← Chapters

အခန်း (၂၃၉)

Vol. 22 Ch. 239

အခန်း (၂၃၉)

Vol. 22 Ch. 239

ယန်ယွီရှစ်၏ စကားကိုကြားသောအခါတွင် ရှလီဟမ်က ချက်ချင်းကို နားလည်သွားခဲ့ပါ၏။

မဲနှိုက်ခြင်း၊ မဲဝယ်ယူခြင်းနှင့် လူတိုင်းတွင် သာတူညီမျှအခွင့်အရေးရရှိခြင်းများအားလုံးသည် ရိုက်စားသက်သက်သာ ဖြစ်သည်။

နောက်ဆုံးရလဒ်မှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်ဖက်ရည်ကြမ်းကိုယ်စားလှယ်အဖြစ် ရှမိသားစုသာ ရရှိမည်ဖြစ်သည်။ သူတို့က မဲနှိုက်သည်ဖြစ်စေ၊ မနှိုက်သည်ဖြစ်စေ။ နောက်ဆုံးအနိုင်ရသူမှာ သူတို့ပဲ ဖြစ်ရန် စီစဉ်ထားပြီးသား ဖြစ်သည်။

ထို့အပြင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ထိုမဲနှိုက်ခြင်းမှ အကျိုးများစွာကို ရရှိသွားခဲ့ပြန်ခဲ့သည်။ ထိုမဲနှိုက်ခြင်းမှာ လျို့ဝှက်မဲကို ဝယ်ယူပြီး နှိုက်ခြင်းဖြစ်သောကြောင့် လူတိုင်းမှာ မိမိတို့၏ ဆုံးရှုံးမှုများကို ပွင့်ပွင့်လင်းလင်းထုတ်မပြောရဲကြပဲ၊ မျိုချထားရန်သာ တတ်နိုင်ကြခဲ့၏။

ထိုကဲ့သို့သော ရွှေ့ကွက်မှာ ရှလီဟမ်ကို အလွန်ထိတ်လန့်သွားစေခဲ့ပါသည်။ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ဝင်ငွေရှာနိုင်တာလည်း မပြောနဲ့လေ၊ ဒီလိုနည်းလမ်းမျိုးကို သူတောင်မှ မတွေးမိဘူး။

“ကျုပ်တို့ရဲ့ ရှမိသားစုကို ကယ်တင်ပေးလို့ သခင်လေးယန်ကို ကျေးဇူးတင်ပါတယ်” ရှလီဟမ်က မတ်တပ်ရပ်ကာ ယန်ယွီရှစ်အား အရိုအသေပေးလိုက်၏။

ရှုမိသားစုမှာမူ လုံးဝကို ကျရှုံးသွားခဲ့လေသည်။

ရှမိသားစုက ယခုလိုမျိုး အခွင့်အရေးကောင်းကြီးကို ရရှိသွားပြီဖြစ်သောကြောင့် ၎င်းတို့၏ တောက်ပလာမှုမှာ ကြိမ်းသေနေခဲ့ချေပြီ။ ရှုလုံမှာ သူတို့ကို ဘယ်လိုပျက်စီးအောင် လုပ်ရမလဲဆိုတာကို အပူတပြင်း ကြံဆနေခဲ့၏။ သူ့တွင် လွှမ်းမိုးနိုင်စွမ်းအာဏာများရှိနေသည့်တိုင်အောင် ယခုတွင် ရှမိသားစုအား ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းမှ ထောက်ပံ့ပေးထားသောကြောင့် သူက ဘာလုပ်နိုင်ဦးမှာလဲ။ အဆုံးသတ်မှာတော့ သူ၏ ကံတရားဆိုးရွားမှုကိုသာ အပြစ်တင်ရပေတော့မည်။

သူ၏ သေးငယ်သော ရှုမိသားစုမှာ ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို စိန်ခေါ်ခြင်းသည် သေခြင်းတရားကို ဖိတ်ခေါ်နေခြင်းသာ ဖြစ်သည်။

ရှမိသားစုက အခွင့်အရေးကောင်းကြီးကို ရရှိထားသောကြောင့် နောက်တနေ့တွင် မြို့ရှိအခြားသော မိသားစုခေါင်းဆောင်များက လက်ဆောင်များနှင့်တကွ လာရောက်ဂုဏ်ပြုကြလေသည်။

တချိန်တုန်းက ရှမိသားစုနှင့် ဆန့်ကျင်ဘက်တွင် ရပ်တည်ခဲ့ကြသော မိသားစုခေါင်းဆောင်များမှာ အရှက်မရှိစွာပင် ရှလီဟမ်အား အကိုကြီးဟုပင် ခေါ်နေကြပေသေးသည်။ ပြီးတော့ သူတို့အားလုံးက မဲနှိုက်ရာတွင် တပြားတချပ်မှ မထည့်သွင်းခဲ့ပါဟု ပြောခဲ့ကြသေး၏။

သူတို့၏ အပြောအဆိုနှင့် အပြုအမူများမှာ သူတို့က မဲနှိုက်ရာတွင် မပါဝင်ခဲ့ကြသောကြောင့် ရှမိသားစုမဲပေါက်မည့်အခွင့်အရေးကို တိုးမြှင့်ပေးလိုက်သည့်အလားပင်။ ထို့ကြောင့် ရှမိသားစုမြင့်တက်လာသည့်အခါတွင် ထိုကြင်နာမှုကို မမေ့လျော့ပဲ သူတို့ကို ပြန်လည်ကြည့်ရှုရန် သွယ်ဝိုက်ကာ ပြောဆိုနေကြ၏။

သူတို့၏ ပြောဆိုနေသော စကားများမှာ လွန်စွာမှကို လေးနက်ကာ ဂရုဏာသက်ဖွယ်ဖြစ်နေသောကြောင့် ရှလီဟမ်ပင်လျှင် ယုံစားမိတော့မလိုပင် ဖြစ်နေခဲ့ချေပြီ။

ယခုမှသာ သူနှင့်အတူတူတမြို့တည်းသားများသည် ထိုမျှ သရုပ်ဆောင်ကောင်းကြောင်းကို သူကောင်းကောင်းသိသွားတော့၏။ ဒါပေမယ့်လည်း ရှလီဟမ်က သူတို့၏ အကြောင်းကို မဖော်ထုတ်ပဲ မသိချင်ယောင်သာ ဆောင်နေခဲ့ပါသည်။ သူက ဒီမြို့မှာ စီးပွားရေးဆက်လုပ်မည်ဆိုလျှင် သူတို့အားလုံးနှင့် အဆက်အဆံကောင်းရှိမှ ဖြစ်မည်မဟုတ်လား။

သုံးရက်ကြာမြင့်ပြီးသော် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း

ယခုလက်တလောတွင် မူဟိုင်ဖုန်းရှိတပည့်များသည် ရာသီဥတုက ထူးဆန်းနေသည်ကို သတိထားမိနေကြသည်။ ကောင်းကင်မှာ ကြည်လင်နေသည့်တိုင် မိုးခြိမ်းသံများကို အမြဲလိုလို ကြားနေကြရသည်။ သို့သော် မိုးတစက်မှတော့ မရွာပေ။

တပည့်များမှာ နေရာတိုင်းကို ကြည့်နေသည့်တိုင် ထိုမိုးခြိမ်းသံမှာ မည်သည့်နေရာက လာနေမှန်းကို မသိကြချေ။ အချို့တပည့်များမှာ အပြင်သို့ပင် မထွက်ရဲပေ။ ခဏခဏဆဲလွန်းသောကြောင့် မိုးနတ်မင်းက သူတို့အား မိုးကြိုးပစ်ချတော့မည်ဟု အထင်နှင့် ဖြစ်သည်။

သူတို့မသိသည်မှာ လီဟမ်ရှန်းက မိုးကြိုးအလျင်ကျင့်စဉ်အား ချင်ကျူးတောင်ထိပ်၌ အပြင်းအထန်လေ့ကျင့်နေခြင်းကိုပင် ဖြစ်သည်။ မိုးခြိမ်းသံတချက်ချင်းစီသည် လီဟမ်ရှန်းက ကိုယ်ဖော့သိုင်းကို တကြိမ်အသုံးပြုခြင်းပင်ဖြစ်သည်။ ဤရက်ပိုင်းတွင် လီဟမ်ရှန်းက သူ၏ ကျင့်ကြံမှုကို ရူးသွပ်စွာဖြင့် ကျင့်ကြံနေခဲ့၏။

သူက အားအင်မကုန်မခမ်းမချင်း မရပ်နားခဲ့ပေ။ သူက အားအင်ကုန်ခမ်းသွားသည့်တိုင် သူ၏ နတ်ခန္ဓာက အားအင်ပြန်ဖြည့်တင်းပေးပြီးသည်နှင့် ချက်ချင်းထကာ ပြန်လေ့ကျင့်ခဲ့ပြန်သည်။

ထိုကဲ့သို့ မဆုတ်မနစ်ကျင့်ကြံမှုသည် ရှုခွေကိုပါ ထိတ်လန့်စေခဲ့သည်။ ရှုခွေက လီဟမ်ရှန်းအား အနားယူပြီးမှ ကျင့်ကြံရန်သာ ပြောခဲ့ပါသည်။ လီဟမ်ရှန်းတစ်ယောက် သေသည်အထိ လေ့ကျင့်နေမိမည်ကို စိုးရိမ်သောကြောင့်ပင်။

ရှုခွေ၏ လီဟမ်ရှန်းအပေါ်သဘောထားမှာ သူ ချင်ကျူးတောင်ပေါ်သို့ ရောက်ရှိစဉ်တုန်းက အနေအထားနှင့် ကွာခြားသွားခဲ့ပြီ ဖြစ်သည်။

သူ ယခင်ကတွေးတောခဲ့သည်မှာ လီဟမ်ရှန်းက တက်လှမ်းခြင်းအဆင့်ကို ချိုးဖြတ်နိုင်ခဲ့ပြီးနောက် သခင်ကြီးရှ၏ ရွေးချယ်ခြင်းကို ခံခဲ့ရသည့် ကံကောင်းသည့်ကောင်လေးဟုသာ တွေးတောခဲ့ပါသည်။

သို့သော် ယခုတွင်မူ လီဟမ်ရှန်း၏ ပါရမီမှာ ညံ့ဖျင်းလှသော်လည်း သူ၏ လေ့ကျင့်မှုမှာ သာမန်တပည့်များနှင့် အလွန်ကွာခြားလှသည်။ သူက အခြားသော နေရာများတွင်တော့ ထူးချွန်လှပါသည်။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ တိုက်ရိုက်တပည့်များတွင် လီဟမ်ရှန်းလိုမျိုး တစိုက်မတ်မတ်လေ့ကျင့်သော တပည့်များမှာ အလွန်ကို ရှားပါးလှပေသည်။ ဟုတ်တယ်မဟုတ်လား။

ထို့အပြင် လီဟမ်ရှန်းလေ့ကျင့်သည့် မိုးကြိုးအလျင်ကျင့်စဉ်မှာ ရှုခွေကို ထိတ်လန့်သွားစေခဲ့သည်။ သူ့ဘဝတလျှောက်လုံးတွင် ထိုကဲ့သို့သော ထူးဆန်းသည့်ကိုယ်ဖော့သိုင်းကို ယခုမှသာ ပထမဦးဆုံးအကြိမ်အဖြစ် မြင်ဖူးခဲ့ခြင်းဖြစ်သည်။

၎င်းတွင် ပြင်းထန်သော ပေါက်ကွဲအားပါရှိပြီး အလျင်မှာလည်း အလွန်တရာကို လျင်မြန်လှပေသည်။ ထိုကျင့်စဉ်သည် သာမန်လူများ မြင်နိုင်လောက်သော ပေါ့ပါးမှုနှင့် လျင်မြန်မှုကို အသားပေးထားသည့် ကိုယ်ဖော့သိုင်းများနှင့် လုံးဝကို မတူညီပေ။ လီဟမ်ရှန်း၏ ကိုယ်ဖော့သိုင်းမှာ ပေါက်ကွဲမှုနှင့် ပြင်းထန်သော စွမ်းအားိကု လျင်မြန်စွာ ရရှိခြင်းအပေါ်၌ အခြေခံထားပါသည်။ ရှုခွေ၏ အမြင်တွင်တော့ ထိုကဲ့သို့သော ကိုယ်ဖော့သိုင်းမှာ ပိုမို၍ ကြောက်ရွံ့ဖွယ်ကောင်းရုံသာမက လီဟမ်ရှန်းနှင့်လည်း ပို၍ သင့်တော်ပါပေသည်။

“သခင်လေး”

ရှုခွေက အရှေ့သို့တိုးကာ လီဟမ်ရှန်းအား ရေတခွက်နှင့် ပုဝါအသန့်တထည်ကို ကမ်းပေးလိုက်သည်။

“ဘာဖြစ်လို့လဲ ဦးလေးရှု” လီဟမ်ရှန်းက ပုဝါကို လှမ်းယူကာ ချွေးများကို သုတ်ရင်မေးလိုက်ပါ၏။

“သခင်လေးဆီကို အထုပ်တထုပ်ရောက်နေတယ်။ အထုပ်ကို စန်းယွမ်ပို့ဆောင်ရေးဌာနက တဆင့်ပို့လိုက်တာ။ ရောက်နေတာ နာရီဝက်လောက်တော့ရှိပြီ”

“အို”

လီဟမ်ရှန်းက သူ၏ မျက်ခုံးများကို ပင့်တင်လိုက်သည်။ သူ့အဖေပို့လိုက်တာများလား။

ဖြစ်တော့မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် လွန်ခဲ့သော ရက်အနည်းငယ်ခန့်က လီဟမ်ရှန်းထံသို့ လီချန်ချင်းက တစ်မီလီယံတန်ကြေးရှိသော ငွေလက်မှတ်များကို ပို့ပေးခဲ့ပါသည်။ ယခုတွင် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းက ငွေအမြောက်အမြားကို မြတ်နေသောကြောင့် သူ့ဖခင်က ငွေအများအပြားပို့နိုင်ခြင်းကို လီဟမ်ရှန်းက သံသယမဝင်တော့ပါချေ။

ငွေလက်မှတ်များကို လက်ခံပြီးသည့်နောက်တွင် လီဟမ်ရှန်းက ငွေသိန်းငါးဆယ်ပမာဏကို လုကျင်းမြို့က ချန်ချင်းကုန်သွယ်ရေးလုပ်ငန်းကို ပို့ဆောင်ကာ အကြွေးဆပ်ခဲ့သည်။ အချိန်အကြာကြီး အကြွေးတင်နေခြင်းမှာ မကောင်းလှပေ။

ယခုတွင် နောက်ထပ်အထုပ်တထုပ်က ရောက်ရှိနေပြန်ပြီ။ ဘယ်သူပို့လိုက်တာ ဖြစ်မလဲ။

လီဟမ်ရှန်းက အိမ်ရှေ့ခြံဝင်းထဲသို့ သွားလိုက်ကာ ခြံထဲရှိ ကျောက်စားပွဲပေါ်တွင် အထုပ်ကို တွေ့လိုက်သည်။

အထုပ်မှာ အနက်ရောင်စက္ကူစနှင့်ထုပ်ပိုးထားပြီး ရွှေကြိုးများနှင့်ချည်နှောင်ထားသဖြင့် ယခင်ကသူရရှိဖူးသော အထုပ်များနှင့် ကွာခြားနေခဲ့ပါသည်။

“သခင်လေး၊ ဒါက အဆင့်မြင့်ထုပ်ပိုးမှုပုံစံပဲ” ရှုခွေက အလေးအနက်ပြောလိုက်သည်။

“အနက်ရောင်သားရည်နဲ့ ရွှေကြိုးမျှင်တို့ရဲ့ သင်္ကေတက အတွင်းမှာပါတဲ့ ပစ္စည်းက အလွန်တရာကို တန်ဖိုးကြီးမားတယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။ ဒီလို အထုပ်မျိုးကို ပို့သပေးဖို့အတွက် စန်းယွမ်ပို့ဆောင်ရေးဌာနက အနည်းဆုံးမူလအဆင့်သုံးယောက်ကို အစောင့်အရှောက်အဖြစ်ထည့်ပေးရတယ်”

“အဲ့လောက်တောင်မှ တန်ဖိုးကြီးတာလား” လီဟမ်ရှန်းသည်လည်း အတော်လေးအံ့အားသင့်သွားခဲ့သည်။

အတွင်းက ပစ္စည်းက ဘယ်လောက်တောင်မှ တန်ဖိုးကြီးလွန်းလို့ မူလအဆင့်ဆရာသခင်သုံးယောက်တောင် စောင့်ရှောက်ပေးခဲ့ရတာလဲ။

သူက ရွှေကြိုးမျှင်ကို လျင်မြန်စွာ ဖြေလျော့လိုက်သည်။ အတွင်းတွင် လွန်စွာမာကျောလှသော သေတ္တာဘူးကို စမ်းမိသည်။ ထိုဘူး၏ သတ္တုမှာ လက်နက်ပြုလုပ်ရန်အတွက် လွန်စွာသင့်တော်လှသည်ဟု သူတွေးမိသွားခဲ့သည်။

ဘူးကို ဖွင့်လိုက်ရာ အတွင်း၌ စာတစောင်နှင့် နောက်ထပ် ဘူးအသေးလေးတဘူးကို တွေ့လိုက်ရ၏။

လီဟမ်ရှန်းက စာကို ထုတ်ယူလိုက်ပြီး စာပေါ်ရှိအမည်ကို မြင်သော် အနည်းငယ် အံ့ဩသွားခဲ့၏။

လုရှီရန်…

All Chapters