အသက် တစ်နှစ်မှစ၍ 2နှစ်တစ်ကြိမ် ကျင့်ကြံခြင်း နယ်ပယ်အသစ်တစ်ခုသို့ အလိုအလျောက် အဆင့်တက်သည့် ဝမ်လင်းသည် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်၏။ အသက်၁၆နှစ် အရွယ်မှာပင် သူက စိန်ခေါ်မှု အများအပြားနှင့် ကြီးကျယ်သော တိုက်ပွဲများကို ရင်ဆိုင်ခဲ့ရသည်။ ဝမ်လင်း "ငါကြိုက်တဲ့ ခေါက်ဆွဲကြွပ်ကြော်တွေကို အေးဆေးလေး စားပါရစေ" ဖေဖေဝမ် "ငါ့သား.. မင်း ဂရုမပြုမိဘဲ တိုင်းပြည်ကို ဖျက်ဆီးမိရင် မင်းအိတ်ကပ်ထဲက ပိုက်ဆံတွေ ထွက်သွားလိမ့်မယ်" ဝမ်လင်း "ငါ့ကို ထိုးနှက်တဲ့အတွက် တန်ပြန်တုံ့ပြန်မှုကနေ မင်းကိုသေစေတာပဲ.. ငါ့ကို အပြစ်မတင်နဲ့" စာစဥ်က ဇာတ်လမ်းဇာတ်ကွက် မထပ်ဘဲ တစိမ့်စိမ့်ဖတ်လေအရှိန်တက်လေဆိုတဲ့ စာစဥ်မျိုးပါ။ ဟာသ အသားပေးမို့ရောင်းရင်းတို့ နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိရောက်နေတဲ့ထိ ကျင့်ကြံခြင်းအဆင့်များ 1 ခန္ဓာကိုယ်သန့်စင်ခြင်းအဆင့် 2 ချီစုစည်းခြင်းအဆင့် 3 အခြေခံ တည်ဆောက်ခြင်းအဆင့် 4 ရွှေအမြုတေအဆင့် 5 စိတ်ဝိညာဉ် ဖြစ်တည်ခြင်း အဆင့် 6 စိတ်ဝိညာဉ် ဖွဲ့စည်းခြင်းအဆင့် 7 ဟင်းလင်းပြင်မွမ်းမံခြင်းအဆင့် 8 ခြေသလုံးအိမ်တိုင် အင်မော်တယ်အဆင့် 9 ပကတိအင်မော်တယ်(မူလစိတ်ဝိညာဥ်နယ်ပယ်ကို အသုံးပြုနိုင်) 10 အင်မော်တယ်အရှင်မြတ်အဆင့်(မဟာတာအို၂မျိုးကနေ၃မျိုး အသုံးပြုနိုင်)

