← Chapters

အခန်း (၂၄၆)

Vol. 22 Ch. 246

အခန်း (၂၄၆)

Vol. 22 Ch. 246

“ဂိုဏ်းချုပ်ပြန်လာပြီ”

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ စွမ်းအားကြီးကျင့်ကြံသူများအားလုံးမှာ စိတ်အားတက်ကြွကာ ပျော်ရွှင်သွားလေခဲ့သည်။

ဂိုဏ်းချုပ်ပြန်လာပါက အရာအားလုံးက တည်ငြိမ်သွားမည်ဖြစ်သည်။ သူတို့က ဆုမိသားစု၏ ပြသနာရှာမှုနှင့် ပတ်သက်ပြီး စိုးရိမ်နေစရာမလိုပါတော့ချေ။

လောရှောင်ချွမ်မှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ထောက်တိုင် ဘီလူးကြီးပင် ဖြစ်သည်။ သူသာ ရှိလျှင် မည်သည့်ပြသနာမဆို ရင်ဆိုင်နိုင်မည်ဟု သူတို့ ခံစားနေကြရသည်။

ထို့ကြောင့် လောရှောင်ချွမ်၏ ကောင်းကင်ပြောင်းလဲ ရွှေတုတ်တံပေါ်ထွက်လာသည့်အခိုက်တွင် ဆုမိသားစု၏ ကြောက်မက်ဖွယ်ကောင်းသည့်ဘိုးဘေး ဆုကျန်း၏ အရှေ့တွင်ပင် သူတို့အားလုံးက မကြောက်ရွံ့ကြတော့ချေ။

ထိုအဖြစ်ကြောင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှ လူများအားလုံးကို မတ်မတ်ရပ်ကာ စိတ်အားတက်ကြွသွားစေခဲ့ပါသည်။

ဆုကျန်း၏ အကြည့်မှာ ပတ်ဝန်းကျင်ကို အဆတ်မပြတ်အကဲခတ်နေဆဲပင်။

သို့သော် အချိန်တခုကြာသည်အထိ လောရှောင်ချွမ်က မပေါ်ထွက်လာသေးပါချေ။ သူ၏ ကောင်းကင်ပြောင်းလဲ ရွှေတုတ်တံကသာ မြေကြီးတွင် တဆတ်ဆတ်တုန်ရီနေဆဲသာ ဖြစ်၏။

(ကောင်းကင်ပြောင်းလဲ ရွှေတုတ်တံက စွန်းဝူခုန်းရဲ့ ရွှေတုတ်တံနဲ့ ပုံစံချင်း ဆင်တူပါတယ်)

“လောရှောင်ချွမ်က ဂိုဏ်းကို ပြန်မရောက်သေးတဲ့ပုံပဲ”

ဆုကျန်းက အေးအေးဆေးဆေးပြောလိုက်ပါသည်။

လူက ဂိုဏ်းကို ပြန်မရောက်သေးပေမယ့် သူ့လက်နက်က လေဟာနယ်ကို ဖြတ်ပြီး ပြန်ရောက်လာတာပဲ

အဲ့ဒါက ဘာအဓိပ္ပာယ်လဲ

ဆုမိသားစုအရှေ့မှာ အင်အားကို ထုတ်ပြတဲ့ အဓိပ္ပာယ်လား

“ဂိုဏ်းချုပ်က နှစ်ရက်အတွင်းမှာ ဂိုဏ်းကို ပြန်ရောက်မယ်။ ညီနောင်ဆုက ဒီနေ့ကိစ္စကို မကျေနပ်ဘူးဆိုရင် ကျုပ်တို့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ အနားယူတည်းခိုရင်း ဂိုဏ်းချုပ်ကို စောင့်ဆိုင်းလို့ရတယ်။ ဒီပြသနာကို ဂိုဏ်းချုပ်ပြန်လာပြီးမှ ဆုံးဖြတ်ချက်ချရမယ်လို့ ကျုပ်က အမိန့်ထုတ်တယ်”

“တကယ်လို့ ညီနောင်ဆုက စိတ်မရှည်ပဲနဲ့ ကိုယ့်အစွမ်းအစကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှေ့မှာ ထုတ်ပြချင်တယ်ဆိုရင်တော့ အဟက်…

“ကျုပ်ကလည်း ခင်ဗျားရဲ့ ဆန္ဒအတိုင်း ဖြည့်ဆည်းပေးရမှာပေါ့

ကျုပ် မလှုပ်ရှားပဲနေခဲ့တာကြာပြီဆိုတော့ ပုရွက်ဆိတ်တွေကတောင် နဂါးမင်းတက်လုပ်ချင်နေကြပြီပဲ။ ထွက် ကြည့် ရ သေး တာ ပေါ့”

ထိုအခိုက်တွင် ဆန်းကြယ်သော အသံတသံမှာ လေဟာနယ်ကို ဖြတ်ကာ ထွက်ပေါ်လာခဲ့၏။

လေထုမှာ ချက်ချင်းကို တင်းကြပ်လာပြီး လက်နှင့်ပင် ထိတွေ့၍ ရတော့မတက်ပင်။ အသံရှင်၏ ဆန်းကြယ်ကာ မောက်မာမှုများနှင့် ပြည့်နှက်နေသောအသံမှာ ပထမ တပိုင်းတွင် သာမန်အသံဖြစ်ပြီး သူ၏ စကားပြောဆိုမှုနောက်ပိုင်းရောက်လေလေ အသံမှာ ငရဲတွင်းထဲမှ မိစ္ဆာနတ်ဘုရား၏ အသံအလား အေးစက်ကာ ကြောက်ရွံ့ဖွယ်ကောင်းလောက်အောင် ပြောင်းလဲသွားတော့သည်။

သာမန်တပည့်များနှင့် သာမန်မိသားစုများမှာ ဆီးအိမ်များပင် မခိုင်ကြတော့ပေ။ အချို့သောသူများဆိုလျှင် ဘောင်းဘီများပင် စိုစွတ်လာတော့သည်။ အမျိုးသမီးတပည့်များဆိုလျှင် မျက်ရည်များပင် ကျနေခဲ့ချေပြီ။

ထိုအသံမှာ မရင်းနှီးလှသောကြောင့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရှိ တောင်သခင်၃၆ပါးလုံးပင်လျှင် ထိုအသံကို မကြားဖူးကြပေ။

သူတို့က တယောက်မျက်နှာကို တယောက်ကြည့်ရင်းနှင့် ဘယ်သူကများ ပြောလိုက်တာလဲဆိုသည်ကို သိချင်နေကြသည်။ အသံပိုင်ရှင်မှာ သူတို့နှင့် မရင်းနှီးပေ။

သို့သော် ထိုပုဂ္ဂိုလ်၏ အသံထွက်ပေါ်လာသည်နှင့် ဆုကျန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့တော့သည်။ လွန်မင်းစွာကြောက်မက်ဖွယ်ရာကောင်းလွန်းလှသော အိပ်မက်ဆိုးကြီးကို ကြုံတွေ့လိုက်ရသည့်အလား၊ ကြောက်ရွံ့တုန်လှုပ်မှုခံစားချက်အဖုံဖုံတို့မှာ ဆုကျန်း၏ မျက်ဝန်းများထက်တွင် အဆက်မပြတ်ကို ဖြတ်ပြေးသွားခဲ့ပါတော့သည်။

‘lee lee lee leee’

‘ငါတော့ သေတော့မယ် ငါသေတော့မှာပဲ’

ဆုကျန်းမှာ သေလောက်အောင် ကြောက်လန့်နေခဲ့ပြီ

“မလိုတော့ပါဘူး။ ကျုပ်ပြန်ပါပြီ”

နောက်ထပ် စကားများများထပ်ပြောမနေပဲ ဆုကျန်းက ဆုရှန်းချီကို ဆွဲကာ ကောင်းကင်ထက်မှ တိမ်များအပေါ်သို့ချက်ချင်းခုန်တက်ကာ အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

ဘာတွေဖြစ်သွားတာလဲဆိုတာကိုတော့ ဆုရှန်းချီက လုံးဝကို နားမလည်ခဲ့ပါချေ။ သူ၏ စတုတ္ထအဖိုးလေးက ဘာလို့ သူ့ကို ခေါ်ကာ ရုတ်တရက်ပြန်ခဲ့ရတာလဲ

ထိုအဖြစ်ကြောင့် လူတိုင်းမှာ ထိတ်လန့်နေခဲ့ရပြီ

ဘာတွေဖြစ်ကုန်တာလဲ

အသံပိုင်ရှင်က ဘယ်သူလဲ

အသံကိုကြားလိုက်တာနဲ့ ဆုကျန်းက ဘာလို့ အဲ့သလောက်တောင်မှ ကြောက်လန့်ပြီး ချက်ချင်းကို ပြန်ပြေးသွားခဲ့ရတာလဲ။

“မိတ်ဆွေတို့ ဒီနေ့ဖြစ်ပျက်သွားခဲ့တာတွေအတွက် ကျုပ်တို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက စိတ်မကောင်းပါဘူး။ ဒီနေ့ရဲ့ လက်ဖက်ရည်သောက်အခမ်းအနားကတော့ ဆက်ကျင်းပလို့ မရတော့တာကို အားနာမိပါတယ်”

ကျိုးထျဲနန်က ရှေ့သို့ တလှမ်းတိုးကာ ပြောလိုက်သည်။

“ကျုပ်တို့ရဲ့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ တညအနားယူပြီးတော့မှပဲ မနက်မိုးလင်းမှ ပြန်လိုက်ကြပါ”

“မနေတော့ပါဘူး အကြီးအကဲကျိုး။ ခင်ဗျားတို့ဂိုဏ်းမှာ ရှင်းစရာအခြေအနေတွေ ရှိနေမှတော့ ကျုပ်တို့က အလုပ်ဆက်မရှုပ်စေချင်တော့ပါဘူး။ ကျုပ်တို့အရင်ဆုံး ပြန်လိုက်ကြပါဦးမယ်”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ကျုပ်တို့မိသားစုမှာလည်း ဖြေရှင်းစရာကိစ္စလေးတွေရှိတာမို့ စောစောပြန်ပြီး သွားဖြေရှင်းလိုက်ပါဦးမယ်” နောက်ထပ်မိသားစု ခေါင်းဆောင်တဦးကလည်း ရှေ့သို့တိုးလာပြီးနောက်တွင် ယဉ်ကျေးစွာ ပြောလိုက်ပါသည်။

သူတို့က အဆိပ်မိပြီး ကံကောင်းလို့မသေခဲ့သည့်တိုင် မကျေနပ်သည့် လေသံတသံမှ မထွက်ရဲပါချေ။

သူတို့က အမှန်တကယ်ကို အဆိပ်မိခဲ့မည်ဆိုလျှင်တောင် ဘယ်သူကကော ရူးနှမ်းပြီးတော့ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းကို လက်တုန့်ပြန်ရဲမှာလဲ။

လူတိုင်းက ထိုစကားများမှာ ယဉ်ကျေးသော အသုံးအနှုန်းများကိုသာ အသုံးပြုနေမှန်းကို သိကြသည့်တိုင် ခပ်မြန်မြန်ရှေ့ထွက်ပြီး ပြောလိုက်ကြပါသည်။

ထိုမတော်တဆဖြစ်ရပ်ကြောင့် ငြိမ်းချမ်းတော့မည် မဟုတ်မှန်းကို လူတိုင်းက ရိပ်မ်ိကြပါသည်။ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အခမ်းအနားနေ့တွင် တစုံတယောက်က အဆိပ်ခပ်ခဲ့သည်။ ထိုတရားခံကို ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက မြေလှန်ကာ ရှာဖွေပေတော့မည်။

“အားနာမိပါတယ်” ကျိုးထျဲနန်က အရိုအသေပေးကာ တောင်းပန်နေခဲ့၏။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ဧည့်သည်များကို ရိုသေစွာ ပြန်ပို့ပြီးနောက်တွင် ကျိုးထျဲနန်၏ မျက်နှာအမူအရာမှာ အဆိုးရွားဆုံးဖြစ်သွားခဲ့တော့သည်။

သူ၏ မူလအစီအစဉ်မှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ ခွန်အားကို ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ်ဖြင့် ပြသဖို့စီစဉ်ထားခြင်းဖြစ်သည်။

ယခုလိုမျိုး ဆုမိသားစုက ပြသနာလာရှာရုံတင်မကပဲ အဆိပ်ခပ်သည့်ဖြစ်ရပ်မျိုးပါ ဖြစ်ပျက်လိမ့်မည်ဟု သူလုံးဝကို မထင်ထားခဲ့မိပါချေ။

ထိုအဖြစ်အပျက်များမှာ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ မျက်နှာကို အကြိမ်ကြိမ်ဖြတ်ရိုက်ပြီး တံတွေးနှင့် ထွေးလိုက်သည့်အလားပင်။

“ပိုက်စိပ်တိုက်ပြီး ရှာကြစမ်း။ တယောက်မှ မလွတ်စေနဲ့”

ကျိုးထျဲနန်က ဒေါသတကြီးနှင့် အော်ဟစ်လိုက်သည်။

“ဝူဝမ်ရင် မင်းက စည်းကမ်းထိန်းသိမ်းရေးခန်းမက အဖွဲ့ကို ဦးဆောင်ပြီး စစ်ဆေးစမ်း။ တခြားတောင်က တောင်သခင်တွေ.. ကိုယ့်တောင်ကိုယ် စစ်ဆေးကြစမ်း။ အထူးသဖြင့် သတ်ဖြတ်သူတသောင်းတောင်ကို သေချာစစ်ဆေးကြစမ်း”

လက်ရှိအချိန်၌ ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံး၏ လေထုမှာ အပြင်းအထန်ကိုပင် တင်းကြပ်ကာ လေးလံနေခဲ့တော့သည်။

ယခုပုံစံအရတော့ ယနေ့တွင် ကျိုးထျဲနန်မှာ ထာဝရရှင်သန်ခြင်းဂိုဏ်းမှ သူလျို ရွှဲ့ယီ၏ သရုပ်မှန်ကို မပေါ်ပေါ်အောင် ရှာတော့မည့်အလားပင်။

“အကြီးအကဲကျိုးက တော်တော်လေးကို ဒေါသထွက်နေတာပဲ”

လီကျင်စုန့်က သူ့နံဘေးရှိ လီဟမ်ရှန်းကို ပြောလိုက်သည်။

“ဂိုဏ်းချုပ်က နှစ်ရက်အတွင်း ပြန်ရောက်လာမယ်လို့ မမျှော်လင့်ထားခဲ့မိဘူး။ အဲ့ဒါလည်း ကောင်းပါတယ်။ ထာဝရရှင်သန်ခြင်းဂိုဏ်းက သူလျိုကို ငါတို့ ရှာမတွေ့ခဲ့ရင်တောင်မှ ဂိုဏ်းချုပ် ရောက်လာရင် ငါတို့တွေ အေးအေးဆေးဆေး ရှာတွေ့ပြီ”

“ဂိုဏ်းချုပ်ပြန်လာရင် တကယ်ပဲ သူလျိုကို ရှာတွေ့မှာလား” လီဟမ်ရှန်းက လီကျင်စုန့်ကို မော့ကြည့်ကာ မေးလိုက်သည်။

“ဂိုဏ်းချုပ်က တကယ်ကို မိုက်တာပဲ။ ဒီနေ့ လူက ဂိုဏ်းထဲမှာ မရှိတာတောင်မှ သူ့လက်နက်ကို လွှတ်ပြီးတော့ အခြေအနေတွေကို ထိန်းချုပ်ပစ်လိုက်တယ်”

သူက တကယ့်ကို စွမ်းအားကြီးမားသည့်လူပင်ဖြစ်သည်။

“ဂိုဏ်းချုပ်ရဲ့ စွမ်းအားတွေက သာမန်လူတယောက်နားလည်နိုင်မယ့်အရာမျိုးမဟုတ်ဘူး။ ဂိုဏ်းချုပ်သာပြန်လာရင် သူလျိုက ဘယ်လိုပုန်းပုန်း လွတ်နိုင်မှာ မဟုတ်ဘူး” လီကျင်စုန့်က ယုံကြည်မှုရှိစွာ ပြောလိုက်သည်။

လီကျင်စုန့်ပင်လျှင် လောရှောင်ချွမ်အား အတော်လေး လေးစားသည့်ပုံရှိသည်။

“ခန်းမသခင်လီ၊ ခုနတုန်းက စကားပြောလိုက်တဲ့အကြီးအကဲက ဘယ်သူများလဲ။ ဆုကျန်းကတောင် သူ့အသံကြားတာနဲ့ အတော်လေးကို ကြောက်လန့်သွားခဲ့တာ”

လီဟမ်ရှန်းက မေးလိုက်သည်။

“သူက ငါတို့ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းရဲ့ ဘိုးဘေးကြီးလေ။”

လီကျင်စုန့်က အေးဆေးတည်ငြိမ်စွာပြောသည်။

“ဒါပေမယ့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက လူတော်တော်များများက ဘိုးဘေးကိုကော ဘိုးဘေးရဲ့ တချိန်က ကြမ်းခဲ့ရမ်းခဲ့တဲ့ ဒဏ္ဍာရီတွေကိုကောပါ မေ့သွားခဲ့ပြီ။ တော်တော်များများက နောက်မှရောက်လာကြလို့ ဘိုးဘေးကြီးကိုတောင် မသိကြဘူးလေ”

“ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းမှာ ဘိုးဘေးရှိတာလား”

လီဟမ်ရှန်းမှာ ထိုအရာကို သိလိုက်ရသောကြောင့် အတော်လေးကို အံ့အားသင့်သွားခဲ့သည်။

“ဟုတ်တယ် အကြီးအကဲအစည်းအရုံးက ဘိုးဘေးရဲ့ အမိန့်ကို တိုက်ရိုက်လိုက်နာကြတယ်။ အဲ့လိုမှမဟုတ်ရင် မူလအဆင့်ပဲရှိတဲ့ အကြီးအကဲတွေက ဒုဂိုဏ်းချုပ်ကို ဘယ်လိုဖြစ်ပြီး အမိန့်ပေးနိုင်မှာလဲ”

လီကျင်စုန့်က ပြုံးလိုက်သည်။ ဆုမိသားစုက ဆုကျန်းတောင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းက ဘိုးဘေးက အခုထိ ရှိနေတုန်းဆိုတာကို မသိခဲ့တာဖြစ်မယ်။

ဒါပေမယ့် ဒီနေ့ကစပြီး ဒီသတင်းက လျို့ဝှက်ချက်မဟုတ်တော့ပဲ ပျံ့သွားတော့မှာပဲ

လီဟမ်ရှန်းမှာ ယခုထက်ထိပင် ထိတ်လန့်နေဆဲပင် ဖြစ်သည်။

သူက တိုက်ရိုက်တပည့်ဖြစ်လာပြီးသည့်နောက်ပိုင်းတွင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းနှင့် ပတ်သက်ပြီး အလုံးစုံသိမြင်နေခဲ့ပြီးဟု ထင်နေခဲ့ပါသည်။

ဒါပေမယ့် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတွင် ဆန်းကြယ်သော ဘိုးဘေးကြီး ရှိနေမည်ဟု သူလုံးဝကို မထင်ထားခဲ့မိပါချေ။

ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်း၏ အင်အားမှာ တကယ့်ကို အကန့်အသက်မဲ့လွန်းလှပါသည်။

ယနေ့တွင် ထိုဆန်းကြယ်သည့်အကြီးအကဲဘိုးဘေးက ဝင်မပါခဲ့လျှင်တောင်မှ ဂိုဏ်းးချုပ်၏ ရွှေတောင်ဝှေးနဲ့ပင် ဆုကျန်းကို ပြန်ဆုတ်ခွာသွားစေလိမ့်မည်ဖြစ်သည်။

All Chapters