← Chapters

အခန်း (၂၃၆)

Vol. 22 Ch. 236

အခန်း (၂၃၆)

Vol. 22 Ch. 236

သူမ၏ နေရာသို့ ပြန်ရောက်သည့်အခါတွင် သူမက ချက်ချင်းပင် စာရေးကာ စာပို့ခိုနှင့် ပို့လိုက်ပါသည်။

ညနေခင်းတွင်

လီချန်ချင်း၏ ခြံဝင်းလေးထဲတွင် လူသုံးယောက်မှာ စားသောက်နေကြပါသည်။ နောင်တမဲ့မြို့တွင် ရွှယ်ချမ်းပိုင်နှင့် တွေ့ဆုံပြီးနောက်တွင် လီချန်ချင်းမှာ အိမ်သို့ ပြန်လာခဲ့ပါသည်။ သူပြန်ရောက်သည့်အခါတွင် ညသန်းခေါင်ဖြစ်နေသောကြောင့် လီချန်ချင်းက တခါတည်း အိပ်စက်လိုက်ပါ၏။

သို့ပေမယ့် လီချန်ချင်းက တစုံတခုကို စိတ်ပူနေခဲ့ပါသည်။

“ပြသနာရှာတဲ့လူတစ်ယောက်ယောက်များ မနေ့က အိမ်ကိုလာခဲ့သေးလား” လီချန်ချင်းက ကျန့်ဖုကွမ်းကို ကြည့်ကာ မေးလိုက်ခြင်းဖြစ်ပါသည်။

“မလာပါဘူး အားလုံးက ပုံမှန်အတိုင်းပါပဲ သခင်ကြီး”

ကျန့်ဖုကွမ်းက တည်ငြိမ်စွာပြောလိုက်ပြီးနောက် ကျန့်စစ်ယောင်လေးကို အပိုစကားမပြောရန် မျက်လုံးနှင့် အချက်ပြခဲ့လိုက်သည်။

ကျန့်စစ်ယောင်မှာ သူမ၏ ဦးခေါင်းကို ငုံ့ကာ အစားကိုသာ စားနေခဲ့ပြီး စကားသိပ်မပြောခဲ့ပေ။

“အို”

လီချန်ချင်းမှာ ဆုမိသားစုမှ ဆုရှန်းချီကို စဉ်းစားမိသွားသည်။ ထိုကလေးက သူ့အား ဒုက္ခိတဖြစ်အောင်လုပ်မည်ဟု ပြောဆိုခဲ့သူမဟုတ်ပါလား။ သူမရှိသည့်အခိုက်တွင် သူ့အိမ်သို့ ထိုကလေး လွှတ်လိုက်သော လူများရောက်လာပြီးနောက် ကျန့်ဖုကွမ်းနှင့် ကျန့်စစ်ယောင်ကို ဒုက္ခပေးမှာကို သူစိတ်ပူနေခဲ့မိသည်။

မည်သူမှ ရောက်မလာသောကြောင့် သာမန်ခြိမ်းခြောက်ခြင်းမျိုးဖြစ်လိမ့်မည် ထင်သည်။

မရောက်လာတာကောင်း၏။ ရောက်လာလျှင် ဖြေရှင်းရတာ အလုပ်ရှုပ်ပေသည်။

ကျန့်ဖုကွမ်းက ထမင်းကို အေးအေးဆေးဆေးနှင့် အလေးအနက်ကို စားနေခဲ့သည်။ တခါတရံတွင်တော့ ကျန့်စစ်ယောင်လေးအတွက် ဟင်းများကို နှိုက်ကာ ပန်းကန်ထဲသို့ ထည့်ပေးနေခဲ့သည်။ သူက မူလအဆင့်နှစ်ယောက်နှင့် အဆင့်မြင့်ဆရာသခင်အဆင့် ချန်ဝမ်အန်းကို သတ်ဖြတ်ခဲ့သည့်အကြောင်းအား လုံးဝကို ထုတ်ဖော်ပြောခြင်းမပြုခဲ့ပေ။

ကျန့်ဖုကွမ်းအတွက် ထိုအရာများမှာ အလေးအနက်ထားစရာ မဟုတ်သည့်အလားပင်။

“မဟာအကြီးအကဲကို တွေ့ခွင့်တောင်းပါတယ်”

ထိုအခိုက်တွင် ယန်ပါးထောင်၏ အသံမှာ အပြင်မှ ထွက်လာခဲ့ပါသည်။

“အထဲကို ဝင်ခဲ့”

လီချန်ချင်းက ပြောလိုက်သည်။

ယန်ပါးထောင်က အထဲသို့ ဝင်လာပြီးနောက်တွင်

“မဟာအကြီးအကဲ ညစာစားနေတာကို နှောင့်ယှက်မိလို့ အားနာမိပါတယ်”

“ဘာမှမဖြစ်ဘူး။ စားလို့က ပြီးတော့မှာ”

လီချန်ချင်းက စိတ်မဆိုးပါချေ။

“စစ်ယောင် သမီးလေး၊ စားလို့ဝပြီလား” ကျန့်ဖုကွမ်းက သမီးဖြစ်သူကို လှမ်းကြည့်လိုက်သည်။

ကျန့်စစ်ယောင်လေးက ခေါင်းညိတ်ပြလေ၏။

“ဒါဆိုရင် တနေရာရာမှာ သွားကစားရအောင်”

သူတို့က ဆွေးနွေးစရာရှိသည်ကို သိသဖြင့် ကျန့်ဖုကွမ်းက ကျန့်စစ်ယောင်ကို ခေါ်ကာ ရှောင်ပေးလိုက်သည်။

ယန်ပါးထောင်က စာတစောင်ကို ထုတ်လိုက်သည်။

“ဒါက ယုယွင်ပို့လိုက်တဲ့စာပါ”

ထိုသို့ပြောပြီးနောက်တွင် သူက လီချန်ချင်းအား စာကို ပေးလိုက်ကာ တချက်ရယ်လိုက်သည်။

“ဒီကလေးက တကယ်ပဲ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းအတွက် အေးဂျင့်ကို ရှာပေးလိုက်သေးတယ်။

လီချန်ချင်းမှာ အေးဂျင့်များ၏ လုပ်ကိုင်မှုများကို နားလည်ပါသည်။ အေးဂျင့်များကို ဒေသအနှံ့ထားခြင်းက စီးပွားရေလုပ်ကိုင်ရာ၌ ပိုမိုလွယ်ကူစေပြီး အမြတ်ပိုရပေသည်။ လောလောဆယ်၌ လီချန်ချင်းက အေးဂျင့်များ မထားခြင်းသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ပြသနာအချို့ကြောင့်ဖြစ်သည်။

ပြသနာမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ ကြီးထွားလာမှုမှာ အလွန်တရာမှကို လျင်မြန်လွန်းလှပေသည်။ ထုတ်လှုပ်မှုပမာဏမှာ အဓိကပြသနာဖြစ်နေခြင်းကြောင့်ပင်။

သူတို့ဘက်မှ အေးဂျင့်များကို ထောက်ပံ့ရန်အတွက် ကုန်စည်များ အလောက်အငှ ရှိမနေခဲ့ပေ။

သို့သော် အေးဂျင့်တယောက်လောက်ခန့်ဖို့အတွက်ကတော့ အရမ်းကြီး ပြသနာရှိမနေပါချေ။

လီချန်ချင်းက ရုတ်တရက် ရယ်မောလိုက်သည်။ ထို့နောက်

“လုကျင်းမြို့က ယန့်လဲ့ရှန်းကို သတင်းပို့လိုက်တာ မင်းမဟုတ်လား။ လုကျင်းမြို့ကို ဟမ်ရှန်းက သွားမယ်ဆိုတာကို အရင်ဆုံးသိတာက မင်းပဲလေ”

“ကျုပ်ကို အပြစ်မတင်ပါနဲ့ မဟာအကြီးအကဲ။ ကျုပ်က မဟာအကြီးအကဲရဲ့ သားကို အကောင်းဆုံးဝန်ဆောင်မှုတွေ ရစေချင်လို့ပါ။ ကျုပ်တို့လုပ်ငန်းက သူ့ကို ပြစ်မှားမိပြီး မမျှမတဆက်ဆံခံရမှာကို ကျုပ်က စိုးရိမ်တာပါ။ လုကျင်းမြို့ကို မဟာအကြီးအကဲရဲ့သားက ကုန်ပစ္စည်းသွားဝယ်မယ့်အကြောင်းကို ယုယွင်က ကျုပ်ကို စာပို့ခိုနဲ့ လှမ်းအကြောင်းကြားလို့ ကျုပ်က သိခဲ့ရတာပါ”

ယန်ပါးထောင်က အထင်လွဲမည်စိုးသောကြောင့် ကြောက်အားလန့်အားနှင့် ရှင်းပြခဲ့သည်။

“ကျုပ်ခင်ဗျားကို အပြစ်မတင်ပါဘူး။ ခင်ဗျားလုပ်တာက ကောင်းတယ်” လီချန်ချင်းက ခေါင်းညိတ်ပြလိုက်သည်။

“ဟမ်ရှန်းရဲ့ ဆန္ဒအတိုင်းပဲ ဒီကိစ္စကို ကိုင်တွယ်ကြတာပေါ့။ မနက်ဖန်ကျရင် ရှမိသားစုစီကို တယောက်ယောက်လွှတ်လိုက်ပြီး ဒီကိစ္စကို ဆွေးနွေးပေးလိုက်။ ကိစ္စကို အကြီးကြီးဖြစ်အောင်ပါ တခါတည်း လုပ်ခဲ့လိုက်”

“အမိန့်အတိုင်းပါ”

ယန်းပါးထောင်က လီချန်ချင်း၏ စကားအဓိပ္ပာယ်ကို နားလည်ပါ၏။

နောက်တနေ့တွင် သတင်းတခုမှာ ပျံ့နှံ့လာခဲ့ပါသည်။ ထိုသတင်းမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဝမ်ကွမ်းမြို့တွင် လက်ဖက်ရည်ကြမ်းကို ရောင်းချရန် အေးဂျင့်ရွေးချယ်မည့်အကြောင်းသာ ဖြစ်သည်။ အရွေးချယ်ခံရသောသူသည် ထိုဒေသတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်ဖက်ရည်ကြမ်းများကို ရောင်းချရန်အတွက် တာဝန်ယူရမည်ဖြစ်သည်။

ထိုသတင်းကြောင့် ဝမ်ကွမ်းမြို့ရှိ စီးပွားရေးလုပ်ငန်းများကို အပြင်းအထန်ရိုက်ခတ်သွားခဲ့၏။

ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းဆိုတာက ဘာလဲ။

အရှေ့ပိုင်းဒေသမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို မသိသူ ဘယ်သူရှိလို့လဲ။

သူတို့၏ လက်ဖက်ရည်ကြမ်းထုတ်ကုန်မှာ အရှေ့ပိုင်းဒေသတခုလုံးကို ပျံ့နှံ့အောင်မြင်နေတာမဟုတ်လား။ ဒီအခွင့်အရေးက ငွေပုံပေါ်မှာ ထိုင်ရမယ့်အခွင့်အရေးပဲလေ။

ရိုးရိုးရှင်းရှင်းပြောရမည်ဆိုလျှင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက သူတို့ကို အသေးတကာ့အသေးဆုံး အမြတ်ပမာဏကို ပေးလျှင်ပင် သူတို့ တဘဝလုံးအေးအေးချမ်းချမ်းထိုင်စား၍ လောက်ငှပေသည်။

ထို့ကြောင့် ထိုသတင်းထွက်ပေါ်လာသည့်အခါတွင် ကုမ္ပဏီတိုင်းမှာ ချက်ချင်းကို စိတ်အားတက်ကြွသွားခဲ့ပါ၏။

သူတို့အားလုံးမှာ ကံကောင်းသောလူများ ဖြစ်ချင်နေကြသည်။

စားသောက်ဆိုင်များနှင့် အဝတ်အထည်ဆိုင်များပင်လျှင် ဝင်ပါချင်နေကြသည်။ သူတို့သာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်ဖက်ရည်ကြမ်းကို ကိုယ်စားလှယ်အဖြစ် ရောင်းချနိုင်ခဲ့လျှင် စားသောက်ဆိုင်၊အဝတ်အထည်ဆိုင်များကို ဖွင့်လှစ်နေစရာမလိုတော့ပဲ ချမ်းသာသွားမည် ဖြစ်သည်။

သတင်းတွင် ပြောကြားချက်အရတော့ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများသည် ဝမ်ကွမ်းမြို့သို့ ကိုယ်တိုင်ကိုယ်ကျလာရောက်ပြီး လက်ရှိအနေအထားကို လာလေ့လာကြမည်ဖြစ်သည်။ ထို့နောက်တွင် မည်သူ့ကို ကိုယ်စားလှယ်ခန့်မည်ကို ဆွေးနွေးကာ ဆုံးဖြတ်မည် ဖြစ်သည်။

ထိုသတင်းကြောင့် စီးပွားရေးမိသားစုများအားလုံးမှာ ကိုယ်ပိုင်အစီအစဉ်များကို စတင်ပြင်ဆင်နေကြကုန်သည်။

“ဘယ်လို အခွင့်အရေးကြီးလဲ”

ရှုမိသားစုတွင်

ရှုလုံမှာ အတော်လေးကို စိတ်အားတက်ကြွနေခဲ့သည်။ ယခုတလောတွင် သူတို့ရှုမိသားစုမှာ အတော်လေးကို ကံကောင်းနေခဲ့သည်။ သိပ်မကြာခင်အချိန်တုန်းကပင် သူ၏ သားဖြစ်သူ ရှုကျင်းမှာ ပန်းချီပညာရှင်ပါရမီ နိုးထလာခဲ့ပါသည်။

သူတို့မှာ လောလောဆယ်တွင် ပန်းချီဆရာတဦးကို အပူတပြင်းလိုက်ရှာနေကြပြီး သားဖြစ်သူကို ပန်းချီပညာသင်ပေးနိုင်ရန် အားထုတ်နေခဲ့ကြသည်။

ပန်းချီပညာရှင်တဦးသာ ရှုမိသားစုမှ ထွက်ပေါ်လာခဲ့လျှင် အနာဂတ်တွင် ရှုမိသားစုမှာ စန်းယွမ်နယ်မြေတွင် လူသိကာ နေရာတခုရရှိလာမည် ဖြစ်သည်။

ယခုတွင်လည်း ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက လူများက လာရောက်ဦးမည်။ ရှုလုံမှာ ထိုအခွင့်အရေးက သူတို့မိသားစုအား ကောင်းကင်မှ ချပေးလိုက်သည့် အခွင့်အရေးဟုသာ ခံစားနေခဲ့ရ၏။

“ဟင့် ငါတို့တွေ ရှမိသားစုနဲ့ စေ့စပ်တာကို ဖျက်လိုက်လို့ တော်သေးတယ်။ သူတို့က ငါတို့ရှုမိသားစု တိုးတက်မှာကို အနှောင့်အယှက်တခုအနေနဲ့ ဖြစ်နေမှာ ” ရှုလုံက အေးစက်စွာ နှာမှုတ်ရင်း ပြောလိုက်သည်။

သူတို့က ကိုယ်စားလှယ်ဖြစ်သွားတာနဲ့ ရှမိသားစုကို လူလွှတ်ပြီးတော့ ရှင်းပစ်ဦးမယ်

ထိုအချိန်တွင် ရှမိသားစုတွင်တော့ ရှယွဲ့ယွဲ့၏ ဖခင်ဖြစ်သူ ရှလီဟမ်မှာမူ ထိုသတင်းကြောင့် စိတ်လှုပ်ရှားမနေခဲ့ပါချေ။

All Chapters