← Chapters

အခန်း (၂၃၂)

Vol. 21 Ch. 232

အခန်း (၂၃၂)

Vol. 21 Ch. 232

ရထားလုံးပေါ်မှ သူဆင်းလိုက်သည်နှင့် ချန်ဝမ်အန်းက မျက်မှောင်များ ကြုံ့လိုက်လေသည်။ သူနှင့်မလှမ်းမကမ်းရှိ လမ်းနံဘေးတွင် ပုံရိပ်တခုက မီးဖိုနေသည်ကို တွေ့လိုက်ရသည်။

ခုနကတုန်းက အဲ့နေရာမှာ လူရှိလို့လား။

ချန်ဝမ်အန်းက အနည်းငယ်တော့ အံ့အားသင့်သွားခဲ့ပါသည်။

ထိုသူက သူ၏ ရထားလုံးနှင့် မီတာနှစ်ဆယ်အကွာတွင် ရောက်နေသည့်တိုင် သူက လုံးဝကို သတိမထားမိခဲ့ပါချေ။

“ခင်ဗျားဘယ်သူလဲ”

ချန်ဝမ်အန်းက အသစ်ရောက်လာသူကို စိုးထိတ်နေသော အမူအရာနှင့် ကြည့်လိုက်ပါသည်။

“မင်းက မူလအဆင့်၂ယောက်ပြန်လာမှာကို စောင့်နေတာလား” ကျန့်ဖုကွမ်းက မီးဖိုထဲသို့ ထင်းတုံးများပစ်ထည့်ရင်း အေးအေးဆေးဆေးပင် မေးလိုက်ပါသည်။

ကျန့်ဖုကွမ်း၏ မေးခွန်းကို ကြားသည်နှင့် အရူးတစ်ယောက်မဟုတ်သည့် ချန်ဝမ်အန်းကလည်း ချက်ချင်းကို နားလည်လိုက်တော့သည်။

“သူတို့နှစ်ယောက်က ခင်ဗျားရဲ့ လက်ထဲမှာ သေသွားတဲ့ပုံပဲ” ချန်ဝမ်အန်း၏ မျက်ဝန်းများတွင် အေးစက်မှုများ ဖြတ်ပြေးသွားပြီးနောက်ဆိုလိုက်ပါသည်။

“အခုဆိုရင် မင်းရဲ့ ဇစ်မြစ်ကို ပြောလို့ရပြီ။ မင်းဘယ်သူလဲ။ ဘာကြောင့် လူကြီးမင်းလီချန်ချင်းကို ဒုက္ခပေးချင်ရတာလဲ” ကျန့်ဖုကွမ်းက ထိုင်ရာမှ မထပဲ မေးလိုက်ပြန်ပါသည်။

“အဟက်”

ချန်ဝမ်အန်း၏ နှုတ်ခမ်းထောင့်စွန်းများမှာ တွန့်ကွေးသွားခဲ့ပါသည်။

သူက ဦးခေါင်းကို ခါယမ်းရင်းနှင့် “ လီဟမ်ရှန်းရဲ့ အဖေ လီချန်ချင်းက တကယ့်ကို မရိုးရှင်းဘူးပဲ။ ခင်ဗျားလို ကျွမ်းကျင်သူတစ်ယောက်ကတောင် သူ့ရဲ့ ကာကွယ်စောင့်ရှောက်သူအဖြစ် ရှိနေတယ်ဆိုတော့ ကျုပ်ရထားတဲ့ သတင်းအချက်အလက်တွေက တော်တော်ကြီးကို လိုနေသေးတာပဲ”

ကျန့်ဖုကွမ်းက ချန်ဝမ်အန်းကို ကြည့်လိုက်သည်။ ထိုအခိုက်မှာပင် ကျန့်ဖုကွမ်းက ချန်ဝမ်အန်း၏ ဝတ်ရုံပေါ်မှ အမှတ်တံဆိပ်ကို မြင်တွေ့လိုက်၏။

“တောင်ပိုင်းဒေသက ဆုမိသားစုပေါ့?” ကျန့်ဖုကွမ်းက အရေးမစိုက်စွာဖြင့် ပြောလိုက်သည်။

“ဆုမိသားစုကို သိတယ်ဆိုတော့ မင်းက တကယ့်ကို သာမန်လူမဟုတ်ဘူးပဲ။ မင်းနာမည်ကို ချက်ချင်းပြောစမ်း” ချန်ဝမ်အန်းကလည်း တည်ငြိမ်စွာနှင့် မေးသည်။

“မင်းဘယ်သူလဲဆိုတာ သိရုံနဲ့ရပြီ။ ငါ့နာမည်ကို မင်းသိဖို့မလိုဘူး။ သေတော့မယ့် လူတစ်ယောက်က ဘာများထပ် သိဖို့ လိုဦးမှာလဲ” ကျန့်ဖုကွမ်းက မတ်တပ်ထရပ်လိုက်ရင်း သူ၏ ဦးခေါင်းကို ဖြေးညင်းစွာ ယမ်းခါလိုက်ပါသည်။

ကျန့်ဖုကွမ်း မတ်တပ်ထရပ်လိုက်သည်ကို မြင်သည့် ချန်ဝမ်အန်းကလည်း ကျန့်ဖုကွမ်းက စတင်၍ လှုပ်ရှားတော့မည်ကို ခန့်မှန်းမိလိုက်သည်။

လက်ရှိအချိန်တွင် ချန်ဝမ်အန်းက သတိကြီးကြီးထားနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကျန့်ဖုကွမ်း၏ အရှိန်အဝါကို ချန်ဝမ်အန်းက လုံးဝကို မခံစားမိသောကြောင့်ပင်။

ရန်သူက သူ့ရဲ့အရှိန်အဝါကို ဒီလောက်အထိ ပြီးပြည့်စုံအောင် ဘယ်လိုများ ချုပ်တီးထားရတာလဲ။

ဘာအရှိန်အဝါမှ မရှိတဲ့သာမန်လူတစ်ယောက်အတိုင်းပါပဲလား။

ဖြစ်နိုင်တာက ရန်သူမှာ အရှိန်အဝါကို ချုပ်ထိန်းနိုင်တဲ့ အဆင့်မြင့်ကျင့်စဉ်ကိုကျင့်ကြံထားလို့ပဲ ဖြစ်ရင်ဖြစ် မဟုတ်ရင် ရန်သူက မဟာသိုင်းဂိုဏ်းအဆင့်ကို ရောက်နေတာကြောင့်ပဲ ဖြစ်မယ်။

ဒါပေမယ့် ပထမတခုကသာ ဖြစ်နိုင်ခြေအများဆုံးဟု ချန်ဝမ်အန်းက ဆုံးဖြတ်လိုက်သည်။

ရန်သူမှာ မဟာသိုင်းဂိုဏ်းအဆင့်တော့ မဖြစ်နိုင်လောက်ပေ။

ဤလောကတွင် မဟာသိုင်းဂိုဏ်းအဆင့်များစွာတို့ရှိသည့်တိုင် သူ့အရှေ့ရှိရန်သူမှာတော့ ထိုအဆင့်သို့ မရောက်သေးပေ။

ရွှစ်

ချန်ဝမ်အန်း၏ လက်ထဲတွင် ရွှေဓားတလက်ပေါ်ထွက်လာခဲ့သည်။ ရွှေရောင်ဓားချီများက သူ့ခန္ဓာကိုယ်မှ တဟုန်ထိုးတိုးထွက်လာခဲ့၏။

ထိုရွှေအလင်းတန်းမှာ မိုးမြေကို ခုတ်ပိုင်းတော့မည့်အလား။

၎င်းမှာ ဓားသွားများစွာတို့ကို ပေါင်းစည်းထားသည့်အလားပင်။ ကျန့်ဖုကွမ်းကလည်း သူ၏ ဓားကို ဆွဲထုတ်လိုက်သည်။ ဓားရိုးကို ဖုံးကွယ်ထားပြီး ဓားသွားကိုသာ မြင်နေရသည်။ သူက ဓားကို ဆွဲထုတ်လိုက်သည့်တိုင် သူ့ထံမှ မည်သည့်အရှိန်အဝါမှ ထွက်ပေါ်မနေခဲ့ပါချေ။

“ဝှစ်”

ထိုအခိုက်မှာပင် ချန်ဝမ်အန်းက ပထမဦးဆုံးလှုပ်ရှားလိုက်သည်။

ဓားသွားများစွာတို့က လေဟာနယ်ကို စုတ်ဖြဲပစ်မည့်အလားပင်။

ထိုချွန်မြနေသည့် အရှိန်အဝါမှာ သာမန်လူတစ်ဦးက တောင့်ခံနိုင်မည့်အရာမျိုး လုံးဝမဟုတ်ပါချေ။

ဓားသွားများစွာတို့၏ အလင်းတန်းပေါ်ထွက်လာပြီးသည့်အခိုက်မှာပင် ချန်ဝမ်အန်း၏ သူငယ်အိမ်များမှာ ကျဉ်းမြောင်းသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ကျန့်ဖုကွမ်းကို လုံးဝကို မတွေ့တော့သောကြောင့်ဖြစ်သည်။

ကျန့်ဖုကွမ်းမှာ လုံးဝကို ပျောက်ဆုံးသွားခဲ့ပြီ…

စာဖတ်သူတို့ မျက်စိမမှားပါ။

ဟုတ်ပါတယ် ကျန့်ဖုကွမ်းက လုံးဝကို ပျောက်ဆုံးသွားတာပါ။

သူ့ မျက်စိရှေ့ကနေ လုံးဝကို ပျောက်ဆုံးသွားခဲ့ခြင်းပင်။

သူ့အရှေ့တွင် မည်သည့်အရှိန်အဝါအတက်အကျလည်း ရှိမနေပေ။ ယခုလေးတင်ဖြစ်ပျက်သွားသည့်အရာအားလုံးမှာ မိမိစိတ်ထဲမှ ထင်ယောင်ထင်မှားအဖြစ်အပျက်များလားဟုပင် ချန်ဝမ်အန်းက ထင်သွားရလောက်သည်အထိ ဖြစ်သွားခဲ့ပါသည်။

ကျန့်ဖုကွမ်းက သူ၏ ဓားအရှိန်အဝါကြောင့် သေဆုံးသွားကြောင်း မဟုတ်သည်ကို ချန်ဝမ်အန်းက ကျိန်းသေနေခဲ့သည်။ သူသာ သတ်လိုက်နိုင်ပါက သွေးတော့ မြင်ရမည်ဖြစ်သည်။

ထိုသူမှာ လေထဲတွင် ပျောက်ကွယ်သွားခြင်းပင်။

ငါလခွေး… သွေးအရိပ်ဂိုဏ်းဟ…

ထိုစကားလုံးများမှာ သူ၏ စိတ်ထဲတွင် ပဲ့တင်ထွက်လာခဲ့သည်။ ချန်ဝမ်အန်းမှာ ချက်ချင်းကို မျက်နှာပျက်သွားခဲ့ပါသည်။

ကျန့်ဖုကွမ်းက သွေးအရိပ်ဂိုဏ်းကဟ။

ထိုအတွေးပေါ်လာသည်နှင့် ချန်ဝမ်အန်းမှာ အနောက်သို့ ချက်ချင်း ဆုတ်လိုက်သည်။ သူက မည်သည့်အရာဝတ္ထုများနှင့်မှ မထိအောင် ဝေးနိုင်သမျှ ဝေးအောင်ကို ဆုတ်ခွာလိုက်သည်။

ဘယ်လိုကြောက်စရာတည်ရှိမှုမျိုကို သူက ရန်စလိုက်မိသည်ကို ချန်ဝမ်အန်းက ကောင်းကောင်းကို သိသွားခဲ့တော့၏။

သွေးအရိပ်ဂိုဏ်းမှာ စန်းယွမ်ကုန်းမြေကြီးတွင် အစွမ်းအထက်ဆုံးသော လုပ်ကြံသတ်ဖြတ်ရေးသမား နင်ဂျာဂိုဏ်းပင် ဖြစ်သည်။

သူတို့ကျင့်ကြံသည့် ကျင့်စဉ်မှာ လွန်စွာမှကို ဆန်းကြယ်လှပါသည်။ သူတို့က မည်သည့်အရာဝတ္ထုတွင်မဆို ပုန်းကွယ်နိုင်ပေသည်။ တစ်ယောက်နှင့် တစ်ယောက်လည်း ပုန်းအောင်းနိုင်သည့်နေရာများကလည်း မတူညီပါချေ။

အချို့နင်ဂျာများမှာ ကျောက်တုံးအောက်တွင် ပုန်းအောင်းနိုင်သည်။ သင်က ကျောက်တုံးနားကို ကပ်သွားမိပါက ကျောက်တုံးထဲမှ တစ္ဆေလို ထွက်ပေါ်လာပြီး ဓားတချက်နှင့် သင့်ခေါင်းကို ဖြတ်တောက်သွားပေလိမ့်မည်။

အချို့မှာမူ သစ်ပင်များတွင် ပုန်းအောင်းနိုင်ကြသည်။ ထိုသို့သောသူမျိုးနှင့် တောအုပ်ထဲတွင် ရင်ဆိုင်ရခြင်းမှာ လုံးဝကို အိပ်မက်ဆိုးပင်ဖြစ်ပါသည်။

တောအုပ်ထဲတွင် သစ်ပင်များစွာတို့ရှိသောကြောင့် မည်သည့်သစ်ပင်ကနေ ဓားထွက်လာပြီး လည်လှီးသွားမလဲဆိုတာကို မသိနိုင်သောကြောင့်ပင်။

အချို့မှာ လက်နက်များထဲတွင်ပင် ပုန်းအောင်းနိုင်ကြပါသေးသည်။

ချန်ဝမ်အန်းက သူ၏ ရွှေဓားကိုပင် စစ်ဆေးလိုက်သည်။ မှားယွင်းမှု တစုံတရာကို မတွေ့တော့မှသာ သူက မီးပုံ၊ ရထားလုံးအပါအဝင် အရာအားလုံးနှင့် ခပ်ဝေးဝေးသို့ နေရာရွှေ့လိုက်သည်။

လောကကြီးတခုလုံးက တိတ်ဆိတ်နေသည်။ လေတိုက်သံမှအပ မည်သည့်အရာကိုမျှ မကြားရပါချေ။

မည်သည့်အရာဝတ္ထုတွင် ကျန့်ဖုကွမ်းက ပုန်းအောင်းနေမလဲဆိုသည်ကို သူမသိပေ။ ကျန့်ဖုကွမ်း၏ အရှိန်အဝါကိုလည်း သူက အာရုံခံစား၍ မရပါချေ။

ကျန့်ဖုကွမ်းက အချိန်မရွေး သူ့ခေါင်းကို ဖြတ်သွားနိုင်ပါသည်။

ယင်းမှာ ကြောက်မက်ဖွယ်ကောင်းသည့် သွေးအရိပ်ဂိုဏ်းပင် ဖြစ်သည်။ ၎င်းတို့၏ တိုက်ရိုက်တိုက်ခိုက်နိုင်စွမ်းမှာမူ အလွန်အင်မတန်ကို နိမ့်ကျလှပေသည်။ သွေးအရိပ်ဂိုဏ်းက အဆင့်မြင့်ဆရာသခင်တယောက်သည် သာမန်ထက်အနည်းငယ်မျှသာ အစွမ်းထက်သော မူလအဆင့်ကိုပင် ယှဉ်မတိုက်နိုင်ပေ။

လုပ်ကြံသတ်ဖြတ်ခြင်းတွင်တော့ သူတို့က ရေထဲမှ ငါးများလိုပင်။

သွေးအရိပ်ဂိုဏ်း၏ သမိုင်းကြောင်းမှာ လွန်စွာ အံ့အားသင့်ဖွယ်ရာပင်ဖြစ်သည်။ မဟာသိုင်းဂိုဏ်းအဆင့်များပင်လျှင် ၎င်းတို့၏ လုပ်ကြံသတ်ဖြတ်မှုမှ မလွတ်မြောက်နိုင်ပါချေ။

သမိုင်းတွင် သွေးအရိပ်ဂိုဏ်းခေါင်းဆောင်က မြေလျှောက်အမတတပါးကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းခဲ့သည်။ အောင်မြင်လုနီးပါးဖြစ်ခဲ့သည်။

သူက မြေလျှောက်အမတကို သေလုမြောပါးဒဏ်ရာရစေခဲ့ပြီးနောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါသည်။

ထိုဖြစ်ရပ်ကြောင့်ပင် သွေးအရိပ်ဂိုဏ်းက နာမည်ကြီးလာရခြင်းပင် ဖြစ်ပါသည်။

သူတို့က သိုင်းလောကထဲတွင် ပေါ်လာခဲသည့်တိုင်၊ ၎င်းတို့၏ အမည်ကို ကြားလိုက်ရသည့်မည်သူမဆိုသည် မိမိတို့၏ ဆံပင်မွှေးများကို ထိုးထောင်သွားလောက်အောင်ပင် ခံစားရလိမ့်မည်ဖြစ်သည်။

သိုင်းလောကသားများမှာ တိုက်ပွဲတွင် ဆရာသခင်အဆင့်နှင့်သာ ယှဉ်တိုက်ရန်ကို ရွေးမည်သာဖြစ်ပြီး သွေးအရိပ်ဂိုဏ်းမှ လုပ်ကြံသတ်ဖြတ်သူများကိုတော့ ဝေါင်ဝေါင်ရှေးမည်ဖြစ်ကြသည်။

ချန်ဝမ်အန်းက တိတ်ဆိတ်စွာ ရပ်စောင့်နေလေ၏။ ကျန့်ဖုကွမ်းကလည်း မပေါ်လာသေးပေ။ သူတို့နှစ်ဦးစလုံးမှာ စောင့်ဆိုင်းနေကြသည်။

ချန်ဝမ်အန်းသေချာသိတာတခုတော့ရှိသည်။ သူက အမြဲတန်းသတိနှင့် စောင့်ကြည့်မနေနိုင်ပေ။ သူ၏ သတိလျော့သွားသည်နှင့် ထိုအချိန်ကို စောင့်ဆိုင်းနေသည့် ကျန့်ဖုကွမ်းက ချက်ချင်းတိုက်ခိုက်လိမ့်မည် ဖြစ်သည်။

သူက စိတ်ချလက်ချနေလိုက်သည်နှင့်တပြိုင်နက် ကျန့်ဖုကွမ်းက အခွင့်အရေးကို အမိအရယူကာ သူ့ကို သတ်ဖြတ်လိမ့်ပေမည်။

ယင်းမှာ သွေးအရိပ်ဂိုဏ်း၏ ကြောက်ရွံ့ဖွယ်ရာ နည်းလမ်းပင်။

၎င်းတို့နှင့် ပြိုင်ဆိုင်ကာ စောင့်ဆိုင်းခြင်းသည် မိမိကိုယ်ကို အထင်ကြီးခြင်းသာ ဖြစ်သည်။

ထိုကဲ့သို့ အခြေအနေမျိုးတွင် အထိရောက်ဆုံးသော လုပ်ဆောင်ချက်မှာ ထွက်ပြေးရန်သာ ဖြစ်သည်။

ချန်ဝမ်အန်းမှာ သိက္ခာကိုပင် မထိန်းတော့ပဲ တချိုးတည်းကို လစ်ပြေးခဲ့သည်။ ရှက်ဖို့ကောင်းပေမယ့် ဒီနေရာကနေ သူပြေးမှဖြစ်မည်။ ဒီနေရာနှင့် လုံးဝမတူသော နေရာကို ရောက်မှသာ သူက လုံခြုံနိုင်မည် ဖြစ်သည်။

ကျန့်ဖုကွမ်းက ဤနေရာတွင် ပုန်းအောင်းနိုင်ခြင်းကို ကြည့်ရသလောက်တော့ သူ၏ ပုန်းအောင်းမှုမှာ ဤနေရာ၏ ပတ်ဝန်းကျင်နှင့် သင့်တော်နေသောကြောင့် ဖြစ်မည်။ ဤနေရာတွင် မီးပုံ၊ ရထားလုံး၊ မြက်ခင်းပြင်နှင့် ကျောက်တုံးတို့ရှိလေသည်။

သူက ထိုကဲ့သို့သော အရာများမရှိသော နေရာကို ရှာတွေ့ပါက သူ့အသက်အန္တရာယ်ရှိတော့မည် မဟုတ်ပါချေ။ ထို့ကြောင့် ချန်ဝမ်အန်းက ဝေးသထက်ဝေးအောင် ထွက်ပြေးတော့သည်။

ကျန့်ဖုကွမ်းက သူ့အနောက်သို့ လိုက်ပါလာမလားဆိုသည်ကိုတော့ သူမပြောတတ်ပေ။ ဒါပေမယ့် သူက အသက်လုပြေးနေရာ မိုင်တစ်ရာကျော်ပြီးနောက် ကျယ်ပြန့်သော မြစ်ကြီးကို မြင်လိုက်ရပါသည်။

ချန်ဝမ်အန်းက ကိုယ်ဖော့သိုင်းကို အသုံးပြုရင်း ခြေတလှမ်းတည်းနှင့် မြစ်ပြင်ထက်သို့ ဆင်းသက်လိုက်သည်။

မြစ်ရေပြင်တွင် မတ်တပ်ရပ်နေရင်းနှင့် ချန်ဝမ်အန်းက ပတ်ဝန်းကျင်ကို သတိကြီးကြီးနှင့် ကြည့်လိုက်သည်။ ပတ်ဝန်းကျင်တွင် ကျောက်တုံးလည်းမရှိပေ။ ကျောက်တုံးများရှိသော်လည်း ၎င်းတို့မှာ မြစ်အောက်ကြမ်းပြင်တွင်သာ ဖြစ်သည်။ ကျန့်ဖုကွမ်းက မြစ်အောက်မှ အပေါ်သို့ တက်လာရင်တောင်မှ သူ့မှာ တုန့်ပြန်ရန်အတွက် အချိန်အလုံအလောက်ရပေသည်။

သူ လုံခြုံသွားပြီဟု တွေးမိပြီးနောက်တွင် ချန်ဝမ်အန်းက သူ့စိတ်ကို လျှော့ချလိုက်တော့သည်။

All Chapters