ထိုအခိုက် ဆုရှင်းချီက အော်ဟစ်လိုက်သည်။

“သခင်လေးဆု၊ ကျွန်တော်ဒီမှာပါ၊ ကျွန်တော်ဒီမှာပါ။ ဘာများ ကူညီပေးရမလဲ”

ထိုအခိုက်တွင် သက်လတ်ပိုင်းအရွယ်လူတစ်ယောက်မှာ အပြေးလေးရောက်လာခဲ့ပါသည်။ သူ့မျက်နှာထက်တွင်လည်း မျက်နှာချိုသွေးနေသည့် အမူအရာမှာလည်း ပေါ်လွင်နေခဲ့ပါသည်။ ဒီသခင်လေးဆုက ဖောက်သည်အကြီးစားကြီးပင် မဟုတ်ပါလား။

ထိုဆိုင်ရှင်မှာ ကျောက်ရှုဟုခေါ်ပြီး ကျောက်မိသားစုဝင်ဖြစ်သည်။ ယန်လဲ့ရှန်းမှာ ဆိုင်ရှင်ဖြစ်ပြီး သူက လက်ထောက်ဆိုင်ရှင်ဖြစ်ပြီး လုကျင်းမြို့တွင် တာဝန်ကျနေကြသူများ ဖြစ်ပါသည်။

ဆုရှင်းချီ ယခင်အခေါက်တုန်းက ရောက်လာခဲ့စဉ်က လက်ဖက်ရည်အရေအတွက်များစွာနှင့် အသင့်စားစားသောက်ကုန်များစွာတို့ကို အော်ဒါတင်ခဲ့သောကြောင့် ဗီအိုင်ပီနီးနီးကို ဖြစ်နေခဲ့ပြီ။ ထို့ကြောင့်ပင် ဆုရှင်းချီ၏ လိုအပ်ချက်ကို လျစ်လျူမရှုရဲအောင်ကို ဖြစ်နေခဲ့ပါသည်။

“ဆိုင်ရှင်ကျောက်၊ ကျုပ်က ဒီပန်းချီကားကို ဝယ်ချင်တယ်ဗျာ။ ခင်ဗျားဘယ်သူ့ကို ရောင်းသင့်တယ်လို့ ထင်လဲ” ဆုရှန်းချီက ကျောက်ရှုကို ကြည့်ကာမေးလိုက်သည်။

“ဟမ်”

ကျောက်ရှုက မင်းမင်းကို ကြည့်သည်၊ ထို့နောက် လီဟမ်ရှန်းကို ကြည့်သည်။ သူက ဘာတွေဖြစ်နေလဲဆိုသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။

“ကျုပ် ရှင်းပြပါရစေ” ဆုရှင်းချီက တချက်ပြုံးကာ ပြောသည်။

“ဒီက မိတ်ဆွေက ပန်းချီကားကို ဝယ်ချင်ပေမယ့် သူ့မှာ ငွေအလုံအလောက်ရှိမနေခဲ့ဘူး။ ဒီတော့ ကျုပ်က ဒီပန်းချီကားကို ချက်ချင်းလက်ငင်းငွေချေနိုင်တာကြောင့် ဝယ်ဖို့ဆုံးဖြတ်ထားတယ်။ ဆိုင်ရှင်ကျောက်၊ ခင်ဗျားပဲ မျှမျှတတဆုံးဖြတ်ပေးပါ။ ကျုပ်ရဲ့ အဆင့်အတန်းနဲ့ ကျုပ်အနိုင်မကျင့်ဘူးဗျာ”

“ဟာဗျာ။ ဒါမျိုးက ဆုံးဖြတ်စရာတောင်မလိုဘူးလေ။ ကြိမ်းသေကို…”

“အဟမ်းအဟမ်း”

ကျောက်ရှုစကားမဆုံးခင်မှာပင် မင်းမင်းက ဝင်နှောင့်ယှက်လိုက်သည်။

“ဆိုင်ရှင်”

“ဘာတုန်း မင်းမင်း” ကျောက်ရှုက မင်းမင်းကို အနည်းငယ်နားမလည်နိုင်စွာ ကြည့်လိုက်သည်။

“ကျွန်မက ဆိုင်ရှင်ကို ရှင်းပြပေးပါရစေ”

မင်းမင်းက အသက်ကိုပြင်းပြင်းရှုလိုက်သည်။

“ဒီက သခင်လေးက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက သခင်လေး လီဟမ်ရှန်း ပဲဖြစ်ပါတယ်။ သူက ဒီပန်းချီကားကို လိုချင်တာနော်။ ဒါပေမယ့် သူ့မှာ ငွေသားအလုံအလောက် မပါလာဘူး။ ဒီက သခင်လေးက ဆုမိသားစုက သခင်လေးဖြစ်ပြီးတော့ သူကတော့ ပန်းချီကားကို ဝယ်ဖို့ ချက်ချင်းကို ငွေချေနိုင်ပါတယ်။ လက်ရှိအခြေအနေက သူတို့နှစ်ယောက်ထဲက ဘယ်သူ့ကိုရောင်းမလဲဆိုတာကို ဆိုင်ရှင့်ကို ဆုံးဖြတ်ခိုင်းနေတာပါ”

မင်းမင်းက အသက်မရှုပဲကို ပြောကာ အဆုံးသတ်လိုက်သည်။

မင်းမင်း၏ စကားဆုံးသော် လီဟမ်ရှန်းအပါအဝင် လူတိုင်းမှာ မင်းမင်းအား အရူးတစ်ယောက်လို ကြည့်လိုက်ကြပါသည်။

နင့်ဟာက ရှင်းပြတာကော ဟုတ်လို့လားဟ

“မိန်းကလေးရှင်းပြတာနဲ့ ကျုပ်ပြောတာနဲ့က ဘာများကွာလို့လဲ။ အတူတူပဲလေ မဟုတ်ဘူးလား”

ဆုရှန်းချီပင်လျှင် ဆွံ့အနေခဲ့သည်။

ဤနေရာသည် တောင်ပိုင်းကျက်တီးမြေတွင်သာဆိုလျှင် အဲ့လောက်ထိ ရှင်းပြဖို့ လိုပါဦးမလား။

သူ၏ ဆုမိသားစုသရုပ်မှန်သာ ပေါ်ပေါက်သွားသည်နှင့် သူနှင့်ပြိုင်ဆိုင်ပြီး မည်သူကမှ မလုရဲကြပေ။

ပြသနာမတက်ချင်သောကြောင့်သာ မဟုတ်လျှင် ဆုရှန်းချီက ထိုမျှအထိ ခေါင်းရှုပ်ခံနေလိမ့်မည်မဟုတ်ပေ။

ရှိနေကြသည့်လူတိုင်းက မင်းမင်း၏ ရှင်းပြမှုကို ထူးဆန်းနေကာ နားမလည်ကြသည့်တိုင် လူတဦးကတော့ ကောင်းကောင်းကို နားလည်သွားခဲ့ပါသည်။

ထိုသူကတော့ ကျောက်ရှုပင်ဖြစ်သည်။

ကျောက်ရှုက လီဟမ်ရှန်းကို ပြူးကျယ်နေသော မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့သည်။

သူက လီဟမ်ရှန်းလား။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းရဲ့ သခင်လေးမဟုတ်လား

“ကျုပ်ဝင်ပြောဖို့ လိုသေးလို့လားဗျာ” ကျောက်ရှုက ခပ်မြန်မြန်ပြောလိုက်သည်။

“ဒီပန်းချီကားကို အရင်တွေ့တာက သခင်လေးလီလေ။ အဲ့ဒါကြောင့် သခင်လေးလီကိုပဲ ရောင်းရမှာပေါ့”

“ဘာ”

ဆုရှန်းချီမှာ နားကြားလွဲသွားသည်ဟုပင် ထင်မြင်ခဲ့လိုက်သည်။

ကျောက်ရှုက ဘာတလွဲတွေ ပြောနေခဲ့တာလဲ။

“သခင်လေးလီက ပန်းချီကားကို ပထမဦးဆုံးမြင်ခဲ့တာမို့လို့ သူ့ကိုပဲအရင်ဦးဆုံးရောင်းချရမှာပါ။ အဲ့ဒါက ကျုပ်တို့ချန်ချင်းကုန်သွယ်ရေးရဲ့ စည်းကမ်းပါ။ စိတ်မကောင်းပါဘူး။ သခင်လေးဆု တခြားတခုခုကို ကြည့်ကြည့်ပါလား။ သဘောကျတာကို တွေ့ရင် ဈေးလျှော့ပေးပါ့မယ်” ကျောက်ရှုက ပြုံးရင်း ပြောလိုက်သည်။

“သူ့မှာ ငွေမှ မရှိတာ။ သူကြိုက်ရင်တောင်မှ ဝယ်ဖို့ ငွေမရှိဘူးလေ”

အရှေ့ပိုင်းဒေသက လူတွေအားလုံးက ရူးနေတာလားဆိုသည်ကို ဆုရှင်းချီက သိချင်သွားခဲ့သည်။

“ငွေမရှိတာက ပြသနာမဟုတ်ပါဘူး။ ရှိတဲ့အချိန်ကျရင် သူပေးလို့ရတာပဲလေ” ကျောက်ရှုက ထိုဖြစ်ရပ်မှာ ဘာမှ မထူးဆန်းသည့်အလားပင် ပြောလိုက်ပါသည်။ မင်းမင်းမှာ တောင့်မခံနိုင်ပဲ တခစ်ခစ်နှင့် ရယ်မောနေခဲ့တော့သည်။

ဆုရှန်းချီသာမက လီဟမ်ရှန်းပင်လျှင် ထိုအဖြစ်အပျက်မှာ ရုပ်ပေါက်လွန်းသည်ဟု ခံစားခဲ့ရသည်။

“ဆိုင်ရှင်ကျောက် ခင်ဗျားကျုပ်ကို စောက်ခွက်ပြောင်နေတာလား” ဆုရှန်းချီမှာ ဒေါသူပုန်ထနေခဲ့ချေပြီ။ ဆုမိသားစု၏ သားတစ်ယောက်ဖြစ်သော သူမှာ ဘယ်တုန်းကမှ ထိုကဲ့သို့ ဆက်ဆံခြင်းကို မခံစားရခဲ့ပါချေ။

“သခင်လေးဆု၊ အဲ့လိုတော့မပြောပါနဲ့။ ကျုပ်တို့ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူတိုင်းကို မျှမျှတတကို ဆက်ဆံတာပါ”

ကျောက်ရှုက အမြန်ပြောလိုက်သည်။

“ဆိုင်ရှင်ကျောက်၊ အရင်နေ့က သင်းပျံ့လက်ဖက်ရည်ကြမ်းတွေကို ကျုပ်အော်ဒါအများကြီးမှာခဲ့တယ်။ ဒါပေမယ့် ဒီနေ့ ခင်ဗျားရဲ့ ဆက်ဆံပုံကို ကျုပ်သဘောကျမနေဘူး။ အဲ့ဒါကြောင့် အဲ့ဒီ့အော်ဒါတွေကို ပယ်ဖျက်ချင်တယ်” ဆုရှန်းချီက အေးစက်စွာ ပြောလိုက်သည်။

“အို ရတာပေါ့။ သခင်လေးရဲ့ အော်ဒါကို အခုချက်ချင်းပဲ ပယ်ဖျက်ပေးပါ့မယ်။ အော်ဒါတင်ထားတဲ့ ငွေတွေကို အခုပဲ ပြန်ထုတ်ပေးပါ့မယ်နော်” ကျောက်ရှုက ခေါင်းညိတ်ကာ ဖြေလိုက်သည်။

ထို့နောက်တွင် ကျောက်ရှုက သူ၏ အိပ်ကပ်ထဲမှာ ငွေလက်မှတ်များကို ထုတ်ယူလိုက်ပြီး ဆုရှန်းချီကို ကမ်းပေးလိုက်ပါသည်။

ထိုအဖြစ်အပျက်ကြောင့် ဆုရှန်းချီကို ပို၍ပင် ဆွံ့အသွားစေခဲ့သည်။ ဘာလို့ကျောက်ရှုကို လွှမ်းမိုးလို့မရတာလဲ။ သူ့ရဲ့လွှမ်းမိုးနိုင်စွမ်းတွေက လျော့ကျကုန်တာလား။

ဒီလီချန်ချင်းဆိုတဲ့ လူအတွက်နဲ့ သူက ဆုမိသားစုကိုတောင် အပြစ်ပြုပြီးတော့ အော်ဒါတွေကိုတောင်ပယ်ဖျက်ရဲသေးတယ်။

ဆုရှန်းချီမှာ ထဆဲချင်နေပေသည်။

“လီဟမ်ရှန်းဘက်ကို အဲ့သလောက်တောင်မှ မျက်နှာလိုက်နေရင် လီဟမ်ရှန်းကို ဘာလို့ အဖေမတော်လိုက်လဲ

ထိုအတွေးကိုသာ ကျောက်ရှုသိပါက အကြံကောင်းဟုပင် ထင်မြင်နိုင်ပေ၏။

“မင်းတို့အားလုံး သတိထားနေကြ။ ငါ့အကြောင်းကို ကောင်းကောင်းသိစေရမယ်”

ဆုရှန်းချီမှာ အနောက်သို့လှည့်ကာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းစုမှ ထွက်ခွာလာခဲ့သည်။

ချန်ဝမ်အန်းကလည်း အနောက်မှ လိုက်ပါသွားခဲ့၏။

All Chapters