← Chapters

အခန်း (၂၃၄)

Vol. 21 Ch. 234

အခန်း (၂၃၄)

Vol. 21 Ch. 234

ဆုကျန်းနှင့် ရင်ဆိုင်ရသည့်အခါမျိုးတွင် ဆုရှန်းချီမှာ ဘာတခုမှကို မသိုဝှက်ထားရဲခဲ့ပေ။

ထို့ကြောင့် ကုန်ဆုံးခဲ့သော ရက်ပိုင်းတွင် ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကို ဆုကျန်းအားပြောပြလိုက်ရသည်။ ထိုပြောပြသည့်အထဲတွင် ချန်ထင်မြို့ရှိ လီချန်ချင်းဆိုသောသူကို ဒုက္ခပေးမည့်အစီအစဉ်အတွက် ချန်ဝမ်အန်းကို စေလွှတ်လိုက်သည်များကိုပင် ပြောပြလိုက်သည်။

ဆုကျန်းက အကြမ်းရည်ကို စိမ်ပြေနပြေသောက်ရင်း ဆုရှန်းချီ၏ ရှင်းပြမှုများကို မပြောင်းလဲသော ဟန်အမူအရာနှင့် နားထောင်နေခဲ့သည်။ အဆင့်မြင့်ဆရာသခင်တပါး၏ သေဆုံမှုက သူ့ကို မည်သည့်သက်ရောက်မှုမှ မရှိသည့်အလားပင် ဖြစ်သည်။ ဆုမိသားစု၏ အစေခံက သေဆုံးသွားသော်လည်း သူက လုံးဝကို ဂရုမစိုက်သည့်အလားပင်။

“လီချန်ချင်း?” ဆုကျန်းက အရေးမပါသလို ပြောလိုက်သည်။

“သူနဲ့ပတ်သက်ပြီးတော့ မင်းစုံစမ်းကြည့်ပြီးပြီလား”

“မြေးလေးက စုံစမ်းပြီးပါပြီ” ဆုရှန်းချီက အလျင်အမြန်ပင် တုန့်ပြန်လိုက်သည်။

“ဒီနေရာက အရှေ့ပိုင်းဒေဿကြီးဖြစ်ပြီး မြေးလေးတို့ပိုင်နက်ဖြစ်တဲ့ တောင်ပိုင်းဒေသမဟုတ်တာကြောင့် စုံစမ်းတာက အခက်အခဲအနည်းငယ်ရှိသလို၊ ရလာတဲ့ သတင်းတွေကလည်း တိကျမှုတွေရှိမနေခဲ့ပါဘူး။ ဒါပေမယ့် အများအားဖြင့်တော့ အချက်အလက်တွေက မှန်ကန်ပါတယ်”

“ဒီ လီချန်ချင်းက လီဟမ်ရှန်းရဲ့အဖေဖြစ်ပြီးတော့ မြို့ငယ်လေးတခုက ပန်းချီဆရာတဦးပါ”

“သူက ပန်းချီဆရာတဦးဖြစ်ပေမယ့် အခုမှ စဦးအဆင့်ပဲ ရှိသေးတဲ့ အောက်တန်းစားသာသာပါ။ ယန်မိသားစုက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ တိုက်ရိုက်တပည့်ဖြစ်တဲ့ လီဟမ်ရှန်းနဲ့ အဆက်သွယ်ကောင်းတည်ဆောက်ချင်တာကြောင့် လီချန်ချင်းကို သူတို့အိမ်မှာ အလုပ်ခန့်ထားတာပဲ ဖြစ်နိုင်ပါတယ်”

“မြေးလေးက လီဟမ်ရှန်းကို သင်ခန်းစာပေးဖို့အတွက် ရည်ရွယ်ထားတာပါ။ ဒါပေမယ့် ကိစ္စတချို့ကြောင့် ဦးလေးချန်က သေဆုံးသွားခဲ့ပြီ”

ဆုရှန်းချီက စကားပြောနေရင်းနှင့် သူ၏ မျက်ခုံးများက တဖြေးဖြေးနှင့် တွန့်ကွေးလာခဲ့တော့သည်။ ဘယ်နေရာက မှားသွားတာလဲဆိုတာကို အခုထက်ထိ သူ မဖော်ထုတ်နိုင်သေးပါချေ။

ချန်ဝမ်အန်းက အဆင့်မြင့်ဆရာသခင်အဆင့်တွင် ရှိသော ကျွမ်းကျင်သူတဦးဖြစ်ပါသည်။ အခြားသောအဆင့်မြင့်ဆရာသခင်အဆင့်များနှင့် ရင်ဆိုင်ရမည်ဆိုလျှင်ပင် လွတ်မြောက်အောင် ပြေးလာနိုင်သည်ဖြစ်သည်။ အဲ့လိုအခြေအနေမျိုးဆိုမှတော့ သူက ဘယ်လိုဖြစ်ပြီး သေဆုံးသွားခဲ့တာလဲ။

“လောလောဆည်မှာ ဘာပြသနာမှ ထပ်မရှာနဲ့တော့။ ချန်ဝမ်အန်းကိစ္စကိုလည်း ဘေးဖယ်ထားလိုက်။ ငါမင်းကို အရှေ့ပိုင်းဒေသကြီးကို ခေါ်လာခဲ့တာက ပြသနာတွေရှာနေဖို့အတွက် မဟုတ်ဘူး”

ဆုကျန်း၏ အသံမှာ အမိန့်သံဆန်နေပြီး တည်ကြည်နေခဲ့သောကြောင့် ဆုရှန်းချီက အသံပင် ထပ်မထွက်ရဲပါတော့ချေ။ သူက နံဘေးတွင်သာ တိတ်တဆိတ်ရပ်တန့်နေရုံသာ တတ်နိုင်ပါတော့သည်။

သူက လိမ္မာသောကလေးတယောက်ကဲ့သို့ပင် ဖြစ်နေပါ၏။

“အဘိုးလေး မြေးတို့က ဦးလေးချန်ရဲ့ သေဆုံးမှုကို ဒီအတိုင်းလျစ်လျူရှုထားတော့မှာလား”

သူက ချန်ဝမ်အန်း၏ အုပ်ထိန်းမှုအောက်မှာ ကြီးပြင်းလာရသည်ဖြစ်သောကြောင့် ချန်ဝမ်အန်းကို သံယောဇဉ်ရှိပါသည်။

“ချန်ဝမ်အန်းရဲ့ ကိစ္စကို အရှေ့ပိုင်းဒေသကို လာရင်းကိစ္စပြီးသွားမှပဲ ဖြေရှင်းမယ်”

ဆုကျန်းက အေးအေးဆေးဆေးပြောလိုက်သည်။

“ဆုမိသားစုဝင်တယောက်က နာနာကျင်ကျင်နဲ့ သေဆုံးသွားရတာမျိုးက လုံးဝကို မဖြစ်စေရဘူး။ လူသတ်သမားက ဖြေရှင်းချက်ပေးရလိမ့်မယ်။ တရားခံက လီချန်ချင်းနဲ့ သက်ဆိုင်နေရင် ငါတို့ဆုမိသားစုက သူ့ကို လုံးဝကို အလွတ်ပေးမှာမဟုတ်ဘူး”

“ဟုတ်ကဲ့”

“ဒါနဲ့ အဘိုးလေးက ဒီနေရာကို ရောက်နေတာဆိုတော့ မြေးနဲ့အတူ ကွမ်လန်နန်းတော်ကို သွားမလို့ ရောက်နေတာလား”

“ကွမ်လန်နန်းတော်ကို သွားဖို့က လောနေဖို့မလိုဘူး။ ငါတို့ အရင်ဦးဆုံးရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို သွားမယ်”

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို သွားမယ်?”

ထိုစကားကြောင့် ဆုရှန်းချီက အတော်လေးကို အံ့အားသင့်သွားခဲ့ပါသည်။

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက နောက်ထပ်အဆင့်မြင့်ဆရာသခင်တပါးက မွေးထုတ်ပေးနိုင်ခဲ့ပြီ။ ဆုမိသားစုအနေနဲ့ သွားဂုဏ်ပြုသင့်တာပေါ့”

ဆုကျန်းက အကြမ်းပန်းကန်ကို စားပွဲထက်သို့ ဆောင့်ချလိုက်ပြီး ပြောလိုက်သည်။

“ပြီးတော့ အတိတ်တုန်းကတချို့ကိစ္စလေးတွေ ထုတ်ပြောဖို့ လိုအပ်နေသေးတယ်”

ဆုကျန်း၏ စကားကိုကြားသော် မည်သည့်ကိစ္စကို ပြောနေမှန်း ဆုရှန်းချီက ချက်ချင်းကို သိလိုက်ပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနှင့် ဆုမိသားစုအကြားရှိ ရန်ငြိုးမှာ လျို့ဝှက်ချက်မဟုတ်သောကြောင့် ဆုမိသားစုရှိ လူတိုင်းက သိကြလေသည်။

ထိုပြသနာမှာ ချင်းရွှယ်အာဏာဓားအရှင် ရွှယ်ချမ်းပိုင်ကြောင့် ဖြစ်သောပြသနာပင် ဖြစ်သည်။

ချင်းရွှယ်အာဏာဓားအရှင်ရွှယ်ချမ်းပိုင်က ဆုမိသားစု၏အကြီးအကဲနှစ်ဦးကို သတ်ဖြတ်ခဲ့သည်။ ဆုမိသားစု၏ စွမ်းအားရှင်များက အလောင်းများကို လာကြည့်ကြသည့်အခိုက်တွင် ဘာမှမတွေ့ခဲ့ပေ။ သို့သော် ဆုကျန်းကိုယ်တိုင် ရောက်လာပြီး လာကြည့်မှသာ ချင်းရွှယ်အာဏာဓားအရှင်၏ လက်ချက်ဖြစ်မှန်းကို သိခဲ့ရခြင်းဖြစ်ပါသည်။

ထို့ကြောင့် ဆုကျန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့သွားကာ ရွှယ်ချမ်းပိုင်ကို ထုတ်ပေးရန် တောင်းခဲ့၏။

သို့သော် ဂိုဏ်းချုပ်လောရှောင်ချွမ်က ငြင်းဆန်ခဲ့ပါသည်။ သူက ဆုမိသားစုခေါင်းဆောင်၏ အသက်အန္တရာယ်ဖြစ်စေမည့်အကြောင်းပြချက်ကို ပြောဆိုခဲ့ပါသည်။ ထိုအချိန်တုန်းက ဆုမိသားစုခေါင်းဆောင်မှာ ဒုက္ခရောက်နေသောအခြေအနေဖြစ်ပြီး စွမ်းအားမြင့် တစ္ဆေအရှင်တပါးနှင့် တိုက်ခိုက်နေရခဲ့သည်။ ထို့ကြောင့် ရွှယ်ချမ်းပိုင်၏ ကိစ္စမှာ ခဏတာပြီးဆုံးသွားခဲ့ပါသည်။

ဒါပေမယ့် ထိုကိစ္စက လုံးဝပြီးဆုံးသွားခြင်းမျိုး မဟုတ်ပါချေ။

ဆုကျန်း ဤတခေါက် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းသို့ ရောက်ရှိလာခြင်းမှာ ထိုသွေးကြွေးကို တောင်းခံရန်ဖြစ်သည်။ ထိုကိစ္စကို ဒီတိုင်းလေး ထားလိုက်လျှင် ဆုမိသားစုက လူရယ်စရာ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။

ဆုမိသားစု၏ အကြီးအကဲနှစ်ဦး၏ သေဆုံးမှုမှာ အလကားဖြစ်၍မရပေ။

ရွှယ်ချမ်းပိုင်ကို ဖမ်းဆီး၍ မရခဲ့ရင်တောင်မှ ထိုအချိန်တုန်းက မည်သည့်အရာများဖြစ်သွားတာလဲဆိုသည့်အမှန်တရားကို သူသိချင်ပါသည်။

ဘာလို့ ရွှယ်ချမ်းပိုင်က ဆုမိသားစု၏အကြီးအကဲနှစ်ဦးကို သတ်ဖြတ်ခဲ့ရတာလဲ။

သူတို့က လူနှစ်ဦးကို ဆုံးရှုံးလိုက်ရသော်လည်း အကြောင်းပြချက်ကိုမူ မသိလိုက်ရပေ။

ထိုနှစ်ယောက်မှာ ချင်းရွှယ်အာဏာဓားအရှင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်းကို လူတိုင်းသိသည့်တိုင် ရွှယ်ချမ်းပိုင်က မည်သည့်ဖြေရှင်းချက်မျိုးမှ မပေးခဲ့ပါချေ။

ထိုလုပ်ရပ်ကြောင့်ပင် ဆုမိသားစုမှာ အသေအလဲ ဒေါသူပုန်ထခဲ့ကြခြင်းပင် ဖြစ်ပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဂုဏ်ပြုပွဲကျင်းပမည်ကို သိလိုက်သောကြောင့် ဆုကျန်းက မဖိတ်ခေါ်သည့်ပွဲကို တက်ရောက်ကာ ပြသနာရှာရန် ဆုံးဖြတ်လိုက်ပါသည်။

ထို့အပြင် ဆုကျန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းချုပ် လောရှောင်ချွမ်က ဂိုဏ်းထဲတွင် မရှိပဲ လောကအနှံ့လျှောက်သွားနေသည်ကို သိထားသောကြောင့် ထိုအခြေအနေကို ပျော်ပျော်ကြီးအခွင့်အရေးယူရန်အတွက် တွေးထားလိုက်ပါသည်။

ရွှယ်ချမ်းပိုင်က ရှင်းပြချက်မပေးပါက ဆုကျန်းက ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို ဆုမိသားစုနှင့် လာရှုပ်သောကြောင့် တန်ဖိုးကြီးကြီး ပေးဆပ်ခိုင်းလိမ့်မည်ဖြစ်သည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဂုဏ်ပြုပွဲမှာ တဖြေးဖြေးနှင့် နီးကပ်လာခဲ့ပြီဖြစ်သည်။ ဖိတ်ကြားစာရရှိသော လောကအနှံ့ရှိ ဂိုဏ်းများနှင့်မိသားစုများက ဂုဏ်ပြုရန်အတွက် လူများစေလွှတ်လိုက်ကြပြီ ဖြစ်သည်။

ဂုဏ်ပြုပွဲကျင်းပမည့်နေ့ရက်မှာ ဩဂုတ်လ ၂၃ ရက်နေ့တွင် ဖြစ်သည်။ ခရီးဝေးမှ လာရမည့်သူများမှာ စောစီးစွာ ထွက်လာခဲ့ကြသည်။ နီးသည့်လူများကတော့ အေးအေးဆေးဆေး ရှိနေခဲ့ကြပါသည်။

ချင်ကျူးတောင်တွင်တော့ လီဟမ်ရှန်းက မိုးကြိုးအလျင်ကျင့်စဉ်ကို ကျင့်ကြံနေခဲ့ပါသည်။

To access the premium content, go to [ pawread.com ].

All Chapters