အခန်း (၂၄၇)
Vol. 22 Ch. 247
လက်တလောတွင် ရှေးဟောင်းတာအိုတောင်တန်းဂိုဏ်းတခုလုံးမှာ တင်းကြပ်စွာစစ်ဆေးမှုများပြုလုပ်နေခြင်းကြောင့် ဂိုဏ်းရှိလူတိုင်းမှာ ရင်တထိတ်ထိတ်နှင့်ရှိနေကြရသည်။
ယန်ထျန်းထျန်းနှင့် ကျိုးကျွင်းပင်လျှင် မူဟိုင်ဖုန်းရှိ တပည့်များကို စစ်ဆေးရန်အတွက် တာဝန်ပေးခြင်းကို ခံခဲ့ရလေသည်။ ဘယ်တပည့်က သင်းပျံ့လက်ဖက်ခြောက်ကို ထိတွေ့ရန်အတွက် အခွင့်အရေးရှိနိုင်လဲဆိုသည်ကို ပြင်းပြင်းထန်ထန် စစ်ဆေးရန်ဖြစ်သည်။
လီဟမ်ရှန်းကလည်း စစ်ဆေးမှုတွင် ကူညီချင်ခဲ့သော်လည်း လီကျင်စုန့်က တားဆီးခဲ့သည်။ လီကျင်စုန့်က သူ့အား မျောလွင့်ပုံရိပ်ခန်းမ (သို့) ချင်ကျူးတောင်တွင်သာ အေးအေးဆေးဆေးနေရန်ပြောခဲ့ပြီး ထိုစုံစမ်းမှုတွင် ဝင်မပါစေခိုင်းခဲ့ပေ။
လီဟမ်ရှန်းကလည်း သဘောတူစွာနှင့် ခေါင်းညိတ်ခဲ့ပါသည်။
သတ်ဖြတ်သူတသောင်းတောင်ထိပ်မှ တပည့်များမှာ အဓိက သံသယရှိသူများဖြစ်နေတော့၏။
လီဟမ်ရှန်းက လီကျင်စုန့်နှင့်အတူတူ မျောလွင့်ပုံရိပ်ခန်းမသို့ ပြန်လာခဲ့သည်။ ထိုသို့အရောက်တွင် လီကျင်စုန့်က ဝိဉာဉ်စုပ်မြက်အဆိပ်နှင့်ပတ်သက်ပြီးရေးသားထားသည့် စာများကို လီဟမ်ရှန်းဖတ်ရှုရန်အတွက် ရှာဖွေပေးလိုက်လေသည်။
သဘာဝအတိုင်းပင် လီဟမ်ရှန်းကလည်း ရွှဲ့ယီ ကို ရှာဖွေချင်မိသည်။
သူ့ကို ရှာမတွေ့ပါက သူ၏ လုံခြုံမှုကို ပြသနာဖြစ်စေလိမ့်မည်။
ထိုစိတ်ပူပန်မှုမှာ လီကျင်စုန့်ပေးသော ဝိဉာဉ်စုပ်မြက်နှင့် ပတ်သက်သည့် အကြောင်းအရာများကို မဖတ်ရှုခင်အချိန်အထိ ဖြစ်သည်။ ဝိဉာဉ်စုပ်မြက်၏ သဘာဝကို ဖတ်ရှုပြီးသည့်အချိန်တွင် သူက တစုံတဦးကို ချက်ချင်းကိုပင် သတိရသွားခဲ့ပါသည်။
‘သူများ ဖြစ်နေမလား’
‘မဖြစ်ရဘူး’
“ခန်းမသခင်လီ ကျွန်တော်အရင်ပြန်နှင့်မယ်”
လီဟမ်ရှန်းက စာအုပ်ကို အမြန်ပစ်ချကာ ဒရောသောပါး ပြေးထွက်ခဲ့ပါသည်။
သူ၏ စိတ်ထဲ၌ သံသယဝင်ခဲ့မိသည့်တိုင်အောင် လီဟမ်ရှန်းက သက်သေမရှိပဲနှင့်တော့ စွပ်စွဲလို့ မဖြစ်ပါချေ။
ချင်ကျူးတောင်တွင် လီဟမ်ရှန်းက သူ၏ ကျင့်ကြံမှုကို ဘာမှမဖြစ်ခဲ့သည့်အလားပင် ပြန်လည်စတင်လိုက်သည်။
နာရီဝက်ခန့်ကျင့်ကြံပြီးသည့်အချိန်တွင် ရှုခွေက ရောက်လာခဲ့ပြီး သတင်းပို့လေသည်။
“ဝူစန်းထောင် ရောက်နေပြီ”
“ရောက်ပြီပေါ့”
လီဟမ်ရှန်းက ခေါင်းညိတ်ပြကာ ဝူစန်းထောင်အား ဝင်ခွင့်ပြုလိုက်ပါသည်။
“အကိုလီ”
ဝူစန်းထောင်က ဝင်လာပြီးနောက်တွင် လီဟမ်ရှန်း၏ အမူအရာကောင်းမနေသည်ကို မြင်လိုက်သောကြောင့် မေးလိုက်သည်။
“ဒီနေ့အဆိပ်ခပ်တဲ့ အဖြစ်အပျက်ဖြစ်သွားတာကြောင့်လား”
“ဟုတ်တယ် ကောင်းမွန်တဲ့ဂုဏ်ပြုပွဲက အခုလိုဖြစ်သွားရတယ်ကွာ”
လီဟမ်ရှန်းက ပေါ့ပါးစွာပြောလိုက်သည်။
“ဂျူနီယာညီလေးဝူ၊ မင်းတခုခုကို လိုအပ်လို့လား”
လီဟမ်ရှန်းက သိလိုစွာနှင့် မေးလိုက်သည်။
“ရှယွဲ့ယွဲ့ရဲ့ ကိစ္စကြောင့်ပါ။ ကျွန်တော်ကြားထားတာရှိလို့ အကိုလီ့ကို လာအကြောင်းကြားတာ။ အကိုလီရဲ့ စိတ်အခြေအနေက မကောင်းမှတော့ ကျွန်တော်နောက်နေ့မှပဲ ပြန်လာခဲ့မယ်လေ”
ဝူစန်းထောင်က အလျင်အမြန်ပင် ပြောလိုက်ပါသည်။
“ငါ့ကိုပြော” လီဟမ်ရှန်းက စိတ်မထိန်းနိုင်ပဲနှင့် မေးခဲ့သည်။
“ရှယွဲ့ယွဲ့က ဘာဖြစ်နေပြန်တာလဲ။ ရှမိသားစုသည် ချန်ချင်းကုန်သွယ်ရေးလုပ်ငန်း၏ လက်ဖက်ခြောက်ကိုယ်စားလှယ် ဖြစ်နေပြီဆိုမှတော့ ပြသနာတခုခုတက်စရာတော့မရှိဘူးမို့လား။ အခုက ပြသနာတက်နေပြန်လို့လား”
ထိုကဲ့သို့သော ဖြစ်နိုင်စရာတော့ မရှိပါချေ။
ဒါမှမဟုတ် ရှုမိသားစုက ထမွှေတာများလား
“မဟုတ်ပါဘူး” ဝူစန်းထောင်က ရယ်မောလိုက်လေ၏။
“အကိုနန်ဟောင်ဖေးက တပည့်အချို့ကို ခေါ်သွားပြီး အရင်ရက်တွေတုန်းက ဝမ်အန်းမြို့ကို ဆင်းချသွားတယ်လေ။ ပြီးတော့ ရှုမိသားစုက လူတွေအားလုံးကို ဒုက္ခိတဖြစ်အောင် လုပ်ပစ်လိုက်တယ်။ ရှုလုံက အရိုက်ခံထားရတယ်။ သူ့သား ရှုချင်းကျူးရဲ့ လက်နှစ်ဖက်လဲ အလိမ်ချိုးခံလိုက်ရတယ်။ အခြေအနေတွေက အရမ်းတွေကို ဆိုးရွားနေခဲ့တာပဲ”
“ဟင်”
လီဟမ်ရှန်းက အံ့အားသင့်သွားခဲ့သည်။
“ဘာလို့လဲ နန်ဟောင်ဖေးက ရှုမိသားစုနဲ့ ဘာရန်ငြိုးရန်စတွေ ရှိလို့ အဲ့လောက်အထိ လုပ်ပစ်ရတာလဲ”
“ဟီးဟီး” ဝူစန်းထောင်က ရယ်မောလိုက်ပါသည်။ “ကြည့်ရတာတော့ အကိုလီက ဒီကိစ္စကို မသိသေးတဲ့ပုံပဲ။ နန်ဟောင်ဖေးက အကိုလီနဲ့ လောင်းကြေးရှုံးသွားပြီးတော့ သူက သတ်ဖြတ်သူတသောင်းတောင်ထိပ်မှာ တလလုံး ရေသွားသယ်နေတယ်လေ။
ဒါပေမယ့် နန်ဟောင်ဖေးက အသေအချာအတိအကျကို လုပ်ချင်တာကြောင့် သူ့ရဲ့ မျက်နှာကို မျက်နှာဖုံးဝတ်ပြီးတော့ ရုပ်ဖျက်ခဲ့တယ်။
သတ်ဖြတ်သူတသောင်းတောင်ထိပ်ကို အခုမှ ဝင်လာတဲ့ အစေခံတပည့်လိုမျိုး ဟန်ဆောင်ခဲ့တာပေါ့။ သတ်ဖြတ်သူတသောင်းတောင်ထိပ်က အစေခံတပည့်တယောက်ရဲ့ ဘဝက ဘယ်လိုမျိုးလဲဆိုတာကို အပြည့်အဝသိရအောင်ကို သူက ကြံစည်ခဲ့တယ်လေ”
“အကိုလီ ခန့်မှန်းမိမှာပါ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တွေက တပည့်အသစ်အဖြစ် ရုပ်ဖျက်ထားတဲ့ နန်ဟောင်ဖေးကို နေ့တိုင်းနှိပ်စက်တယ်လေ။ နန်ဟောင်ဖေးက သည်းမခံနိုင်လို့ အကုန်လုံးကို ရိုက်သတ်မလို့ပဲ။ ဒါပေမယ့် သူ့ရဲ့ ရည်ရွယ်ချက်ကို အပျောက်မခံပဲနဲ့ အံကြိတ်ပြီးတော့ အစေခံတပည့်အဖြစ်နဲ့ သည်းခံခဲ့တယ်။ အဲ့ဒီ့အချိန်တုန်းက သူက ဒီလိုမျိုးတောင် ပြောခဲ့သေးတာ ‘ လီဟမ်ရှန်းတောင်မှ ဒီဘဝမှာ ရအောင်နေခဲ့သေးတာပဲ၊ ငါက ဘာလို့ မနေနိုင်ရမှာလဲ’
“အဲ့ဒီ့အချိန်မှ ရှယွဲ့ယွဲ့နဲ့ တွေ့လိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ ရှယွဲ့ယွဲ့က သူ့ကို အသစ်ရောက်လာတဲ့ ဂျူနီယာမောင်လေးလို့ထင်ပြီး သူများတွေထက်ကို ပိုဂရုစိုက်ပေးခဲ့တယ်လေ။ နန်ဟောင်ဖေးက သူ့ဘဝရဲ့ အမှောင်မိုက်ဆုံးအချိန်တွေကို ရောက်နေတဲ့အချိန်မှာ ရှယွဲ့ယွဲ့က သူ့ကို မျှော်လင့်ချက်တွေကို ပေးခဲ့တယ်လေ။
“တော်ပြီ တော်ပြီ” လီဟမ်ရှန်းက ထိုဝတ္ထုဆန်သော အချစ်ဇာတ်လမ်းကို ဆက်လက်၍ မကြားလိုတော့ပါချေ။
“အဲ့ဒီ့တော့ နန်ဟောင်ဖေးက ရှယွဲ့ယွဲ့ကို ချစ်မိသွားတယ်။ အဲ့ဒါကြောင့် ရှမိသားစုကို ခက်ခဲအောင် လုပ်ခဲ့တဲ့ ရှုမိသားစုကို တပည့်တွေခေါ်ပြီးတော့ ပညာသွားပြတာပေါ့ ဟုတ်လား”
“ဟုတ်ပါတယ်” ဝူစန်းထောင်က ပြန်ဖြေလိုက်ပါသည်။
“ဒီ နန်ဟောင်ဖေးကတော့ ကလေးကျနေတာပဲ” လီဟမ်ရှန်းက ရယ်မောလိုက်ပါသည်။
ဒါပေမယ့် ထို နန်ဟောင်ဖေးက ရှယွဲ့ယွဲ့ကို ချစ်မြတ်နိုးသွားခြင်းမှာ လီဟမ်ရှန်းမထင်ထားသော ကိစ္စရပ်ပင်ဖြစ်သည်။
လူတိုင်းကို နှိမ့်ချကာ ရှုမြင်တတ်သည့် မင်းသားလေးက ချစ်မိသွားတယ်တဲ့
“ကောင်းပြီ ငါနားလည်ပြီ” လီဟမ်ရှန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါနဲ့ မူဟိုင်ဖုန်းတောင်က ဒီနေ့ အစစ်အဆေးလုပ်တဲ့နေ့မဟုတ်လား။ မင်းအစစ်ဆေးခံပြီးသွားပြီလား” လီဟမ်ရှန်းက သိချင်သောကြောင့် မေးလိုက်ပါသည်။
“အစစ်ဆေးခံပြီးပါပြီ၊ အကိုကျိုးကျွင်းက စစ်ဆေးခဲ့တာပါ”
ဝူစန်းထောင်က ရယ်မောလိုက်သည်။ တကယ်တော့လေ ကျွန်တော်တို့ မူဟိုင်ဖုန်းက တပည့်တွေကို စစ်ဆေးစရာကို မလိုတာ၊ ကျွန်တော်တို့က အကုန်လုံးရှင်းပြီသား။ ကျွန်တော်တို့တွေက လက်ဖက်ခြောက်ကိုကော စိတ်ဝိဉာဉ်ရေကိုပါ ထိကိုင်ဖို့ အခွင့်မရှိနေခဲ့ဘူးလေ။
ဒီနေ့ ဧည့်သည်တွေကို ဧည့်ခံရတာက ကျွန်တော်တို့တောင်က တပည့်တွေဖြစ်ပေမယ့် ရေနွေးထည့်ပေး၊ လက်ဖက်ခြောက်ခပ်ပေးတဲ့ တပည့်တွေက လုပ်တာမဟုတ်မှန်း သေချာနေတယ်လေ။ အဲ့ဒါကြောင့် ကျွန်တော်တို့တောင်က သံသယအဝင်မခံရဘူး”
“ဒါပေမယ့် သတ်ဖြတ်သူတသောင်းတောင်ထိပ်က တပည့်တွေကတော့ ပြသနာတက်နေပြီ။ သတ်ဖြတ်သူတသောင်းတောင်ထိပ်က ဂိုထောင်မှာ လက်ဖက်ခြောက်တွေကို လှောင်ထားခဲ့တာကိုး၊ သူတို့ကို စစ်ဆေးတာကတော့ တော်တော်လေးကြမ်းတယ်။ တပည့်တွေကော၊ အကြီးအကဲတွေကော အားလုံးက အစစ်အဆေးခံခဲ့ရတယ်။
ဝူစန်းထောင်က ဆန်းကြယ်သောအပြုံးနှင့် ဆက်ပြောသည်။
“ကျွန်တော်ဒီကို လာတုန်းမှာ သိခဲ့ကြားခဲ့ရတာတွေ ရှိတယ်။ လောလောဆယ်မှာ သူလျိုကို ရှာမတွေ့သေးပေမယ့် အလွဲသုံးစားလုပ်ထားတာတွေအများကြီးကို စစ်ဆေးတွေ့ခဲ့ရတယ်လို့ ကြားခဲ့တယ်ဗျ။”
“သူတို့တွေရဲ့ နေအိမ်တွေမှာ အသင့်စားစားသောက်ကုန်တွေနဲ့ သင်းပျံ့လက်ဖက်ရွက်တွေကို ရှာတွေ့ခဲ့တယ်တဲ့။ အဲ့ကိစ္စကို အခု ပြင်းပြင်းထန်ထန်ကိုင်တွယ်နေကြတယ်”