အနှိုင်းမဲ့ ပါရမီရှင်
Vol. 1 Ch. 1
ဤကမ္ဘာကြီးတွင် ငွေဇွန်းကိုက်ပြီး မွေးဖွားလာခဲ့သူများ ပြတ်တောက်မှု မရှိခဲ့ပေ။
၀မ်လင်းက ထိုလူများ အထဲမှ တစ်ယောက်ဟု ဆိုရမည်။
ထို့အပြင် ၀မ်လင်းက ထိုကဲ့သို့သော လူအများထဲတွင် ပို၍ စွမ်းအား ကြီးမားစွာ မွေးဖွားလာသည့် လူတစ်ယောက် ဖြစ်၏။
ရှင်းလင်းစွာဆိုရလျှင် သူ၏ မွေးဖွားမှုက လူအဖွဲ့အစည်း တစ်ခုလုံးကိုပင် ပြောင်းလဲ သွားစေနိုင်သည် အထိပင်။
ရိုးရှင်းစွာ အလှဆင်ထားသော တိုက်ခန်းထဲတွင် ဝမ်မောင်နှံက မျက်နှာထက်တွင် ချစ်ခင်ဖွယ် အပြုံးကို ဆင်မြန်းကာ ကလေးလှည်းကို လှုပ်ခါ၍ ချော့မြူနေသည်။
"ကျမတို့ရဲ့ သားလေးက မျက်စိတစ်မှိတ်အတွင်းမှာ ဒီလောက်ထိ ထွားလာမယ်လို့ မထင်ထားခဲ့ဘူး"
" မိန်းမ ပြောတာ အမှန်ပဲ.. ဒါနဲ့ ဒီနေ့က ငါတို့ လင်းလင်းလေးရဲ့မွေးနေ့ မဟုတ်လား"
"အချစ်ရေ.. ရှင် လက်ဆောင်တစ်ခုခု စီစဥ်ခဲ့သေးလား"
"စီစဥ်ခဲ့တာပေါ့"
လူလတ်ပိုင်းအရွယ် ယောကျာ်းတစ်ယောက်က သူ၏ခါးတွင် ချိတ်ထားသည့် ရှည်လျားပြီး တလက်လက် တောက်ပနေသော စိတ်၀ိညာဥ် ရတနာ လက်နက်ကို ဆွဲထုတ်လိုက်သည်။
သူ၏အပြုအမူက နံဘေးတွင်ရှိနေသည့် သတ်လတ်ပိုင်း အရွယ် အမျိုးသမီးကို အံအားသင့်စေခဲ့သည်။
တလက်လက် တောက်ပပြီး စွမ်းအားကြီးပုံရသည့် ရတနာလက်နက်ကို ကြည်ရင်း သတ်လတ်ပိုင်း အမျိုးသမီးက ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့ရသည်။
"အဲဒါက ဘာကြီးလဲ"
"ဒါက ဂျင်ဒန်အဆင့် နတ်ဆိုးသတ်ဓားဘဲ"
ထိုစကားကိုပြောနေသည့် ဖေဖေဝမ်ကို ကြည့်ရသည်မှာ သူကိုယ်သူ အလွန် ဂုဏ်ယူနေပုံရသည်။
" ငါတို့ လင်းလင်းလေး အတွက် ဒီလက်ဆောင်ကို ဝယ်ဖို့ နှစ်ဝက်လောက်အထိ ငွေစုခဲ့ရတယ်.. အခုအချိန်အထိ ငါတိုရဲ့ ၀မ်မိသားစုထဲမှာ တစ်ယောက်မှ ရွှေအမြူတေအဆင့်ထိ မရောက်နိုင်ခဲ့ဘူး.. သူက ငါတို့မိသားစုရဲ့ မျှော်လင့်ချက် ဖြစ်လာမယ်လို့ ငါမျှော်လင့်ထားတယ်"
"ဒီလူကြီးက ငါရဲ့ခေါင်းအုံးဘေးနားမှာ ဒီရုပ်ဆိုးဆိုးဓားကို ထားခဲ့တဲ့ အပြင် ဒီဓားက ငါ့ကို နတ်ဆိုးတွေရန်က ကာကွယ်ပေးနိုင်တယ် လို့တောင် ဂုဏ်ယူပြီး ပြောလိုက်သေးတယ်"
ဝမ်လင်းက တအံ့တသြ ရေရွတ်လိုက်သည်။
ထို့နောက်တွင် ဝမ်လင်း၏ မျက်နှာက ရုတ်တရက် တည်ငြိမ်သွားခဲ့ပြီး လူကြီးတစ်ယောက်၏လက် လေးပုံတစ်ပုံလောက်သာ ရှိသည့် သူ၏လက်ပိစိလေးအား ဓားလက်ကိုင်ဆီသို့ တိုက်ရိုက် ဆန့်ထုတ်လိုက်သည်။
ယင်းနောက်တွင် နတ်ဆိုးဓားကို မြေပြင်နှင့် နှစ်ချက်မျှ ကိုင်ရိုက်ပြီး တိုက်ရိုက် ချိုးဖျက်ပစ်လိုက်သည်။
ယင်းအချိန်တွင် ဝမ်လင်းက တစ်နှစ်သားသာ ရှိသေးသည်။
ထိုတစ်နှစ်သား အရွယ်ကပင် သူ၏ လက်ပိစိလေးဖြင့် နတ်ဆိုးဓားအား ဖျက်ဆီးခဲ့သည်။
နတ်ဆိုးဓား ပျက်စီးသွားသည့် နောက်တွင် ဝမ်မောင်နှံက ရာဖြတ်ကြီးကြပ်ရေးရုံးသို့ တိုက်ရိုက် တိုင်ကြားချက် ဖွင့်ခဲ့ပြီး အကျင့် မကောင်းသော ကုန်သည်များက စိတ်၀ိညာဥ် လက်နက်အတုကို ဂျင်းထည့်သွားသည်ဟု ဆိုကာ ဖြေရှင်းချက် တစ်ခုကို တောင်းခံခဲ့ကြသည်။
ဆိုရလျှင် ကလေးတစ်ယောက်က အစစ်အမှန် ဂျင်ဒန်အဆင့်နတ်ဆိုးသတ်ဓားကို မည်သည့်နည်းနှင့်မျှ လက်တစ်ဖက်ဖြင့် ဖျက်ဆီးနိုင်မည် မဟုတ်ဟု သူ့မိဘများက ယုံကြည်ခဲ့ကြ၏။
ထို့ကြောင့်ပင် သူ့မိဘများက နတ်ဆိုးသတ်ဓားအတုကို ဝယ်လာမိသည်ဟု ထင်မှတ်ခဲ့ခြင်းပင်။
ဝမ်လင်းသုံးနှစ် မပြည့်ခင်ကလည်း သစ်သားဓားကိုကျွမ်းကျင်စွာ စီးနင်း နေသည်ကို ဝမ်မောင်နှံက မြင်ခဲ့ရသည်။
ဒီနောက်တွင်တော့ သူတို့ လင်မယား၏ စိတ်ထဲတွင်
"အကယ်၍ ငါတို့ ဝယ်ခဲ့တဲ့ နတ်ဆိုးသတ်ဓားသာ အတု မဟုတ်ခဲ့ဘူး ဆိုရင် ငါတို့သားက ပါရမီရှင်ဆိုတာ သေချာသလောက်ပဲ"
ဟူသည့် သံသယ အတွေးတစ်စက စတင် ဝင်ရောက်လာတော့သည်။
ရက်စက်ကြမ်းကြုတ်သည့် ခေတ်မီလူနေမှု အဖွဲအစည်းနှင့်ကျင့်ကြံခြင်း လောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ကြသော ဝမ်မောင်နှံက သူတို့သား ဒုက္ခမရောက်စေရန် ထိုကိစ္စအား သိုသိုသိပ်သိပ် လျှို့၀ှက်ထားရန် ဆုံးဖြတ်ခဲ့ကြသည်။
ယင်းက ခေတ်မီလူ့အဖွဲအစည်းမှ သိပ္ပံပညာရှင်များ၏ စမ်းသပ်ခြင်းနှင့် မကောင်းသော ကျင့်ကြံသူများ၏ လက်မှ သူတို့၏ သားလေးကို ဘေးကင်းစေရန် အတွက် ဖြစ်သည်။
ဝမ်လင်း၏ မိဘများက ဝမ်လင်းကို သူတို့ ဝမ်မိသားစု အတွက် ကောင်းကင်ဘုံက ပေးသနားသည့် ဆုလက်ဆောင်ဟု ယုံကြည်ခဲ့ကြ၏။
ဝမ်လင်းက သူမိဘများ၏ ထက်မြက်သည့် အတွေးအခေါ်ကြောင့် အသက်ငါးနှစ်အထိ ငြိမ်းချမ်းသောဘဝကို ပိုင်ဆိုင်ခဲ့ရသည်။
၀မ်မောင်နှံ တို့ကြောင့်သာ မဟုတ်ခဲ့လျှင် ဝမ်လင်း၏ ပုံမှန်မဟုတ်သည့် ဖြစ်ရပ်များကြောင့် လူသား သုတေသန ဌာန တစ်ခုတွင် လွန်ခဲ့သည့် နှစ်တွေကတည်းက လူသား စမ်းသပ်ခံအဖြစ် ဖမ်းဆီးခံရမည်မှာ ဧကန်မလွဲပင်။
ထိုအတိုင်းသာဆိုလျှင် သူ့ဘဝက ဇာတ်လမ်းတွဲများ ထဲကလို စမ်းသပ်ခန်းထဲက ကြွက်တစ်ကောင်ကဲသို့ ဖြစ်သွားလိမ့်မည် မဟုတ်ပါလား။
ဝမ်လင်းက အသက်ကြီးလာသည်နှင့် အမျှ သူ၏စွမ်းအားကပါ အတူတကွ တိုးတတ်လာကြောင်း သဘောပေါက်ခဲ့သည်။
အိပ်လိုက်စားလိုက် လုပ်ရင်းနှင့်ပင် သူ၏စွမ်းအားများက နှစ်စဥ် ပုံမှန် တိုးတက်လာခဲ့သည်။
တစ်နှစ်ပြည့်တိုင်း သူ၏ စွမ်းအားအဆင့်က အဆင့်ကြီးတစ်ခုဖြစ်စေ နယ်ပယ်တစ်ခုဖြစ်စေ အလိုအလျောက် ကျော်ဖြတ်သွားစမြဲပင် ဖြစ်သည်။
ထိုသို့ဖြင့် ဝမ်လင်းက ယခုနှစ်တွင် ၁၆နှစ်အရွယ်ခန့် ရောက်လာခဲ့သည်။
အထက်တန်းကျောင်းကို သူတွေးမိထားသည့် အသက်အရွယ်ထက် ပိုမိုစောစီးစွာ ရောက်ရှိလာခဲ့သည်။
သူ့မိဘများ၏ ဆုံးဖြတ်ချက်အရ သူ့ကိုယ်သူ သာမာန်လူတစ်ဦး အဖြစ်သာ နေထိုင်သွားရန်သာ ဝမ်လင်းတစ်ယောက် ဆုံးဖြတ်ခဲ့သည်။
သူ၏ နေ့စဉ်ဘဝတွင် ထင်ပေါ်ကျော်ကြားမှုတို့ မရှိရလေအောင်လည်း ထိန်းထားနိုင်ခဲ့သည်။
သူက နာမည်ကြီး အထက်ကျောင်းများကို တက်ရောက်ဖို့ မရွေးချယ်ခဲ့ဘဲ ပုံမှန် အများပြည်သူများ တက်ရောက်လေ့ ရှိသည့် အထက်တန်းကျောင်းသို့သာ တတ်ရောက်ရန် ရွေးချယ်ခဲ့သည်၊
ဖေးယန်ခရိုင်.. အမှတ်၆၀ အထက်တန်းကျောင်း။
ဝမ်လင်းက အဖြူရောင် ရှပ်အင်္ကျီနှင့် ဂျင်းဘောင်းဘီကိုသာ ဝတ်ဆင်၍ ကျောင်းသို့ သွားခဲ့သည်။
ကျောင်းသို့ရောက်သည်နှင့် ၀မ်လင်းတစ်ယောက် ကျောင်းပတ်ပတ်လည်ကို လိုက်လံ ကြည်ရှုနေခဲ့သည်။
ကျောင်းတစ်ကျောင်းလုံးတွင် ဝင်ပေါက်၌ ထွင်းထုထားသည့် ပန်းပုရုပ်က လွဲ၍ သစ်ပင် အနည်းအငယ်သာ ရှိသည်။
သူတွေးထင်ထားသည်ထက်ပင် ထိုကျောင်းမှာ ထူးထူးခြားခြား စိတ်ဝင်စားစရာများ ရှိမနေခဲ့ပေ။
အမှတ်၆၀ အထက်တန်းကျောင်းမှာ မြို့၏ အဓိကအထက်တန်းကျောင်းများ ထဲတွင် ပါ၀င်သည့် အလျောက် ကျောင်းမြေပြင်ရှိ သစ်ပင်များအားလုံးက လေထဲမှ စိတ်ဝိညာဥ် ချီစွမ်းအင်များက်ို စုပ်ယူ စုဆောင်းပေးနိုင်စွမ်း ရှိသည်။
ထို့အပြင် ကျောင်းသားများက သူတို့၏ သင်ယူမှုကို အထောက်အကူ ပေးမည့် စိတ်အာရုံတည်ငြိမ် လန်းဆန်းအောင် လုပ်ပေးသည့် အစီအရင်များရှိသည့် စာသင်ခန်းများတွင်လည်း သင်ကြားခွင့်ရှိ၏။
သို့သော်လည်း ကျောင်းသားများ အတွက် စိတ်ဝိညာဥ် စုဆောင်းခြင်း အစီအရင်မှ လာသည့် စွမ်းအင်များက ၀မ်လင်းအတွက်တော့ အသုံးမဝင်ပေ။
အဘယ်ကြောင့်ဆိုသော် သူ၏စွမ်းအင် အဆင့်မှာ အလွန် မြင့်မားနေသောကြောင့်ပင်။
ထိုစွမ်းအင်များက သူ့အတွက်တော့ ရေကန်ကြီးထဲကို လောင်းထည့်လိုက်သည့် ရေတစ်ခွက်စာ ပမာဏလောက်သာ ဖြစ်နေသည်။
ဝမ်လင်းက သူ၏ စုပ်ယူမှုကြောင့် အခြားသူများ ဒုက္ခရောက်မည်ကို မလိုလားပေ။
သူက ယခုအချိန်တွင် ကျောင်းပတ်ဝန်းကျင်နှင့် အနည်းငယ်စိမ်းနေသေးသော်လည်း အလွန်ကျေနပ်မှု ရှိနေသည်။
အနည်းဆုံးတော့ ဤနေရာက သူ၏စွမ်းအား အစစ်အမှန်ကို ဖုံးကွယ်ထားရန် အလွန်သင့်လျော်သည် မဟုတ်ပါလား။
ယနေ့တွင် ခြောက်ဆယ် အထက်တန်းကျောင်းက ကျောင်းသားသစ်များကို ကြိုဆိုသည့် အခမ်းအနားနှင့် အဆင့်ခွဲခြင်း စာမေးပွဲကို ကျင်းပလျက် ရှိသည်။
ကျောင်းသားအသစ်များက ကျောင်းသို့ တရား၀င် မတက်ရောက်မီ ကျောင်း၏ အာဏာပိုင်များက ကျောင်းသားတစ်ဦးစီကို အဆင့်သတ်မှတ်ရန် စာမေးပွဲစစ်မည် ဖြစ်သည်။
ထိုစာမေးပွဲမှရရှိမည့် ရလဒ်အပေါ်ကို အခြေခံပြီးမှ သူတို့ကို အထက်တန်းလွှာ.. အဆင့်မြင့်.. ပုံမှန် နှင့် ကုစားပြန်ဖြေသူများ ဟူ၍ ပြန်လည် ခွဲခြားမည် ဖြစ်သည်။
၀မ်လင်းက ကြည်လင်ပြတ်သားသော ဖန်သားမျက်နှာပြင် ရှေ့တွင် ရပ်နေသည်။
သူက ဖန်သားပြင်မှ ညွှန်ကြားချက်အတိုင်း လိုက်၍ စာမေးပွဲ စစ်မည့် နေရာကို ရှာဖွေခဲ့သည်။
သူက အများ မျက်စိထဲတွင် ထင်းခနဲ ဖြစ်စေမည့် အထက်တန်းလွှာ ကျောင်းသား မဖြစ်လိုခဲ့ပေ။
သို့ရာတွင် ကုစားပြန်ဖြေသူ ဖြစ်ခဲ့လျှင်လည်း သူ၏ ဂုဏ်သိက္ခာက အနည်းငယ် ကျဆင်းသွားလိမ့်မည် ဖြစ်သည်။
ထိုအရာအားလုံးကို ထည့်သွင်း စဉ်းစားပြီးနောက်တွင် ဝမ်လင်းက အဆင့်မြင့် သို့မဟုတ် သာမန်ကျောင်းသား အဖြစ် ရွေးချယ်ခံရခြင်းကသာ သူ့အတွက် အကောင်းမွန်ဆုံး ဖြစ်လိမ့်မည်ဟု ဆုံးဖြတ်လိုက်တော့သည်။
"တစ်ဆိတ်လောက်ပါ.. နင် Grade 1 အခန်းနံပါတ်၃ကို သိလား"
ရုတ်တရက် ၀မ်လင်းနောက်မှ ချိုသာသော အသံတစ်သံက ထွက်ပေါ်လာသည်။
ဝမ်လင်းက နောက်သို့ လှည့်ကြည့်လိုက်ရာ တစ်စက္ကန့်မျှ မှင်သက်သွားခဲ့သည်။
သူက ကျောင်းတံခါး၀ကို ဖြတ်လျှောက်လာကတည်းက ထိုမိန်းကလေး၏ အရှိန်အဝါကို အဝေးကနေ ခံစားမိခဲ့သည်။
သူမက သူ့နှင့်စကားပြောဆိုရန် အစပျိုး လုပ်ဆောင်လိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
သူ့မျက်လုံးထောင့်မှ ဖျက်ခနဲကြည့်လိုက်ရုံဖြင့်ပင် သူမက အလွန်လှပသော မိန်းကလေးဖြစ်ကြောင်း အသိအမှတ်ပြုလိုက်မိသည်။
"နင်ရော အခန်းနံပါတ်၃ကပဲလား"
၀မ်လင်းထံမှ တစ်စုံတစ်ရာ တုန့်ပြန်မှု မရသေးသော်လည်း ထိုမိန်းကလေးက တစ်ယောက်နှင့် တစ်ယောက် သိနေသကဲ့သို့ မေးခွန်းများကို တရစပ် မေးတော့သည်။
သူမက ဖြောင့်စင်းသော ဆံပင်ရှည်နှင့် လှပသော အသားအရေကို ပိုင်ဆိုင်ထားပြီး သူမ၏အလှနှင့် လိုက်ဖက်သည့် အဖြူရောင် တီရှပ်အကျီနှင့် ဂျင်းဘောင်းဘီတို့ အပြင် ပေါ့ပေါ့ပါးပါး ဖိနပ်ကိုပါ ဝတ်ဆင်ထားသည်။
ဝမ်လင်းသာ သူမ၏ အစစ်အမှန် ခွန်အားကို သိချင်လျှင် သူ၏ ဝိညာဥ်စွမ်းအင်ကို အနည်းငယ်မျှ အသုံးပြုရုံဖြင့်ပင် သိနိုင်ပေသည်။
ဆိုရလျှင် သူမက အထက်တန်းလွှာ ကျောင်းသူ တစ်ယောက်၏ အသွင်အပြင်နှင့် ပြည့်စုံမှုရှိပြီး သူ့အတန်းဖော် မဟုတ်သည်မှာ သေချာနေသည်။
သို့ရာတွင် ဖြစ်ချင်တော့ ဝမ်လင်းက အင်တာဗျူးကို ပထမနှစ်အခန်း၃တွင် ထိုကောင်မလေးနှင့် တစ်ခန်းတည်းမှာ လုပ်ရတော့မည် ဖြစ်သည်။
၀မ်လင်းက စကားတစ်ခွန်းမှ မပြောဘဲ အနီးရှိ စာသင်ခန်းတစ်ခုကို ညွှန်ပြလိုက်သည်။
ထိုအခန်းမှာ Grade 1 အခန်းနံပါတ်၃ပင် ဖြစ်သည်။