← Chapters

ထူးဆန်းသော ညတစ်ည

Vol. 76 Ch. 1138

ထူးဆန်းသော ညတစ်ည

Vol. 76 Ch. 1138

အမှတ် ၆၀ အထက်တန်းကျောင်းသည် အမှတ် ၅၉ အထက်တန်းကျောင်းနှင့် ပူးပေါင်းဆောင်ရွက်မှုကို မမေ့ခဲ့ပေ။

သူတို့အပေါ်ဆုံးသို့ ရောက်ပြီးနောက်တွင် အောက်ခြေတွင် ရှိနေသော အမှတ် ၅၉ အထက်တန်းကျောင်းမှ ကျောင်းသားများကို တည်နေရာရွှေ့ပြောင်းခြင်း မှော်အစီအရင်ခင်းကျင်း၍ ဆွဲခေါ်ခဲ့ကြသည်။

"ဘာလို့မင်းတို့က လူနည်းနည်းပဲ ဖြစ်နေရတာလဲ"

ချန်းချောင်က ထန်ကျင်းဇီ၊ ဟဲပီဖုန်း နှင့် အခြားရင်းနှီးသောသူများကို ကြည့်ရင်း မေးလိုက်သည်။

"ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းက ပြောင်းလာတဲ့ကျောင်းသားတွေက အရမ်းစိတ်မြန်ကြတယ်"

ဟဲပီဖုန်းက ပြောလိုက်သည်။

ထိုကျောင်းသားသစ်များက အင်အားကောင်းသော်လည်း အဖွဲ့နှင့် လုံး၀ ပေါင်းစည်းမှု မရှိသေးပေ။

သူတို့က ပထမအဆင့် ဖယ်ရှားခြင်း အစီအစဥ်ကို စတင် သည်နှင့် တစ်ပြိုင်နက် အဖွဲ့မှ ချမှတ်ထားသည့် အစီအစဥ်ကို လုံး၀ မလိုက်နာဘဲ လှေကားတက်ရန် စိတ်အားထက်သန်နေသော လူအုပ်ကြီးနှင့်အတူ လှေကားကို တက်သွားကြသည်။

ထိုအချက်ကြောင့်ပင် အမှတ် ၅၉ အထက်တန်း​ကျောင်းသည် အပေါ်ဆုံးထပ်သို့ ရောက်သောအခါတွင် အဖွဲ့၀င်လေးဦး လိုအပ်နေခဲ့၏။

သို့သော် ဟဲပီဖုန်းက ယင်းကို ပြသနာကြီးတစ်ခုဟု မမြင်ခဲ့ပေ။

ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းမှ ပြောင်းရွှေ့လာသော ကျောင်းသားအသစ်များသည် အင်အားမကောင်းကြသည် မဟုတ်ပေ။

ထို့ကြောင့် ပထမအဆင့်တွင် ဖယ်ရှားခံရမည် မဟုတ်ဟု သူထင်ခဲ့သည်။

ဤသို့ဖြင့်ပင် အမှတ် ၅၉ အထက်တန်းကျောင်းနှင့် အမှတ် ၆၀ အထက်တန်းကျောင်း၏ အဆင့်သတ်မှတ်ချက်များသည် မြင့်တက်လာခဲ့၏။

ထို့ပြင် အမှတ် ၆၀ အထက်တန်းကျောင်းကို အပေါ်ဆုံးထပ်သို့ ရောက်ရှိသည့် တတိယအဖွဲ့ အဖြစ် သတ်မှတ်ခံရလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ပေ။

ထိုကဲ့သို့ မထင်မှတ်ထားသော ဖြစ်ရပ်များသည် လူအများကို အံ့သြစရာ ဖြစ်စေခဲ့သည်။

ထိပ်ဆုံးသို့ ဦးစွာရောက်ရှိသောသူများသည် အခန်းရွေးရာတွင် ဦးစားပေး ရွေးချယ်ခွင့် ရှိ၏။

သို့သော်လည်း အမှတ် ၆၀ အထက်တန်းကျောင်းတွင် ပြဿနာတစ်ခု ရှိနေသည်။

ယင်းမှာ ဤနေရာတွင် အခန်းအားလုံးသည် နှစ်ယောက်ခန်းဖြစ်နေခြင်းပင်။

စည်းမျဥ်းအရ ပြိုင်ပွဲ၀င်နှစ်ယောက်သည် အတူတကွ အခန်းတစ်ခန်းထဲတွင် နေထိုင်ပြီးမျှသာ ဒုတိယအဆင့်သို့ ၀င်ခွင့်ရမည် ဖြစ်သည်။

အမှတ် ၆၀ အထက်တန်းကျောင်း ကြုံတွေ့နေရသည့် ပြသနာမှာ သူတို့တွင် လူဆယ်ယောက်ရှိပြီး အခန်းငါးခန်းကို ခွဲတမ်းရထားသော်လည်း မိန်းကလေးသုံးယောက် ဖြစ်နေခြင်းပင်။

မိန်းကလေးနှစ်ယောက်ကို အခန်းတစ်ခန်းထဲ ထားလိုက်လျှင် ကျန်ရှိသည့် တစ်ယောက်သည် ယောကျ်ားလေး တစ်ယောက်နှင့် တစ်ခန်းထဲ အတူတူ နေရပါမည်လော။

ထိုသို့ဖြစ်လာခဲ့လျှင် မှားယွင်းသော နားလည်မှုများကို ဖြစ်ပေါ်လာစေနိုင်၏။

ကံကောင်းစွာဖြင့် အမှတ် ၅၉ အထက်တန်းကျောင်းသည်လည်း တူညီသောပြသနာကိုပင် ကြုံတွေ့နေရသည်။

"ဘယ်လိုစီစဥ်ကြမလဲ"

လီယိုယွဲ့က မေးခွန်းထုတ်လိုက်သည်။

ဟဲပီဖုန်းက ခဏမျှ စဥ်းစားပြီးမှ ပြန်ဖြေလိုက်သည်။

"ငါတို့မှာလည်း မိန်းကလေးသုံးယောက်ရှိတယ်.. နှစ်ယောက်ကတော့ ထျန်းရှစ်အင်ပါယာ အထက်တန်းကျောင်းကပဲ.. အခုအချိန်ထိတော့ သူတို့က လှေကားတက်နေဆဲပဲ.. မင်းတို့ထဲကတစ်ယောက်က ငါတို့ရဲ့ အမျိုးသမီးအဖွဲ့၀င်နဲ့ အတူ တစ်ခန်းတည်း အတူနေလို့ အဆင်ပြေမလား"

ထိုသို့ ပြောဆိုပြီးနောက်တွင် ဟဲပီဖုန်းသည် ဆံပင်တိုကို အ၀ါရောင်ဆိုးထားပြီး ဒေါသကြီးပုံရသည့် မိန်းကလေး တစ်ယောက်ကို ရှေ့သို့ တွန်းပို့ကာ မိတ်ဆက်ပေးလိုက်သည်။

"မင်းတို့ကို ငါ့ညီမလေး ဟဲချွန်းနဲ့ မိတ်ဆက်ပေးမယ်.. သူက ယောကျ်ားလေးပုံစံနဲ့ နေပေမဲ့ တကယ်တော့ မိန်းကလေးအစစ် တစ်ယောက်ပါ"

ဟဲပီဖုန်း၏ စကားဆုံးသည်နှင့် ဟဲချွန်းက ချက်ခြင်းပင် ဟဲပီဖုန်း၏ဗိုက်ကို လက်သီးဖြင့် ထိုးလိုက်သည်။

ထို့နောက်တွင် ဟဲပီဖုန်းသည် သွေးများကို အန်ထုတ်လိုက်ရ၏။

သူ၏ နှုတ်ခမ်းထောင့်ကနေ သွေးများက စီးကျလာခဲ့သည်။

"မင်းအဆင်ပြေရဲ့လား"

"အဆင်ပြေပါတယ် ငါအကျင့် ဖြစ်နေပါပြီ"

ဟဲပီဖုန်းက မချိပြုံးပြုံးကာ ပြန်ဖြေလိုက်သည်။

အမှတ် ၆၀ အထက်တန်းကျောင်းဘက်တွင်မူ စွန်းရုံနှင့်လီယိုယွဲ့တို့သည် စိတ်ပူနေခဲ့ကြသည်။

ဟဲချွန်းက အလွန်ကြမ်းတမ်းပြီး လူပျိုပေါက်ပုံစံနှင့် လေသံမျိုးလည်း ရှိသည်။

သူနှင့်တစ်ခန်းတည်း အတူနေရလျှင် အနည်းငယ် ကြောက်စရာ ကောင်းပေလိမ့်မည်။

သို့သော်လည်း အဆုံးသတ်တွင် အခန်းခွဲသည့် ပြသနာကို ပြေပြေလည်လည်ပင် ဖြေရှင်းနိုင်ခဲ့သည်။

လီယိုယွဲ့နှင့်စွန်းရုံတို့က တစ်ခန်းတည်း အတူနေကြမည် ဖြစ်ပြီး လျူချင်းရီနှင့် ဟဲချွန်းတို့ကမူ တစ်ခန်းနေကြမည် ဖြစ်၏။

ဤအဆိုက လျူချင်းရီက ကိုယ်တိုင် အဆိုပြုခဲ့ခြင်း ဖြစ်သည်။

တကယ်တမ်းတွင်မူ သူမသည် စွန်းရုံထံမှ အခွင့်အရေးတစ်ခုနှင့် လဲလှယ်ခဲ့ခြင်းပင်။

ဆိုရလျှင် စွန်းရုံသည် လျူချင်းရီကို ခရုလေဒီ စားသောက်ဆိုင်၏ ပလက်တီနမ် မန်ဘာကတ်ပေးဖို့ သဘောတူလိုက်သည်။

ထိုကတ်က သူမကို နှစ်ဆယ်ရာခိုင်နှုန်း လျှော့စျေးရစေမည် ဖြစ်၏။

လျူချင်းရီအတွက်မူ လက်ရှိအခြေအနေတွင် ယခုထက် ပိုကောင်းသည့် ကမ်းလှမ်းမှုမျိုး မရှိတော့ပေ။

နံဘေးရှိ ၀မ်ကျန်းကမူ မနာလိုစိတ်များနှင့် ပြည့်နှက်နေခဲ့သည်။

သူသည်လည်း စွန်းရုံထံကနေ မန်ဘာကတ်တစ်ခုကို လိုချင်နေခဲ့၏။

ထို့ကြောင့် သူက ဟဲချွန်းကို အလျင်အမြန် အော်ပြောလိုက်သည်။

"ငါနဲ့ အတူ တစ်ခန်းထဲအိပ်မလား"

ချက်ချင်းဆိုသလိုပင် လက်သီးတစ်လုံးက ၀မ်ကျန်း၏ ဗိုက်ကို ထိုးမိသွားခဲ့သည်။

သို့သော် ဤတစ်ခေါက် သူ့ကို ထိုးလိုက်သူမှာ ဟဲပီဖုန်း ဖြစ်၏။

သို့သော် ၀မ်ကျန်းအနေဖြင့် လက်သီးချက်များကို မခံစားရသည်မှာ အတော်ကြာနေပြီ ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် သူကြီးပြင်းလာသည့် တစ်လျှောက်လုံးတွင် နေ့စဥ် ပုံမှန်လိုလို ရိုက်နှက်ကန်ကျောက်၍ လေ့ကျင့်ပေးမှုကို ခံခဲ့ရသောကြောင့်ပင်။

အဆုံးသတ်တွင် ၀မ်ကျန်းသည် အမှတ် ၅၉ အထက်တန်းကျောင်းဘက်တွင် တစ်ယောက်တည်း ကျန်ရစ်ခဲ့သည့် ဟဲပီဖုန်းနှင့်အတူ တစ်ခန်းထဲတွင် အတူနေခဲ့ရသည်။

ဟဲပီဖုန်း၏ အကြောင်းပြချက်မှာ ၀မ်ကျန်းက သူ့ညီမလေးအပေါ်တွင် မသင့်တော်မည့် ရည်ရွယ်ချက်များ ရှိနေမည်ကို စိုးရိမ်၍ဖြစ်၏။

ဤအကြောင်းပြချက်ကို မည်သူမှ မငြင်းဆိုနိုင်ခဲ့ပေ။

အခန်းများ ခွဲပြီးနောက်တွင် ၀မ်လင်းသည် ဖန့်ရှင်းနှင့် တစ်ခန်းတည်း ကျခဲ့သည်။

ကူရွှင်းကျစ်ကမူ ကျန်းရွမ်နှင့် တစ်ခန်းတည်း ကျခဲ့သည်။

ချန်းချောင်က ကော်ဟောက်နှင့် တစ်ခန်းတည်း ကျခဲ့သည်။

ရှားမင်နှင့် ထန်ကျင်းဇီတို့က တစ်ခန်းတည်း ကျခဲ့ကြသည်။

သို့သော်လည်း အမှတ် ၅၉ အထက်တန်းကျောင်းသည် ထျန်းရှစ် အင်ပါယာအထက်တန်းကျောင်းမှ ပြောင်းရွှေ့လာသော ကျောင်းသားသစ် လေးယောက်ကို စောင့်ဆိုင်းနေဆဲပင် ဖြစ်၏။

အခန်းများကို သတ်မှတ်ပြီးသား ဖြစ်သော်လည်း ထင်မှတ်မထားသည့် အခြေအနေများကို ကြိုတင်ပြင်ဆင်နိုင်ရန် အတွက် သူတို့အနေဖြင့် အခန်းများကို အရင်သွားယူထားရန် လိုအပ်နေပါသေးသည်။

ထို့ကြောင့် နှစ်ကျောင်းလုံးက အတူတူ ဆွေးနွေးပြီးနောက်တွင် ၀မ်လင်း၊ ဟဲပီဖုန်း၊ ၀မ်ကျန်းနှင့် ချန်းချောင်တို့ကို အခန်းများကို သွားဦးရန်အတွက် စေလွှတ်လိုက်သည်။

အခန်းရပြီးနောက်တွင် ၀မ်လင်းသည် အခန်းထဲ၌ တစ် ယောက်တည်းထိုင်နေရင်း တိတ်တဆိတ် တွေးနေမိသည်။

သူအနေဖြင့် ဤပထမအဆင့် ဖယ်ရှားခြင်းအစီအစဥ်က ဤမျှလောက်ထိ မရိုးရှင်း ဟူသော ခံစားချက်တစ်ခုကို အပြင်းအထန် ရရှိနေခဲ့သည်။

ည ၁၀ နာရီ ၃၂မိနစ်တွင် နောက်ဆုံးကျောင်းသားက အဆောင်ကို ၀င်ပြီးသည်နှင့် ပထမအဆင့်၌ ရွေးချယ်ခံရသည့်ပြိုင်ပွဲ၀င်များ စာရင်းကို ကြေငြာခဲ့၏။

အမှတ် ၅၉ အထက်တန်းကျောင်း နှင့် အမှတ် ၆၀ အထက်တန်းကျောင်းမှ လူတိုင်းသည် ပထမအဆင့်ကို အောင်မြင်သွားခဲ့ပြီး မည်သူမှ ထုတ်ပယ်ခံရခြင်းမရှိခဲ့ပေ။

ဤသည်မှာ သတင်းကောင်းပင် ဖြစ်၏။

သို့သော် အမှန်တကယ် စိတ်လှုပ်ရှားစရာကောင်းသည့် ဒုတိယအဆင့် ဖယ်ရှားခြင်း အစီအစဥ်သည် ည ၁ နာရီတွင် စတင်မည် ဖြစ်သည်။

တစ်နည်းအားဖြင့် လှေကားကနေ တက်ခဲ့ကြသည့် ပြိုင်ပွဲ၀င်ကျောင်းသားအများစုသည် အနားယူဖို့အချိန် မရှိခဲ့ကြပေ။

သူတို့က လှေကားကနေ ပင်ပင်ပန်းပန်း တက်ခဲ့ရသော်လည်း အနားယူရန် ၂ နာရီအောက်သာ အချိန်ရှိတော့သည်။

တစ်ချိန်တည်းမှာပင် ကျောင်းသားများဆီမှ မကျေမနပ်ရေရွတ်သံ အများအပြား ထွက်ပေါ်လာခဲ့သည်။

"အချိန်က အရမ်းကိုနည်းနေပါလား.. ပြိုင်ပွဲကျင်းပရေးကော်မတီက ငါတို့ကို လူလိုသူလို မဆက်ဆံကြဘူး.. ကျောင်းသားဘ၀က နေသာပါသေးတယ်.. တက္ကသိုလ်ပြီးသွားရင် ဘ၀က တကယ့် အခက်အခဲတွေနဲ့ စတင်ရတော့မှာ.. ထိပ်တန်းတက္ကသိုလ်က ဘွဲ့ရတွေတောင် တစ်ပတ်ကို နာရီပေါင်းများစွာ အလုပ်လုပ်ရတာ ဆိုတော့ ဒါက လူ့အခွင့်အရေးကို တရား၀င် ဆုံးရှုံးခံနေရတာနဲ့ အတူတူပဲ"

ထို့နောက်တွင် တစ်စုံတစ်ယောက်သည် မကြာသေးခင်က အွန်လိုင်းပေါ်တွင် ခေတ်စားနေသည့် ကိစ္စတစ်ခုကို ပြောလိုက်သည်။

"ကုမ္ပဏီကြီးတစ်ခုမှာ အလုပ်လုပ်နေတဲ့ ၀န်ထမ်းတစ်ယောက်ဆိုရင် သူအလုပ်ထွက်မဲ့အချိန်မှာ ကုမ္ပဏီကို သူရဲ့လုပ်အားခတွေကို တောင်းခံခဲ့တယ်.. ဒါပေမဲ့လည်း ကုမ္ပဏီက ငွေညှစ်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲဒီ၀န်ထမ်းကို စွပ်စွဲလိုက်တယ်.. အဲဒီ၀န်ထမ်းက ၂၅၁ ရက်ကြာ အကျဥ်းကျခံရခဲ့ပြီးမှ အမှုမှန်ပေါ်ပေါက်သွားခဲ့လို့ ထောင်ကနေ လွတ်သွားခဲ့တယ်.. ဒါ့အပြင် နိုင်ငံတော်ကနေလည်း လျော်ကြေးငွေ တစ်သိန်းကို ရရှိခဲ့တယ် .. တကယ့်ဖြစ်ရပ်တစ်ခုလုံးက ဒီလောက်ထိ မရိုးရှင်းနိုင်ဘူး.. အကျိုးစီးပွားတွေနဲ့ ပတ်သက်တဲ့ကိစ္စတွေ ပါ၀င်နေနိုင်တယ်.. ဘာပဲပြောပြော ကုမ္ပဏီကြီးတွေရဲ့ ဂုဏ်ကျက်သရေက သူတို့ဖောက်သည်တွေရဲ့ ထောက်ခံမှုအပေါ်မှာ တည်ဆောက်ထားတာ ဖြစ်တယ်.. ဒါကြောင့် ဒီကိစ္စက ဖောက်သည်တွေရဲ့ စိတ်ထဲမှာတော့ မမေ့နိုင်တဲ့ကိစ္စတစ်ခု ဖြစ်သွားစေခဲ့တယ် သေသေချာချာ စဥ်းစားကြည့်ရင် လူ့ဘ၀အပျော်ဆုံးအချိန်က ကျောင်းသားဘ၀ပဲ"

"ငါတို့မှာ မကျေနပ်တာတွေကို ဖွင့်ထုတ်ဖို့ အချိန်မရှိတော့ဘူး.. ည ၁ နာရီမှာ ဒုတိယအဆင့် ဖယ်ရှားခြင်းအစီအစဥ် စမယ်လို့ သိရတယ် ပြီးရင်တော့တကယ့်ပြိုင်ပွဲက မနက် ၈ နာရီမှာ တရား၀င်စတယ်မှာ ဖြစ်တယ်.. အခုထိတော့ ဒုတိယအဆင့် ဖယ်ရှားခြင်း အစီအစဥ်ရဲ့ အသေးစိတ် အချက်အလက်တွေကို ဘယ်သူမှ မသိကြသေးဘူး.. ဒုတိယအဆင့် ဖယ်ရှားခြင်းအစီအစဥ်နဲ့ ပတ်သက်လို့ ဗုံးပစ်စီနီယာအင်မော်တယ်က ည ၁နာရီမှာ ကြေငြာမယ်လို့ ကြားသိရတယ်"

အခန်းထံတွင် ၀မ်လင်းနှင့် အတူ အချိန်ကို စောင့်ဆိုင်းနေရင်း မျှော်လင့်မထားသည့် တိုက်ဆိုင်မှုအတွက် ဖန့်ရှင်းသည် အတော်လေး ကျေနပ်နေမိသည်။

သူက ၀မ်လင်းဆီသို့ မကြာခဏ စောင်းငဲ့၍ ကြည့်နေသော်လည်း အနည်းဆုံးတော့ အနှောင့်အယှက်မပေးခဲ့ပေ။

၁နာရီမထိုးခင် ၅မိနစ်လောက် အလိုတွင် ၀မ်လင်းသည် လျှောက်လမ်းထဲတွင် မိန်းကလေးတစ်ယောက်၏ အော်ဟစ်သံကို ကြားလိုက်ရသည်။

လူတော်တော်များများကလည်း ထိုအော်ဟစ်သံကို ကြားပြီး ထိတ်လန့်သွားကြသည်။

သူတို့က တံခါးဖွင့်၍ ကြည့်လိုက်သောအခါ တိုင်တန်အထက်တန်းကျောင်းမှ ယောကျ်ားလေး တစ်ယောက်က သွေးအိုင်ထဲတွင် လဲလျောင်းနေသည်ကို တွေ့လိုက်ရ၏။

မိန်းကလေးတစ်ယောက်က ထိုလူကို ပွေ့ဖက်ထားရင်း ငိုကြွေးနေသည်ကို တွေ့လိုက်ရသည်။

"စီနီယာအကိုက အသက်မရှိတော့ဘူး ထင်တယ်.. ကျေးဇူးပြုပြီး ကူညီကြပါဦး"

လူတိုင်းက ငိုကြွေးနေသည့် သူမကို ၀ိုင်း၀န်းကြည့်ရှုနေရင်း သွေးအိုင်ထဲ လဲနေသည့် ယောကျ်ားလေး မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

"ကျူးဟန်ယွင်ပါလား"

"ဘယ်လိုလုပ် သူဖြစ်နေရတာလဲ"

လူတော်တော်များများက ထိတ်လန့်သွားပြီး ပါးစပ်ကို လက်ဖ၀ါးဖြင့် အုပ်မိလိုက်ကြသည်။

အပိုင်း(၁၁၃၈) ပြီး၏

All Chapters