← Chapters

ဓားအိမ်မိန်းကလေးက ဇာတ်ညွှန်းကိုသိထားတယ်

Vol. 61 Ch. 904

ဓားအိမ်မိန်းကလေးက ဇာတ်ညွှန်းကိုသိထားတယ်

Vol. 61 Ch. 904

မက်မွန်သစ်သားဓားအိမ်သည် သူဌေးကျင့်နှင့် သူ့ရည်းစား၏ ချစ်ခြင်းမေတ္တာဘသင်္ကေတ ဖြစ်သည်။

ယခင်က သူဌေးကျင့်သည် ဤဓားအိမ်ကနေ ရှေးဟောင်းဝိညာဉ်တစ်ခု ပေါက်ဖွားလာသည်ဘဟူသောအချက်ကို မပြောပြခဲ့ပေ။

ဤမက်မွန်သစ်သားဓားအိမ်က ချစ်ခြင်းမေတ္တာသင်္ကေတ ဖြစ်သောကြောင့် သူဌေးကျင့်အနေဖြင့် သစ်သားဓားအိမ်ကို အထူးတလည် သိမ်းဆည်းထားသည်ဟု ကျိုးရီ မူလက ထင်ခဲ့သည်။

အခန်းတစ်ခုလုံး ခဏမျှ တိတ်ဆိတ်သွားခဲ့သည်။

ဆယ်မိနစ်ခန့် အကြာတွင် ဗွီဒီယိုဂိမ်းထဲမှ လုဘန်ဇာတ်ကောင်၏ ဂိမ်းစကင်ကို ဝတ်ထားသော ဆံဖြူမိန်းကလေးသည် အခန်းတံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့သည်။

ဝမ်လင်းသည် နောက်ဆုံးတွင် ဓားအိမ် မိန်းကလေးကို တွေ့လိုက်ရသည်။

ကောင်မလေးက သူ၏ဦးထုပ်ကို ချွတ်လိုက်သည်။

သူမ၏အမူအရာက သုန်မှုန်နေပြီး ဆံပင်များက ဦးခေါင်းထက်တွင် ချွန်ထက်သော ဓားတစ်ချောင်းကဲ့သို့ စုဝေးနေသည်။

ဝမ်လင်းက တစ်ချက်ကြည့်လိုက်သည်နှင့် သူမနှင့် ကျင့်ခယ်က အမှန်တကယ် ဆင်တူသည်ဟု ခံစားလိုက်ရသည်။

သူမက အသက်၁၅နှစ် ရှိပုံရပြီး ကျင့်ခယ်ထက် အနည်းငယ်အသက်ပိုကြီးသည်။

သူမ၏ခန္ဓာကိုယ်က သူ့နေရာနှင့်သူ ကောင်းစွာ ဖွံ့ဖြိုးနေ၏။

“အဖေ.. ကျမကို ဂိမ်းဝယ်ပေးမယ်လို့ ကတိပေးထားတယ်နော်.. ညာလို့မရဘူး”

ကောင်မလေးက စကားပြောရင်း ကုလားထိုင်ကို ဆွဲယူကာ ထိုင်ချလိုက်သည်။

ထို့နောက် သူမက ဟန်ပါပါ လက်ပိုက်၍ သူမ ရှေ့မှလူများကို စိုက်ကြည့်လိုက်သည်။

သူမ၏အကြည့်က ထွင်ထျန်းဟာ၊ ဖန့်ရှင်းနှင့် ကျိုးရီတို့ကိုကျော်ဖြတ်သွားပြီး နောက်ဆုံးတွင် ဝမ်လင်းထံ၌ ရပ်တန့်သွားသည်။

ဝမ်လင်းကို ခဏလောက် ကြည့်ပြီးနောက်တွင် သူမက ခေါင်းညိမ့်၍ ပြောလိုက်သည်။

“အဖေက ဒီအစည်းအဝေးကြီးမှာ ခြိုးခြံချွေတာနေတာ အံ့ဩစရာတော့ မရှိဘူး.. ဒီအမှိုက်က စံပြခြိုးခြံချွေတာရေး ပုဂ္ဂိုလ်ကြီး ဖြစ်နေတာကိုး”

“အမှိုက်”

ဖန့်ရှင်းက သိသိသာသာ မျက်မှောင်ကြုတ်သွားသည်။

သူ့ကို အမှိုက်ဟုခေါ်လျှင် တော်သေးသည်။

သို့သော် သူမက ဝမ်လင်းကို အမှိုက်ဟု အတင့်ရဲစွာ ခေါ်ခဲ့၏။

ကျိုးရီက ဓားအိမ်မိန်းကလေး၏ ဒေါသကို ခံစားမိ၍ ချွေးများကို သုတ်လိုက်သည်။

“ကြောက်ဖို့ကောင်းလိုက်တဲ့ ဝိညာဉ်စွမ်းအား”

ထွင်ထျန်းဟာက စိတ်ထဲကနေ ရေရွတ်လိုက်၏။

သူဌေးကျင့်၏ မွေးစားသမီးသည် အမှန်တကယ်ပင် ကြောက်စရာကောင်းသည်။

ရှေးဟောင်းဝိညာဉ်၏ အော်ရာစွမ်းအားသည် အလွန်ပင်ထူးခြားသည်ကို ထွင်ထျန်းဟာ အာရုံခံစား၍ ရခဲ့သည်။

ဤသည်မှာ ထွင်ထျန်းဟာ အနေဖြင့် ရှေးဟောင်းဝိညာဉ်ကို လူသားပုံစံ အတိုင်း ပထမဆုံးအကြိမ် မြင်တွေဖူးခြင်း ဖြစ်သည်။

ယင်းမှာ ရှေးဟောင်းဝိညာဉ် အများစုက ၎င်းတို့၏ မူလပုံစံ အတိုင်းသာ ဆက်လက်ရှိနေရန် ဆန္ဒရှိသောကြောင့်ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှေးဟောင်းဝိညာဉ်များသည် လူအသွင်ဆောင်သောအခါတွင် ဝိညာဉ်စွမ်းအင်များစွာ ကုန်ဆုံးသောကြောင့်ဖြစ်သည်။

သို့သော် ဤဓားအိမ်မိန်းကလေးကမူ ထိုအချက်ကို စိတ်ပူပုံမရပေ။

သို့ဆိုလျှင် သူမ၏ လူအသွင်သဏ္ဍာန်သည် ဝိညာဉ်စွမ်းအင်ကို အကန့်အသတ်မရှိ သုံးစွဲ၍ ရနေသည်လော။

ထွင်ထျန်းဟာက အလွန် အံ့အားသင့်နေခဲ့သည်။

“ငါမင်းတို့ကို မိတ်ဆက်ပေးပါရစေ.. ဒါငါ့သမီးလေး ကျင့်ပိုင်ချောင်းပါ”

သူဌေးကျင့်က မိတ်ဆက်စကားပြောရင်း သူ၏ ချွေးများကိုသုပ်လိုက်သည်။

သူ၏ပုံစံက သူ့သမီး သူ့ကို လာတွေ့သည်ကို ကူကယ်ရာမဲ့ ဖြစ်နေပုံရသည်။

ဓားအိမ် မိန်းကလေးက မျက်မှောင်ကြုတ်လိုက်ပြီး သူဌေးကျင့်၏ မိတ်ဆက်မှုကို ပြန်လည် ဖြေရှင်းလိုက်သည်။

“အဖေ့ကို ဘယ်နှစ်ခါပြောရမလဲ.. သမီးရဲ့ မျိုးရိုးနာမည်က ကျင့် မဟုတ်ဘူး.. ပြီးတော့ နာမည်က ပိုင်ချောင်းပါ.. ကျေးဇူးပြုပြီး အဖေ့ရဲ့မျိုးရိုးနာမည်ကို သမီးဆီ မလွှဲပေးပါနဲ့.. အဖေနဲ့ စာချုပ်ချုပ်ထားလို့သာ သမီးက အဖေလို့ ခေါ်ပေးနေတာနော်”

လူတိုင်း “……….”

“……….”

ဓားအိမ်မိန်းကလေး၏ ဖြေရှင်းချက်က သူဌေးကျင့်ကို နှုတ်ဆိတ်စေခဲ့သည်။

အတန်ကြာ တိတ်ဆိတ်သွားပြီး နောက်တွင် ကျိုးရီသည် တိတ်ဆိတ်မှုကို ဦးစွာ ချိုးဖျက်လိုက်သည်။

“မိန်းကလေးပိုင်ချောင်းရဲ့ တိုက်ခိုက်နိုင်စွမ်းကြောင့် မိန်းကလေးသာ မကောင်းဆိုးဝါးနှင်ပွဲမှာ ပါဝင်ခဲ့မယ်ဆိုရင် သူဌေးကျင့်အနေနဲ ပထမနေရာကို သေချာပေါက် ရောက်ရှိမှာ အမှန်ပဲ”

ဤသည်က အမှန်တရား ဖြစ်သော်လည်း ကျိုးရီသည် အနည်းငယ် မြှောက်ပင့်ပြောဆိုခဲ့သည်။

ဆိုရလျှင် ဤသည်က သူတို့၏ပထမဆုံး တွေ့ဆုံမှု ဖြစ်သည်။

ထို့ကြောင့် ကျိုးရီအနေဖြင့် နားထောင်ကောင်းသည့်အရာ တစ်ခုခုကို ပြောဖို့လိုအပ်သည် မဟုတ်ပါလော။

သို့ရာတွင် မိန်းကလေးပိုင်ချောင်းသည် ကျိုးရီကို စိုက်ကြည့်ရင်း ရယ်မောလိုက်သည်။

“ငါ့ရဲ့ခွန်အားနဲ့သာဆိုရင် ဒီမိစ္ဆာလေးတွေကို နှိမ်နင်းဖို့က ကိတ်မုန့်ခွဲသလောက်ပဲ ရှိတယ်.. သူတို့တွေက ငါ့ရဲ့ အာရုံစိုက်မှုနဲ့ မထိုက်တန်ဘူး.. မင်းကိုငါသိတယ်.. မင်းနာမည်က ကျိုးရီမဟုတ်လား.. မကြာသေးမီကစပြီး တီဗွီမှာ မင်းက မကြာခဏပါလာတတ်တယ်လေ”

ထိုစကားကိုကြားလျှင် ကျိုးရီက အံ့အားသင့်သွားခဲ့သည်။

“မိန်းကလေးပိုင်ချောင်းက ငါ့ကို သိနေတာလား”

“သိတာပေါ့.. ရှင်က ချီးကျုးမှုတွေအားလုံးရဲ့ ဘုရင်ပဲလေ”

“……….”

“ရှင်က တခြားသူတွေကို လှည့်စားနိုင်ပေမဲ့ ကျွန်မကိုတော့လှည့်စားနိုင်မှာ မဟုတ်ဘူး”

ပိုင်ချောင်းက ကျိုးရီကို စိုက်ကြည့်ကာ ခနဲ့လိုက်သည်။

“ဒါပေမဲ့ ရှင့်ရဲ့လှည့်ကွက်လေးတွေကို ဖော်ထုတ်ဖို့ ကျွန်မ စိတ်မဝင်စားဘူး.. လူတိုင်းက ကိုယ့်အလုပ်ကိုယ် လုပ်နေကြတာပဲ.. ဒါ့အပြင် ရှင့်အကြောင်းကို ထုတ်ဖော်တာက ကျွန်မအတွက်လည်း ကောင်းမှာဟုတ်ဘူး.. ရှင့်မှာ ပရိတ်သတ်တွေအများကြီး ရှိနေပြီလေ.. ကျွန်မသာ ရှင့်အကြောင်း အွန်လိုင်းမှာ ထုတ်ဖော်လိုက်မယ်ဆိုရင် လူတွေက ကျွန်မကို ဖောင်းထုကြလိမ့်မယ်”

ကျိုးရီ “……….”

ဓားအိမ်မိန်းကလေး၏ ပြောဆိုမှုကြောင့် ကျိုးရီက တိတ်ဆိတ်သွားခဲ့သည်။

ထိုအချိန်တွင် ထွင်ထျန်းဟာသည် ဓားအိမ်မိန်းကလေးအကြောင်းကို တွေးနေခဲ့သည်။

“ဒီကောင်မလေးရဲ့ လျှာက အရမ်းကို အဆိပ်ပြင်းတာပဲ”

ဆရာလေးလင်း၏ သစ္စာစောင့်သိသော ခွေးတစ်ကောင်အနေဖြင့် လူ့လောကတွင် စုဆောင်းထားသည့် စာပေဗဟုသုတများကို ပြသရန် အချိန်တန်ပြီဟု သူခံစားလိုက်ရသည်။

“ဒါက စော်ကားမှုတစ်ခုပဲ”

ထွင်ထျန်းဟာက ပိုင်ချောင်းကို စိုက်ကြည့်ပြီး ပါးစပ်ဖွင့်ရန် ပြင်လိုက်သောအချိန်တွင် ပိုင်ချောင်းက ထွင်ထျန်းဟာကို ဦးစွာ ပြောလိုက်သည်။

“မင်းက လွန်ခဲ့တဲ့ ၆နှစ်က နတ်ဆိုးဘုရင် မဟုတ်လား.. ဘာပဲဖြစ်ဖြစ် အခုတော့ မင်းက ဝိညာဉ်ခွေးတစ်ကောင် ဖြစ်လာခဲ့ပြီ.. နတ်ဆိုးတစ်ပိုင်း ခွေးတစ်ပိုင်းဖြစ်နေတဲ့ကောင်က လူသားတွေရဲ့ ယဉ်ကျေးမှုကို နည်းနည်းလောက် လေ့လာရုံနဲ့ ငါ့ကိုငြင်းခုန်နိုင်မယ်လို့ ထင်နေတာလား”

“မင်း…”

ထွင်ထျန်ဟာက ဆွံအသွားပြီး ဘာမှ ထပ်မပြောနိုင်တော့ပေ။

ထို့နောက်တွင် ပိုင်ချောင်းသည် ဖန့်ရှင်းကို လှမ်းကြည့်လိုက်သည်။

“မင်းက အရည်အချင်းရှိတယ်.. ဒါပေမဲ့ ငါ့လောက်တော့ မစွမ်းသေးပါဘူး.. မင်းကို ငါကောင်းကောင်းသိတယ်.. မင်းကအင်မော်တယ်ရှဲဖီရဲ့ သားလား.. ဒါမှမဟုတ် သမီးလား.. တကယ်တော့ မင်းဘဝက သားရောသမီးရော နှစ်ခုလုံး ဖြစ်နေတာပဲ”

ကျိုးရီ၊ ထွင်ထျန်းဟာနှင့် ဖန့်ရှင်းတို့ အားလုံး၏ အမူအရာက အေးခဲသွားခဲ့သည်။

ဤကောင်မလေးက ဇာတ်ညွှန်း ဘယ်သူလဲဆိုတာ ကြိုသိထားသည့် ဒဏ္ဍာရီဆန်သောသူ တစ်ယောက် ဖြစ်နိုင်ပါသလော။

အဆုံးသတ်တွင် ပိုင်ချောင်း၏ မျက်လုံးများက ဝမ်လင်း ဆီသို့ ရောက်ရှိသွားခဲ့သည်။

“မင်းက ခံစားချက်မဲ့ ငါးမသာမျက်လုံးတွေနဲ့ ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက် ဖြစ်နေလို့ မင်းကို မစော်ကားရဲဘူးလို့ မထင်လိုက်နဲ့.. ဘာလို့ ပျော့ညံ့ဟန် ဆောင်နေရတာလဲ.. ဘာလို့ အေးစက်စက် မျက်နှာထားနဲ့ တစ်ချိန်လုံး နေနေရတာလဲ.. မင်းကိုယ်မင်း ဘယ်လောက်ထိ သန်မာတယ် ဆိုတာရော သိရဲ့လား.. ခွန်အားကြီးတဲ့ ကျင့်ကြံသူတွေက ဒီလောကကိုကယ်တင်ဖို့ နဂါးငွေ့တန်း ဂလက်ဆီအပြင်ကို ထွက်သွားကြပြီ.. မင်းကတော့ အခုထိ အထက်တန်းကျောင်း တက်နေတုန်းပဲ”

ဝမ်လင်း “……….”

“နင့်ရဲ့ဆံပင်ကို ဘာလို့ ပန်းရောင်ဆိုးပြီး ဂျယ်နဲ့ မထောင်ထားရတာလဲ.. ငယ်ငယ်ကတည်းက ကိုယ့်ကိုယ်ကိုယ် စည်းတံဆိပ်ကပ်ခံရတာ ဘယ်လောက်ထိ နာကျင်စရာ ကောင်းလိုက်လဲ.. မဟာတာအို ၃၀၀၀ ကို ဘာလို့ စည်းတံဆိပ်ခတ်ထားရတာလဲ.. အရည်အချင်းရှိရင် ကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်လေ.. မင်းက မွေးပြီးတာနဲ့ လက်တွန်းလှည်းပေါ် တက်ထိုင်နေတာက အစ ငါကောင်းကောင်းသိတယ်”

ဝမ်လင်း “……….”

“ကျောင်းတက်တဲ့ကိစ္စကို မပြောနဲ့ဦး.. မင်းရဲ့ စာအုပ်တွေထဲမှာလည်း စာတွေအများကြီး မရှိဘူး.. မင်းက စကားပြောတာတောင် စိတ်ချင်းဆက်သွယ်ပြီးပဲ ပြောလေ့ရှိတယ်.. မင်းက ဘာလို့ ဒီလောက်ထိတောင် နှိမ့်ချနေရတာလဲ.. မင်းကို ကြည့်ရတာ နောက်ကွယ်ကနေ အရာအားလုံးကို ထိန်းချုပ်ရတာ နှစ်သက်နေတဲ့ပုံပဲ.. စာချန်ပြ အမှတ်အသားနဲ့ မက်ဆေ့ချ် ခဏခဏပို့ရတာကို ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတယ်လို့ ထင်မနေနဲ့.. အဲဒီလောက်တော့ ငါလည်းလုပ်နိုင်တယ်”

ဝမ်လင်း “……….”

“ဒါကတော့ မင်းအရမ်းများသွားပြီ”

ထွင်ထျန်းဟာက စားပွဲခုံကို သူ၏ခြေသည်းများဖြင့် ရိုက်လိုက်ပြီး သူဌေးကျင့်ကို စိုက်ကြည့်လိုက်သည်။

“မင်းရဲ့သမီးကို ငါဆုံးမလို့ရမလား”

သူဌေးကျင့်က သူတို့ကို နာကျင်စွာ ပြောလိုက်သည်။

“ကြိုက်သလိုသာလုပ်”

ထို့နောက်တွင် ဖန့်ရှင်း၊ ကျိုးရီနှင့် ထွင်ထျန်းဟာတို့ ၃ယောက်သည် ပိုင်ချောင်းကို စူးစူးစိုက်စိုက် ကြည့်နေလိုက်ကြသည်။

“ပမွှားလေးသုံးကောင်က ငါ့ကို ဆုံးမမယ်တဲ့လား”

ပိုင်ချောင်းက ခနဲ့တဲ့တဲ့ဖြင့် ရယ်မောလိုက်သည်။

ထို့နောက်တွင် သူမ၏ ဦးခေါင်းပေါ်ရှိ ဓားပုံစံ ချွန်ထက်နေသောဆံပင်သည် တောက်ပသော အလင်းရောင်တစ်ခု အဖြစ် ပြောင်းလဲသွားခဲ့သည်။

အပိုင်း(၉၀၄) ပြီး၏။

All Chapters