← Chapters

အခန်း (၂၃၀)

Vol. 21 Ch. 230

အခန်း (၂၃၀)

Vol. 21 Ch. 230

ငြိမ်းချမ်းရေးမြို့တော်

ငြိမ်းချမ်းရေးလက်ဖက်စံအိမ်

မွန်းလွဲချိန်တွင် ရွှယ်ချမ်းပိုင်၏ ပုံရိပ်မှာ မြို့တွင်း၌ ရုတ်တရက်ပေါ်လာခဲ့သည်။

“ဧည့်သည်တော်ကြီးတို့က ဘယ်နှစ်ယောက်ပါတာပါလဲ” ရွှယ်ချမ်းပိုင်က ဝင်လာသည့်အခိုက်တွင် စားပွဲထိုးမှာ ပျာပျာသလဲနှင့် ရောက်လာခဲ့တော့သည်။

“တောင်တန်းရေကန်စံအိမ်”

ရွှယ်ချမ်းပိုင်က စားပွဲထိုးကိုပြောလိုက်သည်။

“ကောင်းပါပြီ တောင်တန်းနှင့်ရေကန်စံအိမ်က တတိယအထပ်မှာ ရှိပါတယ်။ ကျေးဇူးပြုပြီးတော့ ကျွန်တော့်အနောက်က လိုက်ခဲ့ပေးပါ”

စားပွဲထိုးက ရွှယ်ချမ်းပိုင်ကို ခပ်မြန်မြန်ပင် လမ်းပြလိုက်သည်။ ထိုနေရာ၌ အခန်းများကို သီးသန့်ခွဲထားကြသည်။

တောင်နှင့်ရေကန်အခန်းကို ဖွင့်လိုက်သည့်အခါ အတွင်း၌ တစုံတယောက်က ရောက်နေပြီးဖြစ်သည်ကို တွေ့ခဲ့ရသည်။

ထိုသူက လီချန်ချင်းပင် ဖြစ်သည်။ လီချန်ချင်းက လမ်းမထက်၌ သွားလာနေကြသော လူအများကို ပြတင်းပေါက်မှ ငေးမောကြည့်ရင်း ရေနွေးသောက်နေခဲ့သည်။

တံခါးပိတ်ပြီးသောအခါတွင် ရွှယ်ချမ်းပိုင်က အတွင်းသို့ဝင်လာပြီး ထိုင်ချလိုက်၏။

“ဒီက ရေနွေးကြမ်းကလည်း ချန်ထင်မြို့က ရေနွေးကို မမှီလိုက်တာ”

လီချန်ချင်းက ရေနွေးကြမ်းကို မြည်စမ်းရင်း ပြောခြင်းသာ ဖြစ်သည်။

“မင်းရဲ့ ချန်ချင်းကုန်သွယ်ရေးက ရေနွေးကြမ်းက အရှေ့ပိုင်းကုန်းမြေကြီးမှာအကောင်းဆုံးဆိုပြီး သတ်မှတ်ထားတာလေ” ရွှယ်ချမ်းပိုင်က ရေနွေးတခွက်ကို လောင်းထည့်ကာ ဆက်ပြောသည်။

“ပြီးခဲ့တဲ့နှစ်လလုံးလုံးမှာ မင်းရဲ့ ချန်ချင်းလုပ်ငန်းကနေ လက်ဖက်ရည်ကြမ်းတွေကို အရှေ့ပိုင်းကုန်းမြေကြီးတခုလုံးကို အများကြီးရောင်းခဲ့ရမှာပဲ။ အခုလောက်ဆိုရင် မင်းတော့ တော်တော်လေး မြတ်နေလောက်ပြီ”

“အဲ့လောက်ကြီးလည်း မမြတ်ပါဘူး။ မိသားစုကို နည်းနည်းပါးပါးထောက်ပံ့နိုင်ရုံလောက်လေးပါပဲ”

လီချန်ချင်းက ရယ်ရယ်မောမောနှင့် သူ၏ လက်အား အရေးမပါသည့်အလား လွှဲရမ်းကာ ပြောလိုက်သည်။ သို့သော် သူ့မျက်နှာကမူ ပျော်ရွှင်မှုများနှင့် ပြည့်လျှံနေခဲ့ပါ၏။

ရွှယ်ချမ်းပိုင်က အလာပသလာပစကားများကို ဆက်လက်၍ပြောမနေခဲ့ပေ။

“လုကျင်းမြို့ကနေ အပြန်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းရဲ့ လှုပ်ရှားမှုအရိပ်အယောင်တွေကို တွေ့ခဲ့သေးလား”

“မတွေ့ဘူး”

လီချန်ချင်းက သူ၏ ဦးခေါင်းကို ခါယမ်းလိုက်သည်။

“ဖြစ်နိုင်တာက ထာဝရရှင်သန်ခြင်းဂိုဏ်းက တစ္ဆေနတ်ဆိုးစမ်းသပ်မှုမှာ တော်တော်လေး အထိနာသွားခဲ့လို့ ဖြစ်မယ်။ ဒါမှမဟုတ် ထာဝရရှင်သန်ခြင်းဂိုဏ်းမှာ ပိုပြီးတော့ အရေးကြီးမယ့်ကိစ္စတွေကို အာရုံစိုက်နေရလို့ လီဟမ်ရှန်းကို သတိမထားမိလိုက်ကြတာ ဖြစ်မယ်”

“တစ္ဆေနတ်ဆိုးစမ်းသပ်မှုပြီးသွားတာနဲ့ ထာဝရရှင်သန်ခြင်းဂိုဏ်းက ဘာလှုပ်ရှားမှုမှ မလုပ်ခဲ့ဘူး။ သူတို့ရဲ့ အရိပ်အယောင်ကို အရှေ့ပိုင်းကုန်းမြေကြီးမှာ လုံးဝကို မတွေ့ခဲ့ရတော့ဘူး”

ရွှယ်ချမ်းပိုင်က လီချန်ချင်းကို ကြည့်ကာပြောလိုက်သည်။

ရွှဲ့ယီရဲ့ သတင်းကို ဘယ်သူက မင်းကို ပေးလိုက်တာလဲ

“အဆုံးမဲ့ညရှေးဟောင်းနိုင်ငံ” လီချန်ချင်းက မသိုဝှက်ထားပဲ တိုက်ရိုက်သာ ပြောလိုက်သည်။

“မင်းက အဆုံးမဲ့ညရှေးဟောင်းနိုင်ငံနဲ့ အဆက်အသွယ်ရှိနေတာလား”

ရွှယ်ချမ်းပိုင်က အနည်းငယ်တော့ အံ့အားသင့်သွားခဲ့သည်။

“ရှိတယ်လို့တောင် ပြောမရပါဘူး” လီချန်ချင်းက ထိုအကြောင်းအရာကို ဆက်မပြောတော့ပဲ ရွှယ်ချမ်းပိုင်ကိုသာ စိုက်ကြည့်ကာ ဆိုလိုက်သည်။

“တကယ်တော့ ထာဝရရှင်သန်ခြင်းဂိုဏ်းထက် ငါ့စိတ်ကို ဝင်စားစေတဲ့အရာတခုရှိတယ်။ ဘာလို့ တောင်ပိုင်းဒေသက ဆုမိသားစုက မင်ဟုန်ခရိုင်မှာ ပေါ်လာခဲ့တာလဲ။ ငါကြားတာတော့ မင်းက ဆုမိသားစုရဲ့ အကြီးအကဲနှစ်ယောက်ကို သတ်ဖြတ်လိုက်တယ်ဆို”

“ဟုတ်တယ်” ရွှယ်ချမ်းပိုင်က အကြမ်းပန်ကန်းလုံးကို ကောက်ကိုင်လိုက်ပြီး ရေနွေးကို စိမ်ပြေနပြေမှုတ်ကာ တငုံငုံလိုက်သည်။

“ဘာလို့လဲ” လီချန်ချင်းက အနည်းငယ် သိချင်နေခဲ့သည်။

ရွှယ်ချမ်းပိုင်ကလည်း ပြတင်းပေါက်မှ အဝေးသို့ ငေးကြည့်လိုက်သည်။ အချိန်အနည်းငယ်ကြာအောင် ငေးကြည့်ပြီမှ ရွှယ်ချမ်းပိုင်က ဖြေးညှင်းစွာ ပြောလိုက်သည်။

“ဆုမိသားစုက သူတို့နဲ့မဆိုင်တဲ့အရာတွေကို ဝင်ပါလာလို့ ငါက လူသတ်ပြီးတော့ သတိပေးလိုက်တာ”

“မင်းသမီးချင်းယန်ကြောင့် မဟုတ်လား”

လီချန်ချင်းက တချက်ပြုံးလိုက်သည်။

ချင်းယန်ဟူသော အမည်နာမကို ကြားလိုက်သောအခါတွင် ရွှယ်ချမ်းပိုင်၏ မျက်တောင်များမှာ တုန်ယင်သွားခဲ့သည်။ သူ့ခန့်မှန်းချက်မှာ မှန်ကန်သွားပြီဖြစ်ကြောင်းကို လီချန်ချင်းက သိလိုက်တော့သည်။

ရွှယ်ချမ်းပိုင်က သူအရမ်းချစ်မြတ်နိုးသော အမျိုးသမီး၏ အမည်မှာ ချင်းယန်ဖြစ်ကြောင်းကို ပြောပြခဲ့ဖူးသည်ကို လီချန်ချင်းက သတိရသွားခဲ့တော့သည်.

နောက်ပိုင်းတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ အချက်အလက်စုဆောင်းရေးဌာနမှတဆင့် ချင်းယန်ဟူသော အမည်မှာ တောင်ပိုင်းဒေသ၏ ချင်းယန်မင်းဆက်ကို ကိုယ်စားပြုသည်ကို သူ သိခဲ့ရသည်။

ထို့အပြင် ချင်းယန်မင်းဆက်၏ အကြီးဆုံးမင်းသမီး၏ အမည်မှာလည်းချင်းယန်ပင် ဖြစ်သည်။

ထို့ကြောင့် ရွှယ်ချမ်းပိုင် ချစ်မြတ်နိုးသော အမျိုးသမီးမှာ ချင်းယန်မင်းဆက်၏ အကြီးဆုံးမင်းသမီးပင်ဖြစ်သည်။

လွန်ခဲ့သောနှစ်များတွင် ချင်းယန်မင်းဆက်မှာ အတွင်းပိုင်းပဋိပက္ခများနှင့် ရှုပ်ထွေးနေပြီး ပြိုကွဲလုလုပင် ဖြစ်နေခဲ့သည်။ အင်ပါယာမှာ အသက်အရွယ်ကြီးရင့်နေပြီး မသန်စွမ်းတော့ပေ။ ထို့အပြင် မကြာခဏဆိုသလို အာဏာသိမ်းရန်အတွက် ကြံစည်နေခြင်းများလည်း ရှိနေခဲ့သည်။ သို့သော် သူတို့က ထိုအရာများမှ အောင်မြင်စွာ ရှင်သန်ခဲ့သော်လည်း အတွင်းပိုင်းရှုပ်ထွေးမှုများက ချင်းယန်မင်းဆက်ကို တဖြေးဖြေးဆွဲချနေခဲ့၏။

ချင်းယန်မင်းဆက်အတွင်းတွင် မင်းညီမင်းသားများစွာတို့က အာဏာကို ရရှိရန် အသည်းအသန်တိုက်ခိုက်နေပြီး ပြသနာမျိုးစုံတို့ ရှုပ်ထွေးနေကြတော့သည်။

မင်းဆက်အတွင်းတွင် အဖွဲ့အစည်းများစွာ ကွဲထွက်နေပြီး အဆက်မပြတ် ရိုက်ခတ်နေပြီး ချင်းယန်မင်းဆက်တခုလုံးကို ဗရမ်းဗတာဖြစ်နေခဲ့တော့၏။

အတိုချုပ်ပြောရသော် ထိုကဲ့သို့ ဗရမ်းဗတာအခြေအနေကြီးက ချင်းယန်မင်းဆက်ကို ပြိုလဲလုလုအခြေအနေသို့ရောက်အောင် တွန်းပို့နေခဲ့ခြင်းဖြစ်သည်။

ရွှယ်ချမ်းပိုင်က ထိုကဲ့သို့ပြောဆိုခဲ့သောကြောင့် ဆုမိသားစုမှ အကြီးအကဲနှစ်ဦးမှာ ချင်းယန်မင်းဆက်အထိ သူတို့၏ လက်တံများကို ဆန့်ကာ ချင်းယန်မင်းသမီးကို ခြိမ်းခြောက်မှုဖြစ်လာသောကြောင့်ဟု လီချန်ချင်းက ချက်ချင်းကို သဘောပေါက်ခဲ့သည်။ ထို့ကြောင့်ပဲ ရွှယ်ချမ်းပိုင်က ထိုအကြီးအကဲနှစ်ဦးကို သတ်ဖြတ်ခဲ့ခြင်း ဖြစ်ရမည်။

“ဟုတ်တယ်” လီချန်ချင်း၏ မေးခွန်းကို ဖြေသည့်အနေနှင့် ရွှယ်ချမ်းပိုင်ကလည်း မငြင်းဆန်ခဲ့ပေ။

“အာ” လီချန်ချင်းက ဖျော့တော့စွာနှင့် သက်ပြင်းချလိုက်သည်။

“ချင်းယန်မင်းဆက်က မင်းသားတွေရဲ့ အာဏာပြိုင်ဆိုင်မှုက အရမ်းကို ပြင်းထန်လိမ့်မယ်။ ချင်းယန်မင်းဆက်၏ အကြီးဆုံးမင်းသမီးဖြစ်တာကြောင့် ချင်းယန်က ပုလ္လင်ကို ပြိုင်လုဖို့အတွက် အရည်အချင်းရှိမနေဘူး။ ဒါပေမယ့် မင်းသားတွေက သူမကို သူတို့ဖက်ကို ရောက်အောင် နည်းမျိုးစုံနဲ့ ဆွဲဆောင်ကြမှာပဲ။ ချင်းယန်မင်းသမီးကို ထောက်ပံ့တဲ့အင်အားစုတွေက တရားရုံးမှာ ရှိနေကြမှာပဲ။ သူမက ထောက်ပံ့ပေးတဲ့မင်းသားက ပလ္လင်ကို ရနိုင်ခြေအများဆုံးဖြစ်မှာပဲ”

“ချင်းယန်မင်းသမီးက အခုထိ ဘယ်အင်အားစုထဲကိုမှ မပါသေးဘူး။ အဲ့ဒါတောင်မှ အခုထိ အသက်ရှင်သန်နိုင်သေးတယ်ဆိုမှတော့ မင်း ရွှယ်ချမ်းပိုင်က တော်တော်ကြီးကို ကြိုးစားထားတာပဲ” လီချန်ချင်းက သက်တောင့်သက်သာစွာ ပြောလိုက်သည်။ သို့သော် ချင်းယန်မင်းသမီးကို ကူညီရန်အတွက် ရွှယ်ချမ်းပိုင်က မည်သို့သော အခက်အခဲများကို ကြိုးစားကျော်ဖြတ်ခဲ့ရကြောင်းကို လီချန်ချင်းက ခန့်မှန်းရုံသာတတ်နိုင်ခဲ့သည်။

“လီချန်ချင်း၊ အမျိုးသမီးတစ်ယောက်က အင်ပါယာမဖြစ်လာနိုင်ဘူးလို့ မင်းထင်သလား” ရွှယ်ချမ်းပိုင်က လီချန်ချင်းကို စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။

“ဟင်”

ထိုစကားကို ကြားပြီး လီချန်ချင်းက သူ၏ မျက်ခုံးတဖက်ကို မြှင့်တင်လိုက်သည်။ ထို့နောက်တွင် သမိုင်းတွင် အကျော်ကြားဆုံးသော ဧကရီ ဝူကျီထျန်းကို ပြေးမြင်သွားခဲ့သည်။

“မဖြစ်နိုင်ဘူးတော့မဟုတ်ဘူး”

လီချန်ချင်းက ပြောလိုက်သည်။

“အမျိုးသမီးတယောက်က အင်ပါယာဖြစ်လာဖို့ဆိုတာက သူ လျှောက်ရမယ့်ခရီးလမ်းက ပိုပြီးခက်ခဲလွန်းတယ်။ သူမ ကြုံတွေ့ရမယ့် အရာတွေက ဘဝတလျှော်က်စာ ခက်ခဲမယ့်အရာတွေပဲ။ အမျိုးသမီးတယောက်က အင်ပါယာဖြစ်လာတဲ့ဘဝက အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းလွန်းပါတယ်။ တဖက်မှာလည်း သူမက အရမ်းကို အထီးကျန်ဆန်တဲ့ ဘဝကို ပိုင်ဆိုင်သွားရလိ့မ်မယ်”

လီချန်ချင်း၏ စကားကိုကြားပြီးနောက်တွင် ရွှယ်ချမ်းပိုင်က အံ့ဩသင့်သွားသောအမူအရာဖြစ်သွားခဲ့လေသည်။

“ဒီမေးခွန်းကို တိတိကျကျနဲ့ အဖြေပေးနိုင်တာက မင်းက ပထမဦးဆုံးပဲ။ ဒီမေးခွန်းကို ငါက လူတိုင်းကို မေးကြည့်ပြီးသွားပြီ၊ လူတိုင်းရဲ့ အဖြေက မဖြစ်နိုင်ဘူးဆိုတာပဲ”

“ဒီလောကကြီးမှာ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး” လီချန်ချင်းက လုံးဝကို ယုံကြည်ထားခဲ့ပါသည်။

သူ့ကိုပင် ကမ္ဘာကူးပြောင်းလာနိုင်သည့်အပြင် တခြားမဖြစ်နိုင်တာဟူ၍ ရှိလိမ့်မည်မဟုတ်ပါချေ။

“တောင်ပိုင်းဒေသက ဆုမိသားစုနဲ့ မင်းတွေ့ခဲ့ပြီးပြီလား” ရွှယ်ချမ်းပိုင်က ပြောလိုက်သည်။

“ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက သတင်းရထားတာရှိတယ်။ တောင်ပိုင်းဒေသက ဆုမိသားစုရဲ့ ကိုးယောက်မြောက်သားက အရှေ့ပိုင်းကျက်တီးမြေကို လာတာက ကွမ်လန်နန်းတော်ကို သွားဖို့လို့ သတင်းရတယ်။ ဆုမိသားစုနဲ့ ကွမ်လန်နန်းတော်က လက်ထပ်ထိမ်းမြားပြီး မဟာမိတ်ဖွဲ့ဖို့အတွက် စီစဉ်နေကြတယ်”

“သူတို့က ဘာဖြစ်လို့ လက်ထပ်ပြီး မဟာမိတ်ဖွဲ့ချင်ရတာလဲ” လီချန်ချင်းက ထိုအခြေအနေကို သိချင်နေခဲ့သည်။

“မင်းဆုမိသားစုအကြောင်းကို သိလား” ရွှယ်ချမ်းပိုင်က ပြန်မေးလိုက်သည်။

“များများစားစားမသိဘူး” လီချန်ချင်းက အမည်ကိုသာ ကြားဖူးခြင်းပင်။

“တောင်ပိုင်းဒေသမှာ ဆုမိသားစုက ပထမဦးဆုံးမင်းမျိုးမင်းနွယ်မိသားစုကြီပဲ။ သူတို့မိသားစုမှာ အနည်းဆုံးဆရာသခင်အဆင့်က နှစ်ယောက်လောက်ရှိတယ်။ သူတို့ရဲ့ အင်အားက အရမ်းကို သန်မာလွန်းတယ်။ ဆုမိသားစုရဲ့အုတ်မြစ်က အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်ရှိတဲ့ ဒုတိယမျိုးဆက် ဆုမိသားစုဘိုးဘေးကြောင့်ပဲ”

“အဲ့ဒီ့နတ်ခန္ဓာကြောင့်ပဲ ဒီလူက မွေးကတည်းက ဓားကျင့်စဉ်တွေကို အလွယ်တကူနားလည်နိုင်တယ်။ သူက ငယ်ရွယ်စဉ်ကတည်းကိုက နာမည်ကျော်လာခဲ့တာပဲ။ စန်းယွမ်တိုက်ကြီးတခုလုံးက အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်က ပြိုင်ဘက်ကင်းပြီးတော့ “အာဏာရှင်ဓားက အနှိုင်းမဲ့တယ်” ဆိုတဲ့ ဆိုရိုးတခုပါ ထွက်ပေါ်လာတဲ့အထိ နာမည်ကြီးခဲ့တယ်။

“ဆုမိသားစုရဲ့ ဒုတိယမျိုးဆက်ဘိုးဘေးက အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်နဲ့ အဆင့်မြင့်ဆရာသခင်အဆင့်ကို ရောက်နေတဲ့ ပညာရှင်ရဲ့ သိုင်းကွက်ဆယ်ကွက်ကို လက်ခံနိုင်တယ်တဲ့”

ရွှယ်ချမ်းပိုင်က လီချန်ချင်းကို ပြောပြသည်။

မူလအဆင့်တယောက်က အဆင့်မြင့်ဆရာသခင်ရဲ့ သိုင်းကွက်ဆယ်ကွက်ကို လက်ခံနိုင်တယ်တဲ့လား။

လီချန်ချင်းက ထူးဆန်းသွားသည်။

ဒါမျိုးက မကောင်းဆိုးဝါးပဲ မဟုတ်ဘူးလား။

“ဒါပေမယ့် ဆုမိသားစုရဲ့ နဝမမြောက်မျိုးဆက်အထိကို အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်ကို ဘယ်သူမှ အမွေဆက်ခံပြီး မမွေးဖွားနိုင်ခဲ့ကြဘူး။ အခု ဆုရှန်းချီတို့က မျိုးဆက် ဆယ်ဆက်မြောက်ဖြစ်နေပြီ အဲ့ဒါကိုတောင်မှ အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်နဲ့ မျိုးဆက်သစ် မထွက်လာနိုင်သေးဘူးလေ”

“အဲ့ဒါကြောင့် ဆုမိသားစုက နတ်ခန္ဓာကိုယ်ထည်ရှိတဲ့ အမျိုးသမီးနဲ့ လက်ထပ်ပြီး နောက်မျိုးဆက်သစ်မှာ အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်နဲ့ ကလေးမွေးဖွားနိုင်ဖို့ ပြင်ဆင်နေတာပဲ”

ရွှယ်ချမ်းပိုင်က ဖြေးညင်းစွာ ပြောလိုက်သည်။

“တခြားမိသားစုနဲ့ ဂိုဏ်းကြီးတွေက ဆုမိသားစုနဲ့ လက်ထပ်ဖို့ ဘာလို့သဘောတူလဲ၊ ဆုမိသားစုဖက်က ဘာတွေ ပေးဆပ်လိုက်ရတာလဲဆိုတာကိုတော့ ငါလည်းမသိဘူး”

“ဒါတွေအားလုံးက နောက်မျိုးဆက်ရဲ့ မျိုးရိုးကောင်းဖို့လုပ်နေတာပေါ့” လီချန်ချင်းက သူ၏ခေါင်းကို ခါလိုက်သည်။ အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်မှာ မျိုးဆက်နှစ်ဆက်ကျော်အထိ ပြန်မပေါ်လာသောကြောင့် ဆုမိသားစုမှာ အတော်လေးကို ဖိအားများကာ တုန်တုန်ရီရီဖြစ်နေကြရောလောက်မည်။

အာဏာရှင်ဓားနတ်ခန္ဓာကိုယ်ထည်နှင့် မျိုးဆက်သစ်သာ မထွက်ပေါ်လာနိုင်လျှင် ဆုမိသားစုမှာ တဖြေးဖြေးနှင့် အဆင့်နိမ့်ကျလာလိမ့်မည် ဖြစ်သည်။

ထိုခံစားချက်ကို လီချန်ချင်းက ကောင်းကောင်းကို သိနားလည်ပါသည်။

လောလောဆည်တွင် ချန်ထင်မြို့တွင်တော့

မွန်းလွဲနေပြီဖြစ်သည်။

ယန်မိသားစု၌ လီချန်ချင်း ရှိမနေသောကြောင့် ကျန့်ဖုကွမ်းမှာလည်း ဘာမှ လုပ်စရာမရှိပေ။ ထို့ကြောင့် သူက ဖေးကို အစာဝအောင် ကျွေးပြီးနောက်တွင် သမီးဖြစ်သူ ကျောင်းဆင်းမည်ကိုသာ စောင့်ဆိုင်းနေတော့သည်။

ယနေ့တွင် ကျန့်စစ်ယောင်လေး ကျောင်းဆင်းပြီးသောအခါတွင် ဖခင်ဖြစ်သူ ကျန့်ဖုကွမ်းက မြို့ထဲ၌ လျှောက်လည်ရန် ခေါ်လာခဲ့ပါသည်။

လမ်းတဖက်တချက်တွင် အနီရောင်ဘောလုံးလေးများကို ရောင်းချသောဆိုင်ခန်းများရှိသည်။ ထိုနေရာကို ကျန့်စစ်ယောင်လေးက လွန်စွာနှစ်ခြိုက်ကာ ကြိုက်နှစ်သက်လွန်းလှပါသည်။

ကျန့်ဖုကွမ်းက ကျန့်စစ်ယောင်လေးအတွက် ဘောလုံးလေးများ ဝယ်ပေးနေခဲ့သည်။ ကုန်ဆုံးခဲ့သည့် လများတွင် သူ့အား လီချန်ချင်းပေးခဲ့သည့် လစာငွေများကို အသုံးပြုစရာဟူ၍ မည့်သည့်နေရာတွင်မျှ မရှိနေခဲ့ပါချေ။ ထို့ကြောင့် သူက သမီးဖြစ်သူအတွက် စားစရာများကိုသာ လျှောက်ဝယ်နေမိပြန်သည်။

“ဒီည ဘာစားချင်လဲ သမီးလေး၊ အိမ်မပြန်ခင် အပြင်မှာ သမီးလေးစားချင်တာကို စားရအောင်လေ” ကျန့်ဖုကွမ်းက ကျန့်စစ်ယောင်လေးကို မေးလိုက်သည်။

“သမီး ပေါက်စီစားချင်တယ်” ကျန့်စစ်ယောင်လေးက လွန်စွာလေးနက်သည့် အသံလေးနှင့် လှမ်းပြောသည်။

ထိုအသံလေးကိုကြားသော် ကျန့်ဖုကွမ်းက ခါးသက်စွာပြုံးလိုက်မိသည်။ ကျန့်စစ်ယောင်လေးမှာ သူတို့ချန်ထင်မြို့သို့ ရောက်ရောက်ချင်းတုန်းက ဒုက္ခရောက်ခဲ့သည့် ပေါက်စီဆိုင်မှ ပေါက်စီကို တန်းတန်းစွဲပင် ဖြစ်နေခဲ့တော့သည်။

“သမီးလေး ကြိုက်တယ်ဆိုမှတော့ ဖေဖေက ဝယ်ပေးမှာပေါ့” ကျန့်ဖုကွမ်းက အပြုံးတခုနှင့်ဆိုလိုက်သည်။

“ဟီးဟီး” ကျန့်ဖုကွမ်းက ကျန့်စစ်ယောင်ကို ပေါက်စီဆိုင်သို့ ခေါ်သွားခဲ့သည်။

သို့သော် ပေါက်စီများမှာ ပြုလုပ်နေဆဲဖြစ်ပြီး အသင့်မဖြစ်သေးသောကြောင့် ပေါင်းအိုးထဲမှ ပေါက်စီများကို အသင့်ဖြစ်သည်အထိ စောင့်ဆိုင်းနေရတော့သည်။ အခြားသော ဝယ်သူများကလည်း သူတို့လိုပင် စောင့်ဆိုင်းနေကြတော့သည်။

ကျန့်ဖုကွမ်းက ထိုသူများ ပြောဆိုနေသည့်စကားကို တိတ်တဆိတ်နားထောင်ရင်းနှင့် အပြင်လောက၏ သတင်းအချက်အလက်များကို စုဆောင်းနေတော့သည်။

ကျန့်စစ်ယောင်လေးမှာတော့ ဘောလုံးနီလေးနှင့် ဆော့ကစားနေခဲ့ပါသည်။

သူမ ကစားနေရင်းနှင့် ဘောလုံးလေးမှာ သူမ၏ လက်ဖဝါးထဲမှ လွတ်ကျသွားပြီး လမ်းကိုဖြတ်ကျော်ကာ လမ်းကြားလေးထဲသို့ ကျဆင်းသွားခဲ့သည်။ ကျန့်စစ်ယောင်လေးမှာ ဘောလုံးလေးအနောက်သို့ ပြေးလိုက်သွားခဲ့သည်။

ဘောလုံးနီလေးမှာ လမ်းကြားထဲတွင်ရပ်ထားသော ဝေါယာဉ်၏ အောက်သို့ လိမ့်ဆင်းသွားလေသည်။

သို့သော် ထိုအချိန်မှာပင် ရထားလုံးထဲမှ အသံများကို ကျန့်စစ်ယောင်က ကြားလိုက်ရသည်။

“ယန်မိသားစုက လီချန်ချင်းလို့ခေါ်တဲ့လူပဲ။ သူ့ကို သတ်ဖို့မလိုဘူး။ ခြေထောက်တွေသာ ရိုက်ချိုးလိုက်။ သူက စဦးပန်းချီဆရာတစ်ယောက်လို့လည်း ငါကြားတယ်။ သူ့လက်တွေပါ လိမ်ချိုးခဲ့။ သူ့ဘဝတလျှောက်လုံး စုတ်တံကိုင်လို့မရစေရဘူး”

အသံမှာတိုးညှင်းနေပြီး အေးစက်နေခဲ့သည်။

“ကျွန်တော်တို့ နားလည်ပါတယ်”

အသံနှစ်သံမှာ ပြိုင်တူပင် တုန့်ပြန်လိုက်သည်။

“ဒါက မင်းတို့ရဲ့ ဝန်ဆောင်မှုအတွက် စရံပဲ။ ယန်မိသားစုမှာ မူလအဆင့်ဆိုလို့ ယန်ပါးထောင်ဆိုတဲ့ လူတစ်ယောက်ပဲရှိတယ်။ မင်းတို့တွေက အမည်ပျက်စာရင်းထဲက လူတွေပဲဆိုတော့ သူ့ကို ကိုင်တွယ်ဖို့က ပြသနာမရှိဘူးမို့လား”

“စိတ်မပူပါနဲ့၊ ဒါမျိုးကို လှလှပပလုပ်ပေးပါ့မယ်။ ယန်ပါးထောင်ကိုပါ သတ်ပေးလို့ရတယ်နော်”

ထိုလူနှစ်ယောက်မှာ ရယ်မောရင်း ပြောလိုက်သည်။

“ပြသနာမရှာနဲ့။ လီချန်ချင်းဆိုတဲ့လူကိုပဲ ရှင်းပစ်ခဲ့”

ထိုအချိန်မှာ ဘောလုံးနီလေးကို ပိုက်ထားသည့် ကျန့်စစ်ယောင်လေးမှာ ကြောက်ရွံ့မှုများမှာ သူမ၏ မျက်ဝန်းများတွင် ဖြတ်ပြေးသွားခဲ့သည်။ သူမသည် ရထားလုံးအတွင်းရှိ စကားများအားလုံးကို ကြားလိုက်ရပြီး အလျင်အမြန်ပင် ထွက်ပြေးလိုက်တော့သည်။

“ခိုးနားထောင်နေတဲ့လူတယောက်ရှိတယ်။ ဖမ်းလိုက်ရမလား”

“ပြသနာမရှာဖို့ ငါပြောထားတယ်လေ” အမိန့်ပေးသူမှာ ခံစားချက်မဲ့စွာပြောသည်။

“ကလေးလေးတယောက်ပါ။ ငါတို့ဘာတွေပြောနေတာလဲဆိုတာကို နားလည်မှာမဟုတ်ပါဘူး။ ညမှောင်တာနဲ့ လှုပ်ရှားတော့။ မင်းတို့တွေ ပြသနာတခုခုရှာလာမယ်ဆိုရင် ရစရာရှိတဲ့ ငွေတွေကို မေ့လိုက်တော့”

ကျန့်စစ်ယောင်မှာ ဘောလုံးလေးကို ပိုက်ကာ ဖခင်ဖြစ်သူထံသို့ ပြေးလာခဲ့သည်။

ကျန့်ဖုကွမ်းမှာ ပေါက်စီကို စောင့်ဆိုင်းနေဆဲပင် ဖြစ်သည်။

ကျန့်စစ်ယောင်က ကျန့်ဖုကွမ်း၏ အင်္ကျီလက်စကို လှမ်းဆွဲလိုက်သည်။ သူမ၏ မျက်နှာတွင်လည်း ကြောက်ရွံ့မှုအပြည့်နှင့် ဖြစ်သည်။

“ယောင်ယောင်လေး၊ ဘာဖြစ်လို့လဲ”

သမီးဖြစ်သူ၏ ပုံမှန်မဟုတ်သော အမူအရာကြောင့် ကျန့်ဖုကွမ်းက ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပြောလိုက်သည်

“မကြောက်နဲ့ သမီးလေး၊ ဖေဖေရှိတယ်”

“ဖေဖေ” ကျန့်စစ်ယောင်လေးက ရှိုက်သံတဝက်နှင့် ပြောလိုက်သည်။

“သ သမီးခုနက ဘောလုံးလေးကို သွားကောက်တုန်းက ကြားခဲ့တယ် အဟင့်…”

ကျန့်စစ်ယောင်က သူမကြားခဲ့သမျှအကုန်လုံးကို ကျန့်ဖုကွမ်းအားပြောပြလိုက်သည်။

“သူတို့က ဦးလေးချန်ချင်းကို ဒုက္ခိတဖြစ်အောင် လုပ်ကြတော့မယ်။ သူ့ခြေထောက်တွေကို ချိုးပြီး သူ့ ဒန်ထျန်ကို ဖောက်ခွဲကြမယ်။ သူ့လက်တွေကို လိမ်ချိုးပြီး စုတ်တံကို တဘဝလုံးမကိုင်နိုင်အောင် လုပ်ကြတော့မယ်တဲ့”

ကျန့်စစ်ယောင်လေးမှာ မျက်ရည်ဥကြီးများကျလာပြီး ပြောလိုက်သည်။

All Chapters