← Chapters

ဝမ်လင်း၏ဆေးဘောလုံးစာမေးပွဲ

Vol. 38 Ch. 562

ဝမ်လင်း၏ဆေးဘောလုံးစာမေးပွဲ

Vol. 38 Ch. 562

ပို့စ်အောက်တွင် မှတ်ချက်များစွာရှိနေ၍ လဲ့မုန့်မုန့်က အောက်ထိလှန်လှော၍ ကြည့်ရှုလိုက်သည်။

အကယ်၍ ထိုပို့စ်ကို မှတ်ချက်ပေးပြီး မျှဝေသော အကောင့်သည် ဂိုဏ်းတစ်ခု၏တရားဝင် Weibo အကောင့် မဟုတ်ခဲ့လျှင် ဂိုဏ်းခေါင်းဆောင်အချို့သည် ၎င်းတို့၏အာဏာကို အလွဲသုံးစားလုပ်ကာ မှတ်ချက်များ ပေးနေပုံ ရသည်။

အတည်ပြုထားသော အကောင့်တစ်ခုဖြစ်သည့် ဟွာရှို့မိုးကြိုးလျှပ်စီး တက္ကသိုလ်@ ကော်ဒန်ဝူရှူး စတူဒီယိုခေါင်းဆောင်မှ မှတ်ချက်ပေးခဲ့သည်။

"စာရေးဆရာ အဖမ်းခံရရင် အပ်ဒိတ်တွေ နှောင့်နှေးသွားလိမ့်မယ်.. ဒါကြောင့် ပြန်ပေးဆွဲဖို့ ကြိုးစားသူတွေကို ပညာပေးတာက ကိုယ့်ကိုယ်ကိုယ် ကူညီတာနဲ့ အတူတူပဲ"

လော့လီတာ အင်မော်တယ်ဂိုဏ်း Official Weibo

"ဂုရုကြီးဝမ်စစ်ထူ ပင်ပန်းနေပြီလား.. ငါတို့ လော့လီတာ အင်မော်တယ်ဂိုဏ်းက ဂုရုကြီးရဲ့ဦးနှောက်ကို လန်းဆန်းသွားစေဖို့အတွက် အိမ်အရောက် ဝန်ဆောင်မှုပေးနိုင်ပါတယ်.. ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုက အခမဲ့ပါ.. တစ်ခုပဲ တောင်းဆိုချင်ပါတယ် အခန်းတွေကို အပ်ဒိတ်လုပ်ပေးပါ.. ပြီးရင်တရားဝင် Weibo ကနေ သီးသန့် မက်ဆေ့ပို့လိုက်ပါ"

ဒဏ္ဍာရီထဲကသူရဲကောင်း-ကုသသူOfficial Weibo

လော့လီတာအင်မော်တယ်ဂိုဏ်းOfficial Weibo ၏မှတ်ချက်အောက်တွင် မှတ်ချက် ပြန်ပေးခဲ့သည်။

"လော့လီတာ အင်မော်တယ်ဂိုဏ်း.. ငါ့ကိုလည်းခေါ်လေ.. ငါ့ကိုလည်း မင်းတို့စာရင်းထဲ ထည့်လို့ရပါတယ်"

"........."

လဲ့မုန့်မုန့်က ဖေဖေဝမ်ကို တစ်ချက် ကြည့်လိုက်ပြီး Weibo၏ ဝင်းဒိုးကို ပိတ်ရန် မောက်စ်ကို တိုက်ရိုက် ဆွဲယူလိုက်သည်။

"လက်လျှော့လိုက်ပါ အစ်ကိုဝမ်.. အစ်ကိုဝမ် အခုချိန်မှာ အလုပ်သင့်ဆုံးအရာက စာရိုက်ဖို့ပဲ"

ထိုစကားကို လဲ့မုန့်မုန့် ပြောနေစဥ်မှာပင် ဖေဖေဝမ်က စားပွဲပေါ်တွင် တင်ထားသော သူ့ဖုန်း တုန်ခါနေသည်ကို တွေ့လိုက်ရသည်။

သူက7777777နံပါတ်မှ လျှို့ဝှက် မက်ဆေ့ချ် တစ်စောင်ကို လက်ခံရရှိခဲ့သည်။

နံပါတ်ကို မြင်လိုက်သည်နှင့် ဤမက်ဆေ့က မည်သူမည်ဝါထံမှ ဖြစ်သည်ကို ဖေဖေဝမ် သိနေပြီဖြစ်၏။

ဖေဖေဝမ်က သူ၏အကြီးကျယ်ဆုံး ပရိတ်သတ် ပေးပို့လိုက်သည့် မက်ဆေ့ကို ဖွင့်ဖတ်လိုက်သည်။

"ဆရာ့ရဲ့Weiboကို ဖတ်ပြီးပြီ.. ဆရာ့ကို လာခေါ်ဖို့တစ်ယောက်ယောက် လွှတ်လိုက်ရမလား.. ဆံနီဆေးရည် ဆိုတာ ဘာလုပ်တဲ့ဆေးရည်လဲ.. တစ်ယောက်ယောက်ကို စစ်ဆေးကြည့်စေလိုသလား.. ထားပါ.. အမှတ်တံဆိပ်ကိုတစ်ခါထဲ ပိတ်ပစ်လိုက်လို့လည်း ရတာပဲ.. ဆရာ့ရဲ့ဖုန်းတည်နေရာကို ခြေရာခံဖို့ ဥက္ကဌချီကို တောင်းဆိုထားပြီးပြီ.. စုန့်ဟိုင်မြို့ထဲက တစ်ယောက်ယောက်က ဆရာ့ကို လိုက်ရှာတယ် ဆိုတာနဲ့ သူချက်ချင်းသိလိမ့်မယ်.. ဆရာ့ကို ဖမ်းချင်တဲ့လူတွေကို ကျွန်တော် ရှာထားလိုက်မယ်.. ဒါကြောင့် မြန်မြန်သာ အပ်ဒိတ်လုပ်ပေးပါ.. အင်မော်တယ်ဘုရင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုဘဝ ဝတ္ထုကို မဖတ်ရရင် ငါသေရတော့မယ်"

ဖေဖေဝမ် "..........''

ခပ်လှမ်းလှမ်းတွင် ရပ်နေသော လဲ့မုန့်မုန့်က မက်ဆေ့၏ အကြောင်းအရာကို အတိအကျ မမြင်နိုင်သော်လည်း ဖေဖေဝမ်၏ မျက်နှာပေါ်မှ အ​မူအရာကို ကောင်းစွာ ဖတ်မိခဲ့သည်။

"ဒီမက်ဆေ့ကို နံပါတ်7777777က တကယ်ကြီးပို့ခဲ့တာလား"

ဤမက်ဆေ့ပိုင်ရှင်က ဖေဖေဝမ်၏ အမာခံပရိသတ်တစ်ဦးဖြစ်သည်မှာ ထင်ရှားသည်။

"7777777"

လဲ့မုန့်မုန့်က မေးစေ့ကိုပွတ်သပ်၍ စဥ်းစားလိုက်သည်။

"ကမ္ဘာကြီးတစ်ခုလုံးက မင်းကို အာရုံစိုက်နေတာများလား"

ဇူလိုင်လ ၁ရက်နေ့သည် စာသင်နှစ်၏ ၁၃ပတ်မြောက် ကြာသပတေးနေ့ ဖြစ်သည်။

မွန်းတည့်ချိန်တွင် ကိုယ်တိုင် လေ့လာသည့် အတန်းချိန် ရှိသည်။

ထိုအချိန်အတွင်း ကျင်းပမည့် ဆေးဘောလုံးပြိုင်ပွဲတွင် ဝမ်လင်းက ပါဝင်မည်ဖြစ်၏။

ဖွင့်ပွဲအခမ်းအနားက ပြီးသွားခဲ့လေပြီ။

ဤတစ်ကြိမ်တွင် အခန်း ၃မှ ကြည့်ရှုသူအများအပြား လာမည်မဟုတ်ပေ။

ယင်းက ဝမ်လင်းကို ကြီးကြီးမားမား စိတ်သက်သာရာ ရစေခဲ့သည်။

သို့သော် ကိုယ်တိုင်လေ့လာချိန်အတွင်း အနားမယူချင်၍ ကြည့်ရှုရန် ထွက်လာသူများလည်း ရှိပါသေးသည်။

ဆေးဘောလုံးပွဲ အတွက် ဝမ်လင်းအပြင် စာရင်းပေးသွင်းခဲ့သူများမှာ ဖန့်ရှင်း၊ ရှစ်ရွှိုက်နှင့် ဟူစုတို့ ဖြစ်ကြသည်။

ဟူစုက Grade 1တွင် အချိန်အတော်ကြာသွားသော်လည်း မကြာသေးမီက စပြီး သိသိသာသာ တိုးတက်လာခဲ့သည်။

ယမန်နေ့က အရှက်ခွဲခံရပြီးနောက်တွင် ရှစ်ရွှိုက်၏ ဘဝင်လေဟပ်သော အမူအကျင့်သည် လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။

ဤသည်က ဆရာယဲ့ကို အလွန် ပျော်ရွှင်စေခဲ့သည်။

သာမန်အားဖြင့် ရှစ်ရွှိုက်သည် ကျောင်းတွင် ပြဿနာဖန်တီးတတ်သူဖြစ်သည်။

ယမန်နေ့က ကျောင်းတွင် ကျင်းပခဲ့သော မီတာတစ်သောင်းလက်ဆင့်ကမ်း ပြိုင်ပွဲ၏ ပြိုင်ပွဲဝင် ၁၀ဦးတွင် သူ၏စံချိန်က အောက်ဆုံးတွင်သာ ရှိခဲ့သည်။

ဤသည်ကပင် သူ၏ မာန ရိုက်ချိုးခံလိုက်ရသည့် အကြောင်းရင်း ဖြစ်သည်ဟု ဆရာယဲ့ မှန်းဆမိခဲ့သည်။

ထို့ကြောင့် ယနေ့ကျင်းပမည့် ဆေးဘောလုံး ပြိုင်ပွဲတွင် ရှစ်ရွှိုက် ကောင်းစွာ စွမ်းဆောင်နိုင်ရန်အတွက် ဆရာယဲ့က မုန်လာဥနီ နှင့် တုတ် အခြေခံချဥ်းကပ်နည်းကို အသုံးပြု၍ တွန်းအားပေးရန် ဆုံးဖြတ်ခဲ့သည်။

အမှတ်၆၀ အထက်တန်းကျောင်းရှိ ဆရာတိုင်းသည် ပညာရေးထက် စိတ်ပိုင်းဆိုင်ရာကို ပို၍ အလေးထားသည်။

အဘယ်ကြောင့်ဆိုသော် စိတ်ပိုင်းဆိုင်ရာသည် လူတစ်ဦး၏ အနာဂတ် အလားအလာကို တိုက်ရိုက် အကျိုးသက်ရောက်နိုင်သောကြောင့် ဖြစ်သည်။

အထူးသဖြင့်Grade 1ကျောင်းသားများသည် ဝါးလုံးခေါင်းထဲလသာနေတတ်ပြီး ထစ်ခနဲရှိလျှင် ဒေါသထွက်တတ်သည်။

၎င်းတို့က စိတ်အနှောင့်အယှက်ဖြစ်သည်နှင့် QQ နှင့် Wechat တို့တွင် ပေါက်ကရပို့စ်များကို တင်ကာ စိတ်ဖြေဖျောက်လေ့ရှိသည်။

ယင်းက စိတ်ပိုင်းဆိုင်ရာအ ခြေခံအုတ်မြစ် တည်ဆောက်ရန် မည်မျှအရေးကြီးကြောင်း သက်သေပြနေ၏။

ယမန်နေ့က ဒိုင်လူကြီး၄ဦး ရှိသော်လည်း ယနေ့တွင် ကျိုးရီ ရောက်မလာနိုင်သောကြောင့် ဒိုင်လူကြီး ၃ဦးထဲမှ တစ်ဦးသည် ယနေ့ကျင်းပမည့် ပြိုင်ပွဲတွင် ခုံသမာဓိလူကြီး ဖြစ်လာမည် ဖြစ်သည်။

ဒိုင်လူကြီးက အထူးပြုလုပ်ထားသည့် အနီရောင်ဆေးဘောလုံး တစ်လုံးကို လက်ထဲတွင် ကိုင်ဆောင်ကာ ပြိုင်ပွဲမစတင်မီ ပြိုင်ပွဲစည်းမျဥ်းများကို ရှင်းပြခဲ့သည်။

"အခုတစ်ကြိမ် ကျင်းပမယ့် ခရိုင်အားကစား ပြိုင်ပွဲအတွက် ပြိုင်ပွဲစည်းမျဥ်း အရ စုစုပေါင်းကျောင်းသား ၄ဦးရဲ့စွမ်းဆောင်ရည်ကို စမ်းသပ်စစ်ဆေးသွားမှာ ဖြစ်တယ်.. ပြိုင်ပွဲဝင်ကျောင်းသားတွေ ဖြစ်တဲ့ ဖန်ရှင်း၊ ဝမ်လင်း ၊ ရှစ်ရွှိုက် နဲ့ ဟိုစုတို့ရဲ့ ဆေးဘောလုံးပစ်တဲ့ အကွာအဝေး အတိုင်းအတာတွေကိုပေါင်းပြီး ရလဒ်ကို ထုတ်ဖော်မှာဖြစ်တယ်.. တစ်မီတာ အကွာအဝေးကို တစ်မှတ် သတ်မှတ်ထားတယ်.. မီတာတစ်ရာအကွာအဝေးထိ ပစ်နိုင်တယ်ဆိုရင် အမှတ်ပြည့်ပဲ"

ထိုစကားကို ပြောပြီးလျှင် ဒိုင်လူကြီးက ရှစ်ရွှိုက်ဆီသို့ ဆေးဘောလုံးကို ပေးလိုက်သည်။

"မင်းအရင်ပစ်ရမယ်"

ဒိုင်လူကြီးက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့ခြင်းမဟုတ်ပေ။

ရှစ်ရွှိုက်က သူနှင့် အနီးဆုံးတွင်ရှိနေသောကြောင့် ဖြစ်သည်။

ယမန်နေ့က အလှောင်ပြောင်ခံရပြီးနောက်တွင် ရှစ်ရွှိုက်သည် သူယခင်က လှောင်ပြောင်ခဲ့သည်များကို နောင်တရနေခဲ့သည်။

သို့ရာတွင် လူတိုင်းသည် မိမိကိုယ်ကို ပြင်ဆင်ရန် အခွင့်အရေးရှိသည်။

ယနေ့တွင် သူအကောင်းဆုံး လုပ်နိုင်ရမည်ဟု သူစိတ်ပိုင်းဖြတ်ထားလိုက်သည်။

ပုံမှန် ဆေးဘောလုံးတစ်လုံးသည် အလေးချိန် ၅ကီလိုမှ ၈ကီလိုသာ ရှိ၍ အခြေခံ ထူထောင်ခြင်းအဆင့် ကျင့်ကြံသူအတွက် ခဲယဉ်းမည်မဟုတ်ပေ။

ထို့ကြောင့် အနီရောင်ဆေးဘောလုံးကို အခြေခံတည်ထောင်ခြင်းအဆင့် ကျောင်းသားများ ယှဉ်ပြိုင်နိုင်ရန်အတွက် ကျင့်ကြံခြင်းကျောင်းများမှ စိတ်ကြိုက် ပြုလုပ်ထားခဲ့သည်။

ထိုဆေးဘောလုံးက သေးငယ်သော်လည်း အလေးချိန်ကီလို ၁၀၀ နီးပါးရှိသည်။

ဆေးဘောလုံးကို လက်ခံလိုက်သည့်အခါတွင် ရှစ်ရွှိုက်၏ လက်များသည် အနည်းငယ် တုန်ခါသွားခဲ့သည်။

ဒိုင်လူကြီးကဲ့သို့ ရွှေအမြူတေ အဆင့်ကျင့်ကြံသူအတွက်မူ ဤဆေးဘောလုံးသည် ကြက်ကလေး ငှက်ကလေးကဲ့သို့ ပေါ့ပါးလွန်းနေ၏။

အခြားတစ်ဖက်တွင်လည်း ကျန်ဒိုင်လူကြီး၂ဦးသည် ဆေးဘောလုံး မြေပြင်ပေါ်သို့ ကျသောအခါတွင် အားကစားကွင်းကို မထိခိုက်စေရန် အတွက် သဲဘူးသီးခြောက် မှော်ရတနာကိုအသုံးပြု၍ သဲလမ်း​ကြောင်းများကို ဖန်တီးခဲ့သည်။

သဲလမ်းကြောင်းသည် စံချိန်မီဖြစ်သည့် မီတာ၁၀၀ အရှည်ဖြစ်သည်။

ပြန်လည် တည်ထောင်ခြင်းအဆင့် ကျောင်းသားများ အနေဖြင့် ထိုမျှ အဝေးကြီးပစ်ရန်မှာ လုံးဝမဖြစ်နိုင်ဟု ဒိုင်လူကြီးများက ယူဆထားကြသည်။

ယမန်နေ့က သူတို့ စစ်ဆေးခဲ့သည့် မှီခိုရာ အထက်တန်းကျောင်း နှင့် အဓိက မြှင့်တင်ခြင်းအထက်တန်းကျောင်း တို့၏ ဆေးဘောလုံး ပစ်လွှတ်ခဲ့သည့် အကောင်းဆုံး စွမ်းဆောင်ရည်မှာ မီတာ၇၀သာ ရှိသည်။

ထို့ပြင် ယခင်နှစ်များက ကျင်းပသော ဆေးဘောလုံးပြိုင်ပွဲတွင် အမှတ်၆၀ အထက်တန်းကျောင်းသည် ထိုကျောင်းများကို လုံးဝယှဥ်ပြိုင်နိုင်စွမ်း မရှိခဲ့ပေ။

ဆေးဘောလုံးကို တရားဝင် ပစ်ရတော့မည်ဖြစ်၍ ဝမ်လင်းကိုတောင်းပန်ရန် အခွင့်အရေးရှာနေသော ရှစ်ရွှိုက်သည် ဝမ်လင်းကို လှည့်မကြည့်အားတော့ပေ။

ယမန်နေ့က ကစားပွဲ ပြီးဆုံးသောအခါတွင် သူက ဝမ်လင်းကိုတောင်းပန်ရန် စီစဉ်ထားခဲ့သည်။

သို့ရာတွင် စိတ်ထဲမှ ထပ်ခါတလဲလဲ တောင်းပန်ခဲ့သော်လည်း နှုတ်ကမူ ထွက်မလာခဲ့ပေ။

ထို့ပြင် အနီးအနားတွင် လူများစွာရှိနေ၍ ဤသို့ပြောရမည်ကို ရှက်စရာကောင်းသည်ဟု ထင်မိသည်။

[အရင်ကစားလိုက်မယ်.. ပြီးမှပဲ တောင်းပန်ဖို့ အခွင့်အရေးကိုထပ်ရှာမယ်]

ရှစ်ရွှိုက်က အံကြိတ်လိုက်ပြီး သူ့ရှေ့တွင် ရှိနေသည့် မီတာ၁၀၀ ရှည်လျားသော သဲလမ်းကြောင်းကို စိုက်ကြည့်လိုက်သည်။

ခွန်အားကို စုဆောင်းပြီးနောက်တွင် သူက အရှိန်ဖြင့် တွန်းထုတ်ရန် အနေအထားသို့ ရောက်ရှိသွားပြီး ဘောလုံးကို ပစ်ထုတ်လိုက်သည်။

"သွားစမ်း"

ရှစ်ရွှိုက်၏ ဆေးဘောလုံးက ပြီးပြည့်စုံသောအရှိန်ဖြင့် လေထဲတွင် ပျံဝဲသွားပြီး သဲကျင်းထဲသို့ ရောက်ရှိသွားသည်။

"လခွမ်း.. ၇၃ မီတာပါလား"

သူ့နံဘေးက ဒိုင်လူကြီးနှင့် ကျန်ဒိုင်လူကြီး၂ဦးအပြင် ဆရာယဲ့နှင့် ပတ်ဝန်းကျင်မှ ကျောင်းသားများ အားလုံး အံ့ဩသွားကြသည်။

တစ်ဖက်တွင်မူ ဖန့်ရှင်းက ခပ်ယဲ့ယဲ့ ပြုံးလိုက်သည်။

အဘယ်ကြောင့်ဆိုသော် ဝမ်လင်းက သူ၏ ကွေးထားသောလက်ချောင်းများအား တိတ်တဆိတ် ရုပ်သိမ်းလိုက်သည်ကို သူသတိပြုလိုက်မိသောကြောင့် ဖြစ်သည်။

All Chapters